
ငွေ... ငွေ..
ငွေဆိုတာ ဂုဏ်ကိုခေါ်တယ်.. တဲ့.......
ငွေကြောင့် လူတွေပျော်ကြရတယ်..
ငွေကြောင့် လူတွေစိတ်ညစ်ကြရတယ်..
ငွေကြောင့်လူတွေ မောက်မာကြတယ်...
ငွေကြောင့်လူတွေ အားငယ်ကြတယ်.....
ငွေကြောင့်လူတွေ အတ္တကြီိးကြတယ်...
ငွေကြောင့်လူတွေ မာနချခဲ့ကြတယ်...
ငွေကြောင့်လူတွေ မနာလိုဖြစ်ကြတယ်....
ငွေကြောင့်လူတွေ မုဒိတာပွားခဲ့ကြတယ်...
ငွေကြောင့်လူတွေ အချစ်ပိုကြတယ်....
ငွေကြောင့်လူတွေ အမုန်းပွားကြတယ်....
ငွေကြောင့် လူတွေ နီးကပ်စေသလို...
ငွေကြောင့်လူတွေ ပိုဝေးကွာသွားနိုင်ကြတယ်...
ငွေကြောင့်လူတွေ ချစ်ခင်နိုင်စေသလို...
ငွေကြောင့်လူတွေ အပြစ်မြင်နိုင်ကြတယ်....
လူတွေ..လူတွေ.......
ဘ၀ရပ်တည်မှုအတွက်ငွေရှာကြတယ်......
ထည်ဝါမှုအလိုရှိလို့ငွေရှာကြတယ်.....
သူများနဲ့တန်းတူနေနိုင်ဘို့ဆိုတဲ့ အတ္တနဲ့ငွေရှာကြတယ်.....
ငွေရှာဘို့ လူတွေမှာသတ္တိတွေရှိနေပေမယ့် သတိမရှိဘူး.......
လောကကြီးမှာ အရေးကြီးဆုံးကငွေ.....
လူတွေအားလုံးအတွက် ငွေတွေလိုအပ်တယ်..
ဒါပေမယ့် ငွေရှာရင်းသေဆုံးသွားတဲ့ လူတစ်ယောက်နောက်ကိုတော့ ငွေတစ်ပြားမှပါသွားမှာ မဟုတ်ဖူးဆိုတာ သတိရဖို့ မေ့နေတတ်ကြတယ်....
ဒါပေမယ့်....ဘာပဲပြောပြော လူတွေအတွက်ငွေဟာ အချိန်တိုင်းအတွက်လိုအပ်နေတာ အမြဲမှန်ကန်နေတဲ့ နိယာမတစ်ခုပါပဲလေ....
**************************
What's your money goal?????
1. to save as much as possible
2.to have enough to pay for basic need and have some left over to save or invest.
3.to have enough to buy what ever i want
4.to be able to treat myself every now and then
5.I don't really have any goals.
လူတွေအားလုံး ပျော်ရွှင်ကြပါစေ....
WWKM
Thursday, April 30, 2009
ငွေ
Tuesday, April 28, 2009
IC Show အမှတ်တရ
IC Show video လေး ကိုကြည့်ချင်ကြတယ်လို့ လာအော်သွားကြလို့ မောင်လေးကြယ်စင်မင်း ကလည်း သူ့ဘလော့ဂ်လေးမှာ IC Video လေးတင်ထားကြောင်း လာအော်သွားတာနဲ့ ကြယ်စင်မင်းကို Request လုပ်လိုက်တာ ကြယ်စင်မင်းက IC Show Video file လေးပို့လားပေးခဲ့ပါတယ်.... ကျေးဇူးပါ ကြယ်စင်မင်းရေ.... မောင်လေး စင်ရှေ့မှာ အော်ပြီးကနေကြောင်း အစ်မဘယ်သူ့ကိုမှမပြောပါဘူးကွယ်... :D ( လူပေါင်းမှားသွားပြီ ထင်ပါရဲ့ )။ အရိဂတို ဂိုဇိုင်းမတ်ပါ....
ပျော်ရွှင်နိုင်ကြပါစေ.
မင်္ဂလာပါရှင်...
(26.4. 2009)နေ့က ဂျပန်မှာ IC Show ကျင်းပခဲ့ပါတယ်... ညနေ ၄ နာရီမှာ ကျင်းပမယ်လို့ စီစဉ်ထားပေမယ့် ရုံထဲဝင်ပြီးနေရာမယူကြသေးပဲ တဖွဲဖွဲထပ်ရောက်နေကြတဲ့ ပရိဿတ်တွေကြောင့် ညနေ ၄နာရီခွဲတိတိမှာ ပွဲစနိုင်ခဲ့ပါတယ်... ကျမတို့လည်း ပွဲ ၄နာရီစမယ်ဆိုတာကြောင့် မြန်မာတွေစုဝေးနေထိုင်ကြရာ TAKADANOBABA က မင်္ဂလာပါ မြန်မာစားသောက်ဆိုင်မှာ နေ့လည် ၂နာရီခွဲကတည်းကရောက်ရှိကြပြီး မြန်မာအစားအစာတွေ စားသောက်ကြရင်း ညီမလေးတွေကိုစောင့်ပြီး တစုတည်း စတိတ်ရှိုးရှိရာ Oji မြို့ကို ၃ နာရီခွဲလောက်မှပဲ ချီတက်နိုင်ခဲ့ကြတာမို့ ၄နာရီထိုးအတိလောက်မှာ Oji station ကိုရောက်ရှိသွားခဲ့ပါတယ်ရှင်... ဒါတောင်မှ ဘူတာမှာ တောင်ဖက်နဲ့ မြောက်ဖက် ထွက်ပေါက်မှားပြီး Ic show ကျင်းပရာ Sakura tower ကိုတော်တော်နဲ့ မရောက်နိုင်ခဲ့ပါဘူး... မြောက်ဖက် Exit ကနေထွက်ရမှာ တောင်ဖက် Exit ကနေထွက်မိခဲ့ကြလို့ ပွဲကျင်းပရာ Sakura tower က ဘူတာကနေ ၂မိနစ်လို့ ရေးထားပေမယ့် ၁၅ မိနစ်လောက် အချိန်ကုန်သွားခဲ့တယ်လေ... :D
Sakura tower ကိုရောက်တော့ ကိုယ့်ထက်နောက်ကျနေသေးတဲ့သူတွေရှိနေပြီး အပြင်မှာ အမှတ်တရဓါတ်ပုံတွေရိုက်နေကြသေးတာမို့ ကျမတို့လည်း အမှတ်တရဓါတ်ပုံရိုက်ဖြစ်ကြပါတယ်...အဲဒီမှာ ဓါတ်ပုံရိုက်နေရင်းနဲ့ ကျမတွေ့လိုက်ရတာက တဖွဲဖွဲရောက်ရှိနေကြတဲ့ မြန်မာမလေးတွေလေ.. အိုးးးး ဂျပန်မလေးတွေနဲ့ အပြိုင် ခေတ်မှီလိုက်ကြတာ ၊ ချောလိုက်ကြတာ တကယ်ပါပဲ.. ( ကိုယ်မပါပါ.. အသက် ၂၀ ကျော် ၃၀ ညီမလေးတွေကိုသာ ရည်ညွှန်းခြင်းဖြစ်ပါတယ်ရှင်.) :D တကယ်ခေတ်မှီကြပါတယ်... တစ်ယောက် ၊ နှစ်ယောက်လောက်ကလွဲရင် အားလုံးဟာ လုံလုံခြုံခြုံ ခေတ်မှီမှီ လှလှပပ မြန်မာမလေးတွေ ဂျပန်မှာ ပေါမှပေါပါပဲရှင်... ကောင်မလေးတွေ ချောရင်ချစ်တတ်တဲ့ ကျမက ထိုင်ငေး ၊ အဲ.. ရပ်ပြီးငေးတာပါ... မတ်တပ်ကလေးရပ်ပြီးငေးနေမိတာပေါ့ရှင်... :Dမြန်မာလူငယ်တွေ ခေတ်နဲ့အမှီ ရင်ဘောင်တန်းပြီး လှလှပပကျော့ကျော့မော့မော့လေးရှိနေကြတာ တကယ်ပဲ မုဒိတာပွား ပီတိဖြစ်မိပါတယ်ရှင်.... ခေတ်မှီမှီနဲ့ လှကြတာမှလေ သီချင်းလာဆိုကြတဲ့ ကြိုးကြာ နဲ့ ခင်စပယ်ညိုတို့ကိုတောင် သနားမိသွားပါတယ်.. (ရှူး..တိုးတိုး .. သူတို့မသိစေနဲ့နော်. ) သူတို့ နှစ်ယောက်လည်း လှတော့လှကြပါတယ်... ဒါပေမယ့် ဂျပန်က ညီမလေးတွေက ပိုသာနေတယ်ရှင့်။တစ်ယောက် ၊နှစ်ယောက် ခေတ်မှီလွန်တယ်ဆိုတာကလည်း လုံလုံခြုံခြုံလေးဝတ်ထားပေမယ့် စွပ်ကျယ်လိုအင်္ကျီမျိုးလေးတွေ ၀တ်ထားကြလို့ ကိုယ့်မြန်မာ မျက်စိနဲ့ အဆင်မပြေဖြစ်တာလောက်ပါပဲ..တကယ်တော့ ဒါကလည်း ဂျပန်မှာတော့ ပြောစရာကြီး မဟုတ်ပါဘူးရှင်... ဘော်ဒီလေးတွေကလှ ကျောသားလေးတွေပေါ်နေလို့ လှလိုက်တာလို့ ကျမတောင်ငေးလိုက်မိတာပါပဲရှင်... :D ဘလော့ပေါ်တင်ချင်ပေမယ့် ဓါတ်ပုံတော့ ရိုက်ရဲပါဘူး... တော်ကြာ ကြိုက်လားမသိ ၊ မကြိုက်လားမသိ( မီးမီး ကြောက် ကြောက်.) :P ဟိုသီချင်းလေးကို သတိရမိသွားတယ်.... “ မိန်ကလေးတွေ သိပ်မိုက်တယ်**** နှလုံးသားကို ဓါတ်လိုက်တယ်***** ဘုံကြိုးပြတ်တဲ့ ဒေ၀ီနတ်မျိုးနွယ်***** ” :P
ကျမက ဒီပွဲကို မြို့တစ်မြို့စီမှာ သတ်သတ်စီ နေကြတဲ့ ညီမလေး ၅ယောက်နဲ့ အတူသွားခဲ့တာပါ... ဂျပန်မှာနေကြပေမယ့် မတွေ့ဆုံနိုင်ကြတာ နှစ်ချီနေကြပြီမို့ ဆုံချင်ကြတာလည်း တစ်ကြောင်းကြောင့် Ic show ကို အတူစုကြည့်ဖြစ်ကြတာပါ... ဒီတခါတော့ ဦးဥာဏ်ပါဘူးရယ်လေ.. ဦးဥာဏ်နဲ့ သမီးလေးက အိမ်စောင့်ပေါ့.... ကျမကို pass ပေးလိုက်တာလေ.... သူငယ်ချင်းတွေဆုံရင်း Show ကြည့်မယ်ဆိုလို့ pass ရလိုက်တာပါ... thank u ပါ ဦးဥာဏ်ရေ.. :D
ကျမက ဒီလို Show မျိုးကို မြန်မာပြည်မှာလည်း တစ်ခေါက်မှ မကြည့်ဖြစ်ခဲ့ပါဘူး ... ဒါပေမယ့်Skin care company တွေကနေ sponsor ပေးတဲ့ အခါတွေမှာ Junsion 8 တို့ ၊ ဒဂုံစင်တာတို့ ၊ လပြည့်ဝန်းပလာဇာတို့မှာပဲ Free show တွေ ကြည့်ခဲ့ဘူးတာတော့ရှိပါတယ်...... ဒီလိုနဲ့ ပွဲစီစဉ်သူက အပြင်မှာဓါတ်ပုံရိုက်နေကြတဲ့ ကျမတို့ကို ၄ နာရီခွဲတိတိမှာ ပွဲစမှာဖြစ်လို့ နေရာယူပေးကြဘို့ လာပြောတာနဲ့ ရုံထဲဝင်ဖြစ်ခဲ့ကြပါတယ်... ရုံက ၂ ထပ်ပါ ၊ ကျမတို့က မသိပဲ အပေါ်ထပ်တက်ပြီး ခုံနံပါတ်တွေလိုက်ရှာတာ မတွေ့လို့ အနားမှာရှိတဲ့သူက “ဒီအထပ်က ခုံနံပါတ်မလိုကြောင်း ၊ကြိုက်တဲ့နေရာမှာဝင်ထိုင်လို့ရပါတယ်”လို့ပြောပြတော့မှ.. “ကျမတို့ဝယ်ထားတာ ခုံနံပါတ်တွေနဲ့လေ” ဆိုတော့ ဒါဆိုအစ်မတို့က ၈၀၀၀ တန်းဖြစ်မယ်.. အောက်ထပ်မှာတဲ့လေ.... အဲဒါနဲ့ အောက်ပြန်ဆင်း အောက်ထပ်မှာက ၁၀၀၀၀ တန်းနဲ့ ၈၀၀၀ တန်း တွေရှိပြီး စတိတ်စင်နဲ့ တော်တော်လေးကို နီးပါတယ်ရှင်... ကိုယ့်အရှေ့မှာ ခုံတန်း ၁၀ တန်းကျော်လောက်ပဲ ရှိနေပါတယ်...ပွဲစပြီး တီးပြီဆိုတာနဲ့ နားတွေကို အူရောပါပဲ.. ဟီးးး
အဲဒီလိုနဲ့ ၄ နာရီခွဲတိတိမှာ ပွဲစတော့ ပွဲစီစဉ်သူက( နာမည်မသိလို့ sorry ပါ) ကျေးဇူးတင်စကားပြောကြားပြီး ၊ ဒီပွဲကရရှိလာမယ့် အကျိုးအမြတ်တွေအားလုံးကို မြန်မာပြည်အတွက် နာဂစ်အလှူတွေ ၊ ဘုန်းကြီးကျောင်းတွေကိုလှူမှာဖြစ်တာကြောင့် ပွဲလည်းကြည့်ရ အလှူလည်းလုပ်ရတာမို့ ၀မ်းသာပီိတိဖြစ်မိပါတယ်ရှင်... ပွဲစီစဉ်ပေးတဲ့ Dr. ဦိးကိုကိုလွင် ကိုလည်း ကျေးဇူးတင်မိပါတယ်ရှင်...
ပထမဆုံး လေးဖြူရဲ့ အမဲလိုက်အက နဲ့ စဖွင့်ပါတယ်.... ပြီးတော့ အငဲ... မျိုးကြီး ၊ ၀ိုင်ဝိုင်း ၊ ကြိုးကြာ နဲ့ မေစံပယ်ညိုတို့က အလှည့်ကျ ဖျော်ဖြေခဲ့ကြပါတယ်.... ဒီပွဲမှာ ကြိုးကြာက အစီအစဉ် ၂ပိုင်းအတွက် ၀တ်စုံ ၂ စုံ လဲခဲ့ပေမယ့် မေစံပယ်ညိုကတော့ ကြည့်ရတာ သိတ်အဆင်မပြေဘူးထင်နေရတဲ့ ၀တ်စုံကို ထပ်လဲမယ်ထင်ခဲ့တာ ဒုတိယ တစ်ခေါက်ထပ်ဆိုတော့လည်း ၀တ်စုံမလဲပဲ အဲဒီဝတ်စုံလေးနဲ့ပဲ ထပ်ဆိုသွားခဲ့ပါတယ်ရှင်... တကယ်ဆိုရင် ဂျပန်မှာ သီချင်းလာဆိုတယ်... ပွဲက တစ်ရက်တည်း တစ်ညတည်းမှာပဲ နှစ်ပိုင်းဆိုရမှာမို့ အလှအပကြည့်လိုတဲ့သူတွေအတွက်တော့ မေစံပယ်ညို ၀တ်စုံထပ်မလဲလာတော့ ဟင်..ဟာ..တွေ ဖြစ်ကုန်ကြပါတယ်.... သူက အဲဒီဝတ်စုံလေးကိုပဲ အရမ်းကြိုက်လို့ ဖြစ်မှာပါလေ..နော်..း) လေးဖြူ ၊ ၀ိုင်ဝိုင်း ၊ မျိုးကြီး ၊ အငဲ တို့ကတော့ ၀တ်စုံတွေလဲကြပါတယ်.....
တကယ်တော့ ကျမက သီချင်းအေးအေးလေးတွေကိုသာ ကြိုက်တတ်တာပါ.... ဒါပေမယ့် IC Show က နာမည်ကြီးမို့ ကြည့်ဘူးချင်တာရယ် ၊ ညီအစ်မတွေ မဆုံတာကြာပြီဖြစ်တာရယ်ကြောင့် ကြည့်ဖြစ်ခဲ့တာပါ.... လေးဖြူ ၊ အငဲ ၊ ၀ိုင်ဝိုင်း ၊ မျိုးကြီး တို့ ဆိုတဲ့ သီချင်းတွေ အများကြီးထဲက ကျမရတာ ၊ ကျမလိုက်ဆိုနိုင်တာ သီချင်း ၃ ပုဒ်လောက်ပဲ ပါပါတယ်.. ဒါတောင် သီချင်းခေါင်းစဉ် မသိပါဘူးရှင်... အဲလောက်တော်တာနော်... :D
IC crazy တွေကိုတော့ တကယ်ပဲ အံ့သြချီးကျူးမိပါတယ်ရှင်... သီချင်း အပုဒ်တိုင်းကိုရကြပြီး လိုက်ဆိုနိုင်ကြပါတယ်... မြန်မာတွေ တကယ်ပဲ စည်းကမ်းရှိရှိနဲ့ စည်းစည်းလုံးလုံး ပျော်ပျော်ရွှင်ရွှင် ဆိုကြ ၊ ကိုယ့်နေရာလေးမှာပဲ ကိုယ်ရပ်ပြီး ကကြရင်း ပွဲကြည့်ကြတာ တကယ်လေးစားဂုဏ်ယူမိပါတယ်ရှင်.... အစကတော့ သူများတွေက IC Show ဆိုရင် မကြည့်နဲ့ ဆူကြတယ် ၊ ပြဿနာတွေဖြစ်တယ်လို့ ပြောလို့ ကြည့်ရမှာတောင် ခပ်တွန့်တွန့် ဖြစ်ခဲ့ပြီး အဲလို တစ်ခုခုများဖြစ်လေမလားလို့ စိုးရိမ်ခဲ့မိလေပေမယ့် ကျမတို့အတန်းရဲ့ကပ်ရက်နောက်ဖက်တန်းမှာ ချစ်စရာညီမလေးတစ်ယောက်တည်း ခပ်တည်တည်အိနြေ္ဒရရ စတိုင်လေးနဲ့ ပီကေလေးဝါးပြီး တစ်ယောက်တည်း သီချင်းလေးတွေ လိုက်ဆိုရင်ကြည့်နေတာမို့ အဖော်တွေအများကြီးနဲ့ လာတဲ့ကျမက ပိုအေးဆေးပေါ့နော်... အဲဒီညီမလေးကို ချစ်လို့ ခဏခဏလှည့်ကြည့်ဖြစ်ပါတယ်... ခေတ်မှီမှီ စတိုင်လေးနဲ့ တစ်ယောက်ထဲ အိနြေ္ဒရရ အေးအေးဆေးဆေး ကြည့်နေတာလေ... တော်လိုက်တာ တကယ်... ကိုယ်ဆိုရင် တစ်ယောက်တည်းဆို ဒီလိုပွဲမျိုး မတိုးရဲ.. ဟတ်ဟတ်...
ဒီအစဉ်တွေထဲမှာ ကျမအကြိုက်ဆုံးအစီအစဉ်လေးကတော့ အဆိုတော်ဝိုင်ဝိုင်းက ထိုင်ပြီး ၀ိုင်ဝိုင်ခေါင်းပေါ်မှာ ဂစ်တာတင်ပြီး ချစ်စမ်းမောင်က “ရှမ်းရိုးမက အိုးစည်သံ သီချင်းလေးနဲ့ မြနန္ဒာ သီချင်းလေး”ကို ဂစ်တာတီးပြတော့ အားလုံးက လက်ခုတ်ဝိုင်းတီးပြီး လိုက်ဆိုကြတာလေးကို သဘောအကျဆုံးပါပဲရှင်....
ရုံထဲကို ဗီဒီရိုကင်မရာ မယူရလို့ သတ်မှတ်ထားတာကြောင့် ဓါတ်ပုံသာရိုက်ခွင့်ရှိပေမယ့် ကျမကတော့ ကင်မရာလေးနဲ့ သီချင်း ၃ ၊၄ ပုဒ်လောက် ဗီဒီရိုရိုက်လာခဲ့ပါသေးတယ်ရှင်..... အဲဒါတော့ ကျမမတင်တတ်ဖူးရယ်.. ဦးဥာဏ်ပြန်လာမှ တင်ခိုင်းရတော့မယ်... မြန်မာလူမျိုးတွေ စည်းကမ်းရှိရှိ ၊ ကိုယ့်နေရာလေးမှာ ကိုယ်ရပ်ပြီး ဆိုကြ ကကြရင်း ပျော်ရွှင်ကြည်နူးစရာကောင်းလွန်းလို့ မှတ်တမ်းတင်လိုက်မိတာပါ။ ကင်မရာနဲ့ ရိုက်ထားတာဆိုတော့ သိတ်တော့ ကောင်းမှာ မဟုတ်ပါဘူး။ အဆင်ပြေရင် တင်ပေးပါ့မယ်နော်..
အဆုံးပိတ်သီချင်းလေးကို လေးဖြူ ၊ အငဲ ၊ ၀ိုင်ဝိုင်း ၊မျိုးကြီးတို့အတူ ရောဂါ သီချင်းလေးကို သီဆိုကြရင်းနဲ့ ၈ နာရီခွဲတိတိမှာပဲ ပွဲပြီးဆုံးသွားခဲ့ပါတယ်ရှင်...
လေးဖြူ
ကြိုးကြာ
ဝိုင်ဝိုင်း
မျိုးကြီး
မေစံပယ်ညို
မျိုးကြီး
ကြိုးကြာ
လေးဖြူ
ဝိုင်ဝိုင်းခေါင်းပေါ်မှာ ဂစ်တာတင်ပြီး ချစ်စမ်းမောင် တီးစဉ်
ညီမလေးများနဲ့ အမှတ်တရ
ပျော်ရွှင်ချမ်းမြေ့ကြပါစေ.
