Friday, November 28, 2008

ကြွားတယ်လို့ဆိုချင်ဆို

မင်္ဂလာပါရှင်..
ကျမ ဒီနေ့ ကျမရဲ့ အကြိုက်ဆုံးပစ္စည်းလေးတစ်ခုအကြောင်းရေးမယ်နော်။
ဟီးဟီး ကြွားသလိုကြီးဖြစ်နေတယ်ဆိုတာသိပေမယ့် ရေးချင်နေတာအရမ်းကြာနေပါပြီ။အကြွားပို့စ်သက်သက်ဖြစ်တာမို့ မရေးချင်းနေတာလဲပါပါတယ်။ဟဲဟဲ အင်ထရိုတွေများသွားပြီ။ကြွားရမှာ အားနာလို့။ :P
ဒီလိုလေ ပထမဆုံးကျမရေးခဲ့တဲ့ Tag Post လေးမှာ ကျမရေးခဲ့တဲ့ ကျမအကြိုက်ဆုံးပစ္စည်းတွေက (နာရီ ၊ ဖိနပ် ၊ အိတ် ၊ လက်ဝတ်လက်စား) လို့ရေးခဲ့တာလေ။ အင်း..အဲဒီအထဲကမှ ကျမအကြိုက်ဆုံးတစ်ခုဖြစ်တဲ့ ဖိနပ်လေးတွေ အကြောင်းပြောပြချင်လို့ပါ။ဟဟား ရေးရမှာ ကြွးသလိုကြီးဖြစ်နေတာမို့အားနာတာနဲ့ မရေးဖြစ်ခဲ့ပဲ လွန်ခဲ့တဲ့ ရက်ကပဲ မနိုင်းနိုင်းစနေ က ဖိနပ်အကြွားပို့စ် လေးတင်တာတွေ့တော့ ချက်ချင်းရောက်သွားပြီး အရင်ဆုံး Comment သွားပေးခဲ့တာလေ. ဟီးဟီး အဖော်ရပြီပေါ့..အဲဒါနဲ့ပဲ ဒီပို့စ်လေးကို ကြွားတယ်လို့ဆိုချင်ဆို ဆိုပြီးခေါင်းစဉ်လေးတပ်ပြီးရေးလိုက်မိပါတယ်။ :P

အင်းပြောရမယ်ဆိုရင် မိန်းခလေးတွေရော ၊ယောကျာင်္းလေးတွေမှာရော လူတစ်ကိုယ် အကြိုက်တစ်မျိုးစီရှိကြတာပါပဲလေ။ ကျမဆို အကြိုက်တစ်မျိုးတည်း မကပါဘူးလေ.ကျန်တဲ့ အိတ်တွေ ၊ နာရီတွေ၊ လက်ဝတ်လက်စားတွေရော ကြိုက်သေးတာပါပဲ။အဲလိုပဲ မောင်လေးတွေ ညီမလေးတွေ မမတွေမှာလဲ အကြိုက်ဆုံးပစ္စည်းလေးတွေရှိကြမှာပါပဲ။ တချို့ကအရုပ်ကလေးတွေကြိုက်တယ်၊ တချို့ကအိတ်ကလေးတွေအမျိုးမျိုးဝယ်ရတာကြိုက်တယ်၊ မိန်းခလေးအများစုကတော့ ကျမလိုပဲ ဖိနပ်လေးတွေ
ဝယ်ကြတာကြိုက်ကြလိမ့်မယ်လို့ထင်ပါတယ်ရှင်။ ဟဲဟဲ. ကိုယ်တစ်ယောက်ထဲကြွားမှာ မဟုတ်ဖူးနော်. ပို့စ်စရေးကတည်းက ရည်ရွယ်ချက်က ၊ညီမလေးတွေ နဲ့ မမတွေရဲ့ အကြိုက်ဆုံးပစ္စည်းလေးတွေကိုလည်း ကြွားခိုင်းမလို့ ရည်ရွယ်ချက်နဲ့ပါ။ဒီတခါမောင်လေးတွေမပါဘူး။ ကိုယ်ကြိုက်နှစ်သက်တဲ့ ပစ္စည်းလေးတွေကို ကြွားရတာပျော်စရာကောင်းပါတယ်။ အဖိုးတန်ပစ္စည်း စိန်၊ရွှေ၊ငွေ တွေကြွားတာမှ မဟုတ်တာပဲနော်. ဒီကြွားနည်းလေးက ပျော်စရာလေးပါ။ အားလုံးကို ပြန်တက်ဂ်မယ့် Tag post လေးနော်။
ကျမက ဖိနပ်လေးတွေ ကြိုက်တာတွေ့ရင် ခဏခဏ၀ယ်တတ်တယ်လေ၊ဈေးအရမ်းကြီးတဲ့ Brand တွေတော့ အတတ်နိုင်ဆုံးရှောင်ပါတယ်။ဝယ်နိုင်ပါဘူးလေ နှမျောလို့.ဟဟ. Brand ဆိုလို့ Adidas လောက်ပဲစီးနိုင်တာပါ။ဟဟ. ဖိနပ်ဆိုတာ ဈေးကြီးဖို့ထက် ကိုယ်စီးကောင်းဖို့က အဓိကလေနော်။ ဈေးကြီးတာဝယ်နိုင်ရင်တော့လဲ ပိုကောင်းတာပေါ့နော်.အဟားးး ဒါပေမယ့် ကျမကတော့ဝယ်ပါဘူး။ ကဲ..ကျမ၀ယ်ထားတဲ့ ဖိနပ်လေးတွေအကြောင်း စကြွားပါမယ်နော်။ :P



