မင်္ဂလာပါရှင်..
ဒီသီချင်းလေးက ကျွန်မအလွန်ကြိုက်တဲ့သီချင်းလေးတစ်ပုဒ်ဖြစ်လို့ အလည်လာကြတဲ့မောင်နှမတွေ အပြင်းပြေနားထောင်ကြရလေအောင် ပြန်လည်မျှဝေလိုက်ပါတယ်ရှင်..
..............................
So Young ( By The CORRS)
Yeah Yeah Yeah Yeah Yeah
Yeah Yeah Yeah Yeah Yeah
We are taking it easy
Bright and breezy, yeah
We are living it up
Just fine and dandy, yeah
We are caught in a haze
On these lazy summer days
We're spending all of our nights just
Ah - laughing and kissing, yeah
And it really doesn't matter that we don't eat
And it really doesn't matter if we never sleep
No it really doesn't matter, really doesn't matter at all
Coz we are so young now, we are so young, so young now
And when tommorow comes, we can do it all again
We are chasin' the moon
Just running wild and free
We are following through
Every dream and every need
And it really doesn't matter that we don't eat
And it really doesn't matter if we never sleep
No it really doesn't matter, really doesn't matter at all
Coz we are so young now, we are so young, so young now
And when tommorow comes, we can do it all again
Yeah, we are so young now, we are so young, so young now
And when tommorow comes, we'll just do it all again
All again, all again, yeah, all again, all again..., Yeah, Yeah, Yeah
So young now, we are so young, so young now
And when tommorow comes, we'll just do it all again
Yeah, we are so young now, we are so young, so young now
And when tommorow comes, we'll just do it all again
We are so young... (Yeah Yeah Yeah Yeah-ie Yeah)
We are so young... (Yeah Yeah Yeah Yeah-ie Yeah)
By happy,
With love and best wishes,
WWKM
Sunday, May 31, 2009
So Young
Friday, May 29, 2009
နောင်လာမယ့်အနှစ် ၂၀မှာ.....
*********
“ဟုတ်ကဲ့ပါရှင် .စေတနာအထွေထွေရောဂါကုဆေးရုံကြီးကပါ။”
“ဟုတ်ကဲ့ပါခင်ဗျာ.. ကျွန်တော် M.D ဒေါ်ဝါ၀ါခိုင်မင်း နဲ့စကားပြောချင်လို့ပါ။”
“ဟုတ်ကဲ့ ကျွန်မ ၀ါဝါခိုင်မင်း ဖြစ်ပါတယ်ရှင်...”
“ဟာ..မကြီးဝါလား ကျွန်တော် “ရွာသားလေးဓါတ်ပုံနဲ့ အနုပညာလုပ်ငန်းကုမ္ပဏီပိုင်ရှင်” ရွာသားလေးဝိုင်တီယူ ဖြစ်ပါတယ်ခင်ဗျာ...”
အယ်..ရွာသားလေးဆိုတော့ ဟိုးလွန်ခဲ့တဲ့ နှစ် ၂၀က အမယ်မင်းရယ်မှ ပြောရတော့မယ်ဆိုပြီးငြီးချင်းချတဲ့ မောင်ရွာသားလေးမဟုတ်လား...”
“ဟီးဟီးဟီး ..ဟုတ်တယ်လေ မကြီးဝါရဲ့...”
“အယ်..ပြန်ဆုံရတာဝမ်းသာလိုက်တာရွာသားလေးရေ ... တကယ်ပြောတာ... ဒါနဲ့ ..အခုဘယ်မှာနေလဲ...”
“ကျွန်တော်အခု ရွှေပုန်းညက်ရိပ်မွန်မှာ ကျွန်တော့မိသားစုနဲ့ အတူနေကြပါတယ် မကြီးဝါရေ...”
“အလဲ...ပျော်စရာကြီးပေါ့..ဘာလဲ..ဟို အသဲ၂ထပ်ဆွဲကြိုးလေးပေးလိုက်တဲ့ ညီမလေးနဲ့လား...”
“ဟဟားဟား....ဟုတ်ပါတယ် မကြီးဝါရေ..း))))) ”
“အင်း..ဟုတ်ပါပြီ.. အခုလိုသတင်းကြားရတာ အရမ်းဝမ်းသာပါတယ် ရွာသားလေးရေ...”
“ဟုတ်ကဲ့မကြီးဝါရေ... ကျွန်နော်လည်းသွားကိုက်နေတာလေ အဲဒါသွားပြချင်တာနဲ့ ဘယ်မှာပြရရင်ကောင်းမလဲလို့ စုံစမ်းနေတာ မထင်မှတ်ပါပဲ ဟိုတစ်နေ့က ဆာကူရာတာဝါမှာ “ရွှေပြည်သူခရီးသွားအေဂျင်စီ ”ထောင်ထားတဲ့ မရွှေပြည်သူလေး နဲ့ ဆုံကြရင်း မကြီး
ဝါက စေတနာအထွေထွေရောဂါအထူးကုဆေးခန်းကြီးဖွင့်ထားတယ်ကြားလို့ အခုစုံစမ်းလိုက်တာလေ... မကြီးဝါက သဘောကောင်းတော့ ကိုယ့်မောင်နှမတွေကို အလကားကုပေးမှာပေါ့နော့...း))”
“ဟတ်ဟတ်.. ( မကြီးဝါက သူ့ပို့စ်ရေးရင်ရယ်တဲ့ အတိုင်းရယ်လိုက်ပါတယ်. ပြီးတော့....)