WWKM
Saturday, April 25, 2009
ကောက်ညှင်းပေါင်း
ဒီနေ့ ဒီမှာ မိုးတွေရွာနေတယ်လေ.. မနေ့ညကတည်းကရွာနေတဲ့ မိုးက အခုအထိ တ၀ုန်း
ဒီနေ့တော့ မိုးအေးအေးနဲ့ ကောက်ညှင်းပေါင်းစားချင်စိတ်ပေါက်လို့ ကောက်ညှင်းလေးပေါင်းလိုက် ..အဲ..ပေါင်းတာမဟုတ်ဖူး..ထမင်းပေါင်းအိုးနဲ့ပဲ ချက်ရတာလေ... ကောက်ညှင်းပေါင်းလေးနဲ့ ကော်ဖီလေးသောက်ပြီးတော့ စောင်ခြုံထဲကွေးပြီး သီချင်းလေး နားထောင်လိုက်ဦးမယ်.... မောင်နှမတွေကို သတိရလို့ ကောက်ညှင်းပေါင်း ကျွေးမယ်နော်.. သုံးဆောင်သွားကြပါဦးရှင်. :D
ဦးဥာဏ်က ကော်ဖီခါးခါး ၊ ကျမက ကော်ဖီချိုဆိမ့်၊သမီးလေးက မသောက်ဖူးတဲ့..း)
ဒီရယ်ဒီမိတ်ပဲထုတ်ကလေးနဲ့ ကောက်ညှင်းဆန်နဲ့ ရောချက်လိုက်တာပါရှင်..
ပျော်ရွှင်ကြပါစေ.
WWKM
Friday, April 24, 2009
ဂျပန်ပြည်မြောက်ပိုင်း Fukushima သို့ အလည်တစ်ခေါက် . ၃
မင်္ဂလာပါရှင်...
ကျမတို့မိသားစုဟာ တနင်္ဂနွေနေ့ ၊၁၉ ရက်နေ့မနက် ၁၀နာရီမှာ ဟိုတယ်ကနေထွက်ခွါလာကြပြီးတော့ Inawashiro Lake ကို အလည်ရောက်ရှိကြပါတယ်..ရေကန်ကြီးက အကျယ်ကြီးနဲ့ view တွေက အရမ်းလှပြီးတော့ ရေလှိုင်းလေးတွေ တက်လာတာကိုကြည့်ပြီး သမီးလေးက အရမ်းပျော်ပြီးဆော့နေပါတော့တယ်... နောက်တော့ Dr.မီယဟာရ က ငါးမျှားကြမယ်ဆိုပြီး ငါးမျှားတံတွေထုတ်လာတာမို့ အပျော်ငါးမျှားခဲ့ကြပါသေးတယ်... ငါးကတော့ တစ်ကောင်မှ မရခဲ့ပါဘူး....း)
Inawashiro Lake ကနေ Bandai တောင်ပေါ်တက်ပြီးလည်ခဲ့ကြပါတယ်... တောင်ပေါ်ကိုကားနဲ့ ပတ်တက်ကြည့်ကြမယ်... ကားမူးရင်တော့ ပြန်ဆင်းကြမယ်ဆိုပြီး တက်ကြတာ ကားတော့နည်းနည်းမူးပေမယ့် တောင်ပေါ်ရောက်တော့ ပျော်စရာ View အလှအပတွေ ၊ တောင်ပေါ်မှ ရေကန်ထဲမှာ လှေစီးနေကြတာတွေမြင်တော့ ကားမူးတာပျောက်ပြီး လှေစီးခဲ့ကြပါတယ်ရှင်... ရေကန်ထဲက ရေတွေက စိမ်းနေပြီးတော့ ဘေးပတ်ဝန်းကျင်မှာ တောင်တန်းအလှလေးတွေနဲ့မို့ ဓါတ်ပုံတွေရိုက်ရတာ ပျော်စရာကောင်းခဲ့ပါတယ်...
လှေစီးကြပြီးတော့ တောင်ပေါ်ကိုခြေလျှင်ထပ်တက်ကြတာ ဟိုး တောင်ထိပ်အဆုံးအထိရောက်သွားခဲ့ကြပါတယ်.... အမှတ်တရ ဓါတ်ပုံတွေ အများကြီးရိုက်ဖြစ်ခဲ့ကြတာပေါ့နော်.... အဲဒီတောင်ပေါ်ကို ကိုယ်တိုင်ဆိုရင် ရောက်နိုင်မှာမဟုတ်ပါဘူးရှင် ..Dr. မီယဟရ ကျေးဇူးကြောင့် မထင်မှတ်တဲ့နေရာလေးတွေကို အမှတ်တရ အဖြစ်အလည်ရောက်သွားခဲ့ကြတာပါ... တောင်ပေါ်မှာ အမှတ်တရအဖြစ် ဖုန်းမှာချိတ်ဖို့ ဦးဥာဏ်နဲ့ ကျမက ဂျပန်မအရုပ်လေးတွေ ဆင်တူဝယ်ဖြစ်ခဲ့ကြပါတယ်... ဦးဥာဏ်က ဂျပန်မအဖြူရောင်အရုပ်ကလေးယူပြီးတော့ ကျမကတော့ ဂျပန်မအနီရောင်အရုပ်ကလေးကို ယူခဲ့ပြီး အခု ဖုန်းမှာ ဆင်တူချိတ်ထားကြပါတယ်..ကလေးလုပ်နေကြတာပေါ့နော်... :D
တောင်ပေါ်ကနေအဆင်းမှာ တခြားလမ်းတစ်လမ်းကနေဆင်းပြီးတော့ Dr.မီယဟရ ကတောင်အလှတွေကိုပြပြီး ရေတံခွန်ရှိတဲ့ နေရာလေးကို ပို့ပေးခဲ့ပါသေးတယ်ရှင်... ရေတံခွန်ကိုသွားဘို့ရာ နှင်းတောတွေကြားဖြတ်ရတာမို့ ကျမရဲ့ဒေါက်ဖိနပ်ချွန်းချွန်းကို လမ်းလျှောက်လို့ဖြစ်ပါ့မလားမေးတော့ ကျမရဲ့ဒေါက်ချွန်းက နှင်းတွေကြားထဲ နစ်ဝင်သွားတာမို့ ချော်မလဲတော့ပဲ ပိုကောင်းတယ်လို့ ပြောပြရင်းနဲ့ နှင်းတောတွေကြားလျှောက်ခဲ့တာ ဒေါက်ဖိနပ်ချွန်းချွန်းက တော်တော်လေး အဆင်ပြေပါတယ်ရှင်.. လုံးဝ မချော်ပဲနဲ့ ဦးဥာဏ်နဲ့ သမီးလေးရဲ့ဖိနပ်တွေကမှ နှင်းကြားထဲမှာချော်နေပါသေးတယ်...
ရေတံခွန်က အပြန်မှာတော့ နေ့လည်၃ နာရီကျော်နေပြီမို့ နေ့လည်စာကို အဲဒီဒေသက နာမည်ကြီး ဂျပန်ရာမင်ခေါက်ဆွဲဝင်စားဖြစ်ကြပြီး အပြန်ကားလမ်းတွေပိတ်လို့ ကားပေါ်မှာဂျပန်သီချင်းလေးတွေဖွင့်နားထောင်ရင်း ကားကိုဖြေးဖြေးပဲ မောင်းလာရတာ အိမ်ကို ည ၉ နာရီလောက်မှာပြန်ရောက်ခဲ့ကြပါတယ်ရှင်....
ဒီခရီးစဉ်လေးကတော့ ကျမတို့မိသားစုအတွက် မမေ့နိုင်တဲ့ ပျော်ရွှင်စရာ ခရီးစဉ်လေးတစ်ခုဖြစ်ခဲ့ပြီး ပျော်ရွှင်စရာကောင်းတဲ့ Weekend လေးဖြစ်ခဲ့ပါတော့တယ်ရှင်...
သဲသောင်ပြင်မှာ ဂျပန်စာရေးနေတဲ့ သမီးလေး
Inawashiro Lake မှာ အမှတ်တရ.
Bandai တောင်ပေါ်ကို ကားနဲ့ ပတ်တက်ခဲ့ကြတာပါ.
Goshikinuma Lake မှာ လှေစီးခဲ့ကြတယ်လေ.. ဒီရေကန်လေးက အရောင်ငါးရောင်ပြောင်းတယ်လို့ပြောပြတယ်. ဓါတ်ပုံတွေတော့ရိုက်လာတာပဲ အရောင်ပြောင်းနေတာလည်းပါတယ်လေ...
ရေကန်အရောင်အမျိုးမျိုးပြောင်းတာကို ဓါတ်ပုံရိုက်ထားတာပါ..
ဦးဥာဏ် နဲ့ Dr.မီယဟရ
ရေတံခွန်မှာ အမှတ်တရ.
နာမည်ကြီး ရာမင်ခေါက်ဆွဲဆိုင်
ရာမင်ခေါက်ဆွဲမကြိုက်တဲ့ ကျမတောင်မှ အရသာတော်တော်လေးကောင်းလို့ ကြိုက်သွားခဲ့ပါတယ်...
ပျော်ရွှင်ချမ်းမြေ့ကြပါစေ.
လေးစားခင်မင်လျှက်
WWKM
Thursday, April 23, 2009
အတွေ့ချင်ဆုံးသူ ၁၀ ယောက် ( Tag post)
အလည်လာကြတဲ့ မိတ်ဆွေတွေအားလုံးကိုကျေးဇူး တင်ပါတယ်....
အခုတလော စိတ်တွေလေနေတာနဲ့ စာလည်းကောင်းကောင်းရေးချင်စိတ်ရှိမနေဘူးလေ... နေလို့မကောင်းဘူး.. နေလို့မကောင်းတာက ကိုယ်ပူပြီး ဖျားတာမဟုတ်ပဲ စိတ်မပျော်နေတာလေ.... ကျမလိုပါပဲ မောင်လေးတွေ ၊ ညီမလေးတွေကလည်း တချို့နေမကောင်းဘူးလို့ ပြောကြတယ် ၊ G. talk ,Custom message မှာလည်း နေမကောင်းဘူးလို့ ရေးထားကြတာတွေ့ရင် ဘာဖြစ်လို့လဲ ညီမလေးရေ ဆိုပြီးမေးဖြစ်ပါတယ်... လူကနေမကောင်းတာ မဟုတ်ပဲ စိတ်ကနေမကောင်း ဖြစ်နေကြတာပါ....တကယ်တော့ ကိုယ်ပူပြီးနေမကောင်းဖြစ်နေကြတာမဟုတ်ပါဘူး.... ကိုယ့်မွေးရပ်မြေနဲ့ အဝေးမှာနေနေကြတဲ့ မောင်နှမတွေအားလုံးကို ကိုယ်ချင်းစာပါတယ်ရှင်.... ကိုယ့်ရဲ့သိစိတ်က တော်ရာနေရာမှာ ဘာပဲဖြစ်ဖြစ်ပျော်အောင်ကြိုးစားပြီးနေနေကြပေမယ့် ကိုယ့်ရဲ့မသိစိတ်က အမိမြေကိုလွမ်းနေပြီး home sick ရနေကြတာဖြစ်ပါလိမ့်မယ်....
လူကနေလို့မကောင်းဘူး.. စာရေးချင်စိတ်လည်းမရှိဘူး ... နုံးချိနေတယ်... အလကားနေရင်းမောနေတယ်လေ.... စိတ်မပျော်ဘူး ၊ အခုတလော မောင်နှမတွေအိမ်လည်း စိတ်ကရောက်ပေမယ့် လူကမရောက်ဖြစ်နေခဲ့ပါတယ်.... ပို့စ်အသစ်လေးတွေတက်လာရင်သာ အတတ်နိုင်ဆုံးရောက်အောင်သွားပြီး နှုတ်ဆက်ချင်နှုတ်ဆက် ၊ မနှုတ်ဆက်ချင်တော့ရင်လဲ တိတ်တိတ်လေးပဲ ပြန်လာခဲ့ပါတော့တယ်...
ဒီလိုနဲ့ပဲ ကျမတို့ မိသားစု စိတ်ပြေလက်ပျောက် ခရီးထွက်ဖြစ်ခဲ့ကြပါတယ်... ခရီးထွက်တုန်းကတော့ ကားပေါ်မှာ သီချင်းအကျယ်ကြီးဖွင့်ပြီး သီးချင်းလေးတွေလိုက်ဆိုရင် စိတ်တွေ relax ဖြစ်နေလို့လားမသိဘူး... နေကောင်းနေတာပါပဲ.. ဘာမှ မဖြစ်တဲ့ အတိုင်းပဲလေ.. တောင်တွေတောင်တက်ခဲ့လိုက်သေးတယ်..အားတွေကိုရှိလို့ပဲ... အဲ... အိမ်ပြန်ရောက်တာနဲ့ စိတ်မော ၊လူမောကြီးဖြစ်ပြီး နေမကောင်းသလိုလို ဘာလိုလို ရောဂါပြန်စတော့တာပါပဲ... စိတ်က ဟိုရောက် ဒီရောက်ရယ်လေ.... တကယ်တော့ ဒီနေ့ ခရီးသွားပို့စ်ကလေး အပြီးသတ်ရေးမလို့ ဓါတ်ပုံတွေ ထည့်နေရင်းနဲ့ စိတ်မ၀င်စားတော့တာနဲ့ ဒီပို့စ်လေးရေးဖြစ်လိုက်ပြန်ပါတယ်ရှင်....စိတ်က အဲလို.. အခုတလော စိတ်နဲ့လူနဲ့ မကပ်ဖူးရယ်လေ.... တချို့မိတ်ဆွေတွေက ကျမဆီမေးလ်ပို့လာကြပါတယ်... home sick ပြေပျောက်အောင်လို့ ကျမရဲ့ဘလော့လေးကိုနေ့စဉ်ဖတ်ဖြစ်တဲ့ အကြောင်းလေးတွေရေးလာတော့ ကျမကိုအားပေးတဲ့သူတွေအတွက် ပို့စ်ကောင်းကောင်းလေးတွေ ကြိုးစားပြီးရေးပေးချင်ပေမယ့် ကိုယ်တိုင်က home sick ရနေလေတော့.... ဟီးးး တွေ့ပုချိပါရှင်.... ကျမရဲ့ မိတ်ဆွေတွေအားလုံးကို လေးစားပါတယ်... တကူးတက အလည်လာပြီးဖတ်ပေးကြလို့ ကျေးဇူးလည်းတင်မိပါတယ်..ဒါပေမယ့် တခါတလေမှာ အရေမရ အဖတ်မရ ပို့စ်တွေ ရေးမိတတ်ပြန်လို့လဲ တောင်းပန်ပါတယ်နော်... တကယ်တော့ ကျမရဲ့ဘလော့ဂ်လေးက ကျမရဲ့စိတ်တွေ relax ဖြစ်ဖို့အတွက် ကျမဘ၀ရဲ့ အမှတ်တရလေးတွေကိုသာ ဒိုင်ယာရီတစ်ခုလိုရေးနေခြင်းသာဖြစ်ပါတယ်ရှင်.... ဒါကို နားလည်ပေးပြီး လာရောက်အားပေးဖတ်ရှု့တဲ့ သူတွေအားလုံးကို ကျေးဇူး အထူးပဲတင်ရှိပါတယ်.... အလည်လာကြတဲ့သူတွေအားလုံးထဲမှာလည်း ကျမကို ခင်မင်ပြီးလာရောက်ဖတ်ရှု့တဲ့သူတွေရှိသလိုပဲ ၊ ကျမရေးတာတွေကို မကြိုက်မနှစ်သက်ပဲ သက်သက်အလည်ရောက်လာတဲ့သူတွေလည်းပါမယ်ဆိုတာ ကျမသိပါတယ်ရှင်... ဘာပဲဖြစ်ဖြစ် ကျမရဲ့စိတ်ထဲရှိတာတွေ မျှဝေခံစားခွင့်ရရှိတဲ့ အတွက် အားလုံးကို တကယ်ကျေးဇူးတင်မိပါတယ်.....
ရေးရင်းရေးရင်းနဲ့ လမ်းကြောင်းက အရမ်းလွဲသွားပါပြီ... တကယ်တော့ ကျမဒီနေ့ရေးမှာက ကျမအတွေ့ချင်ဆုံးသူ ၁၀ ယောက်(Tag post) လေးဖြစ်ပါတယ်ရှင်.... ဒီ Tag post လေးကို ညီမလေးဆု(လိပ်ပြာလေး) က တက်ဂ်ထားတာကြာပါပြီ... အခုမှပဲ စိတ်ကူးပေါက်လို့ ရေးဖြစ်ပါတော့တယ်.. ဒါပေမယ့် ညီမလေးရဲ့ အိမ်ကိုဘယ်လိုမှဖွင့်လို့ရမနေလို့ G.talkကနေပဲ message ပို့ထားလိုက်ပါတယ်....
1.ပထမဆုံးတွေ့ချင်တဲ့သူကတော့ ကျမကိုတွေ့ဖူးချင်တယ်လို့ တက်ဂ်ထားတဲ့ညီမလေးဆု(လိပ်ပြာလေး)ပဲ ဖြစ်ပါတယ် ... ညီမလေးနဲ့ တခါတလေတော့ Chatting လုပ်ဖြစ်ကြပါတယ်.. ဒါပေမယ့် ကျမတို့ဆီမှာ မနက်ဆိုရင် ညီမလေးဆီမှာ အိပ်ရာဝင်ချိန်ဖြစ်နေလို့ သိပ်မတွေ့ဖြစ်ကြပါဘူး။ ညီမလေးက ချစ်စရာကောင်းပြီး သဘောကောင်းမယ့်ပုံလေးမို့ တွေ့ချင်မိတာပါ။
2.နောက်တစ်ယောက်က G.talk မှာတွေ့ကြတိုင်း အမြဲနှုတ်ဆက်ပြီး အာဝါးပေးတတ်တဲ့ ချစ်ညီမလေး ညီမလေးပုလဲလုံး ရယ်ပါ... ပုလဲလုံးလေးကလည်း ကျမကိုတွေ့ဖူးချင်ပါတယ်လို့ Tag post လေးမှာရေးထားသလိုပဲ ကျမကလည်းအသက်ငယ်ပေမယ့် စိတ်သဘောထားဖြူစင်တဲ့ ညီမလေးကို တကယ်တွေ့ဘူးချင်ပါတယ်....
3.နောက်ထပ်တစ်ယောက်ကတော့ G.talk မှာတွေ့တိုင်း အာဝါးပေးပြီး အရင်ချွဲတတ်တဲ့ ညီမလေး မက်မက် (ခေါ်)ညီမလေး Dream ပဲ ဖြစ်ပါတယ်ရှင်.... ။ ညီမလေးကိုတော့ အရင်ကတည်းကတွေ့ဘူးချင်နေတာပါ။ တတ်သိ ၊လိမ္မာလို့လေ...( ဆိုးတဲ့ အခါလည်းဆိုးပါတယ်.) ဟဲဟဲ..မြှောက်ပြီးမှ ပြန်ချလိုက်တာ.. :D စိတ်ဆိုးရင် အာဝါးးမပေးတော့ဘူးနော်..း)
4.နောက်တစ်ယောက်ကတော့ ချစ်တဲ့ ညီမငယ်လေးတစ်ယောက်ဖြစ်တဲ့ ညီမလေးဝေလေးပဲ ဖြစ်ပါတယ်ရှင်... ညီမလေးကလည်း G.talk မှာ ပုန်းနေတတ်ပေမယ့် တခါတလေမှသာ Online တက်ဖြစ်တဲ့ ကျမကိုတွေ့တိုင်းတော့ နှုတ်ဆက်တတ်ပါတယ်... သူလေးကလည်း ကျမကို အာဝါးးပေးတယ်ရှင့်.. အဲလိုပေါ့..ချွှဲတတ်တဲ့ညီမလေးတွေကို တွေ့ဘူးချင်နေမိပါတယ်... တခါတလေကျမကို အစ်မကြီးတစ်ယောက်လို သဘောထားပြီး ဘာတွေ ၊ညာတွေ တိုင်ပင်တတ်ပါသေးတယ်.. ( ဘာလဲဆိုတာတော့ မပြောဘူးနော်.)း)
5.နောက်တစ်ယောက်က စာရေးကောင်းတဲ့ ညီမလေးရွှေပြည်သူပဲ ဖြစ်ပါတယ်ရှင်.. ညီမလေးကို အရမ်းတွေ့ဘူးချင်ပါတယ်... G.talk မှာ တစ်ခေါက် Chat ဖြစ်ကြတော့ ညီမလေးက သဘောကောင်းဖြူစင်သူလေးမှန်း ခန့်မှန်းမိလိုက်ပါတယ်... နောက်ပြီး ကျမတို့ စင်္ကာပူလာရင် မုန့်ဝယ်ကျွေးဦးမှာတဲ့လေ..း)
6.နောက်တစ်ယောက်က ပေါ်ပြူလာ ဘလော့ဂါမမကြီး မမခင်ဦးမေပဲ ဖြစ်ပါတယ်ရှင်... မမကိုတော့ ဘာကြောင့်မှန်းမသိဘူး တွေ့ဘူးချင်နေတာလေ.... ပေါ်ပြူလာဖြစ်လွန်းလို့ ဖြစ်မယ်ထင်တယ်နော် မမရေ.. မမကို မီးမီးက ချစ်တာလည်းပါပါတယ်နော်... .. ဒီအစ်မတစ်ယောက်ကိုပဲ ကလေးလုပ်ပြီး သွားချွဲရတာလေ....ရှားရှားပါးပါး အစ်မလေးတစ်ယောက်မို့ တွေ့ချင်တာပါရှင်...
7.နောက်တစ်ယောက်က ညီမလေးမေတ္တာရောင်ပြန် လေ.. သူလေးကလည်း မမ
8.နောက်တစ်ယောက်က G.talk မှာ မကြာခဏ နှုတ်ဆက်ဖြစ်ကြတဲ့ ညီမလေးမီးလေးဇာဖြစ်ပါတယ်ချင်... အဲလေ.. ယောင်လို့.. ဖြစ်ပါတယ်ရှင်... သူလေးကအဲ့လိုပြောတာရှင့် ..အဲဒါနဲ့ ကျမလည်း ယောင်သွားတာလေ... သူ အိမ်လည်လာရင် ကလေးလည်းမဟုတ်ပဲနဲ့ “ မမ၀ါရေ အိမ်လည်ရောက်တယ်ချင့်” တဲ့ .. ကလေးလုပ်မနေနဲ့နော်.. ယောင်းမတော်ပစ်မှာ ဘာမှတ်လဲ... ဟဲဟဲ.
