Friday, October 31, 2008

ကျေးဇူးတင်လွှာ


ချစ်ရ ခင်ရပါသော မောင်နှမများ စုံလင်စွာတက်ရောက်အားပေးချီးမြှောက်ခဲ့တဲ့အတွက် ကျမရဲ့မွေးနေ့ပွဲလေးကို ပျော်ပျော်ရွှင်ရွှင်အောင်အောင်မြင်မြင်လေး ကျင်းပနိုင်ခဲ့ပါတယ်ရှင်။အားလုံးကို အရမ်းပဲ ကျေးဇူးတင်မိပါတယ်။မွေးနေ့ပွဲမှာပို့စ်တင်နိုင်ဘို့အတွက်နဲ့ မွေးနေ့ပွဲညမှာ ည ၁၂ နာရီကစပြီး G.talk မှာမောင်နှမတွေက Birthday wish လုပ်လာကြတာကြောင့် ကျမ ည ၂နာရီကျော်မှ အိပ်ဖြစ်ပြီး နေမကောင်းဖြစ်သွားခဲ့တာနဲ့ ဒီနေ့မှပဲ ကျေးဇူးတင်လွှာပို့စ်လေးကို ရေးနိုင်ပါတော့တယ်ရှင်။ မွေးနေ့မှာ လာလည်ပြီး ဆုတောင်းပေးတဲ့သူတွေက အရမ်းများတော့ ကျမအားလုံးကို ကျေးဇူးတင်ကြောင်း ပြန်လည်လိုက်မပြောခဲ့နိုင်တာကို နားလည်ခွင့်လွတ်ပေးကြပါလို့ တောင်းပန်ရင်းနဲ့ ဒီပို့စ်လေးနဲ့ ပဲ အားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးအထူးတင်မိပါကြောင်း မှတ်းတမ်းတင်ပါရစေရှင်။

ကျမရဲ့မွေးနေ့မှာ မွေးနေ့လက်ဆောင်ပို့စ်လေးတွေရေးပြီးကျမကိုချီးမြှောက်ခဲ့ကြတဲ့.

ကျမရဲ့ ခင်ပွန်း Dr.Nyan
မောင်ငယ်လေးဥယျာဉ်မှူး
မောင်လေးမောင်ခန့် (Singapura)
ညီမလေးငှက်ငယ်လေး
ညီမလေးသဉ္ဇာ

မွေးနေ့လက်ဆောင်ကဗျာလေးတွေနဲ့ လက်ဆောင်ကဒ်လေးတွေ အရုပ်လေးတွေပေးပို့ပေးခဲ့ကြသော.

မောင်ငယ်လေးဥယျာဉ်မှူး
မောင်ငယ်လေးမိုးသောက်
မောင်လေးနေလင်း
မောင်လေးကိုစွမ်း
မောင်လေးအလှတရား (ခ)လွမ်းဝေ
မောင်လေးဇင်ယော်
မောင်လေးဖြိုးဝေတိုး
မောင်လေးလမင်း
မောင်လေး4everlove
မောင်လေးဂျုဝသန်
မောင်လေးAndy
ကိုရဲထွဋ်
မောင်လေးစိုင်းရှင်ရဲထွတ်
ညီမလေးDream
ညီမလေးသက်တန့်
ညီမလေးဝေလေး
မမခင်ဦးမေ
ညီမလေးမေ
ညီမလေးပုလဲ
ညီမလေးမီးငယ်
ညီမလေးပန်းခင်းလေး
ညီမလေးထား

Comments လေးတွေ နဲ့ စီဘုံးမှာတစ်ရက်တည်းပြည့်လျှံသွားအောင် မွေးနေ့ဆုတောင်းလေးတွေနဲ့ နှုတ်ခွန်းဆက်လာကြသော.

အရင်ဆုံး ရောက်ရှိလာတဲ့ မဇနိ ၊ မမခင်ဦးမေ ၊ မမ မသက်ဇင်၊ မမသက်ဝေ ၊ မစန္ဒကူး ၊ မမဆောင်း ၊ ညီမလေးရွှေပြည်သူ ၊ ညီမလေးသက်တန့် ညီမလေးမယ်ဂုမိ ညီမလေးခေါင်ခေါင် ၊ ညီမလေးသိမ့် ၊ ညီမလေးဆု ၊ ညီမလေးဆုငယ် ၊ ညီမလေးသဉ္ဇာ ၊ညီမလေးမေ ၊ ညီမလေးတာတာ ၊ ညီမလေးပန်းခင်းလေး ၊ ညီမလေးမီးငယ် ၊ မနုစံ ၊ ညီမလေးခင်ပုလဲဖြူ ၊ ညီမလေးပုလဲ ၊ ညီမလေးမက်မက် ၊ ညီမခင်ငြိမ်းချမ်း ၊ ညီမလေးညခင်း ၊ ညီမလေးအလွမ်းပြေ ၊ (မ)DeeDar ၊ ညီမလေးရွှန်းမီ ၊ ညီမလေးမေမိုး ၊ ညီမလေးChaos ၊ညီမလေးငွန်းငယ် ၊ ညီမလေးစန္ဒီမိုးမြင့် ၊မောင်လေးမိုးသောက် ၊ မောင်လေး Republic ( ဦးလစ်) ၊ မောင်လေးပန်းပျိုးလက် မောင်လေးသီဟညိမ်း၊ မောင်လေးအလှတရား ၊ မောင်လေးနေလင်း ၊ မောင်လေးဖြိုး ( Evergreen) ၊ မောင်လေးဖြိုးသက်အောင်၊ ကိုရင်နော် မခင်လေးငယ် ကလေးလေး မောင်လေးတောင်ပေါ်သား ၊မောင်လေးသံလွင်ဟီးရိုး ၊ မောင်လေးပုလုကွေး မောင်လေးမောင်မျိုး ၊ မောင်လေးJulyDream ၊ မောင်လေးAndy ၊ မောင်လေးသတိုးရာဇာ ၊ မောင်လေးဗီလိန်၊ မောင်လေးဖားကြီး၊ မောင်လေးဖိုးစိန် ၊ မောင်လေးမိုးသောက်ယံ ၊ မောင်လေးစိုင်းထွန်း ၊ မောင်လေးမိုးကြယ် ၊ (ကို)လင်းဦး (စိတ်ပညာ) ၊ မောင်လေး Singapura ၊ မောင်လေးအိမ် မောင်လေးနွေသူရ ၊ မောင်လေးလမင်း ၊ မောင်လေးဂျူဝသန် ၊ မောင်လေးရှင်ရဲထွတ် ၊ ကိုရဲထွဋ် ၊ မောင်လေးဟိန်းညီ (ဟိန်းသူရအောင်) ၊ မောင်လေးတက်လူငယ် ၊ မောင်လေးဂျဲဂျယ် မောင်လေးအောင်ဦး ၊ မောင်လေးသားငယ် ၊ (ကို )A Linn Nyi ၊ (ကို)apyael ၊ မောင်လေးကိုတိုး ၊ မောင်လေးဖားကြီး ၊မောင်လေးဖြိုးဝေတိုး ၊ မောင်လေးသံလုံငယ် ၊ မောင်လေး Idulize ၊ (ကို) Army Soul ၊ ကိုခွန်း (mm astronomy)(ကို) အညတြ (ခေတ္တ နယူးယောက်)
G.talk မှ မွေးနေ့ဆုတောင်းပေးကြသော ညီမလေးယုယမြတ်နိုး ၊ ညီမလေးဝေ ၊ ညီမလေး ကလေးလေး၊
မောင်လေးကိုစွမ်း ၊ မောင်လေးမျက်ဝန်းနက် ၊ မောင်လေးရဲကြီး ၊
တို့အားလုံးကို အထူးပဲကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ရင်း ကျေးဇူးတင်လွှာလေးရေးလိုက်ပါတယ်ရှင် ။

(ကဲ..ကျမချစ်သောမောင်နှမများ အားလုံးစုစုပေါင်းဘယ်နှစ်ယောက်ပါလဲ.. မှန်အောင်ဖြေနိုင်တဲ့သူကို
အပေါ်က ၀ိုင်ပုလင်းလေး နဲ့ ချောကလက်လေး ဆုချပါမယ်ရှင်.) အဟတ်ဟတ် .အလကားပြောတာ.
မရေ နဲ့ခေါင်းရှုတ်သွားမယ်. ကျမ တောင် ကိုယ့်ဟာကိုယ် ပြန်မရေတတ်တော့လို့.. ဟီးးးးးးး

( Ps. ကျမတစ်ခု ကြိုပြီးတောင်းပန်ထားချင်တာကတော့ ၂၇ ရက်နေ့မွေးနေ့မှာ စီဘုံးမှာ Message တွေတရက်တည်း ရာကျော်သွားလို့ ကျမသတိရလို့ကြည့်လိုက်တဲ့ အချိန်မှာ တချို့ Message လေးတွေ ပျက်သွားခဲ့ပါတယ်ရှင် ။ အဲဒါကြောင့် ကျမအခုကျေးဇူးတင်လွှာရေးတဲ့ အထဲမှာ နာမည်မပါလာခဲ့ရင် ကျမရဲ့ပေါ့ဆမှုသာဖြစ်ပါကြောင်း နဲ့ ကျေးဇူးပြုပြီး ပြန်လာပြောရင် ထပ်ထည့်ပေးမည်ဖြစ်ပါကြောင်း လေးစားစွာနဲ့ အသိပေးအပ်ပါတယ်ရှင် ) :P

အားလုံးကိုလေးစာခင်မင် ချစ်ခင်လျှက်
ဝါ၀ါခိုင်မင်း

Monday, October 27, 2008

HAPPY BIRTHDAY ( 27th .October. 2008)

profile editor


myspace layouts images

myspace layouts codes

myspace layouts

မင်္ဂလာပါရှင်.
ဒီနေ့ဟာ ကျမရဲ့ ၃၇ နှစ်မြောက်မွေးနေ့ပါ။
ပထမဦးဆုံး အနေနဲ့ လွန်ခဲ့သော ၃၇ နှစ် ဒီနေ့မှာ ကျမကို လူလောကသို့ရောက်အောင် မွေးဖွားသန့်စင်ပေးခဲ့သော ကျမရဲ့အလွန်ချစ်လှစွာသော ကျေးဇူးရှင်မေမေကို သမီး အဝေးကနေဦးစွာ ဂါရ၀ပြု နှုတ်ဆက်လိုက်ပါတယ် မေမေ။
မေမေ မွေးဖွားသန့်စင်ခဲ့လို့ လူ့လောကထဲကိုရောက်ရှိလာတဲ့ သမီးဝါ၀ါဟာ ဘ၀မှာ ပျော်ရွှင်မှု ၊၀မ်းနည်းမှု၊
ချစ်ခင်မှု၊ မုန်းတီးမှု စတဲ့ ခံစားချက်တွေ အစုံအလင် ရင်ဆိုင်တွေ့ရှိခဲ့ပြီး အခုဆိုရင် အသက် ၃၇ နှစ်အရွယ်
အတန်အသင့်ရင့်ကျက်တဲ့ သမီးဝါ၀ါ ဖြစ်နေပါပြီမေမေ။
မေမေမွေးခဲ့လို့ သမီးလူဖြစ်လာခဲ့ရတာပါ၊ မေမေကျွေးခဲ့လို့ သမီးအသက်ရှင်ရပ်တည်နိုင်ခဲ့တာပါ၊မေမေ ချီး
မြှောက်ခဲ့လို့ သမီးရဲ့ ဘ၀မှာ သာယာပျော်ရွှင်မှုတွေ ရခဲ့တာပါ၊ မေမေထိန်းကျောင်းခဲ့လို့ သမီးလိမ္မာဖြစ်နေ
ခဲ့တာပါ၊ အားလုံးဟာ ချစ်သောမေမေရဲ့ကျေးဇူးတွေပါ မေမေ ရေ။
သမီးငယ်စဉ်ဘ၀ ကတည်းက သမီးအတွက်ဆိုလိုလေသေးမရှိအောင် အတတ်နိုင်ဆုံးဖြည့်ဆည်းပေးခဲ့တဲ့
ကျေးဇူးရှင်မေမေကြောင့် သမီးဟာ ငယ်စဉ်ဘ၀ ကတည်းက ကိုယ့်ကိုယ်ကိုယ် ပြည့်စုံကျေနပ်ခဲ့သူပါ။မေမေ
တို့ရဲ့ကျေးဇူးတွေကို သမီးတစ်သက်လုံး မမေ့နိုင်ပါဘူး မေမေရယ်။
ဒီနေ့ သမီးမွေးနေ့မှာ မေမေ့ကိုပိုပြီး သတိရတယ်၊လွမ်းတယ်၊ မေမေ ဆီဖုန်းဆက်ပြီး အဝေးကနေ လက်အုပ်
ချီမိုး ကန်တော့လိုက်ပါတယ် မေမေ ရေ။
ရာသီတွေအလီလီပြောင်း၊ နှစ်တွေ တရွေ့ရွေ့ဟောင်းသွားပြီး သမီးလည်း အသက် ၃၇ နှစ်ပြည့်ခဲ့ပါပြီမေမေ။
အဝေးကနေ ချစ်သောမေမေ ကို လွမ်းနေ၊ သတိရနေမိပါတယ်။ မေမေ ကျန်းမာပျော်ရွှင်ပါေ
စ။

**********************************************************

အရင်နှစ်တွေက မွေးနေ့မှာ မိသားစု သုံးဦးပဲ မွေးနေ့ပွဲအတူကျင်းပခဲ့ကြပါတယ်။ဒီနှစ်တော့ ကျမမှာခင်မင်
စရာကောင်းလှစွာသော မောင်နှမတွေ အများကြီးရှိနေခဲ့တဲ့အတွက် မောင်နှမတွေနဲ့ တူတူ မွေးနေ့ပွဲကို
ပျော်ပျော်ရွှင်ရွှင် ကျင်းပလိုက်ပါတယ်နော်။မောင်နှမတွေ ရဲ့ ရင်းနှီးနွေးထွေးချစ်ခင်မှုကို မျှဝေခံစားချင်လို့ပါ။
ကျမဘလော့လေးကို ဒီနေ့လာရောက်လည်ပတ်သူများအားလုံး ကျေးဇူးပြုပြီး ကျမအတွက် အမှတ်တရ
Message လေးတွေ ချန်သွားပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေရှင်။

*****************************************************

ချစ်တဲ့မောင်ရဲ့မွေးနေ့လက်ဆောင်အဖြစ် မွေးနေ့ဆုတောင်း လေးကို ဒီမှာဖတ်ကြည့်နိုင်ပါတယ်နော်။

**************************************************
ချစ်သမီးလေး ရဲ့မွေးနေ့လက်ဆောင်



(ဘာသာပြန်)
Happy Birthday မေမေ..
အမြဲတမ်းကွန်ပြူတာဘဲထိုင်လုပ်နေတဲ့မေမေ..
ကျောင်းဆင်းရင်ကလေးထိန်းကလပ်ခန်းမှာမေမေလာအကြိုကိုတောက်လျှောက်မျှော်နေရတဲ့သမီးလေးပါ..
မေမေ့ကိုအရမ်းအရမ်းချစ်တယ်နော်..
သမီးလေးခိုင်..

***************************************************
မောင်လေးညီမလေးတွေရဲ့မွေးနေ့လက်ဆောင်လေးတွေပါ။

ညီမလေးသက်တန့် လေးပို့ပေးထားတဲ့မွေးနေ့လက်ဆောင်လေးတွေပါ။
http://ifile.it/9uw0yn3 (အနှိုင်းမဲ့ ကုသိုလ်)
http://ifile.it/8ituwcd (မြင့်မြတ်သော
ဥပေက္ခာ)
http://ifile.it/2t9xknr (ကုသိုလ်စိတ်)
http://ifile.it/mhzntb2 (စိတ်လျှော်ဖွတ်တဲ့ အလုပ်)
http://ifile.it/3m6ufdk (အနှိုင်းမဲ့ ဥစ္စာ)
http://ifile.it/9o528xb (အနှိုင်းမဲ့ မီး)
http://ifile.it/70e12or (နှလုံးသား မိတ္တူ)
http://ifile.it/a2dl0gj (လူပျိုဘုရား လုံးဝမရှိ)
http://www.shweparami.net အရှင်ဆန္ဒာဓိက

*************************************************************
ညီမလေးDream ရဲ့မွေးနေ့လက်ဆောင်လေးတွေပါရှင်။


ချစ်သောတီတီဝါ

နေမင်းကြီးက ..ထွန်းလို့လာ
တီတီဝါ မျက်နှာလေးလိုပါ...

ပျော်စရာကောင်းတဲ့ဘလော့များမှာ
သူလေသွားလို့လည်ခဲ့တာ

ခင်စရာကောင်းတဲ့မောင်နှများ
သူကြောင့်ပိုပျော်သွား

မ၀ါ..မ၀ါ... မမ၀ါ..
မကြီးဝါလည်းခေါ်သေးတာ


ပေးလိုက်ကြတဲ့ နာမည်များ
မျိုးကိုစုံလို့သွား

မက်မက်ပေးမယ့်အာဝါး
မွေးနေ့လက်ဆောင်များ....
တီတီရေ...Mwah.. ..

(အမြှောက်တစ်သိန်းနော်... တီတီဝါ... :P :P )

မွေးနေ့မှာ ပျော်ရွင်ပါစေ... နော်တီတီ..
မက်မက်



****************************************************


မမခင်ဦးမေ မှ ပို့ပေးတဲ့မွေးနေ့လက်ဆောင်လေးတွေပါ။


( ကျေးဇူးတင်ပါတယ်..မမခင်ဦးမေ ရေ.)
****************************************************


မောင်ငယ်ဥယျာဉ်မှူး ထံမှလည်း အောက်ပါမွေးနေ့လက်ဆောင် ကဗျာလေးနဲ့အတူနောက်ထပ်မွေးနေ့လက်ဆောင်လေးကို ဥယျာဉ်မှူးလေး ရဲ့အိမ်မှာသွားဖတ်နိုင်ပါတယ်ရှင်။


http://kowinminsan.googlepages.com/01_Pleasures_of_Life.wma


**************************************************
မောင်လေးမိုးသောက် ရဲ့မွေးနေ့လက်ဆောင်ကဗျာလေးပါ။
ကျေးဇူးတင်ပါတယ် မောင်လေး ရေ..လိုရာဆန္ဒအ၀၀ပြီးပြည့်စုံပါစေနော်။

ပန်းတစ်ပွင့် ၏ ဒိုင်ယာရီ
*****************
ရောင်စဉ်ဖြာဆင်း ဥယျာဉ်တွင်း၌
အေးချမ်းသာယာ တင့်တယ်စွာလျှင်
လှသွေးလည်းကြွယ် ရနံ့ထည်ကာ
ဖူးပွင့်ပါသည့် မမ၀ါ ...

လွမ်းစိတ်ရင်စွဲ ကြင်သူခွဲသော်
ဂျပန်ပြည်ရောက် ဦးဥာဏ်နောက်သို့
သမီးလက်ဆွဲ လိုက်ခဲ့ရဲသည့်
ချစ်ကြီးပေစွာ မမ၀ါ ..

ဘ၀ထွေပြား ရေမြေခြားလျှင်
စိတ်ရယ်မရွှင် လွမ်းစိတ်ဝင်ကာ
မှတ်တရများ သူရေးသားသည်
ကြည်နူးဖွယ်ပါ မမ၀ါ ..

ဘလော့ဂါတွေကြား သမီးလေးအား
နိုင်းမဲ့မေတ္တာ နက်ရှိုင်းစွာဖြင့်
အလှတန်ဆာ ဆင်တတ်ပါသည့်
ချစ်တတ်ပေစွာ မမ၀ါ ...

ကြယ်စင်တစ်သင်း ခြံရံဝန်းလျှက်
ရောင်ဆင်းဝေဖြာ လပမာသို့
ဘလော့ဂါ တစ်သင်း ပျော်ရွှင်ခြင်းဖြင့်
ချစ်ကြသည်သာ မမ၀ါ ...

နတ်မိမယ်သဖွယ် ညီမငယ်များနှင့်
မောင်ငယ်တစ်သိုက် စနောက်လိုက်ကာ
ဘလော့ဂါလောက ပျော်ရွှင်ရအောင်
ပြုလေပါသည့် မမ၀ါ ...

နက်မှောင်ကေသာ ဖြောင့်စင်းသာလျှင်
ဖြူစင်ဝင်းပ ပြုံးမြမြနှင့် နှစ်လိုစကား
ဆိုတတ်စွာသည့် ခင်သူဝေဖြာ မမ၀ါ ..

ဖြူစင်စိတ်ထား ရင်ဝယ်ထားကာ
"မကြီး"သဏ္ဍန် ရင့်ကျက်ဟန်ဖြင့်
အေးချမ်းရိပ်ပို ပြုံးရယ်ချိုကာ
ခွင့်လွှတ်တတ်စွာ မမ၀ါ ...

အောက်တိုဘာ၂၇ ရက်မြတ်မွန်တွင်
မွေးဖွားသန့်စင် သရုပ်ထင်သည့်
ယမှုန်နွယ်ဝင် လှသခင်ပမာ
မမ၀ါသည် ၃၇ သို့ တိုင်ခဲ့ပြီ ...

မွေးနေ့မင်္ဂလာ ရက်ရာဇာ၌
သစ္စာပုံပြု ဤစာစုဖြင့်
မောင်ငယ်မိုးသောက် ဆုမွန်ထောက်သည်
တောင်းဆုဖြာဖြာ ပြည့်စေသော် ....
မောင်လေးမိုးသောက်
**************************************************

ညီမလေးဝေလေး ရဲ့မွေးနေ့လက်ဆောင်

(ကျေးဇူးတင်ပါတယ် ညီမလေးဝေလေး )
မြင်ဖူးတွေ့ဖူးမှ
သံယောဇဉ်ဆိုတာ
ဖြစ်ပေါ်လာတတ်သည်လား
တိုတောင်းလှတဲ့
လူ့ဘဝရဲ့
အစိတ်အပိုင်းတစ်ခုအတွင်းမှာ
မမြင်ဖူးပါဘဲနှင့်
့ခင်မင်ခဲ့ရတဲ့ "မမဝါ"
ဘလော့ မောင်နှမတွေအပေါ်
ခင်မင်စိတ်ထား
ချစ်ခင်တတ်တဲ့ "မမဝါ" ရဲ့
အောက်တိုဘာလ ၂၇ ရက် နေ့မှာကျရောက်တဲ့မွေးနေ့
ရက်မြတ်မင်္ဂလာမှသည်
နောင်နှစ်ပေါင်းများစွာတိုင်အောင်ချစ်သော
မိသားစုနှင့်ပျော်ရွှင်စွာ
နေထိုင်သွားနိုင်ပါစေလို့
ညီမ ဝေလေး မှဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။

****************************************************


မောင်လေးဖြိုးဝေတိုး @ မိုးတိမ် က ပို့ပေးလာတဲ့မွေးနေ့လက်ဆောင်လေးပါရှင်။
( ကျေးဇူးပါ မောင်လေးဖြိုးဝေတိုး ရေ )

မမဝါသို့
အမရေလူတိုင်းရဲ့ဘဝမှာ အစနဲ့အဆုံးဆိုပြီးတိတိကျကျနှစ်ရက်ရှိတယ်လေ။ လူလောကထဲရောက်လာတဲ့နေ့ဟာ ဘဝအသစ်တခ ဖန်တီးပေးလိုက်တဲ့ တနေ့ဖြစ်လို့သူရဲ့အသိုင်းအဝိုင်းအတွက်ကော သူကိုယ်တိုင်အတွက်ပါ အလွန်မင်္ဂလာရှိသော နေ့လေးတရက်ပါ။ အဲဒါကြောင့်လဲ မိမိမွေးနေ့လေးတွေကို တဖန်ပြန်လည် အောက်မေ့ကြတာပေါ့။
ပထမဦးဆုံး မမဝါလကို ကိုးလလွယ် ဆယ်လဖွားပေးသော မမဝါရဲ့ မေမေမှအစချီ၍ အန္တတောအန္တဂိုဏ်းဝင် မမဝါရဲ့ဖေဖေ၊သင်ဆရာကြားစရာမြင်ဆရာအားလုံး၊ မိတ်ဆွေ၊ သူငယ်ချင်း၊ မောင်နှမများအားလုံး၊ ဘဝလက်တွဲဖော် မမဝါရဲ့ခင်ပွန်းနဲ့သမီးလေး၊ မမြင်ရပေမယ့်ခင်ရပါသော ကမ္ဘာအရပ်ရပ် မမဝါရဲ့စာဖတ်ပိရိသတ်အပေါင်း အားလုံးပဲပေါ့နော် မွေးနေ့ရှင်နှင့်အတူ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျမ်းမာခြင်းနဲ့ ပြည့်စုံပါစေလို့ဆိုတောင်းပေးပါတယ်။
မုန်းတီမှု၊နာကြည်းမှုဆိုတာမသိရလေအောင် ဘဝမှာပျော်ရွှင်မှုအပြည့်ခင်းနေနိုင်ပါစေ။ အမရဲ့မိသားစုလေးနဲ့အတူ သားသမီးကျင့်ဝတ် ၅ ဖြာ၊ မယားကျင့်ဝတ် ၅ ဖြာ၊ မိဘကျင့်ဝတ် ၅ ဖြာနှင့်ညီသော တော်လေးဝဝင် မြန်မာအမျိုးသမီးကောင်းတယောက်ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်နော်။
နောက်ပြီး Joanna Fuchs ပြောခဲ့သလိုပါပဲ
"Instead of counting birthdays, I count blessings every day!"လိုပေါ့နော် မွေးနေ့ပွဲတိုင်းမှာ ဖယောင်းတိုင်တွေ၊နေ့ရက်တွေကို ရီနေရတဲ့ မွေးနေ့လိုမျိုးတခါမှမကြုံရစေပဲ ညီအကိုမောင်နှ၊ မိတ်ဆွေ၊ မိသားစုကြားမှာ ညကိုအလှဆင်ပေးနေသော အေးမြတဲ့ လမင်းတစင်းကဲသို့ ထွန်းလင်းနေပါစေလို့ဆုတောင်းပေးပါတယ်။


birthday
some say that it was your first day
some say that it is the most beautiful day
some say that it is your memmories
some say that it is the day u make your real smile
some say that it is a shiny day for your heart
But I say that love u for your birthday
may my love never go away
may my love double each birthday
may u be in my heart for my whole life
yeah, it please no end to say.

some people give u a wish
some people give u a smile
some people give u a present
But I myself give u my heart
full with peace,wishes and tranquility
to warm your heart everyday.