ဒီမယ် မောင်ရွာသားရေ... မကြီးဝါရဲ့ဆေးရုံကြီးက ပိုက်ဆံမတတ်နိုင်တဲ့သူတွေကို အခမဲ့ကုပေးတာဖြစ်ပြီးတော့ ပိုက်ဆံချမ်းသာကြတဲ့ နိုင်ဂံဂျားပြန်သူဌေးတွေကိုတော့ ထိုက်ထိုက်တန်တန်ပိုက်ဆံယူပါတယ်ကွယ်.... နိုင်ငံဂျားပြန်သူဌေးကြီးတွေဆီကမှ ပိုက်ဆံမယူရရင်တော့ မကြီးဝါ မွဲသွားမှာပေါ့ကွယ်...း)))
ကဲပါ..ရောက်အောင်သာလာပါသူဌေးလေးရယ်.....ကိုယ့်မောင်နှမတွေချင်း ၅၀% ဈေးလျှော့ယူဘို့နဲ့ ထုံဆေးမပါပဲ.သွားတစ်ချောင်း အဆစ်နှုတ်ပေးလိုက်ဖို့ မကြီးဝါပြောထားပါမယ်လေ.. ဟတ်ဟတ်ဟတ်.”
“အောင်မယ်လေးရက်စက်ပါပေ့ မကြီးဝါရယ်... ဟုတ်..ဟုတ်ကဲ့..လာခဲ့ပါမယ်ခင်ဗျာ...”
ကဒ်း)))))))))))))))))))
************************************
“ကလင်... ကလင်..ကလင်..ကလင်...”
“ဟုတ်ကဲ့ပါခင်ဗျာ.... ကျွန်တော် “ Y.K .N အင်္ဂလိပ်စကားပြော နဲ့ အထွေထွေအကျိုးဆောင်လုပ်ငန်းကုမ္ပဏီလိမိတက်” က မန်နေဂျင်းဒါရိုက်တာ ရန်အောင် ဖြစ်ပါတယ်ခင်ဗျာ..”
“ဟုတ်ကဲ့ပါ U.S.A ပြန် ဘလော့ဂါဆရာကြီးကိုရန်အောင်ရေ... ကျွန်မက ကိုရန်အောင်ပြောခဲ့ဘူးတဲ့ ကမ္ဘာကျော်ဘလော့ဂါဆရာမကြီး ၀ါဝါခိုင်မင်းဖြစ်ပါတယ်......ဟဟဟားးး အရင်တုန်းက အကြောင်းလေးတွေ ပြန်ပြောရတော့လည်း စိတ်ချမ်းသာပြီး ပျော်ဘို့ကောင်းတယ်နော်.... ဘ၀ရဲ့အမှတ်တရလေးတွေဖြစ်ခဲ့တာပေါ့...”
“ သြော် .....မ၀ါလား... ဟတ်ဟတ်ဟတ်..”
“ မဆုံဖြစ်ကြတာတောင် တော်တော်လေးကြာသွားပြီနော်....... ဘာလိုလိုနဲ့ နှစ်ပေါင်း ၂၀လောက်ရှိသွားကြပြီပဲ..... ”
“ဒါနဲ့ မ၀ါရောနေကောင်းရဲ့လား”
“နေကောင်းပါတယ် ကိုရန်အောင်ရေ... ကျေးဇူးတင်ပါတယ်ရှင်... ကိုရန်အောင်လည်း မြန်မာပြည်ကိုပြန်ရောက်နေပြီဆိုတော့ စိတ်အေးချမ်းသာစွာနဲ့ စထရက်စ်လျော့ နေရောပေါ့နော်... ဒါနဲ့ ကိုရန်အောင်ရဲ့ မ ရော နေကောင်းပါရဲ့လားရှင်...”
“သြော်..မ..မ..မ.... မ၀ါပြောလိုက်မှပဲ မကိုပိုလွမ်းသွားပြီဗျာ... အိအိအိ.” ( ကိုရန်အောင် ဆိုဖာပေါ်မှာထိုင်ရင်း ငိုလိုက်တဲ့ အသံပါရှင်.)