9.နောက်တစ်ယောက်က ရိုးရိုးအေးအေးလေးနဲ့ ချစ်စရာကောင်းတဲ့ ညီမလေးငှက်ငယ်လေး ရယ်ပါ... ညီမလေးက ကျမကို ဘလော့ဂ်လေးတစ်ခုလုပ်ပြီး လက်ဆောင်ပေးထားပါသေးတယ်... ကျမလည်း ဘလော့ဂ်အသစ်လေးနဲ့ ကဗျာလေးတွေစုစည်းပြီး တင်မယ်လို့ ဆန္ဒရှိခဲ့ပေမယ့် အခုတော့ ဘလော့ဂ်တစ်ခုတောင် အလျှင်လည်အောင်မရေးနိုင်သေးလို့ ညီမလေးလက်ဆောင်ပေးထားတဲ့ ဘလော့ဂ်လေးကို မသုံးရသေးပါဘူး။ ကျေးဇူးတင်ပါတယ် ချစ်ညီမလေးရေ..
10.နောက်ဆုံးတစ်ယောက်ကညီမလေး မနော်ဟရီရယ်လေ.. ဟဟားးး မနော်တွေ့ရင်တော့ မီးမီးကိုပြောတော့မှာပဲ... မီးမီး က ၂လကြီးတယ်လေ..နော်... ညီမလေး မနော်ပေါ့.. ဟတ်ဟတ်... စိတ်ဆိုးနဲ့.. မမ မခေါ်နိုင်ဘူးဆိုလို့ ညီမလေးလို့ခေါ်လိုက်တာ.. :D တကယ်တော့ မနော်နဲ့ ကျမနဲ့က အရင်ကတည်းက လူချင်းမတွေ့ဘူးကြပေမယ့် နာမည်ချင်းရင်းနှီးနေခဲ့ကြတဲ့ pen friends တွေဖြစ်ခဲ့ကြပါတယ်... မနော် က ကျမနာမည်ကိုကြားဘူးတော့ လာမေးရာက ပြန်အဆက်အသွယ်ရသွားကြတာပါ... မနော် ကို ကျမသိတာက မေခ ဆိုတဲ့နာမည်လေးနဲ့ ရင်းနှီးခဲ့တာပါ... မေခကို အပြင်မှာတွေ့ဖူးချင်ပါတယ်ရှင်... နာမည်ကြီး စာရေးဆရာမကြီးမို့လို့ပါ.. :D
အယ်.. ရေးရင်း..ရေးရင်းနဲ့ ၁၀ ယောက်ပြည့်သွားပါပြီ..... မောင်လေးတွေ တစ်ယောက်မှ မပါတော့ဘူး... ဒီလိုပဲ ကျမလည်း မောင် ၀င်းဇော်နဲ့ အမျိုးတော်လို့ မျက်နှာလိုက်လိုက်တာပဲ.. ဟဲဟဲ.... တကယ်တော့ မောင်နှမတွေအားလုံးကို ဖြစ်နိုင်ရင် အပြင်မှာတွေ့ဆုံဘူးချင်ပါတယ်နော်..... အားလုံးကို ရင်ထဲက တကယ်ခင်မိပါတယ်.... အခုတော့ ၁၀ ယောက်ပဲ limit လုပ်ထားတော့ ၁၀ ယောက်ပဲ ရေးလိုက်ရပါတယ်ရှင်.... ကျန်တဲ့ ညီမလေးတွေ စိတ်မကောက်ကြနဲ့နော်... မမက ညီမလေးတွေအားလုံးကို အပြင်မှာတွေ့ဘူးချင်တာပါ... ရှူးး တိုးတိုးး ဒီ ၁၀ ယောက်ကလေ နံကြားထောက်ပြီးရွေး ထားတာသိလား.. ဟဟားးး
ကျမတွေ့ချင်တဲ့သူ ၁၀ ယောက်ထဲမှ တက်ဂ်ပို့စ်လေးမရေးရသေးတဲ့သူ ကျန်တဲ့ ၇ ယောက်ကို ပြန်တက်ဂ်ပါတယ်... ရေးချင်စိတ်ပေါက်ရင် ရေးပေးကြပါနော်.. ရေးချင်စိတ်မပေါက်ရင်လည်း... နိုး ပလုံ..ပလုံ ပါပဲ... :D
အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေ.
WWKM
Wednesday, April 22, 2009
ပျော်ရွှင်ဘွယ်မွေးနေ့ဖြစ်ပါစေ မောင်.
ချစ်ဇနီး.. ၀ါဝါခိုင်မင်း
ချစ်သမီးလေး.. မေမြတ်နိုးခိုင်
***********************************
WWKM
Tuesday, April 21, 2009
ဂျပန်ပြည်မြောက်ပိုင်း Fukushima သို့ အလည်တစ်ခေါက် . ၂
| 涙そうそう.mp3 |
ကျမနှစ်သက်တဲ့ ဂျပန်သီချင်း
(သီချင်းလေးနဲ့ အတူ နားဆင်ခံစားနိုင်ကြပါစေ.)
********************************
ဟိုတယ်ရောက်တော့ ဧည့်ကြိုတွေက ဂျပန်စတိုင်အတိုင်း ယဉ်ယဉ်ကျေးကျေး ကြိုဆိုပြီး ဂျပန်စတိုင် ရေနွေးကြမ်းလေးနဲ့ မုန့်လေးနဲ့ ဧည့်ခံပြီး အိပ်ခန်းတွေကို လိုက်ပို့ပေးတယ်လေ.. ကျမတို့ မိသားစုက တစ်ခန်း ၊ Dr. မီယဟရ က တစ်ခန်းပါ... ဧည့်ကြိုက အိပ်ခန်းထဲအထိ ပစ္စည်းတွေလိုက်ပို့ပေးပြီး အခန်းထဲက ဘီရိုထဲမှာ ၀တ်ဘို့ yukata အ၀တ်တွေကို ကြမ်းပြင်မှာ ရိုရိုကျိုးကျိုးလေးထိုင်ပြီး ရိုရိုသေသေလေး gozaimasu , gozaimasu ဆိုပြီး ရှင်းပြပေးပါတယ်ရှင်... အမျိုးသား ၀တ်ဖို့ဝတ်စုံက အစိမ်းရောင် Yukata ဖြစ်ပြီး ၊ ကျမအတွက်ကတော့ အနီရောင် Yukata ဖြစ်ပါတယ်.. ကလေးတွေအတွက်ကတော့ အစိမ်းရောင် Yukata အဖြစ်သတ်မှတ်ထားကြောင်း ရိုရိုသေသေရှင်းပြပေးခဲ့ပြီး အခန်းသော့ကို အပ်ပြီး ကျမတို့ မြန်မာလိုဆိုရင် လက်အုပ်ချီပြီး ကန်တော့သလိုမျိုး ဂျပန်လိုနှုတ်ဆက်ပြီး ထွက်ခွါသွားခဲ့ပါတယ်ရှင်....
ဟိုတယ်ရောက်တာနဲ့ ရေနွေးကြမ်းနဲ့ မုန့်နဲ့ အရင် ဧည့်ခံပါတယ်ရှင်.
ဂျပန်စတိုင် အစား အသောက်များ..
ရေနွေးပူစိမ်ပြီး Yukata အ၀တ်တွေလဲပြီး တက်လာတော့ အမှတ်တရ ဓါတ်ပုံရိုက်ဖြစ်ကြပါတယ်..
မနက်ရောက်တော့ Onsen တစ်ခေါက် ထပ်ဝင်ကြပြီး Lotion လိမ်းနေတဲ့ သမီးလေး.
japanese style breakfast
breakfast စားကြစဉ် အမှတ်တရ
Coffee Time
မပြန်ခင် Hotel ရှေ့မှာ အမှတ်တရ
အခု ကျမ ပုံလေးတွေနဲ့ ပြောပြထားသလိုပဲ ကျမတို့တည်းခဲ့တဲ့ ဟိုတယ်မှာ hotel service ကလေးတွေ အမျိုးမျိုးရှိပြီးတော့ dinner နဲ့breakfast အပါအ၀င် လူကြီးတစ်ယောက်ကို ယန်း ၁၃၀၀၀ ကျပြီးတော့ ကလေးတစ်ယောက်ကို ယန်း ၁၀၀၀၀ ကျပါတယ်ရှင်.. ဒီဟိုတယ်လေးက နယ်ဘက်မှာ ဖြစ်လို့ သက်သာတာဖြစ်ပါလိမ့်မယ်... တိုကျိုမြို့ထဲမှာဆိုရင် အခုလို အသင့်အတင့်ဟိုတယ်မှာ တည်းရင် အစားအသောက်မပါပဲ တည်းခိုခန်းခကြီးပဲ တစ်ယောက်ကို ယန်း ၁၃၀၀၀ လောက်ကျတာကို မြန်မာပြည်က ကျမတို့ အသိမိတ်ဆွေတွေလာလည်စဉ်က ပြောပြလို့ သိရှိခဲ့ပါတယ်....
အပြန်မှာ တည်းခိုခန်းခတွေရှင်းတော့ Dr. မီယဟရ က ကားနဲ့လိုက်ပို့ပေးခဲ့တာမို့ သူ့အတွက်ပါ ကျမတို့က အကုန်အကျခံဘို့ စဉ်းစားပြီးသားဖြစ်ခဲ့ပေမယ့် Dr. မီယဟရ က နောက်တစ်နှစ်ဆိုရင် ကျမတို့မိသားစု ဂျပန်ကနေပြန်ကြတော့မှာမို့ "" Its my present for your family ." ဆိုပြီးတော့ ကျသင့်ငွေတွေကို သူကအကုန်ရှင်းခဲ့လို့ ကျမတို့မိသားစုမှာ ခရီးစရိတ်လည်းမကုန် ၊ ဟိုတယ်ခပါ အတင်းပေးပေမယ့် မယူခဲ့တော့ ပိုက်ဆံမကုန်ကျခဲ့ပါဘူး.. Dr.မီယဟရက ကျောင်းမှာ ဦးဥာဏ်ထက် အတန်းတစ်တန်းငယ်တယ်လေ..ဦးဥာဏ်ကိုအရမ်းခင်ပြီးတော့ သူ့ရဲ့သုတေတနအလုပ်တွေမှာ ဦးဥာဏ်က ကူညီသင်ပြပေးခဲ့တာကြောင့် အရမ်းကျေးဇူးတင်ပြီး ကျမတို့ မိသားစုကို အချိန်ရရင် ရသလို မကြာခဏ သူ့ကားနဲ့ အလည်လိုက်ပို့ပေးတာပါ... နောက်လည်း တခြားသွားလည်ဘို့ အစီအစဉ်တွေ ရှိနေပါသေးတယ်.... အရမ်းသဘောကောင်းလွန်းနဲ့ ဂျပန်လူငယ်တစ်ယောက်ပါပဲ.. ကျမတို့ မြန်မာပြည်ပြန်ရင် မြန်မာပြည်ကို အလည်လာမယ်လို့ပြောပါတယ်...
Hotel ကနေ မနက်၁၀ တိတိမှာထွက်ကြပြီးတော့ တစ်နေကုန်အောင် Fukushima ပတ်ဝန်းကျင်က နာမည်ကြီးတဲ့နေရာတွေကို မြေပုံကြည့်ပြီး လည်ကြတာ တနင်္ဂနွေည ၁၀ လောက်မှ အိမ်ပြန်ရောက်ကြပါတော့တယ်ရှင်...
( တနင်္ဂနွေနေ့မှာ လည်ခဲ့ကြတဲ့ Inawashiro Lake မှာ ငါးမျှားခဲ့ကြတာတွေ ၊ Bandai တောင်ပေါ်တက်ပြီး လည်ခဲ့ကြတာတွေ ၊ Goshikinuma ရေကန် မှာလှေစီးကြတာတွေ ၊တောင်ပေါ်က ရေတံခွန်မှာ ဓါတ်ပုံတွေ အများကြီးရိုက်ဖြစ်ခဲ့ ကြသေးတာမို့ အပိုင်း ၃ အဖြစ် ဆက်လက်ရေးသား မျှဝေသွားပါမယ်ရှင်...)
ပျော်ရွှင်ချမ်းမြေ့ကြပါစေ.
အားလုံးကိုလေးစားခင်မင်လျှက်
WWKM
Monday, April 20, 2009
ဂျပန်ပြည်မြောက်ပိုင်း Fukushima သို့ အလည်တစ်ခေါက် . ၁
| 涙そうそう.mp3 |
ကျမနှစ်သက်တဲ့ ဂျပန်သီချင်း
(သီချင်းလေးနဲ့ အတူ နားဆင်ခံစားနိုင်ကြပါစေ.)
************
အားလုံးပဲ နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပျော်ရွှင်နိုင်ကြပါစေ....
ဒီနေ့တော့ စနေ ၊တနင်္ဂနွေပိတ်ရက်မှာ ကျမတို့မိသားစု ခရီးသွားခဲ့တဲ့အကြောင်းလေးတွေကို ဓါတ်ပုံတွေဝေေ၀ဆာဆာနဲ့ မျှဝေသွားဘို့ စိတ်ကူးရှိပါတယ်ရှင်...
ကျမတို့ မိသားစုဟာ ဒီပိတ်ရက် ၁၇ ရက်နေ့မှာ Dr.မီယဟရ ကားလေးနဲ့ ဂျပန်ပြည်မြောက်ပိုင်းသို့ (ဟာနမိ)ပန်းကြည့်ရင်း တခြားနေရာတွေပါ အစုံလျှောက်လည်ခဲ့ကြပါတယ်.... တနေရာသွားလိုက် ၊ မြေပုံကြည့်ပြီး နာမည်ကြီးတဲ့နေရာတွေ တော်တော်များများကို ကားလေးနဲ့ လျှောက်လည်ခဲ့ကြတာမို့ ခရီးပမ်းပေမယ့်လည်း အလွန်မှပဲပျော်ရွှင်ကြည်နူးခဲ့ရပါတယ်ရှင်....
စနေနေ့ မနက် ၈ နာရီမှာ တိုကျိုကနေကားစမောင်းပြီး ၁နာရီ တစ်ခါက်လမ်းမှာ ခဏနားကြပြီး ၃ နာရီအကြာနေ့လည် ၁၁ နာရီမှာ Funehiki miharu ဆိုတဲ့ မြို့အ၀င်ကိုရောက်ရှိသွားခဲ့ပါတယ်.... အဲဒီမြို့လေးမှာ ဆာကူရာပန်းခြံရှိတာမို့ ပန်းကြည့်ဖို့လာကြတဲ့ ကားတန်းကြီးဟာ လမ်းမတစ်လျှောက်မှာ တန်းစီနေကြလို့ တော်တော်နဲ့ ပန်းခြံကိုမရောက်နိုင်ဖြစ်နေခဲ့ရပါတယ်.... ကျမတို့ကားရဲ့ ရှေ့မှာလည်းကားတန်းကြီး ၊နောက်မှာလည်းကားတန်းကြီးအပြည့်ဖြစ်ပြီး ကားဘီးလှိမ့်ရုံလေးသွားလိုက် ရပ်လိုက်နဲ့ တော်တော်နဲ့ ပန်းခြံကိုမရောက်နိုင်တာ နေ့လည် ၁နာရီခွဲလောက်ရောက်သွားတော့ စိတ်မရှည်နိုင်ကြတော့ပဲ Dr.မီယဟရ က ကြားလမ်းတွေကနေပတ်သွားဘို့ စီစဉ်ပြီး ကားပတ်မောင်းရင်း လမ်းမှာဆာကူရာပင်တွေတွေ့ရင် ဓါတ်ပုံဆင်းရိုက်ကြနဲ့ နောက်ဆုံးတော့ ကားလမ်းကတော်တော်ပိတ်မိနေတာနဲ့ ကားကို လမ်းကြားတစ်နေရာမှာရပ်ပြီး ၁၅ မိနစ်လောက် လမ်းလျှောက်သွားမှ ဆာကူရာပန်းခြံကြီးကိုရောက်သွားပါတော့တယ်ရှင်....
ဆာကူရာပန်းခြံက တောင်တက်တွေ ၊တောင်ဆင်းတွေနဲ့မို့ ပျော်စရာကောင်းပါတယ်... ပန်းခြံထဲမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်ကျော်က ဆာကူရာပင်ကြီးက နာမည်ကြီးဖြစ်ပြီး ဓါတ်ပုံရိုက်ကြတဲ့သူတွေနဲ့ အလွန်စည်ကားနေပါတယ်ရှင်.... ဆာကူရာပန်းတွေကလည်း အတွဲလိုက်ကြီးတွေ ပွင့်နေတာကို ရှားရှားပါးပါးပဲ တွေ့ခဲ့ရပါတယ်... ပန်းတွေက အတွဲလိုက်ကြီးတွေပွင့်ပြီး အောက်ဖက်ကို ငိုက်ကျနေကြတော့ သမီးလေးက သူ့သူငယ်ချင်းတွေ နဲ့ ဆရာမတွေကိုပေးဖို့ဆိုပြီး ပန်းတွေကို ခူးနေပါတော့တယ်...
Sakura no park ပန်းခြံထဲမှာ မုန့်ဆိုင်တွေလည်းရှိတာမို့ ဗိုက်ဆာတာနဲ့ မုန့်တွေလည်း ၀ယ်စားကြရင်း ပျော်စရာကောင်းခဲ့ပါတယ်....အဲဒီကနေ တခြားနာမည်ကြီးတဲ့ ဆာကူရာပန်းတွေပွင့်တဲ့နေရာတွေကို ကားနဲ့လျှောက်ပတ် ဓါတ်ပုံတွေရိုက်ဖြစ်ကြရင်းနဲ့ ဗိုက်ဆာလာကြတော့ ဒီအနီးအနားမှာ စားသောက်ဆိုင်ရှိပါသလားလို့ မေးကြည့်တော့ ကျမတို့သွားတဲ့နေရာလေးဟာ ရွာဘက်လိုဖြစ်နေတာမို့ စားသောက်ဆိုင်မရှိကြောင်းပြောပြပါတယ်... အဲဒါနဲ့ ကျမတို့လည်း အဆာပြေမုန့်လေးတွေပဲဝယ်စားကြရင်းနဲ့ နေ့လည်စာထမင်း မစားလိုက်ရပဲ ပန်းတွေလျှောက်ကြည့်ရင်း ဓါတ်ပုံတွေရိုက်ဖြစ်ကြတာ ညနေ ၆နာရီထိုးခါနီးမှာတော့ ကြိုတင် ဘွတ်ကင်လုပ်ထားတဲ့ ဟိုတယ်ကိုရောက်ရှိသွားကြပါတော့တယ်....
Hotel ရောက်တာနဲ့ ဧည့်ကြိုက လိုအပ်တာတွေ စီစဉ်ပေးပြီး ညနေစာကို ဘယ်အချိန်မှာ ပြင်ထားရပါမလဲလို့ မေးတော့ ဗိုက်ဆာနေကြပြီမို့ ၆ နာရီခွဲတာနဲ့ အသင့်ပြင်ထားပေးဖို့ မှာပြီး အခန်းထဲ အမြန်ဝင် ပစ္စည်းတွေထားပြီး ခြေ လက်ခဏ အညောင်းဆန့်ပြီး နေ့လည်စာနဲ့ ညနေစာ တပြိုင်တည်း ပူးတွဲစားဘို့ ချီတက်ခဲ့ကြပါတော့တယ်ရှင်.....
( ဟိုတယ်မှာ စားရတဲ့ ဂျပန်အစားအသောက်လေးတွေ အကြောင်းနဲ့ ဂျပန်စတိုင်ဟိုတယ်အကြောင်းကို အပိုင်း ၂ အဖြစ် ဆက်လက်ရေးသားသွားပါမယ်ရှင်. ) :D
တန်းစီနေတဲ့ ကားတန်းကြီးကို ကားပေါ်ကနေ ဓါတ်ပုံရိုက်လိုက်တာ.
ကားတန်းကြီးကို မစောင့်နိုင်လို့ လမ်းဆင်းလျှောက်ပြီးသွားကြတယ်လေ..
ဆာကူရာပင်လေးတွေတွေ့ရင် ကားရပ်ပြီး ဓါတ်ပုံဆင်းရိုက်ဖြစ်ကြတယ်လေ.
ချစ်စရာကောင်းတဲ့ ဂျပန်မလေးတွေ့လို့ မောင်လေးတွေကြည့်ဘို့ ဓါတ်ပုံရိုက်လာပေးတာနော်. :D
Sakura no park
လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်ကျော်က ဆာကူရာပင်ကြီး
နာမည်ကြီး ဆာကူရာပင်ကြီးနဲ့ အမှတ်တရနာမည်ကြီး ဆာကူရာပင်ကြီးပါ. ဓါတ်ပုံလာရိုက်ကြတဲ့ Cameraman တွေအများကြီးပါပဲ.
ဆာကူရာပန်းတွေ ခူးနေတဲ့ သမီးလေး
ပျော်ရွှင် ချမ်းမြေ့ကြပါစေ.
WWKM
Friday, April 17, 2009
နှစ်ဆန်း ၁ ရက်နေ့ အလှူ
ဒီနေ့ဟာ ကျွန်မတို့ မြန်မာဗုဒ္ဓဘာသာဝင်တွေရဲ့ နှစ်ဆန်းတစ်ရက်နေ့ အခါကြီးရက်ကြီးနေ့တစ်နေ့ပဲဖြစ်ပါတယ်ရှင်....
မြန်မာပြည်မှာဆိုရင်တော့ ဘုန်းကြီးကျောင်းတက် ၅ပါးသီလယူဖြစ်ကြမှာ ဖြစ်ပေမယ့် အခုတော့ ကိုယ့်အိမ်မှာပဲ ဘုရားရှစ်ခိုး ၊ ဂုဏ်တော်တွေပွားများပြီး အလှူဒါနလေးတွေလုပ်ကြတာပေါ့နော်....
ကျမဘလော့သို့ အလည်လာသူအားလုံးနဲ့ ဘလော့ဂါမောင်နှမများအားလုံးကို နှစ်ဆန်း ၁ရက်နေ့အလှူအဖြစ် မုန့်ဟင်းခါး နဲ့ သာကူကျိုတို့နဲ့ ဧည့်ခံလိုက်ပါတယ်နော်.... သုံးဆောင်သွားကြပါဦးရှင်...
ကျမလည်းအခုတလော သိတ်နေလို့မကောင်းတာနဲ့ ပို့စ်လေးတွေရေးဖြစ်ဦးမှာ မဟုတ်ပါဘူးရှင်... မနက်ဖြန်ကျရင်တော့ မိသားစုတွေ စိတ်ပြေလက်ပျောက် ညအိပ်ခရီးထွက်ကြဦးမှာမို့ ပြန်လာရင် ပြန်ဆုံကြရအောင်နော်...
မောင်နှမများအားလုံးပဲ နှစ်သစ်နဲ့အတူ ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာမှူအပေါင်းနဲ့ ပြီးပြည့်စုံနိုင်ကြပါစေ.
အားလုံးကိုလေးစားခင်မင်စွာနဲ့
WWKM
အားလုံးအတွက် သာကူကျိုပါ .. ကြိုက်တဲ့သူတွေ သုံးဆောင်သွားကြပါဦးနော်...
