Thursday, November 27, 2008

Ten Things I Hate About Myself


အခုတလော ကျမကံမကောင်းပါ။
အကြောင်းကတော့ မရေးချင်တာတွေကိုရေးနေရလို့ပါ။ဟဟား
ဟုတ်တယ်လေ အားမနာပါဘူးပြောရမှပဲ ကလေးတွေပေါ့ ။ ကာတွန်းကားအကြောင်းရေးခိုင်းလို ရေးခိုင်း..ဟော လာပြန်ပြီ နောက်တစ်တက်ဂ်တဲ့ ခေါင်းစဉ်ကြီးကိုလဲ ဖတ်ကြည့်ကြပါဦး.. ကိုယ့်ကိုကိုယ် မုန်းတဲ့ အကြောင်းရင်း၁၀ ချက်တဲ့။ ဖြစ်ပုံများ..
ကာတွန်းကားတက်ဂ်ပို့စ်တုန်းကလည်း စိတ်ညစ်လိုက်တာ အရမ်းး.. ဟုတ်တယ်လေ ကာတွန်းကားမှမကြည့်တာ.ဒါပေမယ့်အဲဒီတုန်းကတော့အဆင်ပြေသွားလေရဲ့.. ကာတွန်းကားမတင်နိုင်လို့ ရွှေမျက်နှာတော်ညှိုးနေတဲ့ ကျမကိုကြည့်ပြီး မောင်တော်ခမျာ မနေသာတော့ပဲ ကာတွန်းကားလေးရဘို့ ရှာပုံတော်ဖွင့်ပေးခဲ့ရှာတာပါ။ဟီးဟီး. အသင့်ရလာတဲ့ ကာတွန်းကားလေးမှာ ကိုယ်ကစာရေးရုံရေးပြီး သူများကိုပါ နှိပ်ကွတ်ခဲ့သေးတာ..ဟတ်ဟတ်. တွေ့ပုချိပါ မောင်ဇင်ယော်လေးရေ.

ဟော..လာပြန်ပြီ နောက်တစ်တက်ဂ်လေ..ဒီတက်ဂ်ကတော့ သူကိုယ်တိုင်ပါ အတက်ဂ်ခံထားရလေတော့ ဒီတခါတော့ ကျမကိုမကယ်နိုင်ရှာတော့ဘူးလေ..အဟီးးး ကျမလည်း ဒီတက်ဂ်ပို့စ်လေးကို ရေးလိုက် ဖျက်လိုက်လုပ်နေတာ ဒီနေ့ဆိုရင် ၃ရက်မြောက်ပါပဲ.. သြော်..ဒွတ်ခ..ဒွတ်ခ.. ကိုယ်ဖာသာကိုယ်ရှာတဲ့ဒုက္ခလေ..ဟဲဟဲ..ပြောတော့ဘူးး ကဲ..စမယ်.

ကျမ၀ါဝါခိုင်မင်း ကိုယ့်ကိုကိုယ်ပြန်မေးကြည့်မိပါတယ်.. ကိုယ့်ကိုကိုယ်များ မုန်းဖူးသလားလို့ .. No မရှိ..လုံးဝကို မရှိတာလေ. ဟတ်ဟတ် ကိုယ်ကိုကိုယ်အရမ်းချစ်တာပဲ..ဟဲဟဲ. ဒါပေမယ့်လေ တတ်နိုင်ဘူး သူများတွေက မုန်းခိုင်းမှတော့ အကြွေးတင်ရင် မနေတတ်တဲ့ ကျမက အကြွေးတွေမြန်မြန်ရှင်းသွားအောင်ကိုယ့်ကိုကိုယ် မမုန်းချင်ပဲ အာဖြန်ကွီး အဲ အာဖြန်ရွှီးလုပ်ပြီးမုန်းရပါတော့မယ်ရှင်. ဟီးဟီး

အာဖြန်ကွီးလုပ်မယ်..စပြီ... ဒန့်.တန့်..တန့် ( ဒီတခါတော့ ကြိုပြောထားမယ် ..နောက်ထပ် ၁၀ယောက်ထပ်တက်ဂ်မယ်..ဟဟ)

Ten Things I Hate About Myself

1.Blog ကို သံယောဇဉ်ဖြတ်ချင်ပေမယ့် စိတ်မပြတ်နိုင်သေးတဲ့ ကိုယ့်ကိုကိုယ်မုန်းမိတယ်။ ( ဂယ်ပြောတာနော်)

2.အိပ်ရာနိုးတာနဲ့ ကွန်ပြူတာဖွင့်ပြီး ဘလော့ဂ်စစ်တတ်တဲ့ ကိုယ့်ကိုကိုယ်လဲမုန်းမိတာပဲ။

3.တရေးနိုးပြီး အိပ်မပျော်တော့ရင် ကွန်ပြူတာရှေ့ရောက်သွားတတ်တဲ့ ကိုယ့်ကိုကိုယ်လဲမုန်းမိတာပဲ။

4.တနေကုန်ကွန်ပြူတာရှေ့မှာထိုင်ပြီး ဘလော့ဂ်လည်နေတတ်တဲ့ကိုယ့်ကိုကိုယ် မုန်းစရာလူသတ္တ၀ါ တစ်ယောက်လို့ထင်မိလာတယ်။

5.မောင် က ကျောင်းသွားခါနီးဆိုရင် သေခြာမှာတတ်တယ်.ဘာလဲသိလား. အမီးရေ..တနေကုန်ကွန်ပြူတာပဲလုပ်မနေနဲ့ဦးနော်. နေ့လည်တရေးအိပ်တဲ့. ဟီးဟီး..အဖြေက ဟုတ်ပေါ့။ သူလဲသွားရော တစ်နေကုန်ကွန်ပြူတာရှေ့..ဟီးဟီး အိပ်ပါဘူး..နေ့ခင်းကြောင်တောင်အိပ်စရာလားနော်. (ဟဲဟဲ..မုန်းစရာကောင်းဘူးလား)

6.ကျမက Blog မလုပ်ခင်က တစ်ပတ်ကို ၃ ရက်လောက်Shopping ထွက်တတ်တယ်၊ Blog လည်းလုပ်ပြီးရော နှစ်ပတ်တစ်ခါလောက်ပဲ Shopping ထွက်ဖြစ်တော့တယ်လေ.. ဟဲဟဲ..အကုန်အကျ အများကြီးသက်သာသွားတာပေါ့နော်.. မထင်နဲ့နော်..မထင်နဲ့.အဟတ်. အရင်တစ်ပတ်က Shopping မထွက်ရတာကြာနေလို့ Shopping ၂ပတ်စာ ထွက်လိုက်တာ..ဟဲဟဲ..၂ပတ်စာ ထွက်တုန်းတခါတည်း ဖိနပ်၃ ရံ နဲ့ အကျီင်္ ၅ ထည်ဝယ်လာခဲ့တယ်လေ.. အဟီးး ( အိမ်ရောက်တော့ ကိုယ်ကိုကိုယ် အပြစ်တင်မိပါရဲ့ ပိုက်ဆံတွေဖြုန်းမိပြန်ပြီ မုန်းစရာကောင်းလိုက်တဲ့ ငါ လို့) :P အဲ..ကြွားသလိုများဖြစ်သွားလားမသိဘူး.. ဖြစ်ရင်လည်း တတ်နိုင်ဘူး .တစ်ကြောင်းပြီးနဲလား.ဟဟား

7.ဟဟ..တကယ်တော့ ကျမက သဘောကောင်းတတ်တာများပါတယ်၊အဲ ဒါပေမယ့် တခါတလေတော့ အတ္တကြီးတတ်တယ်လေ..ဘယ်လိုလဲသိလား ..ကျမကွန်ပြူတာဖွင့်ရင် အွန်လိုင်းမှာဘယ်သူတွေရှိနေလဲကြည့်ချင်သေးတော့ G talk ဖွင့်ကြည့်တယ်. ဟီးဟီး.အွန်လိုင်းမှာ လူတွေများနေရင် ချက်ချင်းပြန်အောက်ပြစ်လိုက်တယ်.အဟတ်ဟတ်.. မုန်းစရာကောင်းဘူးလားးး ( စိတ်ဆိုးရဘူးနော်.တွေ့ပုချိပါ..အဟီးး ချက်တင်လုပ်နေရင် ဘလော့မဂင်နိုင်တဲ့ အပြင် ထမင်းပါ ငတ်သွားနိုင်တယ်လေ. အွန်လိုင်းမှာ လူက ၁၀ ယောက်လောက်ရှိတာ. အဲဒါကြောင့် မမ၀ါကို မအင်ဗိုက်ကြပါနဲ့ မမ၀ါက မချက်ဘူးလို့..အဟီးး (ကိုယ့်ကိုကိုယ် မုန်းမိတာနော်..သူများတွေမုန်းစရာမလိုဘူးးး) အဟီး..ပြီးတော့မယ်..နောက် ၃ ချက်..စဉ်းစားးးစဉ်းစားးး :P

