မင်္ဂလာပါရှင်.
မနေ့တုန်းက ကျွန်မ မက်ခုဒိုနရုဒိုဆိုင်မှာ အအေးသောက်နေရင်းနဲ့ ငြိမ်သက်အေးဆေးပြီး အပျင်းကြီးနေကြတဲ့ ကျွန်မအပါအ၀င် ဘလော့ဂါမောင်နှမများကို (Quiz) ကွိဇု လေးမေးဘို့ စိတ်ကူးမိလိုက်ပါတယ်ရှင်။
ဒီပို့စ်လေးက မောင်ငယ် ညီမငယ်တွေကို ဂျပန်စကားပြောဗဟုသုတလေးရစေရန်ရည်ရွယ်သလို ၊ အပျင်းပြေ ပျော်ရွှင်ကြစေဘို့လည်း ရည်ရွယ်မိပါတယ်ရှင်။
ဘာကွိဇုများပါလိမ့်လို့ တွေးမိကြမယ် ထင်ပါရဲ့..အဟက် ဂျပန်လိပ်ပါ။;D ဂျပန်လိပ်လို့ ကျွန်မကပြောတာ Japan turtle လို့ပြောတာမဟုတ်ဖူးနော်။အင်္ဂလိပ်စကားလုံးတွေကို ဂျပန်တွေမွေးစားစကားလုံးအဖြစ်သုံးပြီး ပြောကြတဲ့စကားလေးတွေကို ကျွန်မပို့စ်တင်ခဲ့ဘူးသလိုပဲ အခု ဂျပန်စကားပြောကို အင်္ဂလိပ်လိုဘာသာပြန်ပေးရမှာဖြစ်ပါတယ်ရှင်။
ပထမဆုံး မေးမယ့်မေးခွန်းကတော့ ကျွန်မစားခဲ့တဲ့ဆိုင်ဖြစ်တဲ့ “မက်ခုဒိုနရုဒို ”ဆိုတာ ဘယ်အင်္ဂလိပ်စကားလုံးကိုပြောတာလဲ။မက်ခုဒိုနရုဒိုဆိုတဲ့ဆိုင်ဟာ နိုင်ငံတိုင်းလိုလိုမှာ ရှိတဲ့ နာမည်ကြီးဆိုင်ကြီး တစ်ခုပါပဲ။နိုင်ငံခြားရောက် မြန်မာတိုင်းလိုလို အဲဒီဆိုင်ကို သိကြပါတယ် .. ကျွန်မတို့မိသားစုတောင်မှ စင်္ကာပူရောက်တုန်းက သွားစားခဲ့ကြပါသေးတယ်..ဟဲဟဲ “ဟင့်တို” ပေးထားတယ်နော်။ အဲ ဟင့်တိုဆိုလို့ ဘာပါလိမ့်လို့ ခေါင်းရှုတ်သွားပြန်ပြီထင်ရဲ့။မပြောပြဘူး...ဒီစကားလုံးလေးကလည်း ဂျပန်လိပ်ပါပဲ။တကယ်တော့ ကျွန်မတို့ မြန်မာတွေမှာ အင်္ဂလိမ်မွေးစားစကားလုံးတွေ အများကြီးရှိသလိုပဲ ဂျပန်မှာလည်း အင်္ဂလိပ်မွေးစားစကားလုံးတွေ တော်တော်များများသုံးကြပါတယ်။
ဂျပန်မှမောင်နှမများ မဖြေရပါ။ ကဲ.. အဖြေမှန် အခုချက်ချင်းပြောနိုင်ရင် နယူးရီးယားမှာ ဂျပန်ကို အလည်လာနိုင်ဘို့ စပွန်ဇာပေးပါမယ်.... အဟတ် .. ယုံသွားလား. ပေးမှာပါ အဟုတ် . မောင်ရီနိုမန်က ထီထိုးထားတယ်တဲ့ ထီပေါက်ရင် အစ်မ၀ါတို့မိသားစုကို စင်္ကာပူလာဘို့ စပွန်ဇာပေးမယ်တဲ့။ ဟော.. ကျွန်မကလည်း မောင်ရီနိုအကြံအတိုင်းပဲ အခုထီထိုးထားတယ် ထီပေါက်ရင် အဖြေမှန်တဲ့သူတွေကို ဂျပန်ကိုအလည်လာဘို့ စပွန်ဇာပေးပါမယ်ရှင်။း)) အဖြေမှန်မဖြေနိုင်ရင်တော့ စပွန်ဇာနဲ့လွဲပြီး လီနင်ဇာနဲ့ ပိတ်ဖောက်ဇာပဲ ပေးပါမယ်ရှင်။း)))