တကယ်တော့ ကျွန်တော်နဲ့ မ တို့က ဖူးစာမဆုံနိုင်ဘို့ ၉၀ % နှုန်းလောက်ရှိခဲ့တယ်ဆိုတာ မ၀ါလည်းသိနေတာပဲလေ.... မ နဲ့ ဖူးစာမဆုံနိုင်ခဲ့တော့ ညီမလေးပေါ့ မ၀ါရယ်..ဟတ်ဟတ်ဟတ်... ကျွန်တော့အိမ်သူသက်ထားဇနီးလေးက အရမ်းလိမ္မာပြီး အရမ်းချောတာဗျ... ရှူးးး မ၀ါ ..မ ရဲ့အကြောင်းတွေ လျှောက်မဖွနဲ့နော်... ကျွန်တော့ချစ်ဇနီးလေးစိတ်ဆိုး စိတ်ကောက်မှာကို ကျွန်တော်မခံစားနိုင်ဘူးဗျာ.. ဟီးးးးရွှတ်.. ကျွန်တော် သူ့ကို အဲဒီလောက်ထိအောင် ချစ်တာဗျ... မ က အတိတ်မှာ ကျန်ခဲ့ပါပြီဗျာ... ကျွန်တော့ လက်ရှိဘ၀လေးကိုပဲ သာယာပျော်ရွှင်ပြီး အောင်မြင်တဲ့မိသားစုဘ၀လေးဖြစ်အောင် တည်ဆောက်မယ်လို့ ကျွန်တော်အဓိဌာန်ချထားတယ်ဗျာ.အခု ..ကျွန်တော့မှာ သားလေးတစ်ယောက် သမီးလေးတစ်ယောက် ကျွန်တော်သိတ်ချစ်တဲ့ ကျွန်တော့်ရဲ့ချစ်ဇနီး လေးတစ်ယောက် ရှိနေပြီဗျာ ..ကျွန်တော့ဘ၀က အရင်နှစ် ၂၀ ကနဲ့စာရင် ကိုယ်ပိုင်လုပ်ငန်းစီးပွားရေးနဲ့ အများကြီးတိုးတက်လာခဲ့ပြီဗျာ... အရင်လို မ၀ါ ငြီးခိုင်းလို့ လူတွေမသိ သိအောင်ငြီးလိုက်ရတဲ့ အိုဘယ့်..နိုင်ငံခြားဆိုပြီး ကျွန်တော်ငြီးစရာလည်း မလိုတော့ဘူးလေ.......ဟတ်ဟတ်ဟတ် ”
“ကောင်းတာပေါ့ ကိုရန်အောင်ရယ်.. အခုလိုကြားရတာ ၀မ်းသာပါတယ်ရှင်.... ကျွန်မက လွန်ခဲ့တဲ့အနှစ်၂၀လောက်က တစ်မတည်း မနေတဲ့ ကိုရန်အောင်က “မ” လို့ဆိုတဲ့ တစ်ယောက်တည်းသောသူကို မမေ့နိုင်ပဲ အစွဲလန်းကြီး စွဲလန်းနေမှာကို စိတ်ပူလို့ မေးကြည့်မိတာပါ.. အခုလိုကြားရတာ တကယ်ဝမ်းသာမိပါတယ်ရှင်... ဒါနဲ့.. နိုင်ငံခြားသွားကြမယ့် ကျွန်မ အလုပ်က ဆရာဝန်မလေး၂ယောက် အင်္ဂလိပ်စကားပြောသင်တန်းတက်ချင်လို့ လွှတ်လိုက်ပါမယ်နော်..အနီးကပ် ၂လပြတ် အထူးနှုန်းနဲ့သင်ပေးပါရှင်...ကျေးဇူးပဲ ကိုရန်အောင်ရေ.”
ကဒ်..း)))))))))))))
************************************
ကားကို လမ်းဘေးတနေရာမှာရပ်....အနော်ရထာလမ်းမတလျှောက် ကျွန်မလျှောက်သွားရင်
“မနော်ဟရီစာပေ နဲ့ မဂ္ဂဇင်းထုတ်ဝေဖြန့်ချီရေးကုမ္ပဏီလိမိတက်” ဆိုတဲ့ ဆိုင်းဘုဒ်ကြီးကိုမြင်တော့ ကျွန်မ တချိန်ကခမည်းခမက်တော်ကြမယ်လို့ စခဲ့ကြတဲ့ မနော် (ခေါ်) ဘက်ဆဲလ်လားစာရေးဆရာမကြီးမနော်ဟရီ ကို သတိရမိသွားခဲ့ပါတယ်... သြော်..မေခ.. အခုဆိုရင် အမေရိကားမှာပဲလားမသိဘူးလို့တွေးနေတုန်းမှာပဲ
“မနော်ဟရီစာပေ နဲ့ မဂ္ဂဇင်းထုတ်ဝေဖြန်းချီရေးကုမ္ပဏီလိမိတက်” ရဲ့ဆိုင်ဝင်ပေါက်မှာ ကျွန်မနဲ့အသက်ရွယ်တူလောက်ထင်ရတဲ့ စတိုင်ကျကျ အမျိုးသမီးခပ်ချောချောတစ်ယောက် ထွက်လို့လာခဲ့ပါတယ်... စတိုင်ကျကျအမျိုးသမီးရဲ့နောက်ဖက်မှာ အိတ်ကလေးဆွဲပြီးလိုက်ပါလာတဲ့သူကတော့ .......