8.နောက်တစ်ခုရှိသေးတယ် ကျမနဲ့ မောင်ညီမလေးတွေနဲ့ တခါတလေချက်တင်လုပ်ဖြစ်ကြတော့ မမ၀ါ စကားပြောချင်တယ် ရမလားတဲ့..အဟတ်..ဒီကလဲ မရ မမကွန်ပြူတာက Sound Card ပျက်နေတယ်လို့ပြောလိုက်တယ်...ဟီးဟီး..တကယ်တော့ မပျက်..လုံးဝကို မပျက်တာပါရှင်..ကောင်းလိုက်တာမှ ဒေါင်ဒေါင်မြည်လေ. မပြောချင်လို့မပြောတာ. အမှန်အတိုင်းပြောပြရရင် အခုအချိန်အထိ ဘလော့ဂ်ဂါ မောင်နှမတစ်ယောက် တစ်လေနဲ့ မှ G.talk ကနေစကားလုံးဝ..လုံးးဝ မပြောဘူးပါကြောင်း. ( မုန်းစရာကြီးနော်.လိမ်တတ်တယ်.အဟီးး) ကိုယ့်ကိုကိုယ်မုန်းတာနော်. သူများတွေမုန်းစရာလိုဘူးးး :P အင်း..ဒီတက်ဂ်ပို့စ်ရေးရတာနဲ့ အကျင့်ကောင်းတွေပေါ်ကုန်ပြီ.. မမ၀ါ ကိုတော့ မုန်းကြတော့မှာပဲ တတ်နိုင်ဘူးလေ.အဟီး ( မျက်နှာချိုသွေးတာနော်..မုန်းကြနဲ့) :P
( နောက်တစ်ခု..နောက်တစ်ခု..စဉ်းစားး..စဉ်းစား)

9.အဲ..နောက်တစ်ခုက ကျမမှာ အကျင့်မကောင်းတာတစ်ခုရှိသေးတယ်သိလား. ဘာလဲဆိုတော့ ကျမကလေ နာမည်မလှရင်စိတ်မ
ဝင်စားတတ်၊ မခင်တတ်ဖူးလေ..ဟဟ..ပြောပြရဦးမယ်. ကျမ G. talk မှာ သရဲမ တဲ့ ၊ မိဘမေတ္တာ တဲ့ ၊ ယုန်ပေါက်တဲ့ အင်ဗိုက်လာပါလေရော ၊ ကျမက ဘယ်သူတွေမှန်းလဲ မသိ နာမည်တွေကလည်းမလှ ၊စိတ်ဝင်စားစရာမကောင်းတော့ No ပြစ်လိုက်တာပေါ့..ဟတ်ဟတ်..တကယ်တော့ ကိုယ်နဲ့ အရမ်းခင်နေတဲ့ မောင်နှမတွေဖြစ်နေပါရောလား..ဟဟား. သရဲမ က (ငှက်ငယ်လေး) ၊ မိဘမေတ္တာ က( မောင်အညတြ )၊ ယုန်ပေါက် က( မောင်သီဟ) ပါတဲ့ရှင်..အဟီးး စိတ်ကောင်းဘူးး.အဲလို နာမည်မလှရင် စိတ်မ၀င်စားတတ်တဲ့ ကျမထံကို ခပ်ညံ့ညံ့ကောင် ဆိုပြီး စီဘုံးမှာလာရေးသွားပြန်လေတော့ အမလေးဟဲ့ နာမည်ခေါ်ရမှာတောင် အားနာစရာ ဘီလိုလုပ်ခေါ်ရပါ့ဆိုပြီးသူ့အိမ်အလည်ရောက်သွားတော့ သူရေးထားတဲ့ နာမည် ဂျုဝသန် ကိုတွေ့ပါလေရော. အဲဒါနဲ့ ကျမက ခပ်ညံ့ညံ့ကောင် ခေါ်ရမှာ မခေါ်ချင်ဘူး အားနာတယ် ၊ဂျုဝသန်ပဲ ခေါ်မယ်..မကျေနပ်လာပြောလို့ ရေးပစ်ခဲ့တယ်လေ.ဟဟ အခုတော့ အဲကောင်လေးလဲ ဂျုဝသန်လို့ နာမည်နည်းနည်းတွင်နေပါပြီ။ (အဲဒါလည်း ကျမကိုယ့်ကိုကိုယ်မုန်းမိပါရဲ့နော်..သူများသူဖာသာသူကြိုက်လို့ သူကြိုက်တဲ့ နာမည်ပေးထားတာလေ.. ကိုယ်နဲ့ မှ မဆိုင်တာ..မုန်းစရာကောင်းမနေဘူးလား)သြော်..တလက်စတည်းပြောရဦးမယ်. ဒီတက်ဂ်ပို့စ်ကို တက်ဂ်တဲ့သူနှစ်ယောက်ရဲ့နာမည်တွေက ဖားကြီး နဲ့ ပက်ကျိ တဲ့ ဟဟ. စိတ်ညစ်တာ အဲဒါတွေပါတယ်. အင်းပေါ့လေ..ကင်းမှ မကင်းနိုင်ကြသေးတာ..၀ဋ်ရှိသလောက်တော့ ခံလိုက်ဦးပေါ့..ဟဟ. ( စိတ်ဆိုးနဲ့ဦးနော်. မောင်ဖားကြီးနဲ့ မောင်ပိကျိ တို့ရေ.. ပြီးအောင်ရေးပေးနေတယ်နော်.အဟီး)

10နောက်ဆုံးမှာတော့.. ဒီနေ့ကွန်ပြူတာလုံးဝမဖွင့်ဘူး ၊ ဘလော့ဂ်မလည်ဘူး၊ပို့စ်မရေးဘူးဆိုဆုံးဖြတ်ပြီးတော့ ဂတိမတည်တတ်တဲ့ ကိုယ့်ကိုကိုယ်အရမ်းမုန်းတာပဲ။ :P

အဟီးးဟီးးး ပြီးပြီဟေ့.. အာရုံတော်တော်စားသွားတယ်.. အာဖြန်ရွှီးလုပ်ရတာ။ အခုတလော စာမရေးချင်ဘူး ၊အရမ်းပျင်းနေတာ။ဒါပေမယ့် အကြွေးတင်ရင် ရင်ပူလို့ ဘာပဲဖြစ်ဖြစ်ပြီးအောင်ရေးလိုက်ပါပြီဗျို့..ပျော်လိုက်တာ.ပြီးသွားပြီ။ အဟေးဟေး

ကဲ..ကဲ..ကျေးဇူးရှင် မောင်ပိကျိ နဲ့ မောင်ဖားကြီးတို့ရေ ကျမ၀ါဝါခိုင်မင်းက အကြွေးဆပ်ပြီးပါကြောင်း။ ဒီပို့စ်လေးရေးဖို့အတွက် ၃ ရက်တိတိကြာသွားပါကြောင်း၊
အကြံလည်းတော်တော်ကုန်သွားပါကြောင်း၊ အကြံကုန်ဂဠန်ဆားချက်ပြီး စိတ်ကူးပေါက်ရာတွေရေးထားတာဖြစ်တဲ့ အတွက် သည်းခံပြီး ဖတ်ကြစေလိုကြောင်း ၊မောင်နှမတွေ ပျော်ရွှင်ကျေနပ်ရန်သာ ရည်ရွယ်ပါကြောင်း။
အားလုံးပဲ ကျန်းမာပျော်ရွှင် စိတ်ကြည်လင်ကြပါစေ။
*********
ကဲကဲ.. ကိုယ်တော့ ဦးနှောက်အစားခံပြီး ပြီးအောင်ရေးပြီးသွားပြီ၊ သူများလည်းကိုယ့်လိုပဲ ဦးနှောက်စားရအောင်ပြန်လုပ်ဦးမှပဲ.. (ဟော..ကြည့် မမ၀ါတို့ တော်ပုံများ.. ကိုယ့်ကိုကိုယ်မုန်းစရာကောင်းတာ နောက်တစ်ချက်တောင်ပေါ်လာပြန်ပြီ. ဟီးဟီး. ကိုယ်စိတ်ညစ်ခံရသလို သူများကို ပြန်စိတ်ညစ်ခိုင်းတာလေ...မုန်းစရာမကောင်းဘူးလား.ဟဲဟဲ.. မမုန်းနဲ့နော်..ကိုယ့်ကိုကိုယ်ပဲမုန်းတယ်လို့ပြောတာ) :P

စပြီ.. ပြန်ဒုက္ခပေးဖို့ရှာမယ်.... ဟီးဟီးး..ဟုတ်ဖူးနော်.. ခင်လွန်းလို့ တက်ဂ်မှာ..ဟတ်ဟတ်.

