အင်း..ဒီနေ့မနက်ရောက်တာနဲ့ တာဝန်တစ်ခုလုပ်စရာရှိနေတာ ခေါင်းထဲရောက်လာခဲ့တယ်။ကျမကလည်း
လုပ်စရာတာဝန်ရှိနေရင် မပြီးမချင်းခေါင်းပူနေတတ်သူမို့ အဲဒီတာဝန်ကို ဒီနေ့ပဲပြီးအောင် လုပ်ဖို့ဆုံးဖြတ်
လိုက်ပါတယ်ရှင်။
တာဝန်ကတော့ ကြီးကြီးမားမားပါပဲရှင်၊ ဟိုး ခလေးသာသာရှိတဲ့ ကြောင်မလေး Dream က Tag ပေးပါတဲ့။
ကလေးတွေနဲ့ပေါင်းရတာ လူကြီးလည်း လူကြီးပေါကြီး ဖြစ်နေပါပြီရှင်။ဟီးဟီး(သူတို့ပေါတိုင်း လိုက်ပေါရတာ
လေ၊ သူတို့ပေါတိုင်းလိုက်မပေါရင် မခင်မှာစိုးလို့ ) :D
တကယ်တော့ ဒီနေ့ နဲ့ မနက်ဖြန် အလုပ်နားရက်မို့ အေးအေးဆေးဆေး ပို့စ်လေးတစ်ခု ရေးရင်ကောင်းမယ်
လို့ စဉ်းစားထားတာ..ဒါပေမယ့် မနက်ကတည်းက ဒီအတွေးက ခေါင်းထဲရောက်နေတော့ မိသားစု ကော်ဖီ
သောက် မုန့်စားကြပြီး..သားသားကြီး နဲ့ မီးမီးလေး မနက်၈နာရီမှာ ကျောင်းသွားကြတာနဲ့ ကျမက ကွန်ပြူ
တာရှေ့အမြန်လာ(ဒုက္ခပေး ခံရသော) Tag ထားပြီးတဲ့ သူတွေ ဆီ လျှောက်လည် ကူးချ. အဲ.ပညာယူ.မ
ရောက်ဖူးသေးတဲ့ အိမ်တွေပါအိမ်ရှင်မသိအောင်ခိုးလည်...ဘယ်လို Tagထားကြလဲ ဆိုတာလိုက်ကြည့်...
ပြန်လာ ကိုယ့်အိမ်ကို လာလည်သွားတဲ့သူတွေကို လိုက်နှုတ်ဆက် နဲ့ အလုပ်ရှုတ်နေလိုက်တာ ဗိုက်က တဂြီ
ဂြီ အော်လာမှ နာရီကြည့်မိတယ်..အဲ..၁၂နာရီတောင် ထိုးပါပကော။
Tag ဖို့အတွက် ၁၀အိမ်လောက်လည်ပြီး လျှောက်ဖတ်လိုက်တာ နဲနဲတော့ သိသွားတယ်။ ကလေးတွေကတော့
ရေးချင်သလိုရေး ၊ပြောချင်သလိုပြောပေါ့ ကိစ္စ ရှိပါဘူး။ မီးမီးကလူကြီးလေ..ဟင်းဟင်း စိတ်ညစ်တဲ့ အထဲမှာ
အဲဒါတွေလည်းပါတယ်။ ကိုယ်လည်းရေးချင်တာ လျှောက်ရေးရင် သူများတွေတော့ ပြောကြတော့မှာပဲ။တတ်နိုင်
ဘူး..သူတို့တွေနဲ့ ပေါင်းနေမိမှတော့.. ပေါရတော့မှာပေါ့..အဲ ပြောရတော့မှာပေါ့။
Tag တဲ့ ကိုယ့်အကြောင်းကိုယ်ဖော်ရတဲ့ဟာကြီး...ကိုယ်ဖော်ချင်သလိုဖော်လို့ရတာပဲ..အကောင်းပဲရေးမှာ
ပေါ့နော့..ဟိ
ကဲ..စပေါမယ်...( စပြောမယ်နော်.)........ :P
ကိုယ့်ရဲ့အကြောင်းကတော့...
စိတ်ဝင်စားစရာကောင်းမယ်မထင်ပါဘူး။ :D
ကိုယ့်ရဲ့နာမည်...