ဒီဖိနပ်လေးက အရင်တပတ် Shopping ထွက်တုန်းက ၀ယ်လာခဲ့တာပါ။မြင်တာနဲ့ ချစ်လို့လေ.မူရင်းဈေးက ယန်း၁၀၀၀၀ ကျော်ပါတယ်. ဒါပေမယ့် ကျမ Shopping ထွက်တဲ့နေ့က Discount အများကြီးချထားခဲ့လို့
ဝယ်လာခဲ့တာလေ. ဘယ်လောက်လဲ..ပြောဘူး. ဦးဥာဏ်သိမှာစိုးလို့.. :P..သိချင်ရင် တိတ်တိတ်လေးလာမေးနော်..ပြောပြမယ်။ ဈေးအရမ်းချထားတာ.ဟဟား :P
နောက်ပြီး ဒီဖိနပ်လေးက အရမ်းစီးလို့ကောင်းပါတယ်။

ဒါလေးက ကျမအရမ်းကြိုက်တဲ့ အစိမ်းရောင် VANSPIRIT Shoe လေးပါ.(မမြင်ရဘူးဆိုလို့ ဓါတ်ပုံထပ်ရိုက်ပြီး
အကြီးပုံထည့်ပေးလိုက်ပါတယ်နော်) :D


မစင်ဒန်လာပြောလို့ ဖိနပ်ပုံစံ အနီးကပ်လေးထပ်ထည့်ပေးလိုက်ပါတယ်နော်.(ကစားထားတာ ခြေထောက်မှာဖုန်တွေပေနေလို့ ညီမရေ)း)



ဒီနွေစီးဖိနပ်လေးက မြန်မာပြည်ပြန်တုန်းက 119 မှာဝယ်လာခဲ့တာပါ။ ( ၈၇၀၀ ကျပ်ပေးရပါတယ်.)


ဒီဖိနပ်လေးတွေကိုလဲ အရမ်းကြိုက်တာလေ..စီးရတာပေါ့ပါးတဲ့ နွေစီးဖိနပ်လေးတွေပေါ့။

ဒီအနီရောင် half shoe လေးက ကျမအကြိုက်ဆုံး ဖိနပ်လေးပေါ့။ နှင်းတွေကျနေတုန်းက အဲဒီအနီရောင် half shoe လေးနဲ့သွားရတာ အဆင်ပြေမှပြေပဲလေ။အရမ်းကြိုက်တာပဲ။


ဒါလေးကတော့ အဖြူရောင်ဒေါက်ချွန်းဖိနပ်လေးပေါ့..ဒေါက်ချွန်းချွန်းလေးကို ကြိုက်လို့ဝယ်လိုက်မိတာ။

ဒီအနီရောင် Lady shoe လေးက ကျမလက်စွဲပဲ.အရမ်းကြိုက်လို့ ခဏခဏအမြဲတမ်းလိုလိုဝတ်တာလေ။





ဒီဖိနပ်လေး ၃ရံ က အရင်တစ်ပတ် Shopping ထွက်တုန်းက တခါတည်း ၃ရံဝယ်လာခဲ့တာပါ။ပန်းရောင်လေးနဲ့ အပြာရောင်လေးက လုံးဝမစီးဖြစ်သေးဘူး။း)

ဖိနပ်ဆို အရောင်တောက်တောက်ဆန်းဆန်းလေးတွေ ကြိုက်တတ်တယ်လေ။း)