သေခြာပြီ..သေခြာပြီ..... မနော်ဟရီဆိုတဲ့ ဆိုင်းဘုဒ်ကလေးမြင်လို့ဆိုင်ရှေ့မှာရပ်ရင်းအတွေးဝင်နေတဲ့ကျွန်မက ဆိုင်ထဲကနေထွက်လာကြတဲ့ သူနှစ်ယောက်ကို မြင်လိုက်ရရင်ပဲ....
“ ဟိတ် မေခ ရေ လို့ အော်ခေါ်လိုက်တော့ ...”
“ဟယ်..၀ါဝါ..၀ါဝါ မဟုတ်လား... ၀ါဝါ အရင်ကထက်စာရင် နဲနဲဝလာတယ်နော်.. ဖိုးစိန်ရေ.. ဒီမှာ ၀ါဝါရယ်လေ.”
“ဟာ..မကြီးဝါ ... တွေ့ရတာ ပျော်လိုက်တာဗျာ.... ကျွန်တော်တို့တွေ မတွေ့ကြတာ တော်တော်ကြီးကြာသွားပြီနော်...မကြီး ၀ါနေကောင်းရဲ့လား...အစ်ကိုဥာဏ်နဲ့ ညီမလေးခိုင်ကျန်တို့ရော နေကောင်းကြလားမကြီးဝါ.... ကျွန်တော်လည်း ဒီမတွေ့ကြတဲ့ အနှစ် ၂၀အတွင်းမှာ ဆိုက်ပရပ်စ်မှာပဲ နေဖြစ်တာများတယ် မကြီိးဝါရ.. စောစောကတောင် မကြီးနော်ကိုပြောပြနေတာလေ...မကြီးဝါဆီကိုသွားလည်ဦိးမယ်လို့..... ကျွန်တော်အခု ခဏပြန်လာတာလေ.. ... ကျွန်တော့်အမျိုးသမီးလေး မေခိုင် က ဆိုက်ပရပ်စ်မှာ ခဏနေခဲ့တယ်... ကျွန်တော်က မကြီိးနော်ရဲ့ကုမ္ပဏီမှာ ရှယ်ရာတချို့ဝင်ထားလို့ အလုပ်ကိစ္စအတွက် ခဏပြန်လာတာ မကြီးဝါရေ..ပျော်လိုက်တာဗျာ..ကျွန်တော်တို့ မောင်နှမသုံးယောက် နေ့လည်စာသွားစားကြရအောင် ကျွန်တော်ဒကာခံပါမယ်ဗျာ.”
“အိုကေ..သွားစားကြတာပေါ့... စပ်စုစိန် လေးရေ... ဒါနဲ့ မကြီးအိမ်ကိုလည်း အလည်လာဦးလေ...ဦးဥာဏ်ကတော့ ကျောင်းအလုပ်တွေနဲ့ အလုပ်များနေတယ်လေ... သမီးလေးကလည်း မနှစ်က နိုင်ငံခြားကတစ်ခေါက်ပြန်လာပြီး နောက် ၃၊၄ လနေရင် မင်္ဂလာဆောင်ဘို့တစ်ခေါက်ပြန်လာဦးမယ်လေ..သမီးလေးခိုင်က အခု ဂျပန်မှာပါ။ဒါနဲ့...... ၀သန်နဲ့ရောတွေ့သေးလား... ၀သန်က မြေနီကုန်းမှာ ကားပြခန်းဖွင့်ထားတယ်လေ...ဂျပန်ပြန်သူဌေးကြီးဝသန်မိုးရဲ့ “ Tokyo ကားပြခန်း ” ကိုသွားပြီး မော်ဒယ်အသစ်ကားလေးတွေ သွားငမ်းလိုက်ဦး။ သူက တချိန်က မကြီးတို့ ဘလောဂါမောင်နှမတွေကားဝယ်ရင် ၁၀နှစ် အရစ်ကျငွေချေစနစ်နဲ့ ရောင်းပေးတယ်လေ.. ဟတ်ဟတ်.. တကယ်ပြောတာ.. ၀သန်တို့က စီပွားရေးမျက်စိရှိတော့ အရမ်းချမ်းသာနေတာပေါ့... ၀မ်းသာပါတယ်..တချိန်ကမောင်နှမတွေ အခုလို စီးပွားရေးအဆင်ပြေနေကြတာတွေ တွေ့ရလို့လေ... နောက်ပြီး တောင်ပေါ်သားလေး ကိုရောတွေ့သေးလား... မကြီး ဟိုတစ်ခေါက် တောင်ကြီးသွားလည်တော့ အဝေးပြေးဂိတ်မှာ “ မောရှမ်းမြေ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း” ပိုင်ရှင်ကြီး တောင်ပေါ်သားလေးကိုတွေ့ခဲ့ရသေးတယ်လေ....အဝေးပြေးကားကြီးတွေ ဘယ်နှစင်းတောင်ပိုင်နေပြီလဲမသိဘူး.. သူဌေးကြီးဖြစ်နေပြီလေ.တောင်ပေါ်သားလေးက..... နောက်ပြီး တောင်ပေါ်သားလေးရဲ့သူငယ်ချင်း၊တောင်ပေါ်သားလေးနဲ့ ရည်းစားအပြိုင်ထားဖက် (ဒါပေမယ့် တစ်ယောက်မှ မစွန်) ပုလုကွေး လေးကလည်း “ ငယ်ငယ်ဖြူ ဆောက်လုပ်ရေးနဲ့ အိမ်အလှဆင်လုပ်ငန်းအေဂျင်စီ” ပိုင်ရှင် ဖြစ်နေလေတော့ မကြီးတို့ ဆေးခန်းကြီးကို တည်ဆောက်ရာမှာ ပုလုကွေးကို အားကိုးခဲ့ရတာလေ..... အခုဆိုရင် နာမည်ကြီး ဆောက်လုပ်ရေးလုပ်ငန်းပိုင်ရှင်ကြီး ဖြစ်နေပြီပေါ့.”
