Sunday, November 30, 2008

ဖူဂျီတောင်သို့ အလည်တစ်ခေါက်

မင်္ဂလာပါရှင်.
ဒီနေ့မနက်အစောကြီး ၇နာရီကတည်းကနေဖူဂျီတောင်သွားဘို့ မိသားစုတွေအိမ်ကထွက်ကြပြီး ည ၁၀ နာရီထိုးခါနီးမှအိမ်ပြန်ရောက်ကြတာကြောင့် ရောက်ရောက်ချင်းပဲ ဘလော့လေးဖွင့် လာလည်သွားတဲ့ မောင်နှမတွေကိုကျေးဇူးတင်ကြောင်းစီဘုံးထဲမှာအော်ပြီး ဖူဂျီတောင်အမှတ်တရ ဓါတ်ပုံလေးတွေကို တင်ပေးလိုက်ပါတယ်နော်. စာကတော့မရေးနိုင်တော့ဘူး .နှစ်ပိုင်းခွဲပြီး နောက်နေ့မှ ပို့စ်ရေးတော့မယ်နော်.အရမ်းပင်ပန်းနေလို့ပါရှင်။ Tag Post လေးတွေရေးပြီးသွားကြတဲ့ မောင်နှမတွေအားလုံးကိုလဲ အရမ်းပဲကျေးဇူးတင်ပါတယ်နော်.ညီမလေးဝေ ၊ ညီမလေးပုလဲ ၊ မောင်လေးအလှတရား နဲ့ မောင်လေးidulize တို့ရေ.. မနက်ဖြန်မှပဲ မမ Comment လေးတွေလာရေးပေးတော့မယ်နော်. အမြန်တော့လာဖတ်သွားပြီးပါပြီ ။ Comment ကိုအမြန်မရေးချင်လို့ပါ။ ကျေးဇူးတင်ပါတယ်နော်။

ညနေပိုင်းမှာတွေ့ရတဲ့ ဖူဂျီတောင်ရဲ့အလှ (Kawaguchi Lake ကနေရိုက်ထားတာပါ)



နေ့ခင်းပိုင်း ၂ နာရီလောက်မှာတွေ့ရတဲ့ဖူဂျီတောင်ရဲ့အလှ (Shoji Lake ကနေရိုက်ထားတာပါ)



နေ့ခင်းပိုင်း ၁၂ နာရီလောက်မှာတွေ့ရတဲ့ဖူဂျီတောင်ရဲ့အလှ (Motosu Lake ကနေရိုက်ထားတာ)

ဖူဂျီတောင်ခြေက နာမည်ကြီးတဲ့ Fuji-Q High Land ကစားကွင်း




စကိတ်စီးရင်းဖူဂျီတောင်ရဲ့အလှကိုခံစားနိုင်တယ်နော်။

ရေခဲလွှာလျှောစီးကစားကွင်း..







ဒီနှစ်ပုံက နာရီလက်တံပုံလိုလွှဲပြီး လူတွေစီးနေကြတာလေ ..အသဲအေးစရာကြီး


ထိုင်ခုံတွေကိုရှေ့ထိုးနောက်ခုံတပတ်လည်လွှဲပေးနေတဲ့ Roller Coster ပေါ်မှာ ဇောက်ထိုးကြီးပေါ့ ( ဂျပန်မှာ ကြောက်စရာအကောင်းဆုံး ကစားနည်းတွေရှိတာ ဒီနေရာမှာတဲ့ )




လည်နေတဲ့အ၀ိုင်းကြီးထဲကလူတွေကိုဝှေ့ယမ်းပြီးလွှဲပေးနေတာ ...



အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်...

ဝါ၀ါခိုင်မင်း

Friday, November 28, 2008

ကြွားတယ်လို့ဆိုချင်ဆို

မင်္ဂလာပါရှင်..
ကျမ ဒီနေ့ ကျမရဲ့ အကြိုက်ဆုံးပစ္စည်းလေးတစ်ခုအကြောင်းရေးမယ်နော်။
ဟီးဟီး ကြွားသလိုကြီးဖြစ်နေတယ်ဆိုတာသိပေမယ့် ရေးချင်နေတာအရမ်းကြာနေပါပြီ။အကြွားပို့စ်သက်သက်ဖြစ်တာမို့ မရေးချင်းနေတာလဲပါပါတယ်။ဟဲဟဲ အင်ထရိုတွေများသွားပြီ။ကြွားရမှာ အားနာလို့။ :P
ဒီလိုလေ ပထမဆုံးကျမရေးခဲ့တဲ့ Tag Post လေးမှာ ကျမရေးခဲ့တဲ့ ကျမအကြိုက်ဆုံးပစ္စည်းတွေက (နာရီ ၊ ဖိနပ် ၊ အိတ် ၊ လက်ဝတ်လက်စား) လို့ရေးခဲ့တာလေ။ အင်း..အဲဒီအထဲကမှ ကျမအကြိုက်ဆုံးတစ်ခုဖြစ်တဲ့ ဖိနပ်လေးတွေ အကြောင်းပြောပြချင်လို့ပါ။ဟဟား ရေးရမှာ ကြွးသလိုကြီးဖြစ်နေတာမို့အားနာတာနဲ့ မရေးဖြစ်ခဲ့ပဲ လွန်ခဲ့တဲ့ ရက်ကပဲ မနိုင်းနိုင်းစနေ က ဖိနပ်အကြွားပို့စ် လေးတင်တာတွေ့တော့ ချက်ချင်းရောက်သွားပြီး အရင်ဆုံး Comment သွားပေးခဲ့တာလေ. ဟီးဟီး အဖော်ရပြီပေါ့..အဲဒါနဲ့ပဲ ဒီပို့စ်လေးကို ကြွားတယ်လို့ဆိုချင်ဆို ဆိုပြီးခေါင်းစဉ်လေးတပ်ပြီးရေးလိုက်မိပါတယ်။ :P

အင်းပြောရမယ်ဆိုရင် မိန်းခလေးတွေရော ၊ယောကျာင်္းလေးတွေမှာရော လူတစ်ကိုယ် အကြိုက်တစ်မျိုးစီရှိကြတာပါပဲလေ။ ကျမဆို အကြိုက်တစ်မျိုးတည်း မကပါဘူးလေ.ကျန်တဲ့ အိတ်တွေ ၊ နာရီတွေ၊ လက်ဝတ်လက်စားတွေရော ကြိုက်သေးတာပါပဲ။အဲလိုပဲ မောင်လေးတွေ ညီမလေးတွေ မမတွေမှာလဲ အကြိုက်ဆုံးပစ္စည်းလေးတွေရှိကြမှာပါပဲ။ တချို့ကအရုပ်ကလေးတွေကြိုက်တယ်၊ တချို့ကအိတ်ကလေးတွေအမျိုးမျိုးဝယ်ရတာကြိုက်တယ်၊ မိန်းခလေးအများစုကတော့ ကျမလိုပဲ ဖိနပ်လေးတွေ
ဝယ်ကြတာကြိုက်ကြလိမ့်မယ်လို့ထင်ပါတယ်ရှင်။ ဟဲဟဲ. ကိုယ်တစ်ယောက်ထဲကြွားမှာ မဟုတ်ဖူးနော်. ပို့စ်စရေးကတည်းက ရည်ရွယ်ချက်က ၊ညီမလေးတွေ နဲ့ မမတွေရဲ့ အကြိုက်ဆုံးပစ္စည်းလေးတွေကိုလည်း ကြွားခိုင်းမလို့ ရည်ရွယ်ချက်နဲ့ပါ။ဒီတခါမောင်လေးတွေမပါဘူး။ ကိုယ်ကြိုက်နှစ်သက်တဲ့ ပစ္စည်းလေးတွေကို ကြွားရတာပျော်စရာကောင်းပါတယ်။ အဖိုးတန်ပစ္စည်း စိန်၊ရွှေ၊ငွေ တွေကြွားတာမှ မဟုတ်တာပဲနော်. ဒီကြွားနည်းလေးက ပျော်စရာလေးပါ။ အားလုံးကို ပြန်တက်ဂ်မယ့် Tag post လေးနော်။
ကျမက ဖိနပ်လေးတွေ ကြိုက်တာတွေ့ရင် ခဏခဏ၀ယ်တတ်တယ်လေ၊ဈေးအရမ်းကြီးတဲ့ Brand တွေတော့ အတတ်နိုင်ဆုံးရှောင်ပါတယ်။ဝယ်နိုင်ပါဘူးလေ နှမျောလို့.ဟဟ. Brand ဆိုလို့ Adidas လောက်ပဲစီးနိုင်တာပါ။ဟဟ. ဖိနပ်ဆိုတာ ဈေးကြီးဖို့ထက် ကိုယ်စီးကောင်းဖို့က အဓိကလေနော်။ ဈေးကြီးတာဝယ်နိုင်ရင်တော့လဲ ပိုကောင်းတာပေါ့နော်.အဟားးး ဒါပေမယ့် ကျမကတော့ဝယ်ပါဘူး။ ကဲ..ကျမ၀ယ်ထားတဲ့ ဖိနပ်လေးတွေအကြောင်း စကြွားပါမယ်နော်။ :P



ဒီဖိနပ်လေးက အရင်တပတ် Shopping ထွက်တုန်းက ၀ယ်လာခဲ့တာပါ။မြင်တာနဲ့ ချစ်လို့လေ.မူရင်းဈေးက ယန်း၁၀၀၀၀ ကျော်ပါတယ်. ဒါပေမယ့် ကျမ Shopping ထွက်တဲ့နေ့က Discount အများကြီးချထားခဲ့လို့
ဝယ်လာခဲ့တာလေ. ဘယ်လောက်လဲ..ပြောဘူး. ဦးဥာဏ်သိမှာစိုးလို့.. :P..သိချင်ရင် တိတ်တိတ်လေးလာမေးနော်..ပြောပြမယ်။ ဈေးအရမ်းချထားတာ.ဟဟား :P
နောက်ပြီး ဒီဖိနပ်လေးက အရမ်းစီးလို့ကောင်းပါတယ်။

ဒါလေးက ကျမအရမ်းကြိုက်တဲ့ အစိမ်းရောင် VANSPIRIT Shoe လေးပါ.(မမြင်ရဘူးဆိုလို့ ဓါတ်ပုံထပ်ရိုက်ပြီး
အကြီးပုံထည့်ပေးလိုက်ပါတယ်နော်) :D


မစင်ဒန်လာပြောလို့ ဖိနပ်ပုံစံ အနီးကပ်လေးထပ်ထည့်ပေးလိုက်ပါတယ်နော်.(ကစားထားတာ ခြေထောက်မှာဖုန်တွေပေနေလို့ ညီမရေ)း)



ဒီနွေစီးဖိနပ်လေးက မြန်မာပြည်ပြန်တုန်းက 119 မှာဝယ်လာခဲ့တာပါ။ ( ၈၇၀၀ ကျပ်ပေးရပါတယ်.)


ဒီဖိနပ်လေးတွေကိုလဲ အရမ်းကြိုက်တာလေ..စီးရတာပေါ့ပါးတဲ့ နွေစီးဖိနပ်လေးတွေပေါ့။

ဒီအနီရောင် half shoe လေးက ကျမအကြိုက်ဆုံး ဖိနပ်လေးပေါ့။ နှင်းတွေကျနေတုန်းက အဲဒီအနီရောင် half shoe လေးနဲ့သွားရတာ အဆင်ပြေမှပြေပဲလေ။အရမ်းကြိုက်တာပဲ။


ဒါလေးကတော့ အဖြူရောင်ဒေါက်ချွန်းဖိနပ်လေးပေါ့..ဒေါက်ချွန်းချွန်းလေးကို ကြိုက်လို့ဝယ်လိုက်မိတာ။

ဒီအနီရောင် Lady shoe လေးက ကျမလက်စွဲပဲ.အရမ်းကြိုက်လို့ ခဏခဏအမြဲတမ်းလိုလိုဝတ်တာလေ။





ဒီဖိနပ်လေး ၃ရံ က အရင်တစ်ပတ် Shopping ထွက်တုန်းက တခါတည်း ၃ရံဝယ်လာခဲ့တာပါ။ပန်းရောင်လေးနဲ့ အပြာရောင်လေးက လုံးဝမစီးဖြစ်သေးဘူး။း)

ဖိနပ်ဆို အရောင်တောက်တောက်ဆန်းဆန်းလေးတွေ ကြိုက်တတ်တယ်လေ။း)



ဒီ half shoe လေးကိုလဲ အရမ်းကြိုက်တာပါပဲ.ဘေးမှာပန်းဖွားလုံးလေးတွေပါလို့ ချစ်စရာလေးမို့ ကြိုက်တာလေ။ဒါပေမယ့် တခါတလေမှပဲ စီးဖြစ်ပါတယ်။ဖိနပ် ဦးပိုင်းက နဲနဲရှုးတော့ ကြာကြာစီးရင် ခြေထောက်နာတတ်လို့ပါ။ :P Fashion လုပ်ချင်တဲ့ အခါမှပဲ အောင့်အီးအနာခံပြီး စီးဖြစ်ပါတယ်.ဟဲဟဲ

ဒီအနက်ရောင် lady shoe လေးက Japan made ကလေးပါ. အခမ်းအနားတွေကျမှ တခါတလေစီးဖြစ်ပါတယ်။

အဲ..ဒီဖိနပ်လေးက ကြည့်ရင်လှတယ်နော်. ကျမလည်းလှတာလေးကြည့်ပြီး ခဏပဲစီးကြည့်ပြီးဝယ်လိုက်တာလေ.ပြီးမှ စီးလို့လုံးဝမကောင်းမှန်းသိတာ သိလား။ ညီမလေးတွေ ဖိနပ်ဝယ်ရင် ဒီလိုပုံ ဖိနပ်လေးလုံးဝ မ၀ယ်မိစေနဲ့နော်. အလယ်မှာကြိုးသိုင်းမပါတော့ ဒီဖိနပ်လေးစီးပြီးလမ်းလျှောက်ရင် အထိန်းမပါတော့ ဖိနပ်ကကျွတ်ထွက်မလိုဖြစ်ပြီးလုံးဝ စီးမကောင်းတာပါ။ ကျမလည်းဝယ်ထားတာ မနှစ်ကတည်းကပါပဲ..တစ်ခါမှ မစီးဖြစ်ခဲ့လေတော့ အခုအထိ အသစ်ပဲ..အဟီးဒီဖိနပ်အနက်နဲ့ အဖြူစပ်ကလေးကိုလဲ ချစ်လို့ဝယ်ထားတာလေ. ကလေးဆန်ပေမယ့်ကြိုက်တယ်. အဟဲ

ဒီလည်ရှည်ဖိနပ်လေးကလည်း ယန်း 12800 တန်ကို ဈေးအများကြီးချထားလို့ဝယ်ဖြစ်ခဲ့တာပါ။ဒေါက်ချွန်းချွန်းလေးနဲ့ အရောင်ကို ကြိုက်လို့ပါ။ဒီလည်ရှည်ဖိနပ်လေးက ဆောင်းတွင်းစီးလေးပေါ့နော်။



ဒါက ကျမ လက်ရှိစီးနေတဲ့ ဖိနပ်လေးတွေပါ။ :D

ကဲ ကျမကတော့ ကြွားစရာမရှိ ကြံဖန်ကြွားပြီးသွားပြီနော်..ဟတ်ဟတ်
အခုကျမလိုပဲ ကိုယ့်ရဲ့အကြိုက်ဆုံးပစ္စည်းလေးတွေကိုကြွားနိုင်အောင် မမတွေ နဲ့ ညီမလေးတွေကို ကြွားတယ်လို့ဆိုချင်ဆို Tag post လေးကို ရေးခိုင်ပါမယ်နော်။ ကိုယ့်ရဲ့ အကြိုက်ဆုံးပစ္စည်း တစ်ခုအကြောင်းကို ဓါတ်ပုံလေးတွေနဲ့ ဖော်ပြပေးစေချင်ပါတယ်နော်။
ကဲ..ကျမ Tag မယ့် သူတွေကတော့ ကျမရဲ့ မမများနဲ့ ညီမလေးတွေအားလုံးပဲဖြစ်ပါတယ်ရှင်။ဒီတစ်ခါ မောင်လေးတွေ လုံးဝ မပါဘူး။
ဟဲဟဲ.. ကြွားချင်ကြရင်တော့ ခဏစောင့်ထားနော်. ညီမလေးတွေကပြန်တက်ဂ်ပါလိမ့်မယ်။


1.မမခင်ဦးမေ
2
.
မမသက်ဇင်
3.
မဇနိ (ရေးပြီး) (ဖန်စီ လက်ဝတ်ရတနာ)
4..
မနုစံ(ရေးပြီး) ( အရုပ်)
5..
ညီမခင်လေးငယ်
6.
ညီမလေးရွှန်းမီ
7..
ညီမလေးရွှေပြည်သူ (ရေးပြီး) ( စာအုပ်နဲ့စာရေးကရိယာပစ္စည်းလေးများ)
8..
ညီမခင်ပုလဲဖြူ (ရေးပြီး) (ဖိနပ်)
9..
ညီမလေးမက်မက် (ရေးပြီး)
10..
ညီမလေးဝေ (ရေးပြီး) (စာအုပ်)
11..
ညီမလေးသက်တန့်
12.
ညီမလေးညခင်း (ရေးပြီး) ( အလှပြင်ပစ္စည်း)
13..
ညီမလေးခေါင်ခေါင် (ရေးပြီး) ( အရုပ်)
14..
ညီမလေးပုလဲလုံး (ရေးပြီး) (လက်သဲနီ)
15..
ညီမလေးမီးလေဇာ
16..
ညီမလေးသဉ္ဖာ (ရေးပြီး) ( အကျီင်္ အနွေထည်လေးများ)
17.
ညီမလေးအိပ်မက်
18..
ညီမလေးငှက်ငယ်လေး
19..
ညီမလေးအလွမ်းပြေ
20..
ညီမလေးမီးငယ်
21..
ညီမလေးမေမိုး (ရေးပြီး) (အရုပ်)
22..
ညီမနှင်းပွင့်ဖြူလေး
23..
ညီမလေးမေ
24..
ညီမလေးပန်းခင်းလေး (ရေးပြီး) ( ဖန်စီနားကပ် ၊ ဆွဲသီး)
25..
ညီမလေးရောင်ပြန်
26.
ညီမလေးဆုငယ်(လိပ်ပြာလေး)
27.
ညီမလေးခင်ကျော်ဇေ ( ရေးပြီး) (အိတ်)
28.
ညီမလေးတာတာ

ကဲ..မမတွေနဲ့ ညီမလေးတွေအားလုံးတို့ရေ...
အကြိုက်ဆုံးပစ္စည်းလေးတွေဘာလဲဆိုတာသိရလေအောင် အကြွားပို့စ် (အဲ) Tag post လေးတွေရေးပေးကြပါဦးလို့ မေတ္တာရပ်ခံအပ်ပါတယ်နော်။နိုင်ငံပေါင်းစုံက ပစ္စည်းလေးတွေမြင်ဘူးစေရန်အတွက်လည်းရည်ရွယ်ပါတယ်ရှင်။

အားလုံးကိုချစ်ခင်လေးစားလျှက်
ဝါ၀ါခိုင်မင်း


Thursday, November 27, 2008

Ten Things I Hate About Myself


အခုတလော ကျမကံမကောင်းပါ။
အကြောင်းကတော့ မရေးချင်တာတွေကိုရေးနေရလို့ပါ။ဟဟား
ဟုတ်တယ်လေ အားမနာပါဘူးပြောရမှပဲ ကလေးတွေပေါ့ ။ ကာတွန်းကားအကြောင်းရေးခိုင်းလို ရေးခိုင်း..ဟော လာပြန်ပြီ နောက်တစ်တက်ဂ်တဲ့ ခေါင်းစဉ်ကြီးကိုလဲ ဖတ်ကြည့်ကြပါဦး.. ကိုယ့်ကိုကိုယ် မုန်းတဲ့ အကြောင်းရင်း၁၀ ချက်တဲ့။ ဖြစ်ပုံများ..
ကာတွန်းကားတက်ဂ်ပို့စ်တုန်းကလည်း စိတ်ညစ်လိုက်တာ အရမ်းး.. ဟုတ်တယ်လေ ကာတွန်းကားမှမကြည့်တာ.ဒါပေမယ့်အဲဒီတုန်းကတော့အဆင်ပြေသွားလေရဲ့.. ကာတွန်းကားမတင်နိုင်လို့ ရွှေမျက်နှာတော်ညှိုးနေတဲ့ ကျမကိုကြည့်ပြီး မောင်တော်ခမျာ မနေသာတော့ပဲ ကာတွန်းကားလေးရဘို့ ရှာပုံတော်ဖွင့်ပေးခဲ့ရှာတာပါ။ဟီးဟီး. အသင့်ရလာတဲ့ ကာတွန်းကားလေးမှာ ကိုယ်ကစာရေးရုံရေးပြီး သူများကိုပါ နှိပ်ကွတ်ခဲ့သေးတာ..ဟတ်ဟတ်. တွေ့ပုချိပါ မောင်ဇင်ယော်လေးရေ.

ဟော..လာပြန်ပြီ နောက်တစ်တက်ဂ်လေ..ဒီတက်ဂ်ကတော့ သူကိုယ်တိုင်ပါ အတက်ဂ်ခံထားရလေတော့ ဒီတခါတော့ ကျမကိုမကယ်နိုင်ရှာတော့ဘူးလေ..အဟီးးး ကျမလည်း ဒီတက်ဂ်ပို့စ်လေးကို ရေးလိုက် ဖျက်လိုက်လုပ်နေတာ ဒီနေ့ဆိုရင် ၃ရက်မြောက်ပါပဲ.. သြော်..ဒွတ်ခ..ဒွတ်ခ.. ကိုယ်ဖာသာကိုယ်ရှာတဲ့ဒုက္ခလေ..ဟဲဟဲ..ပြောတော့ဘူးး ကဲ..စမယ်.

ကျမ၀ါဝါခိုင်မင်း ကိုယ့်ကိုကိုယ်ပြန်မေးကြည့်မိပါတယ်.. ကိုယ့်ကိုကိုယ်များ မုန်းဖူးသလားလို့ .. No မရှိ..လုံးဝကို မရှိတာလေ. ဟတ်ဟတ် ကိုယ်ကိုကိုယ်အရမ်းချစ်တာပဲ..ဟဲဟဲ. ဒါပေမယ့်လေ တတ်နိုင်ဘူး သူများတွေက မုန်းခိုင်းမှတော့ အကြွေးတင်ရင် မနေတတ်တဲ့ ကျမက အကြွေးတွေမြန်မြန်ရှင်းသွားအောင်ကိုယ့်ကိုကိုယ် မမုန်းချင်ပဲ အာဖြန်ကွီး အဲ အာဖြန်ရွှီးလုပ်ပြီးမုန်းရပါတော့မယ်ရှင်. ဟီးဟီး

အာဖြန်ကွီးလုပ်မယ်..စပြီ... ဒန့်.တန့်..တန့် ( ဒီတခါတော့ ကြိုပြောထားမယ် ..နောက်ထပ် ၁၀ယောက်ထပ်တက်ဂ်မယ်..ဟဟ)

Ten Things I Hate About Myself

1.Blog ကို သံယောဇဉ်ဖြတ်ချင်ပေမယ့် စိတ်မပြတ်နိုင်သေးတဲ့ ကိုယ့်ကိုကိုယ်မုန်းမိတယ်။ ( ဂယ်ပြောတာနော်)

2.အိပ်ရာနိုးတာနဲ့ ကွန်ပြူတာဖွင့်ပြီး ဘလော့ဂ်စစ်တတ်တဲ့ ကိုယ့်ကိုကိုယ်လဲမုန်းမိတာပဲ။

3.တရေးနိုးပြီး အိပ်မပျော်တော့ရင် ကွန်ပြူတာရှေ့ရောက်သွားတတ်တဲ့ ကိုယ့်ကိုကိုယ်လဲမုန်းမိတာပဲ။

4.တနေကုန်ကွန်ပြူတာရှေ့မှာထိုင်ပြီး ဘလော့ဂ်လည်နေတတ်တဲ့ကိုယ့်ကိုကိုယ် မုန်းစရာလူသတ္တ၀ါ တစ်ယောက်လို့ထင်မိလာတယ်။

5.မောင် က ကျောင်းသွားခါနီးဆိုရင် သေခြာမှာတတ်တယ်.ဘာလဲသိလား. အမီးရေ..တနေကုန်ကွန်ပြူတာပဲလုပ်မနေနဲ့ဦးနော်. နေ့လည်တရေးအိပ်တဲ့. ဟီးဟီး..အဖြေက ဟုတ်ပေါ့။ သူလဲသွားရော တစ်နေကုန်ကွန်ပြူတာရှေ့..ဟီးဟီး အိပ်ပါဘူး..နေ့ခင်းကြောင်တောင်အိပ်စရာလားနော်. (ဟဲဟဲ..မုန်းစရာကောင်းဘူးလား)

6.ကျမက Blog မလုပ်ခင်က တစ်ပတ်ကို ၃ ရက်လောက်Shopping ထွက်တတ်တယ်၊ Blog လည်းလုပ်ပြီးရော နှစ်ပတ်တစ်ခါလောက်ပဲ Shopping ထွက်ဖြစ်တော့တယ်လေ.. ဟဲဟဲ..အကုန်အကျ အများကြီးသက်သာသွားတာပေါ့နော်.. မထင်နဲ့နော်..မထင်နဲ့.အဟတ်. အရင်တစ်ပတ်က Shopping မထွက်ရတာကြာနေလို့ Shopping ၂ပတ်စာ ထွက်လိုက်တာ..ဟဲဟဲ..၂ပတ်စာ ထွက်တုန်းတခါတည်း ဖိနပ်၃ ရံ နဲ့ အကျီင်္ ၅ ထည်ဝယ်လာခဲ့တယ်လေ.. အဟီးး ( အိမ်ရောက်တော့ ကိုယ်ကိုကိုယ် အပြစ်တင်မိပါရဲ့ ပိုက်ဆံတွေဖြုန်းမိပြန်ပြီ မုန်းစရာကောင်းလိုက်တဲ့ ငါ လို့) :P အဲ..ကြွားသလိုများဖြစ်သွားလားမသိဘူး.. ဖြစ်ရင်လည်း တတ်နိုင်ဘူး .တစ်ကြောင်းပြီးနဲလား.ဟဟား

7.ဟဟ..တကယ်တော့ ကျမက သဘောကောင်းတတ်တာများပါတယ်၊အဲ ဒါပေမယ့် တခါတလေတော့ အတ္တကြီးတတ်တယ်လေ..ဘယ်လိုလဲသိလား ..ကျမကွန်ပြူတာဖွင့်ရင် အွန်လိုင်းမှာဘယ်သူတွေရှိနေလဲကြည့်ချင်သေးတော့ G talk ဖွင့်ကြည့်တယ်. ဟီးဟီး.အွန်လိုင်းမှာ လူတွေများနေရင် ချက်ချင်းပြန်အောက်ပြစ်လိုက်တယ်.အဟတ်ဟတ်.. မုန်းစရာကောင်းဘူးလားးး ( စိတ်ဆိုးရဘူးနော်.တွေ့ပုချိပါ..အဟီးး ချက်တင်လုပ်နေရင် ဘလော့မဂင်နိုင်တဲ့ အပြင် ထမင်းပါ ငတ်သွားနိုင်တယ်လေ. အွန်လိုင်းမှာ လူက ၁၀ ယောက်လောက်ရှိတာ. အဲဒါကြောင့် မမ၀ါကို မအင်ဗိုက်ကြပါနဲ့ မမ၀ါက မချက်ဘူးလို့..အဟီးး (ကိုယ့်ကိုကိုယ် မုန်းမိတာနော်..သူများတွေမုန်းစရာမလိုဘူးးး) အဟီး..ပြီးတော့မယ်..နောက် ၃ ချက်..စဉ်းစားးးစဉ်းစားးး :P