ဒါကတော့ တောင်ပေါ်သားနဲ့ ပုလုကွေးတို့အတွက် အထူးစပါယ်ရှယ် ငြုပ်သီးထည့်ထားတဲ့ သာကူကျိုပါ.. သာကူကျို ချက်ကျွေးလို့ အတင်းလာတောင်းဆိုကြတာနဲ့ စေတနာနဲ့ ငြုတ်သီးမှုန့်လေးပါ ထည့်ပေးလိုက်တာပါ.း)
တောင်ပေါ်သား said...
ဈေးကြီးတယ် ပြီးတော့ ကျနော်က ၀က်သားမစားဘူး အဟွန့် သာကူကျို လုပ်ကျွေး မကျွေးရင် ဒီဆိုင်ကို မလာတော့ဘူးနော့် ဟွန်းးးးးးးးးးးးးးဗွမ်းးး ဗွမ်းးးးးးး ရေပါလောင်းသွားတာ ဆိုင်ရှင်ကိုလေးစားလျက်တောင်ပေါ်သား
April 15, 2009 9:58 AM
15 Apr 09, 10:39
ပုလုကွေး: တောင်ပေါ်သားပြောသလို သာကူကျိုတိုက်ပါ ဗျို.့..
မစားရတာကြာပြီဖြစ်တဲ့ ကိတ်မုန့်လည်းသုံးဆောင်သွားကြပါဦး.
ဒါက ကျမအရမ်းကြိုက်တဲ့ cheese cake
မုန့်ဟင်းခါး ( အကြော်တော့မပါဘူးနော်.)
ပျော်ရွှင်ချမ်းမြေ့ကြပါစေ.
WWKM
Tuesday, April 14, 2009
ကြေးအိုး
မင်္ဂလာပါရှင်....
ကဲ..ကဲ.. သင်္ကြန်မှာ ရေကစားကြပြီး ချမ်းနေကြပြီမဟုတ်လား..လာကြ..လာကြ..အားလုံးကို ပူပူနွေးနွေး ကြေးအိုးလေးလုပ်ကျွေးမယ်နော်.. :D
ကျမမြန်မာပြည်မှာတုန်းက အိမ်ရှေ့မျက်စောင်းထိုးလောက်မှာ နာမည်ကြီးကြေးအိုးဆိုင် တစ်ဆိုင်ရှိတယ်လေ... အဲဒီကြေးအိုးဆိုင်လေးက အရသာတော်တော်ကောင်းပြီး တော်တော်လေးကို ရောင်းရပါတယ်... ကျမရော ၊သမီးလေးရော ကြေးအိုးအရမ်းကြိုက်ကြတာမို့ တစ်ပတ်မှာ ၃ ၊ ၄ ရက်လောက် ခဏခဏကို ၀ယ်စားဖြစ်ကြတာပါ.. အိမ်ရှေ့ကနေ လက်ခုတ်တီးခေါ်ပြီး ကြေးအိုးတစ်ပွဲလို့ မှာလိုက်ရင် အိမ်အထိလာပို့ပေးပါတယ်...း)
အဲဒီကြေးအိုးဆိုင်လေးက ဒီလိုသင်္ကြန်အချိန်ဆိုရင် တစ်နေကုန်အောင် အရမ်းရောင်းရပါတယ်... ရေပက်ခံကားတွေ တစ်စီးပြီးတစ်စီးရပ်ပြီး လာစားကြလို့ သင်္ကြန်ရက်တစ်ရက်ကို သိန်း ၂၅ ၊ ၃၀ ဘိုးလောက်ရောင်းရပြီး တစ်နှစ်မှာသင်္ကြန်ရက်တွေရောင်းရငွေနဲ့ တိုက်ခန်းတစ်ခန်း ၀ယ်နိုင်ကြောင်း တဆင့်စကား တဆင့်ကြားခဲ့ဘူးပါတယ်....
အဲဒီတော့ ကျမလည်း အခု ဘလော့သင်္ကြန်လည်တဲ့သူတွေကို ကြေးအိုးရောင်းလိုက်ပါဦးမယ်.. တိုက်ခန်းလေးများဝယ်နိုင်မလားလို့လေ... :P ဟီးး အလကားပြောတာ တော်ကြာစားမယ့်သူမရှိလို့ အရင်းပြုတ်နေဦးမယ်... အလကားကျွေးမှာနော်...း)
ဒီနေ့ နေမကောင်းလို့ ပျင်းနေတာလေ ၊ သင်္ကြန်မိုးကျနေတာပဲ ဂျပန်မှာ မိုးလေးကလည်းရွာနေတာနဲ့ ကြေးအိုး အရမ်းစားချင်စိတ်ပေါက်လို့ အဲဒါနဲ့ ကြေးအိုးရအောင်လုပ်စားမယ်ဆိုပြီး ဦးဥာဏ်ဆီဖုန်းဆက်ပြီး လိုအပ်တာ တချို့ကိုမှာလိုက်တော့ ဦးဥာဏ်က နေ့လည်ကျောင်းအားချိန်မှာ အမြန်ဝယ်ပြီးလာပို့ပေးတာနဲ့ တခါမှ မလုပ်စားဘူးတဲ့ ကြေးအိုးကို အိမ်နားကဆိုင်မှာ လုပ်တာမြင်ဘူးခဲ့တဲ့အတိုင်း တစ်ယောက်တည်း ကြေးအိုးလုပ်စားဘို့ ပြင်ဆင်ခဲ့ပါတယ်....
ရန်ကင်း က YKK ကြေးအိုးကို လက်ရာမမှီပေမယ့် အာသာပြေတော့ တော်တော်လေး စားကောင်းပါတယ်ရှင်...(ဟီး..ကိုယ့်ကိုယ်ကို အားပေးပြီး ချီးမွမ်းရတာ.)း)
ကဲ... သင်္ကြန်ရေကစားကြရင်း အချမ်းပြေလေး သုံးဆောင်သွားကြပါဦးနော်....
လိုအပ်တဲ့ ပစ္စည်းတွေကတော့...
၁.ကြာဇံ ( ဆန်ကြာဇံလို့ခေါ်တာလား ၊ ဂျုံကြာဇံလို့ခေါ်တာလား မမှတ်မိတော့ပါ.. ကြာဇံချက်ချက်စားတဲ့ ကြာဇံမဟုတ်ပဲ.ကြာဇံကြော် ကြော်စားရတဲ့ ကြာဇံပါ.)
၂.မုန်ညင်းဖြူ
၃.၀က်သားကြိတ်သား ၊ ဂျုံမှုန့် အနည်းငယ်
၎.၀က်နံရိုး
၅.ငုံးဥ
၆.၀က်သဲ ( ကြိုက်တတ်ရင်ထည့်ပါ) ကျမကတော့ မထည့်ထားပါဘူးရှင်..
ပြုလုပ်ပုံ...
ဝက်သားကြိတ်သားတွေကို ၊ ဆား ၊အချိုမှုန့် အနည်းငယ်ထည့် ၊ဂျုံမှုန့်နည်းနည်းထည်းပြီး ရောနယ်ထားရပါမယ်.. ဂျုံမှုန့်များရင် အသားလုံးက စားမကောင်းပါဘူး..
အိုးတစ်လုံးနဲ့ ၀က်နံရိုးတွေကို ထည့်ပြီးပြုတ်ထားရပါမယ်.... ၀က်သားပြုတ်ရည်တွေရရင် ၀က်နံရိုးတွေကို တခြားအိုးတစ်ခုမှာပြောင်းထည့်ပြီး ဆက်ပြုတ်ရင်ပြုတ်ထားလို့ရပါသေးတယ်... ၀က်နံရိုးမပါတော့တဲ့ ၀က်သားပြုတ်ရည်အိုးထဲကို အသားလုံးတွေကို လုံးပြီးထည့်ထည့် ၊ဆိုင်မှာလိုပဲ ဇွန်းနဲ့ခြစ်ပြီးထည့်ထည့် ကြိုက်သလို အနေတော်လေးတွေ ထည့်ပြီးပြုတ်ပါ.. ငုံးဥတွေကိုကြိုပြုတ်ထားရမှာဖြစ်ပြီး ၊ငုံးဥပြုတ်တွေကိုပါ တပြိုင်တည်းထည့်နိုင်ပါတယ်.... အချိုမှုန့် ၊ဆား ကိုယ်လိုမယ်ထင်သလောက် ခန့်မှန်းထည့်ရပါမယ်... အသားလုံးလေးတွေ ကျက်လောက်ပြီ ဆိုတာနဲ့ ကြာဇံထည့် ၊မုန့်ညင်းရွက်ကလေးတွေထည့်လိုက်ရင် စားလို့ရသွားပါပြီရှင်....၀က်သဲကြိုက်တတ်ရင်တော့ ၀က်နံရိုးအိုးထဲ တခါတည်းရောပြုတ်ထားရင်တော့ အသည်းပိုကျက်မယ်ထင်ပါတယ်.အသားလုံးနဲ့ တပြိုင်တည်းထည့်လို့လဲရပါတယ်.... လွယ်လွယ်လေးရယ်ပါ... ကြိုက်တတ်ကြမယ်ဆိုရင် လုပ်စားကြည့်ကြနော်.......း)
နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေ.
WWKM
Monday, April 13, 2009
ရက်မြတ်သင်္ကြန်

မင်္ဂလာပါရှင်...
ဧပြီလ ၁၃ ရက်....ဒီနေ့ဟာ ကျမတို့မြန်မာလူမျိုးမောင်နှမတွေအားလုံးအတွက် သင်္ကြန်အကြိုနေ့လေးပဲ ဖြစ်ပါတယ်ရှင်...သင်္ကြန်မတိုင်ခင်ကတည်းက ရေလာပက်နေကြတဲ့ မောင်နှမတွေအားလုံး မင်္ဂလာပါ....ကျမလည်း ဒီနေ့ကစပြီး ဘလော့မှာရေစည်ကြီးချပြီးလာလည်သမျှသူတွေအားလုံးကိုရေပက်ပါတော့မယ်ရှင်..... :Dမောင်နှမတွေ တဗွမ်ဗွမ်နဲ့ ရေလာလောင်းသွားကြတာ ကျမဘလော့တစ်ခုလုံးလည်း ရေတွေရွှဲနေ ပါပြီ.. :D


အလည်လာကြတဲ့ မောင်နှမတွေစားဘို့ မောင်ဝေယံ အိမ်မှ သယ်လာတဲ့ ရွှေရင်အေးမုန့်လက်ဆောင်း နဲ့ မုံ့လုံးရေပေါ်.
ရေလာပက်ကြတဲ့ မောင်နှမလေးတွေရဲ့ စီဘုံးမှ အမှတ်တရ message များ...
17 Apr 09, 16:35
ဝေလေး: မမဝါ မင်္ဂလာနှစ်သစ်ပါရှင့်
17 Apr 09, 16:18
Dream: နစ်သစ်မှာ စိတ်၏ ချမ်းသာခြင်းနဲ့ ပြည့်စုံပါစေ တီတီဝါရေ...အာဝါးးးးးးးးးးးး
17 Apr 09, 15:12
JulyDream: အလည်တခေါက် ရောက်ခဲ့ပါတယ် ခင်ဗျာ။
17 Apr 09, 11:29
မေတ္တာရောင်ပြန်: နှစ်သစ်မင်္ဂလာမှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ
17 Apr 09, 11:29
မိုးမောင်(HappyCloud): လိပ်စာပြောင်းတယ် အမ http://happycloud1000.mmgenius.com နှစ်သစ်မှာ ရွှင်ပါစေဗျာ
17 Apr 09, 11:28
K.K.K: မင်္ဂလာနှစ်သစ်ပါ နောက်တော့မကျသေးဘူးထင်တယ်နော် ရေလာလောင်းတယ်ဗျို သင်္ကြန်ရေလို အေးမြပါစေ
17 Apr 09, 10:58
ဖိုးစိန်: နှစ်သစ်မှာစိတ်၏ချမ်းသာခြင်းကိုယ်၏ကျမ်းမာခြင်းနှင့်ပြည့်စုံပါစေဗျာ
17 Apr 09, 10:39
မီးလေးဇာ: မမ၀ါရေ အာဝါးးးးးးးး အခုမှနိုးတာ မျက်နာသစ်ရသေးဝူး ဟိ မင်္ဂလာနှစ်သစ်လေးဖြစ်ပါစေရှင့်
17 Apr 09, 10:14
ပုလုကွေး: ဦးဥာဏ်+မမဝါဝါ မင်္ဂလာနှစ်သစ်ပါ
17 Apr 09, 09:40
မြူးသျှရီ: မမ၀ါ....နှစ်သစ်မှာပျော်ရွှင်ပါစေ......မုန့် တွေစားသွားတယ်
17 Apr 09, 09:24
မေခ: စရာနှစ်သစ်ဖြစ်ပါစေ
17 Apr 09, 08:13
mgwaiyan: နှစ်ဆန်း၁ရက်နေ့မှာ မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေဗျာ
17 Apr 09, 03:12
ဖြိုးဇာနည်: မမရေ့မောင်လေးပြန်ရောက်ပြီဗျို့ရောက်ရောက်ချင်းပဲအိမ်အလည်ထွက်လာခဲ့တာ့ဟီ
17 Apr 09, 00:42
အိမ်: ပွက်ပွက်ဆူတဲ့ရေနဲ့ တိုင်ကီလိုက်ကိုလောင်းသွားတယ်ဗျို့
17 Apr 09, 00:25
mgnge: အတက်နေ့ ရေလာလောင်းတယ် တီ ၀ါရေ... ၀ုန်းဝုန်း ၀ုန်းဗွမ်းဗွမ်း
17 Apr 09, 00:19
ရွှေပြည်သူ: နှစ်သစ်မှာအစ်မတို့ တမိသားစုလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေ...
17 Apr 09, 00:19
ရွှေပြည်သူ: အစ်မဝါဝါကိုရော အစ်ကိုဥာဏ်ကိုရော သမီးလေးကိုပါ အတက်နေ့အမီ ရေလာလောင်းပါတယ်။
16 Apr 09, 22:14
4everlove: မမ၀ါရေ ... သင်္ကြန်အတက် အမီ ရေလာလောင်းတာပါ ... နှစ်သစ်ကူးမှာ ရွှင်ချမ်းမြေ့ပါစေ မမ
16 Apr 09, 21:16
mayD: ၂၀၀၉ခုနှစ်ရဲ့ သင်္ကြန်နှစ်သစ်မှာ blogမောင်နှမအားလုံး စိတ်၏ လိုအင်ဆန္ဒများ ပြည့်စုံနိုင်ကြပါစေ
16 Apr 09, 21:15
ကောင်လေးအိမ်: အတက်နေ့ မှာ အားပါးရပါ့းတီဝါကို ခေါင်းစခြေအဆုံး ရေလာလောင့်းသွား ပါတယ်.. ဗျွမ်း.. ဗွမ်း..ဗွမ်း.. ဗွမ်
16 Apr 09, 19:39
မိုးသောက်(ရှမ်းလေး): ရေလာလောင်းတာ.. ဗွမ်း... ဗွမ်း....
16 Apr 09, 17:17
Nay Lynn: နှစ်သစ်မှာ ရွှင်လန်းပါစေ..
16 Apr 09, 17:17
Nay Lynn: မမဝါတို့တစ်အိမ်သားလုံးကို သင်္ကြန် နောက်ဆုံးနေ့ ရေခဲရေ အေးအေးလေးနဲ့ တစ်ကိုယ်လုံးရွှဲအောင်လောင်းလိုက်တယ
်
16 Apr 09, 17:02
နွေးနေခြည်: အတက်နေ့ အေးချမ်းပါစေ တီဝါ.. ဗွမ်း ဗွမ်း ဗွမ်း ၃ယောက်စာ
16 Apr 09, 15:26
yegyi: အတက်နေ.အမှီ ရေလာလောင်းတယ်
16 Apr 09, 13:48
တောင်ပေါ်သား: ဝေးး တမိသားစုလုံး ရွှင်ဖွယ် နှစ်ကူးလေးဖြစ်ပါစေ လိုအင်ဆန္ဒများ ပြည့်ဝပါစေလို့ ဆုလာတောင်းပေးပါတယ်
16 Apr 09, 10:03
phyo: တီဝါကြီး နှစ်သစ်မင်္ဂလာပါ
16 Apr 09, 03:12
ဂျိတ်ဂျီလင်ဟောလ်: အမရေ သပြေခက်နဲ့ ရေပတ်သွားတယ်
16 Apr 09, 00:06
ThihaThit: ရွှင်စရာကောင်းသောနှစ်သစ် ဖြစ်ပါစေ
15 Apr 09, 23:29
khin nyein chan: happy myanmar new year
15 Apr 09, 23:26
MayMoe: မမဝါ နှစ်သစ်မှာပျော်ရွှင်ပါစေ
15 Apr 09, 21:25
ထား: ကြေးအိုး အမုန်းဆွဲသွားတယ် ချစ်မမရေ ... တကယ်စားရရင် ပိုကောင်းမှာပဲနော် ..ဟီး
15 Apr 09, 21:23
meengelay: မမရေ ဟနမီကြည့်ပြီးအပြန် ချမ်းတာနဲ့ အတော်ပဲ ၀င်စားသွားတယ်။
15 Apr 09, 16:36
မေတ္တာရောင်ပြန်: မမ၀ါရေ ..... ရေဆော့ပြီးပြန်လာတာ ဗိုက်ဆာပြီ။ ဒီနေ့ဘာကျွေးမှာလဲ။ လုပ်ပါအုံး
15 Apr 09, 14:45
ပုလုကွေး: မမဝါဝါ နှပ်မနေနဲ့ ထတော့ဗျ..နှစ်နာရီထိုးတော့မယ် အင်းလျားလမ်းမှာ ကားသွားထိုးထားမယ် ကားတွေကျပ်နေအုံးမယ်
15 Apr 09, 13:01
မြတ်သွယ်: သပြေခက်နဲ့ ရေလာပက်ပါတယ်ဗျိုးးး ဒေါက်ဒေါက် ဓီဂါးဖွင့်ပါးး
15 Apr 09, 12:36
မီးလေးဇာ: ရေလာပတ်တယ် အိုးမဲသုတ်ပဲနဲ့ ခါးခါးပဲလိမ်းသွားတော့တယ် ဟိ
15 Apr 09, 11:43
aungthu: ဗွမ်း ဗွမ်း ဗွမ်း
15 Apr 09, 11:43
aungthu: အကြတ်နေ့  ရေလာလောင်း ပါ တယ် အမ၀ါ ကော ဥိး ဥာဏ် ကော သမီးလေးကော ပေါ့ 
15 Apr 09, 11:09
မေတ္တာရောင်ပြန်: ဒီနေ့သင်္ကြန်အကြပ်နော် ရေလောင်းပြီဝေးးးးးး ဗွမ်းးးးးး ဗွမ်းးးးးး ဗွမ်းးးးးး ဗွမ်းးးးးး ဗွမ်းးးးးး ဗွမ်
15 Apr 09, 10:25
ပုလုကွေး: မမရေ ရေလာလောင်းတယ်ဗျ ..ဗွမ်း ဗွမ်း ဗွှမ်း....
15 Apr 09, 10:39
ပုလုကွေး: တောင်ပေါ်သားပြောသလို သာကူကျိုတိုက်ပါ ဗျို...
15 Apr 09, 10:05
phyo: ကြေးအိုးတစ်ပွဲ.. မြန်မြန်လေး.. ကလီစာရှောင် အသားချည်းဘဲ အရော............ ပြီးတော့ ကရင်ဆိုဒါ တစ်ပုလင်း
15 Apr 09, 09:58
တောင်ပေါ်သား: မနက်စောစော ရေခဲရေအေးအေးနဲ့ ရေလာလောင်းပါတယ်ဗျို့ ဗွမ်းးးး ဗွမ်းးး
15 Apr 09, 09:39
ဇူး: အမ ရေလာလောင်းသွားတယ်။ မင်္ဂလာနှစ်သစ်မှာ ရွှင်ပါစေ
15 Apr 09, 09:19
မိုးကောင်းသူ: စောစောစီးစီး ပူစီပေါင်းနဲ့ လိုက်တယ်
15 Apr 09, 09:02
ဆောင်း: နောက်တခေါက် ဗွမ်း.....ကြေးအိုးရော သံအိုးရော ဒန်အိုးရော မြေအိုးရော အကုန်စားသွားပြီ
15 Apr 09, 02:01
မေတ္တာရောင်ပြန်: ကြေးအိုးစားပြီး ပြန်ခါနီးရေထပ်လောင်းသွားတယ် မမ၀ါ။းဗွမ်းဗွမ်းဗွမ်းဗွမ်းဝုန်းဝုန်းဝုန်းဗွမ်းဗွမ်း
15 Apr 09, 01:40
kaungkinpyar: ရေလဲလောင်းသွားတယ်နော်
15 Apr 09, 01:40
kaungkinpyar: ပူပူလောင်လောင်နဲ့ဘဲ စားသွားတယ် မမဝါရေ
15 Apr 09, 01:12
Bino: Hay I pour water you. Bwun.....
15 Apr 09, 01:12
Bino: I 'll enjoy your a little water festival. Bino
15 Apr 09, 00:09
မြတ်သွယ်: မင်္ဂလာနှစ်သစ်လေးမှာ မမ၀ါတို့ကျန်းမာပျော်ရွှင်ကြပါစေ
15 Apr 09, 00:09
မြတ်သွယ်: ရေခဲရေအေးအေးလေး မမ၀ါဝါ ချမ်းတွားပြီ
15 Apr 09, 00:09
မြတ်သွယ်: ဗွမ်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
15 Apr 09, 00:08
မြတ်သွယ်: မမ၀ါဝါ အကျနေ့ရောက်ပြီ ဟဲဟဲ
14 Apr 09, 23:52
Rita: မမကို ဒီနေ့မှပဲ ဗွမ်း ရတော့မယ် ဟီး ဖလားမရှိလို့ပါ
14 Apr 09, 22:52
မိုးကောင်းသူ: မမ၀ါကို အိပ်ခါနီး ရေစိုအောင်လုပ်လိုက်တယ်။
14 Apr 09, 22:52
မိုးကောင်းသူ:
14 Apr 09, 22:52
မိုးကောင်းသူ: ပူစီပေါင်းနဲ့ မယ် မယ်။
14 Apr 09, 22:35
ရဲရင့်နီ: ရေဘူဘောင်းဖြင့် မပေါက်ရဆိုလို့..မဝါ နဲ့အစ်ကိုတို့ကိုအိုးမည်းဘဲသုတ်သွားတယ် ခင်ဗျ
14 Apr 09, 21:42
လင်းဒီပ: သင်္ကြန်သီချင်းလေးတွေလာနားထောင်နေပါတယ်..
14 Apr 09, 21:36
မေခ: ဒီလောက်ရေပက်နေတာတောင် အိမ်ရှင်က ထွက်မလာဘူး တာ့တာ
14 Apr 09, 20:58
မောင်ခင်လေး: အမတော် ပေပါထဲနှစ်မယ် သတိထား ...