“ ဟုတ်ကဲ့မကြီးဝါရေ...မကြီးပြောပြမှပဲ ကျွန်တော်အကုန်သိရတော့တယ်...အရင်းတုန်းက ဘလော့ဂါမောင်နှမတွေ အခုလိုအဆင်ပြေနေတာကြားရလို့ ကျွန်တော်လည်း ၀မ်းသာတာပဲဗျာ... ကျွန်တော်လည်း နောက် ၂နှစ်လောက် ဆိုက်ပရပ်စ်မှာငွေစုပြီးရင် မြန်မာပြည်မှာ ပြန်လာပြီးအခြေချတော့မယ်ဗျာ... ”
ကဒ်း))))))))
***********************************
“ မေတ္တာရောင်ပြန် စိန်ရွှေရတနာရောင်းဝယ်ရေး ”
လသာလမ်းမှာဖွင့်ထားတဲ့ မေတ္တာရောင်ပြန်စိန်ရွှေရတနာရောင်းဝယ်ရေးဆိုင်ထဲကို ၀င်လာတဲ့ကျွန်မကို
ဝန်ထမ်းတစ်ယောက်ကမြင်တော့.....
“ ဟာ..အန်တီဝါကြီးလာတယ်.... အန်တီဝါ ခဏထိုင်စောင့်ပေးပါရှင် ..ကျွန်မ မမမေတ္တာရောင်ပြန်ကိုသွားခေါ်ပေးပါမယ်ရှင်.”
“ဟုတ်ပြီ..သမီးရေ... ညီမလေးမေတ္တာရောင်ပြန်ကို ခေါ်ပေးပါဦးနော်...အန်တီဒီမှာစောင့်နေပါမယ်.”
....................................
“ဟာ..မမ၀ါကြီးလာတာ ရုံခန်းထဲကိုခေါ်လာတာမဟုတ်ဖူး..မမ၀ါရေ..ဘာအလိုရှိပါသလဲရှင်.”
“ ရုံးခန်းထဲမလာတော့ပါဘူး ညီမလေးရေ... မမ ပစ္စည်းလာမှာတာပါ.. နောက်လမှာ မမသမီးလေးခိုင်ရဲ့ မင်္ဂလာဆောင်ရှိတယ်လေ.. တခါတည်းညီမလေးကိုဖိတ်ရင်း တစ်ရတီစိန်တစ်လုံးစီနဲ့ လက်ထပ်လက်စွပ် ၂ကွင်း စပါရှယ်လုပ်ပေးပါညီမလေးရေ... အထူးအော်ဒါမှာတာနော်..... သမီးလေးက မင်္ဂလာပွဲပြီးရင် ဇနီးမောင်နှံ ၂ယောက်စလုံး နိုင်ငံခြားကို ပညာတော်သင်ထပ်ထွက်ကြမှာလေ.. မမ အမှတ်တရလက်ဖွဲ့လေးလုပ်ပေးလိုက်ချင်လို့ပါ ညီမရေ... စိန်သန့်သန့်လေးရွေးပေးပါနော်..”
“ဟယ်..ဟုတ်လားမမရဲ့... ခိုင်ကျန်လေးမင်္ဂလာဆောင်တော့မှာပေါ့နော်... ၀မ်းသာပါတယ်မမရေ...ခိုင်ကျန်လေးက အခုဆိုရင် ဒေါက်တာခိုင်ကျန်ကြီးဖြစ်လို့နေပြီပေါ့နော်....ပျော်စရာကောင်းလိုက်တာ မမရေ... ဟုတ်ကဲ့ မမ ..စိတ်သာချပါ... ခိုင်ကျန်လေးအတွက် မမရဲ့ မင်္ဂလာလက်ဆောင်လေးကို ညီမလေး အသန့်ဆုံးစိန်လေးတွေရွေးပြီးလုပ်ထားပေးပါမယ် မမ..စိတ်ချပါနော်.”
