Fuji san and Shinkensan.........ဒီနေ့ တော့ မနှစ်တုန်းကနွေမှာ မြန်မာမိတ်ဆွေ သူငယ်ချင်းမိသားစုနဲ့ ဂျပန်ပြည်တွင်း ၁ ပတ်ခရီးသွားခဲ့ကြတဲ့အကြောင်းလေးတွေကိုရေးဖို့ စိတ်ကူးမိတယ်...ဒီနှစ်လည်းနွေရာသီကျောင်းပိတ်ရက်နီးလာပြန်ပြီဆိုတော့ တနေရာရာကို ခရီးရက်ရှည်ထွက်ချင်နေမိတယ်လေ.. မနှစ်တုန်းက ၈ လပိုင်းသြဂုတ်လမှာ ညီမလေးထားတို့မိသားစုနဲ့အတူ Kyoto, Naraဘက်ခရီးထွက်ခဲ့ကြတယ်လေ...ဂျပန်မှာကျောင်းပိတ်ရက်လည်းဖြစ် အပူဆုံးအချိန်လည်းဖြစ်ခဲ့ပါတယ်...ဒါပေမယ့်နေပူကြီးထဲမှာမြန်မာအဖွဲ့တွေဆုံပြီး ခရီးသွားခဲ့ရတာ အရမ်းပျော်စရာကောင်းခဲ့ပါတယ်..
တစ်ယောက်ကိုယန်း ၁၁၅၀၀တန် ခရီးသွားလက်မှတ်ဝယ်ပြီး နေရာအနှံ့ရထားနဲ့ခရီးသွားနိုင်ခဲ့တာမို့ နွေရာသီခရီးထွက်ရတာ တန်လည်းတန်ပါတယ်...ကျမတို့ ပထမဆုံး Hamamatsu ဆိုတဲ့မြို့ကိုသွားပါတယ်.
အဲ့ဒီမြို့မှာ အမျိုးသားနဲ့ တနှစ်တည်းကျောင်းအတူတူလာတက်တဲ့ ဒေါက်တာမင်းသူရ မိသားစုရှိပြီးအလည်လာဖို့ ဖိတ်တာနဲ့ အရောက်သွားခဲ့ကြတာပါ..ဒေါက်တာမင်းသူရ ရဲ့  အမျိုးသမီးဖြစ်သူ အစ်မ ဒေါက်တာ မေဆန်းမောင် ကလည်း အရမ်းသဘောကောင်းဖော်ရွေပြီး ကျမ တို့ မိသားစုနှစ်စုကို မြန်မာဟင်းတွေနဲ့ ချက်ကျွေးဧည့်ခံခဲ့တာ
စားကောင်းလွန်းလို့ အခုအထိမမေ့နိုင်ခဲ့ပါဘူ...ညနေဖက်မှာ ကိုမင်းသူရ က Hamamatsuမှာရှိတဲ့ ထင်ရှားတဲ့နေရာတွေကို ကားနဲ့ လိုက်ပို့ပေးခဲ့ ပါတယ်..ညဖက်မှာHamamatsu Hanabi ပွဲတော်ကို သွားကြပြီး
Hamamatsuမျာ တစ်ညအိပ်ပြီး နောက်နေ့ ရထားနဲ့  ခရီးဆက်ခဲ့ကြပါတယ်...ကျမ တို့ ဒုတိယရောက်တဲ့မြို့က
တော့ Gifu မြို့ပါ..Gifu မြို့က ညီမလေး ထားတို့ အရင်ကနေခဲ့တဲ့မြို့ဖြစ်တာမို့ ညီမလေးတို့ရဲ့ အသိမိတ်ဆွေတွေ
က အများကြီးဖြစ်ပြီး ညီမလေးတို့နဲ့အရမ်းရင်နှီးတဲ့ ဂျပန်မိတ်ဆွေ အိမ်မှာတည်းခိုခဲ့ကြပါတယ်...Gifu မှာGifu university ရှိပြီး မေဂျာပေါင်းစုံက မြန်မာကျောင်းသူကျောင်းသားတွေ ၁၀ယောက်ကျော်ကျော်ရှိတာမို့ အားလုံး နဲ့တွေ့ဆုံရင်းနှီးခဲ့ရပြီး Gifu ကနေ Kyoto,Oosaka နဲ့ Kobe မြို့တွေကို မြန်မာကျောင်းသားအဖွဲ့တွေနဲ့အတူတူ
ခရီးထွက်ခဲ့ကြတာ အရမ်းပျော်စရာကောင်းခဲ့တာပါ...ညီမလေးထား က အင်ဂျင်နီယာ ကတော်ဖြစ်ပြီး အရမ်းသဘေားကောင်းဖော်ရွေသူမို့ လူချစ်လူခင်များပြီး အသိမိတ်ဆွေ အရမ်းပေါတယ်လေ...ကျမနဲ့လည်းဂျပန်ရောက်မှခင်ကြပေမယ့် အခုဆိုရင်ပြောမနာဆိုမနာ ညီအစ်မအရင်းလိုဖြစ်နေကြတယ်လေ...
