CELL ESSENCE က.............. ယန်း ၁၃၆၅၀ ပါ..
SP Prepare Lotion က.............. ၃၁၅၀ ပါ...
ဒီနေ့ အလုပ်အားတဲ့ နေ့ ဖြစ်ပေမယ့် သမီးလေးကလည်းကျောင်းသွား၊အမျိုးသားကလည်းကျောင်းသွားဆို
တော့အိမ်မှာတစ်ယောက်တည်းပျင်းနေတယ်လေ...နေကလည်းမပူ မိုးအုံ့ အုံ့ ကြီးမို့ လို့ shopping ထွက်ဖို့ လည်းပျင်းနေတာနဲ့ ဖုန်းကိုပိတ်ထားပြီး အိပ်ရာထဲမှာကွေးနေရင်း ဘာလုပ်ရရင်ကောင်းမလဲလို့ စဉ်းစားမိတော့ Facial care လုပ်ဖို့ စဉ်းစားမိသွားတယ်...အဲ့ ဒါနဲ့ အိပ်ရာကထပြီး မျက်နှာကိုShiseido Cleasing jel နဲ့ မျက်နှာသစ် Shiseido Facial form နဲ့ Awa (အမြုတ်) တွေလုပ် မျက်နှာကို စိတ်ရှည်လက်ရှည် ဆေးပြီး မျက်နှာသုတ်ပုဝါနဲ့ ဖွဖွသုတ်ပြီးတော့  ..ARSOA CELL CLAY ကိုမျက်နှာမှာလိမ်းပြီးမျက်နှာကိုရေနွေးငွေ့  နဲ့ပေါင်းတင် ၁၅ မိနစ်လောက်ကြာတော့  ရေနွေးနွေးလေးနဲ့ မျက်နှာကိုဆေးချ ပြီးသွားရင်မျက်နှာလေးချောမွေ့ သွားခဲ့ တယ်...ပြီးရင်MASK နဲ့ တစ်ခါထပ်ပြီးပေါင်းတင်ပေါ့ ...၀ါဝါ ကတော့ အဆင့် ဆင့် လုပ်ရတာပျင်းလွန်းလို့ နေ့ တိုင်းမလုပ်ဖြစ်ပါဘူး၊တစ်ခါတစ်လေ အခုလိုစိတ်ကူးပေါက်မှပဲလုပ်ဖြစ်တာလေ...အသက်တွေက တဖြေးဖြေးကြီးလာပြီဆိုတော့ Skin Care ကမဖြစ်မနေလုပ်ဖို့ တော့လိုအပ်နေပြီလေ...ကိုယ့်ဟာကိုယ် ဂရုတစိုက်နဲ့ လုပ်ဖို့ တော့  အရမ်းပျင်းတယ်လေ...ဆိုင်မှာသူများလုပ်ပေးရင်တော့ ဇိမ်ခံလို့ အရမ်းကောင်တာပေါ့ ...ဂျပန်မှာ က Shiseido counter မှာမျက်နှာအတွက်လိုအပ်တာတွေဝယ်ရင် မျက်နှာကိုCheck လုပ်ပေးပြီး မိမိအသားအရေ နဲ့ တည့် မယ့် လိုက်ဖက်မယ့် မိတ်ကပ်ကို ညွှန်ပြပေးတယ်လေ...ပြီးရင်မိတ်ကပ် ထပ်ပြီးသွားဝယ်တဲ့ အခါတိုင်းမှာမျက်နှာကို သေခြာပေါင်းတင်ပေးတယ်...မြန်မာရာသီဥတုနဲ့ ဂျပန်ရာသီဥတု နဲ့ ကကွာတော့ဝါ၀ါ ဆိုမျက်နှာမှာအဖုတွေထွက်လာလို့ ဈေးကြီးပေမယ့် မတတ်နိုင်ဘူး Shiseido Skin Careကောင်းကောင်းဝယ်သုံးရတယ်လေ...ဒါတောင်မှ မျက်နှာက ကောင်းတဲ့အခါကောင်းလိုက် အဖုထွက်တဲ့ အခါထွက်လိုက်ပါပဲ.
Shiseido သုံးတာ ၂နှစ်လောက်ရှိသွားတာတောင် မျက်နှာကကောင်းလိုက်မကောင်း လိုက်ဖြစ်တာနဲ့ အခု
ညီမလေး ထား က ညွှန်းတာနဲ့ ARSOA သုံးကြည့်နေတယ်လေ...Shiseido facial form တွေကလက်ကျန်တွေရှိနေသေးတာနဲ့  မျက်နှာပြင်ဘို့ လိမ်းဖို့ အတွက် ပဲ ARSOA MAKE UP တွေဝယ်လိုက်တယ်...ဒါတောင် ယန်း၄၀၀၀၀ နီးပါး ငွေကုန်သွားလို့  နှမျောလည်းနှမျော လှကလည်းလှချင်တာနဲ့ 
Shigataganai ပေါ့ နော်..း )ARSOA ကောင်တာမှာ သူတို့ ကသေခြာFacial care တွေလုပ်ပေးပြီး မိတ်ကပ်လိမ်းပေးတော့ ကိုယ့်မျက်နှာ ကပိုလှသွားသလိုထင်ရတယ်လေ...း) .....ဂျပန်ရောက်ပြီး အဖုတွေမျက်နှာမှာထွက်လာတော့ Shiseido Counter ကိုသွားပြီးShiseido set ကိုဝယ်သုံးခဲ့ ပါတယ်...အဲ့ဒီတုန်း ကလည်း တဆက်လုံးကို ယန်း၃၀၀၀၀ နီးပါးကျပါတယ်...အခုဆိုSHISEIDO တွေလည်းပုံစံအမျိုးမျိုးပြောင်းပြီး တဖြေးဖြေးပိုဈေးကြီးလာတယ်လေ..အခုအချိန်မှာSkin care ကောင်းကောင်းစသုံးထားရင် အသက်ကြီးလာတဲ့ အချိန်အတွက်ကောင်းမယ်လို့ ထင်ပါတယ်...ကျမ သုံးနေတဲ့ Skin care နဲ့  Make up တွေကို ဓါတ်ပုံနဲ့ ဖော်ပြပေးလိုက်ပါတယ်...စိတ်ဝင်စားမယ်ဆိုရင်သုံးကြည့် ကြပါလို့ ...(ကြော်ငြာခ မရဘူးနော် .free ကြော်ငြာပေးတာ...း)....)



