အိပ်ရာနိုးနိုးချင်း သမီးလေးကTVထဖွင့်တော့ ကျွန်မကလည်း ကွန်ပြူတာခလုပ်ကလေးကို အရင်ထဖွင့်လိုက်ပါတယ်..း)ကွန်ပြူတာဖွင့်ပြီး အရင်ဆုံးမေးလ်စစ်ပါတယ်...အလှူကိစ္စအတွက် ရန်ကုန်မှ အဆက်အသွယ်မေးလ်ကိုမျှော်နေတာပါ.. နောက်ထပ်အလှူတစ်ခု ထပ်လုပ်ဦးမှာမို့ ပို့စ်တင်ဘို့အရေးတကြီးစုံစမ်းနေရတာလေ...ရောက်နေတဲ့မေးလ်မှာ အရုပ်ကလေး( Idulize)က “အမ၀ါရေ ...ဦးဇင်းက ဖုန်းခေါ်ပါဦးလို့ပြောပါတယ် ”ဆိုလို့ ဦးဇင်းနဲ့စကားပြောရာမှာ အမှားမှား အယွင်းယွင်းနဲ့ အဆင်မပြေတတ်တဲ့ ကျွန်မက နဲနဲစိတ်လေသွားပါတယ်..း) ဦးဇင်းကိုလည်း ဟုတ်ကဲ့ရှင့် လို့ပြောလိုပြော ၊ စဉ်းစားနေရင် ဂျပန်လို အဲတို.... ဆိုပြီး ဂျပန်လိုပါပြောနေမိနေတော့ ဦးဇင်းကို စကားပြောရတာ အားနာပါတယ်.. အလှူနေ့ညနေပိုင်းမှာ ဦးဇင်းက ဖုန်းထပ်ခေါ်ပေးပါ. အလှူအကြောင်း မျှဝေချင်လို့ပါပြောတာနဲ့ မနက်ပိုင်းတစ်ခေါက်ဆက်ပြီး ညနေပိုင်းတစ်ခေါက်ဖုန်းထပ်ခေါ်ဖြစ်ခဲ့ပါတယ်...ဦးဇင်းက အလှူရေစက်ချပြီးကြောင်း ၀မ်းသာအားရပြောပြပါတယ်... ပြီးတော့ ကျွန်မကို ၀ါပတ်ဆွမ်းအလှူအတွက် အဆင်ပြေနိုင်မယ်ဆိုရင် ၀ါပတ်ဆွမ်းအလှူရှင်အသင်း ဖွဲ့ပြီး ဒကာမကြီးတတ်နိုင်သလောက် အလှူခံပေးစေချင်ကြောင်းအရင်နေ့က မိန့်ကြားထားခဲ့လို့ ကိုရန်အောင်နဲ့တိုင်ပင်ပြီး ကျွန်မအဲဒီအတွက် အလှူရှင်တချို့ရှာထားပြီးနေခဲ့ပါပြီ.ရွာသားလေးဝိုင်တီယူကတော့ နေမကောင်းနေတာနဲ့ ခဏအနားပေးထားလိုက်ပါတယ်.း).အလှူရှင်တွေကလည်း စေတနာသဒ္ဓါတရားထက်သန်စွာနဲ့ လှူကြမယ်ဆိုတဲ့အကြောင်းပြန်လာကြပါတယ်... လို့ ဦးဇင်းကိုလျှောက်ဖြစ်တော့ ဦးဇင်းက “၀ါပတ်ဆွမ်းအတွက် ဆွမ်းဆန်အလှူရှင်ရသွားပြီ ဒကာမကြီးရေ”ဆိုလို့ အမြဲတမ်းအတွက် ဆွမ်းဆန်အလှူရှင်ရသွားလို့ ကျွန်မ၀မ်းသာမိလိုက်ပေမယ့် ၊ ဒီဖက်မှာ ကျွန်မရင်းနှီးတဲ့သူတွေကို