နောက်တစ်ခုကတော့ ဒီတပတ်ပိတ်ရက်မှာ Golf (ဂိုးရုဖု) ကွင်းကပြန်တော့ မိသားစု ၃ဦး စားသောက်ဆိုင်တန်းကြီးရှိတဲ့နေရာသွားပြီး ထမင်းစားခဲ့ကြသေးတယ်လေ. ကျွန်မကတော့ ကျွန်မကြိုက်တဲ့ すき屋 ဆိုင်မှာ ၀က်သား Pork (ပေါ့ခု)သုံးထပ်သားနဲ့ ထမင်းစားနေတုန်း ဦးဥာဏ်က ဟိုမှာဆိုင်နာမည် ဘာရေးထားလဲ ဖတ်ကြည့်ဆိုလို့ ဂျပန်လို ザキングオッふブラック “ဇာ ကင်းဂု အော့ဖု ဘရက်ဂု” လို့ရေးထားတယ်လေ... ကျွန်မက ဘာပါလိမ့်ပေါ့ မျက်မှောင်ကျုံ့ပြီး စဉ်းစားနေရင် နောက်မှ ဆိုင်နာမည်ကို အင်္ဂလိပ်ရေးထားတာတွေ့တော့မှ ရယ်လိုက်ရတာလေ. အဟတ်ဟတ်.. ဘာကိုရေးထားတာလဲ သိကြလားကွယ်။ သိတဲ့သူ ဂျပန်ရောက်ရင် ဖူဂျီတောင်ကို အလည်လိုက်ပို့ပေးဦးမှာနော်.. ပို့စ်ဖတ်ပြီး အဖြေမသိလို့ စိတ်ညစ်မသွားကြနဲ့ဦး ။ ပြောပြမယ်နော်. အောက်ဆုံးကျမှ. ;D
ကဲ ဒီ Quiz (ကွိဇု) လေးတွေကို ဖြေနိုင်ကြရင် အရင်ဆုံးမှန်တဲ့ ၃ ဦးကို ဂျပန်အလည်လာဘို့ စပွန်ဇာပေးပါမယ်ရှင်။ လေပျံနဲ့တော့ ဟုတ်ဖူးနော်...မီးပုံးပျံနဲ့လာရမှာ.း)))).တောင်ကြီးတန်ဆောင်တိုင်တုန်းက မီးပုံးပျံအပျက်တွေ တောင်ပေါ်သားဆီကနေ လက်ဆောင်ရထားတယ်။း)) ဂျပန်ရောက်လာရင် ညီမလေးတွေက ဟိုတယ်ရု (Hotel) မှာတည်းပြီး ၊ မောင်ငယ်တွေက ၀သန့် ရူးမု ( Room) မှာတည်းရမယ်။ ပြီးရင် ဂရုပု(Group) လိုက် တင်းနစ်စု (Tennis) ကို ကစားကြပြီး မောလာရင် ၊မိရုခု (Milk) နဲ့ ဂျုစု(juice) တွေကို ဒရင့်ဂု (drink ) ရမယ်။ဂိုးရုဖု (Golf)ရိုက်ချင်တဲ့သူတွေကို Golf ကွင်းခေါ်သွားပြီး ကစားခိုင်းမယ်။ဂိမ်းမု(Game)တွေ ကစားပြီးရင် ဘုတ်တို (Boat ) ကို စပစ်ဒို (Speed) နဲ့ စီးကြမယ်နော်။ညနေပိုင်းမှာ မက်ခုဒိုနရုဒိုဆိုင်ခေါ်သွားပြီး ချိဇုဘာဂါ (cheese burger) ကို ဟတ်ဖု( half) စီ ၀ယ်ကျွေးဦးမယ်နော်။း))))
