Wednesday, November 11, 2009

အလှူရှင်များစာရင်း နဲ့ အလှူခံ ရပ်နားခြင်း

စစ်ကိုင်းတောင်ရိုးဘုန်းကြီးကျောင်းအတွက် လိုအပ်နေသော ထိုင်ခုံ အလုံး ( ၅၀ ) ကျော်သွားပြီ ဖြစ်ပါသောကြောင့် အလှူခံခြင်း ရပ်နားပါပြီရှင်။အမြန်ဆုံးနဲ့ စည်းစည်းလုံးလုံးနဲ့ တက်ကြွစွာ အလှူပါဝင်ခဲ့ကြသော မောင်နှမများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်။ယခုတစ်ခေါက်အလှူတွင်မပါဝင်လိုက်ရသော မောင်နှမများ နောက်အလှူများတွင် ပါဝင်နိုင်ကြပါတယ်ရှင်။


အလှူရှင်များစာရင်း.

၁.ဂျပန်ကောင်လေး (ဂျပန်) ( ခုံ ၂လုံး) (ငွေလွှဲပြီး)
၂.ခွန်းသဒ္ဒါ (ဂျပန်) ( ခုံ ၃ လုံး) (ငွေလွှဲပြီး)
၃.ကိုမျိုးမင်းမင်းအောင်- မေသူအောင် (ဂျပန်) ( ခုံ ၃ လုံး) (ငွေလွှဲပြီး)
၎.မဆုယမင်းထက် (စင်္ကာပူ) (ခုံ ၁၀ လုံး) (ငွေလွှဲပြီး)
၅.ဦးဇော်ဝင်း-ဒေါ်ခင်အုန်းမြ ၊သမီး မသန္တာဝင်း (စင်္ကာပူ) (ခုံ ၅ လုံး)
၆.အလှူရှင်တစ်ဦး (စင်္ကာပူ) (ခုံ ၅ လုံး) (ငွေလွှဲပြီး)
၇.ကိုသုခ - မေကဆုန် (စင်္ကာပူ) ( ခုံ ၂ လုံး) (ငွေလွှဲပြီး)
၈.ကိုညီဝင်းလွင် - နွေးနွေးသဲမွန် (စင်္ကာပူ) ( ခုံ ၂ လုံး) (ငွေလွှဲပြီး)
၉.တင်ဇာမော် (စင်္ကာပူ) ( ခုံ ၁ လုံး)
၁၀.ခိုင်ထွန်း (စင်္ကာပူ) (ခုံ ၂ လုံး)
၁၁.ယဉ်ယဉ်ပြုံး ( စင်္ကာပူ) ( ခုံ ၃ လုံး) (ငွေလွှဲပြီး)
၁၂.ဗီလိန် (စင်္ကာပူ) ( ခုံ ၁ လုံး )
၁၃.အလှူရှင်တစ်ဦး (စင်္ကာပူ) ( ခုံ ၁ လုံး)(ငွေလွှဲပြီး)
၁၄.နန်းမေဇင်အေး ( စင်္ကာပူ ) ( ခုံ ၁ လုံး) (ငွေလွှဲပြီး)
၁၅.နွယ်နွယ်သိန်း (စင်္ကာပူ) (ခုံ ၁ လုံး)
၁၆.ဦးဘိုနီ-ဒေါ်ခင်ခင် ( စင်္ကာပူ) ( ခုံ ၁ လုံး)(ငွေလွှဲပြီး)
၁၇.ခရေညို (စင်္ကာပူ) ( ခုံ ၁ လုံး) (ငွေလွှဲပြီး)
၁၈.ကြည်ဖြူပိုင် (စင်္ကာပူ) ( ခုံ ၁လုံး)
၁၉.Vista (စင်္ကာပူ) ( ခုံ ၁ လုံး)
၂၀.နှစ်ဖက်သောမိဘများကို အမှူးထား၍ ကိုမျိုးကျော်-မချောစုစုဝင်း(စင်္ကာပူ)မှ (ခုံ ၁လုံး)(ငွေလွှဲပြီး)
၂၁.ကိုသိန်းပို-မနီနီထွေး(စင်္ကာပူ) ( ခုံ ၁လုံး) (ငွေလွှဲပြီး)
၂၂.U Jimmy Soe and family ( Yangon) (ခုံ ၁ လုံး) (ငွေလွှဲပြီး)
၂၃.ပိုးပိုး(စင်္ကာပူ) ( ခုံ ၁ လုံး)
၂၄.Koyanagi Yoshiaki - မသင်းသင်းနိုင် ၊ သား- Koyanagi Hiroaki( ဂျပန်) ( ခုံ ၁ လုံး)
၂၅.Dr.Nyan-၀ါဝါခိုင်မင်း မိသားစု ( ဂျပန်) ( ခုံ ၁လုံး)
၂၆.ဇေယျာ-လဲ့သူ (စင်္ကာပူ) ( ခုံ ၁လုံး)
၂၇.မေပျိုတစ်စု ( စင်္ကာပူ) (ခုံ ၃ လုံး) (ငွေလွှဲပြီး)
၂၈.Dr.မျိုးမင်းသန့်-မေယမင်း(စင်္ကာပူ) (ခုံ ၁ လုံး)
၂၉.စုစုမြတ်(စင်္ကာပူ) (ခုံ ၃လုံး) (ငွေလွှဲပြီး)
၃၀.သားသားကျော်စိုးဟန် (ဂျပန်) ( ခုံ ၁လုံး) (ငွေလွှဲပြီး)
၃၁.ကိုဇေယျာလင်း-မခင်ဖြူ (စင်္ကာပူ) ( ခုံ ၅ လုံး) ( ငွေလွှဲပြီး)
--------------------------------------------------------------------------------------------
စုစုပေါင်း ( ၆၆ ခုံ ) စာရင်းပိတ်ပါပြီရှင်။း)