14 Apr 09, 20:06
နှင်းနဲ့မာယာ: သီချင်းလာနားထောင်သွားပါတယ်။
14 Apr 09, 19:49
mayD: သင်္ကြန်လည်တာ အိမ်မပြန်ခင် ထပ်လာပက်တယ်။ ဗွမ်းးးး ဗြန်းးးးး ရွှီးးးး အုန်းးးးး
14 Apr 09, 18:57
ကောင်လေးအိမ်: တီဝါကိုရေလာလောင်းတာ.. ဗွမ်း..ဗွမ်း.ဗွမ်း..။
14 Apr 09, 17:02
ဖြိုးဝေတိုး: အလည်ရောက်လာပါ၏ မမဝါ...
14 Apr 09, 16:08
ငြိမ်သက်: ကိုဥာဏ်၊မဝ့ါနဲ့ တူမလေး ကို ရေလောင်းသွားတယ်ဗျို့ ....
14 Apr 09, 16:05
Daisy: သပြေခက်နဲ့ရေလောင်းသွားတယ်နော်..
14 Apr 09, 15:32
Thant: ရေလာလောင်းပါတယ်ဗျိုး...ဗွမ်း..ဗွမ်း..ဗွမ်း..
14 Apr 09, 14:48
သဉ္ဇာ: ((((((ဗွမ်း)))))) ရေလောင်းတယ်ဗျို့....
14 Apr 09, 13:48
ဝေလေး: အဲ.... ရေပူပေါင်းနဲ့မပေါက်ရဆိုတာ ခုမှတွေ့တယ်.... ဆောတီး ဆောတီး..... ဟဲ ရေပက်နေတဲ့ပုံကအဲဒါပဲရှိလို့
14 Apr 09, 13:45
ဝေလေး: မမဝါ ရေလာလောင်းတယ်ဗျို့.... ဗွမ်း ဗွမ်း .... ဟဲဟဲ ညီမလေးကိုရော ဦးဥာဏ်ကိုရော လောင်းသွားတယ်..
14 Apr 09, 13:04
မေတ္တာရောင်ပြန်: သင်္ကြန်ကျပြီဝေး ... ရေလာပက်ပြီနော်..... ဗွမ်းးးးး ဗွမ်းးးးး ဗွမ်းးးးး ဗွမ်းးးးး ဗွမ်းးးးး ဗွမ်းးးးး
14 Apr 09, 12:30
mayD: ရေလာလောင်းတယ်ဗျို့ ၀ုန်း ဗွမ်းဗွမ်းဗွမ်း ၀ုန်း ၀ုန်း သိသိမသိသိ.. သင်္ကြန်ယဉ်ကျေးမှုပေါ့.. ဟဲ.. ဟဲ.
14 Apr 09, 12:24
aungthu: :water :water
14 Apr 09, 12:10
လုလင်ငယ်သွေး: ရေလည်း တစ်ခါတည်းလောင်းသွားပါတယ်။ နှစ်သစ်မှာ အစ်မတို့ မိသားစုလေး သာယာချမ်းမြေ့ပါစေ
14 Apr 09, 11:37
ဖိုးဂျယ်: ရေလာ လောင်းတယ် တီတီဝါ မပြေးနဲ့နော်
14 Apr 09, 11:21
မိုးကောင်းသူ: ပူးစီပေါင်းနဲ့ ဘယ်လိုလောင်းရတာလဲဟင် ..
14 Apr 09, 11:20
မိုးကောင်းသူ: ရေလောင်းပြီ
14 Apr 09, 11:20
မိုးကောင်းသူ: ကဲ လေရော့
14 Apr 09, 11:04
ရှင်ရဲထွတ်: ((((((((((ဗွမ်း))))))))))
14 Apr 09, 10:57
သစ်ဆုံ: mesလောင်းတယ်ကွာရေ ... ဗြမ်း ... ခုပ်တယ်ကွာခွက်စောင်း ... အင့် သုတ်တယ်ကွာအိုးမဲ ... ချောဒီး ခsage
14 Apr 09, 10:30
နွေးနေခြည်: ဗွမ်း တီဝါအတွက်..ဗွမ်း ခိုင်အတွက်..ဗွမ်း ဦးဥာဏ်အတွက်..ဗွမ်းဗွမ်းဗွမ်း...တမိသားစုလုံးအတွက်
14 Apr 09, 10:01
ပုလုကွေး: မမရေ မနက်စောစော ရေလာလောင်းတယ်။။
14 Apr 09, 06:55
mgwaiyan: ဗွမ်းးးးးစ် ကျနော်လည်းရေလာလောင်းတယ်
14 Apr 09, 06:47
မြူးသျှရီ: မမ၀ါရေ..နှစ်သစ်မှာရွှင်လန်းချမ်းမြေ့ကြပါစေနော်.......ရေလောင်းမယ်နော်မမ.ရေမွှေးတွေဖလားခွက်ထဲထည့်လာတယ်
14 Apr 09, 01:30
kaungkinpyar: ရေလာလောင်းပါတယ် မဝါရေ
14 Apr 09, 00:34
လင်းဒီပ: ဗွမ်း...ဗွမ်း
14 Apr 09, 00:34
လင်းဒီပ: အစ်မရေ...ရေလာလောင်းတာ...:P:D
13 Apr 09, 23:13
mgnge: ဗွမ်းဗွမ်းဗွမ်း ၀ုန်း ၀ုန်းဝုန်း
13 Apr 09, 22:53
Naingko: မပြေးနဲ့ဦး............ တော်ပြီကွာ... အိုးမည်းပါသုတ်မယ်............ အားမရတော့ဘူး
13 Apr 09, 22:52
Naingko: ကဲကွာာာာဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွ
13 Apr 09, 22:52
Naingko: လောင်းတယ်ကွာ................... ရေလောင်းတယ်...........ရေလောင်းတယ်..... မပြေးနဲ့........ရော့....ရော့
13 Apr 09, 21:25
ကောင်းကင်ဖြူ: နှစ်သသစ်မင်္ဂလာပါရှင်။ ရွင်လန်းချမ်းမြေ့ပါစေ။ သင်္ကြန်ရေလာလောင်းပါတယ်ရှင်။ ဗွမ်းးးးးး ဗွမ်းးးးးးး ဗွမ်းး
13 Apr 09, 17:06
mayD: မမ၀ါရေ... ဒီလည်း ရေလာလောင်းတာပေါ့။ ပြွတ်စ်(ေ၇ပြွတ်တဲ့ ပက်တယ်)....
13 Apr 09, 16:43
ဆောင်း: ဗွမ်း
13 Apr 09, 15:23
Nay Lynn: မမဝါရေ... တစ်အိမ်သားလုံးကို ဗွမ်း.. ဗွမ်း.. ဗွမ်း... ရေခဲရေ အေးအေးလေးနဲ့ လောင်းတာ.. ဟဲဟဲ...
13 Apr 09, 15:19
Dream: အိုးမဲလာသုတ်တာ.. ထွက်မပြေးနဲ့ တီတီဝါ
13 Apr 09, 15:17
Dream: တော့ ဥပုတ်သွားစောင့်မယ်ဆို.. အခုတော့ ရေကစားနေပါလား.. ခစ်ခစ်... အာဝါးးးးးးးးးးးးး
13 Apr 09, 15:17
Dream: ဒန်ဒန်... တီတီဝါု့ကို အိုးမဲလာသုတ်တာ... ဟဲဟဲ..ထွက်မပြေးနဲ့....
13 Apr 09, 12:49
aungthu: ရေခဲ ရေ နဲ့  လောင်းပါ တယ် အမ၀ါ ရေ နှစ်သစ်မှာ အေးချမ်း အောင် လို့  .....
13 Apr 09, 10:28
ကျားကျား: တီဝါကြီး မဟော့တော့ နဲ့ ရော့ ဗွမ်း... ရေခဲရေနဲ့ ရေမွှေးလေးပါပါတယ်.. ရေလာပတ်တယ်
13 Apr 09, 10:04
phyo: တီဝါကြီး မဟော့တော့ နဲ့ ရော့ ဗွမ်း... ရေခဲရေနဲ့ ရေမွှေးလေးပါပါတယ်..
13 Apr 09, 10:02
မိုးကောင်းသူ: မမ၀ါ
13 Apr 09, 10:02
မိုးကောင်းသူ: ရေလာပတ်တယ်
13 Apr 09, 07:38
mgnge: ရေလောင်းတယ်ရေလောင်းတယ် မပြေးနဲ့ရော့်ရော့်/ကဲကွာာာာဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်း
13 Apr 09, 06:25
ကိုရင်ညိန်း: မ၀ါရေ..... ဦးဉာဏ်ကော... သမီးလေးပါ ဗွမ်းးးးးး ဗွမ်းးးးးးး ဗွမ်းးးးးး ဗွမ်းးးးးးး ဗွမ်းးးးးး ဗွမ်းးးး
13 Apr 09, 05:43
eichaw: ရေလာပက်တယ် မ၀ါရေ
12 Apr 09, 14:23
တောင်ပေါ်သား: ဗွမ်း..... ဗွမ်းးးး ချ ခွက်စောင်းခုတ် အဟား အိုးမဲသုတ်ဗျာ ကြာတယ် ဗွမ်းးးးး ဗွမ်းးးးးးး
12 Apr 09, 13:42
နေဒေးသစ်: မကြီးဝါ .... ရေလာလောင်း ... ဦးဦးဥာဏ်ပါလောင်းပါကြောင်း .... မီးငယ်လေးပါရွှဲစေကြောင်း
12 Apr 09, 15:30
ဟိန်းညီ: ရေပက်ခံထွက်လာတာ ဟီး
12 Apr 09, 15:30
အိမ်: ရေလာပက်တယ် မ၀ါရေ လုံးရေပေါ် လုပ်ကျွေးပါဗျို့ ....
***************************************
me ... “ခွက်စုတ်ကလေးနဲ့ လာပက်တာလောက်တော့ ရယ်တာပေါ့.. ရယ်တာပေါ့....” :P

မုန့်လုံးရေပေါ်သုံးဆောင်သွားကြပါဦးနော်. မောင်နေလင်း အိမ်ကနေ မလာတာလေ.း)
နှစ်သစ်မှာ မောင်နှမများအားလုံးပျော်ရွှင် ချမ်းမြေ့ကြပါစေ.
WWKM
ဟောတော့ နဲ့ သင်္ကြန်သီချင်းများ
ဟောတော့ ဆို..ချောစုခင်
Zaw One - Haw Tawt
နွေဦးကဗျာ ဆို.. ခင်မောင်တိုး အက.. ချောရတနာ ၊ ချစ်စနိုးဦး ၊ သဇင်သင်း
သင်္ကြန်လုလင် ဆို..ခင်မောင်တိုး အက. ချသ်စနိုးဦး
တူးပို့ တူးပို့ ဆို..ခင်မောင်တိုး အက. ချောရတနာ
ရွှင်လန်းချမ်းမြေ့ပါစေချင် ဆို.. ခင်မောင်တိုး အက.. ပပ၀င်းခင်
ရှာပုံတော်မင်းသားကြီး ဆို ..ဇော်ဝမ်း
Zaw One - Shar Pone Taw Min Tar Gyi
အချစ်ရူးမလေးသင်္ကြန် ဆို.. နန်းဆုရတီစိုး
ပျော်ရွှင်ကြပါစေ.
WWKM
Saturday, April 11, 2009
သင်္ကြန်အလွမ်းပြေ
မင်္ဂလာပါရှင်...
ဒီနေ့နေလို့မကောင်းတာနဲ့ တစ်နေကုန်အိပ်ရာထဲဝင်ခွေနေမိတယ်.... တရေးလောက်အိပ်ပျော်သွားပြီး အိပ်ရာနိုးလာတော့
ပျင်းပျင်းရှိတာနဲ့ ကွန်ပြူတာဖွင့်ပြီး သင်္ကြန်သီချင်းလေးတွေ လိုက်ရှာပြီး နားထောင်နေတာလေ...
ကျမက သင်္ကြန်သီချင်းဆိုရင် ဆိုင်းသံဗုံသံနဲ့ သင်္ကြန်သီချင်းအေးအေးလေးတွေပဲကြိုက်တယ်လေ...
တုံးတယ်ပဲပြောပြော....အခုခေတ် ခေတ်ပေါ်သင်္ကြန်သီချင်းလေးတွေကိုတော့ ဘယ်လိုမှ ခံစားလို့မရနေပါဘူး....
ဒါပေမယ့် တချို့သီချင်းလေးတွေ ပျင်းပျင်းနဲ့ ကြည့်နေတာ ကြည့်လို့တော့ ကောင်းသားပဲ... အဆိုကတော့ ဘယ်လိုမှ ခံစားလို့မရပါဘူး. သင်္ကြန်နဲ့ အတူ ခေတ်မှီနေကြတဲ့ မြန်မာတွေကို ကြည့်ပြီး “ သြော်...သူတို့ခေတ်နဲ့..သူတို့ပေကို”လို့ပဲ ကောက်ချက်ချပေးမိပါတယ်... :D
ကျမနားထောင်ဖြစ်ခဲ့တဲ့ သင်္ကြန်သီချင်းဆိုဒ်ကလေးတွေကို ပြန်လည်ဝေငှရင်း ကြိုက်နှစ်သက်ကြမယ်ဆိုရင် ပန်းပိတောက်လေးတွေလည်း လက်ဆောင်ယူသွားကြပါနော်... ကျမကတော့ မောင်ဖိုးစိန် နဲ့ ကိုဆန်းဝင်း တို့ အိမ်ကနေ အိမ်ရှင်တွေ အိပ်နေတုန်း သွားယူလာခဲ့တာပါ... ယူသွားမယ်လို့ ခွင့်တောင်းခဲ့တာမို့ ခိုးလာတာမဟုတ်ဖူးနော်.. :P
ကြိုက်နှစ်သက်တဲ့ သင်္ကြန်သီချင်းလေးတွေ.... ဇော်ပိုင် ရဲ့ ရွှေရောင်နှစ်သစ် သင်္ကြန်သီချင်းများ နဲ့ အဆိုတော်ပေါင်းစုံတို့ရဲ့ သီချင်းများစွာကိုပျော်ရွှင်စွာ နားဆင်နိုင်ကြပါတယ်ရှင်...
ခံစားလို့မရတဲ့ သင်္ကြန်သီချင်းများ...... ၀ိုင်းစုခိုင်သိန်း ( မိုးလင်းတာနဲ့ ဒီအသံပဲ ) ( အပျင်းပြေကြည့်လို့တော့ကောင်းသား) :D မိုက်တော့မိုက်တယ်..သွားကြည့်. :D
ခံစားလို့မရတဲ့ သင်္ကြန်သီချင်းများ.....နန်းဆုရတီစိုး ( အချစ်ရူးမလေးသင်္ကြန်) ( ခေတ်မှီသူတိုင်း သွားကြည့်သင့်တယ် ထင်တာပါပဲ. နန်းဆုကတာ မိုက်တယ်. ) :P ဒီလိုပဲ လူကြီးတွေက ဖျက်ဆီးတော့ ကလေးတွေလည်း ပျက်စည်းရတာပေါ့နော့..သွားကြည့်တဲ့ ကလေးတွေ အပြစ်မဟုတ်ပါဘူး... :P
ခံစားလို့မရတဲ့ သင်္ကြန်သီချင်းများ.. Jenny ( ဂျင်နီ ရဲ့ မြန်မြန်သာပြော သင်္ကြန်သီချင်း) ကတတ်တဲ့သူတွေ ကတတ်ကြပါတယ်လို့ပဲ မှတ်ချက်ချမိပါတယ်.. :D
သင်္ကြန်သီချင်း အေးအေးလေးတွေရော ဟစ်ဟော့တွေရော အစုံပါပဲ.......... သင်္ကြန်သီချင်းများ
Download လုပ်နိုင်တဲ့ သင်္ကြန်သီချင်းလေးတွေ........သင်္ကြန်သီချင်းများ
ပျော်ရွှင်ချမ်းမြေ့စွာနဲ့ နှစ်သစ်ကို ကြိုဆိုနိုင်ကြပါစေ....
လေးစားခင်မင်လျှက်
WWKM
အလွမ်းသင်္ကြန် ( Tag post)
ထိန်ထိန်ဝါနေတဲ့ ပန်းပိတောက်ကလေးတွေကို လွမ်းမိနေပေမယ့် ကိုယ့်ပတ်ဝန်းကျင်မျာတော့ ဆာကူရာပန်း( ချယ်ရီပန်း)တွေပဲဝေနေခဲ့တယ်လေ......
ပန်းပိတောက်နံ့ သင်းသင်းလေးတွေကိုရှုရှိုက်ချင်ပေမယ့် ကိုယ်ရှုရှိုက်ရတာကတော့ လေနဲ့အတူဝေ့လာတဲ့ ချယ်ရီပန်းရနံ့လေးတွေပဲ ဖြစ်မှာပါ....ဒါပေမယ့် ချယ်ရီပန်းဘယ်လိုရနံ့ရှိတယ်ဆိုတာကိုတော့ ကိုယ်တခါမှ မရှုရှိုက်ကြည့်မိလို့ ချယ်ရီရနံ့ကိုတော့ ကိုယ်သေခြာ
မသိပါဘူးလေ.... ”
လွမ်းမိပါတယ် သင်္ကြန်ရယ်.....
ုဟိုး..ငယ်ငယ်တုန်းကတော့ သင်္ကြန်အချိန်မှာ ကျမတော်တော်လေးကို ပျော်ခဲ့တာပါ... အသက်တွေကြီးလာတော့လည်း သင်္ကြန်မှာ ငယ်ငယ်ကလို ပါဝင်ရေမကစားဖြစ်ပေမယ့် မြူးမြူးကြွကြွသင်္ကြန်သီချင်းလေးတွေ ကြားနေရရုံနဲ့တင်ပဲစိတ်ကအလိုလို ပျော်ရွှင်နေခဲ့မိတာပါပဲလေ..
ငယ်ငယ်တုန်းကတော့ ကျမတို့မြို့ ကျမတို့ရပ်ကွက်က သင်္ကြန်ပွဲတိုင်းမှာ နှစ်စဉ်အမြဲကျမကခဲ့တယ်လေ... ကျမတို့ရပ်ကွက်ရဲ့ သင်္ကြန်မဏ္ဍပ်အတွက် ပင်တိုင်အကသင်ပေးတဲ့သူကတော့ ကျမရဲ့မေမေပဲဖြစ်ပါတယ်... မေမေဟာ အနုပညာကို အရမ်း
ဝါသနာပါခဲ့တာပါ.... သင်္ကြန်ချိန်ဆိုရင် ကျမတို့အိမ်မှာ ဆိုင်းဝိုင်းတွေနဲ့ အကလေ့ကျင့်ကြတာ စည်ကားနေတာပါပဲလေ... ရှေ့ကနေ ကျမရဲ့မေမေ ဆရာမက အကတွေသင်ပေးပြီး မေမေ့တပည့်တွေက ကကြတာပေါ့နော်.... ကျမကလည်း မေမေ့သမီးဖြစ်တာမို့ ကျမက ရှေ့ဆုံးက အမြဲပါဝင်ကပြခဲ့ရတာလေးတွေကို လွမ်းနေမိပါသေးတယ်....
ကျမတို့ အိမ်ဘေးကပ်ရက်မှာ ဇာတ်ထဲက မင်းသမီးရဲ့အိမ်ကရှိတော့ လိုအပ်ရင် မေမေက အဲဒီမမကို အကသင်ပေးခိုင်းခဲ့ပါတယ်... ကျမအသက် ၈ နှစ်လောက်မှာ ကျမကို မေမေက ပိတောက်ဝါအရောင်ဇာတ်မင်းသမီးဝတ်စုံလေးတစ်စုံ ချုပ်ပေးခဲ့ပါတယ်...ဘော်ကြယ်လေးတွေ တလက်လက် .. ခါးမှာလည်း ခါးတောင်ကွေးကွေးလေးနဲ့ပေါ့... အဲဒီဝတ်စုံလေးကို ကျမအရမ်းမြတ်နိုးနှစ်သက်ခဲ့တာပါ.....အဲဒီဝတ်စုံလေးချုပ်ပေးပြီးတော့ မင်းသမီးမမကို အိမ်မှာခေါ်ပြီး ကျမကို
တပင်တိုင်အက သင်ပေးစေခဲ့တယ်လေ....
အဲဒီ ပိတောက်ပန်းရောင် မင်းသမီးဝတ်စုံလေးနဲ့ သင်္ကြန်မှာ ကျမကို တပင်တိုင်အက ကခိုင်းခဲ့တာ မှတ်မိနေပါသေးတယ်... ကျမကလည်း ကျမနှစ်သက်တဲ့ ၀တ်စုံလေးနဲ့ဆိုတော့ ကွေးနေအောင်ကခဲ့တာပေါ့နော်... :D
ကျမကခဲ့တဲ့သီချင်းလေးကို အခုမကြားရတာကြာတော့ မေ့တောင်မေ့သွားချင်သလိုဖြစ်နေပေမယ့် တပိုင်းတစ ကျမမှတ်မိ
တာလေးကတော့ ..“ ငွေငန်းဖြူလို့ခေါ်သူ.... နန်းဆန်တဲ့လေသူ............ အစ်ကိုတွေများနဲ့ မောင်တွေများနဲ့ ညီအစ်မများလည်း နွဲပျော်ကြသူ.... လှပါတယ် ဆိုသူဆိုသူ..... ကမယ်ဆိုလာသူ လာသူ.... ” ဟီးးး အဲလောက်ပဲ မှတ်မိပါတော့တယ်....သီချင်းခေါင်းစဉ်လေးကတော့ “ငွေငန်းဖြူ ”လို့ထင်တာပဲ.. မမှတ်မိတော့ဘူးရယ်လေ... အဲဒီဝတ်စုံလေးနဲ့ ကျမကတာအဆင်ပြေတယ်ဆိုပြီးတော့ ( ကောင်းတယ်ပေါ့နော်)း) မြို့နယ်သင်္ကြန်မဏ္ဍပ်မှာ ကပြခဲ့ရပါသေးတယ်ရှင်.... ငယ်ငယ်တုန်းက သင်္ကြန်အချိန်ဆိုရင် ကရတာလည်းပျော်ဘို့ကောင်းသလို ရေကစားရတာလည်း အရမ်းပျော်ခဲ့တာပါ.....ကတတ်တဲ့ ကလေးအရွယ်ငယ်ငယ်ကစပြီး ကျမဆယ်တန်းအောင်တဲ့အချိန်အထိ အဲဒီမြို့လေးက ရေကစားမဏ္ဍပ်မှာ နှစ်စဉ်အမြဲ ကျမကခဲ့ပါတယ်ရှင်...