ဝါ၀ါခိုင်မင်း
ကိုယ့်ကိုသူငယ်ချင်းတွေကဒီလိုခေါ်တယ်…...
မမ၀ါဝါ ။ဝါလေး။အမတော်။ ၀ါဝါစံ။မ၀ါ၊ အိုနဲစံ ၊ တချို့ က မကြီး တဲ့ :(
(ကို)Republic က မီးမီးကို ဒေါ်ကြီးဝါ .တဲ့တော့ ( ဟီးဟီး..လူပေါင်းမှားပါပြီ)
ကိုယ်ဒီမှာနေတယ်…
Nipon ( နီပွန်း ) (မသိရင်မေးနိုင်တယ်..:D)
ကိုယ့်ဆီဖုန်းဆက်ချင်ရင်….
ပိုက်ဆံကုန်ချင်ရင်ဆက်ပါ၊ ဖုန်းနံပါတ် တကယ်ပေးလိုက်မယ်၊အကူညီလိုရင် ဆက်နိုင်အောင်ပေါ့ ။
(080 5477 7681) ဖုန်းကပိတ်ထားတာများတယ်နော်.. (အလုပ် ကဖုန်းဆက်ခေါ်မှာ ကြောက်လို့ ) :D
ဒါပေမယ့် နောက်ဆုံးတစ်လုံးတော့လွှဲတားတယ်. အဟီး
့ကိုယ့်ရဲ့အကြိုက်ဆုံးအရောင်ဆိုရင်….....
Black & White
အ၀တ်အစားဆိုရင်…..
လှတာအကုန်ကြိုက်တယ် ။ ထမီ၊စကတ်တွေထက် လုံခြုံမှုပိုရှိတဲ့ ဘောင်းဘီဝတ်ရတာပိုကြိုက်တယ်။
ကိုယ့် ရဲ့အကြိုက်ဆုံးအစားအစာ......
ကြေးအိုးဆီချက် ၊ ဒံပေါက် ၊ရှမ်းခေါက်ဆွဲ၊ စမိုင်။( စားချင်လိုက်တာ သွားရည်တောင်ကျလာပြီ..ဂလု)
ပစ္စည်းဆိုရင်…...
နာရီ ၊ဖိနပ် ၊အိတ်၊လက်ဝတ်လက်စား ၊ဒါပဲ..ဟိ..(ကယ်ပြောတာပါ.ကျန်တာမကြိုက်ဖူး)
သီချင်းဆိုရင်….
သီချင်းအေးအေးလေးတွေ နားထောင်ရတာကြိုက်တယ်။ (ဇော်ပိုင်၊အာဇာနည်၊
ချောစုခင်၊ တို့ ရဲ့ သီချင်းအေးအေးလေးတွေနဲ့ ဆောင်းဦးလှိုင် ရဲ့ ၁၉း၁၈ )ကျန်တာတွေကသိပ်နားမထောင်
ဖြစ်ဘူး)
စာရေးစာဆရာ…..
မြန်မာပြည်မှာတုန်းကတော့ လွန်းထားထား ထွက်တိုင်းဖတ်ဖြစ်တယ်၊ (ခုတော့ဖတ်ရဘူး.ဟီး ဟီး...ရီတာဟုတ်ဖူးနော်...... ငိုတာ)
*****ကြားဖြတ်..ကိုယ့်ဟာကိုယ်ထည့်လိုက်ဦးမယ်...
ဟွန်း..ရေးရတာပျင်းလာပြီ...ဒီ Tag ကမပြီးနိုင်တော့ဘူး..စိတ်ညစ်တယ်။ (သက်ပြင်းချ)
စာအုပ်….
Life Style, Fashion Image,အာရောဂျံ မဂ္ဂဇင်း များ နဲ့ ဆရာတော်ဦးဇောတိက ရဲ့စာအုပ်များ ကို
အလွန်နှစ်သက်ပါတယ်။
Life style…....
ကျန်းမာပျော်ရွှင်တဲ့နေတဲ့ မိသားစုဘ၀လေး။
ကိုယ့်ရဲ့ဝါသနာ…..