1.ဟတ်ဟတ် ဆိုလို့ သတိရသွားပါပြီ အလုပ်အား ၊မအားတော့ မသိဘူး "မ" ကို အရမ်းလွမ်းပြီး အကွဲတွေ သဲနေတဲ့ ကျမတို့ရဲ့ ဘလော့ဂါ ဆရာကြီး ၊ ဟတ် ဟတ် ဟတ် လို့ ပဲများပြီးရယ်တတ်တဲ့ ဘလော့ဂါ ဆရာကြီး၊ "မ" အတွက် အတဲတွေ ကွဲနေပေမယ့် အဲဒီကွဲနေတဲ့ အသဲကြီးနဲ့ပဲ ရယ်စရာလေးတွေပါအောင် ရောရေးတတ်တဲ့ ဘလော့ဂါဆရာကြီး ကိုရန်အောင် ဖြစ်ပါတယ်ရှင်။ ရွှီး ဖြောင်းဖြောင်းဖြောင်း ( ဟီးး ကိုရန်အောင်ရေ..ပို့လိုက်ပြီနော်. အားနေရင်ရေးပေးပါဦး)
အိုနဂိုင်းရှီးမတ်စ် ၊ သိုင်းကျုးကမ္ဘာဆိုင်ယော် (ဂျပန်လိုရယ်.. အင်္ဂလိပ်လိုရယ် ၊ကချင်လိုရယ်ရောပြောတာပါ. ကိုရန်အောင်နားလည်ပါတယ်..အဟီး) ( ရေးပြီး)

2.အခုတလော အဆင်မပြေမှုလေးတစ်ခုကြောင့် အိမ်တွင်းပုန်းကုလားမလေးလုပ်နေတဲ့
မောင်ငယ်လေးမိုးသောက် ( ဟဟ. ပို့စ်ရေးစရာ မရှိမှာစိုးလို့ ထွက်လာအောင်ခေါ်လိုက်တာနော်) (ရေးပြီး)

3.ကလေးမဟုတ် ၊လူကြီးမဟုတ် ဗိုက်ဆာရင် မုန့်လာတောင်းစားတတ်သော ချာဝန်လေးလွမ်းဝေ ခေါ်
မောင်ငယ်အလှတရား (ရေးပြီး)
4.ချာဝန်လေး မောင်လွမ်းဝေ ရဲ့သူငယ်ချင်း ဆရာဝန်လေးဖြိုး ခေါ် မောင်ငယ်ချစ်ခြင်းခြေရာ (ရေးပြီး)

5.ဟဲဟဲ.. အစ်မကို Tag ထားလို့ ပြန် Tag ပါတယ် မောင်ငယ်ဗီလိန်ရေ ( ရေးပြီး)

6.ခင်စရာကောင်းတဲ့ မောင်လေးပုလုကွေး (ရေးပြီး)

7.အစ်မလေးတစ်ယောက်ခင်မိပါတယ် စကားလဲမပြောရဘူးလို့ပြောတဲ့ မောင်ငယ်idulize (ရေးပြီး)

8.မိဘမေတ္တာနာမည်နဲ့ အစ်မ ကို အင်ဗိုက်လာတဲ့ မောင်ငယ်အညတြ ( ခေတ္တ.နယူးယောက်ခ်) (ရေးပြီး)

9.သဘောကောင်းဖော်ရွေတဲ့ မောင်ငယ်ကိုတိုးလေး (ရေးပြီး)

10.နောက်ဆုံးမှာတော့ ချစ်စရာညီမလေး ပုလဲလုံးလေး တို့ပဲဖြစ်ပါတယ်ရှင်။ (ရေးပြီး)

ဒီတခါ ညီမလေးတွေကို ဦိးနှောက်မစားခိုင်းဘူးနော်.. မောင်ငယ်တွေကိုပဲ ဒုက္ခရှာကြံပေးလိုက်တာ... ပုလဲလုံးလေးကတော့ ချွင်းချက်. ပိုချစ်လို့နော် ညီမလေး.ဟဲဟဲ

ကဲ..အားလုံးကို အဆင်ပြေတဲ့ အချိန်မှာရေးပေးကြဘို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်။

ခင်မင်စွာနဲ့
အစ်မ၀ါ

17 comments:

မိုးသောက် said...

အာဒီကို အာဒီကို အတယ်ဆို တုတ် ပလုပ်တုတ် တုတ်
( မမ၀ါက အိမ်တွင်းပုန်း ကုလားမ ဆိုလို့ ကုလားလို အော်ရင်း ထွက်လာတာပါ :P
ကုလားမတော့ မလုပ်ပါနဲ့ မမ၀ါရယ် ကုလားလေး ဆိုရပါတယ် ဗြဲ .. ငိုတာနော် အဟီး )
မမ၀ါကတော့ လိမ်ဆင်တွေ ပေါ်ပြီဟေ့ ဟာဟ့
နောက်ဆို မရတော့ဘူး အဟဲ
တိသွားပြီ တိသွားပြီ :P

မောင်ရှင်းသန့် said...

ဒီတစ် ခါမမ၀ါ Shopping ထွက်ရင် ကျနော်လဲ ခေါ်ပါအုံးဗျ
ကျနော် က လက်တော့ဝယ်ပေး ဆိုပြီး လိုက်ပူစာမှာပဲ

အလှတရား said...

ခွိခွိခွိ
ပေါ်ပြီ ပေါ်ပြီ..မမ၀ါမိစံလေးခမျာ
.ပိုစ့်တစ်ခုရနည်းလားဆိုပြီး
ဟုတ်ကဟုတ်က လုပ်ထားတာလေးတွေ ထည့်ရေးလိုက်ရတယ်..

ဟိဟိဟိ
အကွက်တော့ ရပြီ..
ကိုယ်ခံရတာနောက် လောလောဆယ်
တူများကို စ ရမဲ့ဟာ တွေတွေ့လို့ ၀မ်းသာ၏။

မမ၀ါတက်ဂ်ထားတာ ကိုဖားကြီး တက်ဂ်ထားတဲ့ ခေါင်းစဉ်နဲ့ တူနေတယ်။

ထူးပြီးဝမ်းမနည်းတော့ဘူး။
ကိုဂျယ်လီကို ပြောခဲ့ သလိုပဲ။
လောလောဆယ်တော့ မရေးနိုင်သေးဘူး။
အလွမ်း ရမ်းနေလို့။ တွေ့ပုချိ။

:P :P :P

ရှင်ရဲထွတ် said...

အဟမ်း အဟမ်း..... ခုလို နင်ကတက်ဂ်လိုက်၊ ငါတက်ဂ်လိုက်၊ အော်ကြံဖန်ပြီးတော့ကို ဒုက္ခရှာကြတယ်...
သနားလိုက်ပါဘိ အစ်မတော်ရယ်.....

Dream said...

ဟားဟား...ရယ်ရတယ် တီတီဝါ ပို့စ် က
တီတီဝါက နိုးအဖွဲ့ထဲက ဖြစ်မယ်နော်... ဟတ်ဟတ်

တနေ့တနေ့ ချက်တင်ဝင်ရတာကိုလည်း မုန်းတယ်
ဘလော့ကင်းနေရတာကို လည်း မုန်းတယ်...
ရှော့ပင်းမထွက်လိုက်ရလို့လည်း မုန်းတယ်...
မုန်းတယ်...မုန်းတယ်......မုန်းတယ်...မုန်းတယ်......
မုန်းတယ်...မုန်းတယ်......
မုန်းတယ်...မုန်းတယ်......
မုန်းတယ်...မုန်းတယ်......
မုန်းတယ်...မုန်းတယ်......
အဲလိုမုန်းတတ်တတ်တဲ့ ငါ့ကိုယ်ငါလည်း မုန်းတယ်။

ဟိးဟီး... မိုက်တယ်ကွာ.... ဟတ်ဟတ် :P :P :P

ညခင်း said...

မမ၀ါရေ ...မုန်းစရာ မကောင်းပါလား...နော်...
စာတွေလာဖတ်ရင်း...လာ စ ပါတယ်။

မောင်ပိစိ said...

