Friday, November 13, 2009

ရင်ဖွင့်ပြောဆိုခြင်း.

မင်္ဂလာအပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေရှင်။
ဒီနေ့ စိတ်နည်းနည်းတိုနေပါတယ်၊မနက်ကတော့ ဒေါသလည်းတော်တော်ထွက်နေခဲ့တာပါ ။ ဒါပေမယ့် ဒေါသဆိုတာ မကောင်းတဲ့အရာဆိုတာ သိနေသလို ဒေါသဆိုတာ မကောင်းဘူး ၊ ဒေါသထွက်လာရင် အကောင်းမြင်ဝါဒကို လက်ကိုင်ထားနိုင်ကြပါစေလို့ ဒီနေရာလေးမှာ ကိုယ်တိုင်ပို့စ်လေးတင်ခဲ့ဘူးတာမို့ ထွက်နေတဲ့ ဒေါသတရားတွေကို မေတ္တာပွားရင်း ဖယ်ရှားလိုက်မိပါတယ်။ ဦးဥာဏ်ကလည်း အရမ်းကြီးဒေါသထွက်မနေဘို့ စိတ်အေးအေးထားဘို့ ပြောဆိုထိန်းသိမ်းပေးတာကြောင့် ကျွန်မစိတ်တွေ အများကြီးလျှော့ချလိုက်ရပါတယ်။

ကျွန်မ စိတ်တို ဒေါသဖြစ်နေခဲ့ပေမယ့် အသက်အရွယ်ကလည်းရလာပြီမို့ စိတ်တွေကို အတတ်နိုင်ဆုံးထိန်းနိုင်အောင်ကြိုးစားနေမိပါတယ်။ကျွန်မစိတ်တို
ရတဲ့အကြောင်းရင်းကတော့ ဒီနေ့မနက် ကျွန်မရဲ့ nanwarwarmg gmail account အဟက် (Hack)ခံရပါတယ်။ကျွန်မသတိထားမိနေခဲ့တာတော့ ကြာပါပြီ။ ဒါပေမယ့် ဒီ nanwarwarmg account က ဘလော့ဂါမောင်နှမတွေအတွက် ကျွန်မသီးသန့်လုပ်ထားတာဖြစ်ပါတယ်။ မဖြစ်နိုင်လောက်ပါဘူးရယ်လေ ၊ ကိုယ်ပဲ မျက်စိမှားတာဖြစ်မှာပါလို့စိတ်ထဲမှာတွေးပြီး ကျွန်မမေ့မေ့ပျောက်ပျောက်ပဲထားခဲ့ပါတယ်။တခါတလေ
ကျရင် ကျွန်မမဖွင့်ရသေးပဲနဲ့ အ၀င်မေးလ်တွေပွင့်နေတတ်တယ်။nanwarwarmg account passwardကို ဦးဥာဏ် နဲ့ ကျွန်မ ၂ ဦးပဲသိထားတာကြောင့် ကျွန်မက ဦးဥာဏ်ကို မေးလ်တွေဘာလို့ဖွင့်ဖတ်တာလဲလို့ စွတ်စွဲခဲ့ဘူးတယ်လေ။ ဦးဥာဏ်က သူမဖွင့်ကြောင်းပြောခဲ့တော့ ကျွန်မထူးဆန်းနေခဲ့တယ်။ ဒါပေမယ့် မေ့မေ့ပျောက်ပျောက်ထားခဲ့ပြီး ၂ ခါလောက်အဲလိုထူးခြားနေတာကြောင့် စိတ်ထဲမှာ သိတ်ဘ၀င်မကျခဲ့ပါဘူး။မလိုအပ်ဖူးထင်လို့ Passward ကိုလည်း မပြောင်းခဲ့ပါဘူး။ပြီးတော့ နောက်တစ်ခုက လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက Facebook ကို ကျွန်မပတ်စ်ဝပ်နဲ့လုံးဝ ၀င်လို့မရခဲ့လို့ မ၀င်ဖြစ်ခဲ့တာ ၁လကျော်သွားခဲ့ပါပြီ။အဲဒီမှာလည်းစစ်လိုက်တော့ ပတ်စ်ဝပ် အဟက်(Hack )ခံရတယ်လို့ ပေါ်ပြန်ပါတယ်။ဟက်ချင်ရင်လည်း ဟက်လိုက်ကြတော့ ဖေ့စ်ဘုတ်လဲ မ၀င်တော့ဘူးဆိုပြီး နေလာခဲ့တာ ဒီနေ့အထိပါပဲ။ Facebook မှာ ကိုယ်မသိတဲ့သူတွေရော ၊ကိုယ်ရင်းနှီးခင်မင်နေတဲ့မောင်နှမတွေကရော နေ့တိုင်းလိုလို မေးလ်ဝင်ပြီး အင်ဗိုက်လာကြပေမယ့် ကျွန်မဖေ့စ်ဘုတ်ဝင်မရတော့ မတတ်နိုင်ခဲ့ပါဘူး။