On your birthday i wish
all of your dreams may come true
have a wonderful susprise for
each slide of your birthday cake
hope u would get warmly welcome
from the friendships as i do
and from all who u love..
may all flower bloomsom to u
may all star shine for u
may all people happy for u.

i m fortunate cos u were born
so that i became your brother
please brighten my life and
let me fill your heart with my pleasure.

Phyo Wai Toe(MoetAin) 27.10.08

Remark. this poems is unique present poem to my sister ma war war khaing min.

*********************************************************

ညီမလေးပုလဲ ထံမှပေးပို့လာတဲ့ မွေးနေ့လက်ဆောင်လေးပါ။
( ကျေးဇူးတင်ပါတယ် ညီမလေးပုလဲ ရေ)

မင်္ဂလာပါ မမ၀ါ
ဒီနေ့ အခုမမဆီမှာ မမမွေးနေ့ရောက်ပြီနော်
မွေးနေ့မင်္ဂလာလေးဖြစ်ပါစေ မမ
ဒီနေ့မှစနောက်များတိုင် မမ၀ါ
လှသည်ထက်လှလို့
ချစ်ဇနီး ချစ်မေမေဖြစ်လို့
မမ၀ါရဲ့ မေမေကိုလည်းဒီထက်မက ပြုစုနိုင်ပါစေ
မောင်နှမတွေလဲ စည်းလုံးပါစေ
ဘော့မှာ မောင်နှမတွေနဲ့လည်း ပိုလို့ခင်မင်ပါစေ
ချစ်သမီးလေးကလည်း မမ၀ါကို
သိတတ်တဲ့ သမီးဖြစ်ပါစေ
မမ၀ါ လိုအင်ဆန္ဒအ၀၀ပြည့်နိုင်ပါစေ
ပျော်ရွှင်ချမ်းမြေ့ပါစေ
ကျန်းမာချမ်းသာပါစေ
မမ၀ါရဲ့ မိသားစုလေး မမ၀ါရဲ့ဘ၀ခရီးလေး အမြဲသာယာအေးမြပါစေ
မမ၀ါ

ချစ်တဲ့ ခင်တဲ့
ညီမလေး ပုလဲ

***********************************************************

ညီမလေးထား ထံမှပို့လာတဲ့ မွေးနေ့လက်ဆောင်လေးပါ။

***************************************************************
မောင်လေးမောင်ခန့် (Singapura ) ရဲ့ ကျမအတွက်မွေးနေ့လက်ဆောင်ပို့စ်လေးကို သူရဲ့ဘလော့မှာတင်ထားတာကိုကူးယူဖော်ပြပေးလိုက်ပါတာယ်ရှင်။

Happy Birthday! မမ၀ါဝါ
ဒီနေ့ မမ၀ါဝါခိုင်မင်းရဲ့မွေးနေ့…ဘယ်ကနေ ဘယ်လိုသိလဲဆိုတာတော့ မမေးနဲ့၊ မပြောဘူး.. သတ်ချင်သတ်လိုက်။အဟဲ.. စိတ်မဆိုးရဘူးနော် မမ၀ါဝါ။ဘယ်နှစ်နှစ်မြောက်မွေးနေ့မှန်း မသိပေမယ့် ချစ်တဲ့ယောကျာ်းရယ်… ချစ်စရာသမီးလေးတစ်ယောက်ရယ်နဲ့ ကျန်ရှိနေသေးတဲ့ ဘ၀တစ်လျှောက် ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

Happy Birthday To You…

Happy Birthday To You All…

Happy Birthday To You…

Happy Birthday To You…

Happy Birthday To You All…

HAPPY BIRTHDAY!!!!!!!




သိပ်တော့ မစုံလင်လှပေမယ့် စိတ်ထဲကစေတနာကတော့ ပြည့်ပါတယ် မမ၀ါ….Happy Birthday ပါ။

*****************************************************
ကိုရှင်ရဲထွတ် မှ မွေးနေ့လက်ဆောင် ကဗျာလေးကို Comment မှာ အမှတ်တရ ရေးသွားပေးတဲ့
အတွက် ကူးယူဖော်ပြပေးလိုက်ပါတယ်ရှင်။
ကျေးဇူးတင်ပါတယ် မောင်လေးရှင်ရဲထွတ် ရေ.

'' ပန်းပျိုးလက် ''
ငါပြုစုရမယ့်ပန်း
လန်းဆန်းကာ
သင်းပျံ့လာစေဖို့
ငါ့ရဲ့လက်တစ်စ
ုံဒီပန်းပျိုးလက်နဲ့
ရောင်စုံချယ်
ပန်းခင်းထဲမှာ
ငါ့ပန်းလေး
လန်းဆန်းစေရမယ်။
(စိုင်းရှင်ရဲထွတ် )

************************************************************
အားလုံးကို ကျမ အထူးပဲ ကျေးဇူးတင်ပါတယ်ရှင်။ မွေးနေ့လက်ဆောင်လေးတွေကို ထည့်သွင်းဖော်
ပြပေးရာမှာ လင့်ခ်လေးတွေမချိတ်ပေးနိုင်တာကို ခွင့်လွတ်ပေးကြပါနော်. ပို့စ်တွေအားလုံး ပျောက်ကုန်
စိုးရိမ်မိလို့ လင့်ခ် မချိတ်နိုင်တာကို နားလည်ပေးကြပါနော်။
( မ၀ါ)

**************************************************************
မောင်နှမများအတွက် Birthday Cake လေးတွေနဲ့ ဧည့်ခံလိုက်ပါတယ်နော်။ :P
ပျော်ရွှင်ချမ်းမြေ့ကြပါစေ။


အားလုံးကိုလေးစားခင်မင်လျှက်
ဝါ၀ါခိုင်မင်း


Birthday present from Ju Wa Than

မောင်လေးဂျုဝသန် (ခ) ခပ်ညံ့ညံ့ကောင်လေး ထံမှပေးပို့ထားတဲ့မွေးနေ့လက်ဆောင်လေးပါရှင်။
ကျမနေမကောင်းနေတာနဲ့ သေခြာဖွင့်မကြည့်ဖြစ်ခဲ့ပဲ မနေ့တုန်းကမှ ဖွင့်ကြည့်တော့ရယ်ရတာနဲ့ မောင်နှမတွေကြည့်နိုင်အောင်လို့ ဝေမျှလိုက်ခြင်းဖြစ်ပါတယ်။
ကျေးဇူးတင်ပါတယ် မောင်လေးဂျုဝသန် ရေ ။
ရုပ်ချောပြီး သဘောကောင်းဖော်ရွေချစ်စရာကောင်းတဲ့ ညီမလေး နဲ့ ဖူးစာဆုံနိုင်ပါစေနော်။ :P




မွေးနေ့လက်ဆောင်လေးတွေ ဒီနေ့အထိ ရောက်ရှိနေပါသေးတယ် ။ လက်ဆောင်လေးတွေပေးပို့လာသူအားလုံးကိုရော ၊ လာလည်ပတ်ပြီးဆုတောင်းပေးသွားတဲ့သူတွေကိုရော ၊နှုတ်မဆက်ပဲပြန်သွားသော မိတ်ဆွေတွေအားလုံးကိုပါ လှိုက်လှိုက်လှဲလှဲကျေးဇူးအထူးတင်မိပါတယ်ရှင်။
မောင်လေးသီဟညိမ်း ထံမှလည်း မွေးနေ့လက်ဆောင်ကဗျာလေးရရှိလို့ ကျေးဇူးအများကြီးတင်ပါတယ် မောင်လေးသီဟ ရေ ။ ဘလော့ပေါ်တော့ မတင်ဖြစ်တော့ပါဘူး ၊ ကာယကံရှင် ကဗျာဆရာကြီးက ဘလော့ပေါ်မတင်ဖို့ အမိန့်ပေးထားလို့ပါ။
မောင်လေးသီဟ လည်း ရုပ်ချောပြီးသဘောကောင်းဖော်ရွေချစ်စရာကောင်းတဲ့ ညီမလေးနဲ့ဖူးစာဆုံနိုင်ပါစေ။

မောင်လေးကိုစွမ်းကလည်း သူမွေးနေ့လက်ဆောင်ကဒ် ၃ခုပို့ထားတာနော်တဲ့။ဟုတ်ကဲ့ ရပါတယ်မောင်လေး ရေ... အမ ဆီမှာ လက်ဆောင်တွေအရမ်းများနေလို့ အကုန်မတင်ပြပေးနိုင်ခဲ့တာကိုတောင်းပန်ပါတယ်..အဟေးးး ..ကြွားတာ... :P

မောင်လေး4everlove ထံမှလည်း မွေးနေ့လက်ဆောင်ကဒ်လေးကို ၀မ်းသာစွာ လက်ခံရရှိခဲ့ပါတယ်မောင်လေး ရေ ။
မောင်လေး မှာက ညီမလေးရှိပြီးသားဆိုတော့ အစ်မကထွေထွေထူးထူးဆုတောင်းပေးစရာမလိုတော့ပါဘူးနော်. ချစ်သူနှစ်ဦး အနှောက်အယှက်ကင်းဝေးစွာနဲ့ ပျော်ရွှင်စွာ လက်တွဲနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်နော်။

မောင်လေးအလှတရား ထံမှလည်း မွေးနေ့လက်ဆောင်သီချင်းလေး ရရှိပါတယ်နော်။

အားလုံးကိုဘာလရှိုရယ် စပါစီဘာ ပါ။ ( ဟဲ..ဟဲ.. ရုရှားလို ပြောတာနော်.. အရမ်းကျေးဇူးတင်ပါတယ်တဲ့ ) :P


အားလုံးကို လေးစားခင်မင်လျှက်
ဝါ၀ါခိုင်မင်း

မွေးနေ့လက်ဆောင်လေးများ

ချစ်သောမောင်နဲ့သမီးလေးထံမှ မွေးနေ့လက်ဆောင်...







*******************************************************************




မောင်လေးနေလင်းနဲ့ညီမလေးဝါ၀ါထံမှမွေးနေ့လက်ဆောင်



Ma Ma War
Personalized Glitter Graphics






**************************************************************

မောင်လေးကိုစွမ်းထံမှမွေးနေ့လက်ဆောင်








************************************************************

မောင်လေးဇင်ယော် ထံမှ ပေးပို့လာသောမွေးနေ့လက်ဆောင် ကဗျာလေးပါ။

Happily Ever After
On my loving sister birthday,

special one,I wish that all your dreams come true.
May your day be filled with joy,
Wonderful gifts and goodies, too.
On your day I wish for youFavorite people to embrace,

Loving smiles and caring looksThat earthly gifts cannot replace.
I wish you fine and simple pleasures.

I wish you many years of laughter.
I wish you all of life's best treasures.
I wish you happily ever after!

Happy Birthday
My Loving Elder Sister Ma War!

အစ်မ၀ါရေ
ယခုမွေးနေ့ မှသည် နောင်မွေးနေ့ ပေါင်းများစွာတိုင်အောင် ချစ်တဲ့ခင်ပွန်းသည် အစ်ကိုဥာဏ်၊
သမီးလေးတို့ နဲ့ အတူ ပျော်ရွှင်စွာ အတူတကွ ဆင်နွှဲနိုင်ပါစေလို့  ဆုမွန်ကောင်းလေး တောင်းပေးရင်း

မောင်ငယ်
ဇင်ယော်
*********************************************************

မောင်လေးအလှတရား ထံမှ မွေးနေ့လက်ဆောင်



*************************************************************
ညီမလေးမီးငယ်ထံမှ




*********************************************************

ညီမလေးပန်းခင်းလေးထံမှ




***************************************************************
ညီမလေးမေထံမှမွေးနေ့လက်ဆောင်






**************************************************************

မောင်လေးAndy ထံမှပေးပို့လာသော မွေးနေ့လက်ဆောင်ကိတ်ကြီးပါရှင်။ :P

ကျေးဇူးတင်ပါတယ် မောင်လေးအန်ဒီ ရေ...



******************************************************************

ညီမငယ်လေး ငှက်ငယ်လေး ဘလော့မှ ပို့စ်လေးကို ကူးယူတင်ပြပေးထားတာပါရှင်။

ကျေးဇူးတင်ပါတယ် ညီမလေး ငှက်ငယ်လေး ရေ...





မမ၀ါရေညီမလေးတို့ ဟာ
မြင့်သထက် မြင့်ရာကို
ပျံသန်းနေကြရတဲ့ ငှက်လေးတွေလို ပါပဲ
တခါတလေ မိုးမြင့်ထက် မှာအသာစံ
တခါတလေ မုန်တိုင်းဒဏ်ကို ကြံကြံခံ
ငိုတခါ၊ ရယ်တလှည့်
ပျံသန်းကြရင်းနဲ့ 
ဒီကနေ့ လေးကို ရောက်ခဲ့ပါပြီ။
၃၇ နှစ်မြောက်မွေးနေ့ မှစ
မမ၀ါ ရဲ့ မိသားစုလေး ဘဝ
အစစအရာအရာ အဆင်ပြေလို့ 
နောင်နှစ်ပေါင်း ၁၀၀ တိုင်မက
ပျော်ရွှင်နိုင်ပါစေလို့ 
ဆုတောင်းပေးလိုက်ပါတယ်။




(အမှတ်တမဲ့ အွန်လိုင်းပေါ်မှာ ပဲသိခဲ့ရပေမဲ့ အမှတ်တရ ရှိစေမဲ့ မိသားစုလေးပါပဲ။)
တီတီဝါ က မွေးနေ့ လာဖိတ်မှ ကမန်းကတန်း စီစဉ်လိုက်ရတဲ့လက်ဆောင်လေးပါ။ တီတီဝါမွေးနေ့ ကို သွားပြန်တော့လည်း ဧည့်သည်တွေများကြီးဆိုတော့ ကိတ်မုန့် စား လက်ဆောင်ဘယ်မှာပေးရမှန်းမသိလို့  မန့် ဘောက် လေးထဲမှာ ပဲ လက်ဆောင်လေးတွေ ထည့်ခဲ့ပြီးပြန်ခဲ့ပါတယ်။



******************************************************************


မောင်လေးလမင်းထံမှမွေးနေ့လက်ဆောင်













******************************************
မောင်လေးလွမ်းဝေ (ခ) အလှတရားထံမှ ပေးပို့ခဲ့သော မွေးနေ့လက်ဆောင်လေးပါ။





*********************************************************



မောင်လေးဖြိုးဝေတိုး (ခ) မိုးတိမ် ရဲ့ မွေးနေ့လက်ဆောင်ကဗျာလေးပါ ရှင်။


မမြင်ဘူးပေမယ့်


ဒီရင်မှာ သံဇဉ်ထူးပါတယ်။


ခဏတာသိခဲ့သေးပေမယ့်


တဘဝတာခင်မယ်လို့သတ်မှတ်ပါတယ်


မွေးနေ့ကိုလည်း


ဟိုးအဝေးကနေပဲ


ရိုရှင်းစွာနဲ့ပဲ


နှလုံးရင်းနဲ့သာဆုတောင်းပေးပါတယ်။

တနှစ်မှတလ


တလမှာတရက်


တရက်တခါသာရှိတဲ့


အောက်က်တိုဘာ ၂၇ဆိုတဲ့


အမရဲမွေးနေ့မှာ


ကြယ်ပေါင်စုံညီဝင်းခနေသော


ညယံချိန်ဝယ်ထွန်းလင်းလို့ရွှန်းဝေစွာနဲ့ပေါ့


တောက်ပတဲ့လတစင်းဖြုဖြုစင်စင်နဲ့ပဲ


မပူပင်စွာဘဝကို ကျောင်းရင်


အောင်မြင်မှုသရဖူဆောင်း


ရင်မှာအပူမီး မသိရလေသည့်တိုင်အောင်ငြိမ်းချမ်းပါစေ။

ဖာလာဖြန့်ကျဲ


မြုနှင်းဖွေးသည်


ပုလဲရောင်သွေးမြမြပြေးသည်
ရနှံထုံသင်း မွှေနံ့သင်းသည်


လှပရောင်သွေး ဖူးပွင့်ဝေသည်


ပန်းပွင့်နှင်းစင် မြုနှင်းခသည်


အေးရိပ်ဆောင်းကြဉ်း


ရောင်စဉ်နှင်းသည်


နေမင်းအဆင်


သံစဉ်နွေးသည်


ထိုသို့အလား၊


မိသားစုလေးနှင့်လှပဝေဆီ ဖူးပွင့်ဝေသီနေပါစေ။



ဖြစ်ချင်တဲ့ ဆန္ဒဖြစ်နေတဲ့ ဘဝဘဝနဲ့ဆန္ဒအချိုးကြလှပပြီး


ပကာသနတွေဘေးချိတ်မာယာအလှတွေမပါတဲ့အရိုးရှင်းဆုံးသောဘဝလေးကိုပိုင်ဆိုင်ပါစေလို့လည်း


ဆုတောင်းပေးပါတယ်။


ဖြိုးဝေတိုး ၂၇.၁၀.၀၈


*********************************************************

ကိုရဲထွဋ် ထံမှပေးပို့သော မွေးနေ့လက်ဆောင်လေးပါ။


ကြယ်ကြွေတွေကို ကြိုးနဲ့သီလို့

မွေးနေ့လက်ဆောင်အဖြစ် ထည့်ပေးလိုက်ပါတယ်

ဆုတောင်းပြည့်တယ်ဆိုလို့ပေါ့ ...။

အလိုလားအပ်ဆုံးတောင်းဆုတွေနဲ့

ညီမ၀ါဝါ တစ်ယောက် ပြည့်ဝပျော်ရွှင်ပါစေသား။


ရဲထွဋ်

*************************************************************

အားလုံးကို အထူးပဲကျေးဇူးတင်မိပါတယ်ရှင်။

အလည်လာသူအားလုံး နဲ့ စီဘုံးနဲ့ Comments တွေမှာ လာရောက်ဆုတောင်းပေးသွားကြသော

မောင်နှမ မိတ်ဆွေများ အားလုံးကို အရမ်းပဲ ကျေးဇူးတင်မိပါတယ်ရှင်။ ကျမ ဒီရက်ပိုင်း အလွန်အလုပ်

များနေသောကြောင့် နောက်နေ့မှ ကျေးဇူးတင်လွှာလေး ရေးသားဖော်ပြပါမယ်ရှင်။

အားလုံးကို လေးစားခင်မင်လျှက်

ဝါ၀ါခိုင်မင်း

Sunday, October 26, 2008

ချစ်သောမေမေသို့


မနက်ဖြန်ဆိုရင် ကျမမွေးနေ့ ရောက်တော့မှာမို့ ဟိုတွေး ဒီတွေးစဉ်းစားမိရင်းနဲ့ ငယ်ဘ၀လေးတွေကိုပြန်
လည်တမ်းတ သတိရနေမိရင်း မေမေကို လွမ်းနေမိပါတယ်။
ကျမမှာ ငယ်ငယ်တုန်းကမောင်နှမ၃ ယောက်ရှိခဲ့ပါတယ်။ ဒါပေမယ့် မမယုယုခိုင်မင်းက ငယ်ငယ်ကပဲဆုံး
သွားခဲ့တာမို့ မောင်နှမ၂ယောက်ပဲရှိခဲ့တာပါ။ ကျမငယ်ငယ် ကတည်းက ကျမမိဘတွေဟာ ကျမကို အလို
အရမ်းလိုက်ခဲ့ပါတယ်။ ဖေဖေ နဲ့ မေမေ က အလိုအရမ်းလိုက်သလို ကျမကလည်း မိဘတွေအပေါ်မှာသိ
တတ်ပြီး လိမ္မာတဲ့ သမီးတစ်ယောက်အဖြစ်နေထိုင်ခဲ့တာပါ။
ကျမ ငယ်ငယ်က မေမေဟာ အ၀တ်အစားကို အရမ်းကြိုက်ပြီး အမြဲ စမတ်ကျကျ သန့်သန့်ရှင်းရှင်း ၀တ်ခဲ့
တာပါ၊ မေမေဟာ မူလတန်းကျောင်းအုပ်ဆရာမကြီးတစ်ယောက်ဖြစ်ခဲ့တာမို့ ကျောင်းစိမ်းနဲ့ အကျီင်္ဖြူဝတ်
ပြီး ဆံထုံးထုံးထားတဲ့ ကျက်သရေရှိပြီးခန့်ညားလှပခဲ့တဲ့ မေမေ့ကို အခုအထိမြင်ယောင်သတိရနေဆဲပါ။
မေမေက ငယ်ငယ်တုန်းက ခန့်ခန့်ညားညားချောပါတယ်။ ကျမ အမျိုးသားက ကျမနဲ့တွေ့ပြီး မေမေ့ကိုစ
ုမြင်ဖူးတော့ ပြောပါတယ် ငါ့ယောက္ခမလောင်းက ဘယ်သူနဲ့တူလဲအောက်မေ့မိတာ. ဒေါ်မြင့်မြင့်ခင်နဲ့ တူ
တာကိုး တဲ့။ အဟတ်. ကျမ မေမေ က အဲလို ခန့်ခန့်ကြီးနဲ့ ချောခဲ့တာပါ။ အခုတော့ မေမေ က အသက်၆၃
နှစ် ဖြစ်နေပါပြီ ကျန်းမာရေးကသိတ်မကောင်းပေမယ့် အလှအပ ကတော့ ကြိုက်မြဲပါရှင်။ အမြဲတမ်း မျက်နှာ
ကို အလှပြင်ပြီး ရှိုးထုတ်နေတုန်းပါပဲ။ ကျမလည်း ကျမကို ငယ်ငယ်ကတည်းက အစစ အရာရာလိုလေသေး
မရှိအောင် တတ်နိုင်သလောက် ပြုစုပျိုးထောင်ပေးခဲ့တဲ့ မေမေကို အခု ကျမကတလှည့် ကျေးဇူးပြန်ဆပ်ခွင့်
ရချိန်မှာ မေမေ့ကို စိတ်ချမ်းသာအောင်ထားပါတယ်။ မေမေ ၀တ်ချင်တာဝတ်ပါစေ၊ မေမေစားချင်တာစား
ပါစေ ဆိုပြီး လစဉ်မေမေ့ကိုထောက်ပံ့နေတာပါ။
မောင်လေးကပြောပါတယ်. မေမေလေ အ၀တ်အစားတွေပဲဝယ်နေတာပဲ တဲ့။ အဟဲ..ကျမက မောင်လေးကို
ပြန်ပြောရပါတယ်.မေမေအသက်ကြီးနေပါပြီမောင်လေးရယ် သူနောက်ထပ်နေရရင် ၁၀နှစ်လောက်ပေါ့။
သူစိတ်ချမ်းသာအောင်ထားပေးပါ။ မမပြန်လာရင် မေမေကိုပြုစုချင်ပါသေးတယ်လို့။သူစိတ်ချမ်းသာမှ
ကျန်းမာမှာလေ၊ မေမေ ကသွေးတိုးရောဂါရှိပါတယ်၊ ဟိုနေ့ကဖုန်းဆက်တော့ blood pressureက ၁၆၀
လောက်တက်သွားတယ်တဲ့။ ကျမလည်းစိတ်မကောင်းမိဘူးလေ။အဝေးကနေပဲ မေမေကျန်းမာပါစေလို့ဆု