ဒီလိုနဲ့ အသက်တွေရလာတော့ ကျမတက္ကသိုလ် မာစတာတန်းရန်ကုန်မှာလာတက်နေတဲ့ အချိန်မှာ ထင်မှတ်မထားပါပဲ ဖေဖေက ဒီနှစ်သင်္ကြန်ရန်ကုန်မှာ မပျော်ပဲ နယ်ကိုပြန်ခဲ့ဘို့ ခေါ်တာနဲ့ ပြန်သွားတော့ ဖေဖေတို့ရုံးက ၀န်ထမ်းသားသမီးတွေ သင်္ကြန်မှာ မြို့နယ်မဏ္ဍပ်မှာ ယိမ်းကကြရမှာမို့ ကျမကို သီချင်းဆိုခိုင်းပါတော့တယ်... သမီးကိုအားကိုးပြီး အကပါမယ်လို့လုပ်လိုက်တာ သမီးဝင်လည်းကပေး သီချင်းလည်းဆိုပေးပါတဲ့လေ... ဖြစ်ပုံများ..အသက်ကြီးကာမှ...း) အဲဒါနဲ့ ကိုယ့်ဖေဖေက ယုံကြည်ပြီးတောင်းဆိုတော့
ဝါသနာနဲ့ ဗီဇက ပါနေပြီးသားဖြစ်တဲ့ ကျမက ဖေဖေတို့ရုံးမှာ ညအချိန်သွားပြီး ယိမ်းတိုက်ရ ၊ သီချင်းဆိုရနဲ့ လုပ်ရပါတော့တယ်... အဲဒီတုန်းက အမှတ်တရအဖြစ်ပြောရမယ်ဆိုရင်တော့ မောင်နဲ့ ချစ်သူတွေ စဖြစ်နေတဲ့ အချိန်ပေါ့.... ကျမကကျောင်းပိတ်ရက်မှာ ပြန်ချလာတော့ မောင့်မှာ နယ်ကိုအလည်လိုက်လာပြီး ကျမတို့ယိမ်းတိုက်တာ ၊ သီချင်းဆိုတာတွေကိုအားပေးရင် ဓါတ်ပုံတွေရိုက်ပေးခဲ့ပါသေးတယ်....
အဲဒီတုန်းက ကျမက အကော်ဒီယမ်အုန်းကျော်ရဲ့ “ရေသဘင်ပွဲတော်” သီချင်းလေးကိုဆိုခဲ့တာပါ....နယ်က တပ်ထဲမှာတွေပါ သွားရောက်ဖျော်ဖြေပေးခဲ့ရပါတယ်.... အဲဒီနှစ်သင်္ကြန်နလေးတွေဟာ ကျမအတွက်တော့ ပျော်စရာကောင်းတဲ့ အမှတ်တရ သင်္ကြန်လေးတွေ ဖြစ်နေခဲ့ပါတယ်ရှင်...
ဲ
မောင်နဲ့ အိမ်ထောင်ကျပြီးတော့ မင်္ဂလာဆောင်ပြီးတာနဲ့ သင်္ကြန်ရောက်တာမို့ အဲဒီတနှစ်ပဲ ရေကစားဖြစ်ပြီး နောက်နှစ်တွေမှာ တရားစခန်းဝင်ဖြစ်ခဲ့တာတွေ များပါတယ်ရှင်...
ကဲ..မောင်လေးကောင်လေးအိမ် ရေ.... အစ်မရဲ့ ငယ်ငယ်တုန်းက သင်္ကြန်အကြောင်းလေးကတော့ ဒီလောက်ပါပဲနော်... အစ်မ စိတ်လေနေခဲ့လို့ နောက်ကျသွားရင်တောင်းပန်ပါတယ်....သင်္ကြန်အမှီ ရေးပေးလိုက်ပါတယ်နော်.. ကျေနပ်နိုင်ပါစေ...
ပျော်ရွှင်ချမ်းမြေ့ကြပါစေ.
WWKM
Friday, April 10, 2009
ဒိုင်ယာရီဟောင်းရဲ့စာမျက်နှာ

“ နွေကြိုရွှေဥသြ xxxxxxxx ပန်းပိတောက်ကိုမြင်မှ xxxxxxxxx နွေရောက်တာကိုယ်သိတယ်..သြော်.... xxxxxx နွေတဲ့လား..xxxxxx ရာသီတွေသည်ပြောင်းသွားခဲ့ပေါ့ xxxxxxxx အချိန်ခါတွေသည်နှောင်းသွားခဲ့လည်းxxxxxxxx ကြင်နာသူမို့အမှတ်တရရှိနေဆဲ. xxxxxx xxxxxx ယုံပါရင်သို့တိုးဝှေ့ဆဲပါ..ခိုင် ”
ခိုင် ရေ... သင်္ကြန်နီးပြီမို့ သင်္ကြန်သီချင်းလေးတွေနေရာတကာမှာ လွှင့်ပျံ့နေတဲ့ကြားကနေ လေမှာဝေ့၀ဲလာတဲ့ အက်စ်ကဲနက်ရဲ့“ ရင်သို့တိုးဝှေ့ဆဲပါ..ခိုင်” သီချင်းလေးကို မထင်မှတ်ပဲ ကြားလိုက်ရတော့ စောစောက သင်္ကြန်သီချင်းလေးတွေကြားလို့ မင်းကိုသတိရမိနေရာကနေ ကိုယ်မင့်ကို အရမ်းလွမ်းမိသွားပြန်ပါတယ် ခိုင်ရေ....
ခိုင်..ရေ.. မင်းဘယ်ကိုရောက်နေသလဲ... မင်းနဲ့ကိုယ် ဝေးခဲ့ကြတာ နှစ်တွေဘယ်လောက်ကြာကြာ ကိုယ့်ရင်ထဲမှာ မင်းစိုးမိုးနေဆဲပါ ခိုင်ရေ...ဘယ်လိုမှ မဖြစ်နိုင်ကြလို့ ကိုယ် မင်းကိုမေ့ထားချင်ပေမယ့် ဘယ်တော့မှ မမေ့နိုင်တဲ့သူရယ်က ကိုယ်ပါပဲ ခိုင်ရယ်... မင်းဟာ ကိုယ့် ရင်ထဲမှာ အမြဲစိုးမိုးနေရာယူနေဆဲပါပဲ ခိုင်ရယ်...
အခုလို သင်္ကြန်နီးလို့ သင်္ကြန်သီချင်းလေးတွေ ကြားနေရတဲ့ အချိန်လေးတွေဆိုရင် ကိုယ် မင့်ကို ပိုသတိရမိ ၊ပိုလွမ်းမိနေပါတယ်..ခိုင်...ငယ်ငယ်က သင်္ကြန်ပွဲတွေမှာ နှစ်စဉ်အမြဲကတတ်တဲ့ ကိုယ့်ရဲ့ငယ်သူငယ်ချင်းခိုင်ရေ... အဆို ၊အက အနုပညာဝါသနာပါတဲ့ မင်းက ကိုယ်တို့မြို့လေးမှာဆိုရင် နေရာတကာမှာ မင်းသမီးလေးဖြစ်နေတတ်ပါတယ်.. ကျောင်းကပွဲတွေမှာလည်း မင်းကအမြဲ ရှေ့ဆုံးက ပါတတ်မြဲပါပဲလေ.... တကယ်တော့ ငယ်ငယ်ကတည်းက ကိုယ်တို့ကျောင်းမှာ စာတော်ပြီး အနေအေးလို့ ပေါ်ပြူလာဖြစ်ခဲ့တဲ့မင်းကို သ၀န်တိုမှုတွေနဲ့ တိတ်တခိုးချစ်နေမိတဲ့သူက ကိုယ်ပါပဲလေ.... ကိုယ်ချစ်နေတာကို မင်းကတော့ ရိပ်မိချင်မှ ရိပ်မိမှာပါ... ကိုယ့်အပေါ်ဆိုရင် မင်းက သူငယ်ချင်းအရင်းအခြာတစ်ယောက်လိုပဲ အမြဲသဘောထားပြီး.. ကိုယ်က“ ခိုင် ရေ ”လို့ ချစ်စနိုးနဲ့ ခေါ်ရင်တောင်မှ မင်း က
“ ဘာတုန်း”လို့ ပြစ်ပြစ်နှစ်နှစ်ကြီးထူးတတ်တာလေ.... ကိုယ်တို့တတွေဟာ ငယ်ငယ်ကတည်းက ကျောင်းအတူတူသူငယ်ချင်းတွေမို့ တော်တော်လေး ရင်းနှီးခင်မင်နေခဲ့ကြတာပါ....
မင်းအတွက်တော့ အမှတ်တမဲ့ဖြစ်ပေမယ့် ကိုယ့်အတွက် အမှတ်တရဖြစ်စေခဲ့တဲ့ ကိုယ်တို့ ငယ်ငယ်၅ တန်းကျောင်းသားဘ၀အကြောင်းလေးကို ကိုယ်အမှတ်ရနေဆဲပါကွာ....အဲဒီတုန်းက မူလတန်းကျောင်းတွေကနေ လေးတန်းအောင်ကြပြီး ကိုယ်တို့အထက်တန်းကျောင်းကြီးကို ပြောင်းရွှေ့ပြီး မင်းက ၅တန်းကို လာတက်ခဲ့ရတဲ့ အချိန်တုန်းကပေါ့.... ကျောင်းစိမ်း နဲ့ အဖြူ ဂါဝန်လှလှလေးကို ၀တ်ထားတဲ့ အသားဝါ၀ါဝင်းဝင်းလေးနဲ့ ၊အားငယ်နေတဲ့ မင့်ရဲ့မျက်နှာလေးကို ကိုယ်စတင်တွေ့ပြီး သနားသွားမိသလို ချစ်ခင်သွားခဲ့မိတယ်ဆိုရင် မင်းယုံနိုင်မှာ မဟုတ်ဖူးနော်... တကယ်ပါ.. ကိုယ့်ရင်ထဲမှာ အဲဒီအချိန်ကတည်းက မင်းရဲ့ ရုပ်ပုံလွှာလေးက ၀င်ရောက်နေရာယူသွားခဲ့တာပါ..ကောင်မလေးရေ.....
အဲဒီတုန်းက ကိုယ်က မင့်ရဲ့အနားသွားပြီး “ ဟိတ်... နာမည်ဘယ်လိုခေါ်လဲ... တို့နာမည် သီဟစစ်.. လိုအပ်တဲ့ အကူအညီရှိရင်ပြောနော်..ကူညီမယ်”ဆိုတော့ မင်းက ကိုယ့်ကိုကြည့်လာပြီး.. “အင်း” တဲ့လေ... ပြီးတော့ ဘာမှ မပြောပဲ ကိုယ့်ကို တစ်ချက်ကြည့်လာတယ်.... ပြီးတော့ ပြောတယ်..“ မြင်ဘူးတယ်”တဲ့ ... အဲဒီတော့မှ ကိုယ်လည်း သူ့ကိုမြင်ဘူးပါတယ်လို့ စိတ်ထဲကနေရင်းနှီးနေတာလေ...အဲဒါနဲ့ စဉ်းစားမိတော့ လွန်ခဲ့တဲ့ တစ်နှစ်ကျော် ကိုယ်တို့ ၃ တန်းအချိန်က “မြို့နယ်အဆင့်ကမ္ဘာ့ကလေးများနေ့ပြိုင်ပွဲ ”မှာ သူနဲ့ ကိုယ်ပြိုင်ပွဲဝင်ကြရင်းနဲ့ ဆုံဘူးကြတယ်ဆိုတာကို မှတ်မိသွားခဲ့ပါတယ်....အဲဒီတုန်းက ခိုင်က ကျောင်းစိမ်းနဲ့အဖြူ ဂါဝန် လှလှဆန်းဆန်းလေးဝတ်ပြီး သူတို့ကျောင်းကနေ ပုံပြောဝင်ပြိုင်ခဲ့သလို ၊ကိုယ်ကလဲ ကိုယ်တို့ကျောင်းကြီးရဲ့ကိုယ်စား ပုံပြောဝင်ပြိုင်ခဲ့တာပါပဲ... အဲဒီတော့မှ ကိုယ်က “အဲ..သိပြီ.. ဒါကြောင့် စိတ်ထဲမျာရင်းနှီးသလိုဖြစ်နေတာ နင်ကအဲဒီအချိန်က မိတ်ကပ်တွေနဲ့ရှိုးထုတ်ထားတော့ အခု မျက်နှာပြောင်လေးနဲ့တွေ့လိုက်ရတော့ ငါချက်ချင်းမမှတ်မိဖြစ်သွားတာပါ... နင် ခိုင်ဝါ၀ါကို နော်.” လို့ ကိုယ်ကဆိုတော့ .. “အင်း..ဟုတ်တယ်...” တဲ့...
ကိုယ်ပျော်သွားတယ်လေ...ကိုယ်နဲ့မင်းက အရင်ကတည်းကဆုံဘူးပြီးသားသူတွေဖြစ်သလို အဲဒီပုံပြောပြိုင်ပွဲတုန်းက ကိုယ်က ပထမရပြီး မင်းက ဒုတိယဆုကိုရခဲ့တာဆိုတော့ ဆုအတူတူယူခဲ့ကြရတာပါ ။ ဓါတ်ပုံလေးတောင်အတူတူတွဲရိုက်ဖြစ်ခဲ့ကြသေးတာပဲ.. ကိုယ်အမှတ်တမဲ့ ဖြစ်သွားခဲ့ပြီး ကျောင်းအသစ်ပြောင်းရလို့ မင်းရဲ့အားငယ်တဲ့မျက်နှာလေးကိုပဲ ကိုယ်သနားပြီး စွဲလန်းသွားခဲ့တာပါ။နောက်တော့ ကိုယ်နဲ့ မင်းက အတန်းထဲမှာ အခင်ဆုံးသူငယ်ချင်းတွေဖြစ်သွားခဲ့ကြတယ်လေ.... အတန်းတိုင်းမှာ အဆင့်တစ်အမြဲရခဲ့တတ်တဲ့ ကိုယ့်ကို မင်းမနာလိုဖြစ်ခဲ့ဘူးတယ်နော်...မင့်ရဲ့မေမေကလည်းဆရာမဖြစ်သလို ကိုယ့်ရဲ့ဖေဖေကလည်း ကျောင်းဆရာဖြစ်ခဲ့တာမို့ မိဘချင်းတွေကလည်းခင်မင်ရင်းနှီးကြပါတယ်... ကိုယ်ကဘ၀နာသူမို့ ငယ်ငယ်ကတည်းကစာကို ကြိုးစားခဲ့တယ်လေ... စာကိုကြိုးစားတယ် ဆိုပေမယ့် ကိုယ့်ထက်စာကြိုးစားသူက ခိုင်ရယ်ပါ... ခိုင်က ကျန်းမာရေးမကောင်းတတ်ဘူး။ဒါပေမယ့် စာကိုအရမ်းကြိုးစားတတ်ပါတယ်.. ကိုယ်ကတော့ ဒီလောက်ကြိုးစားအားထုတ်စရာမလိုပါပဲ ဆရာ၊ဆရာမသင်ပေးပြီးရင်ပဲ စာကို မှတ်မိသွားတာ... ဥာဏ်ကောင်းတယ်လို့ ဆရာ၊ဆရာမတွေကပြောကြတယ်လေ... အဲဒါကြောင့် အတန်းထဲမှာ ကိုယ်က ပထမဆုအမြဲရခဲ့ပါတယ်... ခိုင်က ကိုယ့်ကို ဘယ်တော့မှမနိုင်ပဲ ဒုတိယဆု ၊တတိယဆုသာ ရတတ်တာမို့ “နင့်ကိုငါမနာလိုဘူး”လို့ ပေါ်တင်ပြောခဲ့ဘူးတယ်လေ....
ဒီလိုနဲ့ တို့တတွေတဖြေးဖြေးအသက်တွေကြီးလာကြပြီး ကျောင်းပိတ်ရက်သင်္ကြန်ချိန်လေးတွေရောက်လေတိုင်း ခိုင်က သူတို့ရပ်ကွက်မဏ္ဍပ်ကလေးမှာ အမြဲကတတ်တယ်လေ... ကိုယ်ကတော့ ခိုင့်ရဲ့အမြဲတမ်းပရိဿတ်ဖြစ်ခဲ့တာပေါ့.... သင်္ကြန်ယိမ်းဝတ်စုံလေးနဲ့ အမြဲလှနေတတ်တဲ့ ခိုင့်ကို ကိုယ်ကရေလောင်းချင်ပေမယ့် ခိုင်ကဘယ်တော့မှခွင့်မပြုခဲ့ပါဘူး... ကိုယ်က ခိုင့်ရဲ့အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်ပေမယ့် ဝေေ၀းကနေပဲ ခိုင့်ကိုချစ်နေရသူပါ.... ကိုယ်တို့ အထက်တန်းကျောင်းသားဘ၀မှာ သူများတွေရည်းစားထားကြတော့ ခိုင်ကပြောဘူးတယ်လေ... “ငါကတက္ကသိုလ်ရောက်မှ ရည်းစားထားမှာ အခုအထက်တန်းကျောင်းသူဘ၀မှာတော့ ရည်းစားဆိုတာလုံးဝမရှိစေရဘူး” တဲ့..... အဲဒီိတော့ ကိုယ့်ရဲ့နင့်နင့်နဲနဲရင်ထဲကခံစားချက်တွေကို ကိုယ်ပြောမထွက်ခဲ့ဘူး ခိုင်ရယ်... ခိုင်မုန်းသွားမှာကို အရမ်းကြောက်တယ်လေ..... ဒါပေမယ့် ညဘက်ဆိုရင်တော့ သူငယ်ချင်းတွေစုပြီး ခိုင်တို့အိမ်ရှေ့က အုတ်ခုံလေးမှာထိုင်ပြီး သူငယ်ချင်းတွေနဲ့ အတူ “အက်စ်ကဲနက် ရဲ့ ယုံပါရင်သို့တိုးဝှေ့ဆဲပါခိုင် ” သီချင်းလေးကို မကြာခဏ သွားပြီးတော့ အော်ဆိုဖြစ်ကြရင်ဖြင့် ရင်ထဲကခံစားနေရတာလေးတွေ နည်းနည်းပေါ့သွားသလိုခံစားခဲ့ရပါတယ်....
ကြာခဲ့ပါပြီ ခိုင်ရေ....
ကိုယ်တို့ ဆယ်တန်းအောင်ပြီးသွားကြတော့ ခိုင်က တက္ကသိုလ်ဆက်တက်ခဲ့တယ်... ကိုယ်က အခြေအနေအရပ်ရပ်ကြောင့် စက်မှုတက္ကသိုလ်ဝင်ပေမယ့် မတက်ဖြစ်ပဲ စစ်တက္ကသိုလ်တက်ဖြစ်သွားခဲ့ပါတယ် ခိုင်...ကိုယ် သင်တန်းတက်နေတုန်း မထင်မှတ်ပဲ ခိုင်က ခိုင့်မေမေရဲ့ မွေးရပ်ဇာတိမြေကို ပြောင်းရွှေ့သွားခဲ့ပါတော့တယ်.... ကိုယ်တို့ တကယ်ဝေးကြရတော့မှာလား ခိုင်ရေ..... ကိုယ်တကယ်ပဲ ခံစားခဲ့ရပါတယ် ခိုင်...တစ်နေ့နေ့မှာ ခိုင်ရှိတဲ့နေရာကို ကိုယ်အရောက်သွားမယ်လို့ ဆုံးဖြတ်ချက်ချထားခဲ့ပါတယ်... ခိုင့်ဆီကို စာမပြတ်အောင်ရေးပို့နေခဲ့ပါတယ်... ခိုင် ကိုယ့်ကို မေ့သွားမှာ ကိုယ်အကြောက်ဆုံးပါပဲ ခိုင်ရေ.... ကိုယ့်ရဲ့ဓါတ်ပုံတွေ ၊ စာတွေ ၊ ပို့စ်ကဒ်လေးတွေ ခိုင်ဆီကို အမြဲကိုယ်ပို့ခဲ့ပါတယ်.... စာတွေထဲမှာ ကိုယ်ချစ်နေတဲ့ အကြောင်းလေးတွေကို အရပ်အမြွတ်ထည့်ရေးတတ်ခဲ့ပေမယ့် ခိုင်ကတော့ ကိုယ့်ကို မသိချင်ယောင်ဆောင်ပြီး သူငယ်ချင်းတစ်ယောက်လိုပဲ စာတွေပြန်ရေးလာခဲ့တယ်နော်... ကိုယ်တို့တွေ ဘ၀တက္ကသိုလ်တွေကို ဖြေနေကြပြီ ခိုင်ရေ... ကိုယ်မင်းကို လူချင်းတွေ့ပြီး ကိုယ်မင်းကိုဘယ်လောက်ချစ်ကြောင်းဖွင့်ပြောဘို့ သတ္တိတွေ မွေးထားပြီ ခိုင်ရေ.... ကိုယ်နဲ့ မင်းနဲ့ တွေ့ဆုံဘို့ အချိန်လေးကိုပဲ ကိုယ်မျှော်လင့်ရတော့ မှာပဲလေ....မင်းနဲ့ မတွေ့ရသေးခင် အချိန်လေးတွေမှာ “ကိုယ် မင့်ကိုအရမ်းချစ်တယ်ခိုင် ” ဆိုပြီးတော့ ခဏခဏ ကိုယ်တစ်ယောက်တည်းရေရွတ်နေတတ်ခဲ့တယ် ခိုင် ရေ....
