မင်္ဂလာပါရှင်.
ဒီနေ့မနက်အစောကြီး ၇နာရီကတည်းကနေဖူဂျီတောင်သွားဘို့ မိသားစုတွေအိမ်ကထွက်ကြပြီး ည ၁၀ နာရီထိုးခါနီးမှအိမ်ပြန်ရောက်ကြတာကြောင့် ရောက်ရောက်ချင်းပဲ ဘလော့လေးဖွင့် လာလည်သွားတဲ့ မောင်နှမတွေကိုကျေးဇူးတင်ကြောင်းစီဘုံးထဲမှာအော်ပြီး ဖူဂျီတောင်အမှတ်တရ ဓါတ်ပုံလေးတွေကို တင်ပေးလိုက်ပါတယ်နော်. စာကတော့မရေးနိုင်တော့ဘူး .နှစ်ပိုင်းခွဲပြီး နောက်နေ့မှ ပို့စ်ရေးတော့မယ်နော်.အရမ်းပင်ပန်းနေလို့ပါရှင်။ Tag Post လေးတွေရေးပြီးသွားကြတဲ့ မောင်နှမတွေအားလုံးကိုလဲ အရမ်းပဲကျေးဇူးတင်ပါတယ်နော်.ညီမလေးဝေ ၊ ညီမလေးပုလဲ ၊ မောင်လေးအလှတရား နဲ့ မောင်လေးidulize တို့ရေ.. မနက်ဖြန်မှပဲ မမ Comment လေးတွေလာရေးပေးတော့မယ်နော်. အမြန်တော့လာဖတ်သွားပြီးပါပြီ ။ Comment ကိုအမြန်မရေးချင်လို့ပါ။ ကျေးဇူးတင်ပါတယ်နော်။ ညနေပိုင်းမှာတွေ့ရတဲ့ ဖူဂျီတောင်ရဲ့အလှ (Kawaguchi Lake ကနေရိုက်ထားတာပါ)
နေ့ခင်းပိုင်း ၂ နာရီလောက်မှာတွေ့ရတဲ့ဖူဂျီတောင်ရဲ့အလှ (Shoji Lake ကနေရိုက်ထားတာပါ)
နေ့ခင်းပိုင်း ၁၂ နာရီလောက်မှာတွေ့ရတဲ့ဖူဂျီတောင်ရဲ့အလှ (Motosu Lake ကနေရိုက်ထားတာ)
ဖူဂျီတောင်ခြေက နာမည်ကြီးတဲ့ Fuji-Q High Land ကစားကွင်း
စကိတ်စီးရင်းဖူဂျီတောင်ရဲ့အလှကိုခံစားနိုင်တယ်နော်။
ရေခဲလွှာလျှောစီးကစားကွင်း..
ဒီနှစ်ပုံက နာရီလက်တံပုံလိုလွှဲပြီး လူတွေစီးနေကြတာလေ ..အသဲအေးစရာကြီး
ထိုင်ခုံတွေကိုရှေ့ထိုးနောက်ခုံတပတ်လည်လွှဲပေးနေတဲ့ Roller Coster ပေါ်မှာ ဇောက်ထိုးကြီးပေါ့ ( ဂျပန်မှာ ကြောက်စရာအကောင်းဆုံး ကစားနည်းတွေရှိတာ ဒီနေရာမှာတဲ့ ) လည်နေတဲ့အ၀ိုင်းကြီးထဲကလူတွေကိုဝှေ့ယမ်းပြီးလွှဲပေးနေတာ ...
အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်...
ဝါ၀ါခိုင်မင်း
*ကမ္ဘာပျက်ခြင်းဆိုင်ရာအမေးအဖြေ*
-
ဒကာလေးရေ...
ဒကာလေးမေးတဲ့ကိစ္စက ဘုရားအရာသာ ဖြစ်ပါတယ်...
ဘုရားအရာကို ဗေဒင်ဆရာ လောကဓာတ်ဆရာ အဆင့်လောက်တွေက ပြောဆိုနေခြင်းမျှသာပါ...
ဘုန်းကြီးက ဗုဒ္ဓဘာသာအစစ်ဆိုတော့...
15 hours ago
25 comments:
Fuji တောင်ကိုတော့ အလည်တခေါက် ရောက်ချင်မိတယ်။ တစ်နေ့နေ့တော့ ဖြစ်လာမှာပေါ့။ မျှော်လင့်နေဆဲ...
အင်း
ဂွတ်ထ
ကောင်းလေစွ
အနော်အားကျ
လည်ချင်လှ။
လာလည်ချင်လိုက်တာ မမ၀ါရယ် တောင်လဲ တက်ချင်တယ်။ လည်နေတဲ့ အ၀ိုင်းကြီးတွေလဲ စီးချင်တယ်။ ဟီး...