တောင်းပေးဘို့ပဲ လောလောဆယ်တတ်နိုင်ပါတယ်။
ကျမ ဂျပန်ရောက်ပြီး ၈ လလောက်အကြာမှာ အလွန်ကျန်းမာတဲ့ ဖေဖေ က မထင်မှတ်ပဲဆုံးသွားခဲ့ပြီး၊ကျန်း
မာရေးမကောင်းတဲ့ မေမေက ကျန်းကျန်းမာမာရှိနေဆဲပါ။ ကျမ ဖေဖေက ကျမမေမေ ကို အရမ်းချစ်ပါတယ်၊
မေမေ့ကို ဖေဖေ က အရမ်းဂရုစိုက်တာပါ။ ကျမငယ်ငယ် ကတည်းက ဖေဖေ က မေမေကို အရမ်းချစ်တာ
သိနေခဲ့ပါတယ်။ အသက်၆၀ အထိ မေမေ့ကို ဖေဖေ က စလိုက်နောက်လိုက်နဲ့ ပျော်ပျော်ရွှင်ရွှင် နေခဲ့ကြ
တာပါ။မထင်မှတ်ပဲ ဖေဖေဆုံးသွားခဲ့တော့ ကျမမှာ မေမေ့အတွက်ရောဖေဖေ့အတွက်ပါ တော်တော်လေးခံ
စားခဲ့ရတယ်လေ။ အခုဆို ကျမ မြန်မာပြည် မပြန်ခင် မေမေ့ကို ဆုံးရှုံးရမှာကိုကြောက်နေတယ်။မောင်လေး
ကို သေခြာဂရုစိုက်ဖို့ ခဏခဏ မှာရတယ်။
ကျမ မေမေ့ကို အရမ်းချစ်ပါတယ်။ ကျမ ငယ်ငယ်က ကျမကို အစစအရာရာဖြည့်ဆည်းပြီး အလိုလိုက်ခဲ့တာ
တွေကို အခုအထိမြင်ယောင်သတိရနေဆဲပါ။ငယ်ငယ်တုန်းက ကျမကို ကျောင်းမှာဆိုရင် ဆရာ၊ဆရာမတွေ
က အရမ်းချစ်ကြပါတယ်။ ကျောင်းပွဲတော်တွေ ပညာရည်ချွန်ဆုပေးပွဲတွေမှာဆိုရင် ဆုဗန်းကိုင်ရပါတယ်။
ပြီးတော့ ကိုယ်တိုင်လည်း ဆုခဏ ခဏ ယူခဲ့ရပါတယ်။ အဲလိုပွဲတွေဆိုရင် မေမေက ကျမကို ကျောင်းစိမ်း
ထမီ အသစ်လှလှလေးတွေ အကျီင်္ဖြူလှလှလေးတွေ အမြဲချုပ်ပေးခဲ့ပါတယ်။ ကျောင်းကထိန်ပွဲတွေ ဆိုမှာ
လည်း သင်္ကန်းလှု ခွင့်၊ ထီးအလှုခွင့်တွေ အမျိုးမျိုးရရှိခဲ့ပါတယ်။သူများတွေနဲ့ ယှဉ်ရင် ဘယ်တော့မှ မျက်
နှာမငယ်ခဲ့ရပါဘူး။
ကျမမှတ်မိနေပါသေးတယ်။ ကျမတို့မြို့နယ်မှာ စာပေဟောပြောပွဲတွေလုပ်တော့ ကျမနဲ့အတူ သူငယ်ချင်း
နှစ်ယောက်က ဖဲကြိုးကိုင်ရ ၊ဆုဗန်းကိုင်ရပါတယ်၊ အဲဒီတုန်းက ကျောင်းစိမ်းနဲ့ အကျီင်္ဖြူမ၀တ်ရပါပဲ ချိတ်
ထမီ နဲ့ ခါးတို အကျီင်္ဝတ်ရတာလေ ၊ ၈ တန်းအရွယ်လောက်မှာပေါ့။ ချိတ်ထမီက မာတောင့်တောင့်ကြီး
ဝတ်ရတာအဆင်မပြေတော့ ဖေဖေ နဲ့မေမေ ကစိတ်ပူပြီး ခါးမှာ စတီးရောင်ခါးပတ်လေးကို သေခြာစည်း
ပေးတယ်။ စာပေဟောပြောပွဲအခမ်းအနားကို မေမေကကျမနဲ့ အတူတူ လိုက်ပါလာပြီး စိတ်ပူပူနဲ့ ကျမကို
ုစောင့်ကြည့်နေခဲ့တယ်။တော်ကြာ စတိတ်စင်ပေါ်မှာ ထမီစတက်နင်းမိပြီးဒုက္ခရောက်မှာစိုးလို့တဲ့လေ။အဟီး
ပွဲပြီးတဲ့ အထိကျမကိုစောင့်ကြည့်ပြီး အတူတူပြန်ကြပါတယ်။
သင်္ကြန်ပွဲတွေလုပ်တိုင်း နှစ်စဉ် ကျမတို့အိမ်မှာ အက ယိမ်းတိုက်ကြပါတယ်၊ မေမေ က အကနည်းပြပေါ့ရှင်။
မေမေ က အကလည်းအရမ်းဝါသနာပါတာပါ။ သင်္ကြန်ရောက်တိုင်း အိမ်မှာ ဆိုင်းဝိုင်းတွေနဲ့ အကလေ့ကျင့်
ရတာလဲ အရမ်းပျော်စရာကောင်းပါတယ်။ ကျမလည်းနှစ်စဉ်ကခဲ့တာပေါ့နော်။ကျမတစ်ယောက်တည်းလဲ
ယိုးဒယားအက ကခဲ့ဖူးပါတယ်။ အဲဒါကတော့ အကနည်းပြဆရာမကို အိမ်မှာခေါ်ပြီးလေ့ကျင့်ခိုင်းပြီး ကျမ
ကို မေမေက ပွဲထုတ်ကစေခဲ့တာပါ။ ကျမကို အဲဒီတုန်းက ခါးတောင်ကော့ကော့လေးနဲ့ မင်းသမီးဝတ်စုံ
အ၀ါရောင် တောက်တောက်လေး ချုပ်ပေးခဲ့တယ်လေ။ဘော်ကြယ်လေးတွေ တလက်လက်နဲ့မို့ ကျမအရမ်း
ကြိုက်ခဲ့တာပါ။ အဲဒီတုန်းက ကွေးနေအောင် ကတတ်ခဲ့ပေမယ့် အခုတော့ မကတတ်တော့ပါဘူး။
ကျမ အခုစဉ်းစားမိတာက မေမေဟာ အဲဒိအချိန်တုန်းက ကျမအခုအရွယ် အသက်၃၇ နှစ်လောက်ဖြစ်ပါ
တယ်ရှင်၊မေမေ ဟာ အဲဒီတုန်းက ဘယ်ပွဲဖြစ်ဖြစ် အရမ်းတက်တက်ကြွကြွဦးဆောင်လုပ်နိုင်ခဲ့တာပါ။
ကျမတို့ ကလေးတွေက ကတယ်၊ မေမေက သီချင်းဆိုတယ်၊Announcer လုပ်တယ်လေ။
အဟဲ..ပြောနေတုန်းပဲ အခု ကျမ မေမေရဲ့ ရယ်စရာအဖြစ်လေးတစ်ခုကို တွေးလိုက်မိပါတယ်။ အဲဒီတုန်း
က ကျမတို့ ကချင်ပြည်နယ် ၊မိုးညှင်းမြို့ ရဲ့ မြို့နယ်သင်္ကြန်မဏ္ဍပ်မှာ မေမေ က Announcer လုပ်ပါတယ်။
ပွဲက ညပိုင်းမှာလုပ်တာပါ။ မြို့နယ်ပွဲဆိုတော့ လူပရိဿတ်က အပြည့်ပဲပေါ့နော်။ အဲဒီမှာ မေမေ အစီအစဉ်
ကြေညာနေတုန်း လူတစ်ယောက်က အကူအညီတစ်ခုတောင်းလာပါတယ်၊ သူ့ညီ မုန်တိုင်းပျောက်သွားလို့
မိုက်ခ်နဲ့ အော်ပေးစေချင်ပါတယ်လို့ မေတ္တာရပ်ခံလာတာမို့ မေမေကလည်း အော်ပေးလိုက်ပါတယ်။ မေမေ
ဘယ်လို မိုကခ် နဲ့ အော်လိုက်သလဲဆိုတော့ " မုန်တိုင်း တဲ့ရှင့် မုန်တိုင်း " ဆိုတော့ လူတွေ ရုတ်ရုတ်သဲသဲ
ဖြစ်သွားခဲ့တယ်လေ။အဟား..နောက်မှ" မုန်တိုင်း ဒီမှာအစ်ကိုစောင့်နေပါတယ် စိတ်ပူနေပါတယ်၊ ဒီကိုလာ
ခဲ့ပါ" ဆိုတော့မှ ထပြီးမတ်တပ်ရပ်တဲ့သူတွေ ပြန်ထိုင်သွားပါတော့တယ်။ :P ဖေဖေဆို မေမေ့ကို စလို့ မဆုံး
ခဲ့ပါဘူး။
ကျမ ဆယ်တန်းစာမေးပွဲဖြေတော့ ၁၉၈၆ခုနှစ် ဘာသာစုံ အင်္ဂလိပ်စာနဲ့ စစချင်းစံနစ်သစ်ပါ။ မြန်မာစာတစ်
ခုပဲ မြန်မာလိုကျက်ရတာမို့ အင်္ဂလိပ်အားနဲတဲ့ ကျမအတွက် တော်တော်ဒုက္ခရောက်ခဲ့ပါတယ်။ ညကျောင်း
တွေတက် ကျုရှင်တွေတက်ရပါတယ်။ညကျောင်းဆိုတော့ မေမေ က အမြဲလိုက်ပို့ပေးခဲ့၊လာကြိုပေးခဲ့ပါတယ်။
အဲဒီတုန်းကအကြောင်းလေးကို နဲနဲပြောပြချင်ပါတယ်၊ ကျမဆယ်တန်းတုန်းက အတန်းပိုင်ဆရာမက မနှစ်
တုန်းက ကျမဆီကို သတိရစွာနဲ့စာရေးလာပါတယ်။ စာထဲမှာ သမီးတို့နှစ်က အစမ်းသတ်ခံနှစ်ဖြစ်သွားလို့
သမီးသူငယ်ချင်းတွေလည်း စာတော်ကြပေမယ့် နှစ်ချင်းပေါက်စာမေးပွဲမအောင်ကြပဲ စိတ်တွေလေပြီး ပျက်
စီးသွားတဲ့သူတွေထဲမှာ ကျမရဲ့အခင်ဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်ခဲ့တဲ့ အတန်းပိုင်ဆရာမရဲ့တူ ရေးချမ်း
ဟာဆိုရင် ဘ၀ပါပျက်စိးသွားကြောင်း အခုဆုံးသွားပြီတဲ့။ကျမ အလွန်ပဲ စိတ်မကောင်းဖြစ်ခဲ့မိပါတယ်။ကျမ
တို့ အုပ်စုတွေက စံနစ်သစ်ရဲ့ အစမ်းသတ်ခံဖြစ်ခဲ့ရတာပါ။ အင်္ဂလိပ်စာText book Wuthering Height
ကြီးက ကျမတို့ကိုတော်တော်ဒုက္ခရောက်စေခဲ့ပါတယ်။ ဆရာမတွေကလည်း ယောင်ဝါးဝါးသင်ပေးခဲ့တာကို
မှတ်မိပါသေးတယ်၊ စစချင်းစံနစ်သစ်မှာ ဆရာ၊ဆရာမတွေကိုလည်းတော်တော်ဒုက္ခရောက်စေခဲ့တာပါ။
တပည့်တွေက မသိနားမလည်သေးလို့ပြန်မေးရင်တောင်မှ သေခြာပြန်မရှင်းပြနိုင်ခဲ့ကြတာပါရှင်။ ဘိုင်အို
ဆရာဆိုလည်း ဆရာ့ကို မသိလို့ မေးမိရင်တောင် အားနာဖို့ကောင်းခဲ့တာပါ။ နောက်ရက်မှပြန်ရှင်းပြပေး
မယ်နော်ဆိုပြီး သူတို့လည်း သင်တာသင်ပေးရတာအားမရကြပါဘူး။နောက်စာသင်နှစ်တွေကျမှပဲ ဆရာ၊
ဆရာမတွေလည်း အတွေ့အကြုံများလာကြပြီး အဆင်ပြေသွားကြတာပါ။

ကျမဆယ်တန်းစာမေးပွဲဖြေတော့ မန္တလေးက ပုဏ္ဍားဗေဒင်ဆရာက ကျမကိုဘယ်နေ့မှာဘာအရောင်ဝတ်ရ
မယ်၊ လွယ်အိတ်က အစဘာအရောင်ဆောင်ရမယ် ၊ အတန်းထဲဝင်ရင် ဘယ်ခြေလှမ်းနဲ့ စ၀င်ရမယ်၊ အဖြေ
စာရွက်အပေါ်မှာ လက်ခလယ်နဲ့ ဘယ်လိုရေးရမယ်ဆိုတာတွေကို ဟောကြားခဲ့လို့ မေမေက အကုန်စီစဉ်ပေး
ခဲ့တာပါ။ ကျောင်းအတွင်းအထိမေမေက လိုက်ပို့ပေးခဲ့ပြီး အပြန်လဲလာကြိုပေးခဲ့ပါတယ်။စာမေးပွဲ ခန်းထဲမှာ
ဂါဌါလည်း ရွတ်ရသေးတာရှင့်။အဟတ်

အဲဒီ ဗေဒင်ဆရာရဲ့စောင့်ရှောက်မှုကြောင့်လားမသိပါဘူးရှင် ကျမတို့ မိုးညှင်းမြို့မှာ အထက.၁ နဲ့ အထက.၂
ဆိုပြီးအထက်တန်းကျောင်း ၂ကျောင်းရှိရာမှာ အဲဒီနှစ်က သိပံတွဲ က ကျမအပါအ၀င် ၅ ယောက်ပဲအောင်ပါ
တယ်၊ ၀ိဇ္ဇာတွဲကတော့ မမှတ်မိတော့ပါဘူး. ၀ိဇ္ဇာတွဲလဲ အောင်တဲ့သူအလွန်နည်းခဲ့ပါတယ်။ ကျမတို့ အထက
၂ မှာ ကျောင်းသူ ကျောင်းသာ ၄၃ ယောက်ရှိရာမှာ ကျမနဲ့ ယောကျာင်္လေးတစ်ယောက်ပဲစာမေးပွဲအောင်ခဲ့
ကြတာပါ။ စာတော်တဲ့သူတွေ တော်တော်များများ မအောင်ခဲ့ကြပါဘူး။ကျမလည်း အောင်တော့အောင်မယ်
အမှတ်တော့ကောင်းမှာမဟုတ်ဖူးဆိုတာကြိုသိခဲ့ပေမယ့် ကျမရဲ့ဖေဖေ နဲ့မေမေ က အမှတ်မကောင်းချင်နေ
သမီးက ကျန်းမာရေးကောင်းတာမဟုတ်ဖူး မဖျက်နဲ့ အောင်ရင်တော်ပြီ ဆိုလို့ဆက်ဖြေခဲ့တာပါ.ဂုဏ်ထူး
တစ်ဘာသာမှ မပါခဲ့ပါဘူး။ ဒါပေမယ့် အဲဒီနှစ်က ဆယ်တန်းကို ထူးထူးခြားခြားအောင်ခဲ့တဲ့ ကျမတို့ကို မြို့
နယ်က ဆုပေးပွဲလုပ်ပေးပါတယ်၊ ဂုဏ်ထူးမပါပဲ ဆုတက်ယူခဲ့ရပါသေးတယ်ရှင်။ မေမေကတော့ ပီတိတွေ
ဝေနေခဲ့တာပေါ့နော်။ဆယ်တန်း မှာတစ်မြိုနယ်လုံး ကျောင်းသူ၊ ကျောင်းသား ၁၀၀ကျော် ဖြေရာမှာ ၅
ယောက်ပဲအောင်တဲ့ အထဲမှာသမီးဖြစ်သူကပါလို့လေ။
အဲလိုနဲ့ ကျမ မြစ်ကြီးနာဒီဂရီကောလိပ်မှာ သတ္တဗေဒအဓိကနဲ့ တက်ရတော့ ဖေဖေ နဲ့ မေမေတို့ ကို စခွဲရ
ပါတယ်။ အဲဒီတုန်းက ဖေဖေ နဲ့ မေမေ တို့ရဲ့ မျက်ဝန်းမှာ မျက်ရည်စတွေနဲ့ပါရှင်။
ကျမ မင်္ဂလာဆောင်တော့လည်း ဖေဖေနဲ့ မေမေတို့မှာ ၀မ်းသာ ၀မ်းနဲ ပီတိမျက်ရည်တွေနဲ့ပါ။ ကျမကို အ
ရမ်းချစ်ကြတဲ့ ဖေဖေ နဲ့မေမေ တို့ရဲ့စေတနာတွေ ၊ဂရုစိုက်ခဲ့မှုတွေကို သတိရရင်း ဒီပို့စ်လေးကို ရေးဖြစ်လိုက်
ပါတယ်။ ချစ်သော မေမေ ကျန်းမာပျော်ရွှင်ပါစေ။

အားလုံးကို လေးစားခင်မင်လျှက်
ဝါ၀ါခိုင်မင်း

Thursday, October 23, 2008

WATASHI NO MUSUME ( ကျမရဲ့သမီးလေး)





ခေါင်းစဉ်လေးက 私 の 娘 ( WATASHI NO MUSUME ) ၀တရှိ နို မုစုမဲ ( ကျမ ရဲ့ သမီးလေး) အကြောင်းရေးမလို့ပါရှင်။
သမီးလေးကို လွန်ခဲ့တဲ့ ၂ ရက်က OMEDETO ( အိုမဲဒဲတို) လို့ ဂုဏ်ယူစွာပြောခဲ့မိပါတယ်ရှင်။ OMEDETOဆိုတာ Congratulations ပါ။ အကြောင်းကတော့ သမီးလေး မေမြတ်နိုးခိုင် ဟာ ကလေးပေါင်း၂၉ ယောက်ရှိတဲ့ အတန်းထဲမှာ ဂျပန်စာလက်ရေးအလှဆုံးသူအဖြစ် အရွေးချယ်ခံရပါတယ်။ ဂျပန်ကလေးတွေကြားထဲမှာထူးထူးခြားခြားပဲ အတန်းရဲ့ လက်ရေးအလှဆုံးသူအဖြစ် ရွေးချယ်ခံရလို့ ကျမတို့မှာ ၀မ်းသာဂုဏ်ယူမိခဲ့ပါတယ်။ သမီးလေး ဟာ အတန်းသူ အတန်းသား ၂၉ ယောက်ရဲ့代表 ( Daihyou)ဒိုင်းဟရော(မြန်မာလို စံပြ ကိုယ်စားလှယ် )အဖြစ်ရွေးချယ်ခံခဲ့ရတဲ့ အတွက် သူကိုယ်သူ ပီတိတွေဖြစ်ပြီး ၀မ်းသာနေခဲ့တာပါ။ ကျမလည်း ဂျပန်စာမှာ ထွန်းထွန်းပေါက်ပေါက်ဖြစ်တဲ့ သမီးလေးကို ဂုဏ်ယူ ကျေနပ်မိပါတယ်။ ဂျပန်မှာက အတန်းတိုင်မှာ လက်ရေးလှသူတစ်ယောက်စီရွေးပြီး ကျောင်းပေါင်းစုံရဲ့ လက်ရေးလှပြိုင်ပွဲကိုဝင်စေပါတယ်.. အဲဒီပြိုင်ပွဲမှာနိုင်ရင်တော့ ရွှေတံဆိပ်တွေ၊ငွေတံဆိပ်တွေ ရမှာပေါ့ရှင်။

သမီးလေးရဲ့ ဂျပန်လက်ရေးဟာ တော်တော်လေးလှပါတယ်။ဒါပေမယ့် သမီးလေးဟာ ဒီနေ့တော့ တော်တော်လေးစိတ်ညစ်နေပါတယ်.အကြောင်းကတော့ ကျောင်းဆင်းချိန်မှာ သမီးလေးရဲ့ အတန်းပိုင်ဆရာမနဲ့အတူ လက်ရေးပိုလှအောင် လေ့ကျင့်နေရတော့ သူများတွေကျောင်းပြန်ပေမယ့် သူ့မှာမပြန်ရသေးတော့ 代表 ( DAIHYOU) မဖြစ်ခဲ့ရင်ကောင်းသား တဲ့ ကျမကိုပြောပြတော့ ကျမက ဘာဖြစ်လို့လဲဆိုတော့ သူငယ်ချင်းတွေက ကျောင်းအရင်ပြန်ရပြီး သူမပြန်ရလို့ပါတဲ့။ ဟဟား
ကျမမှာ ငိုရမလို ရယ်ရမလိုလေ။း) ကြိုးစားပါ သမီးလေးရယ်.. သမီးလေးက တော်လို့ အရွေးခံရတာလို့အားပေးနှစ်သိမ့်ရပါသေးတယ်။အိမ်ရောက်တော့လည်း လက်ရေးလှလေ့ကျင့်ဘို့ ဆရာမကပေးလိုက်တဲ့ စာတွေကိုကြည့်ပြီး ရေးပြီးလေ့ကျင့်ရသေးတယ်လေ။သူလည်း နဲနဲတော့ စိတ်ပင်ပန်းရှာမှာပါ။ပြိုင်ပွဲ ဆက်ဝင်ရမှာမို့ သူ သေသေခြာခြာလေးတော့ ရေးပြီးလေ့ကျင့်နေရှာပါတယ်။

သမီးလေးကိုချီးမြှောက်ချင်လို့ ဒီပို့စ်လေးကိုရေးဖြစ်လိုက်ပါတယ်ရှင်။

သမီးလေးကိုချစ်ခင်ကြသောမောင်နှမများ မျှဝေခံစားနိုင်ပါစေ။


အပေါ်ပုံက သမီးလေးရဲ့ ဆရာမ လက်ရေးဖြစ်ပြီး မှင်နီလေးတွေနဲ့ မှားတတ်တဲ့နေရာလေးတွေကိုသင်ပြပေးထားတာပါ။

အောက်ပုံလေးကတော့ သမီးလေး မေမြတ်နိုးခိုင် ရဲ့ ဂျပန်စာလက်ရေးဖြစ်ပါတယ်ရှင်။

လေးစားခင်မင်လျှက်

ဝါ၀ါခိုင်မင်း

Wednesday, October 22, 2008

လွမ်းနေပါသည် မြန်မာပြည် ( တတိယပိုင်း)

သံရုံးထဲဝင် ဘုရားတပြီးတော့ ခဏစောင့်နေ ပြီးတော့ ဗီဇာကအဆင်ပြေစွာရနေတယ်လေ။ အဟား.. ရတာနဲ့ တခါတည်း ဆာကူရာတာဝါ ကိုပြေး ည ၇.နာရီ TG လေယာဉ်လက်မှတ်ကိုဝယ် ဗိုက်ဆာတာနဲ့ လမ်းမှာဆင်းပြီးတစ်ခုဝင်စားပြီး ညနေရောက်ရင် လေယာဉ်စီးပြီး ဂျပန်ကိုသွားရတော့မှာမို့စိတ်လှုပ်ရှားနေခဲ့မိပါတော့တယ်ရှင်။ ကံကောင်းထောက်မစွာနဲ့ပဲ တနေကုန်အောင်သဲသဲမဲမဲရွာခဲ့တဲ့ ကိုရွှေမိုးက ညနေ ၄ နာရီလောက်မှာစဲသွားပြီး ရာသီဥတုပြန်သာယာလာတာမို့ တော်ပါသေးရဲ့လို့စိတ်ထဲဝမ်းသာမိခဲ့ပါသေးတယ်။ည ၇ နာရီလေယာဉ်ဖြစ်တာမို့ အိမ်ကနေ ၄ နာရီခွဲလောက်မှာစထွက်ဖို့ပြင်ထားကြပါတယ်။ အိမ်ကမထွက်ခင်မှာနှစ်ဖက်မိဘတွေကိုကျန်နေတဲ့ မြန်မာပိုက်ဆံတွေ အကုန်ခွဲပြီး ကန်တော့၊ အမတွေ မောင်လေးတွေကိုမုန့်ဘိုးတွေ ပေးရင်း ခွဲခွါရတော့မှာမို့ ၀မ်းသာ ၀မ်းနည်းဖြစ်ခဲ့ရပါသေးတယ်။ ကျမ က ဘယ်လောက်အထိလုပ်ခဲ့သလဲဆိုရင် လူဆိုတာသေမျိုးတွေလေ..ဘယ်အချိန်သေကြမယ်ဆိုတာ မပြောနိုင်တာမို့ ကျမတို့ဇနီးမောင်နှံ နှစ်ဦးပိုင်ဆိုင်တဲ့ ပစ္စည်းတွေ တိုက်ခန်းတွေကို များများစားစား မဟုတ်ပေမယ့် အသေအခြာပဲ နှစ်ဖက်မိဘ ၄ ဦးနာမည်နဲ့ လွှဲထားပေးခဲ့ပါတယ်။ ရောင်းရင် မိဘလေးဦးသဘောတူလက်မှတ်ထိုးပြီးရောင်းနိုင်အောင်အထိ စီစဉ်ပေးခဲ့တာပါ။ စာချုပ်စာတမ်း
တွေကိုလည်း တစ်ဖက်တစ်စုံစီ ထားပေးခဲ့တယ်။့မြန်မာပြည်ပြန်ရောက်ရင်တော့ပြန်ယူမှာပေါ့နော်..အဟီး
ဂျပန်ခရီးထွက်မယ်ဆိုတာကို အဲဒီရက်မှာပဲဗီဇာရ ၊ အဲဒီရက်မှာပဲလေယာဉ်လက်မှတ်ဝယ် ပြီး အဲဒီရက်မှာပဲခရီးထွက်တော့မှာမို့ ကျမတို့ခရီးထွက်မှာကို တော်တော်များများ
သိမနေခဲ့ပါဘူး။ ရပ်ကွက်ထဲကသူတွေကို
တောင် သေခြာမနှုတ်ဆက်ခဲ့လိုက်ရပါဘူး။ ကျမတို့ ဆေးခန်းမှာထိုင်တဲ့ ဆရာဝန်၊ဆရာဝန်မလေးတွေကလည်း ကျမကို မပြောလို့တဲ့ သူတို့ဆရာကိုဘာလက်ဆောင်မှ မထည့်ပေးလိုက်ရဘူးဆိုပြီး သူတို့ကို ဖုန်းဆက်ပြီး နှုတ်ဆက်တာ့အပြစ်တင်ကြပါသေးတယ်။ကျမမှာ ဗီဇာက လက်ထဲမှာမရှိနေတော့ မသေခြာသေးဘူးဆိုပြီး ရင်းနှီးတဲ့သူတွေကိုတောင်မပြောပြခဲ့တာပါ။တကယ်တော့ အားလုံးဟာ
မြန်မာပြည်မှာဆိုရင် ကျမကိုချစ်ခင်ဖော်
ရွေပြီးကူညီစောင့်ရှောက်ခဲ့ကြတဲ့သူတေဖြစ်ပါတယ်။အားလုံးကို ကျမ ဒီကနေ လွမ်းနေ သတိရနေပါတယ်။

ညနေ၅နာရီမထိုးခင်လောက်မှာ အိမ်ကနေထွက်ကြပြီး လေယာဉ်ကွင်းကိုရောက်တော့ အခုဒီခရီးဟာ ကျမရဲ့ ပထမဦးဆုံးအကြိမ် နိုင်ငံခြားခရီးစဉ်ဖြစ်တာမို့ စိတ်လှုပ်ရှားနေတယ်.ဘာတွေလိုအပ်မလဲဆိုပြီး လေယာဉ်မထွက်မချင်း စိတ်ပူနေခဲ့ပါတယ်။ အဲလိုနဲ့ အိတ်တွေကိုပေါင်ချိန်တော့ ပြဿနာက စပါတော့တယ်။ လိုက်ပို့တဲ့သူတွေက အပြင်မှာကျန်နေခဲ့ပြီး ကျမနဲ့ သမီးလေးနှစ်ယောက်အထဲဝင်လာရပြီမို့ အိတ်တွေကိုပေါင်ချိန်တဲ့စက်တွေနားမှာထိုင်ပြီး Check out လုပ်နေတဲ့မမချောချောက မထင်မှတ်တဲ့စကားကိုပြောလာပါတော့တယ်။ ကျမက အဲဒီအခန်းထဲဝင်လာတော့ စားပွဲမှာယူနီဖောင်းဝတ်ပြီးထိုင်နေတဲ့ အဲဒီမမကို ချောလိုက်တာ၊ ကျက်သရေရှိလိုက်တာဆိုပြီး ငေးကြည့်နေမိခဲ့တာပါ။ တော်တော်လေးလှပြီး. တော်တော်လေးကျက်သရေရှိတာပါရှင်။
ပစ္စည်းတွေပေါင်ချိန်တော့ သားအမိနှစ်ယောက်ဆို ကီလို ၄၀သယ်လို့ရပါတယ်။ကျမတို့ အိတ်၃ အိတ်ကို ချိန်လိုက်တာမှာ ၅၃ကီလိုရှိနေတော့ ကျမကလည်း အဲ အစ်မကြီးသဘောကောင်းပုံပေါက်တယ် ရမယ်ထင်နေတာကို ပစ္စည်းပေါင်ပိုနေတယ် ဘယ်လိုလုပ်မလဲ အခွန်ဆောင်နိုင်လားတဲ့ ကဲ..မေးပုံများ။


