ကချင်ပြည်နယ် ဇာတိဖြစ်သူ ကျွန်မဟာ ကချင်ပြည်နယ်က အစားအစာတွေကို အလွန်နှစ်သက်ပါတယ်...ကချင်ပြည်နယ်မှာမွေးပြီး၊အသက် ၁၈ နှစ်လောက်မှာ မေမေ့ရဲ့မွေးရပ်ဇာတိမြေ အညာမြို့လေးကိုပြောင်းခဲ့တော့ အညာအစားအသောက်တွေကိုတော့ ကျွန်မသိတ်မကြိုက်တတ်ခဲ့ပါဘူး။အညာမြို့လေးမှာ ၆ နှစ်လောက်နေဖြစ်ခဲ့ပြီး ကြိုက်နှစ်သက်မိတဲ့ဟင်းတွေရှိပေမယ့် အရမ်းကြိုက်နှစ်သက်ခဲ့တဲ့ဟင်းတွေ သိတ်မရှိသလောက်ပါပဲ.....ကျွန်မ အခုအချိန်အထိ လွမ်းနေဖြစ်တာကတော့ ကချင်ပြည်နယ်က အစားအစာတွေပဲ ဖြစ်ပါတော့တယ်.....
ကျွန်မရဲ့မွေးရပ်ဇာတိမြေ ကချင်ပြည်နယ်၊မိုးညှင်းမြို့လေးမှာ ကချင်တိုင်းရင်းသူတွေရှိကြသလိုပဲ ၊ ရှမ်းတိုင်းရင်းသူ ၊တိုင်းရင်းသားတွေက တော်တော်လေးများပါတယ်........ကျွန်မတို့မြို့လေးမှာ အ.ထ.က (၁) နဲ့ အ.ထ.က(၂)ဆိုပြီး အထက်တန်းကျောင်း ၂ကျောင်းရှိပါတယ်..ကျွန်မက အ.ထ.က (၂) ကျောင်းသူတစ်ယောက်ပါ...ကျွန်မ ၁၀တန်းနှစ်မှာ ကျွန်မတို့အတန်းမှာ ကျောင်းသူ ၊ကျောင်းသား အယောက် ၄၀ ကျော်ရှိခဲ့ပါတယ်.... သူငယ်ချင်းအတန်းဖော် ကျောင်းသူ ၊ကျောင်းသား အယောက် ၄၀ ကျော်မှာ ကချင်လူမျိုးက ၅ ယောက်လောက်ပါပါတယ်... ရှမ်းလူမျိုးက တော်တော်များပြီး ၁၀ယောက်ကျော်ရှိပါတယ်...ကျန်တဲ့သူတွေကတော့ ရှမ်းဗမာလူမျိုးတွေ ၊ ဗမာလူမျိုးတွေ ၊ ကုလား ၊တရုပ် သူငယ်ချင်းတွေ အစုံပါဝင်ကြပါတယ်...ကျွန်မ ဖေဖေကရှမ်းဗမာ ၊ မေမေက ဗမာလူမျိုးဖြစ်တာကြောင့် ကျွန်မကလည်း ရှမ်းသွေးနည်းနည်းပါတဲ့ ရှမ်းဗမာလူမျိုးတစ်ယောက်ပါ။ကျွန်မဖေဖေ့ရဲ့အမေ ၊ကျွန်မရဲ့အဖွားက ရှမ်းသွေးတော်တော်စပ်ပြီး အသားအလွန်ဖြူပါတယ်... အဖွားက ကျွန်မတို့မိသားစုနဲ့အတူနေတာမို့ ဖွားဖွားချက်ကျွေးတဲ့ ရှမ်းအစားအသောက်တွေကို ကျွန်မအလွန်ကြိုက်တတ်ခဲ့ပါတယ်....ဒါပေမယ့် အဖွားကိုတော့ ကျွန်မ မချစ်ခဲ့ပါဘူး..ဟတ်ဟတ်... မေ့မေ့ဘက်က အဖိုးနဲ့ အဖွားကိုပဲ အရမ်းချစ်ခဲ့တာပါ။း))