TT၀ါ.. :D :D အရမ်းအားနာ သွားဘီ ဂယ်.. ဂယ်.. တဂယ်အားနာသွားဘီ
နောက် တက်ဂ် ခါဏီး ကြိုပြောမယ်..ရေးချင်လားလို့.. ဟိဟိ
စုံနေတာပဲ.. ရေးထားတာ..

အားထုတ်ပီးလဲ ရေးရသေး
ကိုယ့်ပေါင် ကိုယ်လန်ထောင်း ရသေးနဲ့
အဲလောက် ဒုက္ခပေးတဲ့
ပိစိ ကို အမုန်း စာရင်း မသွင်းသွားတာ ကံကောင်းတယ်..

ဝေလေး said...

မမဝါရယ်
ဖြစ်ရလေ... ဟဲ
လိမ်တာတွေပေါ်ကုန်ပြီ။ နောက်ဆိုလိမ်လို့မရတော့ဘူး။
:P :P

အိမ် said...

အတော်များများတူနေတယ်ဗျ ဟိဟိ ဘလော့ကိုမမုန်းသရွေ့ခံရမဲ့ဒုက္ခပဲဗျ။
အဟေးဟး.... အနော်မပါဘူး ကံကောင်းတယ်

အညတြ (ခေတ္တ နယူးယောက်ခ်) said...

မိ ပြီ မိပြီ။မမဝါ တော့ အ ကျင့် ကောင်း လေး တွေ နဲ့ accept မ လုပ် ထားဘူး ပေါ့လေ။ ဒါ ကြောင့် မ တွေ့ တာကိုး။ အခု လဲ လုပ် ပြီ ဘာ ရေး ရ မှန်း မ သိဘူး။ နည်း နည်း အ ချိန် ပေး နော် မမဝါ။ပိစ်။

လင်းဒီပ said...

တော်ပါသေးရဲ့ ကျွန်တော့်နာမည်က သိပ်မဆိုးလို့..:P

တက်လူငယ် said...

ဖြတ်မရတဲ့ ဘလော့ဂ်ပါပဲဗျာ။ အမှန်ပဲ။ ကျနော်တောင် အလုပ်ပြီးတာနဲ့ ထမင်းမစားနိုင်းဘူး ရေးချိုးပြီး ဘလော့ဂ်ပြေးကြည့်တော့တာပဲ။

မသက်ဇင် said...

မဝါ--ရဲ့ဘလောဂ့်လေးကို ဘယ်လောက်ပဲ
မအားသော်လည်း--မလာပဲမနေနိုင်ပါ---

ဖားကြီး said...

စိတ်မဆိုးပါဘူး အစ်မရယ်... သဘောကျလို့ ပြုံးတောင်ပြုံးမိလေရဲ့...
ကြံကြံဖန်ဖန် ကိုပက်ကျိဆီလည်း သွားလည်လိုက်ဦးမယ်...
ကွန်ပြူတာကိုတော့ ကျွန်တော်လည်း တစ်ခါတစ်လေတော်တော်မုန်းတယ်ဗျာ...

nan war war said...

ညခင်း: လည်ပါတယ်...ပျော်ရွှင်ပါစေ
4 Dec 08, 16:23
Yan: ဟိုက်.. ဟိုက်... အနတ၀ါ မက်ဒီဇင် နိဒက်စ်. ၀တရှိဝ ဇင်းဇင်းမုဒ် နိုးကမ်းဒက်စ်. အီးးး ဘရုတ်ကမ်း ဘားဂလမ်
4 Dec 08, 16:12
ဝါ၀ါခိုင်မင်း: ဟဟ.. ကိုရန်အောင် ကတော့ လုပ်ပြီ.၀တရှီမို နေမကောင်းဘူးဒက်စ်.
4 Dec 08, 16:04
Yan: အဟမ်းအဟမ်း... အဟွတ်ဟွတ်.. ၀တရှိဝ နေမကောင်းဘူးဒက်စ်. အနတ၀ ၀တရှိနိ တက်ဂ်ဒက်စ်. ၀တရှိဝ ဒက်စ်.
4 Dec 08, 13:54
သံလွင်ဟီးရိုး: တီဝါဆီလည်လည်လာတာဦးဥဏ်ကမုန့်လိုက်ကျွေးမယ်ဆိုပါလားဦးဥာဏ်ရေတားတားလဲလိုက်မယ်ချစ်တီးထမင်းဆိုကြိုက်တယ်ဗျ
4 Dec 08, 13:26
Dr. Nyan: genki? ကျောင်းလာခဲ့ပါလား။ အိန္ဒိယဆိုင်မှာနံပြားနဲ့ဆိတ်သားဟင်းလိုက်ကျွေးမယ်။
4 Dec 08, 09:57
SAW: မျှောင်လင့်ခြင်းအိပ်မက် ပန်းချီလေးတွေ ကြည့်ပေးပါအုံး
4 Dec 08, 09:16
ခေါင်ခေါင်: TTမမ၀ါ ဘာလက်ဆောင် ပေးရမှန်းမသိရင် Lamborghini တစ်စီးလောက်ဝယ်ပေးပါ... ဟီး
4 Dec 08, 08:42
သုခ: အားလုံးအဆင်ပြေပါစေ။ ကျွန်တော်လည်း ပို့စ်အသစ်တင်ထားပါတယ်။
4 Dec 08, 08:42
သုခ: စိတ်ဝင်စားဖို့ကောင်းပါတယ်။
4 Dec 08, 08:42
သုခ: တွေလာဖတ်တာပါအမ။ ကိုယ်မရောက်ဖူးတော့လည်း သူများပြောပြတာ နားထောင်ရတာပေါ့။
4 Dec 08, 07:36
မောင်ငယ်: ဖိနပ်ဆိုင်ကိုများ မှားဝင်မိသလား မသိ ။ နောက်တာပါ .။ လည်ပါတယ် ။
4 Dec 08, 05:18
ဟိန်းညီ: ဟဟာဟ... အစ်မကအထင်သေးတယ်လာ့း ဟဟဟ
4 Dec 08, 05:15
ပိစိ: မမ၀ါ TT၀ါ.. ကော်ဖီနဲ့မုန့်လာတိုက်သွားတာ တူမလေးလား..း ကောင်းလို့ နေကောင်းသွားဘီ.. ရှဲ့ရှဲ့
4 Dec 08, 04:09
ချစ်ခြင်းခြေရာ: အိပ်ခါနီးလာနှုတ်ဆက်တာပါအမေ၇
4 Dec 08, 02:21
ပုလဲ: မမ၀ါဝါ ညီမလေးလာလည်ပါတယ် ကောင်းသောညလေးပါ အိပ်နေလောက်ပြီနော် ပျော်ရွှင်ပါစေ
4 Dec 08, 02:17
အလှတရား: ဖူဂျီတောင် အကြောင်းရေးတာ ဆရာ့ကိုမမီဘူးနော် ဘာလို့လဲဟင်
4 Dec 08, 02:16
အလှတရား: အားဘူးဗျာ ဘိုက်ကလည်းဆာတယ် မျက်လုံးတွေတောင်ေ၀၀ါးလို့ပေါ့ မမ၀ါမစံရဲ့ မနက်မှ လည်မယ်
4 Dec 08, 01:32
ခေါင်ခေါင်: မမ၀ါ ရေ.. ကွန်နိချိဝ.. ကြွားပြီးပြီ.. မနဲစဉ်းစားလိုက်ရတယ်... ကြွားတဲ့ ဟာ ၀ယ်ပေးမယ်လို့ပြောထားတယ်နော်
4 Dec 08, 01:27
ရွှေပြည်သူ: အစ်မ၀ါဝါရေ TAG ပို့စ်လေး ရေးပြီးပါပြီနော်း)
[older messages]

nan war war said...