ဒီ half shoe လေးကိုလဲ အရမ်းကြိုက်တာပါပဲ.ဘေးမှာပန်းဖွားလုံးလေးတွေပါလို့ ချစ်စရာလေးမို့ ကြိုက်တာလေ။ဒါပေမယ့် တခါတလေမှပဲ စီးဖြစ်ပါတယ်။ဖိနပ် ဦးပိုင်းက နဲနဲရှုးတော့ ကြာကြာစီးရင် ခြေထောက်နာတတ်လို့ပါ။ :P Fashion လုပ်ချင်တဲ့ အခါမှပဲ အောင့်အီးအနာခံပြီး စီးဖြစ်ပါတယ်.ဟဲဟဲ

ဒီအနက်ရောင် lady shoe လေးက Japan made ကလေးပါ. အခမ်းအနားတွေကျမှ တခါတလေစီးဖြစ်ပါတယ်။

အဲ..ဒီဖိနပ်လေးက ကြည့်ရင်လှတယ်နော်. ကျမလည်းလှတာလေးကြည့်ပြီး ခဏပဲစီးကြည့်ပြီးဝယ်လိုက်တာလေ.ပြီးမှ စီးလို့လုံးဝမကောင်းမှန်းသိတာ သိလား။ ညီမလေးတွေ ဖိနပ်ဝယ်ရင် ဒီလိုပုံ ဖိနပ်လေးလုံးဝ မ၀ယ်မိစေနဲ့နော်. အလယ်မှာကြိုးသိုင်းမပါတော့ ဒီဖိနပ်လေးစီးပြီးလမ်းလျှောက်ရင် အထိန်းမပါတော့ ဖိနပ်ကကျွတ်ထွက်မလိုဖြစ်ပြီးလုံးဝ စီးမကောင်းတာပါ။ ကျမလည်းဝယ်ထားတာ မနှစ်ကတည်းကပါပဲ..တစ်ခါမှ မစီးဖြစ်ခဲ့လေတော့ အခုအထိ အသစ်ပဲ..အဟီးဒီဖိနပ်အနက်နဲ့ အဖြူစပ်ကလေးကိုလဲ ချစ်လို့ဝယ်ထားတာလေ. ကလေးဆန်ပေမယ့်ကြိုက်တယ်. အဟဲ

ဒီလည်ရှည်ဖိနပ်လေးကလည်း ယန်း 12800 တန်ကို ဈေးအများကြီးချထားလို့ဝယ်ဖြစ်ခဲ့တာပါ။ဒေါက်ချွန်းချွန်းလေးနဲ့ အရောင်ကို ကြိုက်လို့ပါ။ဒီလည်ရှည်ဖိနပ်လေးက ဆောင်းတွင်းစီးလေးပေါ့နော်။



ဒါက ကျမ လက်ရှိစီးနေတဲ့ ဖိနပ်လေးတွေပါ။ :D

ကဲ ကျမကတော့ ကြွားစရာမရှိ ကြံဖန်ကြွားပြီးသွားပြီနော်..ဟတ်ဟတ်
အခုကျမလိုပဲ ကိုယ့်ရဲ့အကြိုက်ဆုံးပစ္စည်းလေးတွေကိုကြွားနိုင်အောင် မမတွေ နဲ့ ညီမလေးတွေကို ကြွားတယ်လို့ဆိုချင်ဆို Tag post လေးကို ရေးခိုင်ပါမယ်နော်။ ကိုယ့်ရဲ့ အကြိုက်ဆုံးပစ္စည်း တစ်ခုအကြောင်းကို ဓါတ်ပုံလေးတွေနဲ့ ဖော်ပြပေးစေချင်ပါတယ်နော်။
ကဲ..ကျမ Tag မယ့် သူတွေကတော့ ကျမရဲ့ မမများနဲ့ ညီမလေးတွေအားလုံးပဲဖြစ်ပါတယ်ရှင်။ဒီတစ်ခါ မောင်လေးတွေ လုံးဝ မပါဘူး။
ဟဲဟဲ.. ကြွားချင်ကြရင်တော့ ခဏစောင့်ထားနော်. ညီမလေးတွေကပြန်တက်ဂ်ပါလိမ့်မယ်။