ဒီနေ့မနက်ကျတော့ ထူးထူးခြားခြားပဲ ကျွန်မရဲ့အရေးကြီးတဲ့ အ၀င်မေးလ်တွေ အများကြီးပျောက်သွားခဲ့တယ်။အရေးကြီးဆိုတာက အလှူကိစ္စအတွက် ငွေလွှဲပြီးကြောင်းမေးလ်တွေ မနေ့က ဆက်တိုက်ဝင်ထားတာ အများကြီးပါပဲရှင်။ အဲဒါတွေလုံးဝမကျန်ပဲ မနေ့ကမေးလ်ဆိုလို့ ထူးထူးခြားခြားတစ်စောင်ပဲ ကျန်သလို ဒီမနက်ရောက်နေတဲ့မေးလ်တွေကို ဖွင့်ဖတ်ပြီး စာပြန်နေတုန်းမှာပဲ မေးလ်ပို့ပြီးတာနဲ့ ကြည့်လိုက်တော့ စောစောကတင်စစ်ထားခဲ့တဲ့ အ၀င်မေးလ်တွေ တစ်စောင်မှ မရှိတော့ပါဘူး။အဲဒါနဲ့ အရမ်းအံ့သြသွားပြီး ဦးဥာဏ်ကို ချက်ချင်းမေးလ်ပို့ပြီးစွတ်စွဲမိပြန်တာပေါ့။အဲဒီတော့ ဦးဥာဏ်က သူလုံးဝ မဖျက်ကြောင်း အရေးကြီးတဲ့မေးလ်တွေမှန်းသိနေတာပဲ ဘာလို့ဖျက်ရမှာလည်းလို့ ပြောလာတာနဲ့ ကျွန်မအရမ်းစိတ်တိုသွားခဲ့ပါတယ်။ သွားပြီ ငါ့အကောင့်တော့ အဟက်ခံရပြီလို့။