တကယ်ဆို ကျမလည်းလူကြီးလူကောင်းတစ်ယောက်မဟုတ်ပေမယ့် ကလေကချေတစ်ယောက်လည်းမဟုတ်ဖူးလေ ။သူမ က စကားကိုခပ်တည်တည်နဲ့ပြောပြီး အကြောကြီးနဲ့ အခွန်ဆောင်နိုင်လားလုပ်တော့
ကျမကလည်းမာနကြီးသူလေ ဆောင်နိုင်ပါတယ် ဆောင်မယ်ပေါ့နော်ပြောလိုက်တယ်။ တကယ်ဆို အိမ်ကလာကတည်းက ခရီးသွားဘူးတဲ့သူတွေက ကြိုပြောပြထားလို့ လေယာဉ်ကွင်းရောက်ရင် ရစ်တဲ့သူနဲ့တွေ့ရင် ပေါင်ပိုရင်ငွေဆောင်ရမှာမို့ အိတ်အပိုတစ်လုံးယူသွားပြီး ပေါင်ပိုနေတယ်ပြောရင်ထုတ်နိုင်မယ့်ပစ္စည်းတွေကို အပြင်မှာသတ်သတ်ထားလို့ မှာခဲ့ဘူးတာမို့ ကျမက အိတ်အပိုလေးရော ပိုရင်ထုတ်မယ်ဆိုပြီး ဘေးအိတ်တွေမှာထည့်ထားတွေကို ထုတ်ဖို့အစီအစဉ်ရှိခဲ့တာပါ။ ဒါပေမယ့် သူက မောက်မာတာမို့ ကျမကလည်းအောက်ကျနောက်ကျတော့မခံတော့ပါဘူး ။ အခွန်ဆောင်ပါမယ်
ဘယ်လောက်ကျပါသလဲလို့မေးလိုက်တယ်လေ. သူမ က တွက်ပြီး ၁၃၆ ဒေါ်လာကျပါတယ်တဲ့။ မျက်နှာက တပြားသားမှ အပြုံးမရှိ တော်တော်စိတ်ညစ်စရာကောင်းတယ်လေ။ငါပါဝါရှိတယ်။ငါတတ်တယ်၊ ငါသိတယ်ဒီနေရာမှာငါဆရာဆိုပြီး မောက်မောက်မာမာနဲ့ဆက်ဆံတဲ့သူတွေကို ကျမက အရမ်းမုန်းတာလေ။သူမ ကိုယ်သူမတော့ဘယ်လိုထင်နေခဲ့တယ်မသိဘူး။ ကျမက သူမကိုမြင်တာနဲ့ ချောလွန်းလို့ချစ်ခင်ခဲ့မိပေမယ့် သူမရဲ့ ဟန်ပန်မူရာ ဆက်ဆံပုံတွေကြောင့် တမဟုတ်ချင်းပဲ အမုန်းစိတ်
ဝင်သွားမိပါတော့တယ်။ :P
အခွန်ဆောင်ရတဲ့ဒေါ်လာငွေ ၁၃၆ ဒေါ်လာကိုမှတ်မိပေမယ့် ပေါင်ပိုကိုတော့ ကျမ အတိအကျမ
မှတ်မိတော့ပါဘူး။ ကျမလည်း ပိုက်ဆံကိုထုတ်ပြီးရော့အင့်ဆိုပြီးပေးလိုက်တယ်။ ကိုယ်ပိုက်ဆံပေးလိုက်ရလို့မဟုတ်ပဲ သူမရဲ့ ညံ့ဖျင်းလှတဲ့ဆက်ဆံရေးကြောင့် ကျမသူမ ကို အမုန်းစိတ်ဝင်သွားမိခဲ့တယ်။ ကျမ၀ါဝါခိုင်မင်းဟာ သူတော်ကောင်းမဟုတ်ပါဘူး။
လူတွေကိုတတ်နိုင်သလောက် ချစ်ချစ်ခင်ခင်ဖေးဖေးမမဆက်ဆံတတ်ပါတယ်။ငယ်ငယ် ကတည်းကမောင်နှမ နဲခဲ့သူမို့ လူတွေကျမကိုနွေးနွေးထွေးထွေးဆက်ဆံလာရင်ကြိုက်နှစ်သက်သလို ကျမကလည်းလူတွေကို တတ်နိုင်သလောက် နွေးထွေးခင်မင်စွာဆက်ဆံတတ်ခဲ့တာ အခုအထိပါပဲ။ ကျမ မှာလဲမာနလေးတော့ရှိပါတယ်.ကျမက သူတော်စင်မှ မဟုတ်တာကိုနော်.
သူမကိုပိုက်ဆံရှင်းပေးပြီးတော့ ကိစ္စတစ်ခုပြီးသွားပြီ. လေယာဉ်ပေါ်တက်ဖို့ ထိုင်စောင့်ရုံပဲလေ. စိတ်ကတော့ နဲနဲတိုနေခဲ့တယ်. အဲဒီကျက်သရေရှိပြီးလှပခန့်ညားလှတဲ့ အမျိုးသမီးကြောင့်ပေါ့။ လေယာဉ်ဆိုက်လာတော့ သားအမိနှစ်ယောက် လေယာဉ်ပေါ်တက်ကြပါတယ် လေယာဉ်ပေါ်တက်နေတုန်း အဝေးကြီး ဧည့်ခန်းဆောင်ကနေ တာ့တာပြနေကြတဲ့ ဖေဖေတွေ၊မေမေတွေ မမတွေနဲ့ မောင်လေးတွေကိုဝေေ၀၀ါဝါး
အဝေးကနေတွေ့မြင်နေခဲ့ရပါတယ်။အဲဒီအချိန်ဟာ ၊
အဲဒီနေ့ဟာ ကျမ ဖေဖေကို ကျမနောက်ဆုံးအကြိမ်အဖြစ်တွေ့ခဲ့ရခြင်းဆိုတာ ကျမလုံးဝကြိုမသိခဲ့ရပါဘူးလေ။
သမီးလေးနဲ့ အတူတူလေယာဉ်ပေါ်တက်ပြီး လေယာဉ်ပေါ်ရောက်တာနဲ့ သမီးလေးက ခုံတစ်ခုံမို့ ခဏကြာတာနဲ့ အိပ်ပျော်သွားခဲ့ပါတယ်။သမီးလေးနှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်သွားခဲ့ပေမယ့် ဘန်ကောက်အထိ လေယာဉ်က ၁ နာရီကျော်ကျော် သိပ်မကြာလိုက်တာမို့ သမီးလေးကိုနှိုးရပါတယ်။ သမီးလေးကလည်း သူ့ ကလေးတွန်းအိတ်လေးနဲ့သူပါ။ သူပစ္စည်းတွေသူအိတ်ထဲမှာအသေအခြာထည့်ထားခဲ့တာပါပဲ။ သမီးလေးက ကျမကို ငယ်ငယ် ကတည်းက အရမ်းသိတတ်ခဲ့တာပါရှင်။အရမ်းလည်းလိမ္မာခဲ့တာပါ။ သမီးလေး ထထ မေမေ တစ်ယောက်တည်းပစ္စည်းတွေမနိုင်ဘူး ၊သမီးအိတ်သမီးတွန်း ဆိုတော့ အရမ်းအိပ်ချင်မူးတူးလေးနဲ့ အိပ်ရာနိုးလာပြီး ဘန်ကောက်လေဆိပ် ရောက်တာနဲ့ ကြည်ကြည်လင်လင်လေးဖြစ်နေပါတယ်။ သားအမိနှစ်ယောက် Transit counter ကိုသွားတော့ ဖြစ်ပုံများ သားအမိနှစ်ယောက်ခုံတွဲရက်မရပါဘူးတဲ့ရှင်။ အို..ဒွတ်ခ..ဘီလိုလုပ်ရပါ့..အဲဒါနဲ့ တတ်သလောက်မှတ်သလောက်လေး အင်္ဂလိပ်စာနဲ့ ထိုင်းမကြီးကိုမှုတ်ရတာပေါ့နော်. သူမကလည်း အဆင်ပြေရင်စီစဉ်ပေးပါမယ် ခဏစောင့်ပါဦးဆိုလို့ ကျမတို့သားအမိ တော်တော်လေးစောင့်လိုက်ရပါတယ်ရှင်. သမီးလေးနဲ့ကျမ ခုံတွဲရက်မရလို့ဘယ်ဖြစ်ပါ့မလဲနော်။ ကလေးကဖြင့် ၃ နှစ်ကျော်ကျော်ပဲရှိသေးတယ်။သူတို့မို့လို့ ကိုယ်ချင်းမစာ။ ကျမဆိုရင်လည်းတစ်ယောက်တည်းထိုင်နိုင်ပါဘူးလေ.. ဒီသမီးလေးပဲ အဖော်လုပ်လာရတာနော်။ အဲဒါနဲ့ပဲ နောက်ဆုံးတော့ တွဲရက်ခုံလက်မှတ်ရခဲ့ပါတယ်ရှင် .တော်ပါသေးရဲ့။ တကယ်ဆို ကျမက သူကိုကျေးဇူးတင်လွန်းလို့ ထိုင်းစကားနဲ့ ခပ်ပွန်းခပ် (ကျေးဇူးတင်ပါတယ်) လို့ပြောခဲ့လိုက်ချင်တာနော်.အဲဒီ ခပ်ပွန်းခပ် စကားလေးက မနေ့တုန်းကမှ မောင်လေးမောင်မျိုးဆီက တတ်လာတာလေ။ အဟီး. အဲဒီတော့ ဘိုလိုပဲ မှုတ်ခဲ့ရတာပေါ့။ Thank u so much :P
ခုံနံပါတ်ရတာနဲ့ သားအမိနှစ်ယောက် ပြောင်းစီးရမယ့်လေယာဉ်ကိုလိုက်ရှာကြပြီး နေရာတွေ့တော့ ခုံတန်းတွေမှာထိုင်ပြီးစောင့်နေလိုက်ပါတယ်။ ဂျပန်ကိုလေယာဉ်က ည ၁၁ နာရီ ခွဲမှထွက်မှာလေ။ ၁နာရီကျော်ကျော်လောက် ထိုင်စောင့်ပြီးမှ ဂျပန်ကိုထွက်ခွါမယ့် TG လေယာဉ်ပေါ်တက်ပြီးသကာလမှပဲ ကျမ၀ါဝါခိုင်မင်း စိတ်ကိုဒုန်းဒုန်းချနိုင်ပါတော့တယ်ရှင်။ ဟုတ်တယ်လေ. ပြည်ပခရီး.ပြီးတော့ ကလေးတစ်ယောက်နဲ့ ပထမဆုံးကျမရဲ့ အတွေ့အကြုံလေ။ ဘန်ကောက်မှာပြောင်းစီးစရာမလိုပဲ မြန်မာပြည်ကနေ ဂျပန်Direct ဆိုလို့ကတော့ အေးဆေးပေါ့နော်.ပူစရာမလိုပါဘူး။ ည လေယာဉ်ပေါ်တက်ရင် မနက်ဆို ဂျပန်ရောက်သွားမှာပေါ့။ ခုတော့မဟုတ်ပါဘူး ဘန်ကောက်မှာလေယာဉ်ပြောင်းစီးရတော့ ကျမမှာ စိတ်ပူနေခဲ့ရတာလေ. လက်မှတ်စောင့်နေချိန်မှာ လေယာဉ်မမှီဖြစ်မှာစိုးတာနဲ့ ဘန်ကောက်လေဆိပ် ဒီလောက်အကျယ်ကြီးမှာ လေယာဉ်မှားစီးမိမှာလည်းစိတ်ပူခဲ့ရသေးတယ်လေ။မဟုတ်ဖူးလာနော်.ကျမမှာ ကလေးတဖက်နဲ့ .အဟတ် :P
ည၁၁ နာရီခွဲတာနဲ့ လေယာဉ်စထွက်လိုက်တာ သမီးလေးကလေယာဉ်ပေါ်ရောက်တာနဲ့ အေးအေးဆေးဆေး
ပဲ ထပ်အိပ်ပျော်သွားပါလေရော. သမီးလေးအတွက် ကျမ သိပ်မပူလိုက်ရဘူးလေ.. ကိုယ့်အတွက်ပဲကိုယ်ပူနေရတာ.အဟား..လေယာဉ်ကြီးက လူးလူးလိန့်လိန့်ဖြစ်ရင် ကျမမှာ ဘုရားစာတွေရွတ်ပြီးတော်တော်နဲ့ အိပ်မပျော်နိုင်ခဲ့ပါဘူး ။ တောသားလေ.ကြောက်တာပေါ့နော်.အဟီး .လေယာဉ်စီးတာကတော့ ပထမဦးဆုံးအကြိမ်မဟုတ်ပါဘူး။ မြန်မာပြည်မှာ တောင်ကြီးသွားတုန်း ၂ခေါက်တော့ စီးဘူးခဲ့သေးတာ။ ဒါပေမယ့် လေယာဉ်စီးရတာကြောက်တယ်.အဟဲ. ကျမမှာ အားကိုးစရာလူကြီးမှ ဘေးမှာမပါတာကိုနော်.ပါရင်တော့ ကြောက်မှာမဟုတ်ပါဘူး။ :P
မနက် ၇ နာရီလောက်မှာပဲ ဂျပန်ပြည်ကို လေယာဉ်ဆိုက်ရောက်ပါတော့တယ်။ ကဲ..ဇာတ်လမ်းက ရေးရင်းနဲ့ ရှည်နေပြီ.ဟိုရောက်.ဒီရောက်နဲ့ . တကယ်တော့မြန်မာပြည်ကိုလွမ်းလို့ ရေးရင်းနဲ့မောင့်ကိုလွမ်း
လို့လိုက်လာတာဖြစ်နေပြီ။ အဟီး..တိတော့ဘူး။သည်းခံပြီးဖတ်ပေးကြပါနော်.။ဂျပန်လေဆိပ်ရောက်တော့ တတ်သလောက် မှတ်သလောက် ဂျပန်စကားသင်ထားတာလေးတွေနဲ့ ဟိုမေး ဒီမေးလုပ်ပြီး ပစ္စည်းတွေရွေး တွန်းလှည်းပေါ်တင်..ပြီးတော့သားအမိနှစ်ယောက်အပြင်ထွက်လာကြတော့..ဟော တွေ့ပါပြီ ဘယ်သူလို့ထင်ကြပါသလဲ.. ဟဲဟဲ.သိနေတာပဲနော်..ပြောတော့ပါဘူး။
၂ လတာခွဲခွါနေကြတဲ့ မိသားစုတွေပြန်ဆုံလိုက်ကြတာ အရမ်း အရမ်း အရမ်းကို ပျော်စရာကောင်းခဲ့ပါတယ်ရှင်။ :D

ပြီးပါပြီ။
ဆက်မရေးတတ်တော့ပါဘူး။း)
ပျော်ရွှင်ချမ်းမြေ့ အားကျနိုင်ကြပါစေ။ :P


အားလုံးကိုလေးစားခင်မင်လျှက်
ဝါ၀ါခိုင်မင်း

Tuesday, October 21, 2008

လွမ်းနေပါသည် မြန်မာပြည် ( ဒုတိယပိုင်း)


သမီးလေးက သူ့ဖေဖေကြီးကို နေ့တိုင်းလွမ်းနေခဲ့ပါသည်။ နေ့တိုင်းဖုန်းဆက်ကြတယ်။ ဂျပန်ကလည်းဆက်၊မြန်မာပြည်ကလည်းဆက်ပေါ့။ တတ်နိုင်ဘူး ။ လွမ်းကြတာကို လွမ်းပါစေပေါ့။ အဟီး
ကျမကတော့ မြန်မာပြည်မှာ မြန်မာလူမျိုး အမျိုးအဆွေတွေနဲ့ နေနေရတော့အရမ်းမလွမ်းခဲ့မိသလိုပါပဲ။ အဟဲ..မြန်မာပြည်မှာဆိုရင် ကျမမှာ ဖေဖေ၂ယောက် မေမေ၂ယောက် ရှိတယ်။ မောင်နှမတွေက အစ်မ၂ ယောက် မောင်လေး၂ ယောက်ရှိတယ်လို့ ပြောလို့ရပါတယ်။ ဘာလို့လည်းဆိုရင် ကျမမှာ ကျမရဲ့ မွေးသမိခင်ကျေးဇူးရှင် ချစ်သောမေမေ ဒေါ်ချိုချိုဝင်း နဲ့ ကျမအသက် ၂၆နှစ် အိမ်ထောင်ကျတဲ့ အချိန်ကတည်းက ကျမအပေါ် သမီးရင်းတစ်ယောက်လို ရင်းနှီးချစ်ခင်ခဲ့တဲ့ ကျမရဲ့ယောက္ခမမေမေ ဒေါ်အေးအေးမြတ်တို့ ၂ဦးရှိနေခဲ့သလို ၊ ဖေဖေ ဆိုရင်လည်း ကျမရဲ့ဖေဖေ နဲ့ ကျမအပေါ်သမီးရင်းမခြားချစ်ရှာတဲ့ ယောက္ခမဖေဖေတို့ ၂ ဦးရှိနေခဲ့ပါတယ်။ ပြီးရင် ကျမ မှာ ညီအစ်မ အရင်း မရှိခဲ့ပေမယ့် အမျိုးသားနဲ့ ရည်းစားဘ၀ စတွေ့တဲ့အချိန်ကတည်းကစပြီး ညီအမ အရင်းတွေလို ချစ်ခင်ပြီး ကျမအပေါ်အစစအရာရာ ကူညီစောင့်ရှောက်ပေး
နေတဲ့ အမျိုးသားရဲ့ အစ်မ ၂ယောက်လည်းရှိနေခဲ့ပါတယ်။ ပြီးတော့ ကျမမှာ မွေးချင်းမောင်နှမ ၂ဦးသာရှိပေမယ့် ကျမမောင်လေးနဲ့ ထပ်တူ ကျမအပေါ် အစ်မတစ်ယောက်လို ရိုသေလေးစားချစ်ခင်တဲ့ အမျိုးသားရဲ့ညီငယ်လေး ဟာလည်း ကျမရဲ့မောင်လေးတစ်ဦးပဲဖြစ်ခဲ့တာမို့ ကျမမှာ အဖော်တွေအများကြီးရှိနေခဲ့တာပါ။ မိဘ ၊မောင်နှမတွေ နဲ့ အတူမနေကြပေမယ့် သူတို့တွေရှိနေတာဟာ ကျမအတွက် အားဆေးတွေပါပဲရှင်။

မောင်နှမတွေအားလုံးက ရန်ကုန်မှာနေကြတာချင်းတူပေမယ့် နေထိုင်ကြတဲ့ ရပ်ကွက်တွေကပဲမတူနေကြတာပါ။ အမျိုးသားရဲ့ညီ မောင်ငယ်လေး ကတော့ အခု စင်္ကာပူမှာ ရောက်နေခဲ့ပါပြီ။ လာမယ့် ဒီဇင်ဘာမှာ မောင်လေးက စင်္ကာပူမှာ မင်္ဂလာဆောင်မှာမို့ ကျမတို့ မိသားစုကို ဆက်ဆက်လာဖို့ ခေါ်နေပါတယ်။ ကျမတို့လည်းအရမ်းသွားချင်နေကြပါတယ်။ ဘလော့ဂါမောင်နှမတွေနဲ့လည်း ဆုံရမှာလေ။ သွားဖြစ်ခဲ့ရင်တော့ ပျော်စရာကြီးဖြစ်မယ်ထင်ပါတယ်။ အခုအထိတော့ မသေခြာသေးပါဘူး။ ဒီဇင်ဘာမှာ စင်္ကာပူကို လာချင်လာဖြစ်ပါဦးမယ်။ အိမ်ရှင်တွေ ကြိုပြီးပြေးလို့ရအောင် ကြိုပြောထားတာပါ။း)

အမျိုးသားက ဂျပန်ကိုလာပြီး ကျမတို့သားအမိလည်းဂျပန်ကိုတော်တော်နဲ့မလိုက်ရလောက်သေးပါဘူးဆိုပြီး အေးအေးဆေးဆေး နေနေခဲ့ကြတာပါ။ သားအမိ နှစ်ယောက် Shoppingထွက်လိုက် ၊ မုန့်ထွက်စားလိုက်နေခဲ့ကြတာပေါ့။ နောက်ပြီး မြန်မာပြည်မှာက ကျမကြိုက်တဲ့ အစားအစာတွေက အစုံပါပဲရှင်။ (ကျမက ဂျပန်အစားအသောက်တွေက ပေါ့ရွှတ်ရွှတ်ကြီးမို့ သိပ်ခံတွင်းမတွေ့ပါဘူး။) မြန်မာပြည်မှာဆိုရင်ကျမတို့အိမ်က ယုဇနပလာဇာနဲ့နီးတော့ ယုဇနပလာဇာကိုတော့ တစ် ပတ် ၃ခါလောက်သွားပတ်ကြတာပါ။ သမီးလေးက မြန်မာပြည်မှာတုန်းက MR. DONUTS နဲ့ MY MILK ဆိုင်လေးတွေမှာ အအေးသောက်ပြီးမုန့်စားတယ်။ ကျမကယုဇနပလာဇာအပေါ်ထပ် ၄လွှာ စားသောက်ဆိုင်တွေရှိတဲ့နေရာမှာ ကြက်ဆီထမင်း နဲ့ ကုန်းထက် ရေခဲမုန့် ကို အရမ်းကြိုက်တာလေ။နောက်
ပြီး ယုဇနပလာဇာမှာ လည်ပတ်စားသောက်ပြီးပြန်လာရင် အပြန်မှာ မ၀ယ်မဖြစ်ဝယ်တတ်တာက ပလာဇာ နားက ကြက်သျှာစွန်းဒံပေါက်ပါပဲ။ ကျမလည်းအရမ်းကြိုက်တာလေ။ :P အဲလိုပဲ တခါတလေ သားအမိ ၂ ယောက်ပဲဆိုရင် မနက်စာရော၊ နေ့လည်စာရော၊ ညစာကိုရော အပြင်မှာပဲဖြစ်သလိုလေးဝယ်စားကြတာပဲ။ အဟတ်.. ကျောက်မြောင်းတဲ့ သိတယ်မဟုတ်လား ကျောက်ရေတွင်းလမ်းတလျှောက်မှာ စားသောက်ဆိုင်တွေ စုံမှစုံလေ။ အဲဒီတော့ ချက်စားတော့ဘူးပေါ့။း) အိမ်ရှေ့မှာလည်း ရှမ်းအစားအသောက်နဲ့ တရုပ်စားသောက်ဆိုင်တွေရှိတော့ တခါတလေအိမ်ပေါ်ကနေအော်လိုက်တာပဲ။ မှာတာကို သူတို့က အိမ်လာပို့ပေးတယ်လေ။အဆင်ကိုပြေလို့။ :P အဲဒါတွေမြန်မာပြည်မှာပျော်တာပေါ့နော်။ ညနေဆို အပြင်နဲနဲထွက်လိုက်
တာနဲ့ ကြေးအိုးစားမလား ရတယ်။ တခါတလေ အပြင်မထွက်ချင်လို့ ဖုန်းဆက်ပြီးမှာလိုက်ရင် အိမ်အရောက်လာပို့ပေးပါတယ်။ ထမင်းဆိုင်ကလည်း အိမ်ဘေးမှာကပ်ရက်ဆိုတော့ ကျမလည်း အပျင်းထူပြီး သမီးလေးနဲ့ပဲဆော့နေလိုက်တယ်။ သားအမိ ၂ယောက်ဗိုက်ဆာရင် အပြင်ထွက်စားလိုက်တာနဲ့ အဆင်ပြေသွားပါတယ်။
(ဒီဂျပန်မှာတော့၊ တခါတလေ နေမကောင်းရင် အိမ်မှာကျမ တစ်ယောက်တည်းလေ၊ အမျိုးသားကလည်းကျောင်းသွား၊ သမီးလေးကလည်း ကျောင်းသွားဆိုတော့ ၊အိမ်မှာတစ်ယောက်တည်းကျန်တယ်။ တခါတလေ ဖွယ်ဖွယ်ရာရာ တစ်ခုခုစားချင်ပေမယ့် ကိုယ်တိုင်မလုပ်နိုင်ဘူး။ အနီးအနားပတ်ဝန်းကျင်မှာလည်း မိတ်ဆွေကမရှိတော့ ဘယ်သူကိုမှ လုပ်ခိုင်းလို့လည်းမရ ၊ ဗိုက်ကဆာနေပြီ အိမ်နဲ့နီးနီးနားနားမှာ ၀ယ်စရာဆိုင်ကလည်းမရှိ ဆိုတော့ မျက်ရည်ဝိုင်းပြီး မြန်မာပြည်ကို အရမ်းလွမ်းနေခဲ့ဘူးပါတယ်။)

အဲလိုနဲ့သားအမိနှစ်ယောက် စားလိုက်သောက်လိုက်၊ လည်ပတ်လိုက်နဲ့နေလာကြပြီး၊
အမျိုးသားသွားပြီး (၁)လလောက်အကြာမှာ၊ "လိုက်လာဖို့အသင့်ပြင်ထားတော့၊ Certificate of Eligibility တင်ထားပြီးပြီ" လို့အမျိုးသားကဖုံးဆက်လာပါတယ်။ သူရောက်ပြီး(၂)ပတ်အကြာမှာသွားတင်ထားတာတဲ့။ အဲဒီစာရွက်ရရင်သံရုံးမှာဗီဇာယူလို့ရပြီလို့ပြောပါတယ်။ ဂျပန်စာကိုလည်း ၄၇ လမ်းက မိုမိဂျိဂျပန်စကားပြော