ဆက်သွယ်ပြီး အလှူခံထားတာပါ တချို့ရနေတော့ ဘယ်လိုလုပ်ရင်ကောင်းမလဲလို့တွေးလိုက်မိပေမယ့် ဦးဇင်းက အလှူချိန်ကြီးမှာ အလုပ်များနေတာနဲ့ ဦးဇင်းလုပ်စရာရှိတာလုပ်ပါဘုရား ၊တပည့်တော်နောက်မှဖုန်းထပ်ဆက်ပါ့မယ်လို့ပြောတော့ ဦးဇင်းကဘလော့ဂါကိုပီကေရှိနေကြောင်း ၊ကိုပီကေနဲ့စကားပြောလိုက်ပါဦးဆိုလို့ ကိုပီကေနဲ့ စကားပြောဖြစ်ခဲ့ပါတယ်..ဘလော့ဂါကိုပီကေ နဲ့ ဘလော့ဂါတစ်ယောက်က ကျွန်မတို့ဘလော့ဂါမောင်နှမတွေရဲ့ အလှူကို ရေစက်ချပေးခဲ့ကြောင်းဆရာတော်မှပြောပြခဲ့ပါတာမို့ ကိုပီကေကိုကျေးဇူးတင်ကြောင်းပြောလိုက်ပါတယ်...ကိုပီကေကိုလည်းမတွေ့ဘူးပေမယ့် ဘလော့ဂါမောင်နှမတွေဆိုတော့ စိတ်ထဲမှာရင်းနှီးနေပါတယ်.. .. ကိုပီကေနဲ့ဖုန်းပြောဖြစ်တော့ ကျွန်မဖြစ်ချင်တာတွေကို ကိုပီကေကို မေတ္တာရပ်ခံခဲ့ပါတယ်... ဘလော့ဂါအချင်းချင်းချင်းဆိုတော့ စကားပြောရတာ အဆင်ပြေတယ်လေ.... ဦးဇင်းနဲ့ကတော့ သိတ်စကားမပြောတတ်ဖူးရယ်.. အခုတော့ ဦိးဇင်းဆီ ဖုန်းထပ်ဆက်မှ နောက်ထပ်အလှူအတွက် ပို့စ်လေးတင်နိုင်မှာဖြစ်လို့ ဖုန်းထပ်ဆက်ရပါဦးမယ်...ဒုတိယမြောက်အလှူအတွက်ကြိုတင်အလှူခံထားတဲ့ မောင်နှမတွေကိုလည်း ဦးဇင်းထံဖုန်းဆက်ပြီး အကြောင်းစုံသေခြာသိတာနဲ့ပြန်ဆက်သွယ်ပါမယ်နော်.း) ခဏစောင့်ပေးကြပါ။
မေးလ်စစ်ပြီးတော့ ဘလော့ဂ်လေးခဏဖွင့်ဖြစ်ပါတယ်.. အခုတလော ပို့စ်လည်းမရေးဖြစ် ၊အိမ်လည်းသိတ်မလည်ဖြစ်တော့ လာနှုတ်ဆက်မယ့်ဧည့်သည်တွေရှိမှာမဟုတ်ပါဘူးလို့ ကြိုသိနေတာကြောင့် အရင်လိုသိတ်မပျော်ဝင်နေတော့ပါဘူး။း)) ဘလော့ဂ်စစ်ပြီးတာနဲ့ sing for you ကိုခဏ၀င် ဘယ်သူတွေအသစ်ဆိုထားသေးလည်းဆိုတာကြည့် ၊ ကိုယ်ဆိုတဲ့သီချင်းလေးမှာ ရေးထားတဲ့ ကွန်မန့်လေးတွေကိုခဏဖတ် ပြီးတာနဲ့ ကွန်ပြူတာ ပိတ်ပြီး ဒီနေ့မနက်စာဘရိတ်ဖတ်အတွက် စီစဉ်ရပါတော့မယ်....