1.မမခင်ဦးမေ
2
.
မမသက်ဇင်
3.
မဇနိ (ရေးပြီး) (ဖန်စီ လက်ဝတ်ရတနာ)
4..
မနုစံ(ရေးပြီး) ( အရုပ်)
5..
ညီမခင်လေးငယ်
6.
ညီမလေးရွှန်းမီ
7..
ညီမလေးရွှေပြည်သူ (ရေးပြီး) ( စာအုပ်နဲ့စာရေးကရိယာပစ္စည်းလေးများ)
8..
ညီမခင်ပုလဲဖြူ (ရေးပြီး) (ဖိနပ်)
9..
ညီမလေးမက်မက် (ရေးပြီး)
10..
ညီမလေးဝေ (ရေးပြီး) (စာအုပ်)
11..
ညီမလေးသက်တန့်
12.
ညီမလေးညခင်း (ရေးပြီး) ( အလှပြင်ပစ္စည်း)
13..
ညီမလေးခေါင်ခေါင် (ရေးပြီး) ( အရုပ်)
14..
ညီမလေးပုလဲလုံး (ရေးပြီး) (လက်သဲနီ)
15..
ညီမလေးမီးလေဇာ
16..
ညီမလေးသဉ္ဖာ (ရေးပြီး) ( အကျီင်္ အနွေထည်လေးများ)
17.
ညီမလေးအိပ်မက်
18..
ညီမလေးငှက်ငယ်လေး
19..
ညီမလေးအလွမ်းပြေ
20..
ညီမလေးမီးငယ်
21..
ညီမလေးမေမိုး (ရေးပြီး) (အရုပ်)
22..
ညီမနှင်းပွင့်ဖြူလေး
23..
ညီမလေးမေ
24..
ညီမလေးပန်းခင်းလေး (ရေးပြီး) ( ဖန်စီနားကပ် ၊ ဆွဲသီး)
25..
ညီမလေးရောင်ပြန်
26.
ညီမလေးဆုငယ်(လိပ်ပြာလေး)
27.
ညီမလေးခင်ကျော်ဇေ ( ရေးပြီး) (အိတ်)
28.
ညီမလေးတာတာ

ကဲ..မမတွေနဲ့ ညီမလေးတွေအားလုံးတို့ရေ...
အကြိုက်ဆုံးပစ္စည်းလေးတွေဘာလဲဆိုတာသိရလေအောင် အကြွားပို့စ် (အဲ) Tag post လေးတွေရေးပေးကြပါဦးလို့ မေတ္တာရပ်ခံအပ်ပါတယ်နော်။နိုင်ငံပေါင်းစုံက ပစ္စည်းလေးတွေမြင်ဘူးစေရန်အတွက်လည်းရည်ရွယ်ပါတယ်ရှင်။

အားလုံးကိုချစ်ခင်လေးစားလျှက်
ဝါ၀ါခိုင်မင်း


29 comments:

Dream said...

မက်မက်လည်း ဖိနပ်တွေ ၀ယ်တာ အရမ်းဝါသနာပါတယ်
အခုလည်း စလုံးအိမ်မှာဆို အများကြီးပဲ..
မက်မက်အကိုက ခဏခဏဆူတယ်... နင့်ဖိနပ်တွေ
ကလည်း များလိုက်တာတဲ့။ အဲဒါ ၀ယ်ရင် သူမသိအောင်
ဝယ်နေရတယ်.. စီးပြီးရင် ပြန်ပြန်သိမ်းတယ်.. ဟန်ဆောင် လေးငါးရံလောက်ပဲ အပြင်ထုတ်ထားရတယ်.. ဟိဟိ.. (ကြုံတုန်းကြွား
သွားတာ.. ဟားဟား...)

အခုတီတီဝါ ရဲ့ ဖိနပ်လေးတွေ ကိုတွေ့တော့
လိုချင်တယ်.. ပို့လိုက်.. ဟိဟိ... မဟုတ်ရင် ဘလော့ကဖိနပ်တွေ အားလုံးယူလိုက်မယ်.. ဒါဖဲ.. ဟားဟား.. အာာဝါးးးးးးးးးး..

sin dan lar said...

အစိမ်းရောင် Shoes နဲ့နွေစီးဖိနပ်က သိပ်မမြင်ရဘူး မ၀ါ။
ပုံသေးနေတယ်....

LittLe bIrD said...

အဖြူရောင်ဒေါက်ချွန်းဖိနပ်လေး ကြိုက်ရယ် မမ
တီတီ က tag တော့ ညလေးက ကြွားရဦးမှာပေါ့လေ :P

သက်တန့် said...

မမ၀ါဝါရေ...
ဘာကြွားရင် ကောင်းမလဲ စဉ်းစားလိုက်ဦးမယ်...
ပြီးရင် ကြွားမယ်နော်...
ကြွားဦးမှာ... :P

ရွှန်းမီ said...

=) .. အားမနာတမ်း ကြွားရမှာလား.. မီ့မှာ ဖိနပ်လေးရံပဲ ရှိတယ် မမ၀ါ။ တက်ကြွေးတွေ ထူနေလို့ ဖြည်းဖြည်းရေးပေးမယ်နော်..။

နေလင်း@國強 said...

မမဝါရေ..