ဘယ်လိုလူတွေက ကျွန်မရဲ့ဂျီမေးလ်အကောင့်ကို ဟက်ကြတာပါလိမ့် ၊ ဘာသဘောနဲ့ သူများကိုယ်ရေးကိုယ်တာတွေကို စပ်စုလိုကြတာပါလိမ့် ၊ ကျွန်မ နိုင်ငံရေးလည်းမလုပ်သလို ၊ ဘယ်သူ့သြဇာခံမှလည်း မဟုတ်ပါဘူး။ ကိုယ့်ထမင်းကိုယ်ရှာစားပြီး ကိုယ့်မိသားစုဘ၀ကိုယ် ရပ်တည်နေတာပါ။Forward mail တွေလက်ခံရရင်တောင် ကျွန်မ ဖွင့်ဖတ်ဖြစ်တဲ့မေးလ်ရှားပါတယ်။တော်တော်စိတ်တိုသွားတယ်။ ဘယ်သူကများ ဒီလိုလုပ်တာပါလိမ့်ဆိုပြီး ဦးဥာဏ်ကို စစ်ခိုင်းတယ်။တစ်ယောက်ယောက်ဝင်ထားတာ သေခြာတယ် အိုင်ပီပါပေါ်တယ်ဆိုတော့ ကျွန်မ ဒေါသထွက်သွားတယ်။ညနေကျမှအိုင်ပီရော ၊နိုင်ငံရော ပို့စ်ရေးပြီးတင်မယ်လို့ စိတ်ကူးပြီး အလုပ်ကိုသွားခဲ့တယ်။ အလုပ်ထဲမှာလည်း ဘယ်သူကများ ဘာအကြောင်းကြောင့် သူများကိစ္စတွေကို ၀င်ရောက်စွက်ဖက်ချင်ရတာလည်းဆိုပြီး ဒေါသတွေနဲ့ တွေးနေခဲ့တာ လူလည်းမျက်နှာတော်တော်ပျက်နေတယ်ထင်ပါရဲ့။ကျွန်မရဲ့မိတ်ဆွေ ဂျပန်မလေးက“ ၀ါဝါစံဒီနေ့နေမကောင်းဘူးလား ”လို့အမေးခံရတယ်။ ဂျပန်မိတ်ဆွေကပြောလာတော့မှပဲ သြော် .ငါထွက်နေတဲ့ ဒေါသတွေ ဘယ်လောက်ပူလောင်နေလည်းမသိဘူး. တခြားသူတွေတောင်ရိတ်မိကုန်ပြီ ဆိုပြီး အလုပ်လုပ်နေရင်း ဘုရားစာရွတ်ပြီး မေတ္တာသုတ်ရွတ်နေလိုက်ပါတယ်။ညနေအလုပ်ပြီးတော့လည်း ဂျပန်မလေးတွေက“ ၀ါဝါစံ တစ်ခုခု အတူတူစားကြရအောင် ”ဆိုလို့ ဆိုင်မှာပဲ ဟန်ဘာဂါဝယ်ပြီး ရုံးခန်းထဲမှာ သူတို့တွေနဲ့ စိတ်ပြေလက်ပျောက် စကားတွေပြောဆိုရင်းနဲ့ ၀ိုင်းဖွဲ့စားသောက်ဖြစ်ခဲ့ကြတာ ၂နာရီ နီးပါးလောက်ကြာသွားခဲ့ပါတယ်။သူတို့က ကျွန်မကို ဂျပန်ဟင်းချက်နည်းတွေ ပြောပြသင်ပေးကြတယ်။ပြီးတော့ မြန်မာဟင်းချက်နည်းတွေအကြောင်းမေးကြတယ်။ ကျွန်မက သမီးလေးကြိုက်တဲ့ ဟန်ဘာဂုလုပ်နည်းကို သူတို့ကိုမေးတော့ သူတို့သေခြာရှင်းပြတာနဲ့ ဒီညနေသမီးလေးကို လုပ်ကျွေးမယ်လို့သူတို့ကိုပြန်ပြောတော့ သူတို့က စူပါမားကက်မှာ လိုအပ်တဲ့ပစ္စည်းတွေကို အတူလိုက်ဝယ်ပေးမယ်ဆိုပြီး အတူလိုက်ဝယ်ပေးခဲ့ကြတာမို့ ကျွန်မကလည်း သူတို့ကို အရမ်းကျေးဇူးတင်မိသွားပြီး “အရိဂတိုဂိုဇိုင်းမရှိတ ၊ အိုစဲဝါနိနရိမရှိတ” လို့ပြောပြီး လမ်းခွဲခဲ့ကြပါတယ်။
အိမ်ပြန်ရောက်တာနဲ့ ကွန်ပြူတာဖွင့်နေကျဖြစ်ပေမယ့် ကွန်ပြူတာကိုဥပက္ခာပြုလိုက်ပြီး ဟန်ဘာဂုကို ကိုယ်တိုင်လုပ်ဖို့ အရင်ပြင်ဆင်လိုက်ပါတယ်။စိတ်တွေကိုလည်း လျှော့ချထားလိုက်ပါတယ်။ဘာမှမဟုတ်တဲ့ ကိစ္စတွေအတွက် ဒေါသတွေမထွက်နေပါနဲ့တော့လို့ ကိုယ့်ကိုကိုယ်လည်း ဆုံးမနေမိပါတယ်။ဂျပန်မလေးတွေပြောပြတဲ့ နည်းအတိုင်း သမီးလေးကြိုက်တဲ့ ဟန်ဘာဂုလုပ်ပြီးတော့ သမီးလေးကိုညနေစာကျွေးတော့ သမီးလေးက
“မာမာအရိဂတို အိုအိရှိခတ်တရော ”ဆိုလို့ ၀မ်းသာသွားခဲ့ပါတယ်။ ကိုယ်တိုင်လုပ်တဲ့ ဟန်ဘာဂု အောင်မြင်သွားလို့လေ။း)))) အဲဒီတော့ ပျော်သွားတယ်..ဒေါသတွေကိုလည်း စမ်းရေထဲပဲမျောချလိုက်တော့တယ်။ အခုတော့ စိတ်အေးအေးပဲထားလိုက်ပါပြီ။ Hacker ကြီး ကျန်းမာ ၊ ချမ်းသာပျော်ရွှင်နိုင်ပါစေလို့ တကယ့်စေတနာနဲ့ ဆုတောင်းပေးလိုက်ပါတယ်။