မီးဖိုချောင်ဝင်ပြီး မနေ့ညတုန်းကဒီနေ့မနက်ချက်စားဘို့စဉ်းစားထားတဲ့အတိုင်း အုန်းနို့ခေါက်ဆွဲချက်ဖို့ပြင်ဆင်ပါတယ်...ပြီးတော့ အုန်းနို့တွေရှိတုန်း တခါတည်း ကျောက်ကျောကျိုမယ်ဆိုပြီး ညီမလေးလုလုပေးထားတဲ့ ကျောက်ကျောကျိုဘို့ပါ ပြင်ဆင်လိုက်ပါတယ်...ကျွန်မက အုန်းနို့နဲ့ချက်တဲ့အစားအစာတွေကိုအရမ်းကြိုက်ပါတယ်.. စားတာများသွားရင်လည်း ခေါင်းမထောင်နိုင်အောင် အိပ်ချင်တတ်ပါတယ်... ပရက်ရှာတက်မှာတော့ အသေအခြာပါပဲ...း))) အိုကေ ကျက်သွားပြီဆိုတာနဲ့ ဆွမ်းတင်ဘို့ အရင်ပြင်ပါတယ်...ဦးဥာဏ်က သမီးလေးတို့ကျောင်းမှာ အစည်းဝေးရှိလို့ သွားလိုက်ရတာမို့ သမီးလေးအတွက်ပဲဘရိတ်ဖတ် အရင်ပြင်ပေးလိုက်ပါတယ်..သမီးလေးဘရိတ်ဖတ်စားနေတုန်း ဘုရားဆွမ်းတင် ဦးချကန်တော့ပြီး ၊ ၅ မိနစ်လောက် တရားမှတ်ဖြစ်လိုက်ပါတယ်... ပြီးတာနဲ့ ဆရာတော်ဦးကောဝိဒထံ ဖုန်းဆက်စဉ်က ဆရာတော်မျှဝေထားတဲ့ ဘုရားဂုဏ်တော်ပုတီးစိတ်နည်းလေးကို သက်စေ့ခဏစိပ်လိုက်ပါတယ်... (ဦးဇင်းပေးတဲ့ ပုတီးစိပ်နည်းလေးကို မျှဝေပေးဖို့ဆန္ဒရှိပါတယ်ရှင်.. စိတ်ဝင်စားတဲ့သူတွေ ကျွန်မရဲ့မေးလ်ကိုဆက်သွယ်လာရင်ပြောပြပေးပါမယ်နော်.)
ဘုရားရှစ်ခိုး ပုတီးစိပ်ပြီးတာနဲ့ လေ့ကျင့်ခန်းလုပ်ဖို့ စရပါတော့တယ်....အကြောင်းက အခုတလော အလုပ်လည်းမသွားဖြစ်ပဲ အလှူကိစ္စအတွက် စာတွေရေးလိုက် မေးလ်တွေပို့လိုက် ၊ မေးလ်းတွေပြန်လိုက် နဲ့ ကွန်ပြူတာရှေ့မှာ အချိန်ကုန်နေတတ်တာကြောင့် ခန္တာကိုယ်က ဗိုက်ပူ ၊ခါးတုတ်ဖြစ်လာပါတယ်.. အဲဒါကို ဦိးဥာဏ်က ခရီးသွားခါနီးမှ ဗိုက်ပူခါးတုတ်ဖြစ်လာပြီနော်... တော်ကြာနေ စင်္ကာပူသွားမှ စလုံးကမောင်နှမတွေက မမ၀ါဆိုတာကလည်း ဗိုက်ပူ ၊ခါးတုတ် အမကြီးတစ်ယောက်ပဲလို့ပြောနေကြဦးမယ်လို့ မခံချင်အောင်စတော့ လေ့ကျင့်ခန်းလုပ်ဖို့ ပြန်စီစဉ်ရတာပါ..အဟတ်ဟတ်.. တကယ်တော့ ကျွန်မက ခါးပတ်အားကိုးနဲ့ လေ့ကျင့်ခန်းမလုပ်ဖြစ်တာကြာပါပြီ... လေ့ကျင့်ခန်းမလုပ်တာ လနဲ့ချီသွားရင် သိသိသာသာ ဗိုက်မှာ အဆီတက်လာတော့တာပါပဲ...