သင်တန်းမှာ သွားတက်ခိုင်းလို့ ဂျပန်စကားပြောသွားတက်ဖြစ်တယ်လေ။သမီးလေးနဲ့ အတူပေါ့။ ကျမသွားတက်တိုင်းသမီးလေးနဲ့ အတူပါ။ သမီးလေးက ဘယ်သူနဲ့မှချန်ခဲ့လို့မရဘူးလေ။ ဂျပန်စာကျောင်းမှာလည်း၊ ဆရာမMegumi နဲ့ကျောင်းသားကျောင်းသူတွေက သမီးလေးကို ခင်နေကြတယ်။ သမီးလေးကလည်း ဆရာမစာသင်ရင် သေခြာလိုက်မှတ်ထားတယ်လေ အဲဒီကတည်းကပဲ။ သူက စာတချို့တလေမှတ်မိနေခဲ့ ရနေခဲ့ပါတယ်။ဂျပန်စာကို တစ်ပတ်မှာ ၃ရက်ပဲ သွားသင်ဖြစ်တာပါ။သားအမိ ၂ယောက်TAXI နဲ့ပဲ အသွား အပြန်လုပ်ကြတာပေါ့။ ပိုက်ပိုက်တွေတော့ကုန်လိုက်တာသောက်သောက်လဲဘဲ။ အဲလိုနဲ့ပဲ ၂၀၀၅ ခု ၅ လပိုင်းမှာလားသေခြာတော့ မမှတ်မိတော့ ပါဘူး.တစ်ရက်မှာ သားအမိ၂ယောက် ဂျပန်စာသင်တန်းသွားရင်း လမ်းမှာ ကားလမ်းတွေပိတ်ထားလို့ ဘာဖြစ် မှန်းမသိကြဘူး ၊ TAXI မောင်းတဲ့သူကလည်းမသိဘူးလေ။ ကျောင်းရောက်ဖို့ ကွေ့ပတ်သွားလိုက်ရပါတယ်။ ကျောင်းရောက်မှ ဒဂုံစင်တာရယ်၊ JUNCTION8 ရယ် နောက်ပြီး ကျမတို့ အမြဲဖြတ်သွားနေတဲ့ သိမ်ဖြူလမ်းက ပြပွဲလုပ်နေတဲ့ နေရာမှာ(နေရာမေ့သွားလို့ ခွင့်လွတ်ပါ) ဗုံးပေါက်လို့ ဆိုပြီး ပြောနေကြပါတယ်။ အယ်..အိမ်ကထွက်လာတာလေ ဘာမှမသိဘူး ။ ကျောင်းရောက်မှပဲ ဗုံးကွဲတယ်ဆိုတာ သိတော့တာပါပဲ။ အဲဒီအချိန်မှာပဲ ဖုန်းဝင်လာပါတယ်.ကြည့်လိုက်တော့ အမျိုးသားဆီကဖုန်း ပါ. ကျမ ကတောင်ဘာမှ မပြောရသေးဘူး။ သူက ဗုံးပေါက်တယ်ဆိုလို့ မေးလာလို့ အယ် ..ကျမတောင်အခုမှသိတာ ဘယ်လိုလုပ်သိတာလဲ ဆိုတော့
ဂျပန်သတင်းတွေမှာ လာနေတယ်တဲ့။ မြန်ပါ့နော်။ ကျမတို့က ကိုယ့်နိုင်ငံထဲမှာနေပြီး မသိသေးတဲ့သူတွေအများကြီးပဲ။ နိုင်ငံခြားကလူတွေက ကြိုသိနေကြတယ်။
သူလည်းအရမ်းစိတ်ပူပြီးအပြင်မထွက်ဖို့ခဏခဏမှာပါတော့တယ်။ အဲလိုနဲ့ ဗုံးပေါက်ပြီး သားအမိ၂ယောက်မြို့
ထဲထွက် ရမှာတောင် ကြောက်လာခဲ့တယ်လေ။ မေလကုန်လောက်ကျတော့ အမျိုးသားက မြန်မာပြည်မှာဗုံးတွေကွဲတာနဲ့ စိတ်ပူ၊ သမီးလေးကလည်း အရမ်းလွမ်းနေတာနဲ့ဆိုတော့ ကျမတို့လာနိုင်ဘို့ကို အမြန်စီစဉ်လိုက်ပါတော့တယ်။ နောက်တစ်ပတ်ဆို ခေါ်စာရောက်မယ် စာရတာနဲ့ ချက်ချင်းဗီဇာယူပြီး အမြန်ဆုံးလာခဲ့ကြပါတဲ့။ ဗုဒ္ဓေါ.တကယ် မထင်ထားခဲ့တာလေ..အဲလောက်မြန်လိမ့်မယ်လို့ ။ အဲဒါနဲ့ပဲ ကျမ ခရီးသွားဘို့ကို အမြန်စီစဉ်ခဲ့ရပါတော့တယ်။ သမီးလေးကျောင်းသွားချိန်မှာ အိမ်သော့ပိတ်ပြီး လိုအပ်တာတွေဝယ်ဖို့ တစ်ယောက်တည်းစီစဉ်ရပါတော့တယ်။ယုဇနပလာဇာတွေရော ၊ စိန်ဂေဟာ၊119 ၊ ဒဂုံစင်တာ ၊ Super One super Market တွေကို လည်ပတ်သွားလာပြီး လိုအပ်တာတွေ စ၀ယ်ရပါတော့တယ်။ အမျိုးသားက လိုအပ်မယ်ထင်တာတွေ အစားအသောက်ကအစ ၊
အ၀တ်အစားအဆုံး ၊ဆေးဝါးတွေနဲ့ လိုအပ်
တာတွေဝယ်နိုင်အောင် မေးလ်ပို့လာတဲ့အတွက် လည်ပတ် ၀ယ်ရပါတော့တယ်။အဖော်လည်းခေါ်တဲ့အခါခေါ် ၊တစ်ယောက်တည်းပဲ လှုပ်ရှားခဲ့ရတာတွေက များပါတယ်။ပြီးရင် သမီးလေးကျောင်းပြန်လာချိန်ကို အိမ်ကိုအမှီပြန်လာနိုင်အောင်ပြေးရပါတယ်။ ယုဇနပလာဇာသွားပြီး ခရီးဆောင်အိတ်တွေဝယ် ပြီးရင် ၀ယ်ထားတဲ့ ပစ္စည်းတချို့ကိုထည့်ထား ၊ ဘယ်တော့သွားရမယ်ဆိုတာ မသေခြာသေးတာမို့စားသောက်စရာတွေကိုတော့မ၀ယ်ခဲ့သေးပါဘူး။ အဲဒီတစ်ပတ် အတွင်းမှာပဲ နာမည်ရှိစက်ဆိုင်တွေမှာချုပ်ခအမြန်ကြေးတွေပေးပြီး အ၀တ်အစားတွေအများကြီး ချုပ်ခဲ့ပေမယ့် အဲဒီအ၀တ်အစားတွေဟာ ဂျပန်မှာ လုံးဝနီးပါ မ၀တ်လိုက်ရပါဘူးရှင်။ :P

အဲဒီလိုနဲ့ပဲ ဇွန်လ ၆ ရက်နေ့မှာ ကျမဆီကို ခေါ်စာရောက်ရှိလာပါတော့တယ်။ အဲဒီနေ့က အင်္ဂါနေ့ဆိုတာ ကျမမှတ်မိနေပါသေးတယ်။ အဲဒါနဲ့ပဲ စာရရချင်း TAXI နဲ့ သားအမိနှစ်ယောက် ဂျပန်သံရုံးကိုဗီဇာယူဖို့အတွက် ပြေးရပါတော့တယ်။ ဂျပန်သံရုံးရောက်တော့သတ်မှတ်ချိန်ထက် နောက်ကျနေတာနဲ့ နောက်တစ်ရက် ဗုဒ္ဓဟူးနေ့လာဖို့ ချိန်းလိုက်ပါတယ် ။ ဗုံးကွဲထားတာမကြာသေးတော့ သံရုံးအ၀င်မှာလည်း အရမ်းစစ်တာပါပဲလေ။ တယ်လီဖုန်းလည်း အထဲယူခွင့်မရှိဘူး ဂိတ်မှာပဲထားခဲ့ရတယ်။ အဲလိုနဲ့ ကျမ တစ်ရက်နောက်ကျသွားတယ်ပေါ့။ မတတ်နိုင်ဘူး သံရုံးကနေတဆက်တည်း အိမ်မပြန်တော့ပဲ လေယာဉ်လက်မှတ်Bookingလုပ်ဖို့အတွက် SAKURA TOWERကိုပြေးရတယ်လေ။ အဟဲ ..ပြေးတယ်ဆိုလို့ TAXI နဲ့နော်။ရောက်တာနဲ့ လေယာဉ်လက်မှတ်ကို ၉ ရက်နေ့ သောကြာမှာ TG လေယာဉ်ကို ကြိုတင်ဘွတ်ကင်လုပ်ခဲ့ပါတယ်။ အဟား ဗီဇာ ကရသေးဘူးနော်။ သံရုံးမှာစုံစမ်းခဲ့တာက မနက်ဖြန်ဗုဒ္ဓဟူးနေ့ စာရွက်စာတန်းအပြည့်အစုံနဲ့တင်ရင် သောကြာနေ့မှာ ဗီဇာ ရပါမယ်တဲ့။ အဟတ်.. တင်လည်းမတင်ခဲ့ရသေးဘူး.. ဗီဇာလည်းရသေးဘူး .. ကျမလည်းသူတို့ကိုအကျိုးအကြောင်းပြောပြပြီး လေယာဉ်လက်မှတ် ဘွတ်ကင်လုပ်ထားလိုက်တော့တယ်။ သူတို့ကလည်း ဗီဇာမရရင်တော့ချက်ချင်းပြန်ဖုန်းဆက်ပြီးဖျက်ပေးပါတဲ့လေ။ ဟုတ်တာပေါ့နော်ကျမလုပ်ထားတာက လေယာဉ်လက်မှတ်ဝယ်မယ့်နေ့မှာပဲ ချက်ချင်းခရီးထွက်မှာလေ.အစီအစဉ်က ကွက်တိ။အဲဒီလိုနဲ့ ရတဲ့ကြားရက် ၂ ရက်မှာ သမီးလေးကျောင်းကိုသွား ကျောင်းထွက် ၊ အမျိုးသားရဲ့ကျောင်းကိုသွားပြီး အမျိုးသားသူငယ်ချင်းတွေကိုတော့ဘာမှမပြောပြဖြစ်၊နှုတ်မဆက်ဖြစ်ခဲ့ဘူး မသေခြာသေးလို့လေ။ဒါပေမယ့် ကျမတို့မိသားစုကို သားသမီးတွေလိုချစ်တဲ့ အမျိုးသားရဲ့ ပရော်ဖက်ဆာ ဆရာကြီးကိုတော့ အကျိုးအကြောင်းပြောပြ နှုတ်ဆက်ရတယ်လေ။ တော်ကြာသွားဖြစ်ခဲ့ရင် သူ့ကိုနှုတ်မဆက်ပဲ ထွက်သွားဖြစ်ရင်မကောင်းဘူးဆိုတော့လေ။ ဆရာကြီးကလည်း နားလည်ရှာပါတယ်။ ဗုဒ္ဓဟူးနေ့မှာ ဂျပန်သံရုံးကို ကျမ ဗီဇာသွားတင်ခဲ့တယ်။ ပြီးတော့ လိုအပ်တာတွေအမြန်စီစဉ်ပြီး ခရီးဆောင်အိတ်ကို အသင့်ပြင်ထားတယ်လေ။ အိတ်က အကြီးကြီး ၁ လုံးနဲ့ အသေး ၂လုံးပါ။အစားအသောက်တွေ၊အ၀တ်အစားတွေ နဲ့ လိုအပ်တာတွေအကုန်ထည့်ပြီးပြင်ဆင်ထားခဲ့တာလေ။ သောကြာနေ့ရောက်တော့မိုးတွေသဲသဲမဲမဲ အရမ်းကိုရွာနေခဲ့ပါတယ်။ ကောင်းကင်ကြီးက မှောင်မဲနေတာပါပဲ ။ ကျမက ..အင်း ဗီဇာရပြီး ခရီးသွားဖြစ်ရင်တောင် ရာသီဥတုကြီးက မကောင်းနေတော့ စိတ်ညစ်ခဲ့မိတယ်။သံရုံးကိုသွားတော့ မောင်လေးကိုခေါ်သွားရတယ်။ အဆင်ပြေရင်လေယာဉ်လက်မှတ်ဝင်ဝယ်ရတော့မှာမို့ငွေထုတ်ကြီးအသင့် ကိုင်ခိုင်းထားတာလေ။ အမျိုးသားက သမီးလေးအတွက်ပါ လေယာဉ်ခုံဝယ်ခိုင်းလို့သမီးလေးအတွက်ပါ လက်မှတ်ဝယ်ရမှာပါ။ လူကြီးဈေးထက် ၈ သောင်းလောက်တော့လျော့တယ်ထင်ပါတယ်။သေခြာတောင်မမှတ်မိတော့ဘူး။ သံရုံးထဲဝင် ဘုရားတပြီးတော့ ခဏစောင့်နေ ပြီးတော့ ဗီဇာကအဆင်ပြေစွာရနေတယ်လေ။ အဟား.. ရတာနဲ့ တခါတည်း ဆာကူရာတာဝါ ကိုပြေး ည ၇.နာရီ TG လေယာဉ်လက်မှတ်ကိုဝယ် ဗိုက်ဆာတာနဲ့ လမ်းမှာဆင်းပြီးတစ်ခုဝင်စားပြီး ညနေရောက်ရင် လေယာဉ်စီးပြီး ဂျပန်ကိုသွားရတော့မှာမို့စိတ်လှုပ်ရှားနေခဲ့မိပါတော့တယ်ရှင်။

( အင်း.. မပြီးသေးပါဘူးနော်.. အရမ်းရှည်နေပြီမို့ နောက်တစ်ပိုင်း သီးခံပြီးစောင့်ဖတ်ပေးစေချင်ပါတယ်။
နောက်တစ်ပိုင်းကျရင် လေဆိပ်မှာ ကျမတွေ့ကြုံရတာတွေ ၊ လေယာဉ်စီးစဉ် တွေ့ကြုံရတာလေးတွေ၊ နဲ့ဂျပန်ရောက်စ အချိန်လေးတွေအကြောင်းကို မျှဝေခံစားစေမှာဖြစ်ပါတယ်ရှင်။)

အားလုံးပဲပျော်ရွှင်ချမ်းမြေ့ကြပါစေ။

အားလုံးကိုလေးစားခင်မင်လျှက်

ဝါ၀ါခိုင်မင်း

လွမ်းနေပါသည် မြန်မာပြည်

ဒီရက်ပိုင်းမှာ မြန်မာပြည်ကိုပိုလွမ်းနေမိပါတယ်။ ဘလော့တွေလိုက်လည်ရင် သီတင်းကျွတ်အကြောင်း
လေးတွေ ရေးထားကြတော့ပိုလွမ်းမိပါတယ်။ မြန်မာပြည်ကိုလွမ်းနေတာတော့အခုမှ မဟုတ်ပါဘူး ။
နေ့တိုင်းလိုလိုပဲလွမ်နေခဲ့တာပါ။


ဂျပန်မှာနေနေရတော့ သူများတွေက ကျမကိုမြန်မာပြည်ကိုမေ့နေနိုင်မယ်လို့ ထင်ကြမလားတော့ မသိဘူး။
သူများတွေ နိုင်ငံခြားမှာ ပျော်ချင်ပျော်ကြပါမယ်။ ကျမကတော့ အမျိုးသားပညာရေးအတွက်ကြောင့်
မိသားစုအတူ စည်းစည်းလုံးလုံး နေချင်လို့ လိုက်လာခဲ့တာပါ ။ ရောက်စကတော့ နိုင်ငံခြားဆိုတာ စ
ရောက်ဖူးတာကြောင့် ပျော်သလိုလို ရှိခဲ့ပေမယ့် တဖြေးဖြေး မပျော်လာတော့ပါဘူး။အမျိုးသား ကျောင်း
မြန်မြန်ပြီးရင် မြန်မြန်ပြန်ချင်တာပါပဲ။
ဘာလိုလိုနဲ့ ကျမ ဂျပန်ကိုရောက်လာတာ ၃နှစ်ကျော်သွားပါပြီ။ ၂၀၀၅ ဇွန်လပိုင်းက ဂျပန်ကို စရောက်
တာဆိုတော့ အခုဆိုရင် ၃နှစ်ခွဲလောက်ရှိနေပါပြီ။ ဂျပန်မလာခင်က မရောက်ဖူးတဲ့တိုင်းပြည်ကို သွား
ရမှာဆိုတော့ အရမ်းသွားချင်ခဲ့တာပဲလေ။ ပျော်ခဲ့တာပေါ့နော်။ အမျိုးသားက ၂၀၀၅ ဧပြီလမှာ ပညာ
တော်သင်အဖြစ်ဂျပန်ကို လာရပါတယ်။ အမျိုးသား အရမ်းသွားချင်တဲ့နေရာကိုသွားရမှာမို့ ကျမတို့လည်း
သူ့အတွက်အရမ်းပျော်ခဲ့တာပါ။ ကိုယ်လိုက်ရရ မရရ သူကပညာအရမ်းတော်တော့ သူကိုသွားစေချင်တာ
ပါ။ သူက ၂၀၀၄ ခုနှစ်မှာ ပညာတော်သင်သွားဖို့စာမေးပွဲဖြေတာ ၊တစ်ယောက်တည်းလွတ်လွတ်ကျွတ်
ကျွတ် အောင်မြင်ခဲ့ပေမယ့် အဲဒီနှစ်မှာ ဖျက်လိုက်တဲ့ အတွက် သူမသွားခဲ့ရပါဘူး။ နောက်တစ်နှစ် ထပ်
ဖြေတော့လည်း သူပဲအောင်တာပါ ။ ဒါပေမယ့် မြန်မာပြည်က လေယာဉ်မထွက်ရမချင်း မသေခြာသေး
တာမို့ စိတ်တထင့်ထင့်နဲ့ နေခဲ့ရတာပါ။ စာမေးပွဲအောင်ထားပေမယ့် မသေခြာသေးဘူးလိုဖြစ်နေလို့
မိတ်ဆွေတွေကိုတောင် သေခြာအသိမပေးရဲခဲ့ပါဘူး။ တချို့ဆိုသူသွားပြီးမှပဲသိကြလို့ ဆရာကနှုတ်
တောင်မဆက်သွားဘူး ဆိုပြီးပြောကြပါသေးတယ်။
အမျိုးသား ပညာတော်သင်သွားရတော့ ကျမတို့အရမ်းပျော်ခဲ့ရတာပါ။ ကျမလည်း အေးအေးဆေးဆေး
၁နှစ်လောက်နေပြီးမှ ဂျပန်ကိုလိုက်လာကြမယ်လို့တွေးထားခဲ့မိပေမယ့် အမျိုးသားဂျပန်ကိုထွက်လာပြီး
၂လလောက်အကြာမှာပဲ မထင်မှတ်ပဲ အမြန်ရောက်လာဖြစ်ခဲ့ကြတာပါ။
အကြောင်းကတော့ ဂျပန်ရောက်ရောက်ချင်းအမျိုးသားက မိသားစုခေါ်နိုင်အောင် အဆောင်မှာ မိသားစု
အခန်းကိုယူထားခဲ့တာ အကျယ်ကြီးပဲတဲ့။တစ်ယောက်တည်းနေရတော့ အိမ်က အကျယ်ကြီးပဲတဲ့ သမီး
လေးကိုလည်းလွမ်နေတယ်တဲ့။း)
သမီးလေးကလည်း သူ့အဖေသွားတဲ့နေ့ကနေမကောင်းနေတော့ လေယာဉ်ကွင်းကိုလိုက်ပို့ပေမယ့် ဘာမှ
မသိသေးတော့ ၀မ်းမနည်းခဲ့ဘူး။ အမျိုးသားနိုင်ငံခြားသွားမယ်ဆိုတော့ နှစ်ဖက်မိဘဆွေမျိုးတွေနဲ့ အိမ်မှာ
စည်ကားနေတာလေ။ လေယာဉ်ကွင်းကို ကားသုံးစင်းနဲ့ လိုက်ပို့ကြတာမို့ သမီးလေးက အဖော်တွေအများ
ကြီးနဲ့ဆိုတော့ ပျော်တောင်ပျော်နေခဲ့ပါသေးတယ်။ ည ရနာရီ မြန်မာပြည်ကလေယာဉ်ထွက်ပြီး ဘန်ကောက်
ရောက်တာနဲ့ ဖုန်းခေါ်လာပါတယ်။ဖြစ်ချင်တော့ မြန်မာပြည်မှာမီးကမမှန်တော့ ဖုန်းကအားသွင်းလို့ မရခဲ့
ဘူးလေ။ ဖြစ်ပုံများနော်။ဆင်းရဲပုံ။ လေဆိပ်မှာကတည်းက ကျမတို့ကအပေါ်ထပ်မှာ သူကလေယာဉ်စီးဘို့
အောက်ထပ်မှာရောက်နေတာကို အောက်ထပ်မှာ Free ခေါ်ခွင့်ရတဲ့ဖုန်းနဲ့ ခဏခဏခေါ်လာတော့ ဖုန်းက
အဲဒီကတည်းက ဘက်ထရီဒေါင်းသွားခဲ့တာပါ။
အိမ်ပြန်ရောက်တော့ ကိုရွှေမီးကမလားသေဘူး ဖုန်းအားကမသွင်းနိုင်ခဲ့ဘူးလေ။ အဲဒီအချိန်မှာပဲ ကျမတို့
အိမ်ရှေ့ကဆိုင်ကိုဖုန်းဝင်လာပြီး အမျိုးသားဆီက ဖုန်းခေါ်လာတာပါ။ အဲဒီတော့မှ သမီးလေးက သူဖေဖေ
ကိုလွမ်းသွားတယ် ထင်ပါရဲ့ ဖုန်းပြောပြီးငိုပါလေရောလေ။ ညရောက်တော့ သူဖေဖေကိုသတိရနေလို့
သူ့ကိုစိတ်ပြောင်းအောင်လုပ်ပြီး အိပ်ရာဝင်စေရပါတယ်။
အဲဒီတုန်းက ကျမတို့နေတဲ့ကျောက်မြောင်းရပ်ကွက်မှာ မီးက ည၁၂ နာရီမှလာတာလေ။ ဖုန်းလာရင်အ
ဆင်ပြေအောင်လို့ ည ၁၂နာရီမှာထပြီး ဘက်ထရီအားသွင်းခဲ့ရတာပါ။း) နောက်တစ်နေ့ မနက်အစောကြီး
ဂျပန်စံတော်ချိန် မနက်၆ နာရီ မှာဂျပန်ရောက်တာနဲ့ အမျိုးသားကအဆင်ပြေချောမောစွာနဲ့ ရောက်ချင်
နေတဲ့နိုင်ငံကြီးကို ရောက်ပြီဖြစ်ကြောင်း ဖုန်းဆက်လာတော့ ကျမတို့မြန်မာပြည်မှာ မနက်စာထွက်စားနေ
တဲ့အချိန်မှာဖုန်းဝင်လာပါတယ်။ ကျမတို့လည်း အရမ်းပျော်ခဲ့ရတာပါပဲ။
မြန်မာပြည်မှာဆိုရင် မနက်တိုင်းမုန့်ဟင်းခါး နဲ့ လဘက်ရည် ၊ အီကြာကွေး တွေကိုစားခဲ့ကြတာပါ။အဲဒီ
နေ့မနက်ကတော့ အမျိုးတွေစုံနေတာမို့ အိမ်နဲ့နီးတဲ့ Mrs. Poem မှာ မိဘ၊မောင်နှမ ဆွေမျိုးတွေကို
Dimsum လိုက်ကျွေးပြီး စားချင်တာမှာစားကြတာပါ။ ပျော်စရာအရမ်းကောင်းခဲ့ပါတယ်။ တကယ်တော့
မိဘ ဆွေမျိုးတွေက သူမြို့နဲ့သူသတ်သတ်စီနေကြတာမို့ အမြဲမတွေ့နိုင်ကြပါဘူး။ အမျိုးသားနိုင်ငံခြား
ထွက်မယ်ဆိုမှ အကုန်လာပြီးနှုတ်ဆက်ကြတာပါ။ အမျိုးတွေစုံလို့ ပျော်စရာကောင်းတာပေါ့နော်။း)
အမျိုးတွေစုံနေတာ့ သမီးလေးက သူအဖေကိုသိပ်မလွမ်းခဲ့ပေမယ့် အမျိုးတွေပြန်သွားကြပြီး ယောက္ခမ
မေမေ တလှည့် ၊ ကျမဖေဖေ က တလှည့် အိမ်မှာလာနေပေးခဲ့ကြပါတယ်။အမျိုးသားကလည်း နေ့တိုင်း
ဖုန်းဆက်ခဲ့ပါတယ်။
နောက်၂ရက် ၃ ရက်လောက်မှာ လူတွေနဲသွားတာနဲ့ သမီးလေးက သူဖေဖေကို ပိုလွမ်းလာပါတော့တယ်။
ည၁၂ နာရီထိုးလောက်ကြီးမှာ ဖေဖေကိုသတိရတယ်ဆိုပြိးအိပ်မက်မက်ပြီး ထငိုပါလေးရောလေ။ တော်
တော်နဲ့ မတိတ်တော့ပါဘူး။ ရှိုက်ကြီးတငင်ကိုငိုတာလေ.. အဲဒါနဲ့ မတတ်နိုင်ဘူး သူအဖေဆီကို မြန်မာပြည်
ကနေ ချက်ချင်းဖုန်းခေါ်ပေးရပါတော့တယ်.. မြန်မာပြည်မှာ ည၁၂ နာရီက ဂျပန်မှာ မနက်၂နာရီခွဲဖြစ်ပါ
တယ်။ သိနေပေမယ့်လည်း သမီးလေးကအရမ်းကြီးကိုငိုနေခဲ့တာမို့ ဖုန်းဆက်ခေါ်ပြီးသူအဖေနဲ့ ဖုန်းပြော
စေခဲ့ပါတယ်။ အမျိုးသားကလည်း ည သန်းခေါင် အိပ်နေတဲ့ အချိန်ကြီးမှာဖုန်းဝင်လာတော့ အိပ်ချင်မူးတူး
နဲ့ဖုန်းပြောပြီး သူသမီးလေးကိုသနားသွားတယ်ထင်ပါရဲ့။း)သမီးလေးဘယ်လောက်ငိုခဲ့သလဲဆိုရင် မနက်
ရောက်တော့ အိမ်နီးနားချင်းတွေက ညတုန်းက သမီးဘာဖြစ်လို့အရမ်းငိုတာလဲလို့ မေးကြတဲ့ အထိပါပဲ။
အကျယ်ကြီးနဲ့ ရှိုက်ကြီးတငင်အကြာကြီးကို ငိုခဲ့တာလေ။ရပ်ကွက်ထဲကသူတွေကလည်း ကျမတို့ မိသားစု
ကိုခင်ကြပါတယ်။ အမျိုးသား ခရီးသွားတော့ စောင့်ရှောက်ကြပါတယ်။ ယောက္ခမမေမေ ရော ၊ ကျမဖေဖေ
ရော နယ်ပြန်တာနဲ့ကြုံတဲ့အခါတွေမှာဆိုရင် ရပ်ကွက်ထဲကညီအမတွေလိုခင်ရတဲ့ ညီမလေးတွေက အိမ်မှာ
လာအိပ်ကူပေးကြပါတယ်။ ကျမတို့အိမ်က သွားဆေးခန်းနဲ့ တွဲရက်ဆိုတော့ လူကတော့ အမြဲစည်နေတာပါ.
ညပိုင်းကျမှပဲ အားလုံးပြန်သွားမှ သားအမိနှစ်ယောက်ပဲကျန်တာပေါ့။ ညအိပ်ခါနီးမှ ညီမလေးတွေက လာ
အိပ်ကူပေးကြတယ်။ သမီးလေးနဲ့ အဖော်လုပ်ပေးကြတယ်လေ။
သမီးလေးကလည်း အဲဒီတုန်းက အသက် ၃နှစ်ကျော်နေပြီ၊သူမှာလည်း ရပ်ကွက်ထဲက သူငယ်ချင်းလေးတွေ
ရှိနေပြီ ၊ သူ့သူငယ်ချင်းတွေကို အိမ်မှာခေါ်ပြီးဆော့တယ်လေ။ကျမအိမ်ကတော့ စည်နေတာပဲပေါ့။ အောက်
ထပ်မှာဆေးခန်း ၊ အပေါ်ထပ်မှာ သမီးလေးနဲ့ အဖော်တွေ ၄၊၅ ယောက် ရှိသမျှအရုပ်တွေ နဲ့ဆော့ ၊ စုံနေ
အောင်၊ ဗြောင်းဆန်နေအောင်ကိုဆော့ခဲ့ကြတာ ကျမမှတ်မိခဲ့ပါသေးတယ်။ အောက်ထပ်မှာလူနာတွေရှိနေ
ပါတယ်ဆိုမှ ကလေးတွေအားလုံး ပီးညောင်၊ပီးညောင်၊ပိးညောင် ဆိုပြီးအော်ပြီး အပေါ်ကဆင်းလာခဲ့ကြလို့
ကျမက ဟဲ့ ဘာတွေဖြစ်ကြတာလဲလို့ မေးတော့ မီးသတ်ကားလာနေတာတဲ့ မီးလောင်တမ်းဆော့ကြတာတဲ့
လေ ဖြစ်ပုံများ။ ကျမတောင် မျက်လုံးပြူးသွားခဲ့တာပဲ.အဟဲ တော်တော်ဆိုးတဲ့ ကလေးလေးတွေနော်။အဲဒါ
နဲ့ ကျမက အဲလိုမျိုး မဆော့ရဘူးဆိုပြီး အပေါ်ထပ်ပြန်တက်ခိုင်းရတယ်။ လူနာတွေနဲ့ ဆရာဝန်၊ဆရာမလေး
တွေလည်း ရယ်ကျတာပေါ့နော်။ ဖြစ်ပုံများ ။
သမီးလေးက အဲလိုမြန်မာပြည်မှာ သူငယ်ချင်းတွေနဲ့ ဆော့ခဲ့ပြီး အရမ်းပျော်ခဲ့တာပါ။ အသက် ၃ နှစ် ကတည်း
က သမီးလေးဟာ ES4E မူကြိုမှာတက်နေခဲ့ပါပြီ။ မနက်ဆိုရင် လာခေါ်တဲ့ ဖယ်ရီလေးနဲ့ ကျောင်းသွားနေခဲ့
တာ။ ကျောင်းကပြန်လာမှ သူ့သူငယ်ချင်းတွေက အိမ်မှာလာစုပြီးဆော့ကြတာလေ။
သမီးလေးလိုပဲ ကျမလည်းရပ်ကွက်ထဲမှာ အပေါင်းအသင်းတော်တော်များခဲ့တာပါ။ ကိုယ့်အပေါ်ကောင်း
ကောင်းမွန်မွန် ဆက်ဆံလာတဲ့သူတိုင်းကို ကျမက စိတ်ရင်းအတိုင်းရင်းရင်းနှီးနှီးခင်ခင်မင်မင် ပေါင်းတတ်
ပါတယ်။ ကိုယ့်အပေါ်မကောင်းဘူးထင်ရင်တော့ ကျမကလည်းမကောင်းတတ်ပါဘူး။ ဟီး..ကောင်းလိုက်
တဲ့ စိတ်ထားနော်။ အဟတ်ဟတ်။ ကျမမှာရပ်ကွက်ထဲမှာ မုန့်ဟင်းခါးသည်ကအစ ၊ ပန်းသည် ဈေးသည်
တွေကပါ ကျမကို ခင်ခင်မင်ပေါင်းကြတော့ ကျမကလည်း အရမ်းခင်မင်စွာပေါင်းသင်းခဲ့တာပါ။ အမျိုးသား
ကတောင်ပြောခဲ့ဘူးပါသေးတယ်၊ "အမီးဆိုရင် လူပေါင်းစုံသိနေ ၊ရင်းနှီးနေတာပဲနော်"တဲ့..အဟတ်။
ကျမကအဲလို အပေါင်းအသင်းတော်တာလေ။ ကျမက ဈေးသည်တွေဆိုသနားတယ်။ အိမ်မှာလာပြီး
ဆေးခန်းပြရင် တချို့ဆို တ၀က်ဈေးနှုန်း နဲ့ပဲယူပေးတယ်။တချို့ကိုဆို တတ်နိုင်သလောက် အလကားလုပ်
ပေးလိုက်တာပါ။ အဲဒီတော့ သူတို့တွေက ကျမကိုဆို မုန့်ဟင်းခါး အလကားလာကျွေးတဲ့သူနဲ့၊ ပန်းအလ
ကားလာပေးတဲ့သူနဲ့ လဘက်ရည်ဆိုင်ပိုင်ရှင်ဆိုရင်လည်း လဘက်ရည်အလကား လာပို့တဲ့သူနဲ့ အဆင်ကို
ုပြေနေတာပဲ။ အဟဲး)
နောက်ပြီးပြောစရာရှိသေးတယ် ပြောပြရဦးမယ်.. ကျမက ရပ်ကွက်ထဲမှာဆို ဆရာဝန်အမျိုးသမီးဆိုတော့
လူတွေကယုံကြည်ကြတယ်လေ။ အဟတ်ဟတ် ။ တိုက်ခန်းဝယ်ချင်တဲ့သူတွေက ကျမဆီမှာလာမေးကြ
တယ်။ အမ..ဒီရပ်ကွက်ထဲမှာတိုက်ခန်းဝယ်ချင်လို့ အရှုတ်အရှင်းမရှိတဲ့တိုက်ခန်းလေး အမသိတာများရှိ
ရင်ပြောပေးပါဦး ဆိုလာတော့ ကျမမှာ အသိမိတ်ဆွေပွဲစားတွေရှိနေတယ်လေ။ သူတို့နဲ့ ဆက်ပေးပြီးလိုက်
ကြည့်ခိုင်းလိုက်တယ်။ ပွဲစားဖက်ကိုလည်း စိတ်ချရတဲ့နေရာကိုပြပေးဖို့ ပြောပေးပြီး ၊ ဒီဖက်ကိုလည်း စိတ်
ချပါဆိုပြီး တာဝန်ယူပေးလိုက်ရတာလေ။ အဲဒါသူတို့ အရောင်းအ၀ယ်တဲ့သွားတာနဲ့ အလိုလိုနေရင်းနဲ့ ကျမ
ကို ပွဲစားက ပွဲစားရခ သုံးပုံပုံရင် တစ်ပုံလာပေးပါလေရဲ့။ အဟတ်.စိတ်ကောင်းဘူး။ အဲလောက်တော်တာ။
အဲဒီလိုနဲ့ ကျမဆက်ပေးလိုက်တာ အဆင်ပြေသွားတော့ ကျမမှာ ရပ်ကွက်ထဲမှာ တဆင့်ခံပွဲစားကြီးဖြစ်မှန်း
မသိဖြစ်သွားခဲ့ရပါတယ်။ တိုက်ခန်းရောင်းချင်တဲ့သူက ကျမကိုလာပြောပြီးအပ်ထားတယ်။တိုက်ခန်းဝယ်ချင်
တဲ့သူတွေက ကျမကိုလာမေးတယ်။အဟတ်။အဲလိုဆိုရင် ကျမကဖုန်းတချက်ဆက်ပေးပြီး ပွဲစားကိုခေါ်ပေး
ပြီး ဆက်ပေးလိုက်တာပဲ အဆင်ပြေသွားကြတာ ခဏခဏပါပဲ။ အဟတ်ဟတ်.အဲလိုလုပ်ပေးတာလည်း
ဝင်ငွေဖြောင့်တာနော်. အလုပ်တစ်ခုဖြစ်ရင် ကျမကိုဝေစု ၃ပုံ ၁ ပုံလာပေးနေတော့ ကျမက အလကား
နေရင် ၀င်ငွေရနေတာပေါ့။ တိုက်ခန်းတစ်ခန်းအလုပ်ဖြစ်ရင် တစ်သိန်းကျော်၊ တစ်သိန်းနီးပါးလောက်တော့
ကိုယ့်အတွက်ဝင်ငွေရခဲ့တာ။ အဲလိုမျိုးကုသိုလ်ကောင်းတာနော်..မမ၀ါဝါ တို့က..အဟတ်
တခါတလေ ကိုယ့်လူရင်းမိတ်ဆွေတွေဖြစ်နေခဲ့ရင်တော့ ကျမရဲ့ဝေစုကို မယူပါဘူး သူ့ကိုပဲလျော့ပေးလိုက်
ပါ ဆိုပြီးလုပ်ပေးလိုက်တာတွေလည်းရှိပါတယ်။ မြန်မာပြည်ကိုလွမ်းနေတာနော်။း)
သမီးလေးအကြောင်းဆက်ရေးရဦးမယ်။သမီးလေးက သူ့အဖေသွားပြီး နဲနဲကြာလာတဲ့ အမျှ သူအဖေကိုပို
လွမ်းလွမ်းလာတယ်လေ။သူအဖေနေ့တိုင်းဖုန်းဆက်တာကိုမရဘူး သူဆက်ချင်တဲ့အချိန်တွေဆိုရင် မြန်မာပြည်
ကနေ နေ့တိုင်းခေါ်ခဲ့တာပါ။ ဖုန်းဘိုးဘေတွေကတော့ တော်တော်ရှင်းခဲ့ရပါတယ်.။ဟတ်ဟတ်