( စာရင်းပေးထားပြီး နာမည်ကျန်ခဲ့တဲ့ အလှူရှင်များ ပါခဲ့ရင် စိတ်မရှိပဲ ပြောပြပေးဘို့ မေတ္တာရပ်ခံပါတယ်ရှင်။မေးလ် အ၀င်အထွက်တွေက အရမ်းရှုတ်နေလို့ စာရင်းစောပေးထားပြီးမှ မေ့ကျန်ခဲ့မှာ စိုးရိမ်လို့ပါရှင်။)

..............................................................................
အလှူခံခြင်းပို့စ်

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံနိုင်ကြပါစေရှင်။
ဒီနေ့တော့ အလှူမခံရတာ နည်းနည်းကြာသွားလို့ အလှူခံပေးချင်စိတ်ဝင်လာပြန်တာနဲ့ အလှူခံပို့စ်လေး ရေးဖြစ်ပါတယ်ရှင်။
ကျွန်မကတော့ အလှူခံရတာ ပျော်နေပါပြီ။ အလှူရှင်တွေကိုတော့ အားမနာတော့ပါဘူးနော်.. လှူချင်တဲ့သူတွေကို လှူခွင့်ရအောင် ကူညီပေးနေရလို့ အလှူရှင်တွေနဲ့ ထပ်တူ ၀မ်းမြောက်ဝမ်းသာနဲ့ ပျော်ရွှင်ကျေနပ်နေခဲ့တာပါ။
မနေ့တုန်းက စစ်ကိုင်းတောင်ရိုးဆရာတော် ဦးဇင်းဦးကောဝိဒနဲ့ အွန်လိုင်းမှာတွေ့တော့ အလှူခံပေးချင်စိတ်ပေါ်နေပြန်တာနဲ့ ဦးဇင်းကို လျှောက်တင်မေးမြန်းဖြစ်ခဲ့ပါတယ်ရှင်။

ဦးဇင်း ဘာတွေလိုအပ်နေပါသေးလဲ ..အရင်လိုအပ်နေတယ်ဆိုတဲ့ထိုင်ခုံအလုံး ၅၀ အတွက် အလှူရှင်တွေ့ပါပြီလား၊ အဆင်ပြေပါပြီးလားဆိုတာ မေးမြန်းကြည့်တော့ အလှူရှင်မပေါ်ပါသေးကြောင်းနဲ့ အလှူခံတဲ့ ကိုရင်လေးတွေ နဲ့ သံဃာတော်တွေက အရင်ကထက် ၂ဆခန့်ပိုများပြားလာတာကြောင့် ဆွမ်းခံကြွလာရင် ထိုင်ဘို့နေရာက မလုံလောက်ပါသောကြောင့် မတ်တပ်ရပ်စောင့်နေကြရကြောင်း ပြောပြလာပါတယ်။
အလှူခံကြွရောက်လာကြတဲ့ ကိုရင်လေးတွေ နဲ့ သံဃာတော်တွေကို အာရုံဆွမ်းအတွက် ဘုန်းကြီးကျောင်းမှာ စာပွဲ ထိုင်ခုံနဲ့ ထိုင်ပြီးဘုန်းပေးစေပြီး နေ့ဆွမ်းကို သပိတ်ထဲထည့်ကပ်ရတာဖြစ်ပါတယ်ရှင်။
မနက်အာရုံဆွမ်းမှာကတည်းက ကိုရင်တွေ ၊သံဃာတော်တွေ အရမ်းများတဲ့အတွက် ၀ါးလုံးတန်းထိုးထားပြီး တန်းစီစောင့်ခိုင်းထားရပါကြောင်းပါ ဦးဇင်းမှပြောပြလာခဲ့ပါတယ်။