“ ကျေးဇူးတင်ပါတယ် ညစ်တာရောင်ပြန်လေးရယ်... မင်္ဂလာဆောင်ကျရင်လည်း ဆက်ဆက်လာခဲ့နော်... မမပြန်တော့မယ်.”
“ကော်ဖီသောက်သွားပါဦး မမရဲ့.. မမခေါ်တဲ့ ညစ်တာရောင်ပြန်လေးကို ညီမလေးက စွဲနေတာနော်.. ညီမလေးကိုလည် ခဏနေရင် မောင်ကလာကြိုတော့မှာ မမရဲ့ နေ့လည်စာထွက်စားကြမလို့လေ... သားနဲ့သမီးကတော့ ကျောင်းတက်နေကြတာနဲ့ပဲ မအားကြဘူးမမရေ... ညီမလေးတို့ နှစ်ယောက်က အပြင်မှာပဲစားဖြစ်ကြတာများတယ်... အခုမှ မြန်မာအစားအသောက်တွေ အတိုးချပြီးစားနေရတာ မမရ.. သမီးလေးခိုင်ရဲ့မင်္ဂလာပွဲကိုမောင်နဲ့အတူ ဆက်ဆက်လာခဲ့မယ်နော် မမ.”
ကဒ်း))))))))
*******************************
ဒေါက်..ဒေါက်... )))
“ ဘယ်သူလဲ..၀င်လာပါ..”
“ ကျွန်တော် ဒေါက်တာဖြိုး ပါ အစ်မ၀ါရေ... ”
“အိုကေ..ဆရာရေ..၀င်လာပါရှင်.. ဘယ်လိုလဲ ဆရာခြေခြင်းဂျိတ်ရာရေ... အလုပ်အကိုင်အဆင်ပြေရဲ့လား... ဟတ်ဟတ်..အစ်မက အရင်နှစ် ၂၀ ကအကြော်ငးလေးတွေသတိရမိပြီး စမိပြန်ပါပြီ... ဒီမောင်နှမတွေနဲ့ ဘယ်အချိန်အထိ ရေစက်ဆုံနေကြဦးမလဲ မသိဘူးနော်...”
“ ဟုတ်တယ် အစ်မ၀ါရေ... အစ်မရဲ့ကျေးဇူးနဲ့ ကျွန်တော်တို့ စနေ၊တနင်္ဂနွေ အလုပ်အားရက်ကလေးတွေမှာ စေတနာနဲ့ လူနာတွေကိုကုသပေးနေရတာ အရမ်းပီတီဖြစ်ရပါတယ် အစ်မရေ.... ကျွန်တော့ အိမ်သူသက်ထားလေးကတောင် ပိုက်ဆံမရှိတဲ့လူနာတွေကို စရိတ်မျှပေးကျန်းမာရေးအစီအစဉ်နဲ့ အစ်မ၀ါက စနေ၊ တနင်္ဂနွေရက်ကလေးတွေမှာ Free ကုသခွင့်ပေးလို့
ဝမ်းသာပီတိဖြစ်ပြီး အစ်မ၀ါကိုအားကျနေတာ အစ်မရေ... ဒါနဲ့ အစ်မ၀ါရေ.. ဒီနေ့ ဟိုကောင် လှလှ ကခါးနာနေလို့ဆိုလား မလာနိုင်ဘူးတဲ့... အဲဒါကျွန်တော့ကိုပြောခိုင်းလိုက်လို့ လာခဲ့တာ အစ်မရေ.. အလကား..သူခါးနာတာထက်..ဒီနေ့သူ့အမျိုးသမီးနဲ့သွားစရာကိစ္စတစ်ခုရှိပုံရတယ်... အဲဒီကောင်က မိန်းမကို အရမ်းကြောက်ရတာ အစ်မရ... အဟတ်..ကျွန်တော်တို့က ငယ်ကတည်းကအတိုင်း အကျင့်မပျောက်သေးဘူးအစ်မရဲ့... တစ်ယောက်အကြောင်းတစ်ယောက်အတင်းပြောရတာလေ...ဦးသူတွယ်တမ်းပဲ.... အစ်မသိတဲ့အတိုင်းပဲ... ဟက်ဟက် ...ကျွန်တော်သွားတော့မယ် အစ်မ.. အလုပ်ဆက်လုပ်လိုက်ဦးမယ်နော်..ဟိုကောင်လာရင် မေးလိုက်ဦးနော် အစ်မ.....သူက ဆရာဝန်မလုပ်သင့်ဘူး...ဓမ္မစရိယတရားပြတဲ့ ဆရာလုပ်သင့်တာလေ... ဟက်ဟက်.. ကျွန်တော်ပြေးပြီ အစ်မရေ....း))”
“ ဟုတ်ပါပြီ..ဆရာရယ်.....ဆရာတို့လည်း အသက်သာ ၄၀ကျော်လာကြပြီ အခုအထိသူငယ်ချင်းနှစ်ယောက်တွေ့ရင် ကလေးစိတ်က မပျောက်ကြသေးဘူး..ဟတ်ဟတ်.... ဆရာတို့ကိုလည်း အစ်မက အရမ်းကျေးဇူးတင်ပါတယ်ရှင်.... အလုပ်အားရက်တွေမှာ အိမ်မှာ ဇိမ်နဲ့ မနားကြပဲ လုပ်အားလာပေးနေကြလို့ လေးစားပါတယ် ၊ ကျေးဇူးတင်ပါတယ် ဆရာ ရေ. ”
ကဒ်း)))))))))))))
******************************************
“ မမရေ...... ဆေးကုမ္ပဏီ ကဆေးတွေလာပို့ပါတယ် မမ ”
“ ဟုတ်ပြီလေ..ညီမလေး လက်ခံထားလိုက်နော်... ”
“ဟုတ်ကဲ့ပါမမ စိတ်ချပါ... ဒါပေမယ့် အခုလာပို့တဲ့ဆေးကုမ္ပဏီပိုင်ရှင်ကြီးက မမနဲ့ တွေ့ချင်လို့ပါတဲ့.... ”
“ဟုတ်လား ညီမလေး... ရုံးခန်းထဲကို လွှတ်လိုက်ပါနော်.”