(ကဲ..စာလည်းအရမ်းရှည်သွားပြီမို့ တောင်းပန်ပါတယ်နော်. ဒုတိယပိုင်းဆက်ရေးပါဦးမယ်။သည်းခံပြီးဖတ်
ပေးကြပါနော်။)


အားလုံးကို လေစားခင်မင်လျှက်
ဝါ၀ါခိုင်မင်း

Happiness and Sadness

၂၀ ရက်နေ့မှာ ကျမ ပျော်ရွှင်မှု့နဲ့ ၀မ်းနည်းမှု့တို့ကိုတပြိုင်တည်းခံစားရပြီး စိတ်ပျော်ရွှင်မှူမရှိခဲ့ပါဘူး။အကြောင်းကတော့ ကျမမှာ မောင်နှမတွေလိုအရမ်းရင်းနှီးချစ်ခင်ပြီး စီဘုံးတွေမှာပျော်ရွှင်စရာလေးတွေနဲ့ လည်ပတ်စနောက်နေခဲ့ကြတဲ့ မောင်လေး နဲ့ ညီမလေးတွေရှိခဲ့ပါတယ်။သူတို့လေးတွေကတော့
မောင်ငယ်ဥယျာဉ်မှူး
မောင်လေးဇင်ယော်
ညီမလေးဝေလေး
ညီမလေးသက်တန့်
ညီမလေးDream တို့ပဲဖြစ်ပါတယ်ရှင်။
အဲဒီမောင်နှမ ၆ ယောက်ဟာ ဟိုအိမ်သွားစလိုက် ၊ဒီအိမ်သွားစလိုက်နဲ့ ပတ်ချာလည်စနောက်နေခဲ့ကြတာမို့ပျော်စရာကောင်းခဲ့ပါတယ်။အဲဒီလို စနောက်ပျော်ရွှင်နေကြတုန်းမှာပဲ >မောင်လေးဇင်ယော်က သီတင်းကျွတ်မှာ ကျမကို ကားအဖြူရောင်လေးနဲ့ လာကန်တော့ခဲ့ပြီး စာမေးပွဲတွေရှိတာမို့ ဘလော့ပိတ်ပြီး ပျောက်သွားခဲ့ပါတယ်။စာမေးပွဲတွေဖြေပြီးလို့ ၂၀ ရက်နေ့ကျော်ရင် ဘလော့ပြန်ဖွင့်ပါ့မယ်လို့ အကြောင်းကြားထားတာမို့ မနေ့တုန်းက ၂၀ ရက်နေ့မှာ မောင်လေးဇင်ယော်ပြန်လာတော့မယ် ဆိုပြီးပျော်ရွှင်ခဲ့မိပါတယ်။
အဲ..ဒါပေမယ့် မနေ့တုန်းက ကျမ အလုပ်ကပြန်ရောက်ပြီး အင်တာနက်ဖွင့်တော့ G.talk မှာ မောင်နှမတွေ အများကြီး Online မှာရှိနေကြပေမယ့် ကျမက လုပ်နေကျအတိုင်းပဲ ဘယ်သူကိုမှနှုတ်မဆက်ဖြစ်ပါပဲ G.talk ပိတ်ပြီး ဘလော့လေးကို အရင်ဖွင့်ကြည့်မိပါတယ်။ ဘလော့ခဏဖတ်ပြီးတာနဲ့ G.talk ပြန်ဖွင့်တော့ ညီမလေးမီးလေးက မမ၀ါ ရေ ညီမလေးဝေဘလော့ကိုသွားကြည့်ပါဦး ၊နှုတ်ဆက်နေတယ်တဲ့ .. အယ်..ကျမကစောစောကပဲ ညီမလေးဝေ ကို Online မှာတွေ့လိုက်သေးတယ်.နှုတ်မဆက်လိုက်ရဘူးလေ။ အခုတော့ ညီမလေးက Online မှာရှိမနေတော့ဘူး။ အဲဒါနဲ့ ညီမလေးမီးလေး ပို့ပေးတဲ့လင့်ကနေပဲ ညီမလေးဝေလေး
ဆီအမြန်သွားတော့ ခွဲခွါခြင်းမှတ်တမ်း ဆိုပြီးပို့စ်လေးရေးတင်ထားတယ်။ စာဖတ်ပြီးတော်တော်စိတ်မကောင်းဖြစ်သွားမိခဲ့ပါတယ်။ညီမလေးရဲ့အကြောင်းကိုသိနေပေမယ့် ဘာမှမဖြစ်လောက်ပါဘူးဆိုပြီး သေခြာမမေးခဲ့ဖြစ်ဘူး။အဆင်ပြေသွားကြလိမ့်မယ်လို့ထင်ထားခဲ့မိတာပါ။ ဒီရက်ပိုင်းညီမလေးရေးနေတဲ့ ကဗျာလေးတွေ နဲ့ ပို့စ်လေးတွေဖတ်ပြီး စိတ်မကောင်းဖြစ်မိခဲ့ရတယ်။ ညီမလေးကို မမ ဘာမှ မကူညီနိုင်လိုက်ခင်မှာ ညီမလေးပုန်းရှောင်သွားတယ်။
ညီမလေးဝေ ရေ.. မောင်နှမတွေအားလုံး Comments မှာလာရောက်အားပေးပြီးရေးသွားကြသလိုပဲ ခုလောလောဆယ်မှာ ညီမလေးဝေစိတ်ချမ်းသာသလိုနေပြီး မကြာခင်အချိန်အတွင်းမှာ မမတို့ဆီပြန်လာပါညီမလေးရေ။ မမ ရဲ့ ဒီပို့စ်လေးကိုဖတ်ပြီး ညီမလေးပြန်လာလိမ့်မယ်လို့ မမ ယုံကြည်ပါတယ်နော်။
အမြန်ဆုံး အဆင်ပြေပျော်ရွှင်နိုင်ပါစေ ညီမလေးဝေ ရေ။

မောင်နှမများအားလုံးကိုချစ်သော
မမ၀ါ

Sunday, October 19, 2008

ဂျပန်စကားပြော ၅


ဒီနေ့ပျင်းနေတယ် စာရေးဘို့လေ။း)
မအိပ်ချင်သေးတာနဲ့ မောင်လေးတွေ ဂျပန်မလေးတွေကို ပြောဘို့ အထူးအရေးပါတဲ့
ဂျပန်စကား နဲနဲသင်ပေးလိုက်မယ်နော်။ :P


あい
Ai
အအိ
ချစ်မေတ္တာ


愛してる。
あいしてる。
Ai Shiteru.
အအိရှိတဲရု
ချစ်ခင်နှစ်သက်သည်။

好き
すき
Suki
စုခိ
ကြိုက်နှစ်သက်သော

あなた が 好き です。
Anata ga suki desu.
အနတ ဂ စုခိဒက်စ်
မင်းကိုချစ်တယ်။

さよなら 大好きな 人。
さよなら だいすきな ひと
Sayonara Daisukina Hito.
ဆာယိုနာရ ဒိုင်းစုခိနဟိတို
နှုတ်ဆက်ပါတယ် သိပ်ချစ်ရသောသူရေ...
***************************************
ကဲ..ဒီလောက်လေးပဲနော်. ပျင်းလို့ အပျင်းပြေ တင်ပေးလိုက်တာ။
ကောင်မလေးတွေကိုလျှောက် မပြောနဲ့ဦး။
ပြဿနာဖြစ်လျှင် တာဝန်မယူပါ။ :P

ခင်မင်စွာနဲ့
မမ၀ါ

Saturday, October 18, 2008

သမီးလေးတို့ ကျောင်းပွဲတော်

သမီးလေးရဲ့ကျောင်းမှာ
Takara Sagashi ( တကရ ဆဂရှိ လို့ခေါ်တဲ့ ကစားပွဲမှာ သတ်မှတ်ထားတဲ့ ၁ မိနစ် အတွင်းပစ္စည်း

ရှာရာမှာ သမီးလေးက အကောင်းဆုံး အထူးဆုလေးကို နှိုက်မိပါတယ်။ )

ပစ္စည်းရှာနေတဲ့ သမီးလေး.. ( ပစ္စည်းအစုံထည့်ပြီးရှုတ်နေအောင်လုပ်ထားတဲ့ ပုန်းထဲကနေသတ်မှတ်ထားတဲ့ ၁ မိနစ်အတွင်းမှာ ပစ္စည်းရှာရတာပါ)




ပန်းကန်ပြားပျံလိုမျိုးလေးတွေ ကိုယ်တိုင်လုပ်ခိုင်းပြီး ဘေးမှာရှိနေတဲ့ အ၀ိုင်းတွေထဲကို ၀င်အောင်ပစ်နိုင်ရင် ဆုချပါတယ်။ ပျော်စရာကောင်းပါတယ်။

စိတ်ဝင်တစား သမီးလေး ကိုယ်တိုင်လုပ်နေတာပါ။

ပန်ကန်ပြားပျံပစ်တော့မယ့် ခိုင်ကျန်


အ၀ိုင်းကြီးထဲဝင်လို့ လက်ဆောင်ရတာလေ။


သမီးလေးကိုယ်တိုင်စိုက်ထားတဲ့ ပန်းပင်လေးပါ။

သူငယ်ချင်းများနဲ့ သန့်ရှင်းရေးလုပ်နေတဲ့ သမီးလေး။
ဒါလေးက ငါးမျှားတဲ့ပွဲလေးပါ။ ငါးလေးတွေထဲမှာ လက်ဆောင်ပစ္စည်းတွေ အစုံထည့်ထားလို့
ကလေးတွေအစည်ဆုံး နဲ့ အပျော်ဆုံးပွဲလေးပါ။



ဒါလေးက ဟန်းချိန်းလေးတွေကို ကလေးတွေကို ကိုယ်တိုင်လုပ်ခိုင်းပြီး ယူစေတာပါ။
ပန်ကာလေးတွေလဲ ကိုယ်တိုင်လုပ်ပြီးယူရတာလေ။း)
ငါးမျှားတော့မယ့် ခိုင်။

ဟန်းချိန်လေးလုပ်နေတာလေ..


ငါးမျှားပွဲမှာ တန်းစီနေကြတာ ။တီးဝိုင်းလေးနဲ့ ဖျော်ဖြေတာပါ။

မင်္ဂလာပါရှင်.

ပင်ပန်းနေလို့ စာတော့မရေးနိုင်တော့ဘူးနော်။ တွေ့ပုချိပါ ။ ဓါတ်ပုံလေးတွေ မောင်နှမတွေကြည့်
ဘို့တင်ပေးလိုက်ပါတယ်နော်။
အားလုံးကိုလေးစားခင်မင်လျှက်
ဝါ၀ါခိုင်မင်း

Wednesday, October 15, 2008

ကျမ ရဲ့ သမီးလေး

သမီးလေး မေမြတ်နိုးခိုင်
မြန်မာသူငယ်ချင်းမမ များနဲ့ သမီးလေး
တတိယတန်းမမ ၂ယောက် နဲ့ ဒုတိယတန်း သမီးလေး



စာမေးပွဲဖြေပြီးနားချိန်မှာဆော့ကြတာလေ မြန်မာသူငယ်ချင်းတွေနဲ့။

သူငယ်ချင်းကိုကို ၊မမ များနဲ့ သမီးလေး


မြန်မာကျောင်းဒုတိယတန်းစာမေးပွဲဖြေပြီးအပြန်လမ်းပေါ်မှာ


စာမေးပွဲဖြေပြီး နားချိန်မှာ မြန်မာသူငယ်ချင်းတွေနဲ့ ဆော့နေကြတာလေ။

မင်္ဂလာပါရှင်။

မမသက်ဝေ ပြောသွားလို့ ကျမလည်းပို့စ်ရေးဘို့ မအားနေသေးတာနဲ့ သမီးလေးဓါတ်ပုံလေးတွေ

အမှတ်တရတင်ပေးလိုက်ပါတယ်နော်။

မမသက်ဝေ ရေ.. ဘယ်ကလည်းမသိပေမယ့် ခင်မင်စွာနဲ့ သမီးလေးဓါတ်ပုံလေးတွေ တင်ပေးဖို့

မှာသွားတာနဲ့ အမှတ်တရ တင်ပေးလိုက်ပါတယ် မမ ရေ။

ဒီပုံလေးတွေကတော့ ဒီလ အောက်တိုဘာ၂ ရက်နေ့က သမီးလေးမြန်မာကျောင်းစာမေးပွဲသွားဖြေ

တုန်းက မြန်မာသူငယ်ချင်းတွေနဲ့ အတူ ရိုက်ထားတဲ့ပုံတွေပါရှင်။

စာမေးပွဲက တစ်ရက်မှာ ၂ ဘာသာဖြေရတော့ တစ်ဘာသာဖြေပြီး နားချိန်မှာ မြန်မာကလေးတွေ

တွေ့ဆုံရပြီး စိတ်လွတ်ကိုယ်လွတ်ပျော်ပျော်ပါးပါးကြီးဆော့ကြတာပါ။

ကလေးတွေကစာမေးပွဲဖြေချင်ကြတယ်လေ။ မြန်မာသူငယ်ချင်းတွေဆုံရမှာမို့လို့ပါ။ ဂျပန်သူငယ်ချင်း

တွေဆိုတာ ထည်းထည်းဝင်ဝင်ပေါင်းလို့ကောင်းတာမဟုတ်ဖူးလေ။မြန်မာကလေးတွေ အချင်းချင်း

တွေ့ကြမှ အရမ်းပျော်ပြီး ဆော့ကြတာပါ။

ဘာရယ်မဟုတ်ပါဘူးနော်. ကျမရဲ့မောင်နှမ မိတ်ဆွေတွေ အပျင်းပြေကြည့်သွားရအောင်ပဲ ရည်ရွယ်

ပါတယ်။
အားလုံးကိုလေးစားခင်မင်လျှက်

ဝါ၀ါခိုင်မင်း



Monday, October 13, 2008

သီတင်းကျွတ်ပြီဆိုရင် ( Tag Post )



မနက်ဖြန်ဆိုရင် သီတင်းကျွတ်လပြည့်နေ့ ဖြစ်ပါတယ်ရှင်။ဒီနေ့တော့ မြန်မာပြည်သီတင်းကျွတ်ကလေးကို
လွမ်းမိပြီး
မောင်လေးသံလွင်ဟီးရိုး Tag ထားတဲ့ သီတင်းကျွတ် ပြီဆိုရင် Tag post လေးကို ရေးဖို့စိတ်ကူး
မိလိုက်ပါတယ်။
မြန်မာပြည်ကိုလွမ်းလိုက်တာ ။ သီတင်းကျွတ်မီးထွန်းပွဲတော်လေးကို အမှတ်ရပြီး ပိုလွမ်းမိသွားပါတယ်။
ကျမ ငယ်စဉ် ကချင်ပြည်နယ် ၊ မိုးညှင်းမြို့ မှာ နေခဲ့တဲ့အချိန်တုန်းက သီတင်းကျွတ်ပွဲတော်လေးတွေဟာ
နှစ်စဉ်ပဲ ကျမတို့ကလေးတွေအတွက် အလွန်ပျော်စရာကောင်းခဲ့တာပါရှင်။
နှစ်စဉ် သီတင်းကျွတ်ရောက်တိုင်း ကျမဖေဖေ နဲ့ မေမေ တို့က အိမ်နီးနားချင်း သက်ကြီးရွယ်အိုမိဘဆွေ
မျိုးတွေ နဲ့ ဆရာ ဆရာမတွေကိုကန်တော့ဘို့ မုန့်တွေအမျိုးမျိုးဝယ်ပေး ၊ ဖယောင်းတိုင်ထုတ် ၊ အမွေး
တိုင်ထုတ် ၊ အဲဒီတုန်းကခေတ်စားတဲ့ ရွှေဝါဆပ်ပြာချောင်းတွေ ၊ ကာဘော်လစ် ဆပ်ပြာတုန်းတွေ ၊
Sun light ဆပ်ပြာခဲ လေးတွေ အစုံ လင်ဗန်းလေးထဲမှာထည့် ရင်းနှီးတဲ့သူတွေဆိုရင် ထမီ၊ပုဆိုး
ုမျက်နှာသုတ်ပုဝါလေးတွေပါ ထည့်ထားတယ်။ပြီးတော့ ကျမတို့ ကချင်ပြည်နယ်ရဲ့ဓလေ့လေးက သီတင်းကျွတ်ရင်အိမ်တိုင်းလိုလိုမုန့်ဖက်ထုတ်တွေ ထုတ်ကြပြီး သွားကန်တော့တဲ့ အိမ်တိုင်းကို