ကျွန်မငယ်ငယ်က ဖွားဖွားချက်ကျွေးခဲ့တဲ့ ကချင်ဟင်းတွေရော ၊ ရှမ်းအစားအစာတွေကိုရော အရမ်းကြိုက်ခဲ့ပါတယ်...ကချင်ပြည်နယ် အစားအစာတွေထဲမှာ ကျွန်မအရမ်းကြိုက်တဲ့ အစားအစာလေးတွေကတော့ ဟင်းစုံပေါင်း ၊ မုန့်ညင်းပေါင်း ၊ ပိန်းပေါင်း ၊ ခရု နဲ့ ဆီတိုဖူးချက် ၊ ငှက်ပျောဖူးပေါင်း ၊ ကြက်သားကချင်ချက် တွေ အလွန်ကြိုက်ခဲ့သလို ၊မေမေ့ဘက်က ဖိုးဖိုးနဲ့ဖွားဖွားချက်ကျွေးခဲ့တဲ့ ငါးခူငပိချက် ၊ ခရမ်းချဉ်သီးပန်ထွေဖျော် ၊ခရမ်းသီးနှပ် ၊ ဆူးပုတ်ကြော် ၊ ငါးပိရည် တို့စရာအစုံ ၊ ဒညင်းသီးအုန်းနို့ဆမ်း ၊မရမ်းသီးထောင်းတို့ကို အလွန်ကြိုက်ခဲ့ပါတယ်....ကျန်တာတွေလည်း အများကြီးရှိနိုင်ပါသေးတယ် ၊မမှတ်မိတော့လို့ပါ။
ဖွားဖွားပိန်းပေါင်းပေါင်းရင် ကျွန်မအရမ်းပျော်ခဲ့ပါတယ်... ကျွန်မက ပိန်းပေါင်းအရမ်းကြိုက်တာလေ... ကချင်ပြည်နယ်မှာတုန်းက ကျွန်မတို့အိမ်ခြံဝင်းကြီးက အကျယ်ကြီးပါပဲ....အိမ်ရှေ့မှာ နှင်းဆီခြံလေးစိုက်ထားသလို အိမ်နောက်ဖက်မှာ သရက်ပင် ၊မာလကာပင် ၊ သပြေပင် ၊ ငြုပ်ပင် ၊ ကဇွန်းခင်းလေးနဲ့ ဗူးစင်လေးတွေရှိတာကို မှတ်မိပါသေးတယ်...ဟိုး...အိမ်နောက်ဖက်မှာတော့ ငါးကန်ကြီးရယ် ၊ပိန်းပင်တွေအများကြီးပေါက်နေကြပါတယ်.....ကျွန်မတို့အိမ်နဲ့ မေမေ့ရဲ့ဖေဖေ နဲ့မေမေဖြစ်တဲ့ ဖိုးဖိုးနဲ့ဖွားဖွားတို့ရဲ့အိမ်က ဘေးချင်းကပ်ရက် အိမ်ဆင်တူဆောက်ထားကြတာပါ။ဒါကြောင့်မို့ အိမ်နှစ်အိမ်စာ ၀င်းအကျယ်ကြီးမို့ ခြံဝင်းထဲမှာ အပင်မျိုးစုံရှိနေခဲ့ပါတယ်.... ဖွားဖွားက ပိန်းပေါင်းတော့မယ်ဆိုရင် ခြံနောက်ဖက်မှာပေါက်နေတဲ့ ပိန်းပင်တွေမှာ ပိန်းညွှန့်အဖူးလေးတွေသွားခူးကြတာ လက်တွေယားကြပါတယ်... ဒါပေမယ့် ကျွန်မကြိုက်တဲ့ ပိန်းပေါင်းစားရမှာမို့ပျော်ပါတယ်...ပိန်းပေါင်းဘယ်လိုပေါင်းတာလဲဆိုတာကိုတော့ ကျွန်မမမှတ်မိတော့ပါဘူး။ပိန်းတွေခူးလာပြီးရင် ဖွားဖွားကသေခြာရေထဲမှာဆေးပြီး ၊ပိန်းညွှန့်လေးတွေကို ဒါးနဲ့ ပါးပါးလှီးပြီး ဆားတွေ ၊အချိုမှုန့်တွေ ၊ဆန်မှုန့်တွေ ဘာတွေ ၊ညာတွေထည့်ပြီးနယ်ပါတော့တယ်...