ပျော်ရွှုင်မိပါသည်။
ရိုလာကိုစတာကြီး စီးချင်လိုက်တာအမရာ..။ ကျနော် က အဲလို သည်းထိတ်ရင်ဖိုဆို သိပ်ဝါသနာပါတာ ။ ရှုခင်းတွေ အရမ်းလှတယ်..ဒါမဲ့ အမပုံ မပါဘူးနော် ။
ဖူဂျီတောင် ပုံ ရိုက်ထားတာ အရမ်းလှတာပဲ။ လာလည်ချင်လိုက်တာ။
Roller Coster ကိုတော့ ကြည့်တာနဲ့ တင် ကြောက်တယ် စီးရဲဘူး၊ကြောက်လို့ တခါမှ မစီးဘူး။ မမရော စီးခဲ့လား အပိာ။
အရမ်းလှတယ်****
အလည်လာချင်တယ်ဗျို့
Dr Nyan ကိုအရင်ရောက်သွားတာ၊ မ၀ါစီးထားတဲ့ ဖိနပ်မှတ်မိတယ်နော်.. ငှင်း ငှင်း
အားပါး photo တွေကြည့်မိတာနဲ့ လည်လည်လာချင်မိသား။။ နောက်ထပ် ခရီးသွားမှတ်တမ်းသဘောမျိုးလေး တင်ပေးပါအုံး။။
ဖူဂျီတောင် လှတယ် ရောက်ဖူးချင်၏
ဂိမ်းတွေက မြင်တာနဲ့တင် ကိုယ့်စိတ်ကိုယ်မနိုင်
အိမ်ပြန်ချင်တာ
ဆော့ရဲဘူး
အားကြီးကြောက်၏
တခါတည်းသတိပါမေ့သွားနိုင်၏
မမ၀ါဝါ ခုလိုတွေ့ခွင့်ရတာ ကျေးဇူးအများကြီးတင်ပါတယ်နော်
တားတားကျောက်တယ် ချီးရဲဘူး။
အလည်လာချင်တယ်အမဝါ................ အလည်ခေါ်မယ်လားဗျို့အမဝါ........
အလည်လာချင်တယ်အမဝါ................ အလည်ခေါ်မယ်လားဗျို့အမဝါ........
ဖူချီတောင် နား ကိုေ၇ာက် သွား အောင် ဖော်ပြပေးသောမမဝါ အား ကျေးဇူးတင်ပါသည်။
ပျော်စရာကြီးး အောက်ဆုံးက ရဟတ်လိုဟာမျိုး စီးချင်လိုက်တား)
ပျော်ရွှင်ပါစေ အမရေ..
ဖူဂျီတောင်တက်သွားပါတယ်း)
မိုးကြယ်
ရှုခင်းကလှလို့လား? မ၀ါကပဲ ဓါတ်ပုံရိုက်တော်လို့လား၊ ပုံတွေကတော့ ရှယ်ပဲ၊ ခံစားသွားပါတယ် မဂျီးရေ...........
တစ်ကယ်ရောက်သွားသလိုပဲ ဟား
ဂွတ်တယ်
ရေခဲပြင် စကိတ်တောင် စီးချင်တယ်
မနှစ်ကလည်း အစီးကောင်းလို့ မျက်ခုံးတစ်ဖက်ကွဲပြီးသွားပြီ
ဒီနှစ်လည်း နောက်တစ်ဖက် လာဦးမယ်နဲ့ တူပါတယ် အဟီး
ူဖူဂျီတောင်သွားချင်တယ်...။ ဦးဥာဏ်နဲ့ အစ်မ၀ါ ကျွန်တော့်ကိုလိုက်ပို့....။
တောင်ပေါ်မတက်ဘူးလားဗျို့ အမရေ
ရောက်လာရင်လိုက်ပို့ရမယ်နော် မမ၀ါ...
ဖူဂျီတောင်ကိုတော့ မ၀ါကျေးဇူးနဲ့ရောက်ဖူးသွားပြီဗျာ...
ရိုလာကိုစတာစီးချင်ပါသေးတယ်......
နာမည်ကြီး ဖူဂျီတောင် ရောက်သွားပြီ လှတယ်နော်မမဝါ
ကစားနည်းတွေကတော့ အင်း.. စီးလည်းစီးချင်တယ် ကြောက်လည်းကြောက်တယ်.. :P
လှလွန်းပါတယ်လာလည်ချင်မိပါတယ်။
Post a Comment