ဖိနပ်တွေက အမျိုးကို စုံနေတာပဲနော်... ဒီဇိုင်းလေးတွေလဲ ဆန်းတယ်...
အင်းပေါ့လေ... ဘော့စ်တွေဆိုတော့လဲ... ပစ္စည်းကောင်းလေးတွေ သုံးနိုင်တာပေါ့... အားကျလိုက်တာ.... :)

ခင်တဲ့..

မောင်လေး နေလင်း :)

ဆုငယ်. said...

ပာားပာ မမ ဒီတဂ်လေးကိုကြိုက်တယ် ပီားပိာ ကြွားရအုံးမှာပေါ့ ပဲာပဲာ ခက်တာက ဆု ခရေဇီဖြစ်တာတွေက အရမ်းများတယ်၊
မမ မှာ ဖိနပ်တွေက အများကြီးရယ်. အားလုံးကိုကြိုက်တယ် ပီား တစ်ရံလောက်ပေး :P :P :D

flowerworld said...

မမ၀ါရဲ့ဖိနပ်အပါးလေးကြိုက်တယ် မီးလေးကဖိနပ်အပါးစီးတာများတယ် လွတ်လပ်လို့လေ ဒေါက်စီးပြီးတောက်တောက်တောက်မြည်နေရင် ခေါင်းရှုပ်လို့ ဟိဟိလှချင်ရင်တော့စီးလိုက်တယ်အဟဲ
ဘာကြွားရင်ကောင်းမလဲလို့စဉ်းစားလိုက်ဦးမယ်နော် မီးလေးလဲတတ်ခ်ကြွေးတွေနဲ့ပိနေပြီး အဟဲ နည်းနည်းကြမယ်နော်မမ၀ါ ခွင့်တောင်းသွားတယ်နော်..........း)

အိပ်မက်နိဒါန်း said...

မမ၀ါရေ...

အိမ်မက် မှာ ဖိနပ်ကနည်းနည်းလေးရယ်.. ဘယ်လိုရေးရမယ်တောင် မသိတော့ဘူး..၀ယ်ပြီးမှရေးပေးတော့မယ်နော်.. စိတ်မဆိုးပါနဲ့ မမ၀ါရေ...

ခင်မင်လျှက်

အိမ်မက်

ကိုရင်နော်ခင်လေးငယ် said...

မဝါရေ....
ဒင်းမှာတော့ ကြွားစရာ ရှိမယ်မထင်...
ဟီးးး.. မသကာ သူ့မှာရှိရင် တာယာဖိနပ်တို့
ဂုံနှီကြိုး ဦးထုပ်တို့ ထမိန်အရိအတွဲတို့...
ဒါဘဲရှိမှာပေါ့... မဝါအရင်ငှားပေးလိုက်ပါဦးဗျိုး
ကျနော်တော့ မထင့် မထင်....
အဟီးးးးး

(ကိုရင်နော်)

ဝေလေး said...

မမဝါရေ
ဖိနပ်လေးတွေကချစ်စရာလေးတွေ...
ဝေလေးလဲဖိနပ်လေးတွေတော့ကြိုက်ပါတယ်..
လောလောဆယ်တော့ သုံးရံပဲရှိတယ် အဟိ....
အဲဒီတော့ ကြွားစရာကလည်းဘာမှမရှိဘူးမမရဲ့ ပြသနာပဲ..
ဘီလိုလုပ်ရပါ့..... အကြံထုတ်အုံးမယ်နော်..
ဖြေးဖြေးပေါ့...
ရတယ်ဟုတ် ချစ်မ... :P

ဝါ၀ါခိုင်မင်း said...

(မ)Sin dan lar ပြောလို့ ဖိနပ်အနီးကပ်ပုံလေးထပ်ထည့်ထားပေးပါတယ်နော်.
ဖိနပ်မှာဖုန်တွေပေနေလို့ တစ်ဖက်ပဲထည့်ထားတာနော်.
ဟီးဟီး. နှစ်ဖက်ထည့်ပေးပါဗျို့လို့လာအော်နဲ့ဦး.
ကြိုပြောထားတာနော်..အဟဲ..

ညီမလေးတွေ..မမတွေရေ..

ကျမကြွားခိုင်းတာက ဖိနပ်တစ်မျိုးတည်း မဟုတ်ပါဘူးနော်. တခြား ကိုယ်ကြိုက်နှစ်သက်ရာ
ပစ္စည်း ဘာဖြစ်ဖြစ်ရပါတယ်။ကိုယ်ကြိုက်နှစ်သက်တဲ့
ပစ္စည်း တစ်မျိုးမျိုးအကြောင်းပေါ့နော်.