မုန့်ဖက် ထုတ်လေးတွေပါပို့ပေးတယ်လေ။
အဖိုးအဖွားတွေကို သွားကန်တော့ကြရင် ၊ အဖိုးအဖွားတွေက မုန့်ဘိုးတွေပြန်ပေးကြတာမို့ အရမ်းပျော်
စရာကောင်းကြပါတယ်။ သီတင်းကျွတ်ရက်ဆိုရင် ကျမတို့အိမ်မှာ နှစ်စဉ်နှစ်တိုင်း မုန့်ဖက်ထုတ်တွေ
ပေါင်းအိုးတွေနဲ့ အများကြီးပေါင်းတာမို့ လာကူလုပ်ပေးကြတဲ့ ရပ်ကွတ်ထဲကလူတွေနဲ့အိမ်မှာစည်ကား
နေတာလည်း အရမ်းပျော်စရာကောင်းခဲ့တာပါပဲရှင်။
သူငယ်ချင်းတွေက ဆရာ၊ဆရာမတွေကို သွားကန်တော့ဘို့လာခေါ်ပြီး ဆရာ၊ဆရာမတွေ ဆီကို
အတူတူသွားကန်တော့ရတာလည်း ပျော်စရာတမျိုးကောင်းပါတယ်၊ခြင်းတောင်းကြီးထဲမှာ ဆရာ၊
ဆရာမတွေကိုကန်တော့ဘို့ ကိတ်မုန့်တွေ နဲ့ တခြားကန်တော့ ပစ္စည်းတွေ အစုံစုထည့်ပြီး မနိုင်မနင်း
သယ်သွားကြရတာကိုလည်း မှတ်မိနေပါသေးတယ်။တအိမ်ဝင်ပြီး ကန်တော့လိုက်ရင် အလေးနဲနဲ
လျော့သွားခဲ့တာပေါ့နော်။ ခြင်းတောင်းထဲက ကန်တော့စရာပစ္စည်းတွေ ကုန်သွားပြီ ဆိုမှ အိမ်ပြန်
လာကြပြီး ညနေဖက်သီတင်းကျွတ်မီးထွန်းပွဲတော်လုပ်ဖို့ အတွက် လူကြီးတွေနဲ့ အတူ ပါဝင်စီစဉ်ကြ
ပါတယ်။
ငယ်ငယ်တုန်းက သီးတင်းကျွတ်ပွဲတော်ဆိုရင် ကျမတို့အိမ်မှာ ရောင်စုံကြယ်မီးပုံးအကြီးကြီးတွေလုပ်ပြီး
ဖယောင်းတိုင်တွေနဲ့ ဆီမီးထွန်းကြတာရှင့်။ တော်တော်ပျော်စရာကောင်းခဲ့တာပါ။ညဘက်ရောက်ရင်
မီးထွန်းပွဲတော်တွေကို ဖေဖေ၊မေမေ တို့နဲ့ အတူ လျှောက်လည်ကြည့်ခဲ့ကြတာလေ။သီတင်းကျွတ်လပြည့်
နေ့မှာ လူကြီးတွေ ဘုန်းကြီးကျောင်းတက်ဥပုဒ်ယူကြတော့ ကျမတို့လည်း ဘုန်းကြီးကျောင်းလိုက်တက်
ခဲ့ကြတာပေါ့နော်။ ရပ်ကွတ်ထဲမှာ စတိတ်ရှိုးပွဲတွေလုပ်ကြရင်လည်း သွားကြည့်ခဲ့ကြတာကိုသတိရမိ
ပါတယ်ရှင်။ ငယ်ငယ်တုန်းက သီတင်းကျွတ်ပွဲတော်လေးဟာ အလွန်ပျော်စရာကောင်းခဲ့တာပါ။အခုလည်း
သီတင်းကျွတ်ရောက်ပြီဆိုတော့ အဝေးကချစ်သောဆရာ၊ဆရာမတွေကို အရမ်းပဲလွမ်းမိပါတယ်။ကျေးဇူး
ရှင် မိဘဆွေမျိုးတွေကိုလည်း သတိရမိလွမ်းနေမိပါတယ်။
ကျမ ကချင်ပြည်နယ်၊မိုးညှင်းမြို့လေးနဲ့ ဝေးကွာလာတာ အနှစ် ၂၀ ကျော်သွားခဲ့ပါပြီ။ ဒါပေမယ့် အပူအပင်
ကင်းခဲ့တဲ့ ငယ်ငယ်က ကလေးဘ၀လေးက ကျမဘ၀မှာ အပျော်ဆုံးအချိန်လေးတွေဖြစ်ခဲ့တာပါ။ မွေးရပ်မြေ
ကို ပြန်မရောက်တာ အနှစ်၂၀ ကျော်သွားပါပြီ။ ဒါပေမယ့် ဆရာ၊ဆရာမတွေနဲ့ ချစ်သောသူငယ်ချင်းတွေ
ကို လွမ်းနေမြဲပါ။ ကျမသတိရတော့ ဂျပန်ကနေ ဆရာ၊ဆရာမတွေဆီစာရေးခဲ့ပါသေးတယ်။ ကျမကိုချစ်
သော ဆရာ၊ဆရာမတွေကလည်း ကျမကို မမေ့သေးကြပါဘူး ရှင်၊ ကျမဆီ စာပြန်ရေးလာကြပါတယ်။
ကျမလည်းဝမ်းသာလိုက်တာ မပြောပါနဲ့တော့ ၊ အဲ့ဒါနဲ့ မနှစ်တုန်းက သီတင်းကျွတ်မှာ ဆရာကန်တော့ပွဲ
လုပ်တော့ ကျမ ဒီကနေ အလှူငွေထည့်ဝင်ခဲ့ပါသေးတယ်။ ဆရာမတွေကလည်းဝမ်းသာကြပြီး ကျမကို
စာအရှည်ကြီးပြန်ရေးလာကြတာရှင့်။


စာထဲမှာ ကျမကို ဘယ်လိုရေးထားသလဲဆိုတော့ သမီးဝါ၀ါက ငယ်ငယ်ကတည်း ကအတန်းထဲမှာ လိမ္မာ
စာတော်ပြီး အ၀တ်အစားကို အမြဲသတ်သတ်ရပ်ရပ်သန့်သန့်ရှင်းရှင်း ၀တ်တတ် တဲ့သူဖြစ်လို့ ဆရာမတို့
မမေ့ပါဘူး၊ သမီးကို အမြဲသတိရနေကြပါတယ် ၊ ဖြစ်နိုင်ရင် ကချင်ပြည်နယ်ကို တစ်ခေါက်လောက်လာ
လည်ပါဦးလို့ စာလေးရောက်လာတော့ ကျမ မျက်ရည်တွေဝဲမိခဲ့ပါသေးတယ်ရှင်။

သီတင်းကျွတ် ဆရာကန်တော့ပွဲ ဓါတ်ပုံလေးတွေလည်းကျမဆီ ထည့်ပေးခဲ့တာမို့ မတွေ့ရတဲ့ အနှစ် ၂၀
အတွင်းမှာ အသက်တွေကြီးပြီး ပြောင်းလဲသွားကြတဲ့ ဆရာ၊ဆရာမကြီးတွေရဲ့ ဓါတ်ပုံတွေကိုကြည့်ပြီး
သင်္ခါရသဘော တရားတွေကိုဆင်ခြင်မိလိုက်ပါတယ်ရှင်။
ကျမ ၁၀ တန်းနှစ် အသက် ၁၆နှစ်အရွယ်မှာ ၊ အသက်၃၅အရွယ်နုပျိုလှပလွန်းခဲ့ကြတဲ့ ဆရာ၊ဆရာမတွေ
ဟာ အနှစ်၂၀ကျော်ဝေးကွာသွားတဲ့ အတွင်းမှာ အသက်၅၀ကျော် ၆၀ နီးပါးတွေဖြစ်ကုန်ကြတာမို့ ကျမ
၁၀ တန်းအောင်ပြီး ဆရာဆရာမတွေနဲ့ နောက်ဆုံးခွဲခွါတွေ့ဆုံခဲ့ကြတုန်းက ပုံရိပ်တွေနဲ့ ဓါတ်ပုံထဲကဆရာ
၊ဆရာမတွေရဲ့ပုံရိပ်တွေဟာ တော်တော်လေးကိုကွာခြားသွားခဲ့တာပါ။
ကျမတို့လည်း ကိုယ့်ကိုယ်ကိုယ် သတိမထားမိနေကြသေးဘူး။ အရင်တုန်းက ၁၆နှစ်အရွယ်တုန်းက စိတ်
မျိုးလိုပဲ လူက နုနယ်လှပနေသေးတယ်လို့ထင်နေသေးတာ၊ ကိုယ့်အရွယ်တွေ၊အသက်တွေ တော်တော်
ကြီးလာ၊ပြောင်းလာခဲ့ကြပြီပဲနော်။ဘာလိုလိုနဲ့ ကျမလည်း ဒီလ ၂၇ ရက်နေ့ဆိုရင် အသက်၃၇နှစ်အရွယ်
မမကြီးတစ်ယောက်ဖြစ်နေပါပြီ။ သီတင်းတခါကျွတ်တိုင်း ကျမလည်း အသက်တစ်နှစ်ပိုကြီးလာပါပြီ။
အသက်ကြီးလာပေမယ့် ဘုရားရိပ်၊တရားရိပ်မှာပျော်မွေ့နိုင်ဖို့ ကံကမပါလာသေးဘူးလို့ပဲပြောရမလို
ဖြစ်နေတယ်လေ။ နေ့ကြီးရက်ကြီးတွေမှာ ဘုန်းကြီးကျောင်းလေးတက်ပြီး တရားစခန်းလေးတွေဝင်ချင်
ပေမယ့် အခွင့်အရေးက မပေးဘူးဖြစ်နေပါသေးတယ်။ ဂျပန်မှာ ဘုန်းကြီးကျောင်းသွားရဘို့က တော်
တော် မလွယ်တာ၊မဖြစ်နိုင်တာပါရှင်။


ရန်ကုန်မှာနေတုန်းကတော့ မိသားစုတွေ ရွှေတိဂုံဘုရားသွားကြ ၊ မိဘဆရာတွေကို လိုက်ကန်တော့
ခဲ့ကြပါတယ်။ ရေကျော်သီတင်းကျွတ်ပွဲကိုလည်း ရည်းစားဘ၀တုန်းက အမျိုးသား နဲ့ သူငယ်ချင်းများ
နဲ့ အတူသွားလည်ခဲ့ကြပြီး ဘူးသီးကြော်တွေစားခဲ့ကြတာတွေကို လွမ်းမိပါသေးတယ်။

မနက်ဖြန် သီတင်းကျွတ်လပြည့်နေ့ အခါကြီး ရက်ကြီးနေ့တစ်နေ့ ဖြစ်တာမို့ မြန်မာပြည်ကြီးကိုလွမ်းရင်း
နဲ့ဒီသီတင်းကျွတ်ပွဲတော်ပို့စ်လေးကို ရေးဖြစ်လိုက်ပါတယ်ရှင်။မောင်လေးသံလွင်ဟီးရိုး ကျေနပ်နိုင်ပါစေနော်။

အားလုံးကိုလေးစားခင်မင်လျှက်
ဝါ၀ါခိုင်မင်း
(တက်ဂ်ကြွေးလေးတွေ အကုန်ကျေသွားပါပြီ၊ အကြွေးတင်နေတာနဲ့ စိတ်မအေးဘူးဖြစ်နေခဲ့တာ၊အခုမှ
ပဲ စိတ်အေးသွားပြီ ၊ ဒီတစ်ခါတော့ ကိုယ်ချင်းစာပြီး တခြားသူတွေကို မတက်ဂ်တော့ပါဘူးနော်။)
ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

Sunday, October 12, 2008

What is love? ( Tag post)



အချစ်ဆိုသည်မှာ...?

အချစ်ဆိုသည်မှာ....?

အချစ်ဆိုသည်မှာ...?


What is love?

What is love ?

What is love?


ကဲ..အချစ်ဆိုသည်မှာဆိုတဲ့ တက်ဂ်ပို့စ်လေးကိုတော့ တဖွဲ့တနွဲ့ မရေးချင်တော့ပါဘူးရှင်။
ကျမဖတ်မှတ်ပြီး သိထားတဲ့ စာသားလေးတွေကိုပဲ မောင်လေး ၊ညီမလေးတွေအတွက် ဖော်ပြပေးလိုက် ပါတယ်နော်။

ကျမကို တက်ဂ်ထားကြတဲ့ မောင်လေးတောင်ပေါ်သား နဲ့ ညီမငယ်မက်မက် တို့ကျေနပ်

နိုင်ကြပါစေနော်။

It's one of the most difficult question for the mankind. :P
Love is patient.
Love is kind.
Love can be created.
The depth of love cann't be measured.
Romentic love is a deep,intense and unending.

The meaning of love will change with each different relationship.
We need to understand each other and must always remember that nobody is perfect.
Be together, share your joy and sorrow , understand each other, provide space of each other, but always be there for each other's need.

Love is the mother key that opens the gates of happiness.

ကဲ..ဒီလောက်လေးနဲ့ပဲ ကျေနပ်ပေးကြပါ မောင်လေးတောင်ပေါ်သား နဲ့ ညီမလေးမက်မက် ရေ။

With love and best wishes,

Ma Ma War

(ဘယ်သူကိုမှ ထပ်မတက်ဂ်တော့ပါဘူးနော်.. အချစ်နဲ့ပတ်သက်ပြီးတက်ဂ် ရမှာ မီးမီးကြောက်

ကြောက်) အဟီး

ပျော်ရွှင်ကြပါစေ။



Saturday, October 11, 2008

ဗရုတ်သုတ်ခအကျဆုံးနေ့တစ်နေ့ ( Tag Post )


အင်း..ဘယ်လိုရေးရရင်ကောင်းမလဲ စိတ်ညစ်ပါရဲ့။ တက်ဂ်ရောဂါတွေ ၊တက်ဂ်ရောဂါတွေ။ကိုယ့်ကို
သူများကတက်ဂ်တော့ ကိုယ်ကသူများတွေကိုထပ်နှိပ်စက်..အဲ..ထပ်တက်ဂ်။အဲလိုနဲ့ သံသရာ ပတ်
ခြာလည်နေကြတာ။ဘီလိုလုပ်ပြီး ဘီလိုရေးရပါ့၊ စိတ်ညစ်လှပါ၏။ အဟီး ။ သူများတွေကို ရေးခိုင်း
မိတာ ကိုယ်ချင်းစာသွားပြီ ။ စိတ်ညစ်အောင် များများပြန်ရေးခိုင်းဦးမှပဲ ။ :P
အခုရေးရမယ့် တက်ဂ်ပို့စ်လေးက
မောင်လေး ဖြိုးဝေတိုး (မိုးဦးဝေလွင်) ရဲ့ဗရုတ်သုတ်ခ
အကျဆုံးနေ့တစ်နေ့ပါတဲ့ရှင်။
စိတ်ဝင်စားလို့ ဖတ်ချင်ပါတယ်ဆိုရင် အောက်မှာဖွင့်ဖတ်သွားပေးပါနော်။အဟီး
စိတ်မ၀င်စားရင်လည်း ကျော်သွားနိုင်ပါတယ်ရှင့်။ရေးရဦးမယ် မမ၀ါဝါ တို့က။ကလေးတွေက ဗရုပ်
သုတ်ခကျတာကို ပြောရင်ကောင်းပါရဲ့။လူကြီးတစ်ယောက်ဖြစ်နေတဲ့ ကျမ၀ါဝါ ရဲ့ ဘရုတ်သုတ်ခ
ကို ဘယ်သူတွေက စိတ်ဝင်စားကြမတုန်းနော့။ အဟီး..
အဲဒီနေ့..အဲဒီနေ့ကပေါ့... မောင်လေးဖြိုးဝေတိုးက ဗရုတ်သုတ်ခအကျဆုံးသောနေ့ ကို တက်ဂ်ပို့ရေး
ခိုင်းတဲ့နေ့ကပေါ့။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ရေးစရာပို့စ်လေးရသွားအောင်ကို ကျမဗရုတ်သုတ်ခ ဖြစ်
သွားခဲ့တာရှင့်။ ပညတ်သွားရာ ဓါတ်သက်ပါ ဆိုသလိုပေါ့နော်။ ဟတ်ဟတ် (ကိုရန်အောင်ရယ်နည်း
ကိုခိုးချလိုက်တာပါရှင်) :P
အဲဒီနေ့ညက ကျမခေါင်းတွေမူးပြီး အရမ်းအိပ်ချင်နေတာလေ။ စောစောအိပ်မလို့ အစီအစဉ်ရှိခဲ့ပါရဲ့။
ဒါပေမယ့် ခင်စရာကောင်းတဲ့ မောင်ငယ်လေးနေလင်းက အမ၀ါဆီကို တစ်နေ့တစ်ခါလာမလည်ရရင်
အိပ်မပျော်ဘူး တဲ့ ၊လာအော်သွားတယ် ၊ပြီးတော့ ပို့စ်အသစ်လာချောင်းတာတဲ့။ သူပြောသွားတာကို
မောင်ငယ်တောင်ပေါ်သား က လာထောက်ခံသွားပြန်ရဲ့။ ပြီးတော့ မောင်ငယ်လေးမိုးသောက်ကတမျိုး
မမ၀ါဘလော့ကို တနေ့၃ ခါမှ လာမလည်ရရင်မနေနိုင်ဘူးတဲ့ ရှင့်။ဖြစ်ပုံများနော်။ အဲဒါနဲ့ ကျမ၀ါဝါ က
လည်း မောင်မင်းကြီးသားလေးများပြောတာကို အားနာမိပြီး အမြှောက်ကြိုက်ပြီး အိပ်ချင်ချင်ကြီးနဲ့ပဲ အဲဒီ
ဆံပင်ညှပ်ဆိုင်အကြောင်းပို့စ်လေးကို မပြီးပြီးအောင်ရေးလိုက်တာလေ ည ၁ နာရီ ထိုးသွားပါရောလား။
မနက်ကျတော့ အစောကြီး၅ နာရီခွဲလောက်မှာ အိပ်ရာနိုးလာပြီး ပြန်အိပ်လို့ကလည်း မရတော့တာနဲ့
အိပ်ရာထပြီး လုပ်စရာရှိတာတွေလုပ် ၊ သမီးလေးအတွက် ကျောင်းသွားဘို့ပြင်ဆင်ပေးပြီး အားတာနဲ့
ဘလော့လည်လိုက်တာ မနက်၉နာရီခွဲသွားတယ်။ နေ့လည် ၁၁ နာရီမှာအလုပ်ဝင်ရမှာမို့ ကွန်ပြူတာ
ရှေ့ကနေမတ်တပ်ရပ်လိုက်တာ..အားပါးပါး မူးဝေသွားတာပဲ။ ဘီလိုလုပ်ရပါ့။အလုပ်ကိုဖုန်းဆက်ပြီး
ခွင့်ယူရအောင်ကလည်း အချိန်ကကပ်နေပြီ အားနာတာနဲ့ မဆက်တော့ပါဘူးလေ။သွားလိုက်ပါမယ်ဆို
ပြီး မူးနောက်နောက်နဲ့ အလှလေးနည်းနည်းပါးပါးပြင်၊ ကျမက အလှပြင်တာကြိုက်တယ်လေ၊ သူများ
တွေလှရင်လည်းအရမ်းသဘောကျတာ၊ ဒါပေမယ့် စိတ်ရှည်လက်ရှည်တော့ အလှမပြင်တတ်ပါဘူး။
မျက်နှာကိုLotionလေးလိမ်းပြီး ၊ Milk Lotionလေးထပ်လိမ်း ပြီးရင် Foundation လေးပါးပါးလိမ်းပြီး
ရင် Powder လေးနဲနဲပုတ်လိုက်ရင် ၁၀ မိနစ်လောက်ဆို ပြီးပြီ။နှုတ်ခမ်းနီ အဆီလေးဆိုး ပြီးရင် အိုကေ
ပဲ..
မျက်နှာပြင်ပြီးပြီဆိုတော့ Adidasအကျီင်္လေးဝတ်၊ Adidas ခြေအိတ် ကိုဝတ်၊ ဂျင်းဘောင်းဘီhalf pant
လေးဝတ်ပြီးတာနဲ့ အပြင်မှာမိုးဖွဲဖွဲလေးကျနေတာနဲ့ Adidas မိုးကာအကျီင်္အဖြူလေးကိုအပြင်ကထပ်ဝတ်
ပြီးတော့ Adidas ရှုးဖိနပ်လေးကိုဝတ်လိုက်တယ်။ အိုကေပြီ.. အဲ အလုပ်သွားဘို့ ၀ယ်ထားတာကလည်း
Adidas အိတ်ကလေးပဲရှင့်။ အဟီး ။ ပြီးလည်းပြီးတော့ ကျမ ကိုယ့်ဘာသာကိုယ် သဘောကျသွားတယ်။
Adidas လူသားဖြစ်သွားပြီလို့။ :P ( အဟီး Adidas ကြော်ငြာဝင်လိုက်တာပါရှင်။)
အဲ..အိမ်ကနေထွက်တော့မယ်ဆိုမှပဲ ညတုန်းကအိပ်ရေးပျက်ထားတာကြီးက အာတွေအရမ်းသမ်းလာပြီး
အိပ်ချင်လိုက်တာ။ဝါးးးးးးးးးးး ။ဒါပေမယ့် တာဝန်နဲ့ ၀တ္တရားကရှိသေးတော့ မဖြစ်မနေသွားရပါဦးမယ်ရှင်။
အလုပ်ကိုစက်ဘီးလေးနဲ့သွား ၅ မိနစ်လောက်ဆို အလုပ်ထဲရောက်သွားပြီ။ ရောက်တာနဲ့ အိပ်ချင်မူးတူး
နဲ့ အိမ်မှာဘာမှ မစားခဲ့တော့ ပုဇွန်ဟမ်ဘာဂါဆက်လိုက်မှာလိုက်တယ်။ အဲဒီကစပြီး လွဲတော့တာပါပဲလေ။
ကိုယ့်ဆိုင်အကြောင်းတောင် ကိုယ်မေ့သွားတယ်လေ။ ပုဇွန်ဟမ်ဘာဂါက ၁၀နာရီခွဲကျော်မှ စရောင်းတာ
လေ။မန်နေဂျာမလေးက ၀ါဝါစံ ပုဇွန်ဟန်ဘာဂါ မရသေးဘူးလေးလို့ ပြောတော့မှ ..အော.ဟုတ်ပါရဲ့.တွေ့
ပုချိ ( ဂေါ်မင်းနဲ)လို့ပြောပြီး၊ ပုဇွန်မရရင် ကြက်သားဟန်ဘာဂါပဲပေးပါဆိုတော့ အဲ..အဲဒါလဲမရသေးဘူးလေ
တဲ့။ အဟဲ..မှားနေတာ..မှားနေတာ။ မသိတဲ့အတိုင်း။နောက်တော့ သူက ကျမကိုမေးတယ်။ဝါ၀ါစံ ဂင်းခိ
နော် တဲ့။ (၀ါဝါစံ နေကောင်းပါရဲ့လာတဲ့) အဟဲ..နေကောင်းပါတယ်။ဆောတီးနော်။အဲလိုဆို ရှိတာလေး
တွေထဲက အာလူးကကတ်သလိတ်ကြော်ရယ်၊ကြက်သားကြော်ရယ်၊ Juice တခွက်ရယ်ပဲ ဖြစ်သလိုလေး
စားလိုက်ရတော့တယ်။ ဖြစ်သလိုစားတာလေးခေတ်စားနေတော့ အတော်ပါပဲလေ။ အဟတ်ဟတ်
အဲ ဖြစ်သလိုလေးမစားခင်ပြောရဦးမယ် ၀ယ်ပြီးရလာတဲ့ မုန့်ဗန်းလေးကို လက်တဖက်ကကိုင်၊လက်တ
ဖက်က အိတ်ကိုင်ထားတာလေ။ အပေါ်ထပ်တက်တော့ ..အားပါးပါး..အပေါ်ထပ်မှာစားနေကြတဲ့သူတွေ
ကအပြည့်ပဲ အဲဒီမှာပဲ များနေတဲ့လူတွေကိုကြည့်ပြီးရုံးခန်းထဲကိုအသွားမှာ ရွီး..ဆိုပြီးကျမဖိနပ်ကချော်သွား
လိုက်တာ အဟီး လူတွေအများကြီးပါဆိုမှ ဗန်းတဖက် အိတ်တဖက်နဲ့ မနဲ balance မျှသွားအောင်ပြန်ထိန်း
လိုက်ရတယ်။ ရှက်လိုက်တာ မပြောပါနဲ့တော့။ :P အပြင်မှာမိုးနဲနဲရွာနေတော့ အခင်းတွေက ချောနေတာ
လေ။ သတိထားပြီိးမလျှောက်တော့ ကိုယ့်အပြစ်နဲ့ကိုယ်ပဲ။အဟဲ
ရုံးခန်းထဲဝင် ယူနီဖောင်းလေးလဲပြီးပြန်ထွက်လာတော့ မျက်နှာကပြုံးစိစိနဲ့လေ။အဟီး .စားနေတဲ့သူတွေက
မှတ်မိကြတာပေါ့ ကျမမျက်နှာကြီးကို။ ကြည့်နေတဲ့သူတွေကို ရှက်ပြုံးလေးနဲ့နှုတ်ဆက်ပြီး အလုပ်ထဲဝင်တော့
စပြီ ပြဿနာ မျက်လုံးတွေက၀ါးတားတားနဲ့ ခေါင်းကမူးဝေေ၀ရိပ်တိတ်တိတ်ဖြစ်နေတာလေ။ကိုယ့်ကိုယ်
ကိုယ် လဲကျသွားမလားလို့တောင်ထင်နေမိတယ်။ဘလောဂင်ပြီး အိပ်ရေးပျက်တာက ပွဲကြည့်ပြီးအိပ်ရေးပျက်
တဲ့ အတိုင်းပါပဲ။အဟီး အဲဒီအကြောင်းကို အမျိုးသားကိုလုံးဝ မပြောပြခဲ့တာ၊တော်ကြာဘလောမဂင်ခိုင်းမှာစိုး
လို့..အဟီး။ဒါပေမယ့် အခုမရေးရင်မရတော့ ရေးရပြီပေါ့၊သူသိတော့မှာပဲ..အဟဲး)
အဲဒီအချိန်ကစပြီး ဟန်ဘာဂါတွေကို အလွဲလွဲအမှားမှား စလုပ်ပါတော့တယ်ရှင်။အဟဟား
အမဲသားထည့်ရမယ့် ဟန်ဘာဂါကို ၀က်သားတွေထည့်လိုထည့်..အဟဲ. မန်နေဂျာမ က ၀ါဝါစံ မှားနေတယ်
၊အမဲသားထည့်ရမှာလေ.တဲ့.အဟေ..ဟုတ်ပ.ဒွတ်ခ။ ပြီးတော့ Tomato humburger ကိုခရမ်းချဉ်သီး
မထည့်ပေးမိဘူး။အဟား စိတ်ညစ်တယ် ၂ကြိမ်မြောက်။
ကျမနဲ့ မန်နေဂျာအမျိုးသမီးနဲ့ အတူလုပ်ရတာလေ။သူက ကျမကိုဘေးမှာကူပေးနေတာပေါ့။ တတိယအ
ကြိမ်ကျတော့Cheese burgerကို Cheese မထည့်ပေးလိုက်ပြန်ဘူး။အဲလိုနဲ့ လွဲနေလိုက်တာ ၇ ခါလောက်
ရှိသွားပါရောလား။ အဟား။ နောက်တော့ မန်နေဂျာမလေးက ကျမကိုမေးတယ်ရှင့် .၀ါဝါစံ ဂင်းခိ တဲ့..
ဝါ၀ါစံ နေကောင်းပါရဲ့လားတဲ့။ :P ကျမ ကလည်း နေကောင်းပါကြောင်း နဲ့ ညက အိပ်မပျော်လို့ မူးနေ
တယ်လို့ ပြောပြလိုက်တယ်။ အဲဒီတော့မှသူက အယ် ဘာလို့အိပ်မပျော်တာလဲ၊ စိုးရိမ်ပူပန်စရာတွေရှိလို့
လားတဲ့ ကျမကိုမေးတာလေ။ ကျမကလည်းရယ်ချင်လိုက်တာ ကိုယ့်အကြောင်းနဲ့ကိုယ်မို့။ခွီး ခွီး ဆိုပြီးတော့ :P
တကယ်ဆိုရင် ကျမကဟမ်ဘာဂါလုပ်ပေးရာမှာ Expert ရှင့်။အဟား.အလုပ်ချိန် ၃နာရီအတွင်းမှာ တခုတလေ
မှ တကြိမ်တလေးမှ အမှားအယွင်းမရှိအောင်လုပ်ပေးနိုင်တာမို့ သူတို့က ကျမကို အရမ်းချီးမွမ်တာ။အဲဒါ
ကြောင့် ကျမကို တခြားပင်ပန်းတဲ့နေရာမှာလုံးဝ မလုပ်ခိုင်းပဲနဲ့ ဟမ်ဘာဂါလုပ်တဲ့နေရာမှာပဲ သက်သက်
သာသာထားတာလေ။ အဟေးဟေး..
အဲဒီနေ့ကတော့ ကျမသိသိသာသာပဲ အမှားတွေ ၇ ခါလောက်လုပ်ပေးလိုက်တာ။တော်ပါသေးရဲ့ချက်ချင်း
အလုပ်ဖြုတ်မခံလိုက်ရတာ။အဟီး
သူတို့ကလည်း ကျမကိုနားလည်ပေးလို့တော်ပါသေးရဲ့။နေလို့မကောင်းဘူး၊ခေါင်းမူးနေတယ်လို့ အကြောင်း
ပြလိုက်တာလေ။အဟီး
အဲလိုနဲ့ပဲ အလွဲလွဲ အမှားမှားနဲ့ အလုပ်ချိန် ၃နာရီပြီးသွားခဲ့ပါတယ်ရှင်။
အဲဒါ ဟိုကောင်လေးဖြိုးဝေတိုး ရဲ့ ပညတ်သွားရာဓါတ်သက်ပါ ကောင်းမှူကြောင့်ဖြစ်နိုင်ပါတယ်။ အဟဲ
ကဲ..ကျမရဲ့ ဗရုတ်သုတ်ခဖြစ်ခဲ့ရတဲ့ထူးထူးခြားခြား အမှတ်တရနေ့ကလေးတစ်နေ့ အကြောင်းပါပဲရှင်။
မောင်လေးဖြိုးဝေတိုး ရေ.. ဒီလောက်နဲ့ပဲ ကျေနပ်ပေးပါနော်။