ဒါပေမယ့် အဲလိုအဆီတက်လာပြီဆိုတာနဲ့ ကျွန်မအားကိုးတဲ့ ခါးပတ်ကလေးနဲ့ ၂ပတ်လောက် ဆက်တိုက်မှန်မှန် အဆီချဖြစ်လိုက်ရင် ကျွန်မအတွက်တော့ သိသိသာသာအဆီကျသွားတတ်တာမို့ သိတ်မကြောက်ပါဘူး။ အရမ်းဝမလာအောင်တာ ထိန်းနေရတာပါ။ ထိန်းတယ်ဆိုတာလည်း စားချင်တာတော့ အကုန်စားတာပါပဲ... ကျွန်မက အဆီအဆိမ့် ၊အချိုအရမ်းကြိုက်တယ်လေ...အစာမစားပဲတော့ မနေနိုင်ပါဘူး။ နည်းနည်း ၀လာတယ်ထင်ရင် လမ်းလျှောက်ပါတယ်...ခါးချိုး ကိုယ်လှဲ့ လေ့ကျင့်ခန်းလေး တစ်ပတ်လောက်လုပ်လိုက်ပါတယ်.. အရမ်းဝလာတဲ့အထိတော့ လွှတ်မထားပါဘူး။ အရမ်းဝလာရင် ၀ိတ်ပြန်ချဘို့ရာခက်တယ်လေ... ကျန်းမာရေးအတွက်လည်းမကောင်းတာမို့ ခန္တာကိုယ်ကို များသောအားဖြင့် ၅၂ ကီလိုဂရမ်လောက်ပဲ အမြဲထိမ်းထားဖြစ်ပါတယ်.. အရမ်းဝတာလည်းမကြိုက်သလို ၊ အရမ်းပိန်တာလည်း ကျွန်မမကြိုက်ပါဘူး။ ပေါင် ၁၂၀ အထက်သာ မကျော်အောင်ထိန်းပါတယ်... အဆီချခါးပတ်ကို ၁၀ မိနစ်ပတ်ထားပြီး ကိုယ်လက်လှုတ်ရှားမှု့လေ့ကျင့်ခန်းလေး နည်းနည်းလုပ်ဖြစ်လိုက်ပါတယ်... ပြီးတာနဲ့ ဘရိတ်ဖတ်စားတော့ နေ့လည် ၁၁နာရီ ၁၅ မိနစ်ရှိနေပါပြီရှင်...း)
မနက်စာစားပြီးတာနဲ့ ညကတည်းက တိုင်မာပေးပြီးလျှော်ထားတဲ့ အ၀တ်လျှော်စက်ထဲက အ၀တ်တွေထုတ်လှန်းပြီး ၊ ခဏလောက် ရီလက်ဇေးရှင်းရအောင် ကွန်ပြူတာပြန်ဖွင့်sing for you ကိုသွားပြီး သီချင်းတစ်ပုဒ် အော်ဆိုလိုက်ပါတယ်... သီချင်းဆိုပြီးတော့ ပို့စ်ရေးချင်စိတ်ပေါက်တာနဲ့ ကျွန်မဒီမနက်လုပ်ခဲ့တဲ့ အကြောင်းလေးတွေကို ပို့စ်တစ်ပုဒ်အဖြစ်ရေးလိုက်ပါတယ်ရှင်...း)))
(အရည်မရ ၊အဖတ်မရ ပို့စ်လေးကိုဖတ်ပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်.. )
ကွန်မန့်မှာလာရေးသွားကြလို့ ၂၀၀၈ ၊ နိုဝင်ဘာလမှာတင်ခဲ့တဲ့ အဆီချခါးပတ်အကြောင်းပို့စ်လေးကို အောက်ဖက်မှာ ပြန်တင်ပေးထားပါတယ်ရှင်..
အားလုံးပဲ ကျန်းမာပျော်ရွှင်နိုင်ကြပါစေ.
WWKM
16 comments:
ဟားဟား ဂွတ်ပို့စ် စုံသွားတာပဲ...
တယ်မိုက်...း)..