း) အဲဒီပိန်းကိုနယ်တဲ့ အနံ့လေးထွက်လာရင်ပဲ ကျွန်မမှာသွားရည်ကျတော့တာပါပဲ... အဲဒီ ဆား၊အချိုမှုန့် ၊ဆန်မှုန့်နဲ့ တခြားအစုံထည့်နယ်ထားတဲ့ ပိန်းတွေကို ငှက်ပျောဖက်ကလေးတွေနဲ့ မုန့်ဖက်ထုတ် ထုတ်သလို ထုတ်ပြီးတော့ ပေါင်းအိုးကြီးနဲ့ပေါင်းပါတော့တယ်...... ပေါင်းထားတဲ့ ပိန်းပေါင်းအိုးကြီးကျက်သွားရင်တော့ အားရပါးရ ပိန်းပေါင်းတွေကို ကျွန်မစားခဲ့ရပါတယ်.... ပိန်းရွက်အဖူးလေးတွေကို ပေါင်းစားကြတာ ကချင်ပြည်နယ်မှာပဲရှိတာမို့ မစားဘူးကြတဲ့သူတွေ ဖတ်မိရင်တော့ အံ့သြကြမယ်ထင်ပါတယ်......အခုတော့ ကချင်ပြည်နယ်မှာသာစားဖူးခဲ့တဲ့ ပိန်းပေါင်းကို ကျွန်မ မစားရတာ နှစ်ပေါင်း ၂၀ ကျော်သွားခဲ့ပါပြီ။
ပိန်းပေါင်းနဲ့ ပတ်သက်ပြီး အမှတ်တရလေ့တစ်ခုကိုပြောပြချင်ပါသေးတယ်..ကျွန်မရန်ကုန်မှာကျောင်းတက်တော့ ဖေဖေရဲ့ အစ်ကိုအရင်းဖြစ်သူ ကျွန်မရဲ့ဦးကြီးအိမ်မှာ ညီမတစ်ဝမ်းကွဲများနဲ့ အတူတူနေခဲ့ကြပါတယ်....ကျွန်မတို့နေတဲ့ အိမ်က ရန်ကုန်ပင်မတက္ကသိုလ်ကြီး နားမှာပါပဲ......နောက်ပြီး ဖေဖေ့ရဲ့ ညီတစ်ဝမ်းကွဲတစ်ယောက်က ရန်ကုန်စိတ်ရောဂါအထူးကုဆေးရုံကြီးမှာ ကြီးကြပ်ရေးမှူးတစ်ယောက်ဖြစ်တာကြောင့် ရန်ကုန်ခြောက်မိုင်ခွဲမှာနေပါတယ်....အဲဒီ ဦးလေးရဲ့ အိမ်ကိုလည်း မကြာခဏသွားလည်တတ်ပါတယ်... တစ်ရက်တော့ ဦးလေးနေတဲ့ ခြောက်မိုင်ခွဲအိမ်ဝင်းရဲ့အပြင်ဘက် လမ်းဘေးခြံဝင်းကြီးထဲမှာပေါက်နေတဲ့ ပိန်းတွေကို ညီအစ်မတစ်စုမြင်ကြလေတော့ မနေနိုင် မထိုင်နိုင် ပိန်းပေါင်းစားချင်စိတ် ပေါက်သွားကြပါတယ်..ဟတ်ဟတ်..း))ကျွန်မရဲ့ ညီအစ်မ၀မ်းကွဲတွေကလည်း ကချင်ပြည်နယ် လုံးခင်း ၊ဖားကန့်သူတွေလေ ၊ အဒေါ်ဖြစ်သူက ရှမ်းအစစ်ပါ ၊သူတို့ကလည်းပိန်းပေါင်းအရမ်းကြိုက်ကြတာမို့ ပိန်းပင်တွေ မြင်တာနဲ့ ထမီတိုတိုဝတ်ကြပြီး လမ်းဘေးက ပိန်းတွေကို ဆင်းခူးကြပါတော့တယ်.