8.နောက်တစ်ခုရှိသေးတယ် ကျမနဲ့ မောင်ညီမလေးတွေနဲ့ တခါတလေချက်တင်လုပ်ဖြစ်ကြတော့ မမ၀ါ စကားပြောချင်တယ် ရမလားတဲ့..အဟတ်..ဒီကလဲ မရ မမကွန်ပြူတာက Sound Card ပျက်နေတယ်လို့ပြောလိုက်တယ်...ဟီးဟီး..တကယ်တော့ မပျက်..လုံးဝကို မပျက်တာပါရှင်..ကောင်းလိုက်တာမှ ဒေါင်ဒေါင်မြည်လေ. မပြောချင်လို့မပြောတာ. အမှန်အတိုင်းပြောပြရရင် အခုအချိန်အထိ ဘလော့ဂ်ဂါ မောင်နှမတစ်ယောက် တစ်လေနဲ့ မှ G.talk ကနေစကားလုံးဝ..လုံးးဝ မပြောဘူးပါကြောင်း. ( မုန်းစရာကြီးနော်.လိမ်တတ်တယ်.အဟီးး) ကိုယ့်ကိုကိုယ်မုန်းတာနော်. သူများတွေမုန်းစရာလိုဘူးးး :P အင်း..ဒီတက်ဂ်ပို့စ်ရေးရတာနဲ့ အကျင့်ကောင်းတွေပေါ်ကုန်ပြီ.. မမ၀ါ ကိုတော့ မုန်းကြတော့မှာပဲ တတ်နိုင်ဘူးလေ.အဟီး ( မျက်နှာချိုသွေးတာနော်..မုန်းကြနဲ့) :P
( နောက်တစ်ခု..နောက်တစ်ခု..စဉ်းစားး..စဉ်းစား)

9.အဲ..နောက်တစ်ခုက ကျမမှာ အကျင့်မကောင်းတာတစ်ခုရှိသေးတယ်သိလား. ဘာလဲဆိုတော့ ကျမကလေ နာမည်မလှရင်စိတ်မ
ဝင်စားတတ်၊ မခင်တတ်ဖူးလေ..ဟဟ..ပြောပြရဦးမယ်. ကျမ G. talk မှာ သရဲမ တဲ့ ၊ မိဘမေတ္တာ တဲ့ ၊ ယုန်ပေါက်တဲ့ အင်ဗိုက်လာပါလေရော ၊ ကျမက ဘယ်သူတွေမှန်းလဲ မသိ နာမည်တွေကလည်းမလှ ၊စိတ်ဝင်စားစရာမကောင်းတော့ No ပြစ်လိုက်တာပေါ့..ဟတ်ဟတ်..တကယ်တော့ ကိုယ်နဲ့ အရမ်းခင်နေတဲ့ မောင်နှမတွေဖြစ်နေပါရောလား..ဟဟား. သရဲမ က (ငှက်ငယ်လေး) ၊ မိဘမေတ္တာ က( မောင်အညတြ )၊ ယုန်ပေါက် က( မောင်သီဟ) ပါတဲ့ရှင်..အဟီးး စိတ်ကောင်းဘူးး.အဲလို နာမည်မလှရင် စိတ်မ၀င်စားတတ်တဲ့ ကျမထံကို ခပ်ညံ့ညံ့ကောင် ဆိုပြီး စီဘုံးမှာလာရေးသွားပြန်လေတော့ အမလေးဟဲ့ နာမည်ခေါ်ရမှာတောင် အားနာစရာ ဘီလိုလုပ်ခေါ်ရပါ့ဆိုပြီးသူ့အိမ်အလည်ရောက်သွားတော့ သူရေးထားတဲ့ နာမည် ဂျုဝသန် ကိုတွေ့ပါလေရော. အဲဒါနဲ့ ကျမက ခပ်ညံ့ညံ့ကောင် ခေါ်ရမှာ မခေါ်ချင်ဘူး အားနာတယ် ၊ဂျုဝသန်ပဲ ခေါ်မယ်..မကျေနပ်လာပြောလို့ ရေးပစ်ခဲ့တယ်လေ.ဟဟ အခုတော့ အဲကောင်လေးလဲ ဂျုဝသန်လို့ နာမည်နည်းနည်းတွင်နေပါပြီ။ (အဲဒါလည်း ကျမကိုယ့်ကိုကိုယ်မုန်းမိပါရဲ့နော်..သူများသူဖာသာသူကြိုက်လို့ သူကြိုက်တဲ့ နာမည်ပေးထားတာလေ.. ကိုယ်နဲ့ မှ မဆိုင်တာ..မုန်းစရာကောင်းမနေဘူးလား)သြော်..တလက်စတည်းပြောရဦးမယ်. ဒီတက်ဂ်ပို့စ်ကို တက်ဂ်တဲ့သူနှစ်ယောက်ရဲ့နာမည်တွေက ဖားကြီး နဲ့ ပက်ကျိ တဲ့ ဟဟ. စိတ်ညစ်တာ အဲဒါတွေပါတယ်. အင်းပေါ့လေ..ကင်းမှ မကင်းနိုင်ကြသေးတာ..၀ဋ်ရှိသလောက်တော့ ခံလိုက်ဦးပေါ့..ဟဟ. ( စိတ်ဆိုးနဲ့ဦးနော်. မောင်ဖားကြီးနဲ့ မောင်ပိကျိ တို့ရေ.. ပြီးအောင်ရေးပေးနေတယ်နော်.အဟီး)

10နောက်ဆုံးမှာတော့.. ဒီနေ့ကွန်ပြူတာလုံးဝမဖွင့်ဘူး ၊ ဘလော့ဂ်မလည်ဘူး၊ပို့စ်မရေးဘူးဆိုဆုံးဖြတ်ပြီးတော့ ဂတိမတည်တတ်တဲ့ ကိုယ့်ကိုကိုယ်အရမ်းမုန်းတာပဲ။ :P

အဟီးးဟီးးး ပြီးပြီဟေ့.. အာရုံတော်တော်စားသွားတယ်.. အာဖြန်ရွှီးလုပ်ရတာ။ အခုတလော စာမရေးချင်ဘူး ၊အရမ်းပျင်းနေတာ။ဒါပေမယ့် အကြွေးတင်ရင် ရင်ပူလို့ ဘာပဲဖြစ်ဖြစ်ပြီးအောင်ရေးလိုက်ပါပြီဗျို့..ပျော်လိုက်တာ.ပြီးသွားပြီ။ အဟေးဟေး

ကဲ..ကဲ..ကျေးဇူးရှင် မောင်ပိကျိ နဲ့ မောင်ဖားကြီးတို့ရေ ကျမ၀ါဝါခိုင်မင်းက အကြွေးဆပ်ပြီးပါကြောင်း။ ဒီပို့စ်လေးရေးဖို့အတွက် ၃ ရက်တိတိကြာသွားပါကြောင်း၊
အကြံလည်းတော်တော်ကုန်သွားပါကြောင်း၊ အကြံကုန်ဂဠန်ဆားချက်ပြီး စိတ်ကူးပေါက်ရာတွေရေးထားတာဖြစ်တဲ့ အတွက် သည်းခံပြီး ဖတ်ကြစေလိုကြောင်း ၊မောင်နှမတွေ ပျော်ရွှင်ကျေနပ်ရန်သာ ရည်ရွယ်ပါကြောင်း။
အားလုံးပဲ ကျန်းမာပျော်ရွှင် စိတ်ကြည်လင်ကြပါစေ။
*********
ကဲကဲ.. ကိုယ်တော့ ဦးနှောက်အစားခံပြီး ပြီးအောင်ရေးပြီးသွားပြီ၊ သူများလည်းကိုယ့်လိုပဲ ဦးနှောက်စားရအောင်ပြန်လုပ်ဦးမှပဲ.. (ဟော..ကြည့် မမ၀ါတို့ တော်ပုံများ.. ကိုယ့်ကိုကိုယ်မုန်းစရာကောင်းတာ နောက်တစ်ချက်တောင်ပေါ်လာပြန်ပြီ. ဟီးဟီး. ကိုယ်စိတ်ညစ်ခံရသလို သူများကို ပြန်စိတ်ညစ်ခိုင်းတာလေ...မုန်းစရာမကောင်းဘူးလား.ဟဲဟဲ.. မမုန်းနဲ့နော်..ကိုယ့်ကိုကိုယ်ပဲမုန်းတယ်လို့ပြောတာ) :P

စပြီ.. ပြန်ဒုက္ခပေးဖို့ရှာမယ်.... ဟီးဟီးး..ဟုတ်ဖူးနော်.. ခင်လွန်းလို့ တက်ဂ်မှာ..ဟတ်ဟတ်.

1.ဟတ်ဟတ် ဆိုလို့ သတိရသွားပါပြီ အလုပ်အား ၊မအားတော့ မသိဘူး "မ" ကို အရမ်းလွမ်းပြီး အကွဲတွေ သဲနေတဲ့ ကျမတို့ရဲ့ ဘလော့ဂါ ဆရာကြီး ၊ ဟတ် ဟတ် ဟတ် လို့ ပဲများပြီးရယ်တတ်တဲ့ ဘလော့ဂါ ဆရာကြီး၊ "မ" အတွက် အတဲတွေ ကွဲနေပေမယ့် အဲဒီကွဲနေတဲ့ အသဲကြီးနဲ့ပဲ ရယ်စရာလေးတွေပါအောင် ရောရေးတတ်တဲ့ ဘလော့ဂါဆရာကြီး ကိုရန်အောင် ဖြစ်ပါတယ်ရှင်။ ရွှီး ဖြောင်းဖြောင်းဖြောင်း ( ဟီးး ကိုရန်အောင်ရေ..ပို့လိုက်ပြီနော်. အားနေရင်ရေးပေးပါဦး)
အိုနဂိုင်းရှီးမတ်စ် ၊ သိုင်းကျုးကမ္ဘာဆိုင်ယော် (ဂျပန်လိုရယ်.. အင်္ဂလိပ်လိုရယ် ၊ကချင်လိုရယ်ရောပြောတာပါ. ကိုရန်အောင်နားလည်ပါတယ်..အဟီး) ( ရေးပြီး)

2.အခုတလော အဆင်မပြေမှုလေးတစ်ခုကြောင့် အိမ်တွင်းပုန်းကုလားမလေးလုပ်နေတဲ့
မောင်ငယ်လေးမိုးသောက် ( ဟဟ. ပို့စ်ရေးစရာ မရှိမှာစိုးလို့ ထွက်လာအောင်ခေါ်လိုက်တာနော်) (ရေးပြီး)

3.ကလေးမဟုတ် ၊လူကြီးမဟုတ် ဗိုက်ဆာရင် မုန့်လာတောင်းစားတတ်သော ချာဝန်လေးလွမ်းဝေ ခေါ်
မောင်ငယ်အလှတရား (ရေးပြီး)
4.ချာဝန်လေး မောင်လွမ်းဝေ ရဲ့သူငယ်ချင်း ဆရာဝန်လေးဖြိုး ခေါ် မောင်ငယ်ချစ်ခြင်းခြေရာ (ရေးပြီး)

5.ဟဲဟဲ.. အစ်မကို Tag ထားလို့ ပြန် Tag ပါတယ် မောင်ငယ်ဗီလိန်ရေ ( ရေးပြီး)

6.ခင်စရာကောင်းတဲ့ မောင်လေးပုလုကွေး (ရေးပြီး)

7.အစ်မလေးတစ်ယောက်ခင်မိပါတယ် စကားလဲမပြောရဘူးလို့ပြောတဲ့ မောင်ငယ်idulize (ရေးပြီး)

8.မိဘမေတ္တာနာမည်နဲ့ အစ်မ ကို အင်ဗိုက်လာတဲ့ မောင်ငယ်အညတြ ( ခေတ္တ.နယူးယောက်ခ်) (ရေးပြီး)

9.သဘောကောင်းဖော်ရွေတဲ့ မောင်ငယ်ကိုတိုးလေး (ရေးပြီး)

10.နောက်ဆုံးမှာတော့ ချစ်စရာညီမလေး ပုလဲလုံးလေး တို့ပဲဖြစ်ပါတယ်ရှင်။ (ရေးပြီး)

ဒီတခါ ညီမလေးတွေကို ဦိးနှောက်မစားခိုင်းဘူးနော်.. မောင်ငယ်တွေကိုပဲ ဒုက္ခရှာကြံပေးလိုက်တာ... ပုလဲလုံးလေးကတော့ ချွင်းချက်. ပိုချစ်လို့နော် ညီမလေး.ဟဲဟဲ

ကဲ..အားလုံးကို အဆင်ပြေတဲ့ အချိန်မှာရေးပေးကြဘို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်။

ခင်မင်စွာနဲ့
အစ်မ၀ါ

Wednesday, November 26, 2008

ခရစ်စမတ်အကြိုမီးထွန်းပွဲတော် နဲ့ Tokyo Dome

မင်္ဂလာပါရှင်။
ဘာလိုလိုနဲ့ နောက်လဆိုရင် ခရစ်စမတ်ရောက်လာပြန်ပါပြီ။မနှစ်တုန်းက ကျမတို့မိသားစု Tokyo Dome ခရစ်စမတ်အကြိုမီးထွန်းပွဲတော်ကိုသွားခဲ့ကြပါတယ်။မီးထွန်းထားတာတွေတော်တော်လေးလှပြီး လာလည်သူတွေအများကြီးနဲ့ တော်တော်စည်းကားပါတယ်။ ပွဲတော်က ခရစ်စမတ်နေ့မတိုင်ခင်၁၀ရက်လောက်မှာကြိုလုပ်တာပါရှင်။ခရစ်စမတ်အကြိုမီးထွန်းပွဲတော်မှာ အမှတ်တရရိုက်ထားခဲ့တဲ့ သမီးလေးရဲ့ဓါတ်ပုံလေးတွေကို မျှဝေတင်ပြလိုက်ပါတယ်ရှင်။



























ခင်မင်စွာဖြင့်

ဝါ၀ါခိုင်မင်း

Monday, November 24, 2008

ကာတွန်း Tag post

မင်္ဂလာပါ မောင် ညီမလေးတို့ရေ...

Tag တကာ့ Tag posts တွေထဲမှာ ဒီတက်ဂ်ပို့စ်လေးကတော့ မမအတွက် ဦးနှောက်တော်တော်စားသွားတဲ့ တက်ဂ်ပို့စ်လေး ပါပဲကွယ်။ မမ က ကာတွန်းကားဆို လုံးဝနီးပါးမကြည့်ပါဘူးရှင်။ တစ်ကြိမ်တစ်ခါမှ ကာတွန်းကားကို အစကနေ အဆုံးအထိ မကြည့်ဘူးပါဘူး။ တခါတလေ ရယ်စရာကောင်းတယ်ဆိုမှပဲ ခေါင်းလေးတစ်ချက်လောက်ငဲ့ကြည့်ပြီး "ဟဟဟား" ဆိုပြီး ရယ်စရာတွေ့ရင် ခဏပဲရယ်ဖြစ်လိုက်တယ်။ ဘယ်တုန်းကမှ စိတ်ဝင်တစား မကြည့်ခဲ့ဘူးတာပါ။ ညံ့တယ်လို့ပဲ ဆိုချင်ဆို ၊ အတယ်လို့ပဲဆိုချင်ဆို ကာတွန်းကား တကယ်မကြည့်ဖြစ်ခဲ့တာပါ။ ဟတ်ဟတ်

မမက ဇာတ်လမ်းတွေထဲမှာ ကိုရီးယားဒရမ်မာဇာတ်လမ်းတွဲတွေ အရမ်းကြိုက်ပါတယ်။ ဘလော့ဂ်မလုပ်ခင်က ကိုးရီးယားဒရမ်မာ 1 Episode ကို တစ်နာရီလောက်ကြာတာ အတွဲ၂၀ ကျော်ကို အိပ်ရေးပျက်ခံပြီး ၂ညတည်းနဲ့ အပြီးကြည့်တတ်တဲ့သူပါ။ ကိုးရီးယားဇာတ်လမ်းတွဲတွေတော့ အများကြီးကြည့်ခဲ့ဘူးတယ်။ အရမ်းကြိုက်တယ်လေ။ အခုဘလော့လုပ်ဖြစ်တဲ့ ၃ လအတွင်းမှာတော့ ကိုးရီးယားဇာတ်လမ်းတွဲတွေကိုလည်း လုံးဝသံယောဇဉ်ဖြတ်ပစ်လိုက်ပြီး တစ်ကားမှ တစ်တွဲမှကို မကြည့်ဖြစ်တော့တာပါ။
တီဗီကနေလာတဲ့ ဂျပန်ဇာတ်လမ်းတွေကိုတော့ အရင်က ကြိုက်ခဲ့ပါတယ်။ဂျပန်ကားတွေထဲမှာ မမကြိုက်တာက စုံထောက်ကားတွေလေ၊ ဒါပေမယ့်ဂျပန်ဇာတ်လမ်းစုံထောက်ကားတွေမှာ လူသတ်ကားတွေပဲများပြီး ဇာတ်လမ်းတစ်ကားဆိုရင် လူ ၄ ၊၅ယောက်လောက်သတ်တဲ့အခန်းတွေပါတာမို့ ကြည့်ရတာ Stress များလွန်းလို့ အခုဆို လုံးဝကို မကြည့်ဖြစ်တော့ပါဘူး။

အခုဆိုရင် မမ က ဇာတ်လမ်းဆိုရင် ဘာဇာတ်လမ်းမှ မကြည့်ဖြစ်သလောက်ပါပဲ။ ဘလော့ နဲ့ပဲအလုပ်များနေတာလေ။ အားတာနဲ့ ပို့စ်ရေးလိုက် ၊ အိမ်တွေလိုက်လည်လိုက် ပဲလုပ်နေတာလေ။

အခုဒီတက်ပို့စ်လေးကတော့ မောင်ငယ်ဗီလိန် က ခင်မင်စွာနဲ့ ကိုယ့်အစ်မကို ဒုက္ခပေးလေရှာတော့ အစ်မခမျာ ဦိးနှောက်တွေစားပြီး ဒွတ်ခလှလှ (အလှတရား ) နဲ့တွေ့ပြီး မရှိရှိတာကို ရှာကြံပြီး ကြည့်ဘူးတဲ့ ရယ်စရာကာတွန်းကားလေးကို တင်ပေးလိုက်ပါတယ်နော်။ ခေတ်နောက်ကျတယ်ပဲ ဆိုချင်ဆိုပါ မောင်ဗီလိန် ရေ.. အစ်မတကယ် ကာတွန်းကားမကြည့်ဘူးတာပါ။ကိုယ့်မောင်လေးကို ခင်မင်မှုနဲ့ တတ်နိုင်သလောက်ကြိုးစားပြီးတက်ဂ်ပို့စ်လေးပြီးသွားအောင် တင်ပြလိုက်ခြင်းဖြစ်ပါတယ်။ ဗီဗီ ရေ..ဒါလေးနဲ့ပဲ ကျေနပ်ပေးပါလို့ မေတ္တာရပ်ခံပါရစေနော်။ お願いします。( ဒါလေးက မောင်ဗီလိန် ကို ဂျပန်လို လာဘ်ထိုးရတာပါ။ ) အဟား
တဆက်တည်းမှာပဲ ညီမလေးဆုငယ် ကပါ ဒီ Tag post လေးနဲ့ ကျမကိုတက်ဂ်ထားပါသေးတယ်။ ညီမလေး ဆုငယ်ရေ တူတူပဲနော်.. မမ ရေးပြီးသွားပြီ ညီမလေးရေ. ကျေနပ်ပါနော်။ :D


ကာတွန်းကားလေးကတော့ The Gym ( အားကစားခန်းးမ) ဖြစ်ပြီး အားကစားခန်းမထဲမှာ Polar bear လေး
ကိုလူဝ ခေါ် မောင်ဇင်ယော်ကစားနေတဲ့ ပုံလေးပါရှင်။ဟားဟား.
(နာ့ကို ပြောထားတာ ရေးဘို့အခွင့်အရေးရှိတုန်း ပြန်လက်စားချေရတာ . ဟေးဟေးး)
မောင်ဇင်ယော် ခမျာ အားကစားခန်းမထဲမှာ တနားစရာပါ ။ ဟီးဟီးး)

ကြည့်သွားကြပါဦးနော်။း)




ပထမဆုံး ကိုလူဝလေး က ဗိုက်အဆီချပါတော့မယ်..ဟဲဟဲ


ပျော်ရွှင်ကျေနပ်နိုင်ကြပါစေ။

ခင်မင်လျှက်
မမ၀ါ

Sunday, November 23, 2008

တိုင်လေးတိုင်

အားလုံးပဲ မင်္ဂလာပါရှင်။
ဒီပို့စ်လေးကို မနေ့တုန်းကတင်မလို့ စီစဉ်ထားပေမယ့် မနေ့တုန်းကနေ့လည် Shopping ထွက် ၊ ညနေကျတော့ သွားဆရာဝန်ညီမလေးတစ်ယောက်က PhD ဘွဲ့ရပြီး အမေရိကား ကိုသွားတော့မှာမို့ ဂျပန်မိတ်ဆွေတွေက နှုတ်ဆက်ပွဲအနေနဲ့ dinner လုပ်ပေးတာမို့ ည ၁ နာရီ လောက်မှပဲ အိမ်ပြန်ရောက်နိုင်ကြတယ်၊ ဒီနေ့မနက်အိပ်ယာနိုးတော့ နေ့လည် ၁၂ နာရီထိုးနေပြီလေ.ဟဟ...အဲဒါကြောင့်ဒီပို့စ်လေးကို အခုမှပဲတင်ဖြစ်လိုက်ပါတယ်။
ဒီဗေဒင်ပို့စ်လေးက ညခင်း နဲ့ လမင်းတို့ရဲ့ဘလော့လေးမှာတင်ပြီးသားပို့စ်လေးတစ်ခုပါရှင်။ ညီမလေးညခင်းရေးထားတဲ့ ဗေဒင်လေးတွေဖတ်ပြီး ကျမတို့မောင်နှမတွေ သူကရွှေတိုင် ၊ ငါက စပါးတိုင်နဲ့ ပျော်ရွှင်ခဲ့ကြတာမို့ ကျမအိမ်လေးကိုလာလည်ကြတဲ့ မဖတ်ရသေးသော မိတ်ဆွေများဖတ်ရ ၊ ပျော်ရလေအောင် ညီမလေးညခင်း နဲ့ မောင်ငယ်လမင်း တို့ထံမှခွင့်ပြုချက်တောင်းပြီး ပြန်လည်ဝေမျှလိုက်ခြင်းဖြစ်ပါတယ်ရှင်။
ကဲ..ဖတ်ကြည့်သွားကြပြီး ရွှေတိုင်လား ၊ စပါးဒိုင် လား ၊ ဖွဲတိုင်လား ၊ဆန်တိုင်လား အော်သွားကြပါဦးနော်...ပျော်စရာကောင်းပါတယ်။ :P

******************************

လူတစ်ယောက်၏ဘ၀မှာ ချမ်းချမ်းသာသာ နေရဖို့ ဆိုတာ ကုသိုလ်ကံ က အဓိကကျသည် မဟုတ်ပါလား။ကံခိုင်ဖို့ လိုလေသည်။ ကံမခိုင်ဘဲနှင့်တော့ လူချမ်းသာ ဖြစ်ဖို့မလွယ်။ ဘ၀တွင်အေးအေးဆေးဆေးနေနိုင်ဖို့ လမ်းမမြင် ဆင်းရဲတွင်းထဲ တ၀ဲလည်လည် ဖြင့်သာ…။

ကံကောင်း မကောင်း ကံခိုင်မခိုင် ဆိုသည်ကို တွက်ကြည့်လို့ ရပါသည်။ တွက်ကြည့်ရအောင် နော်…။

ကဲစတွက်မယ်….

(က) မိမိ၏ မွေးသက္ကရာဇ်ကို တည်ပါ။ ( မြန်မာမွေးသက္ကရာဇ် ဖြစ်ပါတယ်ရှင်)

(ခ) ၄ ဖြင့် စားပါ။ ထိုအခါ…..

၁ ကြွင်းပါက ရွှေတိုင်

၂ ကြွင်းပါက စပါးတိုင်

၃ ကြွင်းပါက ဖွဲတိုင်

၎ ကြွင်းပါက ဆန်တိုင် ဟူ၍ ခေါ်လေသည်။

ဥပမာ… ၁၃၁၄ ခုနှစ် မွေးဖွားသူကို တွက်ကြည့်လျှင်….. ၁၃၁၄ ကို ၄ ဖြင့်စား ပါ က ၂ကြွင်း။ ဒါကြောင့် စပါးတိုင်ရရှိသူဖြစ်သည်။

တိုင်လေးတိုင်အဟော…..