ဒီလိုနဲ့ ကိုယ်သင်တန်းပြီးသွားတော့ သင်တန်းဆင်းပြီးတာနဲ့တာဝန်ကျတဲ့နေရာကိုသွားရတော့မယ်လေ... ဘာပဲဖြစ်ဖြစ်ကိုယ်မင်းကို ရအောင်လာတွေ့ပါမယ် ခိုင်ရေ.... ကိုယ်မင်းရှိရာမြို့ကိုအရောက်သွားခဲ့ပါတယ် ခိုင်... ကိုယ်ရောက်တော့ သင်္ကြန်ချိန်မို့ မင်းအိမ်မှာရှိမနေဘူးလေ.. ကျောင်းကဆရာမလာလည်လို့ သူငယ်ချင်းတွေနဲ့အတူ တခြားမြို့ကသူငယ်ချင်းတွေအိမ်ကို လိုက်လည်နေကြတယ်လို့ ခိုင့်မေမေ ဆရာမနဲ့ ခိုင့်ဖေဖေတို့က ပြောပြလာကြတော့ မင်းအိမ်ကို ကိုယ်အရောက်လာခဲ့ပေမယ့် ကိုယ် မင့်ကိုချက်ချင်းမတွေ့ရတော့ ရင်ထဲမှာ ၀မ်းသာ ၊၀မ်းနည်းကြီးဖြစ်နေခဲ့ပါတယ် ခိုင်ရယ်... မင်းက တစ်နေလုံး တော်တော်နဲ့ ပြန်မလာလို့ ဦးလေးတို့ ဆရာမတို့နဲ့ပဲ စကားတွေအများကြီးပြောဖြစ်ခဲ့ကြပါတယ်.... ဆရာမကလည်း မစားရတာကြာပြီဖြစ်တဲ့ ကချင်ပြည်နယ်အလွမ်းပြေ ကချင်ဟင်းတွေချက်ကျွေးလို့ ထမင်းအရမ်းစားကောင်းခဲ့တယ်လေ.... အဲလိုနဲ့ ညနေစောင်းမှာ ကိုယ်အရမ်းတွေ့ချင်နေတဲ့ ခိုင် ပြန်ရောက်လာပါတယ်...ခိုင့်ကို ကိုယ်က အိမ်ထဲကနေမြင်နေရတယ်လေ..ရေစိုနေတဲ့ ကျောက်စိမ်းရောင် ၀မ်းဆက်ကလေးကို ၀တ်ထားတဲ့ ခိုင်ဟာ သူမရဲ့အသားဝင်းဝင်းလေးနဲ့ အလွန်မှပင်လိုက်ဖက်ပြီး ကိုယ် က ခိုင့်ကိုအိမ်ထဲကနေ ပုန်းကွယ်ရင်း ငေးကြည့်နေခဲ့မိပါတယ်... ခိုင့်ဖေဖေ နဲ့ မေမေက “သမီးသူငယ်ချင်း ရောက်နေတယ်”ဆိုတော့ ခိုင်က “ဘယ်သူလဲ ”တဲ့လေ.. သိတ်ထူးထူးခြားခြားဘာမှ မပြောပဲအိမ်ထဲဝင်လာတော့ “သမီးရဲ့အခင်ဆုံးငယ်သူငယ်ချင်းလေ” လို့ ဆရာမကပြောပေမယ့် ခိုင်ကဘယ်သူမှန်းမသိသေးပဲ အိမ်ထဲလှမ်းအ၀င်မှာ တံခါးနာမှာကွယ်ရပ်နေတဲ့ ကိုယ်က ခိုင့်မျက်လုံးလေးတွေကို လက်ဝါးနဲ့အုပ်လိုက်တယ်... “ဘယ်သူလဲ မှန်မှန်ပြော” ဆိုတဲ့အထိ ခိုင်က မသိသေးပါဘူး... ခိုင့်ဖေဖေ ၊ ဆရာမနဲ့ အလည်ရောက်နေတဲ့ ခိုင့် အစ်မ၀မ်းကွဲတို့က ၀ိုင်းရယ်နေကြတယ်လေ... အဲဒီတော့ ခိုင်က “မသိဘူးကွာ.. ဘယ်သူလဲ မျက်လုံးဖွင့်ပေး” ဆိုတော့ ခိုင့်အမိန့်ဆိုရင် နာခံနေကျ ကိုယ်က ခိုင့်မျက်လုံးလေးတွေကို ကွယ်ထားတဲ့လက်ကလေးတွေကို ဖယ်ပေးလိုက်တော့ “ ဟယ်... သီဟ..”ဆိုပြီး နင်အရမ်းပျော်ရွှင် ၀မ်းသာသွားတဲ့ မျက်နှာလေးကို ကိုယ်တွေ့လိုက်ရတော့ ကိုယ်ပါအရမ်းပျော်မိသွားပါတယ် ခိုင်ရယ်....
အဲဒီမှာပဲ ကိုယ်ကဘီရိုပေါ်မှာတင်ထားတဲ့ ကိုယ့်ရဲ့အရာရှိဦးထုပ်ကလေးကိုယူပြီး ခိုင့်ခေါင်းမှာဆောင်းပေးလိုက်တော့ ခိုင်က ကိုယ့်ကို “ကွန်ဂရက်ကျူလေးရှင်းပါ သူငယ်ချင်း” တဲ့လေ... ပြီးတော့ “ခဏစောင့်နော်.. ငါရေစိုအ၀တ်တွေသွားလဲလိုက်ဦးမယ်” ဆိုပြီး ထွက်သွားတယ်လေ.... အဲဒီအချိန်မှာ ကိုယ့်ရင်တွေ တဒိုင်းဒိုင်းခုန်နေခဲ့တာပေါ့....ခိုင်ရေ...
အဲဒီလိုနဲ့ပဲ ခိုင်နဲ့ ကိုယ် စကားတွေ တ၀ကြီးပြောဖြစ်ကြတယ်လေ... ကိုယ့်ရင်ထဲမှာ ရင်ခုန်ခြင်း ၊ပျော်ရွှင်ခြင်းတွေအပြည့်နဲ့ပေါ့ ခိုင်ရယ်...ခိုင်နဲ့ စကားပြောနေပေမယ့် အလည်ရောက်နေတဲ့ခိုင့်အစ်မ၀မ်းကွဲက အဖော်လုပ်ပြီး စောင့်ပေးနေခဲ့တာမို့ ကိုယ်ပြောချင်တဲ့ စကားလေးတွေတောင်ပြောမထွက်ပဲ ကိုယ်တစ်ညလုံးအိပ်ရာထဲမှာ အိပ်မပျော်ခဲ့လို့ ခိုင့်အတွက်အမြဲရေးထားတဲ့ ဒိုင်ယာရီိစာအုပ်ကလေးကိုဖွင့်ပြီး ကိုယ်ဘယ်လောက် ရင်တွေခုန်နေကြောင်း ၊ ခိုင့်ကိုဘယ်လောက်ချစ်မြတ်နိုးကြောင်း တစ်ညလုံးအိပ်မပျော်နိုင်ပဲနဲ့ ဒိုင်ယာရီမှတ်တမ်းလေးကို ရေးနေမိခဲ့ပါတယ် ခိုင်.....
မနက်မိုးလင်းတာနဲ့ ကိုယ်စောစောပြန်ရမှာမို့ အဲဒီနေ့ပဲ တာဝန်ကျရာမြို့မှာ သတင်းပို့ရမှာမို့ ယူနီဖောင်းအပြည့်အစုံကိုလဲပြီး ခိုင့်မိဘတွေကိုနှုတ်ဆက်ပြီး ခိုင့်အတွက် ကိုယ်ဝယ်ထားခဲ့တဲ့ အမှတ်တရလက်ဆောင် ရင်ထိုးလေးပေးတော့ ခိုင် က ကိုယ့်ကို လက်ကိုင်ပုဝါလေးတစ်ထည် လက်ဆောင်ပြန်ပေးခဲ့တာလေ... ကိုယ်က “လက်ကိုင်ပုဝါမရချင်ဘူးကွာ.. ဘာလို့ လက်ကိုင်ပုဝါပေးရတာလဲ”လို့ပြောတော့ ခိုင်က“ အမယ် ငါပေးချင်တာပေးတာပဲ.. မယူချင်လဲပြန်ပေး” ဆိုတော့ ကိုယ်ဘယ်ပြန်ပေးရက်မလဲ ခိုင်ရယ်.. ဒီလက်ဆောင်လေးက ကိုယ် ခိုင့်ဆီက ပထမဆုံးရခဲ့တဲ့ လက်ဆောင်ပစ္စည်းလေးပဲလေ.... လက်ကိုင်ပုဝါလေးရကတည်းက ကိုယ်နိမိတ်မကောင်းဘူး လို့ ဘာရယ်မဟုတ်တွေးလိုက်မိတယ်လေ.... ကိုယ် မင့်ကိုအရမ်းချစ်နေတာတွေ ဘယ်လိုပြောရမလဲ ခိုင်ရယ်...
ဒီလိုနဲ့ ကားဂိတ်ရောက်တော့ ကိုယ်ကကားရှေ့ခန်းမှာထိုင်ပြီး ခိုင်နဲ့ ခိုင့်အစ်မက ကားဘေးနားမှာ ရပ်လို့ပေါ့....ကိုယ့်အပေါ်ထားတဲ့ ခိုင့်ရဲ့သံယောဇဉ်အရိပ်တွေကိုလဲ ခိုင့်ရဲ့မျက်လုံးထဲကနေ ကိုယ်မြင်နေရပါတယ် ခိုင်... ဒါပေမယ့် ခိုင့်ကိုဖွင့်ပြောမယ်ဆိုတဲ့ စကားလုံးတွေက ကိုယ့်နှုတ်ဖျားက ဘယ်လိုမှ ထွက်မလာနိုင်ခဲ့ဘူးလေ.....“ သိပ်ချစ်တယ် ခိုင်...သိပ်ချစ်တယ်ခိုင်” ဆိုပြီး ကိုယ့်ရင်ထဲမှာ စကားလုံးတွေပဲ့တင်ရိုက်ခတ်နေပေမယ့် ကိုယ့်ကိုတစ်ခုခုက မပြောနိုင်အောင် တားဆီးပိတ်ပင်နေသလို ဖြစ်နေခဲ့တယ်လေ.... ကိုယ်က ခိုင့်ကို “ကျန်းမာရေးဂရုစိုက်ပါ ခိုင်... အဆင်ပြေမယ်ဆိုရင် ငါ့ဆီစာမကြာခဏရေးပါနော်.... မင့်မှာ ဘာအခက်အခဲရှိရှိ ငါ့ကိုစာရေးဆက်သွယ်ပါ” ဆိုပြီးပြောတော့ ကိုယ့်မျက်ဝန်းမှာ မျက်ရည်စတွေနဲ့ပါ ခိုင်ရယ်... ခိုင့် မျက်ဝန်းမှာလည်း မျက်ရည်တွေ ၀ဲနေခဲ့တယ်နော်.... ခိုင့်အစ်မ ၀မ်းကွဲက စိတ်မကောင်းတဲ့ မျက်နှာနဲ့ တို့နှစ်ယောက်ကို တစ်လှည့်စီကြည့်ရင်း ကိုယ်စီးတဲ့ကားထွက်တော့ ခိုင်တစ်ယောက် မျက်ရည်စတွေနဲ့ လက်ပြနှုတ်ဆက်ရင်း ကျန်ခဲ့တဲ့မြင်ကွင်းလေးကို ကိုယ်မျက်စိတဆုံးကြည့်နေမိခဲ့ပါတယ် ခိုင် ရယ်....
သိတ်ချစ်တယ်ခိုင်ရယ်... ကိုယ်မင့်ကို သိတ်ချစ်တာ ကိုယ့်ကိုယ်ကိုပဲ အသိဆုံးပါပဲ.... ဒါပေမယ့် ခိုင့်ကိုတွေ့ရင်ပြောမယ်ဆိုတဲ့ ဒီစကားလုံးလေးတွေက ဘာဖြစ်လို့ ကိုယ့်နှုတ်က ထွက်မလာနိုင်ခဲ့ကြတာလဲကွယ်... ဒီလိုနဲ့ပဲ ခိုင် နဲ့ ကိုယ်ဟာ အဆက်အသွယ်တော့ မပြတ်ခဲ့ကြပါဘူး.... ခိုင် က ရန်ကုန်မှာ ကျောင်းတက်နေပြီး တစ်ရက်တော့ ကိုယ့်ဆီကိုစာရောက်လာပါတယ်.... ခိုင့်ရဲ့စာထဲမှာ.....
မင့်ရဲ့စာအရှည်ကြီးကိုဖတ်ပြီး “ခိုင်ရေ.. ခိုင်ရေ”လို့ ကိုယ်အကျယ်ကြီးအော်ခေါ်လိုက်မိတယ် ခိုင်ရေ....ခိုင်ရယ်..မင့်ဆီက စာမရခင်ကတည်းက မင့်ရဲ့အကြောင်းလေးတွေကို အမြဲပြောပြနေကျ ခိုင့်ရဲ့မေမေ ဆရာမက ကိုယ့်ဆီစာရေးလာခဲ့ပြီးသားပါ.... ခိုင့်မေမေရဲ့စာထဲမှာ.....
“သားရေ.....
အစစ အရာရာအတွက်သားကိုကျေးဇူးတင်ပါတယ်ကွယ်... အခုဆိုရင် ခိုင်ဟာ သဘောကောင်းပြီး အေးအေးဆေးဆေးနဲ့ ယဉ်ကျေးလိမ်မာတဲ့ ဆရာဝန်လေးတစ်ယောက်နဲ့ ချစ်သူတွေဖြစ်နေကြပါပြီ....ဆရာဝန်လေးရဲ့မိဘတွေကတော့ တောင်ကြီးမှာနေတယ်ပြောတယ်လေ... သားက အခုရှမ်းပြည်မှာ တာဝန်ကျနေတော့ မဆင်ပြေတဲ့အချိန်မှာ သမီးယောက္ခမတော်ရမယ့် မိဘတွေက သဘောကောင်းမကောင်း တချက်သွားကြည့်ပေးပါဦးနော်... ဆရာမတို့တော့ သမီးလေးရဲ့ဘ၀ရှေ့ရေးအတွက် စိတ်အေးသွားရပါပြီကွယ်... သမီးလေးက လိမ္မာသလို အိမ်ထောင်ဖက်ချစ်သူရွေးချယ်ရာမှာလည်း တော်ရှာပါတယ်....သားရဲ့သူငယ်ချင်းအတွက် သားပျော်ရွှင်နိုင်ပါစေနော်...
ဒါနဲ့ အရင်ကအကြောင်းလေးတွေအတွက် ဆရာမကိုခွင့်လွတ်ပါလို့ ဆရာမတောင်းပန်ပါတယ်ကွယ်....ဆရာမကိုသားမုန်းချင်မုန်းနေမှာပါနော်.... ဒီလိုလုပ်ရတာဟာ မိဘတစ်ယောက်ရဲ့မေတ္တာဆိုတာ နောင်တစ်ချိန်မှာ သားမိဘဖြစ်တဲ့ အခါကျရင် သိလာမှာပါကွယ်......
သား.. ခိုင့်ကိုဘယ်လောက်ချစ်တယ်ဆိုတာကို ဆရာမရိပ်မိသိရှိနေခဲ့တာမို့ သား ဆရာမတို့အိမ်ကို သင်တန်းပြီးပြီးချင်းအလည်ရောက်လာတော့ သားဟာခိုင့်ကိုဖွင့်ပြောတော့မယ် ဆိုတာကို ဆရာမသိနေတာနဲ့ ခိုင်အပြင်ကပြန်မလာခင်မှာ ခိုင်ဟာ ဆရာမတို့ရဲ့တစ်ဦးတည်းသောသမီးလေးဖြစ်တဲ့အတွက် စစ်ဗိုလ်နဲ့ မပေးစားလိုကြောင်း ၊ ကံကြမ္မာဆိုတာပြောနိုင်တာမဟုတ်တော့ သမီးလေး ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမ ဖြစ်လာရင် ဆရာမတို့ရင်ကျိုးရမှာဖြစ်ကြောင်း ၊ ဖြစ်နိုင်မယ်ဆိုရင် သားကိုနောက်ဆုတ်ပေးဘို့ မေတ္တာရပ်ခံခဲ့တာတွေဟာ မိခင်တစ်ယောက်ရဲ့ သားသမီးအပေါ်ထားတဲ့ မေတ္တာ တွေပါသားရယ်... ဆရာမကို သားနားလည်ပေးနိုင်လိမ့်မယ်လို့ ဆရာမယုံကြည်မိပါတယ်ကွယ်....”
အဲဒါကြောင့် ကိုယ်မင့်ကို အရမ်းချစ်ပေမယ့် ဖွင့်မပြောဖြစ်ခဲ့တာပါ ခိုင်ရေ..... ခိုင်မင်္ဂလာဆောင်တော့ ကိုယ့်ဆီမင်္ဂလာဆောင်ဖိတ်စာလေးရောက်လာခဲ့ပါတယ်......တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ခိုင့်ရဲ့မင်္ဂလာဆောင်ပွဲလေးက သင်္ကြန်မတိုင်ခင် ၂ရက်အလိုမှာလေ.... သင်္ကြန်ပွဲမှာ သင်္ကြန်ရေတွေနဲ့အတူ ကိုယ်မျက်ရည်တွေရွှဲနေတဲ့အချိန်မှာ ခိုင်ကတော့ သင်္ကြန်ရေတွေနဲ့အတူ သူချစ်တဲ့သူရဲ့ရင်ခွင်ထဲမှာ ပျော်ရွှင်နေရှာမှာပါ..... ကိုယ့်အတွက်တော့ သက်ြန်ပွဲလေးတွေဟာ မင်းနဲ့ပတ်သက်ပြီး အမှတ်တရလေးတွေ အမြဲဖြစ်နေခဲ့ပါတယ် ခိုင်ရယ်.....
ခိုင်တို့ မင်္ဂလာပွဲပြီးလို့ သင်္ကြန်ကျော်တော့မှ ကိုယ် မင့်ဆီကို လက်ဖွဲ့ပို့ဖြစ်ခဲ့ပါတယ် ခိုင်ရယ်.... အဲဒီလက်ဖွဲ့လေးကတော့ ကိုယ် မင့်အတွက်အမြဲရေးထားခဲ့တဲ့ ကိုယ့်ရဲ့ဒိုင်ယာရီစာအုပ်ကလေးတွေနဲ့ ခိုင့်ကိုပေးဘို့ဆိုပြီး ရည်ရွယ်ပြီးစုထားခဲ့တဲ့ လက်ဆောင်ပစ္စည်းလေးတွေ တချို့ပဲဖြစ်ပါတယ်.....
လွမ်းနေဆဲပါ ခိုင်ရေ...
လွမ်းနေမြဲပါ ခိုင်ရေ...
( သီဟစစ်)
သူငယ်ချင်းသီဟရေ....
မင်္ဂလာလက်ဆောင်အဖြစ် နင်ပို့ခဲ့တဲ့ ဒိုင်ယာရီစာအုပ်ကလေးနဲ့ လက်ဆောင်လေးတွေကို မနှစ်တုန်းက ငါမြန်မာပြည်ပြန်တော့ ဖေဖေ့ရဲ့စာအုပ်သေတ္တာတွေ မွှေးနှောက်ရှာဖွှေရင်း အမှတ်မထင်တွေ့ရှိခဲ့ပါတယ်..... နင့်ဆီက လက်ဖွဲ့လေးတွေ ပို့လာတဲ့အကြောင်း ဖေဖေ နဲ့ မေမေက ငါ့ကို တစ်ခွန်းမှ မပြောပြခဲ့ကြဘူးလေ.... ဒါပေမယ့် နင်ပို့ထားတဲ့ ဒိုင်ယာရီစာအုပ်ကလေးကိုတော့ စာအုပ်သေတ္တာထဲမှာ အကောင်းအတိုင်းလေးပဲ ငါဖတ်ခွင့်ရခဲ့ပါတယ် သူငယ်ချင်းရေ....
( ခိုင်)
ပြီးပါပြီရှင်.
ပျော်ရွှင်ချမ်းမြေ့ကြပါစေ.
WWKM
အမှတ်တရ သင်္ကြန်
သြော်.... ဘာလိုလိုနဲ့ ဒီလ ၁၃ ရက်နေ့ဆိုရင် တူပို့..တူးပို့ သင်္ကြန်အကြိုနေ့လေးရောက်လာတော့မှာပဲနော်.....
သင်္ကြန်ရောက်ခါနီးတော့ တရားစခန်းဝင်ဖြစ်ခဲ့ကြတာကို သတိရမိနေသလို ဟိုး..မောင်နဲ့တွေ့စ ပထမဆုံးနှစ်မှာ မောင်နဲ့အတူ ကလေးပီပီပျော်ခဲ့ကြတဲ့ အချိန်လေးတွေကို လွမ်းမိပါလေရဲ့......
ကျမက ရန်ကုန်သင်္ကြန်ဆိုရင် လည်ရမှာကြောက်လို့ မလည်ဖြစ်တာများပါတယ်..... ဒါပေမယ့် ရန်ကုန်မှာကျောင်းတက်တော့ ညီမလေးတွေက အိမ်ကကားနဲ့ လည်ကြမယ် မမ၀ါလဲလိုက်ရမယ် အတင်းခေါ်ခဲ့လို့ “ ဒါဆို..မမကို ကားရှေ့ဘက် အလည်မှာထားရင်လိုက်မယ်ဆိုပြီး ကလေးတွေကို ဗိုလ်ကျပြီးတော့ ပါဗလစ်ကာကားလေးရဲ့ အရှေ့ဆုံးအလည်တည့်တည့်မှာ ဘေးကိုယ်ရံတော်ညီမလေးတွေကိုထားပြီး သတ္တိရှိရှိပဲ တစ်ခေါက်လည်ဖူးခဲ့ပါတယ်..း) လှည်းတန်းကနေ မြို့တော်ဝန်မဏ္ဍပ်အထိရောက်အောင်သွားကြတာ ဆိုတော့ လမ်းတစ်လျှောက် ရေခဲရေတွေရော ၊ ရေခဲထုတ်တွေရော အစုံအပက်ခံခဲ့ရပြီး ရှေ့ဆုံးမှာ သတိမထားမိစွာနဲ့ တောက်လျှောက်ရပ်နေခဲ့လို့ သင်္ကြန်လည်ပြီးနောက်တစ်ရက်မှာ နားတွေကလဲအူ ၊ နှာခေါင်းတွေရော ၊ မျက်နှာတွေပါ အသားတွေပတ်လို့ အသားတွေကွာထွက်ပြီး ရုပ်ဆိုးဆိုးကြီးဖြစ်သွားခဲ့တာ တစ်ပတ်လောက်နေမှ ပျောက်သွားခဲ့ပါတယ်...