အဲဒီမှာ ကျွန်မချက်ချင်း စဉ်းစားဆုံးဖြတ်မိလိုက်တာက အဝေးကြီးကနေ ဆွမ်းခံကြွလာကြတဲ့ ကိုရင်လေးတွေ နဲ့ သံဃာတော်တွေအတွက် ဘုန်းကြီးကျောင်းရောက်ရင် ထိုင်နိုင်ဘို့ လိုအပ်နေတဲ့ ထိုင်ခုံ အလုံး ၅၀ ကို ရအောင်အလှူခံပေးမယ်လို့ ဆုံးဖြတ်လိုက်မိပါတယ်။ကိုယ်တစ်ယောက်တည်း ဆိုရင်လည်း ထိုင်ခုံ အလုံး ၅၀ မလှူနိုင်တဲ့အတွက် သဒ္ဓါပေါက်၍ လှူဒါဏ်းလိုကြသော မောင်နှမများကို ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။

ထိုင်ခုံတစ်လုံးကိုစစ်ကိုင်းတောင်ရိုးအရောက် မြန်မာကျပ်ငွေ ( ၇၂၀၀ကျပ်) ကျပါတယ်ရှင်။ အဲဒီတော့ ကျွန်မတို့ ဘလော့ဂါမောင်နှမတွေနဲ့ စာဖတ်သူတွေ အများကြီးမို့လို့ တစ်ယောက်ကို ထိုင်ခုံတစ်လုံးစာစီပဲ အလှူခံလိုပါတယ်။ သဒ္ဓါပေါက်ပြီး ၄ ၊ ၅ လုံးလှူလိုသူ အလှူရှင်တွေကိုလည်း လက်ခံပါတယ်ရှင်။ ထိုင်ခုံအတွက် အလှူငွေ မြန်မြန်အဆင်ပြေသွားရင် ထိုင်ခုံမြန်မြန်ဝယ်လှူပြီး ဆွမ်းခံကြွလာကြတဲ့ သံဃာတော်တွေ အနားယူထိုင်နိုင်ကြတာမို့ လှူလိုသူတွေအားလုံးကို ဖိတ်ခေါ်ရပါတယ်ရှင်။

အလှူရှင်တစ်ယောက်အတွက် ..တစ်ယောက်ကို ထိုင်ခုံတစ်လုံးလှူရင် စင်္ကာပူဒေါ်လာ ၁၀ ၊ ဂျပန်ယန်း ၉၀၀ ၊ အမေရိကန်ဒေါ်လာ ၇ ကျပ်ခန့်သာ အလှူငွေ ထည့်ဝင်ကြရမှာဖြစ်လို့ အလှူပါဝင်လိုသူများ အမြန်ဆုံးပြန်လည်ဆက်သွယ်ပြီး အလှူပါဝင်နိုင်ကြပါကြောင်း ရိုသေလေးစားစွာဖြင့် တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်ရှင်။

ထိုင်ခုံတစ်လုံးပဲ လှူရတာလဲ အလှူပါပဲနော်. ကိုယ်လှူမယ့်ထိုင်ခုံလေးပေါ်မှာ သံဃာတော်တွေထိုင်ပြီး ဆွမ်းဘုန်းပေးကြမှာလေ...အလှူရှင်တွေ များရင်တော့ ကျွန်မလည်း ထိုင်ခုံတစ်လုံးပဲ လှူရင်လှူဖြစ်မှာပါ။ အလှူရှင်တွေ အများကြီး ပေါ်ထွန်းလာနိုင်ဘို့ ရည်ရွယ်တဲ့အတွက် တစ်ဦးလျှင် ထိုင်ခုံတစ်လုံးကျတန်ဘိုးသာ အလှူပါဝင်နိုင်ကြောင်း တိုက်တွန်းရခြင်းဖြစ်ပါတယ်။

အလှူလုပ်တာ ကြွားဘို့အတွက်မဟုတ်ပေမယ့် ကိုယ်လှူထားတဲ့ အလှူပစ္စည်းလေးကို ကိုယ့်နာမည်လေးနဲ့တွဲပြီးမြင်ရရင် ကိုယ့်ချွေးနည်းစာနဲ့ လှူထားတဲ့ အလှူအတွက် ကြည်နူးပီတိဝေစေနိုင်တာမို့ ထိုင်ခုံလေးတွေမှာ အလှူရှင်နာမည်လေးတွေပါ ထိုးပေးဘို့ ဦးဇင်းကို ကျွန်မလျှောက်ထားပါမယ်ရှင်။