..............................
“ မမ၀ါ ”
“ဟင်.......ကြားဘူးပါတယ် ဒီခေါ်သံကို..”
“ကျွန်တော် နေလင်းလေမမ၀ါရဲ့ မမှတ်မိတော့ဘူးလား..”
“အို..ဟုတ်ပါရဲ့..မောင်နေလင်းပေပဲကို... တွေ့ရတာ ၀မ်သာပါတယ် မောင်နေလင်းရေ..ဒါနဲ့ ပူတူတူးလေးရော နေကောင်းပါရဲ့လား.. ညီမလေးဝါ၀ါကိုပါ ခေါ်လာတာ မဟုတ်ဖူးနော်..ညီမလေးကိုလဲတွေ့ချင်နေတာလေ.....”
“ဒါနဲ့ မောင်နေလင်းက အခုအစ်မတို့ဆေးရုံကိုဆေးတွေစသွင်းနေတဲ့ “ ၀ါဝါလင်းဆေးကုမ္ပဏီပိုင်ရှင်ကြီးလား... အစ်မ မသိလိုက်ဖူးရယ်လေ..မောင်နေလင်းတို့ကုမ္ပဏီကနေ ဆေးတွေသွင်းဘို့ ဆက်သွယ်လာကြတုန်းက အစ်မ သမီးလေး မင်္ဂလာပွဲကိစ္စအတွက် စီစဉ်စရာတွေလုပ်နေရတာနဲ့ ပိုင်ရှင်တွေနဲ့ မရင်းနှီးလိုက်ဖူးဖြစ်သွားတယ်... အခုမှ မောင်နေလင်းရောက်လာလို့ သိရတာလေ... တွေ့ရတာ တကယ်ပဲ အရမ်းဝမ်းသာပါတယ်မောင်နေလင်းရေ...... ဒီလိုဆိုတော့ လွန်ခဲ့တဲ့ အနှစ် ၂၀ က မောင်နှမလေးတွေကို သတိရမိသွားသလို မောင်နေလင်းရေးခဲ့တဲ့ တိန်..တိန်...တိန် ပို့စ်လေးကို မကြာခဏသတိရမိနေတယ်လေ.... ဟဟားး မောင်နေလင်း စာရေးကောင်းခဲ့တာ တကယ်ပါပဲ.....နောက်လာရင် ညီမလေးဝါ၀ါကိုလည်းခေါ်လာခဲ့ပါဦးနော်.”
“ ဟုတ်ကဲ့ပါ မမ၀ါရေ..ထပ်လာခဲ့ပါဦးမယ်ဗျာ..ပူတူတူးလေးပါ ခေါ်လာခဲ့မယ်နော်.. မမ၀ါက ဒံပေါက်ဝယ်ကျွေးပေါ့.”
“ဟဟဟား.. ကျွေးပါမယ်ရှင်... မောင်နေလင်း ဒံပေါက်ကြိုက်တာ အစ်မသိနေပါတယ်... ကဲ..ဒီတစ်ခေါက်တော့ ကော်ဖီပဲသောက်သွားတော့နော်... နောက်တစ်ခါ ညီမလေးနဲ့ နှစ်ယောက်လာမှပဲ ဒံပေါက်လိုက်ကျွေးတော့မယ်....”