Kyotoမှာ နာမည်ကြီးရှေဟောင်းဘုရားတွေ-ရွှေကျောင်းဆောင်တွေ-နန်းတော်တွေ အစုံလျှောက်လည်ဖြစ်ကြ
ပြီး Oosaka မှာ Universal Studio ဆိုပြီး လည်စရာStudioအကြီးကြီးရှိတာမို့ ဓါတ်ပုံတွေအများကြီးရိုက်ခဲ့ကြ
တာပေါ့.Oosaka မှာ Chinese Bufe ဆိုင်တွေတာနဲ့ ထားနဲ့အတူစားဖြစ်ခဲ့ပါတယ်Bufeဆိုင်ကအကျယ်ကြီးဖြစ်ပြီးဝါ၀ါ က တရုတ် အစားအစာ အရမ်းကြိုက်တဲ့သူမို့ ohisashiburi တရုတ်အစားအစာက အရမ်းစားကောင်းခဲ့ပါတယ်.....Kobe ရောက်တော့ Kobe beach က အရမ်းလှပါတယ်..ဒါပေမယ့်ကျမတို့ရောက်တဲ့အချိန်မှာမိုးချုပ်နေခဲ့တာမို့ ဓါတ်ပုံကောင်းကောင်းမရိုက်ခဲ့ရပါဘူး...အဲ့ဒီနေ့ညတော့ Oosaka Hotelမှာ အားလုံးညအိပ်တည်းခိုကြပါတယ်...နောက်တစ်နေ့မှာNagoyara University မှာ ရှိတဲ့ ထားရဲ့မိတ်ဆွေ ဆရာဝန်မလေးဆီကိုသွားလည်ဖြစ်ခဲ့ကြပါတယ်...Nagoya မှာစိန်ဆိုင် အကြီးကြီးရှိလို့ အဲ့ဒီဆိုင်ကိုရောက်အောင်သွားကြပြီး ဆွဲကြိုးတွေ လက်စွပ်တွေ အမှတ်တရ၀ယ်ဖြစ်ခဲ့ကြပါတယ်...စိန်တွေဝယ်ရလို့ ထားရောကျမ ပါ မျက်နှာကပြုံးဖြီးဖြီးပေါ.့း).ထားအမျိုးသား ရော ကျမ အမျိုးသားပါ အလွန်သဘောကောင်းလွန်းတဲ့သူတွေမို့ ကျမတို့နှစ်ယောက်ကိုစိန်မျောက်မျောက် မဟုတ်ဘူး စိန်ထားထား နဲ့  စိန်ဝါ၀ါ ဖြစ်သွားပြီဆိုပြီး စ ခဲ့ကြပါတယ်...Nagoya ကနေ ည ရထားစီးပြီး နောက်တစ်နေ့ မနက်မှာ အိမ်ပြန်ရောက်ကြပါတယ်....း)