ကျေးဇူးပြုပြီး တဆက်တည်းမှာပဲ ဒီပို့စ်လေးကိုဖတ်မိကြရင်ဖြင့် အလှူအတွက်လှူဒါဏ်းထားကြတဲ့ မောင်နှမများအားလုံး ငွေလွှဲပြီးကြပါက မေးလ်လေးများထပ်ပို့ပေးကြဘို့ မေတ္တာရပ်ခံရပါတယ်ရှင်။ အ၀င်မေးလ်တွေ အကုန်ပျောက်ကုန်လို့ မေတ္တာရပ်ခံရခြင်းဖြစ်ပါတယ်ရှင်။အောက်ဖက်ပို့စ်လေးမှာအလှူရှင်နာမည်တွေရဲ့နံဘေးမှာ (ငွေလွှဲပြီး)လို့ ကျွန်မရေးထားပြီးသားအလှူရှင်တွေကတော့ မေးလ်မပို့လည်းရပါတယ်ရှင်။ငွေလွှဲပြီး စာရင်း မပါဝင်သေးတဲ့အလှူရှင်တွေသာပဲ မေးလ်ထပ်ပို့ပေးကြပါမေတ္တာရပ်ခံအပ်ပါတယ်။



သမီးလေးအတွက် ညနေစာ


ဘာရယ်မဟုတ်ပါဘူးရှင်.စိတ်ထဲမှာ မကြည်မလင်ဖြစ်နေသေးတာ အမှန်မို့ စိတ်ထဲရှိနေတာတွေကို ချရေးလိုက်တာပါ။စိတ်ထဲပေါ့သွားမလားလို့လေ။း)
နားလည်ပေးနိုင်ကြပါစေကုန်သော်.း))))

အားလုံးကိုလေးစားခင်မင်စွာနဲ့

ဝါ၀ါခိုင်မင်း

28 comments:

ချစ်ခြင်း ခြေရာ said...

အစ်မရေ ကြားရတာတကယ်ပဲ စိတ်မကောင်းပါဘူး ။ ဘယ်လိုလူတွေကများသူများအကျိုးပျက်စီးရာပျက်စီးကြောင်းလုပ်ချင်ရတာပါလိမ့်လို့တွေးမိပါတယ် ။
အမြန်ဆုံးအဆင်ပြေပါစေ ။

reenoemann said...