ကဲ..စိတ်ညစ်မှာစိုးလို့ ကိုယ်ချင်းစာပြီး ပြန်မတက်ဂ်တော့ဘူးလို့ စဉ်းစားမိပေမယ့် ကိုယ်မတက်ဂ်လည်း သူများတွေအလှည့်ကျရင် တက်ဂ်ကြဦးမှာမို့ ၊ကိုယ်တော့ရေးရပြီး သူများတွေကိုပြန်မရေးခိုင်းရရင်
အိပ်မပျော်နိုင်ပဲဖြစ်မှာစိုးလို့ ကံထူးရှင်နဲနဲ ရွေးပါရစေနော်။
ကံထူးရှင်လေးတွေကတော့...
(၁)
ညီမလေးဝေလေး (ရေးပြီး)
(၂)
ညီမလေးမက်မက် (ရေးပြီး)
(၃) ညီမလေးသက်တန့် (ရေးပြီး)
(၄)
မောင်ငယ်ဥယျာဉ်မှူး ( ရေးပြီး)
(၅) မောင်ငယ်မျက်ဝန်းနက် (ရေးပြီး)
(၆)
မောင်ငယ်မိုးသောက် (ရေးပြီး)
(၇)
မောင်ငယ်စိုးမင်းထိုက် (ရေးပြီး)
(၈)
ကိုရန်အောင် (ရေးပြီး)
(၉) မောင်ငယ်သံလွင်ဟီးရိုး (ရေးပြီး)
(၁၀)
မောင်လေးနေလင်း ( ရေးပြီး)
(၁၁)
မောင်လေးမိုးသောက်ယံ (ရေးပြီး)
(၁၂)
မောင်လေးAndyံ (ရေးပြီး)
(၁၃)
မောင်လေးဖြိုးသက်အောင် (ရေးပြီး)
(၁၄)
မောင်လေးအိမ် ( ရေးပြီး)
(၁၅) မောင်လေးကိုစွမ်း ( ရေးပြီး)
(၁၆)
မောင်လေးပုလုကွေး (ရေးပြီး)
(၁၇)
မောင်လေးအလှတရား (ရေးပြီး)
(၁၈)
ညီမလေးအလွမ်းပြေ (ရေးပြီး)
(၁၉)
ညီမလေးရောင်ပြန် (ရေးပြီး)
(၂၀)
မောင်လေးဖြိုးEvergreen (ရေးပြီး)
(၂၁) မောင်လေးဇင်ယော် ( ရေးပြီး)
(၂၂)
မောင်လေးသတိုးရာဇာ (ရေးပြီး)
ကဲ..ရွေးရင်း..ရွေးရင်း နဲ့ သူမထည့်ရင်မကောင်း ၊ အားနာနေရဦးမယ်..နဲ့..အဟီးဟီး..၂၂ယောက် ၊တစ်ဆွေလုံးတစ်မျိုး လုံးပါပဲရှင်။ ကဲ..အဆင်ပြေရင်ရေးပေးကြပါဦးနော်။ ကိုယ့်ရဲ့ဗရုတ်သုတ်ခ
အဖြစ်ဆုံးနေ့လေးတစ်နေ့ အကြောင်းပါပဲ။ ရေးရတာပျော်စရာကောင်းပါတယ်။
ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
မရေးရသေးသောသူ (၃)ဦးကျန်နေပါသည်။ နောက်ဆုံးကျန်သောသူသည်
လူပျိုကြီးပဲဖြစ်ပါလိမ့်မည်။ :P
ညီမလေးသက်တန့် နောက်ဆုံးဖြစ်ရင်တော့ လွတ်ပါစေ။ အပျိုကြီး မဖြစ်ပါ
စေနဲ့။ အဟီး

Thursday, October 9, 2008

စိတ်ကူးလေးတွေသိပါရစေ ။

ကျမညှပ်ဖြစ်တဲ့ ဆံပင်ညှပ်ဆိုင်လေးပါ။ EARTH HAIR & MAKE

မင်္ဂလာပါရှင်။
လာမြှောက်ပြောတဲ့သူလေးတွေရှိလို့ ကျမလည်းအမြှောက်ကြိုက်ပြီး ပို့စ်လေးတစ်ခုရေးလိုက်ပါဦးမယ်ရှင် ။
ဒီပို့စ်လေးကိုရေးဘို့စိတ်ကူးထားတာတော့ကြာပါပြီ ၊ မရေးဖြစ်ခဲ့တာပါ။
အခုကျမရေးမှာက ဂျပန်မှာကျမညှပ်နေကျ ဆံပင်ညှပ်ဆိုင်လေး အကြောင်းရှင့်။ ကျမ ရဲ့ အတွေ့အကြုံ
လေးကို ဝေမျှချင်တာပါနော်။ ပြီးတော့ မေးစရာ မေးခွန်းလေးပါရှိနေတယ်နော်။ပြန်ဖြေသွားပေးဦး။း)
ဒီလိုပါ... ကျမက ဆံပင်ညှပ်ရင် EARTH HAIR & MAKE ဆိုင်မှာ အမြဲလိုလိုညှပ်ဖြစ်ပါတယ်ရှင် ။ ဆိုင်
လေးက သန့်သန့်ရှင်းရှင်းလေး နဲ့ ဆိုင်ဝန်ထမ်းတွေကလည်း အရမ်းဆွဲဆောင်မှုရှိတာရှင့် ။ ကျမ အဲဒီဆိုင်
လေးကို မြင်ပြီးဆံပင်ညှပ်ချင်နေခဲ့တာလေ။ အဲဒါနဲ့ ကျမ သွားခဲ့တယ်ရှင့်။ ဆိုင်ထဲရောက်တာနဲ့ Reception
က ဂျပန်မ ချောချောလေးတွေက ဖော်ဖော်ရွေရွေ နဲ့ အီရတ်ရှိုင်းမဆဲ ဆိုပြီးနှုတ်ဆက်ကြပါတယ်။ကျမကို ဘာလုပ်ချင်ပါသလဲ.လို့မေးတော့ ..ကျမကလည်း ဆံပင်ညှပ်ချင်လို့ပါရှင်လို့ပြောတော့ ခေါင်းရောလျှော်
မှာလား လို့ ကျမကိုမေးတယ်လေ .အင်း ရောက်ပြီးမှတော့ ထူးပါဘူး.. လျှော်လိုက်ရတော့မှာပေါ့။ အဟီး
ဟုတ်ကဲ့ လျှော်ပါမယ်ရှင် လို့ ကျမကပြန်ဖြေလိုက်တယ်လေ။ သူတို့ကယဉ်ယဉ်ကျေးကျေးပြောတော့ ကျမကလည်း ယဉ်ယဉ်ကျေးကျေးလေးပဲ ပြန်ဖြေရတာပေါ့ရှင်။ တကယ်တော့ ဆံပင်ညှပ်မယ်ဆိုတော့ ခေါင်းက ဆိုင်လာခါနီးမှာ လျှော်ထားပြီးသားလေ။တတ်နိုင်ပါဘူး ။လာမိမှတော့ အိုက်တင်လေးနဲ့ပေါ့..အဟဲ
အဲဒီတော့ ဂျပန်မလေးက ဟုတ်ကဲ့ပါ.. ဆံပင်ညှပ်တာက ယန်း၃၉၉၀ ကျပါမယ်။ ခေါင်းလျှော်တာကယန်း၅၀၀ ပါ ၊စုစုပေါင်း ယန်း၄၄၉၀ ပေါ့နော်.. ကျမကလည်း သိပြီးသားဆိုတော့ ဟုတ်ကဲ့ပါရှင်။ အိုနဂိုင်းရှီးမတ်စ
(ဆောင်ရွက်ပေးပါ) လို့ပြောလိုက်တယ်လေ။ ပြီးတော့ကျမကို ကြိုက်နှစ်သက်ရာ Hair Style ရှာဖို့ Hair Style စာအုပ်တွေလာချပေးပါတယ်။ ကျမကလည်း ကြည့်ပြီး ကျမ နဲ့ အဆင်ပြေနိုင်မယ့် စတိုင်လေးကိုရှာနေမိတယ်။
ခဏနေတော့ ဂျပန်မလေးက အလှည့်ကျပါပြီရှင် တဲ့ ပြောပြီး ကျမရဲ့ အပေါ် ၀တ်ကုတ်အင်္ကျီကို တရိုတသေ
ချွတ်ပေးရှာပါတယ် ။ ပြီးတော့ အကျီင်္ဂျိတ်ကလေးနဲ့ ချိတ်ပြီး ကျမရဲ့ အိတ်ကိုသိမ်းဘို့ လော့ကာ လေးတစ်
ခုပေးပါတယ်။ ကျမက ကျမရဲ့အိတ်ကလေးကို လောကာထဲထည့်ပြီးတာနဲ့ ဂျပန်မလေးက သော့ခတ်ပြီး သော့ကို ကျမကို ပေးပါတယ်ရှင်။
ပြီးတာနဲ့ ကျမကို ခေါင်းလျှော်တဲ့ အခန်းကို ခေါ်သွားပြီး ခေါင်းလျှော်ပေးတယ်ပေါ့နော်။ အဲ ..ဆံပင်မညှပ်
ခင်သူတို့က မေးသေး တယ်ရှင့်။ ယောကျာင်္လေးညှပ်တာကြိုက်လား ၊မိန်းခလေးညှပ်တာကြိုက်လား တဲ့။
ကျမ ကတော့ ဘယ်သူဖြစ်ဖြစ်ရပါတယ်ပေါ့နော်။ ကျမ က အလှအပတွေမှာ မိန်းခလေးအလှပြင်ဆရာတွေ
ထက်စာရင် ယောကျာင်္းလေးအလှပြင်ဆရာတွေက ပိုပြီးကြည့်တတ်၊ပြင် တတ်ကြောင်း စာအုပ် ထဲမှာ
ဖတ်ဖူးထားတော့ မိန်းခလေးမဟုတ်လဲ ယောကျာင်္းလေးဖြစ်ဖြစ် ၊ အခြောက်ဖြစ်ဖြစ် မတတ်နိုင်ဘူး၊ အဆင်
ပြေတဲ့သူညှပ်ပေး ..အဟီး. ခေါင်းလျှော်ပေးတာကကောင်ကလေးချောချောလေးပေါ့ ။
ယန်း၅၀၀ ပေးရတာတန်ပါတယ်။ သေသေခြာခြာခေါင်းကိုနှိပ်နယ်ပေးပြီး ဇက်ကြောတောင်ဆွဲပေးသေးတာ
လေ။အင်း..အခုအချိန်သွားရရင်တော့ ကောင်းလိုက်မယ် ဖြစ်ချင်းနော် ။ ဘလောဂင်ပြီး ဇက်ကြောတွေ
တက်နေတာကြာပါပြီကော။ အဟီး
ခေါင်လျှော်ပေးပြီးတာနဲ့ ယဉ်ယဉ်ကျေးကျေးဖော်ဖော်ရွေရွေလေးနဲ့ပဲဆံပင်ညှပ်တဲ့ခုံပေါ်ပြောင်းထိုင်ခိုင်းပါ
တယ်။ပြီးတော့ ခဏစောင့် ပေးပါနော်တဲ့ ။ ခဏနေတော့ မင်းသားထွက်လာပါတယ်.. အဟား..
ကျမကို ဆံပင်ညှပ်ပေးမယ့် မင်းသားနော် ။ စတိုင်ကျကျ နဲ့ ပြုံးပြုံးလေးပေါ်လာပြီး ခွန်နိချိဝ တဲ့ နှုတ်ဆက်
လာတယ်။ အခြောက်တော့မဟုတ်ဖူးရှင့်၊တော်သေးတာပေါ့။ကျမ က အခြောက်ဆို နဲနဲ မကြိုက်ဘူး။ ကျမ
ကိုဆံပင်ညှပ်ပေးမယ့် မင်းသားက တကယ့်မင်းသားအတိုင်းပဲ ပြုံးရွှင်ပြီး လက်ကလေးနှစ်ဖက်နောက်ပြစ် ၊ ချိုချိုသာ သာလေးနှုတ်ခွန်းဆက်ပြီးတော့ ကျမကို ဘယ်လိုပုံလေးညှပ်ချင်ပါသလဲလို့မေးပါတယ်ရှင် ။
ကျမကလည်း ကျမနဲ့ လိုက်မယ့်စတိုင် လေးပဲညှပ်ပေးပါလို့ ပြောပြတော့..ဟုတ်ကဲ့ပါ ဆိုပြီး သူ့ခါးပတ်ပတ်
လည်မှာရှိတဲ့ အိပ်တွေထဲက ကပ်ကျေးတွေ တမျိုးပြီးတမျိုးထုတ် ပြီး ကျမကို ညှင်ညှင်သာသာလေးပဲ
ဆံပင်ညှပ်ပေးပါတယ်။ သူမျက်နှာမှာ ပြုံးထားတဲ့ အပြုံးကလည်း လုံးလုံးမပျက်ဘူးရှင့် ။ အဲဒါနဲ့ ကျမက
သူမျက်နှာကိုမြင်ဖူးနေသလိုပဲ ဆိုပြီးမှန်ထဲကနေ တချက်ခိုးကြည့်လိုက်တော့ အဲ..သိပြီ..သိပြီ..ကျမတို့ မြန်မာပြည်က အဆိုတော် နောင် နဲ့ တော်တော်တူတာရှင့်။
(အဲ နောင်ကြိုက်တဲ့ ညီမလေးဘယ်သူလဲမသိ မေ့သွားပြီ။ ညီမလေးဝေ လား ညီမလေးသက်တန့် လား
သိတော့ဘူး။ ) အဲလိုနဲ့ ဆံပင်လေးညှပ်ပြီးသွားပြီပေါ့ရှင်။
ကျမ က သူတို့ဆိုင်ရဲ့ဖောက်သည်အသစ်မို့ ဧည့်ဝတ်တကယ်ကျေပါတယ်။ နောက်တစ်ခါလာချင်အောင်
ဆက်ဆံတတ်တာလေ ။ ဆံပင်ညှပ်ပြီးတော့ အရှေ့ကိုပြန်လာတာနဲ့ ကျမဆီက သော့ လေးကိုတောင်း
ပြီး ကျမအိတ်ထည့်ထားတဲ့ လော့ကာကို ဖွင့်ပေးပါတယ် ။ကျမကအိတ်ကိုယူ ပိုက်ဆံရှင်းပြီးတော့မှ ကျမကို Form လေးတစ်ခုဖြည့်ခိုင်ပါတယ်။ သူတို့ဆိုင်ရဲ့ Member ၀င်တစ်ယောက်အဖြစ်ပေါ့ရှင်။ ကျမကလိုအပ်
တာတွေဖြည့်ပေးပြီးတော့ မှ ကျမရဲ့အပေါ်ကုတ်အကျီင်္လေးကိုယူလာပေးပြီး ကျမကိုဝတ်စေပါတယ် ၊ကျမက
လက်ကလေးရှိုပေးရုံပဲရှင့် .သူတို့က ရိုရိုသေသေလေး ၀တ်ပေးတာပါ။ အဟီး.. အဲဒီတော့ ပြီးပြီပေါ့ ပြန်မယ်ပေါ့နော်.ဆိုတော့ ခဏစောင့်ပါဦးတဲ့ ..အယ်ဘာလို့လဲ ဆိုတော့ ကျမကို ဆံပင် ညှပ်ပေးတဲ့
ကိုရွှေမင်းသားက ပြုံးပြုံးလေးနဲ့ ပြန်ပေါ်လာပြီး သူရဲ့visiting card ရယ်၊ နောက်တစ်ခါလာညှပ်ရင် ၃၀ ရာခိုင်နှုန်းDiscount ကဒ်လေးရယ် ၊ကျမရဲ့Member card လေးရယ်ကို တရိုတသေပေးပြီးဦးညွတ်နှုတ်
ဆက်ပါတယ်ရှင်။ သြော်..သူတို့တွေရဲ့ဆက်ဆံရေးများ အားကျလောက်ပါရဲ့။နောက်တခါ မလာ လာချင်
အောင်ဆွဲဆောင်တတ်ပုံကိုပြောပါတယ်နော်။အဲဒါနဲ့ပဲ ကျမဆံပင်ညှပ်တာ ပထမဆုံးအခေါက်မှာယန်း၄၄၉၀
ကျပါတယ်ရှင်။
ဆက်ဆံရေးကောင်းပြီး ၊ဧည့်ဝတ်ကျေပြွန်လွန်းလို့ နောက်တစ်ခေါက်လည်းသွားညှပ်ချင်ပေမယ့် ပိုက်ဆံ
လည်းနှမျောသေးတယ်ရှင့်။
အဟီး. ငွေကုန်ခံနိုင်ရင် ဇိမ်တော့ကျပါရဲ့ ၊ ဖော်ဖော်ရွေရွေ ဧည့်ဝတ်ကျေမှုတွေကိုလည်း နှစ်သက်မိပါရဲ့။ ကျမကို ပေးလာတဲ့ ၃၀ ရာခိုင်နှုန်း Discount card က ၃ လ အတွင်းမှာပြန်ညှပ်ရမှာရှင့်။ဖြစ်ပုံနော်။
၃ လလောက်နဲ့တော့ ပြန်မညှပ်နိုင်ပါဘူး၊နှမျောစရာကြီး လေ..ပိုက်ဆံ.အဟား။ အဲဒါနဲ့ ၃ လအတွင်းကျမ
မညှပ်ဖြစ်လိုက်ဘူးရှင့်။ သူတို့ကလည်း ကျမ ဆံပင်ပြန်မညှပ်သေးတာ သိတယ်နဲ့ တူပါတယ်..အဟီး..
နောက်ထပ် ၂ လလောက်အကြာမှာ ကျမဆီကို စာတိုက်ကနေတဆင့် အဲဒီဆံပင်ညှပ်ဆိုင်က ၃၀ ရာခိုင်နှုန်း
Discount card ကြီးပြန်ပို့လာပါတယ်ရှင့်။ နောက်ထပ် ၃ လ အတွင်း ညှပ်လို့ရတယ်ပေါ့နော်။ ဒီတခါတော့ ကျမ၀မ်းသာသွားတယ် ဆံပင်ညှပ်ထားတာ ၅ လ လောက်ကြာသွားပြီဆိုတော့ ထပ်ညှပ်ချင်နေတာနဲ့
၃၀ ရာခိုင်နှုန်း Discount ဆိုတော့ ဟဲဟဲ.. တွက်ကြည့် လိုက်တယ်လေယန်း ၄၄၉၀ ကို ၃၀ရာခိုင်နှုန်း
လျှော့မယ်ဆိုတော့ ၃၀၀၀ကျော်ကျော်လောက်ပဲ ကျမယ်ပေါ့နော်။ အဟား..၀မ်းသာအားရ ပီတိတွေဝေပြီး နောက်တစ်ခေါက် ထပ်ရောက်သွားခဲ့ပြန်ပါတယ်ရှင်။ ကျမကိုမြင်တော့ သူတို့က အရင်အတိုင်းပြုံးပြုံး ပြုံးပြုံး နဲ့ပဲရှင့်။ အဟီး.. ကိုယ်ခံရတော့မယ်ဆိုတာကြိုမတွေးထားမိတဲ့ကျမလေ ၃၀ ရာခိုင်နှုန်းDiscount မို့လို့ ၀မ်း
သာအားရသွားခဲ့တာပါ ။ Receptionမှာ ၃၀ ရာခိုင်နှုန်းလျှော့တဲ့ ကဒ်ကိုပြ..အဟဲ. သူတို့က ကျမကို ပြုံးရွှင်
ဖော်ရွေစွာနဲ့ပဲ ကျသင့်ငွေကို တွက်ပေးပါတယ်။ ကျမကလည်း အိမ်မှာကြိုတွက်လာပြီးသားပဲလေ..
ဘယ်လောက်ကျမယ်ဆိုတာ သိပြီးသားပဲမို့ အသာရပ်စောင့်နေတော့ ဂျပန်မလေး က ယန်း ၄၆၄၀
ကျပါမယ်ရှင် တဲ့.. အယ်..ကျမကလည်း ၃၀ ရာခိုင်နှုန်းလျှော့ဈေးလေးလို့ မအီမလည်နဲ့ ပြန်မေးရတာ
တကယ် တော့ အဲလိုကြီးလဲ မမေးချင်ပါဘူး။ ဖြစ်နိုင်ရင် ကျသင့်ငွေကို ရော့..အင့် ဆိုပြီးစတိုင်ကျကျ
ပေးလိုက်ချင်တာပါ ။အဟီး... ဒါပေမယ့် ပိုက်ဆံက နှမျော သေးတယ်လေ။ဟုတ်ဖူးလား..နော်..ပထမ
တစ်ခေါက်က စုစုပေါင်းကျတာ ယန်း၄၄၉၀ လေ..၃၀ ရာခိုင်နှုန်းလျှော့တော့ ယန်း၃၁၄၀လောက်ပဲကျရမှာ
ကို ကျမကိုပြောလာတာက ပိုတောင်ပိုနေသေးရဲ့.. အယ် ဘာဖြစ်လို့လဲ ဆိုပြီးကျမကမေးတော့ ၃၀ ရာခိုင်
နှုန်း လျော့ဈေးက ယန်း၃၁၄၀ ကျပါတယ်ရှင် တဲ့ ၊ကျမက ဟုတ်ကဲ့ပါပေါ့နော်။ အဲ..ပြီးတော့ ကျမ ပထမ
တစ်ခေါက်ကညှပ်တဲ့သူကို ခေါ်ခက ယန်း၁၅၀၀ ပါတဲ့ရှင်။ အဟီး .ဖြစ်ပုံ..အဲဒါနဲ့ ကျမကလည်း သက်သာလို
ုသက်သာငြား သူ့ကိုမခေါ်ပါဘူးရှင် ရှိတဲ့သူနဲ့ပဲညှပ် ပေးပါဆိုတော့ အဲလိုဆိုရင် ၃၀ ရာခိုင်နှုန်း Discount
မရကြောင်းပါရှင် တဲ့။ အဟီး.. သူတို့ပဲလူလည်ကျတာလား ၊ကျမကပဲ အတာလားမသိတော့ဘူး။ဟဟား..
အဲဒီတော့ ကျမကတွက်ကြည့်လိုက်ပါတယ် ဆိုင်ထဲလဲရောက်ပြီးနေပြီ အိုက်တင်တခွဲသားနဲ့ဝင်လာပြီးမှ
တော့လည်းပြန်မထွက်ချင်တော့တာနဲ့ အော်ဟုတ်ကဲ့ပါ.. နားလည်ပါပြီဆိုပြီး..မအီမလည်နဲ့ ပြနƟ