ရွှေတိုင်….။

ရွှေတိုင်ရပါမူ အလွန်ကောင်း၏။ ဘ၀ခရီးတစ်လျှောက်လုံး ချမ်းချမ်းသာသာ နေထိုင်ခွင့် ကြုံရအံ့။ ဆင်၊မြင်း၊ ရထား၊ အခြွေအရံများလည်း ပေါများအံ့။ လူတစ်ကာတို့၏ အားထား ကိုးကွယ်ရာ ဖြစ် လတ္တံ။ ရွှေတိုင်ရသူများမှာ ဇာတာခိုင် သူများ ကံခိုင်ကြသူများ ဖြစ်ကြလေသည်။

စပါးတိုင်….။

ကံကောင်းကြသူများ ဖြစ်ကြပြီး မိမိတို့ ပြုလုပ်သလောက် အကျိုးခံစားရအံ့။ မိတ်ကောင်း ဆွေကောင်း တို့၏ အကူအညီကို ရရှိလတ္တံ။

ဆန်တိုင်….။

ကံ အသင့်အတင့် ကောင်းကြသူများဖြစ်သည်။ လောကဓံ၏ ဒဏ်ကိုသင့်ရုံမျှခံကြရအံ့။ စီးပွားဥစ္စာ မှာ မရှိမရှားထဲတွင် ပါဝင် လတ္တံ။

ဖွဲတိုင်…..။

ကံမခိုင်သူများ၊ ဇာတာစန်းလဂ်ညံ့သူများဖြစ်ကြသည်။ဘ၀ တစ်လျှောက်လုံး ခက်ခက်ခဲခဲ ရုန်းကန် ရှာဖွေအံ့။ ပစ္စည်းဥစ္စာ မမြဲ၊ ဆင်းရဲတတ်၏။ အခြွေအရံလည်း နည်းပါးလတ္တံ။

ကဲ..ဒါလေးပါပဲ.. ဒါပေမယ့်ညီမလေးညခင်က ဒီလိုလေးရေးထားပါသေးတယ်ရှင်။

တိုင်၎တိုင်မှာ မပါဘဲ… ကြွင်းတဲ့လူတွေလဲ ရှိတယ်နော်…အားမငယ်နဲ့။ တွက်နည်းလေး တစ်ခုအနေနဲ့ တွေ့လို့ ဝေမျှတာပါ…ဘုရားဟော မဟုတ်တဲ့ အတွက် တထစ်ချ မှန်ကန်ရမည်ဟု လည်း မဆိုသာပါ…။ ညခင်းဒီပိုစ့်လေး ရိုက်နေတုန်းမှာ ဘဲ…ညခင်း အသိ..မောင်လေး တစ်ယောက်ရောက်လာပါတယ်…သူလဲ တွက်ကြည့်ပေးပါ တဲ့… တွက်ကြည့်လိုက်တော့…ဖွဲတိုင် ရပါတယ်…ဒါပေမဲ့ လက်ထဲမှာတော့ ဟန်းဖုန်းနဲ့ ကား၂စီးလောက်ပဲ ပိုင်ရှာတယ်…။ကဲ ဘယ်လိုလုပ်မလဲ…. ဆိုလိုတာ က အတိတ်ကံ အထောက်အပံ့ ညံ့ ပေမဲ့…လက်ရှိဘ၀မှာ ကိုယ့်ရဲ့ကြိုးစားမှုပေါ်လည်း မူတည် တယ်ဆိုတဲ့ အကြောင်း ပြောချင်တာပါ။

မိမိ၏မြန်မာမွေးသက္ကရာဇ် မသိသူများအတွက် အမောင်ပိကျိလေး မှအကြံပေးသွားသည်မှာ အင်္ဂလိပ်မွေးသက္ကရာဇ်မှ ၆၃၈ ဂဏန်းကိုနှုတ်လျှင် မြန်မာမွေးသက္ကရာဇ် ရပါကြောင်းလာရောက်ပြောကြားသွားပါသည်ရှင်။ မောင်ပိကျိ ရေ ကျေးဇူး။း)
***********************************************
ကဲ..အားလုံးပဲ ဖတ်ပြီးပျော်ရွှင်နိုင်ကြပါစေ။

တဆက်တည်း အလည်လာဗေဒင်လေးဖတ်ပြီး စားရအောင် မနေ့တုန်းက ကျမစားခဲ့ရတဲ့ တန်ပူရာကြော်လေးတွေကို တင်ပေးလိုက်ပါတယ်နော်. စာလေးလဲဖတ် မုန့်လေးလဲစားပေါ့နော်.း)



တန်ပူရာကြော် ၊ Miso soup ၊ ထမင်း Set

ဂျပန်စာ ဆာရှိမိ

ပုဇွန်တန်ပူရာကြော်


ဒါလေးက မိမိုနို တဲ့

ကြက်သွန်တန်ပူရာကြော် ၊ ကြက်ဥ ပူတင်း set

အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

ဆားချက်လိုက်တာပါ။ ဟဟားး)

အားလုံးကိုလေးစားခင်မင်လျှက်

ဝါ၀ါခိုင်မင်း

Thursday, November 20, 2008

ဂျပန်စုခိယခိ




မနေ့တုန်းက အပြင်မှာနေသာပေမယ့် ရာသီဥတုကတော်တော်လေးအေးတယ်လေ။အဲဒါနဲ့ ကျမတို့ မိသားစုလည်း စုခိယခိ လုပ်စားကြမယ်ဆိုပြီး ဦးဥာဏ်က ကျောင်းကပြန်လာတော့ လိုအပ်တာတွေ ၀ယ်လာပေးခဲ့တယ်. အိမ် ရောက် မှ တမျိုးလိုနေတာ သတိထားမိသွားတယ်လေ. အိမ်မှာ အမဲသားပြားရှိတယ်ထင်လို့ မ၀ယ်လာခဲ့ဘူးတဲ့..ဟဟ .အဲဒီတော့ အမဲသား မပါတဲ့ စုခိယခိလေးပဲလုပ်စားဖြစ်လိုက်ကြပါတယ်။း)

အခုလို ရာသီဥတုအေးလာတဲ့ အချိန်မှာ စုခိယခိ လိုမျိုး ၊ ဟော့ပေါ့လိုမျိုး အစားအစာလေးတွေလုပ်စားရရင် တော်တော်လေးကောင်းပါတယ်။ ပူပူလေးကို ခပ်ထည့်ပြီးစားကြတာ စားလို့အရမ်းကောင်းပါတယ်။ လုပ်စားရတာလဲ အလွန်လွယ်ပါတယ်ရှင်။ ဂက်စ်မီးဖိုနဲ့ အိုးထဲမှာရေနွေးထည့်ပြီးတည် ဆူလာရင် အသားလုံးတွေ ၊ တိုဟူးတွေ ၊ အသီးအရွက် အစုံ၊မှိုတွေ ကြိုက်တာအကုန်ထည့်ပြီး ကြက်ဥကြိုက်ရင်ကြက်ဥထည့်စား ၊ ခေါက်ဆွဲကြိုက်ရင် ခေါက်ဆွဲထည့်စား ၊အသားမှုန့်လေးတွေ ထည့်တယ်၊အချဉ်ကြိုက်ရင် အချဉ်လေးထည့် ၊ စားပွဲပေါ်မှာတင်ထားတဲ့ အတိုင်း အစုံထည့် (ကိုယ့်မှာရှိနေတဲ့ အချို ၊အချဉ် ၊အငံ၊တွေလောင်းထည့် ) ဟဟ.. ပြီးရင် ရှောယု လို့ခေါ်တဲ့ငံပြာ
ရည်လေးထည့်လိုက်တာ နဲ့ စားဖို့ အသင့်ဖြစ်သွားတာပါပဲ။ ကျမလုပ်တာ စုခိယခိ အစစ်တော့ မဟုတ်ဖူးနော်.း) အမဲသားပြားလေးတွေထည့်ပြီးစားတာမှ စုခိယခိအစစ်ပါ။ အဟတ် အခုဟာကတော့ စုခိယခိ မကျ ဟော့ပေါ့လဲ မဟုတ် တဲ့ စုခိဟော့ပေါ့ ဖြစ်သွားပါတယ်ရှင်။ အဟီး

စားချင်တဲ့သူတွေ မြန်မြန်လုပ်စားနိုင်အောင်ပြောပြတာနော်. လွယ်လွယ်လေးပဲ. ယောကျာင်္လေးတွေလဲ သူငယ်ချင်းတွေစုပြီး လုပ်စားနိုင်တာပဲလေ. ဗာဟီရ မှ မများတာနော်။ ကြည့်ရတာတော့ ဖြူယော်ယော်ကြီးနဲ့ စားချင်စရာ မကောင်းမဲ့ ပုံပဲနော်. ဒါပေမယ့်စားကြည့်ရင် အိုအိရှိ (Oishi) ဒက်စ်ရော ။ ဟဟ အရသာရှိတယ်လို့ပြောတာနော်။

တာ့တာ.. ဒီနေ့ ကတော့ ဒီလောက်ပါပဲကွယ်။း)

ရေနွေးအိုးကိုဆူအောင်တည်

တိုဖူး အရွက်တွေ အသားလုံးတွေပစ်ထည့်

ရှောယု လို့ခေါ်တဲ့ ငံပြာရည်လေးလောင်းထည့် ကြိုက်တဲ့သူဝင်စားသွားကြပါဦး.း)


အားလုံးပဲချမ်းမြေ့ကြပါစေရှင်။
အားလုံးကိုလေးစားခင်မင်ချစ်ခင်လျှက်
ဝါ၀ါခိုင်မင်း

Wednesday, November 19, 2008

ဂျပန်စကားပြော သင်ခန်းစာ . ၆


ဒီနေ့မနက် ရာသီဥတုလေးက သာယာနေတယ်လေ၊ အပြင်ထွက်လည်ရင်ကောင်းမလားလို့ စဉ်းစားမိလိုက်ပေမယ့် အပြင်ထွက်လည်ရင် ခြေထောက်လည်းညောင်းသေးတယ် ၊ ပိုက်ဆံလည်းကုန်ဦးမယ် အဲဒီတော့ မထူးပါဘူး ခြေထောက်မညောင်း၊ပိုက်ဆံလည်းမကုန်တဲ့ ဘလော့ပဲအလည်သွားတော့မယ်ဆိုပြီးတော့ မနက်၈ နာရီမတိုင်ခင်ကတည်းက ကွန်ပြူတာစင်နားမှာ စားပွဲတစ်လုံးနဲ့ စားစရာ အပြည့်ချ ကော်ဖီတစ်ခွက်နဲ့ ရေတစ်ခွက်ပါ အဆင်သင့်ချထားပြီး ၈ နာရီကစပြီး ဘလော့လည်လိုက်တာ ခြေထောက်တော့မညောင်းပါဘူး၊လက်ရော မျက်စိရောညောင်းသွားတာနဲ့ နာရီကြည့်လိုက်တော့ ၁၀ နာရီထိုးနေပြီလေ။ မနက် ၈ နာရီကနေ ၁၀နာရီအတွင်း မထပဲနဲ့ ပို့စ်အသစ်တွေလည်ဖတ် .Comment တွေရေး စီဘုံးမှာ လာလည်ပြီးနှုတ်ဆက်သွားတဲ့ ဧည့်သည်အသစ်တွေဆီကို ဦးစားပေးပြီးပြန်လည် ၊နှုတ်ဆက် နဲ့တင်ပဲ ပိုရင်းနှီးတဲ့သူတွေဆီ မရောက်ဖြစ်တော့ဘူး..(ဟဟ ..စိတ်ဆိုးမှာစိုးလို့ ဖားတာပါရှင်။ :D)
အဲဒါနဲ့ပဲ..ဒီနေ့ပို့စ်တစ်ခုရေးပေးမယ်လို့ပြောထားတာရှိသေးတယ်လေ။ ရေးဦးမှပဲ ဆိုပြီး လည်တာကို ခဏနားပြီး ပို့စ်ရေးခြင်းကို စတင်လိုက်ရပါတယ်ရှင်။ဒီနေ့ ရေးမယ့်ပို့စ်လေးကတော့ ဂျပန်စာပို့စ်လေးပဲဖြစ်ပါတယ်ရှင်။အကြောင်းကတော့ ကျမရဲ့ ဂျပန်စာပို့စ်လေးမှာလွန်ခဲ့တဲ့ တစ်ပတ်လောက်က Secret ဆိုသူက အောက်ပါအတိုင်းComment ရေးသွားခဲ့ပါတယ်ရှင်။

secret said...
ကျနော် ဂျပန်ဘာသာနဲ့ ပါတ်သတ်ပြီး မရှင်းတာမေးချင်လို့ပါ။ ဒီဘလော့ဂ် ကိုခုမှ စဖတ်ဖြစ်ပေမယ့် ဖြေပေးနော်။
ကျနော် အရင်ကတည်းက が နဲ့ を ကို မကွဲဖြစ်နေတာ။ အခု ဖက်ကြည့်လိုက်တော့ အနတ ဂ စုခိဒက်စ် ဆိုတာတွေ့တော့ မေးကြည့်ဦးမှပဲလို့။ ကျနော်က を ကို မြန်မာစာလုံး ကို နဲ့တူတယ်လို့ မှတ်ထားတာ။ ဒီမှာကျတော့ မင်းကို ချစ်တယ် မှာ ဘာလို့ を မသုံးဘဲ が သုံးရတာလဲဟင်။ နောက် တခြား ၀ါကျတော်တော်များများမှလည်း အဲဒီ အသုံး၂ခုကို မကွဲဘူး။ အထူးသဖြင့် ဂ ကိုသိပ်နားမလည်ဘူး။

(အလုပ်ရှုပ်နေရင် အားမှဖြေပါ။ မေးရတာ အားနာပါတယ်။ ဂျပန်ကို လည်လည်သွားဖို့ အစီအစဉ်လဲ မရှိဘူး။ အပျော်သက်သက် လေ့လာနေမိတာပါ။)

November 14, 2008 6:57 AM

အဲဒီလိုလေး ရေးသွားခဲ့ပါတယ်... အဲဒါကို ကျမကလည်း Comment မှာ အောက်ပါအတိုင်းပြန်ရေးထားခဲ့ပါတယ်။

ဝါ၀ါခိုင်မင်း said...
ဟုတ်ကဲ့ပါ ( ကို )Secret ရေ...

ကျမအဆင်ပြေတာနဲ့ ပို့စ်လေးတစ်ခုအဖြစ်ရေးပြီးဖြေပေးပါမယ်ရှင်.
ကျေးဇူးပြုပြီး လိပ်စာလေးတော့ပေးထားစေချင်ပါတယ်ရှင်။
ပို့စ်ရေးပြီးရင် အကြောင်းကြားပေးချင်လို့ပါ။
လလည်တာကျေးဇူးတင်ပါတယ်ရှင်။

ကျေးဇူးတင်စွာဖြင့်
ဝါ၀ါခိုင်မင်း

November 14, 2008 5:29 PM

သူက ကျမရေးထားတဲ့ Comment လေးကိုပြန်လာဖတ်ဖြစ်ခဲ့ပြီး ကျမဆီကိုမေးလ်ပို့လာပါတယ်ရှင်။ မေးလ်ကိုတော့မဖော်ပြတော့ပါဘူး။သူမေးလ်က နာမည်အရင်းသုံးထားတာမို့ Secret နာမည်နဲ့ရေးသွားခြင်းဖြစ်ပါတယ်တဲ့။
ဟုတ်ကဲ့ပါ ကိုညီညီ ရေ..... ကိုညီညီမေးထားတာလေးတွေကို ကျမ တတ်နိုင်သလောက်ဖြေကြားပေးသွားပါမယ်နော်။ တကယ်တော့ ကျမက ဂျပန်စာသင်တဲ့ ဆရာမ မဟုတ်တာကြောင့် အကျယ်တ၀င့်ကြီးရှင်းပြပြီး မရေးချင်ပါဘူးရှင်၊ ကျမရဲ့ ဂျပန်စာကိုစိတ်ဝင်စားတဲ့ မောင်နှမလေးတွေ အတွက် ကျမ ဂျပန်မှာရှိတုန်း သူတို့လေးတွေကို စာလာဖတ်ရင်း တစ်လုံးမှတ်မိမိ ၊ နှစ်လုံးမှတ်မိမိ အပျော်သဘောနဲ့ စကားပြောလေးတွေပဲ သက်သက်တင်ပြပေးခဲ့တာပါရှင်။ ကျမကလည်း နိုင်ငံပေါင်းစုံက စကားတွေကို စိတ်ဝင်စားပါတယ်. ပို့စ်လေးတွေလည်ဖတ်ရင်းနဲ့ နိုင်ငံတစ်နိုင်ငံရဲ့ အရေးကြီးပြီးအသုံးများတဲ့ စကားလုံးလေးတွေကို မှတ်သားလေ့လာမိပါတယ်ရှင်။

ဥပမာ... ခပ်ပွန်းခပ် ( ကျေးဇူးတင်ပါတယ်) ထိုင်းစကား
ဘာလရှိုရယ် စပါဆီဘာ ( အရမ်းပဲ ကျေးဇူးတင်ပါတယ်) ရုရှားစကား
ရှဲ့ရှဲ့ (ကျေးဇူးတင်ပါတယ် ) တရုတ်စကား

အဲဒါလေးတွေကို ကျမမှတ်မိနေခဲ့ပါတယ်။ အဲလိုပဲ ကျမလိုပဲ ကျမရဲ့မောင်နှမတွေကို တစ်လုံးတတ်တတ် နှစ်လုံးတတ်တတ် ရစေချင်တဲ့ စေတနာနဲ့ပါ။ တကယ်တော့ နိုင်ငံခြားသားတွေရဲ့ အသံထွက်ကို မြန်မာလိုပြန်ပြီးရေးရတာမှာလဲ အခက်အခဲ အများကြီးရှိပါတယ်ရှင်။ အတတ်နိုင်ဆုံးတော့ ကိုယ်အသံထွက်နေတဲ့ အသံနီးပါးတူအောင်တော့ မြန်မာလို ရေးပြထားခြင်းတွေပဲဖြစ်ပါတယ်ရှင်။

ကိုညီညီပြောတဲ့ を (wo/အို-လို့အသံထွက်ရပါတယ်) နဲ့  が ( ga) တို့ရဲ့ ခြားနားတဲ့ အသုံးကို ကျမသိသလောက်ပြောပြရရင်တော့ ......
をဟာ ကံပြပုဒ်ပါ။ မြန်မာစာမှာ ကို..အား..ဆိုတဲ့အသုံးနဲ့တူပါတယ်။ ပြုလုပ်ခြင်းကြိယာတွေနဲ့တွဲသုံးပါတယ်။

Suika o tabemasu
စုအိခ အို တဘဲမတ်စ်
ဖရဲသီးကိုစားသည်။

が ကကတ္တားကိုအထူးပြုပါတယ်။ ပိုပြီးလေးနက်ထူးခြားအောင်သုံးချင်တဲ့အခါ (wa) အစားသုံးပါတယ်။

ဥပမာအားဖြင့်....

kore wa watashi ga yarimasu.
ဒါကိုကျွန်မလုပ်လိုက်ပါ့မယ်။

ရှိသည်ဆိုတဲ့အဓိပ္ပါယ်နဲ့လည်းသုံးပါတယ်။
Koko ni hon ga arimasu .
ခိုခို နိ ဟွန်း ဂ အာရိမတ်စ်
ဒီမှာ စာအုပ်က ရှိနေသည်။

watashi ni wa hitori no musume ga imasu/gozaimasu.
ဝါတာရှီနီဝ မုစုမဲဂ အီမတ်စ်၊ ဂိုဇိုင်းမတ်စ်။
ကျွန်မမှာသမီးလေးတစ်ယောက်ရှိပါတယ်။

(Ga ) ရဲ့နောက်အသုံးတစ်ခုကတော့၊ ကြိုက်တာမကြိုက်တာ၊ ကျွမ်းကျင်တာမကျွမ်းကျင်တာ၊ ကောင်းတာမကောင်းတာ စတဲ့ စကားလုံးတွေနဲ့တွဲသုံးတာဖြစ်ပါတယ်။

watashi wa suika ga suki desu
ဝါတာရှီဝ စုအိခ ဂ စုခိဒက်စ်
ကျွန်မသည်ဖရဲသီးကြိုက်သည်။

Khin Khin San wa nihon go ga jozu desu.
ခင်ခင်စံ ၀ နိဟွန်းဂို ဂ ဂျောဇု ဒက်စ်
မခင်ခင် သည် ဂျပန်စကားကျွမ်းကျင်ပါသည်။


Yamadasan wa me ga warui desu.
ယမဒစံ ၀ မဲ က ၀ါရုအိ ဒက်စ်
မစ္စတာယမဒ သည် မျက်စိ မကောင်းပါ။


**********************************
ကဲ.. ဒီလောက်ဆိုရင် ကိုညီညီ ရဲ့ မေးခွန်းလေး အတွက် ကျေနပ်နိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်နော်။
ဒီပို့စ်လေးဟာ ကျမတတ်သလောက်ကလေးရှင်းပြထားတာပါ ၊ ကျမထက် ပိုသိ ပိုတတ်တဲ့သူတွေက ဒီပို့စ်လေးကိုဖတ်မိလို့ ပိုကောင်းတဲ့ အကြံဥာဏ်လေးတွေ ပေးစရာရှိခဲ့ရင် ရေးပေးသွားကြပါလို့ ၀မ်းသာစွာနဲ့ ဖိတ်ခေါ်ပါရစေနော်။
အဆင်ပြေပါစေ။

*****************************************
ကဲ..ဂျပန်စာ လာဖတ်ကြတဲ့ မောင်လေး ၊ညီမလေးတွေအတွက်လည်း ဂျပန်စာနဲနဲ တင်ပြပေးလိုက်ဦးမယ်နော်။

Yoo koso irasshaimashita.
ယိုးခိုစို အိရရှိုင်းအိမရှိတ
ကြွရောက်လာခြင်းကို လှိုက်လှဲစွာကြိုဆိုပါ၏။

Dozo oagari kudasai.
ဒိုးဇို အိုအဂရိ ကုဒါဆိုင်း
ကျေးဇူးပြုပြီး သုံးဆောင်ပါရှင် / ခင်ဗျာ

Itadakimasu.
အိတဒခိမတ်စ်
သုံးဆောင်ပါတော့မယ်ရှင်/ ခင်ဗျာ
(တစ်ခုခုစားမည့်အခါ မစားခင် အိတဒခိမတ်စ် ဟုပြောပြီးစားရသည်။
)

Gochisoo sama deshita.
ဂိုချိစိုးဆမ ဒဲရှိတ
ကျွေးမွေးခဲ့သည့်အတွက်များစွာကျေးဇူးတင်ပါတယ်။

Onaka ga suita.
အိုနခ ဂ စုအိတ
ဗိုက်ဆာပြီ.

Chotto omachi kudasai.
ချော့တို အိုမချိ ကုဒါဆိုင်း
ခဏလေးစောင့်ပါဦးရှင်/ ခင်ဗျာ။

Odaiji ni
အိုဒိုင်းဂျိနိ
ကျန်းမာရေးကိုဂရုစိုက်ပါ။

Omedeto gozaimasu.
အိုမဲဒဲတို ဂိုဇိုင်းမတ်စ်
မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေရှင်/ ခင်ဗျာ

***************************

တဆက်တည်း မှာပဲ ဂျပန်သင်ခန်းစာအကြောင်းလေးရေးရင်းနဲ့ ဂျပန်မလေးတွေ ပုံကို မောင်လေးတွေကို ပြချင်လို့ ပြီးခဲ့တဲ့ စနေနေ့က ဦးဥာဏ် MEGURO မြို့ က Yukano junior high school ကိုသွားပြီး မြန်မာပြည်အကြောင်း သွားရောက်ဟောပြောခဲ့ပါတယ်။ ဦးဥာဏ်က အဲဒီလို တစ်နှစ်ကို ၂ခါလောက်သွားရတယ်လေ။ မြန်မာပြည်အကြောင်း ဗဟုသုတတွေ ဖြန့်ဝေပေးတာပေါ့။ အလယ်တန်းကျောင်းသူတွေ ကိုသွားရောက်ဟောပြောရတာပါ။ နောက်ပြီး ဦးဥာဏ် က ဂျပန်အလယ်တန်းကျောင်းတွေမှာ အင်္ဂလိပ်စာတွေ မကြာခဏ volunteer လိုက်သင်ပေးခဲ့ရတယ်လေ။အဲဒါလေးတွေကို ပို့စ်ရေးဖို့ပြောခဲ့ပေမယ့် ဦးဥာဏ်က ဓါတ်ပုံတွေပြရမှာ ရှက်စရာကြီးတဲ့လေ။ ပို့စ်မတင်ခဲ့ဘူး။ ဟတ်ဟတ် .. အခု ကျမ က ဦးဥာဏ် ကျောင်းသွားနေတုန်း ဦးဥာဏ် နဲ့ (၇)တန်းကျောင်းသူဂျပန်မလေးတွေ ရိုက်ထားတဲ့ ပုံကို တိတ်တိတ်လေး တင်ပေးလိုက်တယ်နော်..ဟဟ ..သွားမပြောကြနဲ့ဦး။ ဂျပန်မလေးတစ်ယောက် ချောလို့လေ။ အဟီး

ပျော်ရွှင်ကြပါစေ...


အားလုံးကိုလေးစားခင်မင်လျှက်
ဝါ၀ါခိုင်မင်း



Tuesday, November 18, 2008

စားကြမယ်ကွဲ့ကောင်းကောင်း

မောင်ညီမလေးတို့ရေ...

ဒီနေ့ မမ၀ါ ဖြစ်သလိုလေး မုန့်ဟင်းခါးချက်စားဖြစ်တယ်လေ။း)
ပြီးတော့ ကောက်ညှင်းပေါင်း ပေါင်းလိုက်သေးတယ်။း)
နောက်ပြီး မနေ့တုန်းက ဦးဥာဏ်က ယိုကိုဟားမား ၊တရုတ်တန်း ကနေ ၀က်သားပေါင်း ၊ပေါက်ဆီ နဲ့ တရုတ်
မုန့်ဝယ်လာပေးလို့ ဒီနေ့အကုန်စားဖြစ်တယ်၊ ဟဲဟဲ .
ခဏ ခဏ မုန့်လာတောင်းစားကြတဲ့ မောင်ညီမလေးတွေအတွက် နဲ့ ကျမဘလော့လေးကို အလည်လာပြီး စာလာဖတတဲ့မိတ်ဆွေတွေအားလုံးအတွက် စားဘို့ မုန့်လေးတွေ
ကျွေးလိုက်ပါတယ်နော်.သုံးဆောင်သွားကြပါဦးရှင်။



နေကြာစေ့ စားသွားနော်.း)

ကောက်ညှင်းပေါင်း ၊ ပေါက်ဆီ နဲ့ ၀က်သားပေါင်း




ကိုယ်တိုင်ပေါင်းတဲ့ ကောက်ညှင်းပေါင်းပူပူလေး......


ကိုယ်တိုင်ချက်တဲ့ မုန့်ဟင်းခါး ပူပူလေး.....


ရေနွေးကြမ်းနဲ့ ဖျော်ရည်လေးတွေ

အသားကင်လေးတွေနော်.. ကင်ပြီးစားသွားကြပါ။း)



ပုဇွန်မုန့်ကြော်


သမီးလေးစားတဲ့ breakfast




ဝက်သားပေါင်းပူပူလေး


ကော်ဖီ


မိုင်လို


အ၀ သုံးဆောင်သွားကြပါနော်။


စားကောင်းမှကောင်း..အဟီး


ဟူး ဓါတ်ပုံရိုက်လိုက်ရတာမောသွားပြီ...အနားယူလိုက်ဦးမယ်။ တာ့တာ



အားလုံးကိုလေးစားခင်မင်ချစ်ခင်လျှက်


မမကြီးဝါ၀ါခိုင်မင်း

Friday, November 14, 2008

သူ့အချစ်က ဘယ်လိုလဲ... သင်ကရော...


မောင်လေး ၊ညီမလေးတို့ရေ
မမပုံပြောပြမယ်နော်.. အဲ ဟုတ်ပါဘူး.. အဟတ်. :P


ဒီနေ့မောင်လေးyaryar ထံမှ Forward mail လေးပို့လာတာနဲ့ မောင်လေး ၊ညီမလေးတို့တွေ အပျင်းပြေဖတ်ရလေအောင် မမ၀ါ ပို့စ်လေးတစ်ခုအဖြစ်နဲ့ တင်ပေးလိုက်ပါတယ်နော်။ ဖတ်ပြီးတဲ့သူတွေလည်း ဖတ်ပြီးလောက်ပါပြီ်. မဖတ်ရသေးတဲ့ သူတွေ ဖတ်ရလေအောင် မျှဝေတင်ပြလိုက်ခြင်းဖြစ်ပါတယ်နော်။ကျမ က မြန်မာပြည်မှာတုန်းကဆိုရင် ဆရာစံ ဇာဏီဘို ရဲ့ ဗေဒင်တွေ ယတြာတွေကို ဖတ်ဖြစ် လုပ်ဖြစ်ခဲ့ပါတယ်။ ဗေဒင်ကို အယုံကြီး မဟုတ်ပေမယ့် ယုံသင့်သလောက်ကလေးတော့ ယုံကြည်ဖြစ်ပါတယ်ရှင်။
အပျော်ပေါ့နော်။ တသွေမတိမ်း မှန်တယ်ရယ်လို့လဲ မဟုတ်ပါဘူး။ ဒီလိုပဲ အပျော်ပေါ့..ဟတ်ဟတ်.. ဆရာ စံဇာဏီဘို ဖတ်ဖြစ်ရင်ကတော့ စိတ်ဆိုးခံရတော့မှာပဲ ။ အဟီးးး
ပျော်ရွှင်ကြပါစေ ။

********************************************************

သူ့အချစ်က ဘယ်လိုလဲ... သင်ကရော...