းဝ) အဲဒီဦးလေးတို့နေတဲ့ ခြောက်မိုင်ခွဲအိမ်က စိတ်ရောဂါအထူးကုဆေးရုံကြီးရဲ့ ၀န်းထမ်းအိမ်ရာဝင်းဖြစ်တာမို့ လူသွားလူလာသိတ်မရှိပါဘူး။ ကျွန်မတို့ ညီအစ်မတွေ ထမီတိုတိုလေးတွေဝတ်ပြီး ပိန်းညွှန့်လေးတွေကို ဆင်းခူးကြတော့တာပေါ့လေ...း)) အဲဒီအချိန်မှာပဲ ဦးလေးတို့ အိမ်နားကအန်တီကြီးတစ်ယောက်က ရောက်လာပြီး ညီမလေးတို့ ပိန်းရွက်တွေဘာလုပ်ကြမလို့လဲ..
ဝက်ကျွေးဘို့ခူးနေကြတာလားလို့ ဆိုလေတော့ ကျွန်မတို့ ညီအမတွေ အူတက်နေကြတော့တာပါပဲ..တခွီးခွီးနဲ့ရယ်ပြီး ဟုတ်ကဲ့လို့ပြောပြီး ပိန်းရွက်ကလေးတွေ ဆက်ခူးနေခဲ့ကြပါတယ်... အဲဒီလို အပြောခံရအောင်ကို ပိန်းပေါင်းကို အရမ်းကြိုက်ခဲ့တာပါ။း))
အခုလည်းကြိုက်နေဆဲပါပဲ... ဦးဥာဏ်ကို ဒီတခေါက်မြန်မာပြည်ပြန်ရင် ကချင်ပြည်နယ်အစားအစာတွေကို သတိရလို့သွားလည်ပြီး စားကြရအောင်လို့ ပြောပြထားပါသေးတယ်...ကချင်ပြည်နယ်အစားအစာတွေက ရှမ်းပြည်နယ် အစားအစာတွေနဲ့တော်တော်များများ တူပါတယ်.....ရှမ်းခေါက်ဆွဲ ၊ ဆန်ခေါက်ဆွဲ ၊မြီးရှည် ၊ရေစိမ်ခေါက်ဆွဲ ၊မုန့်ဖက်ထုတ် ၊၀က်သားကောက်ညှင်းထုတ် ၊ ၀က်သားကောက်ညှင်းလုံး ၊ နှစ်စဉ်စည်ကားစွာပြုလုပ်တဲ့ ရှမ်းပွဲတော်တွေမှာ ရောင်းတဲ့ ရှမ်းကောက်ညှင်းကျဉ်တောက် ၊ ထမင်းချိုးကြော်လေးတွေကိုလည်း ကျွန်မကြိုက်ပြီး သတိတရလွမ်းနေတတ်ပါတယ်...။နောက်ပြီး မေမေခဏခဏသုတ်ကျွေးတတ်တဲ့ ထမင်းသုတ်ကိုလည်း ကျွန်မအရမ်းကြိုက်ပါတယ်..မေမေ ထမင်းသုတ်ကျွေးရင် ချဉ်ပေါင်ဟင်းရည်ကျဲလေးနဲ့ အတူစားရတာမို့ အရမ်းစားကောင်းပါတယ်..... ဒီရောက်တော့ တစ်ခေါက်ပဲသုတ်စားဖြစ်ခဲ့ပါတယ်..ပုဇွန်ခြောက်မှုန့်ကကုန်နေတော့ မထည့်ရဘူးလေ...အဲဒီတော့ သိတ်စားမကောင်းနေခဲ့ပါဘူး။း) ရှိသေးတယ် အခုအရမ်းစားချင်နေတာက ချဉ်ပေါင်ဟင်းပါ။ချဉ်ပေါင်ရွက်ပြတ်နေတာ နှစ်ဝက်လောက်ရှိသွားပါပြီ... မှာထားတာလည်းမရောက်လာပါဘူး။ဂျပန်မှာ ချဉ်ပေါင်ရွက်က ဈေးကြီးပါတယ်...ချဉ်ပေါင်ရွက်ကျိုပြီးသား 1kg ကို ယန်း ၃၀၀၀ လောက်ကျပါတယ်...အခု အရမ်းစားချင်နေပါတယ်... ချဉ်ပေါင်ရွက်ဟင်းရည်ကလည်း ကျွန်မ အရမ်းကြိုက်တဲ့ဟင်းတစ်မျိုးပါ။