အမရေ ကျနော်ဆို ထိုင် ငိုမှာဗျ။

ဘယ်နယ့်ဗျာ သူများကိစ္စ ကို လိုက်ပြီး လုပ်နေရတာပါလိမ့်နော်။

ပျော်ပျော်နေပါအမရယ်။ အမနဲ့ အတူ ဆုတောင်းပေးပါတယ်။ Hacker များကျန်းမာချမ်းသာ
ကြပါစေဗျာ။

အမပျော်ရွှင်ပါစေနော်။

မောင်လေး
မောင်ရီနို

ဖိုးစိန် said...

မကြီးဝါရေးးးးး

စိတ်တော့ကောင်းဖူး...

အောက်ကဟင်းတွေကတော့ကောင်းတယ်..

ဟိဟိ

စိတ်မညစ်နဲ့

မကြီးဝါ မကောင်းတာ လုပ်ထားတာမှမဟုတ်တာလေ..

ကိုယ်မယူရင် သူပဲပြန်ရမယ်...


စိတ်မပူနဲ့ 

အေးဆေး


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

reenoemann said...
This post has been removed by a blog administrator.
ကြည်ဖြူပိုင် said...

မမ၀ါရေ password ပြောင်းကြည့်ရင်အဆင်ပြေမယ်ထင်တယ်နော်
အနော် အဲလို ၂ခါလောက်ခံရဘူးလို့ မေးလ်အကောင့်ကိုဖျက်ပစ်ဖို့စိတ်ကူးဖူးပါတယ်
ဒါပေမယ့်password ပြောင်းလိုက်တော့အဆင်ပြေသွားလို့ ကိုယ့်မေးလ်အကောင့်လေးကိုလဲစွဲလမ်းနေမိလို့...မဖျက်ပစ်ခဲ့ဘူး...မမ၀ါအဆင်ပြေပျော်ရွှင်ပါစေနော်
ခင်တဲ့ကြွက်ပြောင် :P

့hnin said...

မမ၀ါရေ...လန့်တောင် လန့်သွားမိတယ်
ကိုယ်ကောင်းရင် ခေါင်းဘယ်မှ မရွေ့ပါဘူးမမ၀ါရယ်
မေတ္တာတရားက အရာရာကို အောင်နိုင်ပါတယ်
မမ၀ါ ရဲ့မေးလ်တွေ ဖွင့်ဖတ်လိုက်ရလို့ Hacker ကြီးပျော်ရွှင်သွားမယ်ဆိုရင် မမ၀ါ ကုသိုလ်ရပါတယ်နော် အဟီး .... အောက်က သမီးလေးအတွက် ပြင်ဆင်ထားတဲ့ ညနေစာလေးကလဲ
စားချင်စရာ ..... စိတ်တိုတာတောင် နှင်းတို့ မမ၀ါ က စိတ်ရှည်လက်ရှည် လုပ်နိုင်တာ တစ်ကယ် လေးစားပါတယ် .... မမ၀ါ ပျော်ရွှင်ပါစေ ...
ချစ်ညီမလေး မနှင်းဟေမာ

chocothazin said...

အစ်မရေ ဘဏ်ကနေများ ငွေလွှဲတာဆိုရင် သတိထားလိုက်ပါဦးနော်။ အန္တရာယ်များလို့ပါ။

~ဏီလင်းညို~ said...

အစ်မရေ...
ကြားရတာ...စိတ်တောင်မကောင်းပါဘူးဗျာ...။
ကိုယ်ဆိုလည်း...ဒေါသထွက်မိမှာပါပဲဗျာ...။
ဘာတွေလိုက်လုပ်ကြတာလည်းမသိဘူးဗျာနော်...။
အစစ အဆင်ပြေပါစေဗျ...။

ကောင်းကင်ပြာ said...

မမ အဆင်ပြေ ပျော်ရွှင်ပါစေရှင်..

khin oo may said...