ဟဟ..ကိုရင်နော်ကတော့ လုပ်ပြီနော်.
မခင်လေး လာအော်ဦးမယ်. ဟီးး

nu-san said...

မ၀ါရေ.. အမနဲ့ အိမ်နားနီးရင် သိပ်ကောင်းမှာပဲ.. မိန်းကလေးဆိုတာက ဈေးဝယ်ထွက်ရင် အဖော်လေးနဲ့မှ ထွက်ဝယ်လို့ကောင်းတာနော်.. တိုင်ပင်လို့ရတာပေါ့.. မ၀ါဖိနပ်လေးတွေက လှတယ်.. ပုံစံလေးတွေကလည်း ဆန်းတယ်.. ကျနော်က များသောအားဖြင့် အလုပ်သွားရင် အပြင်သွားရင် စီးနေကျ ဖိနပ် ၁ ရံပဲ ရှိတယ်.. အဲဒီလို ဖိနပ်ဆန်းဆန်းလေးတွေ မြင်ရင် လိုချင်တယ်.. ၀ယ်ပြီးရင် စီးနေကျ မဟုတ်တော့ စီးရတာ အဆင်မပြေတာနဲ့ပဲ ဒီအတိုင်းပစ်ထားလိုက်ရတာများတယ်.. နောက်တော့ ဖိနပ်ဝယ်ခွင့် ပါမစ်ပိတ်သွားတယ်.... အမ :P

အမရေ.. သတိတရ tag ထားတာ ကျေးဇူးပါနော်.. ဒီအပတ် ပိတ်ရက်မှာ ရေးပေးမယ်.. အရင်ကတည်းက ပို့စ်တင်မယ်ဆိုပြီး စဉ်းစားထားတာ ရှိတယ်.. အဟိ.. ရေးပေးမယ် မ၀ါရေ.. ပြီးရင် လာပြောမယ်နော်.. :)

ဗီလိန် said...

တော်သေးတာပေါ့ ကျနော်မပါလို့။ ဟိဟိ။ ကျနော် ယိုးဒယားသွားထားတာ မဝါမသိဘူး။ ရှူး...........တိုးတိုးနော်

nwaythura said...

မ၀ါရေ...
ဖိနပ် ၁၈ ရံဆိုတော့လွန်လွန်းတယ်...။
သမီးလေးကြီးလာရင်တောင်စီးစရာဖိနပ်ဝယ်စရာလိုမှာ
မဟုတ်တော့ဘူး...။
ဆရာဥာဏ်ကလည်းအလိုလိုက်လွန်းတယ်ဗျာ...။
ချွန်ပေးလိုက်ဦးမယ်...:P

khin oo may said...

ဖတ်သွားပါသည်. အားကျသွားသည်. ခြေထောက်ကလေးလဲ လှ လူလဲ လှ.

ခေါင်ခေါင် said...

မမ၀ါမှာ ဖိနပ်လှလှလေး တွေ အများကြီးပဲ... ခေါင်ခေါင်ကတော့ မိန်းကလေး သာဆိုတယ် ဘာမှ ကြိုက်တာလဲ မရှိဘူး. ဖိနပ်ဆိုလဲ ဝေါကင်းရှုးပဲ စီးတတ်တယ်။ အ၀တ်အစားဆိုလဲ တီရှပ်နဲ့ ဂျင်းနဲ့ ပဲ ၀တ် တတ်တယ်။ မိတ်ကပ်တွေ ဘာတွေ လဲတစ်ခါမှ မလိမ်း... အဲဒါမမ၀ါ ကအကြိုက်ဆုံး ပစ္စည်းအကြောင်းရေးခိုင်း တော့ ဘာသွားရေးရမှာလဲ ဟင်... ကြိုက်လို့ ၀ယ်ပြီး စုထားတဲ့ ဇိမ်ခံကားတွေ အကြောင်းရေးလိုက်ရမလား.. ဟိဟိ..

အညတြ (ခေတ္တ နယူးယောက်ခ်) said...

ငါ့အမကြီးလည်း မ99 လို ကြွား တယ် နော်... စတာပါ။ ဖိနပ်လေးတွေ သိမ်း ထား ပေး နော်။ ချွေးမ ဝတ် လို့ ရအောင်။ နော် အ မ ဝါ။။ ကျွန် တော်ေ၇း ထား တာလေး အ မှား ပါ ရင် ခွင့်လွတ် နော်။

:-* said...