4 Dec 08, 01:06
nwaythura: လည်သွားပါတယ်အမရေ..
4 Dec 08, 01:05
nwaythura: vm
3 Dec 08, 23:17
ခပ်ညံ့ညံ့ကောင်: ဟ... အများကြီးအကြွေးကျန်နေပါလားဟ။ အမကြီးရေ မအားလို့ပါဗျာ။ အဲဒါကြောင့်မရောက်တာပါ။ အခုလာပါတယ်။
3 Dec 08, 22:52
ကိုဂစ်တာ: စိတ်ညစ်နေလို့မလာဖြစ်တာ ကြာပြီ
3 Dec 08, 22:51
ကိုဂစ်တာ: ပျော်ရွှင်ပါစေ...ဗျာ
3 Dec 08, 22:51
ကိုဂစ်တာ: လည်ပါတယ်မ၀ါ
3 Dec 08, 22:38
miegnelay: မမရဲ့ဖိနပ်လေးတွေကြည့်သွားပါတယ်။ ကျနော့ဆီမှာလဲဂျပန်က made in mynmar ဖိနပ်လေးရှိပါတယ်။
3 Dec 08, 21:58
နွေဆူးလင်္ကာ: ပါတယ်
3 Dec 08, 21:05
ဗီလိန်: ဒေါ်လေး ဖူဂျီပဲသွားနေတာပဲ။ အိမ်မှာ ထမင်းမချက်လို့ ဆရာဒေါခီးနေပြီနော်။
3 Dec 08, 20:53
ချစ်ခြင်းခြေရာ: တယ်အမရေ..ဘယ်မလဲ မုန့်...
3 Dec 08, 20:41
お早う : T T war Take Care
3 Dec 08, 20:14
ရဲရင့်နီ: မင်္ဂလာအပေါင်းနှင့်ပြီးပြည့်စုံပါစေ...
3 Dec 08, 19:49
နေလင်း: ဟုတ်ပါတယ်... မမဝါရေ.. ပူတူတူလေး ဘလော့ဂ်ပါ... မမဝါကို ခေါင်းစားသလိုဖြစ်သွားတာ.. ဆောရီးနော်...
3 Dec 08, 18:41
DREAM:
3 Dec 08, 18:41
DREAM: နေမကောင်းတာ အိမ်ပြင်ထွက်ရင် အနွေးထည် ၀တ်နော်..အေးတယ်
3 Dec 08, 18:40
DREAM: အာဝါးးးးးးး ပေးခဲ့မယ် တခါတည်းပျောက် သွားအောင်... ဟိဟိ
3 Dec 08, 18:39
DREAM: အိမ်တွင်းပုန်းနေတယ်ပေါ့
3 Dec 08, 18:39
DREAM: ဆေးသောက်
3 Dec 08, 17:40
theint: ma ma war , be happy!
3 Dec 08, 17:39
theint: our exam is nearer and nearer
3 Dec 08, 17:38
theint: ma ma war , How r u ? is nearer and nearer to an
3 Dec 08, 17:06
ကိုတိုးလေး: အမဝါ လည်သွားတယ်နော် အမဝါ အဆင်ပြေတယ်ဟုတ်အမဝါ ပျော်ရွှင်ပါစေဗျာအမဝါ။
3 Dec 08, 16:39
သံလွင်ဟီးရိုး: အိပ်ချင်မူးတူးနဲ့အခုမှအိပ်ရာကနိုးတာဖူဂျီတောင်ကိုမြင်လိုက်ရတာလန်းဆန်းသွားတာပဲ...ဟဲဟဲ:gift
3 Dec 08, 16:38
ပုလဲ: မမ၀ါဝါ နေကောင်းပါစေ ဖူဂျီတောင်အမှတ်တရလေးဖတ်သွားတယ် မမ၀ါဝါ အဆင်ပြေလို့ ပျော်ရွှင်ပါစေနော်
3 Dec 08, 15:23
တောင်ပေါ်သား: တီဝါရေ အလည်လာသွားတယ်
3 Dec 08, 15:09
ဝါ၀ါခိုင်မင်း: ကျမ၏ဘလော့ဂ်ကိုဖွင့်ရာတွင် အလွန်လေးနေပါသလားဆိုတာသိချင်ပါသောကြောင့် သွားပေးကြပါနော်.
3 Dec 08, 13:05
ပုလုကွေး: မမဝါဝါ.. ဘာအသစ်များရျိလဲလို့ ချောင်းပါတယ်။ ဘာမှလဲရှိဘူး.. ဘလော်ဂါမမတွေရဲအ ကြွားတွေပဲလိုက်ဖတ်တော့မယ
3 Dec 08, 11:01
ခေါင်ခေါင်: ချစ်မမ၀ါ.. တိုတဲမိုး အအိ ရှိမက်စ်.. ဟိ ဟုတ်လား ..
3 Dec 08, 10:20
မိုးသောက်: မမ၀ါရေ ဖတ်ပြီးသွားပြီ အားလုံး အိုကေပါပဲဂျာ မေးလ် ပြန်ပို့ထားတယ်နော် မမ၀ါ
3 Dec 08, 10:08
ဝါဝါ: မ၀ါရေ .. ကွင်းကိုသွားချင်လိုက်တာ နောက်နှစ်လာမယ် လိုက်ပိုပေးမယ် မဟုတ်လား မြန်မြန်နေကောင်းပါစေ
3 Dec 08, 10:06
တောင်ပေါ်သား: ဝေးးးး တီဝါရေ တွေက ဘာတွေဖြစ်နေလဲ သိတော့ဘူး
3 Dec 08, 10:06
တောင်ပေါ်သား: မင်္ဂလာမနက်ခင်းပါ
3 Dec 08, 10:05
တောင်ပေါ်သား: တီဝါ အလည်လာပါတယ် မင်္ဂလာမနက်ခင်းလေးပါ ဖူဂျီတောင်လေးကို ကြည့်သွားတယ်
3 Dec 08, 10:04
မိုးသောက်: ဟာ ဟုတ်လား မေးလ်ကို မစစ်မိလို့ မမ၀ါရေ အခု စစ်လိုက်မယ် အဟီး
3 Dec 08, 09:42
မိုးသောက်: ဖူဂျီတောင်ကြီး ကြည့်ရတာ မ၀သေးလို့ ပြန်လာကြည့်တာ အဟီး မမ၀ါရေ နေကောင်းလား
3 Dec 08, 09:14
ဟိန်းညီ: ဖိနပ်တွေအများကြီးကိုကြည့်ပြီး အံ့သြသွားတယ်အစ်မရေ
3 Dec 08, 06:17
သီဟညိမ်း: တယ်အမ၀ါရေ***
3 Dec 08, 02:05
お早う : တီတီဝါ တားတား တယ် ပြန်ပါပီ
2 Dec 08, 23:17
ဗီလိန်: မဝါရေ့ရောက်တယ်ဗျ
2 Dec 08, 22:18
အလှတရား: မီကြောက်နဲ့ မမ၀ါ ခေါ်သာခေါ် အနော် မအားလို့ သိပ်မလည်နိုင်သေးဘူး
2 Dec 08, 22:11
ဝေလေး: မမဝါ... လည်လည်လာသွားပြီ ခုမှ အဟီးး
2 Dec 08, 21:56
nwaythura: မ၀ါရေ...မွေးနေ့လက်ဆောင်လေးအတွက်..အာရိကတ်သော့....ကျေးကျူးကမ္ဘာဆိုင်....နေမြန်မြန်ကောင်းပါစေ...
2 Dec 08, 21:10
သံလွင်ဟီးရိုး: တီဝါရေ...ပီးပီဗျ...ကျနော်မရှိတုန်စောင့်ရှောက်ပေးထားတယ်ကျေးဇူးဟဲဟဲ.စလုံးလာမယ်ဆို...မျှော်နေတယ်ဗျ
2 Dec 08, 20:53
တောင်ပေါ်သား: တီဝါ ရေ လည်ပါတယ် အမြန် နေကောင်း ကျန်းမာပါစေ
2 Dec 08, 20:02
ပုလဲ: မမ၀ါဝါ နေကောင်းဝူးဆိုပါလား ဂရုစိုက်နော် မြန်မြန်နေကောင်းပါစေ
2 Dec 08, 19:59
meetaut: နေကောင်းလားခင်ဗျာ
2 Dec 08, 18:55
ချစ်ခြင်းခြေရာ: ဟွန်း သူ့အားကိုးရမလားမှတ်တယ် သူကပါနာမည် လိုက်ဖျက်နေတယ် တော်ပြီဂျာ ခေါ်တော့ဝူး...ဟိ
2 Dec 08, 18:00
ညခင်း: အစ်မ၀ါဝါရေ ..တင်ပြီးသွားပြီ မမရေ... တတ်တာ
2 Dec 08, 17:44
ဝါဝါ: အစ်မဝါရေ.. အလည်လာသွားပါတယ်..
2 Dec 08, 16:17
drwinthein: အလည်လာပြီး ဖူဂျီတောင် ရှုခင်းတွေ ကူးယူသွားပါတယ်..ကိုယ်ရောက်ဖူးသလိုထင်အောင် ဖြတ်ညှပ်ကပ် လုပ်မလို့ မ၀ါ
2 Dec 08, 16:13
Andy: ကျန်းမာတော်မူကြပါစခင်မျာ
2 Dec 08, 16:10
Andy: ဟဲဟဲဟဲ
2 Dec 08, 15:58
နေလင်း: မြန်မြန်နေကောင်းပါစေ.. မမဝါရေ...
2 Dec 08, 15:57
နေလင်း: မမဝါရေ... မောင်လေး အလည်လာသွားပါတယ်နော်.. နေကောင်းအောင်နေပါနော်... ဒါမှ ဘလော့ဂင်းနိုင်မှာ...
2 Dec 08, 15:47
sin dan lar:
2 Dec 08, 14:33
အလှတရား: Onaka ga suita. အိုနခ ဂ စုအိတ ဗိုက်ဆာပြီ.
2 Dec 08, 14:16
お早う : တားတား တယ် မုန်.မုန်.ကျွေးကျွေး
2 Dec 08, 11:44
ဗီလိန်: လည် သွား တယ်ဗျိုး
2 Dec 08, 09:50
မိုးသောက်: တူ့တူရေ ဘွား
2 Dec 08, 04:44
မိုးသား: ဒါနဲ့ မ၀ါ..ကျွန်တော့် နောက်ဆုံးပို့စ်က ဘာလို့မပေါ်တာလဲဟင်..အရက်သမားကြည့်ဖြစ်နေတယ်..
2 Dec 08, 04:39
မိုးသား: မ၀ါရေ..ဖူဂျီတောင်ကို ကြည့်သွားတယ်..ကျွန်တော်သိပ်ရောက်ဖူးချင်တဲ့နေရာပါ..ကျေးဇူး
2 Dec 08, 03:16
nwaythura: အမရေ.မွေးနေ့ကိုတော့မရောက်ရောက်အောင်လာခဲ့နော်...မလာရင်စိတ်ဆိုးမယ်..
2 Dec 08, 02:52
ဖိုးစိန်: မမဝါ
2 Dec 08, 02:51
ဖိုးစိန်: နေကောင်းလားဗျ...လာမလည်တော့ဘူးလား
2 Dec 08, 02:51
ဖိုးစိန်: မမဝါ
2 Dec 08, 02:41
အလွမ်းပြေ: မမဝါရေ ပျော်စရာကြီးနော်.. ပျော်ခဲ့တယ် ဟုတ်း)
2 Dec 08, 02:21
ပိစိ: အားပါး.. ပျော်စရာကြီးနေမှာ... အားကျလိုက်တာ... ဟင့်...
2 Dec 08, 01:56
အလှတရား: Onaka ga suita. အိုနခ ဂ စုအိတ ဗိုက်ဆာပြီ.
2 Dec 08, 01:54
အလှတရား: typing ကို လက်ညိုးနှစ်ချောင်းနဲ့ရိုက်နေလို့ ဘယ်ပြီးတော့မှာလဲ အမတော်ရသင်တန်းဖွင့်မယ်
2 Dec 08, 01:53
သီဟညိမ်း: おやすみなさい
2 Dec 08, 01:26
နှင်းပွင့်ဖြူလေး: မင်္ဂလာပါအစ်မရေ... အလုပ်နည်းနည်းရှုပ်နေလို့ အစ်မတက်ထားတာ ရေးဖို့ နည်းနည်းကြာနေတယ် ရေးပေးမယ်နော်
2 Dec 08, 01:11
idulize: မမ၀ါရေ... မအားလို့ အလည်ရောက်တာ နည်းနေမိတယ် .. လန်းဆန်းပါစေ
2 Dec 08, 01:02
မောင်မျိုး: မ၀ါ...နေကောင်းတယ်ဟုတ် အစ်မ ...။
1 Dec 08, 23:27
ထား: မမရေ မီးမီးလေးကြီးမှ အောင်သွားပါဦးမယ် ... ဟီး
1 Dec 08, 23:24
ပုလုကွေး: မမရေ.. ဂွ့တ်ညပါဗျာ။ အိမ်မက်လှလှ မက်ပါစေ
1 Dec 08, 23:20
အညတြ(ခေတ္တ နယူးယောက်ခ်): လည် သွား
1 Dec 08, 23:02
ဖားကြီး: အား ချမ်းနေပြီဗျာ.... ပြန်တော့မယ်
1 Dec 08, 22:07
MayMoe: မမဝါ ရေကြွားပြီးပြီနော်း လွန်သွားလားတော့မသိဘူး
1 Dec 08, 21:35
သိင်္ခ: မရောက်တာကြာလို့
1 Dec 08, 21:34
သိင်္ခ: လည်ပါတယ်အစ်မ
1 Dec 08, 21:09
ဗီလိန်: တယ်မမရေ့
1 Dec 08, 20:35
အလှတရား: နိုးသေးဘူးလားဗျ
1 Dec 08, 20:32
ချစ်ခြင်းခြေရာ: ကောင်းသောနေ့ပါ အမရေ ...ခုမှ ကျောင်းက ပြန်ရောက်လို့
1 Dec 08, 20:04
အလှတရား: ဂွပ်မောနင်း
1 Dec 08, 18:36
တာတာ: have a sweet december!!
1 Dec 08, 18:36
တာတာ: လည်သွားပါတယ်။
1 Dec 08, 18:11
ခေါင်ခေါင်: Sweet December !