ကဲ..ဟင့်တို (hint) လည်းပါသွားပြီမို့ ပထမမေးခွန်းရဲ့ အဖြေရလောက်ပြီ ထင်ပါတယ်။ ;D အပေါ်မှာ ကျွန်မရေးပေးထားတဲ့ အင်္ဂလိပ်စကားလုံး ဂျပန်အသံထွက်ကလေးတွေကို ကြည့်ပြီး ဖြစ်နိုင်ခြေရှိတာလေးတွေ ဖြေကြည့်ကြမယ်နော်။ :D
ပထမမေးခွန်းက ( မက်ခုဒိုနရုဒို )
ဒုတိယမေးခွန်းလေးက ( ဇ ကင်းဂုအော့ဖုဘရက်ဂု)
အင်္ဂလိပ်စကားလုံးလေးတွေပဲ တွေးပေးရမှာနော်. ရီကြမယ်.း))))))))
ဂျပန်မှဘလော့ဂါများနဲ့ စာဖတ်သူများ ဖြေခွင့်မပြုပါ။အဖြေလေးတွေဖတ်ပြီး ပျော်ရွှင်ကြရအောင်နော်.

Quiz (ကွိဇု)အဖြေမှန်...
ကွိဇု အဖြေမှန်သူ တစ်ဦးပေါ်ထွက်ခဲ့ပါတယ်ရှင်။ တချို့ မောင်ငယ် ညီမငယ်တွေက အဖြေမှန်ကြပေမယ့် စာလုံးပေါင်းမှားခဲ့ကြပါတယ်။စာလုံးပေါင်းရော ၊ အဖြေ ၂ခုပါ အတိအကျမှန်သူကတော့ အသက် ၂၀ မပြည့်သေးတဲ့ မောင်ငယ်ခရေတွန်(Craton) ပဲ ဖြစ်ပါတယ်ရှင်။ အိုမဲဒဲတိုဂိုဇိုင်းမတ်စ်ပါ ခရေတွန်ရေ.... မီးပုံးပျံ ၅လုံး ယူစေသတည်..း)))
အဖြေမှန်တွေကတော့ ....
မက်ခုဒိုနရုဒို ( McDonald's)
ဇာ ကင်းဂု အော့ဖု ဘရက်ဂု ( The King Of Black ) ပဲ ဖြစ်ပါတယ်ရှင်။
ဂျပန်စကားပြောမှာ The ဆိုတဲ့ အသံထွက် မရှိတာကြောင့် သူတို့က The ကို ဂျပန်လို ザ (Za) လို့ဖတ်ကြခြင်းဖြစ်ပါတယ်။ အဲဒါကြောင့် ဂျပန်လူမျိုးတွေက Thank you ဆိုရင် ဆင်းခယူး လို့ပြောကြခြင်းဖြစ်ပါတယ်ရှင်။
အားလုံးပဲ ကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ။
ဝါ၀ါခိုင်မင်း

35 comments:
တိဝူး တိဝူး ဂျပန်က ပြန်လာတဲ့ သူငယ်ချင်းကို
မေးလိုက်ဦးမယ် တီဝါရေး)
နေဦး ဂျပန်မလေးတစ်ယောက်ကို ရီးစားထားလိုက်အုံးမယ်..
ဂျပန်ကောင်လေးကိုတော့ မဟုတ်ဘူး..
ဖြေမယ်
ခဏ
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်
McDonald
and
The King of Bread
အဟိ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ဖြေပြီးပြီ
ပေး စပွန်စာနဲ့ မီးပုံပျံ
McDonald
The King of Bread
:)
လေယျာဉ်လက်မှတ် အမြန်ပို့ပါ။
ဟုတ်ဟုတ်မဟုတ်ဟုတ်
ထင်တာဖြေကြည့်မယ်...
MacDonald
and
The King of Bread
ခွိခွိ...
မမ၀ါ မှားရင် မရီရ....