တယ်ဂျင်းရေ နင်က ခင်စရာတကယ်ကောင်းတယ်
ငါ့ထက် ၃ရက်ပဲ ငယ်လို့ တယ်ဂျင်းလို့ ခေါ်မယ်နော်..
ခွင့်ပြု မယ် မဟုတ်လား

ငါလဲ သမီးလေးတစ်ယောက်ရှိတယ်
တယ်ဂျင်း စလုံးလာရင် ငါ့ဆီလဲ လာနော်
ခင်တဲ့

ခိုင်

လော်ရာ said...

မဝါရေ ကျွန်မက ဘလော့နဲ့ သိပ်မရင်းနှီးတဲ့လူတစ်ယောက်ပါ။ မရဲ့ ဖိနပ်တွေကိုမြင်တော့ စာမရေးပဲ မနေနိုင်အောင် ဖြစ်သွားတယ်။ အကြောင်းကတော့ ကျွန်မလည်း ဖိနပ်ခရေစီ မို့ ပါ။ ဖိနပ်ထဲ မှာလည်ရှည်ကလွဲရင် အားလုံးကြိုက်ပါတယ် ။ အရောင်တောက်တာတွေကိုကြိုက်ပေမယ့်မစီးရဲပါဘူး။ ကျွန်မသမီးတွေကလည်းဖိနပ်ခရေစီပါပဲ။ သားအမိ သုံးယောက်ဖိနပ်က ဖိနပ်စင် တစ်ခု မက ပါဘူး။ မဝါ ရှေ့ဆက်ကြွားနိုင်ပါစေ ဆုတောင်းပေးပါတယ် နော်

ဝါ၀ါခိုင်မင်း said...

မေ: မမ၀ါကတော့ မြွေဖမ်းပြီ.. ဒီကဖိနပ်ဆို တာယာဖိနပ်မှစီးတာ

28 Nov 08, 18:07
မချစ်ရ: အမရေဖိနပ်ကြိုက်တာခြင်းတော့တူနေပြီလာယူမှာနော်သေချာသိမ်းထား

28 Nov 08, 18:42
ခင်ပုလဲဖြူ: ကျမမှာမိန်းမသားမို့ပါ သီချင်းအတိုင်းဘဲအစ်မ ဖိနပ်ဆို အသည်းစွဲပေါ့ အစ်မတို့ မိသားစူ ရွှင်လန်းစေနော်။

ထား: ချစ်မမရေ ဖိနပ်(၅)ရံ ယူသွားပါကြောင်း ပြန်တောင်းပါက တရားစွဲမည် ဖြစ်ပါကြောင်း

28 Nov 08, 19:23
ခင်ကျော်ဇေ: မမမောင်က မြွေဖမ်းပြီထင်တယ်...သမီးအကြိုက်ဆုံးက မမသိပါတယ်နော်....

28 Nov 08, 19:09
စိုင်းစိုင်း: မ၀ါရေ..လာရောက် ပြီး ကြည့်တယ်၊ ဖတ် တယ်..ဖိနပ်ရောဂါ စိုင်းမှာလဲ ရှိတယ်.သတိထားကြည့် စိုင်း ပုံတွေ

28 Nov 08, 18:55
ရောင်ပြန်: မမရေ... ဖိနပ်လေးတွေက များလိုက်တာ အရောင်းဆိုင်ဖွင့်မလို့လားဟင်..:P

お早う : လည်တယ်ဗျ ဖိနပ်crazyပါ

28 Nov 08, 22:02
khin nyein chan: ma ma war...pls keep your slippers and shoes ..have a nice life

29 Nov 08, 06:00
သီဟညိမ်း: များလိုက်တဲ့ဖိနပ်တွေပါလားအမ၀ါ***

လော်ရာ: မဝါရေ လည်ပါတယ်ရှင်။ အစ်မ ဒိထက်ဖိနပ်များများဝယ်နိုင်ပါစေ ဆုတောင်းပေးပါတယ်

ပိစိ: http://images.google.com/images?um=1&hl=en&q=mariah+carey's+shoes&btnG=Search+Images
29 Nov 08, 13:12
ပိစိ: TT၀ါ ကြိးစားထား.. နောက်တလလောက်ဆိုရင် Mariah Carey ကို ကျော်နိုင်ဘီိဟိ

ခိုင်ရေ...

ခင်တယ်ဆိုလို့ ကျေးဇူးတင်ပါတယ်နော်.
တယ်ဂျင်းလုပ်လို့ရပြီ.. နောက်လည်းလာလည်ပြီး
ဝေဖန်အကြံပေးနိုင်ပါတယ်နော်။ခင်ခင်မင်မင်ပေါ့။

(မ)လော်ရာရေ..