အခုဟာက ရာသီခွင် နဲ့ သူ့တို့ရဲ့အချစ်အကြောင်းတွေပါ ။
ဆရာစံ ဇာဏီဘို ရဲ့ ဆယ့်နှစ်ရာသီအချစ်ထဲက ရေးပေးလိုက်ပါတယ် ။

Aries - March 21 - April 20
Taurus - April 21 - May 21
Gemini - May 22 - June 21
Cancer - June 22 - July 22
Leo - July 23 -August 21
Virgo - August 22 - September 23
Libra - September 24 - October 23
Scorpio - October 24 - November 22
Sagittarius - November 23 - December 22
Capricorn - December 23 - January 20
Aquarius - January 21 - February 19
Pisces - February 20- March 20

မိဿအချစ်ဒဿန (ARIES)

မိဿရာသီဖွားတို့၏ နှလုံးသားသည် အလွန်မြင့်မြတ်သိမ်မွေ့သည်ဟု ကမ္ဘာ့နက္ခတ်ပညာရှင်များက တညီတညွတ်တည်း သတ်မှတ်ထားသည်။ "နှလုံးသားစစ်ပွဲများ။ဒဏ်ရာဒဏ်
ချက်များ၊မီးတောက်၊မီးလျှံများကြားမှ အလွန်ချစ်တတ်သော နှလုံးသားပိုင်ရှင်၊ မြင့်မြတ်သော အချစ်ရှိသူ"ဟု ဖော်ကျူးထားသည်။ အပြင်သဏ္ဌာန်တွင် ကြမ်းတမ်းသည်ဟု ထင်ရလင့်ကစား အတွင်းစိတ်မှာနုညံ့သည်။ မေတ္တာရေးတွင် အပေးသမားဖြစ်သည်။ရယူခြင်းထက် ပေးဆပ်ခြင်းကို ဦးစားပေးမည်။ လူတစ်ဦးတစ်ယောက်ကိုချစ်မိလျှင် မျက်စိအောက်ကအပျောက်မခံ။ မုန်းမိလျှင်လည်း မမေ့နိုင်။ သံယောဇဉ်တနွယ်နွယ် ဖြစ်တတ်သည်။ သဘောထားကြီးမြတ်မည်။ သည်းခံခွင့်လွှတ်တတ်သော အချစ်နှင့် နှလုံးသားကို ပိုင်ဆိုင်သည်။ "အလွန်အချစ်ခံလိုသော အချစ်ကို ပိုင်ဆိုင်ထားသည်။အချစ်အားလိုလားသည်။ မိမိအပေါ် အေးအေးချမ်းချမ်း သိမ်သိမ်မွေ့မွေ့ နူးနူး ညံ့ညံ့ အလေးပေး၍ ဆက်ဆံသူအား လိုလားသည်။ ထို့အပြင် သနားချစ်၊အားနာချစ်ကိုလည်း ဦးစားပေးတတ်သည်" အချစ်ရေးကိစ္စ၊အိမ်ထောင်ရေးကိစ္စ အားလုံးစုံတွင် ဦးနှောက်ကို ဦးစားမပေး၊ နှလုံးသားနှင့် ဆုံးဖြတ်တတ်သည်။ အချစ်အတွက် ဘာမဆိုပေးဆပ်ရဲသော သတ္တိရှိသည်။ တဇွတ်ထိုး လုပ်ခြင်း ၊စိတ်ဒေါသကြီးခြင်းများ ရှိလင့်ကစား မေတ္တာဘဝလမ်းကြေားင်းတွင် အနှောက်အယှက်ဖြစ်လောက်အောင်အထိ မကျရောက်နိုင်ပါ။ ဤရာသီဖွားများသည် မျက်နှာများလိမ့်မည်။အပြိုင်ရည်းစားထားလိမ့်မည်။ နောက်ဆုံးအိမ်ထောင်ပြုသောအခါတွင် နီးစပ်မုအရှိဆုံးသောသူနှင့် အိမ်ထောင်ကျမည်။ အချစ်ဦးနှင့် ဆုံစည်းကိန်းမရှိ။သို့သော် အိမ်ထောင်ပြုသောအခါ အိမ်ထောင်တဆက်တည်းနှင့် မြဲစေရန် အမြဲထိန်းသိမ်းကြိုးစားမည်။ မိမိသည် နာမည်ပျက်ရှိသူ (သို့) တစ်စုံတစ်ရာဘဝတွင် အချစ်ကံခေခဲ့သူအား ပို၍ တိမ်းညွတ်ချစ်တတ်သော နှလုံးသားကို ပိုင်ဆိုင်သည်။ အချစ်ကို ဦးစားပေးမည်။ ချစ်သူကြောင့် မိမိဝန်းကျင် အသိုင်းအဝိုင်းအတွင်း အပြောအဆို ခံရမည်။ သို့သော် ထိုအချစ်သည်ပင် မိမိအား ပျော်ရွှင် ချမ်းမြေ့မှု့ကို ပေးလိမ့်မည်။ ဤရာသီဖွားများ၏ အချစ်ဒဿနမှာ အသက်အရွယ်ကိုလိုက်၍ ကွာခြားသွားမည်။ အသက် ၁၅ နှစ်မှ ၁၉နှစ်ကြား လူငယ်များသည် အချစ်ကို ရင်ခုန်စရာ စိတ်လှုပ်ရှားစရာတစ်ခုဟု သတ်မှတ်မည်။အသက် ၂၀နှစ်မှ ၂၅ ကြားအရွယ်သည် အချစ်ကို ကြေကွဲစေခြင်း၊ဝမ်းနည်းစေခြင်း နှလုံးသားအား နာကျင်စေသော အရာဟု သတ်မှတ်မည်။ အသက်၂၅ နှစ်မှ ၃၀ နှစ်ကြားအရွယ်သည် အချစ်ကို ပေးဆပ်ခြင်းဟု ယူဆသော ဒဿနရှိသည်။ အသက်၃၀ နှစ်အထက်တွင်မူ ချစ်ခြင်းမေတ္တာသည် မိမိက ပေးမှသာလျှင် တစ်ပါးသူထံမှ ပြန်လည်ရရှိမည်ဟူသော ဒဿနကိုရင်ဝယ်ထားရှိမည်။ အသက်၄၀ အထက်တွင်မူ တစ်ပါးသူက မိမိအား သံယောဇဉ်ထားခြင်း၊ အလိုလိုက်ခြင်း၊ ဂရုစိုက်ခြင်းနှင့် ချစ်မြတ်နိုးမှုကို အလွန်တောင့်တသည်။
ဤကား မိဿရာသီဖွားတို့၏ အချစ်ဒဿနပင်ဖြစ်ပေသည်။

ပြိဿအချစ်ဒဿန (TAURUS)

ပြိဿရာသီဖွားတို့၏နှလုံးသား ချစ်ခြင်းမေတ္တာသည် အလွန်သစ္စာတရားကြီးမားပြီး ပေးဆပ်ခြင်းကို ဦးစားပေးသော မေတ္တာတရားကြီးမားသူများဟုကမ္ဘာ့နက္ခတ်ပညာရှင်များက သတ်မှတ်ထားသည်။ ၅၂၈ နှင့်၁၅၀၀ မေတ္တာလွန်ပွဲများ ဘဝကွာခြားမှုများအကြား ကျောက်ဆစ်၊ ကျောက်တောင်ကဲ့သို့ မာကျောသော နှလုံးသားအလယ်မှ ထူးခြားစွာ ပွင့်လန်းသော နတ်ပန်းကဲ့သို့ ပွင့်ခဲ၊ ချစ်ခဲသော၊ မွန်မြတ်သောအချစ်၊ တည်တဲ့သောမေတ္တာ အချစ်နှလုံးသားအားပိုင်ဆိုင်သူဟု ဖော်ကျူးထားသည်။ မေတ္တာတရားအား ဆုံးဖြတ်သောအခါတွင် သေချာစွာ အချိန်ယူဆုံးဖြတ်ပြီးမှ ချစ်တတ် တွယ်တာတတ်သည်။ ပြောခဲ့သောစကား၊ ဆုံးဖြတ်ထားသော အရာအား ဘယ်တော့မှ ပြန်မပြင် ၊ သစ္စာတရားအား ရင်ဝယ်ပိုက်ထားသူဖြစ်သည်။ ငယ်ချစ်ကို ဦးစားပေးတတ်သည်။ ခိုင်မာသော မေတ္တာ ကိုပိုင်ဆိုင်သည်။ မိမိက ချစ်ရသူအပေါ် အမြဲ စိတ်ချမ်းသာအောင် ဖြည့်ဆည်းပေးရမည် ဟူသော ဒဿန ကို ပိုင်ဆိုင်သည်။ သံယောဇဉ်ကြီးသည်။ အချော့ကြိုက် အပျော့ကြိုက်ဖြစ်သည်။ ချစ်ခဲသည်။ အချစ်မြဲသည်။ အချစ်အတွက်ဆိုလျှင် ပတ်ဝန်းကျင်နှင့် ဆန့်ကျင်ရန်လည်းကောင်း၊ မိသားစုနှင့်ဆန့်ကျင်ရန်လည်းကောင်း ဝန်မလေး။ ကိုယ်တိုင်ဆုံးဖြတ်မည်။ မေတ္တာလမ်းကြောင်းသည် မချောမွေ့ အခက်အခဲများမည်။ ချစ်သူနှင့်ပေါင်းဖက်ရန် ဆုံစည်း ရန်သာအဓိကထားသည်။ အပျော်ချစ်သူ လုံးဝမထားတတ်။ အချစ်ကို ဦးစားပေးသည်။ မိမိကိုယ်တိုင်လည်း အယုအယကြိုက်မည်။ သစ္စာရှိသူကိုလည်းလိုလားမည်။ ချစ်ခြင်းမေတ္တာဆိုသည်မှာ သစ္စာတရားရှိမှ ခိုင်မြဲသည်။ ပြီးပြည့်စုံသည်ဟု ခံယူထားသည်။ နှလုံးသားမှ အချစ်သည် သံယောဇဉ်အတွယ်အတာမှ တစ်စစ မြင့်မားလာသော တိုးပွားလာသော ချစ်တတ်လာသော မေတ္တာအမျိုးအစားဖြစ်သည်။ ဤရာသီဖွားများသည် မိမိ ကသူတစ်ပါးအပေါ် ကောင်းသလောက် ပေးဆပ်သလောက် မိမိကို ထပ်တူ ပြန်ကောင်းသူရရန် ခဲယဉ်းသည်။ မိသားစု ညီအကို မောင်နှမများအား ၅၂၈ မေတ္တာ ဦးစားပေးရမှုကြောင့် ၁၅၀၀ မေတ္တာတွင်အညံ့ရှိမည်။ တခါတည်းထား တစ်ကြိမ်တည်းမြဲလိုသော ချစ်သူကိုလိုလားသည်။ သို့သော် ဤရာသီဖွား ၈၀% သည် အချစ်ဦးနှင့်ဆုံစည်းကိန်းမရှိတတ်ပါ။ အချစ်အပေါ် ထားရှိသော ဒဿနအမြင်သည် အသက် ၁၆ နှစ်မှ ၂၂ နှစ်အတွင်း မိမိကို တစိုက်မတ်မတ် စိတ်ဝင်စားသော နီးစပ်သူနှင့် သံယောဇဉ် တွယ်ပြီး နီးစပ်မှုကြောင့် မေတ္တာတရားပေါ်ပေါက်သည်ဟုသတ်မှတ်
သည်။ အသက်၂၃ မှ ၂၈ နှစ်ကြားတွင် ချစ်သူထက်မိဘကို ပိုချစ်သင့်သည်ဟူသော စိတ်ရှိသည်။ အသက် ၂၈နှစ်မှ ၃၅ နှစ်ကြားတွင် မေတ္တာတရားသည် ဘဝအတွက် ထာဝရလက်တွဲရန်အဖော်ရှာခြင်းဟု သတ်မှတ်သည်။ အသက်၃၆နှစ်အထက်တွင်မူ မေတ္တာတရားသည် သူတစ်ပါးအားပေးဆပ်ရန် အကောင်းဆုံးသော လက်ဆောင်မွန်ဟု သတ်မှတ်သည်။ ဤကား ပြိဿရာသီဖွားတို့၏ အချစ်ဒဿနပင်ဖြစ်ပေသည်။


မေထုန် အချစ်ဒဿန (GEMINI)

မေထုန်ရာသီဖွားတို့၏နှလုံးသားချစ်ခြင်းမေတ္တာသည် တစ်ပါးသူက မိမိအား မည်မျှ တားဆီးစေ ၊ မိမိ နှလုံးသားကလက်ခံပါက ရဲရဲတင်းတင်း ပြတ်ပြတ်သားသား ချစ်တတ်သော နှလုံးသားရှိသည်။ ကောင်းကင်မိုးမြင့် တိမ်တိုက်ကြားမှ လေဟုန်စီး ပျံသန်းနေသော ငြိမ်းချမ်းရေး ချိုးဖြူငှက်ငယ်၏ တေးသံကြောင့် နိုးထရှင်သန်လာသည့် နှလုံးသားနှင့် အမြဲချစ်တတ်သောသူ ဟု ဖော်ကျူးထားသည်။ပေးဆပ်တတ်သော မြင့်မြတ်သည့်နှလုံးသား ကို ပိုင်ဆိုင်သည်။ မိမိ၏ဘဝကို လည်းကောင်း မိမိ၏ အတွေအမြင်ကိုလည်းကောင်း တစ်ခုခုပေါ်တွင် အထောက်အကူပြုနိုင်သူအား ချစ်ခြင်းမေတ္တာသက်ရောက်မည်။ ပညာရှိပြီး ဥာဏ်ရည်ထက်မြက်သောသူကို နှစ်သက်မည်။ မိမိနှင့် တိုင်ပင်ဖော် တိုင်ပင်ဖက်အဖြစ် ရပ်တည်နိုင်သောသူကို ဘဝအဖော်အဖြစ် ဦးစားပေး၍ ရွေးချယ်တတ်သော သဘောရှိသည်။အမြဲရွေးရခက်အောင် အခွင့်အရေးနှစ်မျိုးကြုံမည်။ ထိုကဲ့သို့ရွေးချယ်ရန်ကြုံလာပါက ဦးဏှောက်ကို ဦးစားမပေးပဲ နှလုံးသားမှ တောင်းဆို လာသည့်အပေါ် ရဲရင့်ပြတ်သားစွာ ဆုံးဖြတ်မည့်သူဖြစ်သည်။ တွေဝေ ဒွိဟဖြစ်တတ်သော သဘာဝရှိသော်ငြားလည်း ဤရာသီဖွားများ၏ နှလုံးသာမှာ အလွန်မာသည်။အလွယ်တကူ မျက်စိမှိတ်၍ လုပ်တတ်သော သဘာဝမရှိ ။မိမိအပေါ် လေးစားခြင်းတန်ဖိုးထားခြင်း နှင့် မိမိက လေးစားရသောသူ အပေါ်ကိုသာ ချစ်တတ်သော သဘာဝရှိသည်။ ဤရာသိဖွားများသည် မိမိထက် အသက်အရွယ် အနေအထား ဆက်ဆံရသော ဝန်းကျင် မတူခြားနားသောသူကို ရွေးချယ်၍ မေတ္တာမျှ အိမ်ထောင်ပြုတတ်သည်။ ပတ်ဝန်းကျင် သားချင်း ဓလေ့များနှင့် ဆန့်ကျင်ပြီး နှလုံးသားကို ဦးစားပေး၍ ချစ်တတ်သောသူဖြစ်သည်။ ချစ်သူအတွက်ဆိုပါက မိမိကိုယ်ရေးကိုယ်တာကို မငဲ့ကွက် ပေးဆပ်ရန် ဝန်မလေးသော သဘာဝရှိသည်။ ပင်ကို စရိုက်တွင် တစ်ပါးသူက အခက်အခဲများ အချစ်ပြဿနာများကို မိမိက ဦးဆောင် ဖြေရှင်းနိုင်သလောက် မိမိကိုယ်တိုင်အတွက်မူ အကြံပေးနိုင်သူ ဖြေရှင်းနိုင်သူ နည်းပါးတတ်သည်။ မကြာခဏ ချစ်သူနှင့်ဝေးကွာ ခွဲခွာနေရသော အနေအထားသို့ ရောက်လေ အချစ်စိတ်များပိုမိုပြင်းထန်လေ၊ သံယောဇဉ် ပိုကြီးလေဖြစ်သည်။ အလွန်စိတ်ကူးယဉ်တတ်သော နှလုံးသားအား ပိုင်ဆိုင်သည်။ တေးဂီတတစ်ပုဒ် ကဗျာတစ်ကြောင်းကပင်လျှင် မိမိချစ်သူကို တမ်တ လွမ်းဆွတ်စေ နိုင်သော နှလုံးသားအားပိုင်ဆိုင်သည်။
ဤရာသီဖွားများ၏ ၇၅%သည် အသက် လူမျိုး မိမိနှင့် မိရိုးဖလာ ကွဲပြားသောသူနှင့် မေတ္တာမျှတတ်သော သဘာဝရှိသည်။ အသက် ၁၆ နှစ် မှ ၂၃ နှစ်ကြား ဤရာသီဖွားများ၏ ချစ်ခြင်းမေတ္တာမှာ အလွန်ရှုပ်ထွေး၍ ကိုယ်လွတ်လပ်မှုကို ပျက်စီးစေတတ်သော အရာဟုသတ်မှတ်မည်။ မိမိကိုယ်မိမိသာအချစ်ဆုံးဟု သတ်မှတ်မည်။ အသက် ၂၄နှစ်မှ အသက်၃၀ နှစ်ကြားအရွယ်တွင် ချစ်ခြင်းမေတ္တာဟူသည်မှာ စိတ်တူ သဘောတူနှင့် ဘဝအားရင်ဆိုင်မည့်အပေါ်ထားရှိရမည့်ခံစားချက်ဟု သတ်မှတ်သည်။ အသက်၃၀ နှစ်အထက်တွင်မူ ချစ်ခြင်းမေတ္တာ တရားသည် ကျယ်ပြန့်စွာ နှင့် လူတိုင်းအပေါ်ထားရှိအပ်သော အရာဟု သတ်မှတ်မည်။ ဤကား မေထုန်ရာသီဖွားတို့၏ ချစ်ခြင်းမေတ္တာအပေါ်အမြင်ပင်ဖြစ်သည်။

ကရကဋ် အချစ်ဒဿန (CANCER)

ကရကဋ် ရာသီဖွားများသည် အလွန်စိတ်ကူးယဉ်ဆန်သော အချစ်ကိုလိုလားသောသူဟု ကမ္ဘာ့နတ်က္ခတ်ပညာရှင်များက သတ်မှတ်သည်။ အလွန်လှပဆန်းကြယ်တင့်တယ်သော ရေကန်၏အလယ်တွင် လရောင်ဖျန်းသောအခါ လန်းဆန်းဖူးပွင့်သည့် ကြာဖြူပွင့်ကဲ့သို့ နှလုံးသားကို ပိုင်ဆိုင်သူအဖြစ် ဤရာသီဖွားများ၏ နှလုံးသားချစ်မေတ္တာအားဖော်ကျူးထားသည်။အချစ်မေတ္တာအား စိတ်ကူးယဉ်စရာတစ်ခုဟု သတ်မှတ်ထားသည်။လက်တွေ့ဘဝနှင့်ကင်းကွာသောအချစ်ကိုလိုလားသည်။ချစ်ခြင်းမေတ္တာသည် ရင်ခုန်ချင်စရာ၊ စိတ်ကူးယဉ်စရာအဖြစ်သတ်မှတ်ပြီး ဒဏ္ဍာရီပုံပြင်သမိုင်းထဲမှ အချစ်သူရဲကောင်းများအား သဘောကျ အားကျတတ်သော နှလုံးသားကိုပိုင်ဆိုင်ထားသည်။ အလွန်ချစ်တတ်သလို အလွန်အငြိုးအတေး ကြီးတတ်သည်။ ဤရာသီဖွားများအဖို့ ချစ်ခြင်းနှင့်မုန်းခြင်းအကြားနယ်နိမိတ်သည် မျဉ်းကြောင်းငယ်လေးမျှသာဖြစ်သည်။ တစ်ပါးသူအပေါ် သံယောဇဉ်ထားမိ၊ ချစ်မိ ၊တွယ်တာမိလျှင် အရာရာပေးဆပ်တတ်သလောက် မုန်းပြီဆိုက လုံးဝလှည့်မကြည့်တတ်။ မိမိ၏နှလုံးသားသည် အငြိုးကြီးသည်၊အမှတ်သည်းခြေကြီးသည်။မိမိကို ဒုက္ခပေးထား၊နှိမ့်ချဆက်ဆံထားသော သူများအပေါ် အခါသင့်လျှင် ပြန်လည်လက်တုန့်ပြန် လက်စားချေတတ်သည်။စိတ်ကြီးသည် ။ဆတ်ဆတ်ထိမခံတတ်။ တစ်စုံတစ်ရာ မိမိနှလုံးသားကိုနာကျင်ထိခိုက်အောင် တဖက်သူမှပြုလျှင် ချက်ချင်းမုန်းတီးအရွဲ့တိုက်တတ်သော အချစ် နှလုံးသားဒဿန ရှိသည်။ ချစ်ခြင်းမေတ္တာအပေါ် အထိမခံ၊ အလွန်တန်ဖိုးထားတတ်သော သူဖြစ်သည်။ သို့သော် မေတ္တာရေးတွင် မချောမွေ့၊ကံခေတတ်သော သဘာဝကို ပိုင်ဆိုင်သည်။ အချစ်ဦးနှင့် ဆုံစည်းခြင်းမရှိ။ကွေကွင်းခြင်း
အပေါ်လည်း ဝမ်းနည်းကိန်းမရှိ။ ထူးခြားချက်မှာ အချစ်ဆုံးသူနှင့် အိမ်ထောင်ကျမည်။ မိမိ၏ အချစ်နှင့်နှလုံးသားခံယူချက်သည် ဆက်ဆံသော အသိုင်းအဝိုင်းအလိုက် စိတ်ပြောင်းလဲတတ်သော သဘာဝရှိသည်။ ပတ်ဝန်းကျင်၏ ပြောဆိုမှုကို ဦးစားပေးခြင်းသည် နှလုံးသားထက် ဦးဏှောက်၏ ဆုံးဖြတ်ချက်ကို အလေးထားသလိုဖြစ်မည်။ ဘဝတွင် အသိုင်းအဝိုင်းက နှစ်သက်သူတစ်ဦး၊ နှလုံးသားကလက်ခံသူတစ်ဦးအကြား ရွေးချယ်ရန် အခက်ကြုံလိမ့်မည်။ထိုအခါတွင် ရုပ်ဝတ္ထုပိုင်းထက် မိမိက မေတ္တာထားသလို ထားနိုင်သောသူကိုသာ ဦးစားပေး၍ ရွေးချယ်သင့်သည်။ ဆုံးဖြတ်ချက်ချသောအခါတစ်ပါးသူက နားယောင်မှုထက် ကိုယ်ပိုင်နှလုံသား ခံယူချက်အပေါ် အခြေပြုပါ။ အသက် ၁၆ နှစ်မှ ၂၀ ၂၅ နှစ်များတွင် တစ်ပါးသူပေးသော ကတိအပေါ် ယုံစားတတ်၍ စိတ်အနှောက်အယှက်များကြုံကာ မေတ္တာရေးတွင် အညံ့ရှိသည်။ အသက် ၂၅ နှစ်မှ ၂၉ နှစ်ကြားတွင် မိမိအား သံယောဇဉ်ကြီးသူအား ပယ်ခွာ၍ နောက်မှပေါက်သည့် ရွှေကြာကို အလွန်ဦးစားပေးမည်။ မိမိက မေတ္တာတရားနှင့် ချစ်ခြင်းကို လေးနက်စွာထား၍ ဘဝအဖော် ရွေးချယ်လင့်ကစား မိမိအား အများက ဂုဏ်နောက် ငွေနောက် လိုက်သည်ဟု သတ်မှတ်မည်။ ဤရာသီဖွားများသည် ချစ်ခြင်းမေတ္တာကို မုန်းခြင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည်ဟု ဘဝတစ်လျှောက် တွေးခေါ်ထားသော သဘာဝအားပိုင်ဆိုင်သည်။ ဤကား ကရကဋ် ရာသီဖွားတို့၏ အချစ်ဒဿနပင်ဖြစ်ပေသည်။


သိဟ်အချစ်ဒဿန (LEO)

သိဟ်ရာသီဖွားများကို ဂုဏ်သိက္ခာရှိသော စိတ်ဓာတ် အကျင်သီလနှင့် ကြီးမြတ်သော သဘောထား။မြင့်မြတ်သော နှလုံးသားများကို ပိုင်ဆိုင်စေလျက် လူ့ဘုံလောကသို့ ဖန်ဆင်းရှင်မှ မွေးဖွားစေလွှတ်လိုက်သည်ဟု ကမ္ဘာ့နက္ခတ်ပညာရှင်များက သတ်မှတ်ထားသည်။ တိုက်ပွဲများ မိးလျှံများ ကြားမှ အလွန်ရဲရင့်သော ကေသရာဇာ ခြင်္သေ့မင်း၏ နှလုံးသားနှင့် ဤရာသီဖွားများ၏ နှလုံးသားကိုထပ်တူပြု၍ ဖော်ကျူးထားသည်။ အလွန်တည်ငြိမ်မြင့်မြတ်သော နှလုံးသားပိုင်ရှင်များ ဖြစ်သည်။ အချစ်မေတ္တာအပေါ် လေးနက်စွာ ခံယူကျင့်သုံးသည်။ တစ်ပါးသူတို့ အဆင်ပြေအောင်မြင်ရေးအတွက် မိမိ၏အချစ် မိမိ၏ဘဝကို ပေးဆပ်ရန်ဝန်မလေး။ပေးဆပ်ခွင့်လွှတ်တတ်သော သဘောထားကြီးသော နှလုံးသားကို ပိုင်ဆိုင်လင့်ကစား ခေါင်းမာခြင်း မာနရှိခြင်းများကြောင့် ဘဝအဖော်ကောင်းများ ဆုံးရှုံးတတ်သည်။မိမိ၏ နှလုံးသားမှ အချစ်နှင့် ဦးဏှောက်မှစေစားလာသော မာနတရားတို့ အမြဲ လွန်ဆွဲနေသော အနေအထားကို ဘဝတစ်လျှောက် ကြုံတွေ့မည်။ မာနကို လျှော့လိုက်ပါ။ ဤရာသီဖွားအမျိုးသမီးများသည် နှလုံးသားကို ဦးစားပေး၍ အမျိုးသားများသည် ဦးဏှောက်ကို ဦးစားပေးမည့် သဘောရှိသည်။
ဘဝအဖော် ချစ်သူရွေးသောအခါတွင် နှလုံးသားသာမက ဦးဏှောက်၏ ဆုံးဖြတ်ချက်ကိုပါ ထည့်သွင်းတတ်သည်။ အချစ်မေတ္တာဟူသော အရာသည် နှလုံးသားနှင့် ဦးဏှောက် ပေါင်းစပ် ဆုံးဖြတ်ရသော အခြင်းအရာဖြစ်သည်ဟူသော ဒဿနအားပိုင်ဆိုင်သည်။ အလွန်သံယောဇဉ်ကြီးတတ်သည်။ ငယ်ချစ်ကို ဦးစားပေးတတ်သည်။ သတိပေးလိုသည်မှာ မိမိသည် အလွန်မျက်နှာပွင့် စန်းပွင့်သော သူဖြစ်မည်။တစ်ဦးထက်ပိုသော ချစ်သူရည်းစားများ ထားရလိမ့်မည်။ချစ်သူများခြင်း သည် လည်းကောင်း၊ အချစ်များခြင်းသည်လည်းကောင်း ဘဝ၏ အနှောက်အယှက် ဖြစ်ပေလိမ့်မည်။ မိမိအပေါ် နားလည်း ခွင့်လွှတ်ခြင်း၊ပံ့ပိုးကူညီခြင်း၊အဖော်အဖြစ်ရပ်တည်ခြင်း၊ ပြုမည့်သူကို ဘဝကြင်ဖော်အဖြစ် ရွေးချယ်လိမ့်မည်။ကံခေသည်မှာ ဤရာသီဖွားများသည် အချစ်ဆုံးသူနှင့် ကွေကွင်းရတတ်သည်။ မာနကြောင့် အချစ်စစ်ချစ်သူနှင့် ပဋိပက္ခဖြစ်နေဆဲ၊ အားနာ သနားခွင့်လွှတ်တတ်သော မိမိသဘာဝကို အခြားသောသူက အခွင့်အရေးယူ၍ အညှာကိုင်ကာ လက်ထပ်ရန် တိုက်တွန်းခံရတတ်တသည်။ အချစ်ဆုံးသူ တစ်ယောက် ၊ လက်ထပ်ဆုံစည်းသူကတစ်ယောက် ဖြစ်တတ်သည်။ အသက် ၁၆နှစ်မှ ၂၂ နှစ်ကြားမေတ္တာ ကံခေတတ်သည်။ အသက်၂၂နှစ်ကျော်မှ မိမိနှလုံးသားသည် ရင့်ကျက်လာမည်။ အသက်၂၄ နှစ်အထက်တွင်မူ လေးနက်သော အားမာန်ဖြင့် သူတစ်ပါးကို ချစ်ခြင်းမေတ္တာထားရှိ လိမ့်မည်။မိမိ သံယောဇဉ်ကြီးသောသူ၏စကားနှင့် ပြောသမျှအလုံးစုံအား မျက်စိမှိတ် ယုံတတ်သော သဘာဝရှိသည်။ချစ်ခြင်းမေတ္တာတရားသည်မိမိဘဝတစ်ခုလုံးကိုတစ်စုံတရာတိုးတက်စေရန် ဖန်တီးနိုင်သည့် စွမ်းအား တစ်ရပ်ဖြစ်သည် ဟူသော သဘောထားအား ရင်မှာ ထာဝရ ပိုက်ထွေးထားသောများဖြစ်သည်။ ဤကား သိဟ်ရာသီဖွားများ၏ အချစ်ဒဿနပေတည်း။


ကန် အချစ်ဒဿန (VIRGO)