ရန်ကုန်သင်္ကြန်ကို အဲဒီတစ်ခေါက်ပဲ လည်ဖြစ်ခဲ့ပြီး မောင်နဲ့တွေ့တော့ မောင်က ကျမကို အထူးဧည့်သည်အဖြစ် လိုလိုလားလားဖိတ်ခေါ်ခဲ့တာနဲ့ ၁၉၉၅ ခုနှစ်သင်္ကြန်ကို မောင်နဲ့အတူ လိပ်ခုံးမှာလုပ်တဲ့ ကျန်းမာရေးဝန်ကြီးဌာနသင်္ကြန်မဏ္ဍပ်မှာ သွားပျော်ခဲ့ဘူးပါတယ်....ဦးဆောင်ပြီးတာဝန်ယူတဲ့သူက သွားဆေးတက္ကသိုလ်က အနုပညာဝါသနာကြီးတဲ့ ပါချုပ်ဆရာကြီးဆိုတော့၊ မောင်တို့ကျောင်းသားတွေ၊ တခြားဆေးတက္ကသိုလ်ကကျောင်းသားကျောင်းသူတွေပါဝင်ပြီး၊
ဝန်ကြီးဌာနလက်အောက်က တခြားဌာနခွဲတွေက ၀န်ထမ်းမလေးတွေက အဆို၊ အကတွေနဲ့ အမာခံဖျော်ဖြေရေးလုပ်ခဲ့ကြတာပါ။
အဲဒီတုန်းက နာမည်အကြီးဆုံးထက်ထက်မိုးဦးကစလို့၊ တခြားသရုပ်ဆောင်တွေ၊ ကိုမှိုးတို့ မိုးသက်တင်တို့ ဗလတို့အဆိုတော်တွေ၊ မဏ္ဍပ်တွေလှည့်ပြီးသီချင်းဆိုကြတော့၊ ကျန်းမာရေးကိုလည်းတစ်ယောက်ပြီးတစ်ယောက်၊ တခါတလေလည်းစုပြုံပြီးရောက်လာတတ်ကြတာလေ။ အဲဒီခါမျိုးမှာ၊ နာမည်အကြီးဆုံးသူကို အရင်စင်ပေါ်အလှည့်ပေးရပါတယ်။
အဲဒီတုန်းက မောင်က “မမကိုယ်တိုင်က” သင်္ကြန်သီချင်းကိုဆိုပြီး ရုပ်ရှင်သရုပ်ဆောင်ပန်းဖြူ က ကခဲ့တာပေါ့... ကျမကတော့ သ
ဝန်မတိုခဲ့ပါဘူး။း) သရုပ်ဆောင်တွေ၊ အဆိုတော်တွေတလှည့်၊ ၀န်ကြီးဌာနယိမ်းကတလှည့်ဆိုတော့၊ မောင်က ယိမ်းအဖွဲ့တွေအတွက်လဲ နှစ်နာရီခြား တစ်ကြိမ်လောက်သီချင်းဆိုခဲ့ရတာလေ.. အဲဒီတုန်းကတော့ မင်းသားပေါ့... ဟဟား..
အဲဒီတုန်းက အမှတ်တရလေးတွေကတော့ ကျန်းမာရေးမဏ္ဍပ်ကို အဆိုတော်တွေ ၊ မင်းသား ၊မင်းသမီးတွေ တော်တော်များများ သီချင်းလာဆိုခဲ့ကြပါတယ်.... သူတို့လာလို့ သီချင်းဆိုပြီးရင် လက်ဆောင်ငွေ ၁၀၀၀၀ ကျပ်တို့ ၂၀၀၀၀ ကျပ်တို့ ထည့်ထားတဲ့ ပိုက်ဆံစာအိတ်ရှည်ကြီးတွေကို ပြန်ပြီးလက်ဆောင်ပြန်ပေးခဲ့ကြပါတယ်။ အဲဒီလက်ဆောင်ပြန်ပေးတဲ့ ငွေစာအိတ်လေးတွေအများကြီးကို မောင်ကကျမကို ကိုင်ခိုင်းထားခဲ့လို့ ငွေဘယ်လောက်ပါတယ်ဆိုတာ ကျမက အတိအကျသိနေခဲ့တာပါ။ နာမည်ကြီးတဲ့သူတွေဆိုရင် ၂၀၀၀၀ ကျပ်ထည့်ထားတဲ့ စာအိတ်ကိုလက်ဆောင်အဖြစ်ပေးပြီး နာမည်သိပ်မကြီိးရင်၁၀၀၀၀ ကျပ်ထည့်ထားတဲ့ စာအိတ်လေးတွေကို လက်ဆောင်ပြန်ပေးခဲ့တာပါ။ မှတ်မှတ်ရရရုပ်ရှင်သရုပ်ဆောင်စိုးသူ လာတော့ ပွဲတော်တော်စည်ပြီး အဆိုတော်စိုးလွင်လွင်အလှည့်မှာကရင်ဒုံးယိမ်းသီချင်းလေးကို ဆိုတယ်လေ..စိုးလွင်လွင်က သီချင်းဆိုလို့ပြီးသွားတာကို အဆုံးမသတ်ပဲ ထပ်ခါထပ်ခါကြော့ပြီးဆိုနေခဲ့လို့ ဆရာကြီးကလည်းစိတ်တွေပူပြီး ဘယ်လိုလုပ်ရရင်ကောင်းမလဲဆိုပြီိး ရယ်စရာလေးဖြစ်ခဲ့ရပါသေးတယ်...
အခုနာမည်ကြီးသရုပ်ဆောင်ကြီးဖြစ်နေတဲ့ ရုပ်ရှင်သရုပ်ဆောင်လူမင်းလာတော့ အဲဒီအချိန်က နာမည်ကလဲသိတ်မကြီးသေး ၊ စင်ပေါ်မှာ ထိုင်စရာထိုင်ခုံကလည်း မအားဖြစ်နေတော့ လူမင်းမှာ မတ်တပ်ရပ်ပြီး သူ့အလှည့်ရောက်ဖို့ အကြာကြီးစောင့်နေခဲ့ရတာကို မှတ်မိနေပါသေးတယ်.... နာမည်ကြီးတဲ့ အဆိုတော်တွေကို အရင်ဆိုခိုင်းနေတော့ သူ့အလှည့်က တော်တော်နဲ့ မရောက်နိုင်ခဲ့တာလေ... ဆရာကြီးကို လူမင်းက “ဆရာကြီးကျွန်တော့အလှည့် ဘယ်တော့လောက်ရောက်မလဲ ” ဆိုပြီး မေးနေခဲ့တာ ခဏခဏပါပဲ...ဆရာကြီးကလည်း လူငယ်သရုပ်ဆောင်တွေ၊အဆိုတော်တွေ နာမည်ကလည်းသိပ်မကြီးတော့ ဘယ်သူတွေမှန်းတောင် သေခြာမသိခဲ့ဘူးလေ..မောင့်ကို “ဘယ်သူက နာမည်ကြီးလဲ ..ဘယ်သူ့ကို အရင်တင်ရမလဲ ”နဲ့ မေးပြီး နာမည်ကြီးတဲ့သူတွေကို အရင်ဦးစားပေးပြီး ဆိုစေခဲ့တာပါ။ သြော်..အခုတော့ လူမင်းက နာမည်အကြီးဆုံး မင်းသားတစ်လက်ဖြစ်နေခဲ့ပါပြီ.... သူ့ရဲ့ကြိုးစားမှု ၊ ဇွဲရှိမှုတွေကြောင့် သူအောင်မြင်ခဲ့တာဖြစ်မှာပါ။ အတုယူအားကျစရာကောင်းတယ်နော်...
အဲဒီတုန်းက ကျန်းမာရေးဝန်ကြီးဌာနမဏ္ဍပ်ကိုလာကြတာ တက်သစ်စမင်းသား ၊မင်းသမီးလေးတွေ ၊ အဆိုတော်တွေ တော်တော်လေးစုံပါတယ်... အခုဆိုရင် တချို့လည်းပိုအောင်မြင်သွားကြသလို ၊ တချို့လည်း အနုပညာလောကက ပျောက်သွားကြပါပြီ..
ကျမကလည်း သီချင်းလာဆိုတဲ့နာမည်ကြီး အဆိုတော်တွေတိုင်းနဲ့ အမှတ်တရဓါတ်ပုံလေးတွေ တွဲရိုက်ဖြစ်ခဲ့ပါတယ်...နေ့လည်စားသောက်စရာတွေကို စားသောက်ဆိုင်ကနေ ခေါက်ဆွဲကြော်တွေ ၊ကြာဇံကြော် ၊ထမင်းကြော်တွေ မှာကျွေးခဲ့တာမို့ ဗိုက်ပြည့်အောင်စားပြီး ကျန်းမာရေးရေကစားမဏ္ဍပ်မှာ ကျမ တစ်နေကုန်အောင် ရှိနေတတ်ခဲ့တာပါ။
ဆရာကြီးကလည်း မောင့်ကိုအရမ်းချစ်ပြီး အားကိုတာမို့ မောင်ကတော့ သီချင်းလဲဆိုရသလို အလုပ်လဲတော်တော်များခဲ့ပါတယ်... ကျမကတော့ စင်ပေါ်မှာ ခုံလေးနဲ့ထိုင်ပြီး အေးအေးဆေးဆေး ထိုင်ကြည့်ခဲ့ရတာပါ။ ညနေပိုင်းဖျော်ဖြေရေးအစီအစဉ်တွေပြီးမှ၊ နှစ်ယောက်သားခဏလည်ခဲ့ရပါတယ်။အဲဒီနှစ် သင်္ကြန်ပွဲလေးကတော့ မောင်နဲ့ ကျမတို့အတွက် ပျော်စရာကောင်းတဲ့ အမှတ်တရ သင်္ကြန်ရက်ကလေးတွေပဲ ဖြစ်ခဲ့ပါတော့တယ်ရှင်....
ပျော်ရွှင်ချမ်းမြေ့ကြပါစေ..
လေးစားခင်မင်လျှက်
WWKM
ပန်းပိတောက်မင်း

Comment မှာ (မ) Madarwii က ကဗျာ တစ်ခုလုံးကို ရေးသွားပေးခဲ့လို့ ပြန်လည်ကူးယူ တင်ပြလိုက်ပါတယ်ရှင်...
ကျေးဇူးတင်ပါတယ် ( မ)Madarwii ရေ...း)
ပိတောက်ပန်း
***
လတန်ခူးပေမို့
အလှထူးပါဘိ
မြမြဖူးရယ်တဲ့ ခိုင်ရွှေဝါ။
တကယ်တမ်းသာဖြင့်
ဘယ်ပန်းသော် စံမတူဘု
နန္ဒမူ ဖလ်ဂူထိပ်မှာလ
ပစ္စေကာ ချွေးတော်သိပ်ရတယ်
အေးရိပ်ဆာယာ။
တနှစ်တွင် သည်တလသာပ
တလတွင် တရက်ထဲ
ခက်ခဲတဲ့ ရက်ဗုဒ္ဓါ
ပွင့်ရှာကြ စုံမြိုင်တွင်း။
မြူမင်းလွင်ထန်
ကြူသင်းတာချိန်ယံ မတော့
ရွှေဝတ်ဆံ ငုံတံ ညှောက်ကယ်နှင့်
ခါသင်္ကြန် ဂိမှာန် ရောက်ပြန်တော့
သိရ်သရေ ထိန်ဝေလို့ တောက်တဲ့ပြင်
လမ်းတလျှောက် သင်းတာမို့
ဆန်းသလောက် မလင်းနိုင်ဘု
ပန်းပိတောက်မင်း … ။ … ။
(ဦးကြော့)
***********************************
ဒီကဗျာလေးကို ရင်ထဲမှာစွဲနေတယ်...
သတိရလို့ ရေးချလိုက်မိတယ်...
ဆယ်တန်းနှစ်ကသင်ခဲ့ရတာလားမမှတ်မိတော့ဘူး......
ဘယ်သူရေးတာလဲ ဆိုတာလည်း မသိတော့ပါဘူး....
ကြိုက်နှစ်သက်တဲ့ ကဗျာလေးတစ်ပုဒ်ပါ..
အမှားပါရင်လည်း ပြင်သွားပေးကြပါဦး....
ပိတောက်နဲ့အတူပျော်ရွှင်ကြပါစေ.
WWKM
ကျမရဲ့သမီးလေး

3 years old birthday in myanmar .
မင်္ဂလာပါရှင်..
အလွမ်းတွေများစွာနဲ့ မြန်မာပြည်မှာ ရိုက်ခဲ့တဲ့ ဓါတ်ပုံလေးတွေပြန်ကြည့်ရင်း သမီးလေး ၃နှစ်ပြည့်မွေးနေ့တုန်းက ရိုက်ခဲ့တဲ့ပုံလေးတွေကို scan ဖတ်ပြီး အမှတ်တရ တင်လိုက်ပါတယ်ရှင်. ..
နှစ်သစ်မှာ မင်္ဂလာအပေါင်းနှင့်ပြည့်စုံပျော်ရွှင်နိုင်ကြပါစေရှင်.
WWKM
Thursday, April 9, 2009
12th wedding anniversary
today dinner
ဒီနေ့ မင်္ဂလာ နှစ်ပတ်လည် အမှတ်တရအဖြစ် Tokyo Dome Hotel မှာ ဘူဖေး သွားစားဖြစ်ခဲ့ပါတယ်.. ကိုယ်သွားစားတော့ မောင်နှမတွေကို ဘယ်မေ့မလဲနော်... ဓါတ်ပုံရိုက်ပြီး သယ်လာတာပေါ့ကွယ်...
12 wedding aniversary အမှတ်တရအဖြစ် ဓါတ်ပုံရိုက်လာတာကို ဓါတ်ပုံပြန်ရိုက်ပြီး အမှတ်တရ အဖြစ်တင်လိုက်တာပါရှင်... :D
လွန်ခဲ့တဲ့ ၁၂ နှစ် ( ၉ . ၄. ၁၉၉၇ ) မင်္ဂလာအခမ်းအနားမင်္ဂလာအပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေရှင်...
ဒီနေ့ ( ၉ . ၄. ၂၀၀၉) နေ့လေးကတော့ ကျမ နဲ့ မောင် တို့ရဲ့ ( ၁၂ )နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့လေးပဲ ဖြစ်ပါတယ်ရှင်....




ညီမလေးထား ထံမှ ပေးပို့လာတဲ့ အမှတ်တရလက်ဆောင်လေးတွေပါရှင်..


မောင်ငယ်ဖိုးစိန် ထံမှ ပေးပို့ထားတဲ့ မင်္ဂလာနှစ်ပတ်လည် လက်ဆောင်လေးတွေပါရှင်.. ကျေးဇူးတင်ပါတယ် မောင်ငယ်ဖိုးစိန်ရေ... :D






မောင့် ရဲ့ အမှတ်တရလက်ဆောင်လေးတွေပါ.... :D
ညီမလေးဝေလေး ထံမှ အမှတ်တရ... ကျေဇူးပါ ချစ်ညီမလေးဝေ


ညီမလေးပုလဲလုံး ထံမှ အမှတ်တရလက်ဆောင်....

မောင်လေးနေလင်း နဲ့ ညီမလေးဝါ၀ါ တို့ထံမှ အမှတ်တရ လက်ဆောင်လေးဖြစ်ပါတယ်ရှင်.. ကျေးဇူးတင်ပါတယ် မောင်လေးနေလင်း နဲ့ ညီမလေးဝါ၀ါတို့ရေ...

နောက်ထပ် လက်ဆောင်တွေနဲ့ ဆုတောင်းလေးတွေ ပေးပို့လာကြတဲ့.....
1. ညီမလေး မေတ္တာရောင်ပြန်
2.မောင်လေး ကောင်လေးအိမ်
3.မောင်လေး idulize
4.မောင်လေးမင်းလင်္ကာ နဲ့ ညီမလေး ၀တ်ရည်
( ပုံတွေက တင်ရတာ နည်းနည်းခက်လို့ မတင်ဖြစ်တော့ဘူးနော်. )
အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်...
ပျော်ရွှင်ချမ်းမြေ့ကြပါစေ.
ဝါ၀ါခိုင်မင်း
Wednesday, April 8, 2009
စိတ်လေနေတယ်...
ဘယ်သူ့ကိုမှ စိတ်မရှည်ချင်ဘူး....
သမီးလေးကိုလည်း စိတ်နဲ့မတွေ့ရင် အော်ငေါက်ပစ်လိုက်တယ်.....
ပြီးမှ ကျောင်းကပြန်လာရင် အဖော်မရှိပဲ မိဘကိုပဲ အဖော်လုပ်နေရတဲ့ သမီးလေးကိုသနားပြီး ပြန်ချော့ဖြစ်တယ်လေ....
အဲဒါကြောင့် မောင်နှမတွေအိမ်ကိုလည်း မလည်ဖြစ်ဘူးဖြစ်နေတယ်...
စိတ်နဲ့ မတွေ့ရင် ဘုပြောဖြစ်မှာစိုးနေလို့ပါ.... :D
တာဝန်ကျေစွာနဲ့ အလည်လာကြတဲ့ အစ်ကိုတွေ ၊အစ်မတွေ ၊မောင်လေးတွေ ၊ ညီမလေးတွေ အားလုံးကို ကျေးဇူးတင်မိပါတယ်....
ကျမဘာရေးရေး လာရောက်အားပေးဖတ်ရှု့ကြတဲ့ စာဖတ်သူမိတ်ဆွေတွေအားလုံးကိုလည်း ကျေးဇူးကမ္ဘာပါရှင်....
ကျမရေးလိုက်တဲ့ ပို့စ်တိုင်းက ကျမရင်ထဲကခံစားမှုတွေနဲ့ ကျမဘ၀ရဲ့အမှတ်တရလေးတွေဖြစ်တာမို့ စာဖတ်သူတွေ အတွက် အပျင်းပြေဖတ်စရာလေးတွေဖြစ်နေရင်ပဲ ကျမကျေနပ်ပါပြီ......
ဒီရက်ပိုင်း သိသိသာသာစိတ်မပျော်နေတာပါ... ကလေးမဟုတ်မှန်းကိုယ့်ကိုယ်ကို သိပေမယ့် လူကြီးလည်းစိတ်မပျော်ဖြစ်တတ်တာပဲနော့....
ကွယ်လွန်သွားတဲ့ ဒေါက်တာရာမဒ ကိုလည်း တစ်နေ့လုံး ၊ တစ်ညလုံး သတိရမိနေတယ်လေ.....
သူ့ရဲ့စေတနာတွေက ကျမတို့မိသားစုအပေါ်မှာ အများကြီးရှိခဲ့ပါတယ်....
ဘာရယ်မဟုတ်ဖူး ..သူမကွယ်လွန်ခင်အချိန်က သတိရစရာလေးတွေကို ပြန်သတိရနေမိတယ်လေ.....
အလွန်ချမ်းတဲ့ နေ့တစ်နေ့မှာ ဦးဥာဏ်ကျောင်းကို သူလာလည်ပြီး အပြင်ထွက်တစ်ခုခုစားကြတော့ ရာသီဥတုက လေအရမ်းတိုက်ပြီး အလွန်အေးနေတာနဲ့ သူ့လည်ပင်းမှာစည်းထားတဲ့ လည်စည်းပုဝါလေးကိုဖြုတ်ပြီး ဦးဥာဏ်လည်ပင်း မှာစည်းပေးခဲ့တယ်တဲ့လေ... လည်ပင်းမှာ ပုဝါစည်းမှနွေးတာဆိုပြီး ဦးဥာဏ် လည်ပင်းမှာ ပုဝါကို သေခြာလေးစည်းပေးခဲ့ကြောင်း ဦးဥာဏ်ကပြောပြတော့ သူရဲ့ရင်ထဲကလာတဲ့ အမှန်တကယ်စေတနာလေးကို ကြည်နူးစွာနဲ့ ခံစားလိုက်ရပါတယ်....
သူဆေးရုံတက်တော့ ဆရာဝန်တွေက မစားရလို့တားမြစ်ထားတဲ့ ပါမုန့်စားချင်လို့ ဦးဥာဏ်ကို တိတ်တိတ်လေးယူလာပေးဖို့ မမှာစဖူး မှာခဲ့ဘူးတယ်... ဦးဥာဏ်ကို ကျမက “မယူသွားပေးပါနဲ့ သူအရမ်းစားချင်ပေမယ့် တစ်ခုခုဖြစ်သွားရင် မကောင်းဘူးလေ” ဆိုပြီး တားခဲ့မိတယ်...... ဦးဥာဏ်ကလည်း ညတုန်းက သူစားချင်တာ မကျွေးလိုက်ရလို့ ဆိုပြီး စိတ်မကောင်းဖြစ်နေတာပေါ့....
ဒီနေ့တော့ သူရဲ့ဆုတောင်းပွဲပါ..... သူမသေခင်က သူသေရင် သူ့ရဲ့အရိုးပြာကို မြန်မာပြည်မှာမြုတ်နှံပေးဖို့ မှာထားခဲ့ကြောင်း ညတုန်းက မလေးရှားရောက်နေတဲ့ အစ်မဆရာဝန်မကပြောပြမှ သိခဲ့ရတယ်လေ... ဒါပေမယ့် သူ့မိသားစုက ဘယ်ခွင့်ပြုမလဲနော်... အဲလောက်အထိတော့ ၀င်ရောက်စွက်ဖက်လို့ မကောင်းဘူး ထင်ပါတယ်လေ....

မြန်မာပြည်ကသူသိပ်နှစ်သက်တဲ့ပန်းချီကားလေး၊ သူ့အရိုးပြာအိုးနဲ့အတူ...
သူက မြန်မာတွေကိုချစ်တယ်....
မြန်မာတွေကို တိုးတက်စေချင်တယ်.....
သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်ကို သူအလည်ရောက်တော့ ဆေးခန်းထိုင်ခုံအဟောင်းလေးတွေကိုကြည့်ပြီး သူဂျပန်ပြန်ရောက်တာနဲ့ မြန်မာပြည်ကို သွားဆေးခန်းထိုင်ခုံတွေ အရောက်ပေးပို့လှူဒါန်း ခဲ့တာ အများကြီးပါပဲ.... သွားဆေးခန်းထိုင်ခုံတွေကလည်း ဈေးကြီးတယ်လေ .. တစ်လုံးကို သိန်း ၅၀ ကနေ အထက်ရှိပါတယ်..... ဓာတ်ပုံနဲ့အသေးစိတ်ကိုဒီမှာဖတ်နိုင်ပါတယ်ရှင် သူရဲ့ကျေးဇူးကြောင့် အခုဆိုရင် မြန်မာပြည် သွားဆေးတက္ကသိုလ်မှာ ဒီက used dental chair တွေ တော်တော်များများ လက်ခံရရှိပြီး လူနာတွေဆေးကုဘို့အတွက် အလွန်အဆင်ပြေသွားခဲ့ခြင်းဖြစ်ပါတယ်....
စိတ်ထဲမှာ တကယ်မကောင်းလွန်းလို့ ဒီပို့စ်လေးထပ်ရေးဖြစ်လိုက်ပါတယ်..... စိတ်ထဲမှာ နည်းနည်းပေါ့သွားမလားရယ်လို့ပါ......
တကယ်တော့ မနက်ဖြန်ဆို ကျမတို့ရဲ့ ၁၂ နှစ်ပြည့် wedding anniversary လေးဖြစ်တာမို့ အမှတ်တရပို့စ်လေးတစ်ခုရေးမလို့ စိတ်ကူးထားခဲ့ပေမယ့် စိတ်လေနေလို့ စိတ်မ၀င်စားဘူးဖြစ်နေတယ်လေ...အခုအထိဘာမှ မစီစဉ်ရသေးဘူး..... ဒါပေမယ့် အမှတ်တရအဖြစ် တစ်ခုခုတော့ တင်နိုင်အောင်ကြိုးစားလိုက်ပါဦးမယ်....
၇ ရက်သားသမီးများအားလုံး ကျန်းမာပျော်ရွှင်ကြပါစေ...
စာဖတ်သူတွေအားလုံးကို လေးစားခင်မင်လျှက်
WWKM