nan war war said...

11 Dec 08, 15:57
ပုလဲ: မမ၀ါဝါ လည်လည်ရောက်တယ် ကောင်းသောနေ့လေးပါ
11 Dec 08, 15:55
ဝါ၀ါခိုင်မင်း: ကျေးဇူးတင်ပါတယ် ကိုကေလာ..ရေ.
11 Dec 08, 15:55
ကိုဂစ်တာ: ဟွန့်
11 Dec 08, 15:46
အလှတရား: ဂွတ်မောနင်း
11 Dec 08, 15:30
ကေလာ: ဗဲရီးဂွတ် ပိုရန် ... ဗဲရီး .. ဗဲရီး နိုက်စ် ဘလောက်ဂါ ပိုရန် ... ဟော်မီ သော်ဖော် .. ၀မ်ဆွေ့ဝမ်ဆွေ့
11 Dec 08, 14:46
ပီကေ: အရုပ်တွေ အများကြီး ပေါ်မလာလို့ ဆော့ကြည့်တာ။ ဆောရီးနော်။
11 Dec 08, 14:46
ပီကေ: လာလာလာလာလာလာလာ
11 Dec 08, 14:44
ပီကေ: လည်သွား၏
11 Dec 08, 14:26
war: Good Afternoon ..မမ၀ါရေ.. နေ့ခင်းမအိပ်ရဘူး ၀လာမယ်နော် သတိသတိ..
11 Dec 08, 14:18
ဝါ၀ါခိုင်မင်း: တရေးအိပ်လိုက်ဦးမယ်နော်..တာ့တာ
11 Dec 08, 14:17
;):
11 Dec 08, 13:38
ညခင်း: လည်ပါတယ် ၀ါဝါမမ
11 Dec 08, 13:37
ညခင်း: လည်ပါတယ် ၀ါဝါမမ
11 Dec 08, 13:18
ကိုတိုးလေး: အစ်မဝါ မင်္ဂလာရှိသောနေ့လေးပါ အစ်မဝါ လည်သွားတယ် အစ်မဝါ အဆင်ပြေပျော်ရွှင်ပါစေအစ်မဝါ..........
11 Dec 08, 13:07
sin dan lar:
11 Dec 08, 12:40
yar yar: ma ma war yae,kya naw pyan lar p.new post ar myar gyi read ya lo happy par tal.poem tway ar yan like
11 Dec 08, 12:31
ပန်းခင်းလေး: မမ၀ါရေ နော်
11 Dec 08, 11:37
ဒေါသနဂါး: မမ၀ါရေ... ကျွန်တော်ပြန်လာခဲ့ပါပြီ
11 Dec 08, 11:32
သီဟညိမ်း: ပြန်စလိုက်ရမလား အမ၀ါ ဟဲဟဲ
11 Dec 08, 11:32
သီဟညိမ်း: ဘီလိုမှဖြစ်ဘူး အဲလိုပဲ မဟုတ်ရင်တော့ ဒီလိုပဲ ဟေဟေ ကျနော်ကိုခင်လို့ကောင်းလို့တဲ့ စနေတာ လေ ဟဲဟဲ
11 Dec 08, 11:21
မိုးသောက်: မမ၀ါ ဒီညမှ ထပ်လုပ်ပြီး ထပ်ပို့လိုက်မယ်နော် ဒီနေ့ ကျောင်းရှိလို့ မလုပ်ဖြစ်ဘူးရယ်
11 Dec 08, 11:15
ဝါ၀ါခိုင်မင်း: မောင်လမင်း ရာ... နင့်ကို ငါ မီကြောက်..ညခင်းလေးကို ရည်းစားရှာပေးမယ်.အဟဲ. လမင်းလာရင် ဒီလို
11 Dec 08, 10:52
ညခင်းနှင့်လမင်း: ချွင် ခ လွင်
11 Dec 08, 10:52
ညခင်းနှင့်လမင်း: ယီ .....ကျား
11 Dec 08, 10:48
ညခင်းနှင့်လမင်း: ဓားကြည့်ထား
11 Dec 08, 10:47
ညခင်းနှင့်လမင်း:
11 Dec 08, 10:47
ညခင်းနှင့်လမင်း: သေဖို့ သာပြင်ထား အသက်ကို ပလပ်စတစ်အိတ်နဲ့ ဆောင်ထား
11 Dec 08, 10:46
ညခင်းနှင့်လမင်း: မမ၀ါလုပ်ရဲလုပ်ကြည့်
11 Dec 08, 09:26
ywartharlay.ytu: ama cape no. 7 par byar
11 Dec 08, 08:43
ဝါ၀ါခိုင်မင်း: အားလုံးပဲ မင်္ဂလာပါရှင်။
11 Dec 08, 08:14
ဂျုဒ်လော: အစ်မ အိပ်ခါနီးလာကြည့်တာ မနေနဲံ ထွက်ခဲ့လေ
11 Dec 08, 07:20
ကိုဥာဏ်(စက်မှု): လည်ပါသည် အမ မ၀ါဆီ
11 Dec 08, 06:36
su: လည်သွားတယ်မမရေ
11 Dec 08, 05:31
ညခင်းနှင့်လမင်း: မကောင်းဘူး အဲဒီကဗျာတွေ များလာတာကြာလာရင် ရန်ပွဲတွေဖြစ်တော့မယ်
11 Dec 08, 05:31
ညခင်းနှင့်လမင်း: မြင်ယောင်နေပီ
11 Dec 08, 05:29
ညခင်းနှင့်လမင်း: ဟင်း ဘာတွေတုန်း
11 Dec 08, 05:29
ညခင်းနှင့်လမင်း: စန္ဒီမိုးမြင့်ကို ကလစ်တော့လဲ ... မိုင်ဟုမ်းကိုရောက်သွားတယ်
11 Dec 08, 05:28
ညခင်းနှင့်လမင်း: ဟင်း
11 Dec 08, 05:28
ညခင်းနှင့်လမင်း: ၀င်လိုက်တော့ ဒေါ်ဒေါ်ဝါဆီရောက်လာတယ်
11 Dec 08, 05:28
ညခင်းနှင့်လမင်း: စနိုးဝှိုက် ကဘယ်ကောင်လဲကွ
11 Dec 08, 02:27
idulize: မမ၀ါ.. မအားတာနဲ့ ခရီးထွက်နေတာကြောင့် ဘယ်မှမရောက်ဖြစ်ဘူး အခုတော့ ပြန်ရောက်ပြီ.. နေကောင်းတယ်ဟုတ်
11 Dec 08, 02:15
ငွန်ငယ်: မကြီးဝါ..အိမ်လည်လာပါတယ်ရှင့်။ဘယ်ရောက်နေလည်းမကြီးရေ..အော်ရွေးကောက်ပွဲသွားကြည့်နေတာလား
11 Dec 08, 00:19
အိမ်: ရွေးကောက်ပွစြနေပြီ မ၀ါအမြန်လာခဲ့
10 Dec 08, 23:28
ခပ်ညံ့ညံ့ကောင်: အလည်ရောက်ပါတယ်... အမတော်။
10 Dec 08, 21:33
စနိုးဝှိုက်: လှလှ တို့ ၊ ဟဟ တို့ ရာရာ တို့ ကိုကြောက်လို့ နေတယ်.ဟဟား
10 Dec 08, 21:19
ဇင်ယော်: အစ်မ၀ါကတော့ လုပ်တော့မယ်။ ကိုယ်တောင်ဒီအတိုင်း ငြိမ်ငြိမ်လေးထိုင်နေရတာကို။
10 Dec 08, 21:18
ဂျိတ်ဂျီလင်ဟောလ်: သူ့ကိုယ်သူ ချနိုးဝိုက်တဲ့ ဟိ...မီးထိုးဟုတ်ဘူး မင်းသားဂျ:)
10 Dec 08, 21:14
ဇင်ယော်: အစ်မ၀ါ နောက်သွားတယ်ပေါ့။ အဟဲ ရန်လာစတာလား ပြော။ ဟီး
10 Dec 08, 20:02
ဗီလိန်: တယ်ဗျ
10 Dec 08, 20:00
အော်လန်ဒို ဘလွန်း: ဆေးလာပို့တယ်ဗျို့ အယ် ဘီတူမလဲ မချိဘူး ရိုက်ကွင်းရှိလို့ပြန်လိုက်ဦးမယ်
10 Dec 08, 18:02
နေလင်း: မမဝါရေ.... လည်လည်လာသွားပါတယ်...
10 Dec 08, 17:35
ပုလဲ: မမ၀ါဝါ လည်လည်လာသွားပြီ ပျော်ရွှင်ပါစေနော်