ဒီပို့စ်လေး မတင်ခင်မှာပဲ ကျွန်မရဲ့မောင်နှမများကို မေးလ်လေးနဲ့ ကြိုတင်သတင်းပို့ခဲ့ရာမှာ ချက်ချင်းစာပြန်လာကြပြီး အလှူပါဝင်လာကြတာ အခုဆိုရင် ထိုင်ခုံ အလုံး ( ၃၀ )တိတိ လက်ခံရရှိသွားပြီ ဖြစ်ပါတယ်ရှင်။း))))တစ်ခုတောင်းပန်ချင်တာက ကျွန်မ၏ကွန်ပြူတာမှာ ကွန်နက်ရှင်ကြောင့် မေးလ်လိပ်စာတွေ အကုန်မပေါ်နိုင်ဖြစ်နေခဲ့ပါသဖြင့် တချို့ မောင်နှမများထံ မေးလ်ပို့ရန် ပျက်ကွက်နိုင်ပါကြောင်း နဲ့ နားလည်ခွင့်လွတ်ပေးကြဘို့ တောင်းပန်ပါရစေရှင်။ကျွန်မက အားလုံးကို အလှူရှင်တွေပိုဖြစ်စေချင်တာပေါ့နော်.း))

အလှူရှင်စာရင်းတွေကို ကျွန်မထည့်ပေးပါဦးမယ်. ပို့စ်မတင်ခင် အလှူရှင် ပြည့်သွားမှာစိုးလို့ ပို့စ်အမြန်တင်ပြီး စာဖတ်သူ မောင်နှမအပေါင်း သိရလေအောင် အကျိုးမျှော်ပြီး နှိုးဆော် တိုက်တွန်းလိုက်ရပါတယ်ရှင်။။



အလှူငွေများကို.

ဝါ၀ါခိုင်မင်း ( ဂျပန်) nanwarwarmg@gmail.com
ရွာသားလေး( YTU) (စင်္ကာပူ) donationformyanmar@gmail.com
ကိုရန်အောင် (USA) aungyan@gmail.com

သို့ဆက်သွယ်လှူဒါဏ်နိုင်ကြပါတယ်ရှင်။

ဒါနဲ့ တဆက်တည်းပဲ ကုသိုလ်တွေထပ်ရစေချင်လို့ စင်္ကာပူနိုင်ငံမှာ ( ၁၅.၁၁.၂၀၀၉)နေ့မှာ သီတဂူ ဆရာတော်ဘုရားကြီးရဲ့ တရားပွဲရှိကြောင်းကို ဒီနေရာလေးမှာ တင်ထားပေးပါတယ်နော်. အလုပ်ပိတ်ရက်ကလေးမှာ ကုသိုလ်ယူနိုင်ကြပါစေ. ကျွန်မကတော့ သီတဂူဆရာတော်ဘုရားကြီးကို ဖူးချင်တာတောင် ဖူးခွင့်မကြုံသေးဘူးလေ။ စင်္ကာပူမှာနေထိုင်ကြတဲ့ မောင်ငယ် ညီမငယ်တွေ ကံကောင်းကြပါတယ်။ တရားပွဲမှာ ဘလော့ဂါမောင်နှမတွေဆုံပြီး အလှူခဏခဏခံတတ်တဲ့ မမ၀ါရဲ့အတင်းကိုပြောကြပေါ့နော်....း)))))


အားလုံးပဲ ပျော်ရွှင်နိုင်ကြပါစေ။

ဝါ၀ါခိုင်မင်း

3 comments:

may said...

နတ်ပြည်ပို့ နေတာပဲ လှူရမှာပေါ့
၁ ခုံလှူလိုက်တယ် မမ၀ါ
အများကြီးလှူရင် နတ်ပြည်မှာ ဘယ်ခုံထိုင်ရမှန်းမသိ ဖြစ်နေမစိုးလို့  အဟိ

နွေးနွေးသဲမွန် said...

မီးလဲ လှူမယ်နော်.. မမ မေလေးကလဲ သူက ၂ခုံစာ ဟာကြီးကို..၂ခုံလှူတာဟုတ်ဝူး...ဟိ.. :-P

may said...

ဟင် မြန်ထှာ နတ်ပြည်သွားချင်တဲ့သူတွေ တယ်များသကိုး အဟိ