တစ်ယောက်တည်းနေတဲ့အချိန်တွေမှာဆိုရင် သီချင်းလေးဖွင့်နားထောင်ပြီး အိမ်ရှင်းရတာ ၀ါသနာပါတယ်။
အခုတော့ ဘလောဂင်ရတာ၊ဘလော့လည်ရတာဝါသနာထပ်တိုးလာတယ်ပေါ့။ :D
(သိပါတယ်..သိပါတယ်..အားလုံးတူတူပဲဟာ ကိုနော့)
******အချပ်ပို
(အီး...စိတ်ညစ်လိုက်တာ..ရေးစရာအများကြီးကျန်သေးတယ်တော့.. တော်တော်ဒုက္ခပေးတဲ့ ကြောင်မလေး
Dream)
အလိုချင်ဆုံးလက်ဆောင်.....
Louis Vuitton အိပ်တစ်လုံးလောက်ဆိုရင်တော်ပါပြီ။ :D
ကိုယ့်ရဲ့ အချစ်ဆုံးသူက..
၂ယောက်ရှိတယ်..ပြောပြဘူး ။
ကိုယ့်ရဲ့အလေးစားဆုံးသူက…......
ဖေဖေရယ် မေမေရယ် ၊ကျမရဲ့ KMN ရယ်ပေါ့။ (ဟီးဟီး..မခင်ဦးမေ ကိုအားကျလို့ အဲလိုပဲ
ရေးလိုက်တယ်. ခွီ)
အခင်ဆုံးသူငယ်ချင်းက….....
ဟိုးအဝေးကြီးမှာရောက်နေကြတယ်။ အများကြီတော့ရှိဘူး၊နေဦး ရေကြည့်လိုက်ဦးမယ်.. ၁ ၊ ၂၊ ၃ ၊ ၄၊ ၅၊ ၆၊
....အဲ မေ့ကုန်ပြီ ပြန်စရေ မယ်. (စာလုံးပေါင်းမှားရင် တွေ့ပချိ ပါ)
အများဆုံးနားလည်မှုပေးနိုင်သူက…....
ကိုယ့်ကိုယ် ကိုယ်တောင် တစ်ခါတလေ နားမလည်နိုင်ပါဘူးရှင်။
ကိုယ့်ရဲ့ အမုန်းဆုံးသူက …............
တစ်ခါတစ်လေ မုန်းစရာကောင်းတဲ့လူတွေကို မုန်းမိပေမယ့် ၊ကိုယ်ချင်းစာပြီး ပြန်သနားတတ်တယ်လေ။
အမုန်းဆုံးကတော့ရှိပါဘူး။
ရင်အခုန်ဆုံးအချိန်…....
Coffee Mix သောက်ရင် ကျမတကယ် ရင်ခုန်( အဲ ရင်တုန်တယ်သိလား။)
Gold Roast သောက်ရင်တော့ ရင်ခုန်ဘူးထင်တယ်၊ (ရင်တုန်ကင်းဝေး ဆိမ့်သက်လေးမို့ လူတိုင်းရင်မှာ
Gold Roast ပါတဲ့ ..ဟီးဟီး မခိုင်လေးရဲ့ ကြော်ငြာဝင်နေပြန်ပြီ )...
အကြောက်ဆုံးအချိန်….....
ခုလောလောဆယ်တော့ ငလျှင်လှုတ်မှာကို ကြောက်နေတယ် ။(ဘုရား ကယ်ပါ.မေ့ထားပါတယ်ဆိုမှ
အစဖော်နေရပြန်ပါပြီ..မေးခွန်းက မေးတာကိုနော်..ဖြေရမှာပေါ့ )
့အပျော်ဆုံးအချိန်…...
Shopping ထွက်တဲ့အချိန်တွေပေါ့.. :D
အမှတ်တရနေ့…........
27 /10 /2008 ကျမရဲ့ မွေးနေ့လေ.. (ဟီးဟီး နီးလာပြီ လက်ဆောင်ပို့ဖို့ မမေ့ကြနဲ့ဦးနော်..မွေးနေ့လက်ဆောင်သီချင်းလေးပဲဖြစ်ဖြစ်ရပါတယ်ရှင်။)
့ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု…......
ပြောပြဘူး..ရင်ထဲမှာပဲ သိမ်းထားတော့မယ်။
(တကမ္ဘာလုံးမှာများသတ္တ၀ါ ..ချမ်းသာကိုယ်စိတ်မြဲပါစေ)
အချစ်ဆိုတာ.......