ကန်ရာသီဖွားများသည် အလွန်ထိခိုက်ခံစားလွယ်သည့် သဲသဲလှုပ် နှလုံးသား အချစ်ကို ပိုင်ဆိုင်ထားသူများဟု ကမ္ဘာ့နက္ခတ်ပညာရှင်များက သတ်မှတ်ထားသည်။ အလွန်သန့်စင်လှပသော ကညာစင်တစ်ဦးက သူမ ဦးခေါင်းထက် ပန်ဆင်ရန် ရွေးချယ်ထားသည့် ဖြူလွလွပန်းပွင့်နှင့်တူသော နှလုံးသားနှင့် အချစ်ကို ပိုင်ဆိုင်သူများဟု ဖော်ကျူးထားသည်။ခွဲခြမ်းစိတ်ဖြာလေ့လာပြီးမှ စနစ်တကျ ချစ်တတ်သည်။စိတ်ထိခိုက်ခံစားလွယ်သည်။ နူးညံ့သိမ်မွေ့လွန်းသော နှလုံးသားကို ပိုင်ဆိုင်သည်။မာမာပြောဆိုဆက်ဆံလျှင် မိမိအတွက် အကျိုးရှိသော စကားပင်ဖြစ်လင့်ကစားလက်မခံ။ အချော့ကြိုက် ၊ အပျော့ကြိုက် မိမိအား ဦးစားပေးဆက်ဆံမှုကို လိုလားသော အချစ်ပိုင်ရှင်ဖြစ်သည်။
တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ မိမိအား ဝေဖန်လာပါက တစ်ပါးသူထက်ပို၍ ခံစားတုံ့ပြန်တတ်သည်။ ဝေဖန်လာသူကို မုန်းတီးပစ်မည်။ မိမိအားနည်းချက်ကို မိမိသိ၍ ပြင်မည်။ တစ်ပါးသူက ထောက်ပြလာ၍ ပြင်ရသည် ဟူသော အနေအထားကို လုံးဝလက်မခံတတ်ပေ။ ဘဝရည်မှန်းချက် ကြီးမားစွာရှိသည်။ ရည်မှန်းချက် အောင်မြင်ရန်အတွက် မိမိနှလုံးသားကို မိမိကိုယ်တိုင် ခုတုံးလုပ် ချနင်းပစ်ရန် ဝန်မလေး။ မိမိဘဝ တိုးတက်မှုကို ပံ့ပိုပေးသူများအပေါ် အချစ်မေတ္တာထားမည်။ ချစ်သူပင်ဖြစ်လင့်ကစား ဘဝရည်မှန်းချက်တိုးတက်မှုကို ဆန့်ကျင်တားဆီးလာပါက မုန်းတီးဆန့်ကျင် တိုက်ခိုက်ဖယ်ရှားပစ်ရန် ဝန်မလေးသောသူဖြစ်သည်။ လူချစ်လူခင်ပေါပြီး သူတစ်ပါး၏ အမူအရာစကားတို့အပေါ် အကျကောက်တတ်သောကြောင့် ပဋိပက္ခများတွေ့ရတတ်သည်။စိတ်ကြည်သာနေချိန် ပြုံးရွှင်၍ တစ်ပါးသူကို သဘောထားကြီးခွင့်လွှတ်တတ်သလောက် အငြိုးထားမိသောကာလတွင် သဲကြီးမဲကြီး အပြစ်ရှာ၍ တိုက်ခိုက်တတ်သည်။ ဆတ်ဆတ်ထိမခံ စကားကုန်သုံး တိုက်ခိုက်ရမှ ကျေနပ်သည်။အမျိုးသမီးများ အချစ်ရေးတွင် ရုတ်တရက် ဆုံးဖြတ်လိမ့်မည်။ နီးစပ်မှုကြောင့် အချစ်ပေါ်ပေါက်မည်။ နောက်ဆုံးအထိ အရွေးရခက်အောင် ဒွဟဖြစ်မည်။ ပတ်ဝန်းကျင်မှ အနှောက်အယှက်ပြုခြင်းကို မိမိနှင့် ချစ်သူကြားကြုံမည်။ ဘဝကို အနစ်နာခံ စွန့်လွှတ်၍ ချစ်တတ်သည်။ အသိုင်းအဝိုင်း ဘဝမတူ​သောသူနှင့် ချစ်မည်။ ယုံစားလွယ်၍ မေတ္တာလှည့်စားခံရမည်။ အမျိုးသားများသည် ဘဝတိုးတက်ရန်အတွက် တစ်စုံတစ်ယောက်ကို ခုတုံးလုပ်ရန် ဝန်မလေး။တစ်ပါးသူအသည်းခွဲရန် ဝန်မလေး။ကိုယ်တိုင်အသည်းကွဲရမည်ကိုလည်းဂရုမစိုက်တတ်။ ချစ်ခြင်းမေတ္တာဟူသည်ကား မိမိက ထားရှိရန်မလို။ မိမိကို ချစ်လာသောသူအား အခြေအနေကိုလိုက်၍ လိုအပ်သလို တုံ့ပြန်ရန်သာဖြစ်သည် ဟူသော နှလုံးသား ဒဿနနှင့် စိတ်ဓာတ်ရှိသည်။ ထို့ကြောင့် ဤရာသီဖွားများသည် အချစ်ရေးတွင် မတည်ငြိမ်သောလည်း အိမ်ထောင်ရေးတွင် ဦးဏှောက်၏ဆုံးဖြတ်မှုကြောင့် ရုပ်ဝတ္ထုပစ္စည်းကြွယ်ဝပြီး ငွေပုံပေါ် ထိုင်ရမည်။ ဘဝတွင် အသက်လတ်ပိုင်းရောက်မှ နှလုံးသားသည် နိုးကြားလာကာ အချစ်စစ်ကို တောင့်တလာမည်။ ရွှေပုံ ငွေပုံ ဓနဂုဏ်ဖြင့် စံနေရာမှ အထီးကျန်စွာနှင့် မချစ်တတ်သော နှလုံးအပေါ် အပြစ်ဖို့ နောင်တ ရင်မှာ ပိုက်နေရသာဘဝကို ပိုင်ဆိုင်မည်။ ဤကား ကန်ရာသီဖွားတို့၏ အချစ်ဒဿနပင်ဖြစ်သည်။


တူရာသီ အချစ်ဒဿန (LIBRA)

တူရာသီဖွားများသည် အသည်းမာ၍ တစ်ပါးသူအပေါ် ချစ်ရန်အလွန်ခက်ခဲသော အေးတိအေးစက် နှလုံးသားအချစ်ကို ပိုင်ဆိုင်ထားသည်ဟု
ကမ္ဘာ့နက္ခတ်ပညာရှင်ကြီးများက ဆိုရိုးရှိသည်။ ပေးဆပ်ခြင်းနှင့် ရယူခြင်းတို့ကို ချိန်ခွင်တစ်ဖက်တစ်ချက်တွင်တင်၍ အရာရာကို တွက်ချက်နေသော နှလုံးသားအချစ်ရှင်ဟူ၍လည်း ဖော်ကျူးထားပြန်သည်။ဤရာသီဖွားများသည် မျှတသော သဘာဝ နှစ်လိုသော အနေအထားရှိလင့်ကစား နှလုံးသားမာလွန်း၍ မိမိကိုယ်သာ မိမိ အချစ်ဆုံးဖြစ်မည်။သီးသန့်နေလိုစိတ်ပြင်းထန်မည်။ချစ်ခဲပြီး အချစ်မြဲသည်။ ထူးခြားချက်မှာ ဥာဏ်မြင့်သော ပညာအတတ်ထူးချွန်သောသူတို့ကို ဦးစားပေး၍ ချစ်တတ်သည်။ အလွန်သိမ်မွေ့ အေးချမ်းမည်။ မေတ္တာတရားတွင် အလွန်မျှတစွာ တွေးခေါ်တတ်သည်။ ချင့်ချိန်တတ်သည်။ နှလုံးသားသည် ကောင်းပြီဆိုက သူတစ်ပါးထက်ပိုကောင်းတတ်သလို ဆိုးပြီဆိုကလည်း အလွန်ပရိယာယ်မာယာများစွာ သူတစ်ပါးထက် သာလွန်ဆိုး​ပြတတ်သည်။ တစ်ပါးသူကို ဦးစားပေးတတ်သော်လည်း မိမိကအနစ်နာခံရမည်ဆိုပါက ဘာကိုမျှမလုပ်။သားချင်းအတွင်း ကျန်းမာ​ရေးမကောင်းသူ ဆိုးသွမ်းသူများကြောင့် မိမိအချစ်ရေး နှလုံးသားရေးတွင် အနှောက်အယှက် အနည်းငယ်ရှိသည်။ ပင်ကို နှလုံးသားသည် နီးစပ်မှုအား အခြေတည်၍ အချစ် သံယောဇဉ်ဖြစ်တတ်သည်။ အချစ်အပေါ် အမြင်သည် မိမိနှင့် အပေးအယူ ညီမျှ၍ မိမိအား အထောက်အကူပြုနိုင်သောသူအပေါ် ချစ်သင့်သည်။သဘောထားမတိုက်ဆိုင်သောသူများကို ဥပက္ခာ​ပြုတတ်သည်။ ချစ်ခြင်းမေတ္တာနှင့်ဥပက္ခ္ခာနှစ်မျိုးရှိ၍ အမှန်တရားလုံးဝမရှိသော နှလုံးသားကို ပိုင်ဆိုင်သည်။ ပင်ကိုအားဖြင့် မိမိကိုယ်မိမိသာ အချစ်ဆုံးဖြစ်၍ မိမိ ဘဝနှင့်ထပ်တူနီးပါးတူညီပြီး အကျိုးပြုသော သူကို ဦးစားပေးချစ်တတ်သည်။ ကာလအတန်ကြာ ပိုးပန်းနေသူကိုကျော်၍ နောက်လူကို ချစ်တတ်သော သဘာဝရှိသည်။ ချစ်သင့်သည်က တစ်ယောက်၊ ချစ်မိသူက တစ်ဦး ဖြစ်တတ်သည်။ ဤရာသီဖွား အမျိုးသမီးများသည် အလွန်သံယောဇဉ်ကြီးတတ်သည်။ မိမိအား သဘောကျသောသူ အလွန်ပေါသဖြင့် ရွေးချယ်ရာ​၌ တွေဝေဒွိဟ ဖြစ်ရတတ်သည်။ အဆုံးတွင် နှလုံးသားကို ဦးစားပေးလိမ့်မည်။ မြောက်မြားစွာသော ရွေးစရာထဲမှ စိတ်ကြိုက်​ရွေးမည်။ နီးစပ်မှုအရှိဆုံးသူကို ရွေးမည်။ အစပိုင်းတွင် တစ်ပါးသူတို့က မိမိလူရွေးမှားပြီဟု ဝေဖန်ကြလိမ့်မည်။ ရွေးလိုက်သောသူသည် မိမိလက်ထဲရောက်လာမှ ထက်မြက်လာမည်။ ထိုအခါ အများဝန်းကျင်က် အရွေးကောင်းလေစွဟု ပြောကြ​လိမ့်ဦးမည်။ ဤရာသီဖွား အမျိုးသားများသည် ပညာအတတ်ရှိသူကို သံယောဇဉ် တွယ်တာမည်။ချစ်ခြင်းမေတ္တာသည် အထင်ကြီးမှု လေးစားမှု​အပေါ် အခြေခံ ပေါ်ပေါက်မည်။ ဘဝလမ်းကြောင်းတွင် ၅၂၈ နှင့် ၁၅၀၀ မေတ္တာနှစ်ခုအကြားလွန်ဆွဲနေရမည်။ အဆုံးသတ်တွင် မိမိ အကြိုက် မိဘဝန်းကျင်နှစ်သက်မှု နှစ်ခုလုံးရှိသူကို နှလုံးသားမှ ဆုံးဖြတ်၍ ဘဝအဖော်အဖြစ် ရွေးမည်။
မည်သို့ဆိုစေ ဤရာသီဖွားများအားလုံး၏ အချစ်၊မေတ္တာအပေါ် ထားရှိသောဒဿနသည်"ပေးဆပ်ခြင်း၊ရယူခြင်း၊တုံ့ပြန်ခြင်း၊​ ခွင့်လွှတ်ခြင်းတို့ပေါင်းစည်းထားသည့် အလွန်တန်ဖိုးရှိသော အရာသည် အချစ်ဖြစ်သည် "ဟူ၍ဖြစ်သည်။


ဗြိစ္ဆာအချစ်ဒဿန (SCORPIO)

ဤရာသီဖွားများသည် အလွန်ချစ်တတ်သော၊ အလွန်မုန်းတတ်သော အချစ်ကိုပိုင်ဆိုင်ထားပြီး တစ်ပါးသူမဆိုထားနှင့်မိမိကိုယ်မိမိ ပင်နားမလည်​နိုင်သော ထူးခြားသည့် နှလုံးသားပိုင်ရှင်ဖြစ်သည်ဟု ကမ္ဘာ့​နက္ခတ်ပညာရှင်ကြီးများက တညီတညွတ်တည်း အဆိုပြုသည်။ ကန္တာရအလယ် ပတ်ကြားအက်နေသည့် ကျောက်မြေကြားရှိ အလွန်အဆိပ်ပြင်းသော ကင်းမြီးကောက်တစ်ကောင်၏ ရင်ထဲမှ မွတ်သိပ်နေသော၊ နူးညံ့လွန်းသော၊ အချစ်ကြီးသော ၊အမျက်ကြီးသော နှလုံးသားမျိုးကိုပိုင်ဆိုင်သူဟု ဖော်ကျူးပြန်သည်။ အကောင်းဆုံးနှင့်အဆိုးဆုံးကိုသာ လုပ်လိုသော သဘာဝရှိသည်။ကောင်း၊ဆိုး၊မှန်၊မှား လုပ်သင့် မလုပ်သင့်စသည့် အစဉ်အလာအရ သတ်မှတ်ထားချက်များကို လုံးဝလက်မခံခြင်းမရှိ။ မိမိရင်ထဲမှ ကောင်းသည်၊ မှန်သည်ဟုထင်လျှင် ခေါင်းအေးအေးနှင့် တဇွတ်ထိုး လုပ်တတ်သည်။ မိမိခံစားချက် ခံယူချက်ကို ဦးစားပေးမည်။ ကိုယ်ပိုင်အဘိဓမ္မာနှင့် မဖြစ်မနေ လုပ်တတ်သည်။ မိမိစိတ်ထဲ၌ရှိသော အရာများကို တစ်ပါးသူအား ဖွင့်ပြောတိုင်ပင်ခြင်းမရှိ လျှို့ဝှက်စွာ သိုသိပ်၍ မဖြစ်မနေ လုပ်တတ်သော သဘောရှိသည်။ တစ်စုံတစ်ယောက်သောသူကို ချစ်မိပြီဟု ဆုံဖြတ်ချက်ချရန်အတွက် အလွန်အချိန်ယူတတ်သောလည်း ဆုံးဖြတ်ပြီးပါက လုံးဝ ပြန်မပြင်တတ်ပေ။ဝေဖန်မှုကို လုံးဝဂရုမစိုက် ဥပေက္ခာပြုတတ်သည်။ဥပေက္ခာနှလုံးသား ပိုင်ရှင်ဟုလည်း သတ်မှတ်နိုင်သည်။ မိမိချစ်သူက အမှာအယွင်းတစ်စုံတစ်ရာ ပြုလုပ်ပါကလည်း ဒေါသအမျက်ပြင်းစွာဖြင့် လုံးဝခွင့်မလွှတ်။နှလုံးသားထဲမှ အပြီးအပိုင် ထုတ်ပစ်ပြီးဥပေက္ခာပြုလိုက်မည်။ ပင်ကိုသဘာဝတွင် အလွန်ထူးခြားသည်။ ပြန်မပြော၊ နားမထောင်၊ တစ်ပါးသူတားဆီးသည့် ကိစ္စကိုမှ လုပ်လိုသည်။ အားနည်းသောသူဘက်မှ ရပ်တည်မည်။ အလွန်ကြောက်မက်ဖွယ်ကောင်းသည်မှာ မေတ္တာစိတ်ပြောင်းလဲလွယ်သည်။ ခံစားချက်ကို မျိုသိပ်တတ်သည်။ မိမိ ဘက်မှ တတ်အားသရွေ့ပေးဆပ်သည်။ သည်းခံသည်။ ခံနိုင်စွမ်းကုန်သောအခါ အရွဲ့တိုက်မည်။ အလွန်ချစ်ခဲ့သူကိုပင် စွန့်ပစ်မည်။ ခွဲခွါသောအခါတွင်လည်း သံယောဇဉ် လုံးဝမရှိသလောက်အောင်ပင် ဖြစ်မည်။ နောက်တစ်ယောက်တွေ့ပြီဆိုကလည်း အလွန်လေးနက်သော မေတ္တာနှင့်ချစ်မည်။
အချစ်ဦးနှင့် ဆုံစည်းကိန်းမရှိ ။ သို့သော် အချစ်ဆုံးသူနှင့် ပေါင်းရမည်။ ချစ်သူခင်သူပေါများမည်။ သူတစ်ဦးတစ်ယောက်အား မေတ္တာရှိ ချစ်မိပြီဆိုကလည်း အခြားသော သူများကဲ့သို့ မိတ်ဆွေ အပေါင်းအသင်များကို ဖွင့်ပြောလေ့မရှိ။ တစ်ဦးတည်း လျှို့ဝှက်စွာ ကြိတ်ကြံတတ်သည်။ မိမိ အချစ်ကို နှုတ်မှ မပြောခင် ချစ်သူရှိရာသို့ အချိန်ရှိသရွေ့တရစ်ဝဲဝဲလုပ်နေတတ်သည်။ ချစ်သူဘဝရောက်ပြန်လျှင်လည်း နှစ်ဦးတွေ့ကြသောအခါ ဖွယ်ဖွယ်ရာရာ၊ကြင်ကြင်နာနာပြောဆိုခြင်းမရှိ။ ခေါင်းကြီးငုံ့ ဘေးချင်းယှဉ်ထိုင်ကာ စကားမပြောဘဲ ဂွတိဂွကျ မပွင့်မလင်းနေတတ်သော သဘာဝအားပိုင်ဆိုင်သည်။ မိမိကို တကယ်ချစ်ရဲ့လားဟုပင် ချစ်သူက ထင်လောက်သည်။ စကားပြောပြီဆိုပါကလည်း ချစ်သူက စိတ်ဝင်စားသည် မဝင်စားသည်ကို ဂရုမစိုက်၊။အခ်ျစနှင့် မပတ်သက်သည့် အရာများကို ကရားရေလွှတ်ပြောတတ်သည်။ မည်သို့ဆိုစေကာမူ ဗြိစ္ဆာရာသီဖွားများ၏ ချစ်ခြင်းမေတ္တာအပေါ်အမြင်တွင် မတူသော ဆန့်ကျင်ဘက် နှစ်ဦးကို ပေါင်းကူးဆက်ဆံပေးနိုင်သော တစ်သားတည်းဖြစ်အောင် လုပ်ပေးနိုင်သောအရာသည် အချစ်ဖြစ်သည်ဟု သတ်မှတ်လိမ့်မည်။

ဓနု အချစ်ဒဿန (SAGITTARIUS)

ဓနုရာသီဖွားတို့၏ နှလုံးသည် သနားလွယ်၊ ယုံလွယ်၊စိတ်ညွတ်လွယ်တတ်သည်ဟု ကမ္ဘာ့နက္ခတ်ပညာရှင်များက တညီတညွတ်တည်း သတ်မှတ်ထားကြသည်။ မီးတောက်မီးလျှံများ။ တိုက်ပွဲများကြားတွင် အောင်ပွဲခံသော လေးညှို့ကိုင်ဆွဲသည့် လေးသည်တော်၏ ရှုံးနိမ့်သော ရန်သူအပေါ် ခွင့်လွှတ်ညှာတာ ချမ်းသာပေးသည့် စိတ်ဓာတ်နှလုံးသားနှင့် ထပ်တူသည့် အချစ်မေတ္တာရှိ​သူဟု ဖော်ကျူးထားသည်။ ဘဝတွင် အရာရာအောင်ပွဲခံနိုင်သလောက် အချစ်စစ်မျက်နှာတွင်မူ အမြဲအလံဖြူ ဝှေ့ရမ်း အရှုံးပေးရမည်။ ချစ်သူများတတ်သည်။ ဤရာသီဖွား အမျိုးသားများသည် သုံးကြိမ်အနည်းဆုံး အသည်းကွဲပြီးမှ အချစ်ရေး အဆင်ပြေသွားမည်။အရာရာတွင် ရဲရင့်ခြင်းရှိသလောက် အချစ်နှင့်ပတ်သက်လျှင် အမြဲခွင့်လွှတ် အရှုံးပေး အနစ်နာခံရတတ်သည်။ မူလချစ်သူအပြင် နောက်ထပ်ချစ်သူအသစ်ပေါ်၍ ဒွိဟဖြစ်ကာသူ့ထက်သူ ပိုသာ သယောင် ထင်ပြီး မိမိ၏ ပြောင်းလဲမှုများတတ်သော အာားနည်းမှုကြောင့် စိတ်အနှောက်အယှက် များကြုံတတ်သည်။ ဤရာသီဖွား အမျိုးသမီးများသည် သူတစ်ပါးအပေါ် အနိုင်ရမှ ကျေနပ်မည်။ ထို့ကြောင့် အချစ်စိတ်ဓာတ် နှင့် ခံယူမှုမှာ မိမိဆိုးနွဲ့သမျှကို ခွင့်လွှတ်နားလည်နိုင်သောသူ အနိုင်ယူနိုင်သောသူကိုသာ ချစ်မေတ္တာ ထားတတ်သည်။ မျက်နှာပွင့်လန်းပြီး လူချစ်လူခင်ပေါများသည်။ ချစ်သူရည်းစားများမည်။ နှလုံးသားကို ဦးစားပေး၍ ဆုံးဖြတ်မည်။ ဆုံးဖြတ်ချက်ချမှတ်ပြီးမှ မိမိဆုံးဖြတ်သည့်အပေါ် မှားယွင်းသလိုခံစားရမည်။ နောက်ဆုံးတွင် အရင်ဆုံးချစ်သူထံ စိတ်ပြန်လည်သွားမည့် သဘာဝရှိသည်။
ထူးခြားချက်မှာ ဤရာသီဖွားများအားလုံးသည် အလွန်ခွင့်လွှတ်တတ်သည်။ မိမိကို တစ်စုံတစ်ရာ စိတ်ဒုက္ခပေးသွားသောသူများအား ခွင့်လွှတ်ချစ်ခင်ရန် ဝန်မလေးတတ်ပေ။ ပတ်ဝန်းကျင်ကို လုံးဝဂရုမစိုက်။ အချစ်ကြောင့် ဇွတ်မိုက်ရမည်ကိုလည်း မနှောင့်နှေး။တစ်စုံတစ်ယောက်ကို မေတ္တာထားရမည်ဆိုက လေးညှို့မှ ပစ်သည့်မြားအလား တစ်ဟုတ်ထိုး စူးစူးစိုက်စိုက်ချစ်တတ်သည်။ တစ်စုံတစ်ယောက်သောသူကို အသည်းနှလုံးပုံပေး၍ ချစ်ခဲ့ပြီး နောက်တစ်ဦးတစ်ယောက်အား အလားတူ ထပ်တူထပ်မျှ တစ်ပြိုင်တည်းချစ်နိုင်စွမ်း ချစ်တတ်စွမ်းရှိသော နှလုံးသားကို ပိုင်ဆိုင်သည်။ လုပ်ပြီးသော ဆုံးဖြတ်ပြီးသော အရာတစ်ခုအား ချီတုံ ချတုံ တစ်ဖန်ပြန်ဖြစ်တတ်သော သဘာဝရှိသည်။ နှလုံးသားကို ဦးစားပေးလွန်းသူဖြစ်သည်။ မည်သို့ဆိုစေ ဤရာသီဖွားများ၏ မေတ္တာအပေါ် အမြင်သည် နှလုံးသား သွေးကလပ်စည်းတို့မှ ဦးနှောက်၏ အလွန်နက်ရှိုင်းသော ကလပ်စည်းများဆီသို့ ပို့ဆောင်ကာ ဦးနှောက်၏ဆုံးဖြတ်ချက်ကို နှလုံးသားမှ ပြန်လည်လက်ခံ၍ သေချာစွာဆုံးဖြတ်တတ်သည့်သဘောသဘာဝရှိသည်။ မေတ္တာတရားအား ရုတ်ခြည်းဆုံးဖြတ်မည်။ အချိန်ယူ၍ စဉ်းစားသော်လည်း ဆုံးဖြတ်ချက်ချရာ၌ မြန်ဆန်မည်။ ချစ်သူများမည်။အိမ်ထောင် တစ်ဆက်တည်းမြဲရန်အတွက် အထူးအားစိုက် ဂရုထားရမည်။ အောင်မြင်သော အိမ်ထောင်ရေးကို ရရှိမည်။ လေးနက်သော နှလုံးနှင့် ချစ်မည်။ ခွင့်လွှတ်တတ်သည်။


မကာရ အချစ်ဒဿန (CAPRICORN)

မကာရရာသီဖွားတို့ကို တစ်ပါးသူကောင်းစားရေးအတွက် မိမိနှလုံးသား ဘဝတစ်ခုလုံးအား အနစ်နာခံပေးဆပ်ရန်ဝန်မလေးသော အချစ်ပိုင်ရှင်များဟု ကမ္ဘာတစ်ဝှမ်းလုံးရှိ နက္ခတတ်ပညာရှင်များက တစ်ညီတညွတ်တည်း သတ်မှတ်ထားသည်။ ယစ်ပလ္လင်အထက်တွင် တဆတ်ဆတ် တုန်ခါလျက် ချစ်သူအမည်ကို တမ်းတနေသည့် သွေးဖုံးလွှမ်းနေသော နှလုံးသားနှင့် နိမိတ်ဖော်ကျူးထားသည်။ မေတ္တာရေးတွင် အပေးသမားဖြစ်သည်။ ကိုယ်ချစ်ကို ဦးစားပေးသည်။ နှလုံးသားကို အခြေပြု၍ ဆုံးဖြတ်ချက်ချတတ်သည်။အလွန်သီးသန့် နေလိုသည်။ မိမိ သီးသန့်ကမ္ဘာလေးအတွင်း၌ ထာဝရအဖော်မွန်တစ်ဦးကို တောင့်တနေသော သဘာဝရှိသည်။ မိမိကိုယ်မိမိ အထီးကျန်ဆန်ကာ အားငယ်နေတတ်သည်။ အထင်လွဲမှားမှုများအပေါ်၌လည်း အမြဲဖြေရှင်းနေရတတ်သည်။ သူတစ်ပါးက စိတ်မဝင်စား ပစ်ပယ်ထားသော အထီးကျန်သမားကို ပို၍ မေတ္တာထားတတ်၊ စာနာ ချစ်တတ်သည်။တစ်ပါးသူကဆိုးသည်။ မကောင်းဟု ဆိုသော သူများအပေါ် ရွေးချယ်မေတ္တာမျှတတ်သည်။ ချစ်သူကို အလုံးစုံ တိုးတက်စေရန် မိမိဘဝအား ငြမ်းသဖွယ် ၊လှေကားသဖွယ်ခင်း၍ မြှင့်တင်ပေးမည်။ ချစ်သူကို အလိုလိုက်လွန်၍လည်းကောင်း၊ အသာစီးပေးလွန်း၍လည်းကောင်း တစ်စုံတစ်ရာ မြင့်မားလာသောအခါ သူကပင် မိမိအား ပစ်ခွာသွား၍ နောက်တစ်ယောက်ရှာတတ်သည်။ ဘဝတစ်လျှောက်တွင် မိမိကသာလျှင် ပေးဆပ်ရသော သဘာဝရှိသည်။
နှလုံးသားမှ လေးလေးနက်နက်ရှိသော်လည်း နှုတ်မှဝေဝေဆာဆာလှလှ ပပ သကာဖုံး၍ မပြောတတ်ခြင်းကြောင့် မိမိဘဝတွင် အပြောကောင်းသူများ မုသားမာယာရှင်များနှင့် ထိပ်တိုက်တွေ့သောအခါ အမြဲအရှုံးပေးရ​တတ်သော သဘာဝရှိသည်။ အချစ်လွန်ကဲခြင်း နားလည်ခွင့်လွှတ်မှုလွန်ကဲခြင်းတိုကို လျှော့သင့်သည်။တစ်ပါးသူက တစ်စုံတစ်ရာ တိုးတက်သွားအောင် အကြံအစည်နှင့် မိမိနှလုံးသားကို ခုတုံးလုပ်သွားခြင်းခံရမည်။ အရာရာကို ထိန်းချုပ်နိုင်သော စိတ်ရှိသလောက် မေတ္တာတရားတွင် ထိန်းချုပ်နိုင်သော အင်အားမရှိပေ။လူတစ်ဦးတစ်ယောက်ကို ဆက်ဆံသောအခါ မယုံသင်္ကာစိတ်ဖြင့် စတင်ဆက်ဆံတတ်သည်။ တစ်စစ ယုံစားလာသည်ဆိုကလည်း သူတစ်ပါး လိမ်လည်ပြောဆိုသည်ကိုပင် ယုံကြည်တတ်သောစိတ်ရှိသည်။ မနာလိုဝန်တိုခြင်းကင်းသော ကြီးမြတ်သည့် နှလုံးသားအား ပိုင်ဆိုင်သည်။မိမိကိုချစ်သည်က တစ်ယောက် မိမိချစ်သူကတစ်ယောက် ဖြစ်တတ်သည်။သီးသန့်နေလေ တစ်ပါးသူက မိမိအား စိတ်ဝင်စားလေဖြစ်ပြီး မိမိအပေါ် သံယောဇဉ်ကြီးသူနှင့်တွေ့ကာ ပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်မည်။ မိမိတွင်လိုအပ်နေသောအရာများနှင့် ခံစားနေသော အဆိုးများကို အခြားသူတစ်ဦးတစ်ယောက်အပေါ်တွင် မဖြစ်စေလိုပေ။ လိုအပ်နေသော ကွက်လပ်များကိုလည်း မပြည့်စုံသော မိမိဘဝ ကလေးတစ်ခုဖြင့် ဖြည့်စွက်ပေးလိုက်ပြီး ထိုသူ၏ ဘဝကို ပြည့်စုံစေလိုသည်။ချစ်သူကို အရာရာပြည့်စုံစေလိုသည်။ မိမိဘဝ သုညအဖြစ်ရှိနေသည့်တိုင်အောင် ချစ်သူအတွက် ပေးဆပ်သင့်သည်ဟု သတ်မှတ်မည်။အနိုင်ယူသွားခြင်းအပေါ် ခွင့်လွှတ်ရန် အမြဲရှင်သန်နေသော အချစ်နှလုံးသား ဒဿနကိုပိုင်ဆိုင်သည်။