နောက်ပြီးတော့ ကချင်ပြည်နယ်မှာနေစဉ် နှစ်စဉ်စည်ကားသိုက်မြိုက်စွာကျင်းပခဲ့တဲ့ ကချင်မနောပွဲတွေမှာကျွေးတဲ့ အမဲသားဟင်း နဲ့ ပန်းဥထောင်းဟင်းဟာလည်း အရမ်းစားကောင်းခဲ့တာပါ။ကျွန်မကြိုက်တဲ့ ကချင်ပြည်နယ်က စားစရာတွေ နောက်ထပ်အများကြီးရှိနေနိုင်ပါသေးတယ်...ကချင်ပြည်နယ်နဲ့ ခွဲခွါလာတာ အနှစ် ၂၀ ကျော်သွားပြီမို့ ကျွန်မမှတ်မိသော ငယ်ဘ၀ကိုအမှတ်တရဖြစ်စေတဲ့ဟင်းလေးတွေအကြောင်ကို ဒီထက်ပိုပြီး မမှတ်မိနေတော့ပါဘူး။
ညီမလေး မေကဆုန် ရေ ငယ်ဘ၀ကိုအမှတ်ရစေတဲ့ဟင်းအကြောင်း တက်ဂ်ပို့စ်လေးရေးခိုင်းထားတာ ကြာသွားပြီ ၊ မမ အခုမှပဲ အကြွေးဆပ်နိုင်တော့တယ်...ကျေနပ်နိုင်ပါစေကွယ်........
(ဂူဂဲမှာ ပိန်းပေါင်းဆိုပြီးရှာကြည့်တော့ ကချင်ပြည်နယ်သူ ၊ ပြည်နယ်သားတွေရဲ့ဘလော့ဂ်လေးတွေကိုတွေ့ရပါတယ်... ညီမလေးမိုးကောင်းသူ ၊ မောင်ငယ်မိုးသောက် ၊မောင်နိုင်ကိုတို့ရဲ့ဘလော့ဂ်လေးတွေမျာ ပိန်းပေါင်းအကြောင်းပြောထားတာလေးတွေကိုတွေ့ရပါတယ်...ပိန်းပေါင်းလုပ်နည်း ရှိမလားလို့ရှာကြည့်တာပါ။ ရေးထားတာ မတွေ့ပါဘူး..း)
အားလုံးကိုလေးစားခင်မင်လျှက်
ဝါ၀ါခိုင်မင်း

22 comments:
၁ ကွ ဟဟဟဟ
ဖတ်သွားတယ် မမဝါ ပိန်းပေါင်းးး မစားဖူးဘူးရယ် စားချင်လိုက်တာနော် အဟီးးးး
မမပြောတာနဲ့တင် ဗိုက်ဆာလာပြီဗျ ဟဟဟ
မရေ.................
ပိန်းပေါင်းလာစားတယ်
စားချင်လိုက်တာနော်
ဒီနေ့ တော့ပိန်းရွက်လေးချက်ထားတယ်သိလား
မြူးဖေကြီး မေမေကလဲရှမ်းဆိုတော့
ရှမ်းအစားအစာတွေကြိုက်တယ်
ဟင်းပေါင်းစုံ အကြိုက်ဆုံး
နန်းမားကငါးကလေးချဉ်သုပ် ကြိုက်တယ်
စားချင်လိုက်တာ
း)
ကျမသမီးလေးက ချဉ်ပေါင်ဟင်းအရမ်းကြိုက်တယ်...