13 Nov 09, 23:31
kom: ပျက်သွားတယ်။ နောက်ပြန်ရတယ်။ နားမလည်ပါဘူး ဝါဝါရယ်။ ဆောရီး စီပုံးမှာရေးနျေ့ကျ ရေးမိသွားတယ်။
13 Nov 09, 23:30
kom: ပေမဲ့ချိန်းလိုက်တယ်။ ပြန်ဝင်လို့ရသွားတယ်။ ဘလော့ကရန်ကုန်ကနေဝင်တုံးကဖြစ်ဘူးတယ် ဘာဖြစ်မှန်းမသိဘူး ဘလော့
13 Nov 09, 23:30
kom: တစ်စုံတစ်ယောက်က ပစဝချိန်းဘို့ တောင်းဆိုထားလို့ချိန်းမလားဆိုတဲ့စာရောက်လာတယ် တို့လဲမတောင်းဆိုဘဲနဲ့ ဒါေ
13 Nov 09, 23:29
kom: တို့လဲဖေ့ဘုတ်မှာဖြစ်ဘူးတယ်။ ဘာဖြစ်မှန်းမသိ ကိုယ့်အကောင့်ကို ကိုယ်ပြန်ဝင်လို့မရဘူး နောက်တစ်ရက်ကျတော့

အဖြူရောင်နတ်သမီး said...

မဝါရေ...
အဲဒီလိုဖြစ်တတ်လား...
သိဘူးရယ်...
စိတ်မကောင်းဘူး..တကယ်ပါ...
အခုဘယ်လိုလုပ်ထားလဲ..mail အသစ်ပြန်ဖွင့်ရင်ကော...

နိုင်ကို said...

ဖြစ်တတ်ပါတယ် ဒါမျိုးတွေက...connive လုပ်ထားတာ ကောင်းပါတယ်...ပျော်ရွှင်ပါစေ...

မေဇင် said...

မမ၀ါ....ဖြစ်တတ်မှန်း ကြားဖူးပေမယ့်...ပါတ်ဝန်းကျင်မှာ အဲ့လို password အခိုးခံရတယ် မကြားဖူးဘူး...ခု မမ၀ါ ပြောမှ တကယ်ပဲဆိုပြီး ကြောက်သွားတယ်...ဘယ်လို တွေများ လုပ်လဲ မသိဘူးနော်...။ ဟုတ်ပါတယ်...မေတ္တာပဲ ပို့ပေးတတ်မှာပဲ... မေလ်းပြောင်းလိုက်ရင်ရော မမ၀ါ..။

နွေးနွေးသဲမွန် said...

မမ၀ါ ရေ..ညီမလေးလဲ မေတ္တာဝိုင်းပို့ ပေးလိုက်ပါတယ်...သည်းခံဖြေဖျောက်တတ်တဲ့စိတ်ကလေးကို ကျိတ်ပြီးအားကျသင်ယူသွားတယ်နော်...း-)

Taw Luu said...

မ၀ါ
အလကားတော့ သူများစာကို ဖေါက်တာတော့မဖြစ်နိုင်ဘူး အကြံရှိမယ်ထင်တယ်
သတိထားပါလို့ ပြောလိုပါတယ်.ယုတ်မာတဲ့သူတွေက ယုတ်မာခွင့်မရသေးလို့ သူများကိုယ်ရေးကိုယ်တာ စပ်စုနေတာဖြစ်မယ်.ယုတ်မာခွင့်ပေါ်တာနဲ့လုပ်မှာ ခုတောင်တော်တော်ယုတ်နေပြီ

Vista said...

Hacker ဖြစ်ချင်တယ် ........
တိုးတိုးလေးပြောသွားတာပါ ....
ဒီလိုတတ်မှ အဲလို အဟက်မခံရအောင်
ခံရင်လည်း ပြန် ဟက်လို့ ရမှာ
Hack and Counter Hack ပေါ့လေ..
ဂျီမေးလ်ဟက်တာကတော့ များတယ်ဘာလို့ လဲမသိပါဘူး
လွယ်လို့ ထင်ရဲ့ ပစဝ ပြောင်းပြောင်းပေးပါ မမဝါ..

ရေတမာ said...