း))))
မမ၀ါ
စပွန်စာ ၂ယောက်စာရမလား
အဟီးဟီးးးး
ဒါမှမဟုတ်
၁ယောက်ခွဲစာ
ဟီးးးးးး
၂ခုမှန်ရင် ၂ယောက်စာ
၁ခုမှန်ရင် ၁ယောက်စာ
၁ခုခွဲမှန်ရင် ၁ယောက်ခွဲစာ
ဟားဟားးးးးးးးးးးးးးးး
:)))))))))) တူတူမှန်ကြတယ်. အဲ တူတူမှားနေကြတယ်.
ခွိခွီးး)))))))
မက်ဒေါ်နယ်
သကင်းအော့ဖ်ဘရက်
ဟိဟိ အပေါ်ကနဲ့မတူအောင်မြန်မာလိုဖြေထားတယ်..
မမ၀ါ.. မှန်ပါသလားခင်ဗျား..
ပထမ တစ်ခုက Macdonald
ဒုတိယက KING OF BREAD လားမသိဘူး
ထင်တာပဲ
ရမ်းသွားတယ်
ပထမ တစ်ခုက Macdonald
ဒုတိယက KING OF BREAD လားမသိဘူး
ထင်တာပဲ
ရမ်းသွားတယ်
မမ၀ါရေ တစ်ခုမှ မသိ..........အဟိ..။
အဲ ထပ်သွားပီး
နက်ကျတာနဲ့ 
သူများတွေက ဖြေပီးကုန်ပီး
သားသားဖတ်တာအရင်နော်
ဒါဗြဲ
ပထမ တစ်ခုက Macdonald
ဒုတိယက KING OF BREAD
မှန်လာဗျ။
အမထီပေါက်ပါစေ။ မောင်ရီနိုလည်း အမြန်ဆုံးထီပေါက်ပါစေ ဟဲဟဲ
ကွိဇု လုပ်သွားပါတယ်ဗျာ။
မောင်ရီနို
ကိုသီဟကြီးအဖြေနဲ့တူနေလို့
လှည့်ပြန်သွားတယ်မမ၀ါရေ
အဟိ
ပေါင်မုန့်အပြိုင်လာရောင်းနေကြတယ်.. ဟတ်ဟတ်ဟတ်း)))))))))))))
McDonald
and
king of beef ..
မှန် လားးး တိ ဘူးးး ...
McDonald
and
the king of black ....
မှန်လားးး
မှန်လားးး ..
သိချင်တယ် ....
အမြန်ဆုံးနည်း နဲ့ ပန်းကန်လုံးစီးပြီး
ပြောပြပါတော့ ဗျို့ ....>>
အဖြေတွေ တူနေကြတော့ စောင့်ပဲ ကြည့်နေတယ် မမ၀ါ..
မမဝါ
ပထမတခုက မက်ဒေါနယ် သေချာတယ်။ နောက်တခုက စဉ်းစားဦးမယ်။ သေချာဖတ်ပြီးမှပြန်မန့်မယ် :D
မက်ဒေါ်နယ်
ဘာဂါ မှာ ဘုရင် (The King of Burger)
McDonald and Burger King.
ပထမတစ်ခုကတော့ ဟဲဟဲ
Mac Donald အဲဒီနေ့က တားတာတောင်ပါသေး
း)
ဒုတိယကတော့
The King of Bread လား
The King of Burger လား တစ်ခုခုပဲး)
မက်ဒေါ်နယ်ပဲသိတယ် ဒုတိယဟာသိဘူး.. quiz ဆိုလို့ ဘာများလဲလို့ လာချောင်းတာ.. သြော် ဂျပန်လာဖို့ စပွန်စာပေးမယ်ဆိုတော့ စိတ်ဝင်စားတာလဲ ပါတာပေါ့ နော်.. :D
မက်ဒေါ်နယ်
ဘရက်ဂုဆိုတော့ G နဲ့ ဆုံးရမှာပေါ့။
အဲဒီတော့ The King of Burger
ဆိုတော့ Burger King ပေါ့
ဟား ဟား မှတ်ထားပြီနော် မ၀ါရေ့ ဟေ ဟေ့
ဖြေမလို့ဟာ အပေါ်မှာဖြေထားတာတွေက မှန်သွားပြီလို့ထင်ပါတယ် ။ တော်ပြီ ကျောင်းပြန်နောက်ကျလို့ ဂျပန်သွားခွင့် အခွင့်ထူးကြီးနဲ့လွဲသွားတယ် ။
စာကြွင်း။ ။ဟင်းချက်ရန်ဆားအနည်းငယ်ယူသွားပါကြောင်း
Mac Donald
The king of black
McDonald's
The King of Black
Mac Donald
The king of black
အဲ အလာနောက်ကျလေချင်းကွယ်..း-)
အဟီးးး မနေ့ က က စောအိပ်တာမှာ သေတာပဲ....