အခုလိုအချိန်မျိုးဆို စာတိုက်ကနေ ပြီး မယ်ရီလင်းကိုလှမ်းမှာပြီး မီးဖိုပေါ်အပူပေး အအေးခံပြီး
တနှစ်စာအတွက် ရေခဲသေတ္တာမှာထည့်ခဲထားရတယ်...
အခုတောင်ကုန်နေလို့ မှာဖို့အခုမှသတိရသွားတယ်..ကျေးဇူး....
mie nge
ပိန်းပေါင်း လာစားသွားပါတယ် မ၀ါရေ..
ကချင်ပြည်နယ်မှာ ဒညင်းသီးရတာ မ၀ါပြောမှသိရတယ်... ပိန်းပေါင်းဆိုတာ ပိန်းဥတွေရော ပိန်းရွက်တွေရော ပေါင်းထားတာကိုပြောတာလားဟင် ... :)
မောင်ဖားကြီး..
အယ်..ကချင်ပြည်နယ်မှာဒညင်းသီးမရှိဘူးလား..း))
ပြောမှပဲ ရှိ မရှိ အမတောင်မသိတော့ဘူး..ဟတ်ဟတ်.
စားရတာတော့သေခြာတယ်.. ဘိုးဘိုးနဲ့ဘွားဘွားက
အညာသူတွေဆိုတော့ သူတို့အလည်သွားရင်ပါလာ
တယ်လေ.. အရမ်းကြိုက်လို့ မှတ်မိနေတာ.း)
ဘယ်ကလာ..ပိန်းပေါင်းက ပိန်းဥမပါပါဘူး။ ပိန်းအညွှန့်
အလိပ်ကလေးတွေကို ပေါင်းထားတာ..အရမ်းစားလို့
ကောင်းတာ..း) သိုင်းကျူး
ကျမလဲချဉ်ပေါင်ဟင်းကြိုက်တယ်... နိုင်ငံခြားနေနေရလို့ထင်ရဲ့... သတိရစရာဟင်းတွေကအများသားနော်
မမ၀ါဝါ
မိုးညှင်းကို လွမ်းသွားပြီ။ နှင်းဆီဖြူလေးနဲ့ ဘေဘီလေးက မိုးညှင်းမှာလေ။
ပိန်းပေါင်းတော့ စားဖူးဘူး။
ခင်မင်စွာဖြင့်
သီဟသစ်
မမ ပိန်းပေါင်းတော့ ပြာလဲ မစားဖူးဘူးတော့၊ ပြာက အစားအသောက် ဂျီးများတတ်လို့ အစားစုံလဲ သိတ်မစားဖူးတာ ထင်ပါတယ်၊ မမ လာရင် မချက်တတ်ပေမဲ့ ချည်ပေါင်ဟင်း ချက်ပေးမယ်နော်
အိမ်ပြန်မှ ပိန်းပေါင်းလုပ်နည်းသင်ခဲ့ပါအုံးမယ် မမ၀ါ။
လုပ်ပြန်ပြီ
လွမ်းစရာဟင်းတွေ...
...............