ကုမ်အချစ်ဒဿန (AQUARIUS)

ကုမ်ရာသီဖွားများသည် အစွဲအလမ်းကြီးပြီးပေးဆပ်မှုကို ဦးစားပေးတတ်သော နှလုံးသားကို ပိုင်ဆိုင်သည်ဟု ကမ္ဘာ့နက္ခတ်ပညာရှင်များက တညီတညွတ်တည်း သတ်မှတ်ထားသည်။ ရေအိုးထဲမှ ရေကို သွန်လောင်းပြီး ရေငတ်သူများအားပေးသလကဲ့သို့ နှလုံးသားမှ အေးချမ်းမြင့်မြတ်သည့် အချစ်ရေစင်အား ပက်ဖျန်းနေသော ပုံနိမိတ်ဖြင့်ဤရာသီဖွားများ၏အချစ်ကို ဖော်ကျူးထားသည်။ ပကတိရိုးသားတည်ကြည်သည်။ သစ္စာကြီးသည်။ ဖြောင့်မှတ်မှန်ကန်ရိုးသား၍ အမှန်တရားဘက်မှ ရပ်တည်သော နှလုံးသားပိုင်ရှင်ဖြစ်သည်။ တစ်ပါးသူအပေါ် မာယာများရန်၊စဉ်းလဲ လိမ်ညာကောက်ကျစ်ရန် ဝန်လေးသည်။ သန့်စင်သော နှလုံးသားနှင့် ချစ်တတ်သည်။ ရိုးရိုးဖြေင့်ဖြောင့်သမားဖြစ်သည်။ အစွဲအလမ်းကြီးခြင်း တစ်ဖက်စွန်းကျလွန်းခြင်းများကြောင့် နှလုံးသားရေးရာ ချစ်ဒုက္ခတို့ ကြုံတတ်သည်။ သန့်စင်သော နှလုံးသားနှင့် တစ်ပါးသူအပေါ် မေတ္တာထားလင့်ကစား ကံဇာတ်ဆရာမှ မိမိအား အလွမ်း၊ အဆွေးသမားဖြစ်အောင် ဖန်တီးမည်။ အဆင်ပြေချောမွေ့နေသော အချစ်ရေးလမ်းကြောင်းတွင် မှန်းဆမထားသောအဆိုးများ ဝင်ရောက်မည်။ကာလအတန်ကြာ လွမ်းမော၍ ချစ်ရမည့်ကိစ္စကို ကြောက်လန့်နေမည်။ ပြီးမှ တည်ငြိမ် အေးချမ်းသော မေတ္တာရှင်နှင့်တွေ့ပြီး ဘဝတွင်အေးချမ်းသွားမည်။မေတ္တာရေး
တွင် လေးလေးနက်နက် သစ္စာရှိရှိနေတတ်သည်။ ချစ်သူအပေါ် အခွင့်အရေးမယူ။အနိုင်မယူတတ်။ မိမိကသာ အနစ်နာခံတတ်သည်။ ရံဖန်ရံခါတွင် လက်တွေ့ထက် စိတ်ကူးယဉ်ဘက်ရောက်သွားတတ်သည်။ မိမိအရည်အချင်းများရှိလျှက် မိမိထက်နိမ့်သောသူကို အမြဲဦးစားပေးတတ်သော သဘာဝရှိသည်။ဂုဏ်အနိမ့်အမြင့် မတူသော ချစ်သူနှစ်ဦးမှ နိမ့်သောသူကိုပို၍ ဦးစားပေး ရွေးတတ်သည်။ ထို့အပြင် ချစ်သူကို မိမိထက် မြှင့်တင်ပေးမည်။ အလိုလိုက် အကြိုက်ဆောင်ထားသော မိမိတင်သည့် ရွှေမင်းသမီးမှ မိမိကို အသည်းခွဲသွားတတ်သော အနေအထားကြုံအားတွေ့မည်။ ဤရာသီဖွား အမျိုးသမီးများသည် မေတ္တာရေးတွင် လေးလေးနက်နက်ရှိမည်။ အမြင်ကျယ်မည်။ သဘောထားကြီးမည်။နူးညံ့သိမ်မွေ့သော နှလုံးသားကို ပိုင်ဆိုင်မည်။ မေတ္တာရေးတွင် နက်နက်နဲနဲ တွေးခေါ်တတ်၍ ဘဝကို ပေးဆပ်ထားမည်။ မေတ္တာကို စာမဖွဲ့တတ်၊ နူးညံ့ပျော့ပျောင်းစွာ နှုတ်ခမ်းဖျား လျှာဖျားမှ မပြောတတ်။ ရိုရိုးကြီး လက်တွေ့ကျကျ လုပ်ဆောင်ပြီး အချစ်ကို ဖော်ညွန်းတတ်သော သဘာဝရှိသည်။ ချစ်သူအပေါ် အလေးထားမည်။ ရံဖန်ရံခါတွင် ချစ်သူဘက်မှ သွေးသားဆွေမျိုးများက မိမိအပေါ် နှိမ့်ချခြင်း စကားတင်းပြောခံရခြင်းမျာကြုံမည်။ သို့ရာတွင် အံဩလောက်အောင် မိမိ၏ သဘောထားကို ပြသနိုင်မည်။ ဤရာသီဖွား အမျိုးသားများသည် စိတ်လှုပ်ရှားမှုနှင့် ဆန်းသစ်သည့် အတွေ့အကြုံကို လိုလားသော နှလုံးသာကို ပိုင်ဆိုင်သည်။ သို့သော် ဦးနှောက်နှင့်နှလုံးသားကြား အမြဲဒွဟဖြစ်တတ်၊ တွေဝေတတ်သည်။ မေတ္တာ တရားနှင့် ပတ်သက်၍ စိတ်ဓာတ် တက်လွယ် ကျလွယ်သည်။ မိမိနှလုံးသားသည် သူတစ်ပါးအပေါ် အဆင်ပြေ ချမ်းမြေ့ အေးချမ်းခြင်းကို ပေးလိုသည်။ ဤရာသီဖွားများ၏ မေတ္တာအပေါ် ထားရှိသော ဒဿနသည် အလွန်တရာ တန်ဖိုးကြီးသော ပေးဆပ်ခြင်းနှင့် လိုက်လျောခြင်း၊ တစ်ပါးသူအပေါ် လေးနက်စွာ ဆက်ဆံခြင်း သစ္စာ တည်မြဲခြင်းတို့ပေါင်းစည်းသောအရာ တစ်ခုဖြစ်သည်ဟု ယူဆကြသည်။


မိန်အချစ်ဒဿန(PISCES)

မိန်ရာသီဖွားများသည် အခိုင်အမာ ဆုံးဖြတ်၍ လေးလေးနက်နက်ရှိသည့် အချစ်တတ်ဆုံး မေတ္တာနှလုံးသားကို ပိုင်ဆိုင်ထားသည်ဟု ကမ္ဘာ့နက္ခတ်ပညာရှင်များက အဆိုပြုသည်။ နက်ရှိုင်းသော ပင်လယ်သမုဒ္ဒရာ ကြမ်းပြင်ပေါ်တွင် သဲများ ဖုံးလွှမ်းနေသည့် ကမာခွံအကြားရှိ ပုလဲရတနာ နှင့်တူသော နှလုံးသားဟု ဖော်ကျူးထားသည်။ မေတ္တာရေးတွင် ပေးဆပ်မှုကို ဦးစားပေးမည်။ အလွန်အေးချမ်း မြင့်မြတ်သော အချစ်ပိုင်ရှင် ဖြစ်သည်။ လွန်လွန်ကဲကဲ သံယောဇဉ်ကြီး၍ တစ်ပါးသူအပေါ် အလွန်နားလည် ခွင့်လွှတ်တတ်သော မေတ္တာ ရှင်ဖြစ်သည်။
အခိုင်အမာဆုံးဖြတ်၍ လေးလေးနက်နက် ချစ်တတ်သော သဘာဝရှိသည်။ ဘဝတွင် တစ်ပါးသူအတွက် မိမိဘဝရှင်သန်ခြင်းဖြစ်မည်။ အချစ်အတွက်ဆိုပါက အရာရာရင်ဆိုင်ဝံ့သော နှလုံးသားပိုင်ရှင်ဖြစ်သည်။အရှက် အကြောက်ကြီးခြင်း တစ်ပါးသူက ဝေဖန်မည်ကို စိုးရွံခြင်းကြောင့် အမှန်တကယ် ချစ်သူအပေါ်ဖွင့်ဟမပြောရဲ လက်မတွဲရဲတတ်ခြင်းသည်မိမိ၏ ပကတိအားနည်းချက်ဖြစ်၏။ ထို့အပြင် မိမိအချစ်ကို ပြောဆိုရန် ဝန်ခံရန် အလွန်ရှက်တတ်သဖြင့် ချစ်သူ၏ အထင်လွဲမှုကို အမြဲခံရမည်။ အေးချမ်းစွာ သီးသန့်နေတတ်၍ မသိသူများက မိမိအား မချစ်တတ်သောသူ ဟူ၍ ထင်ယောင်ထင်မှား အဖြစ်ခံ ရမည်။ အမြဲအရွေးရခက်အောင် အခွင့်အလမ်းနှစ်မျိုး ပေါ်ပေါက်တတ်သည်။အတ္တကို ဦးစားပေး၍ မရွေးသင့်။ မိမိအား အလွန်နားလည်သောသူနှင့် လက်တွဲသင့်ပေသည်။ ဤရာသီဖွားများသည် မေတ္တာရေး အချစ်ရေးအပေါ်တွင် အလွန်နက်နက်နဲနဲ ခံယူတတ်သည်။ မေတ္တာတရားကို နားလည်ခြင်း ခွင့်လွှတ်ခြင်း သဏ္ဍန်နှင့် ပိုင်ဆိုင်ထားသည်။ လူတစ်ဦးတစ်ယောက်အပေါ် မိမိအချစ်သက်ရောက်ပါက ထိုသူအတွက် မိမိတတ်စွမ်းသမျှ အရာရာပေးဆပ်ရမည် ဟူသော သဘောထားကို လက်ကိုင်ထားသူ ဖြစ်သည်။ ဤရာသီဖွားများသည် အလွန်စန်းပွင့်သော်လည်း ချစ်သူများရန် ဝန်လေးသည်။ ဘဝလမ်းကြောင်းတွင် မိမိနှင့် မွေးရပ် ဘာသာ ဓလေ့ဝန်းကျင် မတူခြားနားသောသူများနှင့် အချစ်ဆုံစည်းတတ်သည်။ မတူသောအရာတို့ ပေါင်းစည်းသော အချစ်အနေအထားရှိပေသည်။ ကမ္ဘာပေါ်တွင်ဤရာသီဖွားများကို အချစ်တတ်ဆုံးသူများဟု ကမ္ဘာ့နက္ခတ်ဗေဒပညာရှင်များက ယနေ့တိုင် လက်ခံသတ်မှတ်ထားသည်။ ဤရာသီဖွားများနှင့် မေတ္တာသက်ဝင် အချစ်ရေးကြုံသူများသည် အလွန်ကံကောင်းသောများဖြစ်သည်ဟူ၍လည်း အများက သတ်မှတ်ထားသည်။ နှုတ်မှ ချစ်ခြင်းမေတ္တာစကား စာဖွဲ့ခြင်းမရှိ လက်တွေ့ကျကျ ဆောင်ရွက်မှုများနှင့် အနုစိတ် မိမိအချစ်ကို ပုံဖော်တတ်သည့် အချစ်အနုပညာများ ဖြစ်သည်။ သူတစ်ပါးပြောလာသည် ဝေဖန်လာသည်ကို လုံးဝဂရုမစိုက် ။ မှန်သည်ထင်သည်ကို လုပ်၍ ချစ်သူဘက်မှ ထာဝရတည်သော နှလုံးသားဒဿနပိုင်ရှင်များဖြစ်သည်။ ဤကားမိန်အချစ်ဒဿနပင်ဖြစ်သည်။

အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ။

အားလုံးကိုလေးစားခင်မင်လျှက်

ဝါ၀ါခိုင်မင်း

Thursday, November 13, 2008

အနှိုင်းမဲ့ချမ်းသာ


ဒီနေ့ ဘလော့မလည်ဖြစ်ပဲ ဆရာတော်ဦးဇောတိက နဲ့ အရှင်ဆန္ဒာဓိက တို့ရဲ့ဓမ္မစာပေလေးတွေကို စိတ်ဝင်တစားဖတ်မိရင်းနဲ့ ကျမနှစ်သက်မိတဲ့ ဓမ္မစာပေတချို့ကို မောင်နှမတွေဖတ်နိုင်ဘို့အတွက် ပြန်လည်ဝေမျှလိုက်ပါတယ်နော်။ ဖတ်ပြီးတဲ့သူတွေများမယ်လို့ထင်ပါတယ်။ဖတ်ပြီးပေမယ့်လည်း ပြန်ဖတ်မိရင် အကျိုးရှိတဲ့ ဓမ္မစာပေလေးတွေမို့ ပြန်မှတ်မိပြီး ကိုယ့်ကိုယ်ကိုယ်ပြန်ဆင်ခြင်နိုင်တာပေါ့နော်။ ကျမဆိုရင်လည်း ဆရာတော်ဦးဇောတိက နဲ့ အရှင်ဆန္ဒာဓိက တို့ရဲ့စာအုပ်တွေအိမ်မှာတော်တော်စုံအောင်ရှိနေတော့ အသိမိတ်ဆွေတွေကိုလက်ဆောင်ပေးတာပေးပြီး ကျန်ရှိတဲ့စာအုပ်လေးတွေကို အားနေရင်မကြာခဏ အကြိမ်ကြိမ်ဖတ်မိနေပါတယ်။ ဖတ်မိတော့ သတိလေးကပ်မိတယ်။ အမြဲမှတ်မိနေတဲ့ စာတွေရှိနေပေမယ့်လည်း စာတွေအားလုံးကိုတော့မမှတ်မိနိုင်တာမို့ ခဏခဏပြန်ဖတ်ဖြစ်တာပါ။

အနှိုင်းမဲ့လာဘ်

ကျန်းမာရေးကောင်းကောင်းမကောင်းကောင်း
အနာရောဂါရှိရှိ မရှိရှိ
တရားအားထုတ်မှုကိုတော့
လုံးဝလက်မလွှတ်သင့်ပါဘူး။
အနာရောဂါဖြစ်လာတာဟာ
သတိအားကောင်းဖို့ ၊မမေ့လျှော့ဖို့
ဖြစ်လာတာပဲလို့နှလုံးသွင်းပြီး
မကျန်းမာတဲ့ကြားထဲကပဲ
စွမ်းနိုင်သလောက်ကြိုးစားအားထုတ်ရပါမယ်။

အရာရာကိုအကောင်းဘက်ကနေ
ကြည့်တတ် ၊မြင်တတ် ၊နှလုံးသွင်းတတ်တဲ့
ယောနိသောမနသိကာရမရှိခြင်းကြောင့်
စိတ်ကျန်းမာရေးချို့ယွင်းရတာပါ။
စိတ်ကျန်းမာရေးချို့ယွင်းသူတွေရဲ့
အဓိကအားနဲချက်ကတော့
အရာရာကို နားလည်မှု ၊ခွင့်လွတ်မှု
ခေါင်းပါးခြင်းပါပဲ။

အကောင်းထဲမှာလည်းအဆိုးရှိ
အဆိုးထဲမှာလည်းအကောင်းရှိတာမို့
အကောင်းနဲ့အဆိုးကိုမျှတအောင်
တွေးယူပြီးစိတ်တည်ငြိမ်အောင်
ထားတတ်မယ်ဆိုရင်အကောင်းနဲ့
တွေ့လို့လည်းစိတ်မတက်တော့ပါဘူး။
အဆိုးနဲ့တွေ့လို့လည်း
စိတ်မပျက်တော့ပါဘူး။
ဒါဆိုရင်စိတ်ကျန်းမာရေးကောင်းပါပြီ။

************************************

အနှိုင်းမဲ့အပြစ်

" ဒေါသ " ဆိုတဲ့စကားလုံးကိုယ်တိုင်ကိုက
" အပြစ် " လို့အဓိပ္ပါယ်ထွက်နေတော့
ဒေါသ သမားတစ်ယောက်က
သူတစ်ပါးအပေါ်အရာရာအပြစ်မြင်တတ်တာဟာ
သိတ်တော့မဆန်းလှပါဘူး။
ဒါပေမယ့် သူတစ်ပါးရဲ့အမှား၊ရံခါ အမှန်ကို
အပြစ်မြင်၊ အပြစ်တင်မယ်ကြံတိုင်း
" ငါ့မှာရောအမှားလုံးဝ မရှိဘူးလားလို့ "
ဆင်ခြင်နှလုံးသွင်းနိုင်မယ်ဆိုရင်တော့
သူတစ်ပါးရဲ့ လုပ်ရပ်တွေအပေါ်
သည်းခံခွင့်လွှတ်နိုင်စွမ်း
တိုးပွားလာမှာ အမှန်ပါ။

မသိတဲ့သူရဲ့ အမှားကို
သိတဲ့သူက သည်းခံခွင့်လွှတ်ရပါမယ်။
မသိလို့ မှားတာကို
သည်းခံခွင့်လွှတ်နိုင်စွမ်း မရှိဘူးဆိုရင်
ကိုယ်လည်းမသိတဲ့သူစာရင်းထဲ
ဝင်သွားပါလိမ့်မယ်။
တကယ်တော့ မသိလို့မှားသူထက်
အမှားကို ခွင့်မလွှတ်နိုင်သူက
ပိုပြီး မသိရာရောက်ပါတယ်။

အရသာနဲ့ ခွန်အားဆိုတဲ့
ကောင်းကွက်ကိုမြင်တတ်တော့လည်း
ဒူးရင်းသီးဟာဈေးကြီးပေးဝယ်စားရသတဲ့
အမြတ်တနိုးသစ်သီးအဖြစ်
စားထိုက်သူတွေရဲ့ချစ်ခြင်းကို
ခံယူနေရတော့တာပါပဲ ။

**************************************

လူသားတွေရဲ့စိတ်ဓါတ်နဲ့ ဘ၀ကို ပျက်စီးအောင်ဖျက်ဆီးတတ်တဲ့ အပြစ်တွေအားလုံးထဲမှာ ဒေါသအပြစ်ဟာ အဆိုးဝါးဆုံးအပြစ်၊ ကြောက်မက်ဖွယ်အကောင်းဆုံးအပြစ်ဖြစ်ပါတယ်။" ဒေါသ " ဆိုတဲ့ စကားလုံးကိုယ်တိုင်က" အပြစ်" ဖြစ်နေလို့ပါပဲ။
ဒေါသဆိုတဲ့နေရာမှာ စိတ်တိုတာ ၊စိတ်ဆိုးတာ ၊ စိတ်ပျက်တာ၊စိတ်ညစ်တာ၊ စိတ်ကောက်တာ၊အမျက်ထွက်တာ ၊ရန်ငြိုးဖွဲ့တာ ၊ဂလဲ့စားချေတာ ၊၀မ်းနည်းတာ၊ ပူဆွေးတာ၊လွမ်းဆွတ်တာ၊စိုးရိမ်တာ ၊ကြောက်ရွံ့တာ ၊ ငိုကြွေးတာ ၊....အားလုံးပါဝင်ပါတယ်။ဒါတွေအားလုံးဟာ ဒေါသ သဘော ၊ဒေါသ လက္ခဏာတွေချည်းပါပဲ။
ဒေါသ ကဘာတွေကိုပျက်စီးစေသလဲဆိုရင်တော့ နှစ်ဖက် ကိုပျက်စီးစေပါတယ်။ဒေါသကြောင့် နှစ်ဖက်ပျက်စီးရပါတယ်။
ကိုယ် နဲ့ စိတ် ဆိုတဲ့ နှစ်ဖက် ၊ မိမိအကျိုး နဲ့ သူတစ်ပါး အကျိုးဆိုတဲ့နှစ်ဖက် ၊ ပစ္စုပ္ပန်အကျိုး နဲ့ တမလွန်အကျိုးဆိုတဲ့ နှစ်ဖက်၊အဲလိုအားဖြင့် ဒေါသကြောင့် နှစ်ဖက် ပျက်စီးရပါတယ်။
နဂိုက ရုပ်ရည်ဘယ်လောက်ပဲ ချောမောလှပပါစေ ၊ဒေါသ၀င်လာပြီဆိုရင် အရုပ်ဆိုးအကျည်းတန်သွားပါတယ်။ဒေါသဟာ လူရဲ့ပင်ကိုယ်ရုပ်အဆင်းကိုဖောက်ပြန်ပျက်စီးသွားစေပါတယ်။ကိုယ်အမူအရာ ၊နှုတ်အမူအရာတွေ ကြမ်းတမ်းရိုင်းပျ မဲ့ရွဲ့စုတ်ပြတ်ပြီး ကျက်သရေယုတ်သွားစေပါတယ်။
ဒေါသလွှမ်းမိုးနေတဲ့သူအတွက် မပြောရဲတဲ့စကား ၊မပြုရဲတဲ့အလုပ်ဆိုတာ မရှိတော့ပါဘူး ။ဘာမဆိုပြောရဲ ၊ဘာမဆိုပြုလုပ်ရဲပါတယ်။ဒါပေမယ့် ဒေါသလွှမ်းမိုးနေသူရဲ့ သန္တာန်မှာ အသိဥာဏ် အမှောင်ကျပြီး မပြောသင့်တာတွေကို ပြောသင့်တယ်ထင်တယ်၊ မပြုသင့်တာတွေကိုပြုသင့်တယ် ထင်နေတဲ့အတွက် သူပြောလိုက်သမျှ ၊ သူပြုလိုက်သမျှ အရာအားလုံးဟာ အပြောမှား ၊အပြုမှားတွေချည်းပဲဖြစ်နေတတ်ပါတယ်။
လူတွေကချီးမွမ်းရင်တော့ နှစ်သက်ကြပေမယ့်ကိုယ်လုပ်တဲ့အရာကိုမှားနေလို့ထောက်ပြဝေဖန်ခံရရင်မ
ခံချိမခံသာတွေဖြစ် ဝေဖန်တဲ့သူကို ရန်သူလို့အထင်ခံရပြီး ဒေါသတွေနဲ့ အငြိုးတွေထားတတ်ကြပါတယ်။
ဒေါသငြိမ်းကြောင်းနည်းလမ်းကောင်းတွေ အများကြီးရှိတဲ့အထဲက အလွယ်ကူဆုံး နဲ့ အရှင်းလင်းဆုံး နည်းလမ်းနှစ်ခုကတော့ အကောင်းမြင်ဝါဒလက်ကိုင်ထားခြင်း နဲ့ မေတ္တာဘာဝနာ ၊သတိပဌာန်ဘာဝနာ ပွားများခြင်းတို့ပါပဲ။
တစ်လောကလုံးရဲ့ အနှိုင်းမဲ့ကျေးဇူးရှင်ဖြစ်တဲ့ မြတ်စွာဘုရားရှင်က ဒေါသအပြစ်ဟာ အနှိုင်းမဲ့အပြစ် ဖြစ်တယ်လို့ "နတ္တိ ဒေါသ သမော ကလိ " ဆိုတဲ့ စကားတော်နဲ့ ဟောကြားညွှန်ပြထားတာမို့ လူသားတိုင်း ၊လူသားတိုင်း ဒေါသအပြစ်ဆိုတဲ့ အနှိုင်းမဲ့အပြစ်ကို အကြွင်းမဲ့ပျောက်ပျက်အောင် ဖျောက်ဖျက်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

***************************************
အရပ်ဆယ်မျက်နှာ၌ရှိကြသော
နတ်လူသတ္တ၀ါအားလုံးတို့သည်
ဘေရန်ရောဂါကင်းကွာ၍
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။


(အရှင်ဆန္ဒာဓိက ၏ အနှိုင်းမဲ့ချမ်းသာ ဓမ္မစာပေမှ ကောက်နှုတ်ဖော်ပြချက်ဖြစ်ပါသည်။ )
ဒီပို့စ်လေးကို ကျမရဲ့ ပို့စ် ၁၀၀ ပြည့်မြောက် အထိမ်းအမှတ် အနေနှင့် မျှဝေလိုက်ခြင်းဖြစ်ပါတယ်ရှင်။
အားလုံးကို ကျေးဇူးတင်ပါတယ်။

****************************************
အားလုံးကိုလေးစားခင်မင်လျှက်

ဝါ၀ါခိုင်မင်း

Tuesday, November 11, 2008

လွမ်းရတဲ့အဖြစ်လေးတွေ နဲ့ တောင်ကြီးတန်ဆောင်တိုင်


ဟိုး လွန်ခဲ့တဲ့ ၁၁ နှစ်ကျော် ကျမတို့နှစ်ယောက်စေ့စပ်ပြီးတော့ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို တောင်ကြီးက မိဘ မောင်နှမများက အလည်လာကြဘို့ဖိတ်တာနဲ့ မောင်နဲ့ အတူ ကျမလိုက်သွားဖြစ်ခဲ့ပါတယ်။ရန်ကုန်ကနေ ဟဲဟိုးလေဆိပ်အထိ လေယာဉ်ပျံစီးပြီးသွားခဲ့ကြတာပါ၊လေယာဉ်ပျံစီးခဲ့ရတာ ကျမရဲ့ပထမဦးဆုံးအတွေ့အကြုံဖြစ်ပြီးတော့ အရမ်းကြောက်ခဲ့မိတာပါ။ပြည်တွင်းလေယာဉ်က သိတဲ့အတိုင်းပဲလေ အပေါ်တက်လိုက် အောက်ကျလိုက် ၊ ယိုင်ထိုးလိုက်နဲ့ အရက်မူးသမားလိုပဲ သိသိသာသာလေ ( ဟတ်ဟတ် အဲဒါကြောင့်မို့ မောင်ဇင်ယော် လေယာဉ်စီးတဲ့ အကြောင်းပို့စ်ရေးခဲ့တုန်းက အဲဒါကိုတွေးပြီး အရမ်းရယ်ချင်ခဲ့တာလေ။ )း) ကျမ ကလည်း ပထမဦးဆုံးအကြိမ်မြောက် လေယာဉ်စီးခြင်း ၊ ပြီးတော့ လေယာဉ်က ငြိမ်ငြိမ်မပျံဘူးရှင့်..ဟဟ ကြောက်လိုက်တာ တအားပါပဲ. အဲဒီတော့ ရှိသမျှဘုရားစာ အကုန်ရွတ်ပြီး ရသမျှဂုဏ်တော်တွေ အကုန်ပွားရတာပေါ့။ဟဟ..နောက်ပြီး မပြောတော့ဘူးလို့ပါပဲ ဒါပေမယ့် ကိုယ့်မောင်နှမတွေကို မရှက်တော့ပါဘူးလေ. ကျမဘာလုပ်သေးတယ် ထင်သလဲ ဟတ်ဟတ် ခရီးသွားရင်ဆောင်နေကြ ၁၀၈ လုံးစိတ်ပုတီးကိုလည်ပင်းမှာဆွဲပြီး လူလည်းမျက်နှာက ဇီးရွက်လောက်ပဲ ရှိနေခဲ့တယ် ထင်ပါရဲ့။ဘေးမှာတော့ အားကိုးရတဲ့သူကြီးပါပေမယ့် ကြောက်တာကတော့ အရမ်းကြောက်ခဲ့တာပါပဲ။ဟဟ.ကျမစိတ်ပုတီးလည်ပင်းမှာဆွဲပြီး လေယာဉ်စီးခဲ့တာကို တောင်ကြီးရောက်တော့ မောင်က မိဘမောင်နှမတွေကိုပြောပြတော့ အားလုံးက၀ိုင်းရယ် ကြပြီး ကျမအတွက်ပြောစမှတ်ဖြစ်သွားခဲ့ပါတယ်။ ဟဟ တတ်နိုင်ဘူးလေ. ကြောက်တတ်တာကိုးးနော်. လေယာဉ်က ဟဲဟိုးနားရောက်လေ မငြိမ်လေပါပဲ ကျမကတော့ တော်ပြီ နောက်တခါဆိုလေယာဉ်မစီးတော့ဘူးလို့ ဆုံးဖြတ်မိလိုက်တယ်လေ။ဟုတ်တယ် အသက်ကို ဖက်နဲ့ထုတ်ထားရသလိုပါပဲ။ လေယာဉ်ကြီးဟဲဟိုးလေဆိပ်မှာ ဆိုက်ရောက်မှပဲ သက်ပြင်း ဟင်း ခနဲ ချနိုင်လိုက်ပါတော့တယ်။အဲဒီတော့မှ ငါမသေဘူးး ရေကူးလို့ရသေးတယ်ပေါ့.အဟတ်.