10 Dec 08, 17:19
ထား: အရမ်းပျော်ဘို့ကောင်းပါ၏။ဟိဟိ
10 Dec 08, 16:39
စနိုးဝှိုက်: Dream ရေ..မှားဘူးလေ.. ကိုယ်တော်ချော ဟုတ်ဖူး ကိုယ်တော်ချော် တွေလို့ပြောတာ။ ဟဟ
10 Dec 08, 15:38
မောင်ဘတိုး(ရန်ကုန်): ပြင်လိုက်ပြီလေ တမီးရဲ့ ဦးတွေ့တယ် သွားသကြားလုံးပြန်စားချည်
10 Dec 08, 15:36
DREAM: တီတီဝါ... ဘလောကါ ကိုယ်တော်ချော် ဖြစ်ေ်နတယ်.. မှားနေတယ်. အဟိ
10 Dec 08, 15:32
မောင်ဘတိုး(ရန်ကုန်): ရန်ဖစ်နေကြတယ်ဟေ့ ကြော်တယ်ကြော်တယ်
10 Dec 08, 15:30
စနိုးဝှိုက်: တီး
10 Dec 08, 15:20
DREAM: ဟင့်
10 Dec 08, 15:20
DREAM: မှားနေတယ်လေ
10 Dec 08, 15:20
DREAM: အန်.. တိတီ
10 Dec 08, 14:55
မီးလေးဇာ:
10 Dec 08, 14:41
お早う: တယ်
10 Dec 08, 14:39
မောင်ရှင်းသန့်: ကဗျာ စစ်ပွဲ ကို ရောက် ကြည့်ရှု ၊ လိုအပ်သည်များကို မှာ ကြားပြီး ပြန်လည်ထွက်ခွာ
10 Dec 08, 14:22
tharsolay: မြန်မာနိုင်ငံဖွံဖြိုးရေးပိုင်း
10 Dec 08, 14:05
စနိုးဝှိုက်: မောင်ဘတိုး တော့ နာတော့မယ်။
10 Dec 08, 13:46
မောင်ဘတိုး(ရန်ကုန်): အပေါ်ဆုံးတစ်ပုဒ်ကတော့ လက်ရာမြောက်လှတယ်ကွယ်
10 Dec 08, 13:44
မောင်ဘတိုး(ရန်ကုန်): ကဗျာတွေက ညံ့လှတယ်ကွယ် ဟက်ဟက်
10 Dec 08, 13:40
မောင်ဘတိုး(ရန်ကုန်): မလည်ပါ
10 Dec 08, 13:39
Andy: ကျိုက်ထီးရိုးသွားနေလို့ မသိလိုက်ရဘူး
10 Dec 08, 13:21
ငှက်ငယ်လေး: ဒီပွဲမှာ မပါလိုက်ရတာ နာတယ်ကွာ
10 Dec 08, 13:20
ငှက်ငယ်လေး: ညလေး ကဗျာလည်းတွေ့ ဘူးး(
10 Dec 08, 13:20
ငှက်ငယ်လေး: ပန်လာပီနော်
10 Dec 08, 13:20
ငှက်ငယ်လေး:း ချစ်လို့ စတာ မမ၀ါ...အာဘွားးးးးးးးးးးးးး
10 Dec 08, 13:20
ငှက်ငယ်လေး: မမလာလာချောင်းလို့ ထင်ရယ် ညလေးအိမ်မှာ ပေါက်တွေချည်းပဲ
10 Dec 08, 12:31
မီးလေးဇာ: မမ၀ါေ၇နေကောင်းပြီလား အာဝါးးးးးးး
10 Dec 08, 11:39
မေ: မ၀ါလေးရေ... မေမေနားမှာနေပေးလေ
10 Dec 08, 10:55
သုခမိန်(E-Journal): အလည်ရောက်တယ်။ ပျော်ရွှင်ပါစေ။ အေးဆေး ပြန်လာလည်အုံးမယ်။
10 Dec 08, 08:51
ဝါ၀ါခိုင်မင်း: ဟဟ..ကလေးတွေလာသောင်းကျန်းသွားကြတာကိုးး ညတုန်းက အစောကြီးအိပ်လိုက်တာ .
10 Dec 08, 04:41
お早う : http://picasaweb.google.com/lh/photo/17fajwjYGn49lJKIjdK5uw?authkey=XacBKGWVuRY ခေါက်ဆွဲပြုတ်လာပို.တ
10 Dec 08, 03:36
ပုလဲ: မမ၀ါဝါ လည်လည်ရောက်သည် အဆင်ပြေပျော်ရွှင်ပါစေနော် ကောင်းသောညလေးပါ
10 Dec 08, 02:26
မောင်ဘတိုး(သုံးခွ): ဆရာမ ဒေါ်၀၀ခိုင်မင်း ဘာလုပ်နေသတုန်းဗျ အလည်တစ်ခေါက်ရောက်ခဲ့ကြောင်းပါဗျာ
10 Dec 08, 01:17
ညခင်းနှင့်လမင်း: ဘာမှာပေးရမှလဲ အမြန်ဆက်သွယ်
10 Dec 08, 01:17
ညခင်းနှင့်လမင်း: ဘာမျ
10 Dec 08, 01:16
ညခင်းနှင့်လမင်း: မကြာသေးသောကာလလေးမှာမေမေကို သွားတွေ့တော့မယ်
10 Dec 08, 01:15
ညခင်းနှင့်လမင်း: မေမေကို လွမ်းတယ် ပြန်ပါတော့မယ်
10 Dec 08, 01:09
お早う : တီတီဝါ ဘာတွေလုပ် တား တယ်
9 Dec 08, 23:38
Dream: တွေ့ ရင် အကြောင်းကြားပေးလိုက်ပါဦးနော်.. သက်ဆိုင်ရာက လိုက်ရှာနေလို့..... အဟိ
9 Dec 08, 23:38
Dream: တီတီဝါ ရေ.. သိပြီးပြီလား.. ဟို အိမ်က ဦးချင်တေ့ လေ.. အရူးထောင်က နေလစ်ပြေးလာ လို့တဲ့.. သိလား..
9 Dec 08, 23:29
နွေဆူးလင်္ကာ: ပါတယ်
9 Dec 08, 23:16
ပုလုကွေး: စလုံးပြန်လာမှ ဝယ်မှာ မမရ...မမဝါ အဆင်ပြေပါစေ...
9 Dec 08, 23:15
ပုလုကွေး: ကျတော်က မဖြေမိတော လူကြီးကို မလေးစားရာကျနေတယ်ထင်ပြီး တော့ တောင်းပန်ပါတယ်။ တောင်ငူသား က ခါးပတ်ကို
9 Dec 08, 23:14
သီဟညိမ်း: လည်းရှိတယ်လို့ သွားမစနဲ့လို့ လိုက်ပြောလိုက်ဦး အဟီးးးးးးး ဟားဟား
9 Dec 08, 23:14
ပုလုကွေး: မမဝါဝါ.. လည်လည်လာပါတယ်။ မမဝါ လွမ်းနေတုန်းပဲလား။ ဒါနဲ့ မမမေးထားတာ မဖြေရသေးလို့ ဗျ။ မမဝါဝါက မေးတာကို
9 Dec 08, 23:14
သီဟညိမ်း: ပုန်းနေကြလို့ *** မောင်သီဟကိုခင်မင်ကြတဲ့ ဒေါသကြီးတဲ့အမတွေနဲ့ ဆတ်ဆတ်ထိမခံ ညီမလေး တွေ ဟိုဓါတ်ဆီသည်လေး
9 Dec 08, 23:13
သီဟညိမ်း: အမ၀ါကြီး ဟေဟေ ကြောက်လို့ပုန်းနေပြီပေါ့***ကျန်တဲ့ အမ၀ါ ညီမလေးတွေကိုလည်း လိုက်ပြောလိုက်ဦး ***
9 Dec 08, 23:12
သီဟညိမ်း: ဟာ စစ်ကူလာခေါ်နေတယ်***ဟေဟေ
9 Dec 08, 22:55
အိမ်မက်: မမ၀ါရေ..စလိုက်ကြရအောင်..
9 Dec 08, 22:38
တောင်ပေါ်သား: မကြီးရေ အလည်လာပါတယ် မေမေကို ပိုသတိရသွားပါတယ်
9 Dec 08, 22:28
သီဟညိမ်း: ကွက်က ကြားသိရပါတယ် ***ကိုဇင်ယော် ကိုအလှတရား ကိုမိုးသောက် ကိုချစ်ခြင်းခြေရာ အဖွဲဝင်များ