ဗိုက်ဆာလိုက်တာ မမရယ်...သားရေယိုရင်းဖတ်သွားပါတယ်...း-)
ပိန်းပေါင်း လာစားတာ မမ၀ါ :)
မမ၀ါ ပျော်ရွှင် ငြိမ်းချမ်းပါစေ :)
မမ ညလေး ပေါင်းတာ လာစားတာ
သူများစားတာ ကုန်နေပီ
နည်း2ပဲ စားလိုက်ရတယ်
ထပ်ပေါင်းပေး ....:)
ခေါပုတ် တို့ ပိန်းပေါင်း တို့က မြစ်ကြီးနားကို လာတဲ့အချိန်မှာ ရထားဘူတာတွေမှာ အများစု တွေ့ရတယ်လို့ထင်တယ်ဗျ...စားလို့ကောင်းပါတယ်.. ဘူတာတွေမှာ ကချင်ရိုးရာ ဆေးဝါးတွေလည်း အများကြီးပါပဲ...ကချင်ပြည်နယ်ကိုတာဝန်ကျလို့ ရောက်လာတဲ့အချိန်မှာတော့ ကချင်ပြည်နဲ့ရဲ့တောတောင်သဘာဝအလှတွေကတော့ ရေးဖွဲ့လို့ကုန်မယ်မထင်ပါဘူး..:)...ဗိုလ်လောင်း တုန်းက ကျွန်တော့်အကို Guardian ပေါ့..သူကတော့ မိုးကောင်း ကပဲ..ကျွန်တော့ထက် ၁နှစ်ကြီးတာပေါ့...သူတို့ကတော့ မိုးကောင်းသားတွေပါ...စကားကတော့ သိပ်မပီဘူးဗျ :)... ကျွန်တော်တောင် ကချင်စကားသင်မလို့ပဲဗျ..ဒီကို ပါလာလို့မသင်လိုက်ရဘူး..လီစူး စကားတွေက တော်တော်ရှုပ်သားပဲ...သင်ချင်တဲ့အကြောင်းရင်းကတော့ အမျိုးမျိုးတော့ရှိတာပေါ့နော် :D... နောင် အချိန်ရရင် ကချင်ပြည်နယ်အတွေ့ကြုံလေးတွေထပ်ရေးပါအုံးမယ် :)..
တားတားလဲ ကြက်ကချင်ချက်ကြိုက်တယ်
တီဝါရေး...နောက်ကြုံရင်ချက်ကျွေးပါဗျို့
ပိန်းပေါင်း စားလို့ရတာ ခုမှကြားဖူးတာ.... အဟီးး.... အာခေါင်မယားဘူးလားဟင်..... ခူးရတာတောင် လက်ယားတယ်ဆိုလို့ပါ....ရှမ်းပြည်ဘက်မရောက်ဖူးဘူး။ သွားလည်ချင်သေးတယ်...
မမရေ.. အစားအစာတော်တော်များများက ရင်နှီးနေပါတယ်၊ ကချင်စာ ရှမ်းစာရယ်လို့ မသိဘူး.. အကုန်စားတာပဲ ;)
မမ ရေးတဲ့နည်းနဲ့ ပဲကပ်ကြော်ကြော်ပြီးပါပြီ၊ ကျေးဇူးပါ
မမ၀ါရေ...... ပိန်ပေါင်း ဆိုတာ ခုမှ ကြားဘူးတာ။ မမ၀ါ စင်္ကာပူလာရင် ချက်ကျွေးနော်။ ခုထဲက ပါးစပ်ပြင်ထားတယ်။ ဟီး
ချစ်တဲ့ မမ၀ါခေါ်တဲ့
ညစ်တာေ၇ာင်ပြန်
ချစ်မမရေ
သတိရစရာတွေ တယ်များသကိုး။
မမလာရင်ချက်ပေးမဲ့ထဲ ချဉ်ပေါင်ကြော် ထည့်လိုက်ပီ။
ပြီးတော့ ချဉ်ပေါင်ရွက် အခြောက်တွေ အိမ်ကိုမှာထားပေးမယ် မမ။အိမ်ကမေလေးဆီ အခြောက်လှမ်းပြီး ပိုပေးနေကျ။ အရသာနည်းနည်းပေါ့သွားပေမဲ့ မဆိုးပါဘူးမမ။
မမလာမှလက်ဆောင်ပေးရမယ်။
မမကိုချစ်တဲ့
မေလေး
အမှန်ပြောတာ။ ပိန်းဥ စားဖူးတယ်။ ပိန်းပန်းအညွန့်လေးတွေတော့ စားလို့ရမှန်း မသိဘူး။ စားကြည့်ဦးမယ်။
Post a Comment