လေယာဉ်ကွင်းရောက်တော့ ဖေဖေ နဲ့ မေမေ က လာကြိုနေကြပါတယ်။ တောင်ကြီးမြိုပေါ်ကို တောင်တွေပတ်ပြီး ကားနဲ့တက်ရတော့လည်း ကျမ မှာ ကြောက်သေးတာပါပဲ ။ နေရာတကာကြောက်လွန်းနေတာ မကောင်းမှန်းသိပေမယ့် ကျမက ငယ်ငယ်က တော်တော်လေးကြောက်တတ်ခဲ့တာရှင့်။ အကြောင်းက ကျမရဲ့ဖေဖေ နဲ့ မေမေ ကြောင့်မို့လို့လည်း ဖြစ်ပါမယ်။ ကျမငယ်ငယ်ကတည်းက ဖေဖေ နဲ့ မေမေ က အရမ်းချစ်ပြီး ဘာလုပ်လုပ်စိုးရိမ်ပူပန်ပြခဲ့တယ်လေ။ အိမ်ထဲမှာပဲ အမြဲကစားရပြီး အိမ်ပြင်မှာသူများတွေနဲ့ မဆော့ခဲ့ဘူးသလောက်ပါပဲ ၊ ကျမ ငယ်ငယ် ၇ တန်းနှစ်လောက်မှာ မိဘတွေနဲ့မြန်မာပြည်အနှံ့ ဘုရားစုံလိုက်ဖူးဖြစ်ခဲ့တာကလွဲရင် ကျမ မှာ တခြားခရီးအတွေ့ အကြုံက မရှိခဲ့သလောက်ပါပဲ ။
တက္ကသိုလ်ရောက်တော့ ညီအစ်မတွေစုပြီး ချောင်းသာကို ခရီးစုထွက်ခဲ့ကြတာကတော့ အရမ်းပျော်စရာကောင်းခဲ့ပါတယ်။ မောင်နဲ့ တွေ့ဆုံဘို့ ..ဖူးစာရှင်နဲ့တွေ့ဆုံနိုင်အောင် သွားဖြစ်ခဲ့တဲ့ သာမည ဘုရားဖူးခရီးလေးက ကျမဘ၀ရဲ့ တတိယအကြိမ်မြောက် ခရီးသွားစွန့်စားခန်းလေးပါ။ ဒီခရီးလေးတွေကတော့ ကား နဲ့သွားခဲ့ရတာဆိုတော့ မကြောက်ခဲ့ပါဘူး။အခုလေယာဉ်ခရီးကျမှပဲ ကျမမှာမျက်စိပျက် မျက်နှာပျက်နဲ့ ချစ်တဲ့သူနဲ့အတူတူခရီးထွက်ရတာ အရမ်းပျော်စရာကောင်းရမယ့်အချိန်မှာ ကျမမှာ ကြောက်ခဲ့ရလိုက်တာ မပြောပါနဲ့တော့.အဟတ်

တောင်ကြီးရောက်တော့ ကျမကိုအားလုံးက ၀ိုင်းဝန်းချစ်ခင်ကြတော့ ကျမ အရမ်းပျော်ခဲ့မိတာပေါ့လေ။ ဖေဖေ နဲ့မေမေ ကလည်း ကျမရဲ့ဒုတိယ ဖေဖေ နဲ့မေမေပါပဲ။ ကျမကို စားစရာတွေအမျိုးမျိုးလုပ်ကျွေးတယ်၊ အဲဒီမှာ ဟင်းချက်အလွန်ကောင်းလှတဲ့ ယောင်းမရဲ့ဟင်းမျိုးစုံကိုစားခဲ့ရပါတယ်။ မေမေ က ဟင်းထုတ်တွေသေခြာကိုယ်တိုင်လုပ်ကျွေးတော့ ကျမ တောင်ကြီးဟင်းထုတ်ကို အရမ်းကြိုက်သွားခဲ့တာပါရှင်။ တောင်ကြီးမှာလည်း တန်ဆောင်တိုင်က နိုဝင်ဘာလမှာဆိုတော့ တော်တော်လေးချမ်းနေပါပြီ။အဲလိုနဲ့ ကျမရဲ့ ဆိုးခဲ့ပုံလေးတစ်ခုကိုပြောပြချင်ပါသေးတယ်။ မောင်နဲ့အတူ မောင့်ရဲ့အဖွားအိမ်ကိုသွားပြီးကန်တော့ခဲ့ကြပါတယ်။ အဲဒီမှာ တန်ဆောင်တိုင် သားသမီး မြေးမြစ်တွေစုံတော့
ဝိုင်းတာ ၀ါသနာပါတဲ့ အဖွားက သူ့သားသမီးတွေနဲ့ ၀ိုင်းထိုင်နေပါရောလေ.ဟဟ.အဲဒီမှာ မမ၀ါ တို့ကလည်း တတ်တဲ့ပညာမနေသာဆိုသလို တက္ကသိုလ်စတက်ကတည်းက အတန်းကြီးအစ်မတွေဆီက ပညာရလာတဲ့ကျမ ဟာ ၀ိုင်းနားရောက်သွားပါတော့တယ်. ဟတ်ဟတ်ဟားး
ဘာဝိုင်းလဲ..သိလား တောင်ကြီးတန်ဆောင်တိုင်က လေးကောင်ဂျင်ဝိုင်းဟုတ်ဖူး ပေါ်ကာဝိုင်းလေးပါရှင်..ဟီးဟီး. အဖွားကိုလည်း အခုမှစပြီးဆုံဘူးတာပါ ၊ မောင်ရဲ့ ဦးလေးတွေ ၊ အန်တီတွေဆိုရင်လည်း အဲဒီအခါမှပဲ စတွေ့ဘူးသူတွေပါ ၊ ဒါပေမယ့်ကျမ၀ါသနာပါမှန်း မောင်က သိတော့ ကျမကိုလည်း ၀င်ကစားစေတာပေါ့နော်. အဟတ်ဟားးး အဲဒီလိုနဲ့ အဖွဲ့ကျသွားလိုက်တာ ညနေမိုးချုပ်တဲ့အထိ
ဝိုင်းကကောင်းနေပြီး သားတော်မောင်နဲ့ မတော်ရသေးတဲ့ ချွေးမလောင်းလေး မပြန်လာသေးလို့ မောင့်ဖေဖေ က ကားနဲ့လိုက်ခေါ်ရှာပါတယ်။ အဖွားအိမ် နဲ့ မောင်တို့အိမ်က တောင်ပိုင်းနဲ့ မြောက်ပိုင်းပါ။ ထမင်းတွေစားဘို့ အဆင်သင့်ဖြစ်နေပြီတဲ့ စားပြီးရင်တန်ဆောင်တိုင်ကြည့်သွားကြရအောင်တဲ့ လိုက်ခေါ်ရှာတာပါ။ ၀ိုင်းထိုင်နေတဲ့ ကျမကိုတွေ့ပြီး ချွေးမတော်ချင်စိတ် မပျောက်သွားဘူးတော်သေးတယ်..အဟီး ၊ အဲဒီမှာ အလည်ပဲလာတာမို့ ပိုက်ဆံများများမထည့်လာတဲ့ ကျမက ပိုက်ဆံအိတ်ထဲမှာပိုက်ဆံကုန်နေတော့ လာကြိုတဲ့ ဖေဖေ့ဆီက ခဏယူပြီးအရှိန်ကောင်းနေတာနဲ့ ဆက်ဆော့နေခဲ့လိုက်သေးတာလေ။အဟီး

ညရောက်တော့ ကားနဲ့လာကြိုတဲ့ဖေဖေ နဲ့ အတူပြန်ကြပြီး ယောက္ခမမေမေက ထမင်းဟင်းတွေသေခြာစုံအောင်ချက်ပေးထားတာရှင့်၊ရွှေယောင်းမတွေကရောပေါ့..အရမ်းသဘောကောင်းကြတာပါ. ဒါနဲ့ ရှုးတိုးတိုး.စာဖတ်သူတွေ နားရှုတ်ကုန်မှာစိုးလို့ ယောက္ခမမေမေ လို့သုံးလိုက်တာနော်. ကျမယောက္ခမက သူ့ကို အဲလိုခေါ်ရင် အရမ်းစိတ်ဆိုးတာရှင့်။သူ့ကိုယောက္ခမမေမေလို့ မခေါ်ရဘူးတဲ့ မေမေ ပဲတဲ့။ အရမ်းချစ်ဖို့ကောင်းတဲ့ ယောက္ခမမေမေလေ..အခု ကျမဆီကို စာရေးရင်လည်း သမီး ရေ..ဆိုပြီး စရေးတယ်။ ဘယ်တော့မှ သူ့သားအရင်းကို သားရေ ဆိုပြီး စမရေးဘူလေ။ ကျမကို အဲလောက်ချစ်ရှာတာပါ။ အဲဒါကြောင့် ကျမ မှာ ဖေဖေ နှစ်ယောက် ၊မေမေနှစ်ယောက်ရှိတယ် လို့ပြောခဲ့ဘူးတာပေါ့။း)

ညရောက်တော့ ပွဲဈေးတန်ကို ယောင်းမတွေနဲ့ အတူသွားပြီး ရွှေဘောလုံးတို့ လေးကောင်ဂျင်ဝိုင်းတွေမှာ တစ်ခါမှ မကစားဘူးပါပဲ ယောင်းမတွေနဲ့ အတူ ကံဝင်စမ်းမိရင်း တင်ဇာမော် ရဲ့ စွဲလန်းမှုပြဿနာ ဖြစ်သွားပါလေ ရောလေ..အဟီး. ဆော့လိုက်ရှုံးလိုက်၊နဲ့ တခါမှ ကို မနိုင်ဘူး. မနိုင်တော့စိတ်တိုပြီး ပြန်ဆော့ချင်နဲ့ သံသရာလည်နေလိုက်တာ အရှုံးပွဲကို ည ၃ နာရီလောက်မှပဲ အဆုံးသတ်ဖြစ်ပါတယ်။အဟတ် မမ၀ါ တို့ သောင်းကျန်းခဲ့တာလေ။ စေ့စပ်ပြီးယုံပဲရှိသေးတယ် အိနြေ္ဒ ၊သိက္ခာလေး တစ်ခွဲသားနဲ့ လိမ်လိမ်မာမာလေး ချွေးမလောင်းအလိမ္မာလေးအဖြစ်သက်သေပြရမှာကို..ဟဟဟား
( အတုမခိုးကြနဲ့နော်..မကောင်းဘူးး) :P

နောက်နေ့တွေကျတော့ လေးကောင်ဂျင်ကိုသံယောဇဉ်လုံးဝမပြတ်တော့ စောစောစီးစီးပွဲခင်းထဲသွားပြီးကစားတော့တာပါပဲ.. ရှုံးလိုက်တာ သောက်သောက်လဲ..သူတို့ဒိုင်တွေကလည်း ပညာတွေနဲ့နေမှာပါ။ အဲဒါကိုရိပ်စားမိပေမယ့် ရှုံးတာကြီးကို မကျေနပ်တော့ ပြန်ပြန်ဆော့တဲ့ ကျမလေ အချီကြီးကိုရှုံးခဲ့တာရှင့်.. အဟတ်ဟားး ( တော်သေးတယ် အပြန်လေယာဉ်လက်မှတ်က တခါတည်း
ဝယ်ပြီးသားဖြစ်နေလို့) အပြန်ခရီးစရိတ် မုန့်ဘိုးတောင် ချစ်မေမေ က ပေးလိုက်တာရှင့်။။ဟီးးးး
ကဲ..တန်ဆောင်တိုင်ပွဲ ၂ ည ကျန်နေသေးတယ်။ ကျမလို မလုပ်ကျနဲ့နော် ။ ဟတ် ဟတ်

( Ps. Online တန်ဆောင်တိုင်ပွဲကို ပျော်ရင်း နဲ့ လွမ်းစရာလေးတွေကို သတိတရ နဲ့ အမှတ်တရအဖြစ် ရေးလိုက်ခြင်းဖြစ်ပါတယ်ရှင်။)

အားလုံးပဲ ပျော်ရွှင်ကြပါစေ။

အားလုံးကိုလေးစားခင်မင်လျှက်
ဝါ၀ါခိုင်မင်း

Sunday, November 9, 2008

တောင်ကြီးတန်ဆောင်တိုင် နဲ့အတူ လွမ်းမိတဲ့အဖြစ်လေးတွေ


downloaded from taunggyicherryland

ညက တောင်ကြီးတန်ဆောင်တိုင်ပွဲခင်းထဲမှာမောင်နှမတွေနဲ့ အတူ သောင်းကျန်းပျော်ရွှင်ကြပြီး ညတုန်းကမိုးတော်တော်ချုပ်မှအိပ်ရာဝင်ဖြစ်ဖြစ်တယ်လေ။တောင်ကြီးတန်ဆောင်တိုင်ကိုတာရိုက်လွှင့်ပြီးပြပေးတဲ့ တောင်ကြီးချယ်ရီမြေ ဘလော့ရဲ့စီဘုံးထဲမှာ ဘလော့ဂါမောင်နှမတွေ တွေ့ကြပြီး ပွဲဈေးတန်း လျှောက်လည်ကြ ၊မုန့်တွေဝယ်စားကြပေါ့ ပျော်စရာအလွန်ကောင်းပါတယ် ။ စီဘုံးထဲမှာပဲ ငုံးဥပြုတ်သည် တွေ ရော ၊မြေပဲပြုတ်သည်တွေ ရော၊ ကွမ်းယာ ဆေးလိပ်သည်တွေရော စုံနေတာပါပဲ ။ မီးပုံပျံတွေကြည့်ရင်း မောင်နှမတွေ နှုတ်ဆက်ပျော်ရွှင်ကြတာ တကယ့်တောင်ကြီးတန်ဆောင်တိုင်ကို ရောက်သွားသလိုပဲခံစားရပြီး ကျမပါ ကလေးတွေနဲ့ အတူဝင်ရောပျော်နေလိုက်ပါတယ်။ တကယ်တော့ ပထမနေ့တွေက ကျမက ကြည့်ဖို့စိတ်မ၀င်စားခဲ့လို့ စောစောအိပ်ယာဝင်ခဲ့တာပါ။ တရေးနိုးလာတော့ ဦးဥာဏ်ကြီး မအိပ်သေးပဲ သူတို့မြို့ရဲ့တောင်ကြီးတန်ဆောင်တိုင်ကိုကြည့်ပြီး ပွဲခင်းထဲမှာ သောင်းကျန်းနေတာမို့ ကျမကလည်းမနေသာတော့ပဲ အိပ်ရာထဲကထလာပြီး ကွန်ပြူတာ တစ်လုံးထပ်ဖွင့်ပြီး အသင်းဝင်လိုက်ပါတော့တယ်။ ကျမက တရေးနိုးပြီး ရောက်လာတယ်နော် လို့ message ထည့်လိုက်တာနဲ့ မမ၀ါဝါလာပြီ ဆိုပြီး မောင်လေးတွေ ညီမလေးတွေက ၀ိုင်းပြီးနှုတ်ဆက်ကြတော့ တယ်ဟုတ်နေကြပါလားဆိုပြီိး မျက်လုံးကျယ်သွားခဲ့တာလေ ၊ပွဲခင်းထဲမှာကိုရင်နော်မခင်လေးငယ်ကလေးလေးတို့ ရောက်နေကြပြီး ကိုရင်နော်က တော်တော်မူးနေတာနဲ့ မခင်လေးငယ်က ထုရိုက်နေတာလေ။အဟီးး ကိုရင်နော် တော်တော်နာသွားရှာမှာပဲ။မခင်လေးက ကိုရင်နော် ကို တော်တော်ကြင်နာတာတွေကိုတွေ့လိုက်ရတယ်။အဟီး ညီမလေးမက်မက် ကတော့ နှုတ်ဆက်တာတွေ့လိုက်ရပြီးပျောက်သွားတယ်၊ ကျမ တရေးနိုးလာတာကပဲ ဂျပန်စံတော်ချိန် ည ၂ နာရီခွဲကျော်နေပြီိလေ။ ညီမလေးမီးလေး ကလည်းအော်ပြီိးနှုတ်ဆက်တာတွေ့လိုက်ရလို့ ပျော်သွားတာလေ၊မောင်နှမတွေပွဲခင်းထဲမှာတွေ့လိုက်ရလို့ ၊အားလုံးထဲမှာ အသောင်းကျန်းဆုံးဆရာကြီးကတော့ တောင်ပေါ်သားလေး ပဲဖြစ်ပါတယ်။သူက ပွဲကိုထိန်းထားပေးတယ်၊တောင်ကြီးသား ဆိုတော့ သူကစီဘုံးထဲမှာ တာဝန်ယူဦးစီးခေါင်းဆောင်ကြီးဖြစ်နေတာပေါ့။တောင်ကြီးသားတွေ တောင်ကြီးတန်ဆောင်တိုင်ကိုမပြန်နိုင်ကြပေမယ့် အွန်လိုင်းတောင်ကြီးတန်ဆောင်တိုင်နဲ့ပဲ ပျော်စရာကောင်းပြီး စိတ်ကျေနပ်နေကြမယ်ဆိုတာ ခန့်မှန်းယုံကြည်မိပါတယ်။ တောင်ကြီးသားမဟုတ်ပဲ တော်တော်ကဲနေတာ နောက်တစ်ယောက်ရှိသေးတယ် ဘယ်သူလဲသိလား မောင်လမင်း လေ ၊တော်တော် ဆိုးနေတာ၊ ဟိုအော်၊ဒီအော်နဲ့။အဲဒါနဲ့ ကျမလည်း နောက်တစ်နေ့ကျတော့ သူ့တီတီညခင်းလေးကို တိုင်လိုက်တာပေါ့။ ညခင်းလေးက လမင်းဘာတွေသောင်းကျန်းနေတာလဲ မမ၀ါရယ် ပြောပြပါဦးတဲ့။ အဟီး။ သူ့တီတီ ပါမစ်ပိတ်ခံလိုက်ရတယ် ထင်ပါရဲ့ မနေ့တုန်းက ညမှာတော့ မောင်လမင်းကို မတွေ့ရတော့ဘူး။စိတ်ကောင်းဘူး ဟီးဟီ။ လမင်း ရေ..တွေ့ပုချိ ။ ပွဲခင်းထဲမှာတွေ့ရတဲ့ မောင်နှမတွေနဲ့ ရှမ်းခေါက်ဆွဲတွေစားကြ ၊ လေးကောင်ဂျင်တွေ လျှောက်လည်ဆော့ကြပြီး ကျမလည်း တောင်ကြီးတန်ဆောင်တိုင်ပွဲခင်းထဲရောက်သွားသလိုပဲ ခံစားမိလိုက်ပါတယ်။မနက် ၄ နာရီထိုးခါနီးလောက်မှာတော့ လူက မခံနိုင်တော့ဘူး အရမ်းအိပ်ချင်တာနဲ့ အိပ်ပျော်သွားပါတော့တယ်။

နောက်တစ်နေ့ကျတော့ မနေ့တုန်းကညနေမှာ ပွဲက မြန်မာစံတော်ချိန် ၆ နာရီက စပြမှာမို့ ကျမလည်း ညနေ ၆နာရီ ခွဲလောက်မှာပွဲခင်းထဲစရောက်သွားခဲ့ပါတယ်။ ရောက်ပြီနော် လို့ စီဘုံးမှာအော်လိုက်တာနဲ့ မမ၀ါ ရေ ဒီကိုလာ ဆိုပြီးမီးလေးဇာ ၊ ကိုရင်နော်မခင်လေးငယ်၊တို့ကနှုတ်ဆက်လာကြတာမို့ပျော်သွားတယ် ၊ သူတို့ အရင်ရောက်နေကြပြီ၊ တောင်ပ်ါသားလေးက ထိပ်ဆုံးမှာ ရောက်နေပြီး မကြီးမ၀ါ လာပြီိလား လို့ နှုတ်ဆက်လာပါတယ်။အဲဒီအချိန်မှာပါ မဂျီး လို့ စိုင်းလားရှိုး ကခေါ်လာတော့ ကျမ အံ့သြသွားတာလေ သူ့ကိုမှ ကျမ မသိတာ ၊ဒါပေမယ့် ချက်ချင်း အတွေးရောက်သွားပါတယ် ၊ ကျမကို မဂျီး ဆိုပြိးခေါ်တတ်တာ ဘယ်သူလဲ ဆိုတာသိသွားတော့မှ ဦးရှင်ဂျီး လားလို့ ကျမက ပြန်မေးလိုက်တာပေါ့၊သိသွားပြီလေ ဦးရှင်ဂျီးပဲပေါ့။ တကယ်တော့ ပွဲခင်းထဲကိုလာရင် နာမည်ဖျက်ပြီးလာတာကမှ ကောင်းတယ်။ကျမ ကို ဦးဥာဏ် က နာမည်အရင်းကြီးနဲ့ အသင်းဝင်ပေးတော့ နာမည်ရင်းကြီးနဲ့လာပြီးသောင်းကျန်းနေတာလေ။ ဦးဥာဏ်တို့လည်းသောင်းကျန်းသလား မမေးနဲ့ တောင်ပေါ်သားလေးနဲ့တွဲ ဦးရှင်ဂျီးတို့ နဲ့ အတူတူ အရက်တွေသောက်ပြီးမူးကြတာပေါ့။ ကျမလည်း တခါတလေပဲလေဆိုပြီးတော့ ခွင့်လွတ်ထားလိုက်ပါတယ် ၊သောက်ချင်ရင်သောက်ပါစေလေ ဆိုပြီးတော့..အဟီးး
ခဏနေတော့ ပွဲခင်းထဲမှာနာမည်အရင်းကြီးနဲ့ သောင်းကျန်းမိနေတဲ့ ကျမကို လူတစ်ယောက်က လာနှောက်ယှက်ပါလေရော၊ ကျမလည်းတော်တော် စိတ်တိုသွားလို့ ပြန်ပြောမယ်အလုပ်မှာ အားကိုးရတဲ့ မောင်ငယ်တွေက ကျမဘက်က ၀င်ကာကွယ်ပေးကြပါတယ်။ဘလော့ဂါ မောင်နှမတွေ အွန်လိုင်မှာလည်းအားကိုးရတယ်ရှင့်၊ကျမ ကျေနပ်ပီတိဖြစ်မိလိုက်ပါတယ်။ ကျေးဇူးတင်ပါတယ် တောင်ပေါ်သားလေး နဲ့ မောင်လေးစိုင်းရှင်ရဲထွတ် တို့ရေ..တကယ်ကို ကျေးဇူးတင်မိသွားတာပါ။အွန်လိုင်းမှာအဲလို လူရှုတ်တွေလည်း ရှိတတ်တာပါပဲလေ။ပျော်စရာပွဲခင်းထဲမှာ အနှောက်အယှက်ပေးချင် ၊ပျော်ရွှင်မှုတွေကို ဖျက်ဆီးချင်တဲ့ သူတွေလည်း ရှိကြပါတယ်။ မောင်လေးတောင်ပေါ်သားက ပြောပေးတာနဲ့ အဲဒီလူကို ပွဲစီစဉ်ပေးသူ ကိုအောင်မိန်းက ချက်ချင်း ဘန်းပစ်လိုက်ပါတယ်။ကျေးဇူးတင်ပါတယ် ကိုအောင်မိန်းရှင့်။ အဲဒါနဲ့ ကျမလည်း စိတ်ညစ်ညစ်နဲ့ ပြန်တော့မယ်လုပ်တော့ တောင်ပေါ်သားလေးက မပြန်ပါနဲ့မကြီးဝါ ရေ ၊ မကြီးဝါပြန်ရင် ကျနော်လည်းပြန်တော့မယ် တဲ့ ၊ မောင်လေး စိုင်းလားရှိုး( ခေါ်) ဦးရှင်ဂျီး ကလည်း မဂျီး အေးဆေး တဲ့ လေ။ အဲဒါနဲ့ ကျမလည်း ကဲ..မပြန်တော့ပါဘူး ဆိုပြီး တန်ဆောင်တိုင်ကြည့်ရင်း ၀င်သောင်းကျန်းနေလိုက်တာ ကျမသွားဖိတ်ခေါ်ထားတဲ့ မောင်လေးသံလွင်ဟီးရိုး ရောက်ချလာပါတယ်။ မောင်သံလွင် ကို စာတွေကျက်နေရတာ ဦးနှောက်ဆေးဘို့ခေါ်လိုက်တာပါ။ သူက တစ်ခါမှ မမြင်ဘူးဘူး ဆိုပဲ။ ရောက်တော့လည်းသောင်းကျန်းလိုက်တာ မပြောပါနဲ့တော့ ။ တောင်ကြီးသူတွေကို လိုက်ငမ်းလိုငမ်း ၊တောင်ကြီးသူတွေ ချောလို့တဲ့လေ ၊ ပွဲခင်းထဲကနေမပြန်နိုင်ဖြစ်သွားတယ်။ ခဏနေတော့ ကျမ က မောင်သံလွင်ပြန်တော့ စာကျက်တော့လို့ပြောတော့.. သူဒီနေ့ ဦးနှောက်ဆေးပါရစေ တီတီဝါ ရေ တဲ့။ အဟား.တတ်နိုင်ဘူး၊ ကိုယ်က ခေါ်လိုက်မိတာကိုး၊လွှတ်ထားလိုက်တော့တယ် ပြန်ချင်တဲ့အချိန်ပြန်ပေတော့လို့ ၊ နဲနဲကြာတော့ အချစ်ဆိုတာသစ္စာတရားလို့ပြောတဲ့ မောင်လေးသီဟညိမ်းရောက်ရှိလာပြီး၊ ဘုစုခရုပြန်လာခဲ့ ဆိုပြီး ပွဲခင်းထဲမှာ ၀င်သောင်းကျန်းနေတဲ့
ညီမလေးပုလဲ ကို လိုက်ခေါ်နေပါတော့တယ်။ဟဟား .မောင်နှမတွေရဲ့သံယောဇဉ်တွေကို ဒီပွဲလေးမှာတွေ့ရတာ ကြည်နူးမိပါတယ်၊ ညီမလေးပုလဲ က အသက်ငယ်ငယ် ကလေးတစ်ယောက်သာဖြစ်တာမို့ အစ်ကိုကြီးဖြစ်သူမောင်သီဟ က ညီမငယ်ကို ပွဲခင်းထဲမှာစိတ်မချလို့ အတင်းလိုက်ခေါ်နေသလိုမျိုးပါ။ရယ်စရာလည်းကောင်း ပျော်စရာလည်းကောင်းပါတယ်။ခဏနေပြန်တော့ မောင်သီဟ က အစ်မ၀ါ ဖိတ်လို့လာခဲ့တာ ပြန်တော့မယ် ဆိုပြီးပြန်သွားပါတယ်။ ရှမ်းခေါက်ဆွဲလေးတောင် မ၀ယ်ကျွေးလိုက်ရတာ စိတ်မကောင်းဘူး။ အဟီး
နဲနဲကြာတော့ မောင်ငယ် အလှတရား ရောက်ရှိလာပြီး ကျမကိုတွေ့တော့
မမ၀ါကြီးလုပ်နေတယ်တဲ့ ထောပဏာပြုရှာပါတယ်။ ကျမ က စီဘုံးထဲမှာ သောင်းကျန်းနေတာလေ၊ ဦးဥာဏ် နဲ့ အပြိုင်ပေါ့။အဟီး။
မောင်အလှတရာက ဘာမှလဲမမြင်ရဘူး ဆိုပြီးစိတ်ဓါတ်ကျပြီး ပြန်သွားပါတယ်။ အစ်မ က တိုဖူးနွေး ၀ယ်ကျွးမလို့ဟာကို။ ပိုက်ဆံကုန်သက်သာသွားတာပေါ့။း)
တောင်ကြီးတန်ဆောင်တိုင်ပွဲကို ကျမ မအိပ်ခင်အထိ ရောက်ရှိလာတဲ့ ဘလော့ဂါမောင်နှမတွေကတော့
မောင်လေးဗီလိန်မောင်လေးဂျဲဂျယ်ကိုရင်ညိန်းကိုဆန်းဝင်း ၊နဲ့ မောင်လေးအောင်ဦး၊တို့ပဲဖြစ်ပါတယ်ရှင်။
ကဲ..ကျမ ဆီကို အလည်လာကြတဲ့ မောင်နှမများ အားလုံးကိုလည်း စိတ်ဝင်စားမယ်ဆိုရင် ပျော်ရွှင်စရာကောင်းတဲ့ အွန်လိုင်းတောင်ကြီးတန်ဆောင်တိုင်ပွဲလေးကို ဒီညမှာ လာရောက်အားပေးပျော်ရွှင်ကြဖို့ အတွက် ဖိတ်ခေါ်ပါရစေနော်။
လာမယ်ဆိုရင် ဒီလင့်ကလေး ကနေပြီး အလည်လာရောက်နိုင်ပါတယ်ရှင်။