စိတ်မကောင်းပါဘူးအမရေ။ အဆင်ပြေပါစေလို့ မျှော်လင့်ပါတယ်

Aung M said...

စိတ်လျော့  မမ၀ါရေ ကျွန်တော့ yahoo account လဲ လွန်ခဲ့တဲ့ ၃ နှစ်လောက်က hack ခံရဘူးတယ် ပြန်ဝင်လို့ ကိုမ၇တော့ဘူး

ktmyint said...

my yahoo acc was also hacked 2 mnths ago. be careful when they ask u ur datas. i thought it was a mail fr yahoo service asking my datas as they also demand to verify datas or else they will close the acc within 72 hrs. that evening my acc was hacked and they ( hackers ) send mails appealing for cash to all my contacts saying that i am in trouble in UK. i had to change my p/w . one of my friends warned me immed they got the hacker's mail.

မနောသား said...

မင်္ဂလာပါ အမ ..

Gmail ကို Hack တယ်ဆိုတာ ကိုယ်နဲ့ တကယ်မသိတဲ့ လူတစ်ယောက်အတွက် မလွယ်ကူပါဘူး။ Google ဟာ သူ့ ယိုပေါက်တွေကို အမြဲ စီစစ်နေတာပါ။ ဒီတော့ ကျွန်တော့် စိတ်ထင် အမ နဲ့ နီးစပ်သူ ( သို့ ) အမ ကိုယ်ရေး အကြောင်း အနည်းငယ် ဖြစ်ဖြစ် သိသူ စတဲ့ လူတွေကသာ ဖြစ်နိုင်တယ်လို့ ထင်ပါတယ်။( ကျွန်တော် ဘယ်သူ့ကိုမှ စွပ်စွဲတာ မဟုတ်ဘူးနော် ..ဖြစ်နိုင်တာကို ပြောပြတာပါ ) ။ ဒါမှ မဟုတ် အမ က စကားဝှက်ကို အလွယ်တကူ ပေးထားမိလို့လား ၊ ဥပမာ × မွေးသက္ကရာဇ် ၊ နာမည် ၊ ဖုန်းနံပါတ် စသဖြင့်ပေါ့ ..လွယ်ကူတာတွေကိုတော့ မပေးပါနဲ့ ။ စကားဝှက်ကို ( eg : !@# ,Capt : Latter) တို့ကို ပေးသင့်ပါတယ် ။ ပေးတဲ့ နေရာမှာလဲ အနည်းဆုံး ( ၁၀ ) လုံးအထက်လောက်တော့ ပေးသင့်ပါတယ်။ နောက်ပြီး စကားဝှက် ချိန်းမယ်ဆိုရင်လဲ စကားဝှက်တစ်ခုတည်းကို ချိန်းတာမျိုးမဟုတ်ပဲ Security question တွေ Secondary Mail တွေကိုပါ ချိန်းပေးသင့်ပါတယ် ..။ ကျွန်တော် သိသလောက် ပြောပြတာပါ။ အမ ဆိုဒ်ကို ၀င်ဖတ်ရတာ စိတ်ကြည်နှုးလို့ နေစဉ် ၀င်ဖတ်ဖြစ်ပါတယ်။ အခုလို ဘာမဟုတ်တဲ့လူ အတွက်နဲ့တော့ စိတ်အနှောက်ယှက် မဖြစ်ပါနဲ့ ခင်ဗျာ။ အချိန်တန်ရင် သူ့လမ်း သူ သွားပါလိမ့်မယ်။

ခင်မင်လေးစားစွာဖြင့်

မနောသား

Rita said...

password ပြောင်းကြည့်လိုက်ပါ အစ်မ။
secondary mail ကို ဝင်လာပါလိမ့်မယ်။

ကျွန်မတော့ ရုံးကစက်ရော ကိုယ်ပိုင်စက်မှာရော p/w ကို မှတ်မထားဘူး။ တခါဝင် တခါရိုက်တယ်။ ပျောက်ရင် ဘာမှ လုပ်တတ်မှာ မဟုတ်လို့။

အဆင်ပြေပါစေ။

မနောသား said...