ဖိနပ်ခရေဇီတစ်ယောက်ဖြစ်ပြီး ကျမရဲ့ ဖိနပ်လေးတွေကိုကြိုက်တယ်ဆိုလို့ ကျေးဇူးပါရှင်။
နောက်လည်းလာလည်ပြီး ခင်ခင်မင်မင်အကြံပေးနိုင်
ပါတယ်နော်။နောက်တော့ကြွားသေးပါဘူး..ဟဟ
ခုတောင်ကြွားတာကြွားရတာ..သူများလာပြောမှာ
ကြောက်နေတာလေ.ဟဟး) တတ်နိုင်ဘူး ကြွားပြီးပြီ
လေ။ :P ဒါတောင်ဘီရိုထဲမှာသိမ်းထားတာတွေ အများ
ကြီးကျန်သေးတယ်.. ဟတ်ဟတ်.း)

ကိုကိုမောင် said...

အမ ၀ါဝါ
ဖိနပ်ပြတိုက်များ ဖွင့်စားမလားအောက်မေ့ရတယ်။
ဖိနပ်ကို မစီးရဘဲ ဖိနပ်က အမကို ပြန်စီးနေမှ ဒုက္ခ။
အမ တစ်နေရာပြောင်းရင်ပြောတာပါ။ အဟဲ စတာနော်။
စိတ်မဆိုးကြေး။
စင်ဒရဲလားလို ဖိနပ်ရှာလာတဲ့မင်းသားလေးရှိရင်တော့ အမဖိနပ်တွေ သေသေချာချာသာ ၀ှက်ထားပေတော့နော်။

yehtut said...

ညီမ၀ါ ဦးဆောင်တဲ့ အစ်မတွေ ညီမတွေရဲ့ အကြွားပြိုင်ပွဲကြီး(အဲ..ဟုတ်ပါဘူး) ဖိနပ်ပြိုင်ပွဲကြီးတော့ စပြီ။
အကဲဖြတ်ဒိုင်လူကြီးအဖွဲ့ ဖွဲ့စည်းပြီး အမှတ်ပေးနိုင်ဖို့ ညီငယ် အလှတရား ကို ဦးဆောင်ခိုင်းရင်ကောင်းမယ်နဲ့တူတယ်။ သမာဓိကို ယုံကြည်လို့ :D

sin dan lar said...

မ၀ါ၊
ဖိနပ်ပုံထပ်တင်ထားတာကျေးဇူးပါ၊ ခြေထောက်လေးကလည်းလှလိုက်တာ..
ခြေမနဲ့ခြေညှိုး ဘယ်ဟာပိုရှည်လဲ ကြည့်နေသေးတယ်၊
Dr Nyan နဲ့ ဘယ်သူက အနိုင်လည်း သိချင်လို့၊ တညီထဲလို့ထင်ရတယ်....(ဒါက စပ်စုတာပါ) :P:P:P

မီးငယ် said...

မမရေ...စာမေးပွဲပြီးရင်ရေးပေးမယ်နော်...(၆)ရက်နေ့ဆိုရင် ပြီးပြီမမ..ခဏစောင့်နော်...

မဇနိ said...

ဖိနပ်တွေအများကြီးနဲ့ မမ၀ါရေ မဇနိလည်း ကြွားပြီးပီနော်။
အမဆီမှာ ဖိနပ်တွေမြင်တော့ အံ့တွေတောင်သြလို့။
ညီမမှာ ဖိနပ်လည်း မများဘူးရယ်။
ရှိတာလေးပဲ ကြွားထားတယ်နော်။
ပို့စ်ရေးထားတာကြာပီရယ် ကိုဇနိမအားသေးလို့ ဓါတ်ပုံမပြင်ပေးလို့ စောင့်နေရတာ အမ။

ဟိန်းညီ said...

အစ်မ၀ါရေ.........

အစ်မစီးတဲ့ဖိနပ်တွေကြည့်ပြီး
ကျွန်တော်တော့ကိုဥာဏ့်ကိုသနားတယ်။
မိန်းမယူချင်စိတ်လည်းပျောက်သွားတယ်။(ခဏ)
ဟဟဟဟဟ

နိုင်းနိုင်းစနေ said...

ဝါဝါရဲ့ ဖိနပ်တွေက ဒီဇိုင်းတော်တော်စုံတယ်
လှလည်းလှတယ်။
စနေက ဒေါင့်ပါတာတွေ၊ လေဒီရူးတွေ သိပ်မစီးတတ်ဘူး
ခြေထောက်ကြီးလို့လား မသိဘူး အကြိုက်ဆုံးက
all star ဒီဇိုင်း ရူးဖိနပ်တွေး)

ရွှန်းမီ said...

http://4friends2flip.blogspot.com/2008/12/blog-post_17.html
ကြွားပြီးပြီ မ၀ါရေ..