စာလည်းရှည်သွားပြီမို့ တောင်ကြီးတန်ဆောင်တိုင်အကြောင်းတော့ ရေးပြီးသွားပေမယ့် လွမ်းမိတဲ့ အဖြစ်လေးတွေကိုတော့ ဒုတိယပိုင်း အနေနဲ့ပဲ ရေးလိုက်ပါတော့မယ်နော်။
အားလုံးပဲပျော်ရွှင်ချမ်းမြေ့ကြပါစေ။

အားလုံးကိုလေးစားခင်မင်လျှက်
ဝါ၀ါခိုင်မင်း

Friday, November 7, 2008

ကျမ ရဲ့ ပေါ့ဆမှု


ဟဟဟားး.. ဒီနေ့အရမ်းကို ရယ်ချင်နေတာလေ။ ဘာဖြစ်လို့လည်းသိလား ပြောပြချင်လွန်းလို့ကို ရေးလိုက်တာပဲ။မနေ့တုန်းက ကျမ ရေးခဲ့တဲ့ ပို့စ်ထဲက ညီမလေး yaryar က ကျမဆီ မေလ်ပို့လာတယ်ရှင့်။ ဘာလဲသိလား..ဟတ်ဟတ်ဟားးး သူက မိန်းခလေးဟုတ်ပါဘူးတဲ့ ယောကျာင်္းလေးပါတဲ့ ။ အဟီးးးး ညီမလေး yaryar ဟုတ်ဖူး မောင်လေး yaryar တဲ့ ။ :P တောင်းပန်ပါတယ် မောင်လေး yaryar ရေ .. သူက ကျမကို စိတ်မဆိုးရှာပါဘူး ၊ ပို့စ်ဖတ်ပြီး ရယ်ချင်လို့တဲ့ အဟီးးး အဲဒါ ကျမရဲ့ ပေါ့ဆမှုကြောင့်လေ။ ကျမထင်တော့ထင်လိုက်မိပါရဲ့ ၊ ယောကျာင်္လေးဖြစ်မလား ၊ မိန်းခလေးဖြစ်မလားလို့ လေ။ ဒါပေမယ့် ညီမလေးတစ်ယောက်ဖြစ်လိမ့်မယ်လို့ စွတ်ထင်ပြီး ညီမလေး yaryar လုပ်ပြစ်လိုက်တာပဲ။ ဟီးးး ရယ်ရတယ်ဟုတ်လား။ မောင်လေး Yaryar က ဂျပန်မှာ သူ့ Girlfriend ရှိလို့ စင်္ကာပူကနေ ပစ္စည်းပို့ပေးချင်လို့ ကျမကို အကူအညီတောင်းလာတာပါ။ ကျမ က ဘာမှ မကူညီပေးလိုက်နိုင်တဲ့အပြင် ဘ၀ပါပြောင်းပေးလိုက်သေးတယ်နော်။ စိတ်ဆိုးချင်စရာမကောင်းဘူးလား ။ အဟတ်ဟတ်

မောင်လေးyaryar ရေ..

ဒီပို့စ်လေးနဲ့ အတူ မောင်လေးကို တောင်းပန်ပါတယ်ကွယ်။ အစ်မရဲ့ပေါ့ဆမှုပါ။ နားလည်ပေးတာ အရမ်းကျေးဇူးတင်မိပါတယ်။အဆင်ပြေပါစေ။

ကဲ..အားလုံး ကျမလို မဖြစ်မိအောင် သတိထားကြပါနော်။ :P

အားလုံးကိုလေးစားခင်မင်လျှက်

ဝါ၀ါခိုင်မင်း

Thursday, November 6, 2008

စင်္ကာပူ မှ ဂျပန် ၊ ဂျပန် မှ စင်္ကာပူ သို့


6 Nov 08, 17:54yaryar: p tot Japan ko Singapore ka nay bal lo pyit see poe lo ya par ta lae? pyaw pha pay par.thz
6 Nov 08, 17:52
yaryar: Singapore ka nay Japan ko online ka nay ph call lo ya ma lar so tar pyaw pha par naw.

************************************************


ကျမစီဘုံးထဲမှာ ဒီနေ့ yaryar ဆိုသူ ညီမလေးက ဂျပန်ကို စကာင်္ပူကနေ ဘယ်လိုပစ္စည်းပို့လို့ရပါသလဲ၊ ပြီးတော့ စင်္ကာပူကနေ ဂျပန်ကို Online ကနေဖုန်းခေါ်လို့ ရမရဆိုတာကို မေးထားပါတယ်ရှင် ။ ကျမကလည်း သူများမေးရင် သိသလောက် ၊တတ်သလောက်ဖြေပေးချင်ပါတယ်ရှင်။ ဒါပေမယ့် ကျမက စင်္ကာပူမှာနေတာ မဟုတ်တော့ စင်္ကာပူကနေ ဂျပန်ကို ဘယ်လိုပစ္စည်းပို့ရင်ရနိုင်တယ်ဆိုတာနဲ့ စင်္ကာပူ ကနေ ဂျပန်ကို Online ကနေဖုန်းခေါ်လို့ ရမရ ကို မေးထားသောညီမလေးကို ပြန်ဖြေပေးချင်တဲ့ အတွက် စင်္ကာပူမှ ကျမရဲ့ ချစ်ခင်လှစွာသော မောင်နှမများကို အကူအညီတောင်းပါရစေရှင် ။ ဒီပို့စ်လေးကိုဖတ်ပြီး ဘယ်လိုလုပ်ရင် အဆင်ပြေနိုင်မယ်ဆိုတာကို Comment လေးတွေမှာ ရေးသွားပေးကြဖို့ မေတ္တာရပ်ခံတောင်းဆိုပါရစေနော်. သိသလောက်ကလေးတွေပြောပြပေးသွားကြပါလို့ တောင်းဆိုပါရစေ။

ညီမလေး yaryar ရေ..

မမက စင်္ကာပူကမဟုတ်တော့ စင်္ကာပူကနေဂျပန်ကိုဘယ်လို ပစ္စည်းပို့ရမယ် ဆိုတာနဲ့ စင်္ကာပူကနေ ဂျပန်ကို အွန်လိုင်းကနေ ဘယ်လိုဖုန်းခေါ်ရမလဲဆိုတာကို မမ မသိပေမယ့် ဂျပန်ကနေ စင်္ကာပူကို ဘယ်လိုပစ္စည်းပို့နိုင်တယ်ဆိုတာကိုတော့မမသိသလောက်ပြောပြပေးလိုက်ပါမယ်နော်.
မမ ဂျပန်ကနေ စင်္ကာပူကို စာတိုက်ကနေပြီး ပါဆယ်ပို့တာ အရမ်းအဆင်ပြေပါတယ်ကွယ်။ မမ ပို့တုန်းက မမရဲ့ ညီမလေးအတွက် ပိုက်ဆံအိတ်လေး ၂လုံးနဲ့ ခေါင်းစည်းလက်ကိုင်ပုဝါလေးကိုဘူးလေးနဲ့ထည့်ပြီးစာတိုက်မှာသွားပို့တာ သူတို့ကပစ္စည်းကိုချိန်ပြီး ကျသင့်ငွေတွက်ပေးပါတယ်။ အလေးချိန်ကိုတော့ မမ အတိအကျ မမှတ်မိတော့ပါဘူး ညီမလေး ရေ။ အဲဒီပိုက်ဆံအိတ် ၂လုံးနဲ့ လက်ကိုင်ပုဝါလေးကို ပို့ခ ယန်း၆၀၀ လောက်ကျပါတယ်. ပို့ရတာ အလွန်အဆင်ပြေပါတယ်။ ဂျပန်ကနေ စင်္ကာပူကို ပစ္စည်းက ၅ ရက်အတွင်းရောက်သွားပါတယ်။ အဲ့ဒါလေးကတော့ မမ ဂျပန်ကနေပြီး စင်္ကာပူကို ပစ္စည်းပို့ခဲ့တာလေးကို ခန့်မှန်းနိုင်အောင်ရေးပြပေးတာပါနော်။
နောက်တစ်ခုက ဂျပန်ကနေ စင်္ကာပူကို အင်တာနက်ကနေ Mediaring talk နဲ့ ဖုန်းခေါ်လို့ရပါတယ် ၊ အစ်မ ရဲ့ မောင်လေး နဲ့ ညီိမလေးက စင်္ကာပူမှာရှိနေတော့ သူတို့တွေဆီ မကြာခဏခေါ်ဖြစ်ခဲ့ပါတယ်။ ခေါ်ရတာလည်း တခါတလေ မကြည်ပေမယ့် တော်တော်လေးအဆင်ပြေပါတယ် ညီမလေး ရေ ။
ကဲ..ဒါလေးကတော့ အစ်မသိတဲ့ ဂျပန် ကနေ စင်္ကာပူကို ပစ္စည်းဘယ်လိုပို့နိုင်တယ်ဆိုတာနဲ့ ဖုန်းဘယ်လိုခေါ်လို့ရနိုင်တယ် ဆိုတဲ့ အကြောင်းလေးပါပဲ။
ကျန်တဲ့ ညီမလေးသိချင်တဲ့ စင်္ကာပူ ကနေ ဂျပန်ကိုဘယ်လို ပစ္စည်းပို့နိုင်တယ် ၊ ဘယ်လို အင်တာနက် ကနေ ဖုန်းခေါ်နိုင်မယ်ဆိုတာကိုတော့ Comment လေးတွေမှာ သည်းခံပြီးစောင့်ဖတ်ပေးပါ ၊ အဖြေ တစ်ခုခုတော့ရနိုင်လိမ့်မယ်တင်ပါတယ်နော်။
ကဲ.. စင်္ကာပူမှ မမတွေ နဲ့ မောင်လေး ၊ ညီမလေးတွေရေ တတ်နိုင်သလောက်ပြောပြဖြေကြားပေးကြပါနော်။ ဘယ်လို ပစ္စည်းပို့ရင်ရနိုင်မလဲဆိုတာ မသိသေးရင်လည်း ကျမဆီပစ္စည်းလက်ဆောင်ပို့ပေးပြီး အတွေ့အကြုံရယူချင်ရင်လည်းရပါတယ်။ ပစ္စည်းကိုကျမလက်ခံပေးပါ့မယ်နော်။ အဟီး ( မီးမီးနစ်နာနေဦးမယ်)
ခင်မင်ရပါသော..စင်္ကာပူမှ မောင်နှမများကို အားကိုးပါရစေနော်။

အားလုံးကိုလေးစားခင်မင်လျှက်
ဝါ၀ါခိုင်မင်း

Wednesday, November 5, 2008

လွမ်းနေပါသည်မြန်မာပြည်

တောင်ကြီးတန်ဆောင်တိုင် နဲ့ မုန့်ဈေးတန်းကြီးကိုလွမ်းတယ်။
တိုဖူးနွေး ၊ တိုဖူးနှစ်ပြန်ကြော် ၊ ခွက်လန်ဖုန်း နဲ့ ဟင်းထုတ်တွေကိုလွမ်းတယ်။
ကချင်ပြည်နယ်ကဆန်စီးခေါက်ဆွဲနဲ့ပိန်းပေါင်း ကိုလွမ်းတယ်။
ကျောက်မြောင်းကမော်လမြိုင်ကပ်ကျေးကိုက်နဲ့ရွှေရင်အေးကိုကိုလွမ်းတယ်။
လှည်းတန်းကရှမ်းတောင်တန်းရှမ်းခေါက်ဆွဲနဲ့ လှည်းကလေးနဲ့ဒိန်ချဉ်ကိုလွမ်းတယ်။
မိန်းထဲကအဓိပတိလမ်းမကြီးနဲ့ဦးချစ်လဘက်ရည်ဆိုင်ကိုလွမ်းတယ်။
မြေနီကုန်းကတင်တင်အေးမုန့်ဟင်းခါးနဲ့လောကနတ်လဘက်ရည်ဆိုင်ကိုလွမ်းတယ်။
အလုံက ကုန်းထက်ကြက်ဆီထမင်းနဲ့ နှင်းတောင်ရေခဲမုန့်ကိုလွမ်းတယ်။
လမ်းမတော်ကရွှေပုဇွန်ရေခဲမုန့်၊ဖာလူဒါနဲ့ဒိုမီနိုဆိုင်ကြီးကိုလွမ်းတယ်။
မောင်နှမတွေအတူသွားစားခဲ့ကြတဲ့ရန်ကင်းကြေးအိုးဆီချက်ကိုလွမ်းတယ်။
တရုတ်တန်းက၀က်သားကောက်ညင်းထုပ်၊ တုတ်ထိုး၊ ၀က်သားကင်တွေကိုလွမ်းတယ်။
ရွှေတိဂုံဘုရားလမ်းက အမှတ်တရဟင်းထုပ်နဲ့ရှမ်းခေါက်ဆွဲဆိုင်လေးကိုလွမ်းတယ်။
ရွှေဂုံတိုင် Excel Shopping Mall ၉လွှာကစားသောက်ဆိုင်လေးကိုလွမ်းတယ်။
ဘုရားသွားတိုင်းရောက်ဖြစ်တဲ့ Oriental House က Dimsum တွေကိုလွမ်းတယ်။
သီချင်းနားထောင်ရင်းအအေးသောက်ခဲ့ဖူးတဲ့ Mr. Guiter ကိုလွမ်းတယ်။
မကြာခဏရောက်ခဲ့တဲ့ Mr. Poem က Dimsum နဲ့အုန်းနို့ခေါက်ဆွဲကိုလွမ်းတယ်။
ယုဇနပလာဇာနားကကြက်လျှာစွန်းဒန်ပေါက်ကိုလွမ်းတယ်။
ရွှေဘုံသာလမ်းက J' Donuts နဲ့ ထိုင်းသဘောင်္သီးထောင်းဆိုင်ကိုလွမ်းတယ်။
ကမ္ဘာအေးဘုရားလမ်းက အိန္ဒိယဘူဖေးစားသောက်ဆိုင်လေးကိုလွမ်းတယ်။
သူငယ်ချင်းတွေနဲ့အတူသွားစားခဲ့ကြတဲ့ယုဇနဂါးဒင်းဟော်တယ်က တရုတ်စတိုင်ဘူဖေးကိုလွမ်းတယ်။
ညကျရင်အော်ရောင်းတတ်တဲ့ "ကောက်ညှင်းထုတ်ပူပူလေး" ကိုလွမ်းတယ်။
ပလာတာ၊ အီကြာကွေး၊ ထမင်းကြော်၊ နံပြားနဲ့ပဲပြုတ်၊ ရှောက်သီးသုတ်၊ လဘက်သုတ်အစုံရတဲ့ အိမ်နားက Yakuzaလဘက်ရည်ဆိုင်လေးကိုလွမ်းတယ်။
နောက်ဆုံး..နောက်ဆုံး..နောက်ဆုံးမှာတော့ မြန်မာထမင်းဟင်းတွေအစုံရတဲ့ ဓနုဖြူဒေါ်စောရီထမင်းဆိုင်ကိုလွမ်းနေမိပါတယ်။

(ဆားချက်တာဟုတ်ဖူးနော်. နေမကောင်းတာနဲ့ စားချင်တာတွေကိုတွေးမိပြီး ရေးဖြစ်လိုက်တာ. :P
စားချင်တဲ့သူတွေ စာရင်းပေးထားကြနော်.မြန်မာပြည်ရောက်ရင်တူတူ သွားစားကြမယ်လေ။) :P

Tuesday, November 4, 2008

Scorpio ရာသီဖွား မောင်နှမများ အတွက်


မောင်ငယ်ဥယျာဉ်မှူး မှ ကျမအတွက်မွေးနေ့လက်ဆောင်အဖြစ် ဆရာစံဇာဏီ-ဘို ရဲ့ တစ်နှစ်စာဗေဒင်ဟောစာတမ်းလေးကို ပို့စ်အဖြစ်တင်ပေးခဲ့တာကိုကျမ နဲ့ ရာသီဖွားတူကြတဲ့ Scorpio
ရာသီဖွားမောင်နှမလေးများ ဖတ်ရလေအောင် မောင်ငယ်ဥယျာဉ်မှူးထံမှကူးယူဖော်ပြပေးလိုက်ခြင်းဖြစ်ပါတယ်
ရှင်။
ဒီစံဇာဏီ-ဘို ရဲ့ စာအုပ်ကလေးကို ကျမက ဖတ်ချင်တယ်လို့ ပြောမိတာနဲ့ မောင်ငယ်ဥယျာဉ်မှူး ရဲ့ မဟေသီလောင်းညီမလေး က ကျမအတွက်ဝယ်ပေးခဲ့တာပါ။ အဲ့ဒါလေးကို မွေးနေ့မှာဖတ်လို့ရအောင် မောင်ငယ်က ပို့စ်အဖြစ်တင်ပေးခဲ့ခြင်းဖြစ်ပါတယ်ရှင်။
မောင်လေး နဲ့ ညီမလေး တို့ကို ကျေးဇူးတင်ပါတယ်နော်။ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

Scorpio ရာသီဖွား

အောက်တိုဘာ ၂၄ မှ နိုဝင်ဘာ ၂၂ အတွင်းတည်ရှိသောရက်များကို ရာသီခွင် တစ်ခုနှင့်တစ်ခု ဆက်စပ်မှု၊ တည်ရှိသောရက် အနုအရင့်အလိုက်အသေးစိတ် သတ်မှတ်ပြီး အပိုင်း ၅ ပိုင်း ခွဲခြားသတ်မှတ်ထားပါသည်။
LIBRA-SCORPIO CUSP-SCORLIBRAN- (Oct 24-25)
SCORPIO I- (Oct 26-Nov2)
SCORPIO II- (Nov 3-Nov 11)
SCORPIO III- (Nov 12- Nov 18)
SCORPIO-SAGITTARIUS CUSP SCORSAGIANS- (Nov 19- Nov 22)

ဤကာလ ၅ ခုအတွင်း မွေးဖွားသောသူ အားလုံးတို့ကို ပေါင်းစည်း၍ SCORPIO ရာသီဖွားများဟုသတ်မှတ်
သည်။

၎င်း ၅ ခုအနက်မှ မမ၀ါနှင့်သက်ဆိုင်သော SCORPIO I- (Oct 26-Nov2) အားထုတ်နှုတ်တင်ပြရပါသော်…

SCORPIO I- (Oct 26-Nov2)

၎င်းရက် ၈ ရက်တွင်မွေးသောသူများသည် Scorpio ရာသီ၏ အနှစ်သာရ ပထမပိုင်းတွင် မွေးသူများဖြစ်ပေရာ SCORPIO I များဟုသတ်မှတ်သည်။ အရာရာအပေါ်တွင် စိတ်အားပြင်းထန်စွား လေးနက်မှု အပြည့်ဖြင့် လုပ်ကိုင်တတ်သောသူများဖြစ်၍
” INTENSITY ” များဟုသတ်မှတ်သည်။ ကိုယ်ပိုင် အစွမ်းအစနှင့် တိုးတက်မှုများရရှိမည်။ နှံ့နှံ့စပ်စပ် လေ့လာပြီး ပိုင်ပိုင်နိုင်နိုင် တိတိကျကျ လုပ်တတ်သည်။ မိမိအပေါ်ကောင်းကျိုး၊ ဆိုးကျိုး ပြုသူမှန်သမျှကို ခံစားချက်အပြည့်ဖြင့် မှတ်သားပြီး အကောင်းအဆိုးကို
တုန့်ပြန်တတ်သည်။ စိတ်စေရာ ဦးစားပေး၍လုပ်တတ်သည်။ စီးပွားရေးနှင့် လုပ်ငန်းရေးရာပိုင်းတွင် ဦးဆောင်ဖြေရှင်းနိုင်စွမ်း မြင့်မားသည်။

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

အောက်ပါဟောစာတမ်းမှာ Scorpio ရာသီဖွားအားလုံးအတွက် ဟောစာတမ်းဖြစ်ပါသည်။

၂၀၀၈ နိဂုံး

၂၀၀၈ နိုဝင်ဘာ

ရည်မှန်းချက်များအောင်မြင်မည်။ မူလရည်မှန်းထားသည်ထက် ပို၍သာမြင့်သော အခြေအနေကောင်းများ ပေါ်ထွန်းမည်။
အပျက်အစီး အပျောက်အရှ အလေအလွင့်များ လျော့ပါးသွားမည်။ လုပ်ကိုင်မှုစွမ်းရည် မြင့်မားမှုနှင့် အတွေ့အကြုံများကြောင့်
တက်လမ်းအဆင့်ဆင့် ရရှိမည်။ ယုံကြည်လွှဲအပ်ခံရမှုနှင့် လုပ်ငန်းပိုင်းဆိုင်ရာ ချဲ့ထွင်မှုအတွက် ပူးပေါင်းစပ်ဟပ် လုပ်ကိုင်သောသူ
ပေါ်လိမ့်မည်။ လုပ်ရိုးလုပ်စဉ်လုပ်ငန်းများတွင်လည်းတိုးတက်မှု အဆင့်ဆင့် အခိုင်အမာ ရရှိသွားမည်။ လုပ်ငန်းခွင်မှသူများတွင် လုပ်ပိုင်ခွင့် ပိုမိုရရှိလာမည်။ရှိရင်းစွဲ အဆင့်ထက်မြင့်သော လုပ်ပိုင်ခွင့်ရမည်။ သြဇာကောင်းမည်။ အကြီးအကဲများ၏ အသိအမှတ်ပြုမှု
ကို ရရှိမည်။ လုပ်ကိုင်သမျှလည်း ထိရောက်မှု အလွန်ရှိမည်။ ဆန္ဒရှိသလောက်ရှေ့တိုးဆောင်ရွက်နိုင်သည်။ လုပ်ငန်းရှာဖွေနေသောသူများတွင်လည်းအလုပ်ကောင်းရမည်။ အပြောင်းအရွှေ့ စိတ်ကူးထားသူများ လိုရာပြောင်းရွှေ့ရခြင်း၊
တိုးတက်ခြင်းကြုံမည်။ ၀င်ငွေတိုးပွားခြင်း၊ လစာတိုးခြင်းရှိမည်။ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူများ မြှုပ်နှံထားသောငွေ၏ အကျိုးအ
မြတ်ကောင်းရမည်။ အမြတ်အစွန်း သင့်ရုံရမည်ဟု ထင်ထားသောကိစ္စများမှ မှန်းသည်ထက်ပို၍ ငွေဝင်မည်။ အခက်အခဲများ ပရမ်းပတာများကြားမှ အချိန်တိ ကွက်တိဖြစ်အောင် အလုပ်ကိစ္စများ ဆောင်ရွက်ရမည်။ အလုပ်ရှိန်မြှင့်တင်ချိန်တွင် ကျွမ်းကျင်သော အလုပ်သမားမရမှုကြောင့်စိတ်ရှုပ်နှောင့်နှေးမှုများ ကြုံပြီးမှ အရာရာ အဆင်ပြေမည်။ ကုန်ကြမ်းပစ္စည်းများကို ဈေးကြီးမိ ၀ယ်ယူရပြီး မိမိပြန်လည်ထုတ်လုပ်သောပစ္စည်းများ ဈေးတင်၍မရ။ ထုတ်လုပ်မှုအရေအတွက်များသောကြောင့် အမြတ်အစွန်းထေမိမည်။
အရောင်းအ၀ယ် ရင်းနှီးမြှုပ်နှံမှုလုပ်သူများ အကျိုးအမြတ်ကောင်းရမည်။ ပညာရှာသူများအဖို့ အောင်မြင်မှုအထူးကောင်းမည်။
လုပ်ငန်းတစ်ဖက်၊ ပညာတစ်ဖက် ပူးတွဲလုပ်သူများ အောင်ပွဲခံနိုင်သည်။ လူလွတ်များ စန်း ပွင့်မည်။ အိမ်ထောင်ကျကိန်းရှိသည်။

၂၀၀၈ နိုဝင်ဘာ ၁၊ ၂၊ ၄၊ ၅၊ ၁၁၊ ၁၅၊ ၁၇၊ ၂၃၊ ၂၇၊ ၂၈ ရက်နေ့များတွင်
အညံ့ရှိမည်။ အနှောင့်အယှက် အတိုက်အခံများနှင့် ထိပ်တိုက်တွေ့မည်။ စီစဉ်ထားသည်များ အလွဲလွဲအချော်ချော်ဖြစ်မည်။ အကုန်အကျများမည်။ အပျောက်အရှများမည်။ ပူးတွဲလုပ် သောသူများ ဒုက္ခပေးတတ်သည်။
စကားမတည်သောသူများကြောင့် အလုပ်အချိန်အဆ လွဲမှားမှုများ၊ ငွေကြေးလည်ပတ်မှု လမ်းချော်ခြင်းများ ကြုံမည်။ စာရွက်စာတမ်းကိစ္စ စကားများရတတ်သည်။ မိသားစု ƞ