« prev · 1 – 100 ·
12 Dec 08, 02:38
ပုလဲ: မမ၀ါဝါ ကောင်းသောညလေးပါ ပျော်ရွှင်ပါစေ
12 Dec 08, 01:29
မက်မက်: ကိုအိမ် ရွေးကောက်ပွဲ အထမြောက် အောင်မြင်စွာ ပြီးဆုံး သွားတယ်တဲ့.. .. ..
12 Dec 08, 00:46
4everlove: မမရေ ... လည်လည်လာပါတယ်ရှင် မမရေ အားနာသွားတယ်နော်
12 Dec 08, 00:15
စေတန်: လည်သွားပါတယ် အစ်မရေ
11 Dec 08, 23:07
ဂျုဒ်လော: တယ် လဲရပါတယ်ဗျာ ဟိကြော်ငြာခကုန်တော့ဘူး
11 Dec 08, 22:38
စိုင်းခမ်းထွန်း: ဂျပန်လာဦးမှနဲ့တူတယ်
11 Dec 08, 22:26
နေလင်း: အလည်လာရင်း ပေးခဲ့ပါဦးနော်..... ဂွဒ်နိုက်... မမဝါရေ....
11 Dec 08, 22:26
နေလင်း: မမဝါရေ.. အကြိုက်ဆုံး ကဗျာလေး ရေးပြီးသွားပြီနော်.. ပြီးတော့ ခရစ်စမတ်လက်ဆောင် ကြီးကြီး ...
11 Dec 08, 21:02
နှင်းဆီနက်: အလည်လာတယ်
11 Dec 08, 20:26
ဝါ၀ါခိုင်မင်း: အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်.
11 Dec 08, 18:51
Andy: ကျွန်တော်တော့ ရှိပါသေးတယ် ပေါ်လိုက်ပျောက်လိုက်နဲ့လေ ဟီဟီ
11 Dec 08, 18:41
အလှတရား: ပီ မမစနိုးတာဝါ ရေ အားသေးဘူး အိပ်မလို့ ဟိဟိ
11 Dec 08, 17:42
Andy: ပါ၏ ပေါက်ပါ၏ မမဝါ
11 Dec 08, 17:19
မောင်ရှင်းသန့်: ရောက်ကြည့်ရှု စစ်ဆေး ၍ လိုအပ်သည်များကို မှာကြားကာ ပြန်လည်ထွက်ခွာသွားပါပြီခင်ညာ
11 Dec 08, 16:47
JulyDream: အလည်တခေါက် ရောက် ဖတ်ရှုသွားပါတယ် ခင်ဗျာ။
11 Dec 08, 16:43
ဇင်ယော်: ဆုတောင်းပေးခဲ့သလို ပေးတဲ့ဆုနဲ့ ပြည့်ရပါလို၏။ ဟိဟိ။
11 Dec 08, 16:42
ဇင်ယော်: အစ်မ၀ါရေ အကြာဆုံးယူပြီး နှလုံးသွေးနဲ့ ရေးခြစ်ခဲ့တဲ့စာလေးအတွက် မန့် ပေးခဲ့တာကျေးဇူးပါဗျာ
11 Dec 08, 16:21
rainbow: မမ၀ါဝါရေ ကြွားပြီးပြီနော်...
11 Dec 08, 16:06
လွင်ပြင်ထဲက ဝဏ္ဏ: မြန်မာနိုင်ငံတွင်ဆင်မှောင်ခိုဈေးကွက် ထွန်းကားနေသဖြင့် အာရှဆင်မျိုးသုဉ်းတော့မည်
[older messages]