အချစ်ခံရရင် ဘယ်သူမဆိုကြိုက်တာပဲနော်၊(ကျမ အမျိုးသားကလေ ကျမကိုအရမ်းချစ်တာသိလား..ရှုး..တိုးတိုး..သူ့ကိုသွားမမေးနဲ့ ဦးနော်)
အမုန်းဆိုတာ…....
အမုန်းဆိုတာ မရှိလေကောင်းလေမို့ အတတ်နိုင်ဆုံး အမုန်းမရှိအောင်နေပါတယ်ရှင်။
အလွမ်းဆိုတာ…......
အင်း..ခုတော့ ချစ်သောမေမေ နဲ့ မောင်လေး ကိုလွမ်းနေတယ်။
သံယောဇဉ်ဆိုတာ.....
ကျမက တကယ်တော့မာနကြီးတယ်ရှင့် ၊သူငယ်ချင်းသိပ်မရှိခဲ့ဘူး။တစ်ယောက်တည်းပဲ
အေးအေးဆေးဆေး နေတတ်တာများတယ်(ဟီးဟီး..လူမုန်းအောင်လုပ်ပြီ)အခုမှ ဘလောဂါမောင်နှမတွေနဲ့
သံယောဇဉ်ဖြစ်ပြီး.ကလေးတွေနဲ့ ရောပြီး ပေါတောတောဖြစ်လာတာ..ဟားဟား..သံယောဇဉ်ထားခဲတယ်..ထားမိရင်လည်း အရမ်းမြဲတတ်ပါတယ်ရှင်။
*****စကားချပ်
ဟီးဟီး......... Tag လို့ပြီးခါနီးပြီ ပျော်လိုက်တာ.. :D
ဘ၀ဆိုတာ….......
အင်း..အခုတော့ ပျော်စရာကြီးပေါ့။ (ကျမမိသားစုလေးရယ်...ကျမရဲ့ ဘလောဂါ မိတ်ဆွေ
မောင်နှမ တွေနဲ့ဆိုတော့လေ..ဒီဘ၀လေးမှာ တကယ်ကိုပဲ ပျော်နေပါတယ်ရှင်။)
သူငယ်ချင်းဆိုတာ….......
တကယ်လိုအပ်ပါတယ်ရှင်၊မျှဝေခံစားပေးနိုင်တဲ့ သူငယ်ချင်းကောင်းတွေပေါ့နော်။
ချစ်သူဆိုတာ…......
ချစ်သူအဆင့်ကျော်သွားပြီ..လိုတော့ဘူး...(မီးမီးနဲ့ မဆိုင်ဘူး..ဒီမေးခွန်းက. :P)
ကိုယ့်ကိုကိုယ်ဒီလိုထင်တယ်…...
မာန နဲနဲကြီးပေမယ့် စိတ်ကောင်းတော်တော်ရှိတဲ့သူလို့.. (ဟုတ်တယ်ဟုတ်)
သီချင်းဟုတ်ဖူးနော်..လျှောက်မဆိုနဲ့.. :D
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က…....
You should rather try and fail than fail to try.
(ကြိုးစားပြီးမှ ကျဆုံးခြင်းဟာ ...ကြိုးစားဖို့ ကျရှုံးခြင်းထက် ဖြစ်သင့်တယ်)တဲ့။
အပြောချင်ဆုံးစကားတစ်ခွန်း....Popular မဖြစ်လိုပါ blogger သာဖြစ်လိုပါသည်။ ( ဟီး..ကြီးကြီး ကျယ်ကျယ် ရေးလိုက်ပြီ.. ) :Dကဲ... Tag ပြီးသွားပြီ။( နာကွ)ဘယ်ရမလဲ ကြောင်မလေးDream ရေ...Tagခိုင်းလို့Tagလိုက်ပါပြီနော်။
ကျမ နဲ့အတူ ကြောင်မလေး Dream ..Tag ခံလိုက်ရတဲ့လူများကတော့…
ကဲ Tag နိုင်သလောက် ကြိုးစား Tagပေးလိုက်ကြပါဦးရှင်။ ကလေးစိတ်ချမ်းသာအောင်။Tag ရေးပြီးတဲ့သူ
တွေကို အဲဒီကြောင်မလေး က အာဝါးပေးတယ်..သိလား။ :D
အားလုံးပဲ ပျော်ရွှင်ချစ်ခင်နိုင်ကြပါစေ.