မ၀ါရေ..အရေလည်း ရပါတယ်၊ အဖတ်လည်းရပါတယ်ဗျာ...
yu ya
HAVE A NICE WEEKEND MY DEAR SISTER!!!
Have a great time with your family.
with love & peace
phoesein
မမ ခါးပတ်က အဆီ တကယ် ကျလို့ လား
မီးချစ် တောင် ဝယ်မလို့ osim က သူများတွေက မကျဘူးပြောလို့ ..
မီးချစ် လဲ ဝိတ်ချနေတယ်လေ..နဲနဲတော့ကျနေပါပြီ.. စိတ်ဓာတ်း))
စက်နဲ့ ဆိုတော့ အစားရှောင်စရာ မလိုတော့ဘူးပေါ့
မမ၀ါဝါဆီက နေနည်း ထိုင်နည်းသင်ရမယ်
ညီမလည်း ၀မှာကြောက်တာ
ဒါပေမယ့် လေ့ကျင့်ခန်းလုပ်ဖို့ကလည်း ပျင်း (နှစ်ယောက်မရှိ :P)
အလှူတွေ အတွက် သာဓု ခေါ်ပါတယ် မမ၀ါရေ
း))
ကျောက်ကျောကော အုန်းနိုခေါက်ဆွဲပါ ဆွဲသွားတယ်ဗျာ...သွေးတက်နေရင် ဒုက္ခ..ဆေးပါ တစ်ခါထဲ တိုက်တာ မဟုတ်ဘူး ..
မမဝါဝါရေ..အစစ အရာရာ အဆင်ပြေပါစေ
တီဝါ သီချင်းနားထောင်ရအောင်လေ..။ ဘာသီချင်းချိုတား တာရဲ..။ အုန်းနို့ခေါက်ဆွဲ...ဂွီး ဂွီး။
အရေမရအဖတ်မရလေးလဲဖတ်ကောင်းပါတယ။်
ကျုပ်ကတော့ အရည်မရ အဖတ်မရတောင် မရေးနိုင်ပဲ ဖြစ်နေတယ်။ ဒီကြားထဲ ၀ိတ်ကလည်း တက်သထက်တက်နေလို့ ဘာလုပ်ရင်ကောင်းမလဲပေါ့ (ဟဲဟဲ)။
ညီမလေးမီးမီးချစ် ၊ ညီမလေးမိုးခါး ၊ (ကို)ksanchaung
တို့ရေ....
အဆီချ ခါးပတ်အကြောင်းပို့စ်လေး အရင်ကတင်ထား
ပေးပါတယ်.. အဆင်ပြေတဲ့သူတွေကအဆင်ပြေတယ်.
အဆင်မပြေတဲ့သူတွေက အဆင်မပြေကြဘူးထင်ပါ
တယ်.. ကျွန်မအတွက်တော့ သုံးရတာ အဆင်ပြေတာမို့
ဆန္ဒရှိတဲ့သူတွေ ၊မဖတ်ရသေးတဲ့သူတွေ ဖတ်နိုင် ၊သုံး
နိုင်အောင်ပို့စ်လေးပြန်တင်ပေးပါမယ်နော်.း)
ဝါ၀ါခိုင်မင်း
အရည်ရောအဖတ်ရော ရပါတယ်အမရယ်
ဖတ်လို့ ကောင်းပါတယ်
စာလာဖတ်သွားပါတယ်
အမရဲ. တစ်နေ.တာ ဒိုင်ယာရီ
ပို.စ်လေးပေါ.ဗျာ ... စုံစေ.နေတာဘဲဗျာ
ကောင်းပ ... ရင်တွင်းဖြစ်ပေါ. :)
သူများတွေအရေမရအဖတ်မရရေးလည်း
ဖတ်ကောင်းနေတာပါပဲ...
စိတ်ဝင်စားစရာကောင်းပါတယ်။
ချစ်ခင်စွာ
သူများတွေအရေမရအဖတ်မရရေးလည်း
ဖတ်ကောင်းနေတာပါပဲ...
စိတ်ဝင်စားစရာကောင်းပါတယ်။
ချစ်ခင်စွာ
Post a Comment