နောက်ကျသွားပြီ.......း((
ဂျပန်လာမဲ့ အခွင့်အရေးတခု လက်မတင်လေး...(လက်မပဲတင်မယ်နော် မမဝါ) လွတ်သွားတယ်... ဟွင်းးးးးး
မီးပုံးပြန်လွတ်သွားတာ နာသကွာ
ဒါပေမယ့် ကျနော့် မိတ်ဆွေပြောသလိုပြောလိုက်မယ်
ဂွတ်သို (good ).. ဟိဟိ ..စလုံးရောက်တာတောင် မပျောက်ဘူးအဲဒါတွေ..
မင်္ဂလာပါရှင်.
အချိန်ပေးပြီး လာရောက်အားပေး အပျော်ဖြေဆိုသွားကြတဲ့ မောင်နှမများအားလုံးကို အများကြီးကျေးဇူးတင်ပါတယ်။
အဖြေတွေတော့ တချို့မှန်နေကြပေမယ့်
၂ ခုစလုံးအတွက် စာလုံးပေါင်းအမှန်ဆုံးကတော့ Craton ပဲဖြစ်ပါတယ်ရှင်။
အိုမဲဒဲတိုဂိုဇိုင်းမတ်စ်ပါပဲ ခရေတွန်ရေ..
အဖြေမှန် ၂ ခုကတော့...
McDonald's (မက်ခုဒိုနရုဒို)
The King of Black ( ဇာကင်းဂု အော့ဖု ဘရက်ဂု)
ပဲ ဖြစ်ပါတယ်ရှင်။
ခရေတွန်ရေ.. ဂျပန်လာဘို့ စပွန်ဇာ မီးပုံးပျံ ၅ လုံးယူစေ.
း)))))))
The King Of Black ကို ဇ ကင်းဂု အော့ဖု ဘရက်ဂု လို့
The ကို ဇသံထွက်ပြီး ပြောတာ ဂျပန်အသံထွက်အမှန်ပါ
ရှင်။ ဂျပန်တွေမှာ T သံမရှိတဲ့အတွက် Thank you ဆို
ရင် ဆင်းခယူး လို့ပြောကြပါတယ်။
ရေတမာနောက်ကျမှရောက်တယ်.. စာရင်းပိတ်သွားပြီ.
မီးပုံးပျံမရတော့ဘူး။း))
ပျော်ရွှင်နိုင်ကြပါစေ.
ဝါ၀ါခိုင်မင်း
အဖြေမှန်တာ
ဆောင်းနှင်း ပထမ ပါနော် ...
McDonald မှာ မေ့ပြီး s လေး ကျန်နေတာနဲ့
မီးပုံပျံရတော့ဘူးးးးး ဟွန်းး...
ကြိုးစားပမ်းစား ဖြေထားတာပါတယ် ဆိုမှ ..
ရဘူးးးး မီးပုံပျံ တစ်ဝက် ပေး ...
သွပ်ပြားက အခုမှအားလို့ မောကြီးပန်းကြီးလာခဲ့တာ...။
အခုတော့ ဖြေလို့မရတော့ဘူး...။ ဘယ့်နှယ်လုပ်ရမတုန်း...အမ၀ါရဲ့...။ နိုချင်သွားဘီ...။
(အမှန်က သိလည်း မသိပါဘူးဗျာ...။ အဟီး...)
မမဝါ
ပူးတေလဲ တဝက်မှန်တယ်လေ။ ပူးတေကို မီးးပုံးပျံ တဝက်ပေး။ ဂျပန်လာချင်လို့။ :(
Post a Comment