အမရေ .. အခုမှ သတိရလို့ဗျာ .. MZ မှာ ရေးထားတာလေး တွေ့လို့ ..အမ အတွက် အနည်းငယ် အသုံးဝင်မယ်လို့ ထင်ပါတယ် ..။

http://www.mysteryzillion.org/forums/showthread.php?t=2782

ခင်မင်စွာဖြင့်

မနောသား

ကိုလူထွေး said...

ဆိုးလိုက်ကြတာဗျာ...
ဒီလိုဆို password ကို မကြာမကြာ ပြောင်းပေးပေါ့...
အရေးကြီးတဲ့စာတွေကို သပ်သပ် backup လုပ်ပြီး သိမ်းထားလိုက်ပေါ့...

ထား said...

မမရေ ဒေါသတွေ ထွက်မနေပါနဲ့တော့နော်။ညီမလေး ဖုန်းဆက်မလို့ ဖုန်းကမကောင်းတော့ သွားပြင်တာရယ် အလုပ်ရှုပ်နေတာရယ်နဲ့လေ။အခုမေးလ် အဆင်ပြေသွားပြီလား။မနက်ဖြန်မှ ဖုန်းခေါ်လိုက်မယ်နော်။

ကျောပိုးအိတ် said...

အမရေ

သမီးတုန်းကလဲ အဲလိုဘဲ အဟက်ခံရတယ်။ စိတ်တိုလိုက်တာ ပြောစရာတောင်မရှိဘူး။

ခုလဲကိုယ်ချင်းစာပါတယ်။ စိတ်တိုမယ်ဆိုလဲ တိုစရာဘဲနော်။

သူများပတ်ဝေါ့ခိုးတဲ့သူတွေက တော်တော်အားနေပုံရတယ်။
စိတ်ဓါတ်က မြေကြီးထဲမှာ။

sweetpeony said...

ဟမ်
တော်လိုက်ကြတဲ့သူတွေ ဘယ်လိုများ ဟက်ပါလိမ့်....
ဟူးးးး ခက်ပါ့

ဒဏ္ဍာရီ said...

မမရေ .......... ကြားရတာ စိတ်မကောင်းဘူး။ အပေါ်က မနောသား အကြံပေးသတဲ့ အတိုင်းလေး လုပ်ကြည့်လိုက်ပါ မမ။ ဒါမှ စိတ်ချရမှာပါ။ ညီမ သိသလောက် အဲဒီလို အားလုံးကို ပြန်လိုက် ပြောင်းလိုက်ရာင်တော့ စိတ်ချရမှာပါ။

ခင်မင်လေးစားလျှက်

htike said...

အမ
ကြားရတာ စိတ်မကောင်းပါ
ညီမ သိသလောက်ကတော့
password ကို ၃လ တစ်ခါလောက် ပြောင်းပေးရတယ်
account တစ်ခုကို password တစ်ခုထားပါ၊ တစ်ချို.က မှတ်ရလွယ်အောင် account တိုင်းကို the same password သုံးတတ်ကြတယ်၊ အဲဒီတော့ account တစ်ခု hack ခံရရင်
ကျန်တဲ့ account တွေပါ တောက်လျောက်လိုက်ရော
ပြီးတော့ computer မှာ save password မလုပ်ထားနဲ.
laptop သုံးတယ်ဆိုရင် လူများတဲ့ နေရာမှာ (ဥပမာ wifi network ရတဲ့ internet cafe, train/bus station, airport စတဲ့ public place တွေမှာ
ကိုယ့် email ၀င်စစ်မိရင် hacker က အလွယ်တကူ ကိုယ့် account ထဲဝင် လို.ရတယ်။ ကိုယ့်အိမ်က plug တပ်သုံးရတဲ့ နံရံကလာတဲ့ internet က စိတ်အချရဆုံးပဲ