“ ဟုတ်ကဲ့ပါမမ၀ါ ”
ကဒ်း)))))))
**************************************************
“မင်္ဂလာဧည့်ခံပွဲဖိတ်ကြားလွှာ”
ရန်ကုန်မြို့ ......................နေဦးမြတ်ကိုကို(Ko Ko Construction) နှင့် ဒေါ်ရူပါ ( ရူပါနွယ် အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး)
တို့၏ တစ်ဦးတည်းသောသား
ဒေါက်တာမြတ်သူရကို M.B.B.S (Ygn.)
ရန်ကုန်မြို့...................နေ ဒေါက်တာဥာဏ် ( သွားနှင့်ခံတွင်း အထူးကုဆရာဝန်ကြီး ) နှင့် ဒေါ်ဝါ၀ါခိုင်မင်း ( စေတနာ အတွေတွေရောဂါကုဆေးခန်း) တို့၏ တစ်ဦးတည်းသောသမီး
ဒေါက်တာမေမြတ်နိုးခိုင် M.B.B.S (Ygn)
တို့၏မင်္ဂလာဧည့်ခံပွဲကို Trader Hotel တွင် ကျင်းပမည်ဖြစ်ပါသောကြောင့် လွန်ခဲ့သော နှစ်ပေါင်း ၂၀က ကျွန်မ ဒေါ်ဝါ၀ါခိုင်မင်းနှင့်သိကျွမ်းခင်မင်ခဲ့သော ဘလော့ဂါမောင်နှမအားလုံးတို့ကို မင်္ဂလာဧည့်ခံပွဲသို့ ကြွရောက်ချီးမြှင့်ပေးကြပါရန် ခင်မင်လေးစားစွာဖိတ်ကြားအပ်ပါသည်ရှင်။
*********************************************************************
ဖြည့်စွက်ချက်...
နောင်လာမယ့်အနှစ် ၂၀ အတွက်စိတ်ကူးလေးတွေဘယ်လိုယဉ်ထားတယ်ဆိုတာ သိချင်လို့ပြောပြပေးဦးလို့ ရွာသားလေး(YTU)က Tagလာတဲ့အတွက် အင်းးး စိတ်ကူးတွေ စိတ်ကူးတွေ“ စိတ်ကူးတိုင်းသာဖြစ်မယ်ဆိုပါရင် ...:D
နောင်လာမယ့် အနှစ် ၂၀မှာတော့ ကျွန်မတို့မိသားစု နိုင်ငံခြားပဲပြန်ရောက်နေမလား ၊ မြန်မာပြည်မှာပဲ အခြေတကျဖြစ်နေမလားဆိုတာ မပြောနိုင်သလို ....မနက်ဖြန်ဆိုတာတောင် မသေခြာတဲ့လူ့ဘ၀ကြီးမှာ နောင်လာမယ့် အနှစ် ၂၀အတွက်စိတ်ကူးလေးတွေရေးပေးဖို့ပြောလာလေတော့ ...စိတ်ကူးယဉ်တာပဲနော်...ပိုက်ဆံပေးရတာမှမဟုတ်တာလေ... စိတ်ကူးလေးတွေပဲရင်းရတာဆိုတော့..... နောင်လာမယ့် အနှစ်၂၀အတွက် ကျွန်မလည်း စိတ်ကူးယဉ်လိုက်ပါတယ်ရှင်.... ကျွန်မကို စိတ်ကူးယဉ်ခွင့်ပေးတဲ့ မောင်ငယ်ရွာသားလေးဝိုင်တီယူကိုလည်ကျေးဇူးတင်ပါတယ်။
တကယ်တော့ မောင်လေး ၊ညီမလေးတွေကို နိုင်ဂံဂျားပြန်ငြီးချင်းလေးရေးခိုင်းပြီး... မောင်လေး ၊ညီမလေးတွေ ရေးပြီးသားတက်ဂ်ပို့စ်လေးတွေလိုက်ဖတ်ပြီးတော့ နိုင်ငံခြားမှာရုန်းကန်လှုတ်ရှားနေရတဲ့ဘ၀လေးတွေကို ကွင်းကွင်းကွက်ကွက် မြင်ရလေအောင် ရေးသားပေးထားကြတဲ့သူတွေအတွက် စိတ်မကောင်းတကယ်ဖြစ်မိပြီး “မောင်လေး ၊ညီမလေးတွေရေ ... အခုအချိန်မှာ အနာခံထားကြ ..နောင်လာမယ့် အနှစ်၂၀လောက်ဆိုရင် မောင်လေး ၊ ညီမလေးတွေဟာ သူဌေးကြီးတွေဖြစ်နေကြပြီး အခုလိုရုန်းကန်လှုတ်ရှားခဲ့ကြတာလေးတွေဟာ ဘ၀ရဲ့တစိတ်တပိုင်းအမှတ်တရလေးတွေဖြစ်နေခဲ့မှာပါ၊နောင် လာမယ့် အနှစ် ၂၀ ကျရင် ဘ၀မှာ အောင်မြင်မှုတွေနဲ့အတူ ကိုယ့်ရဲ့သားသမီးတွေကို .. ဖေဖေတို့ မေမေတို့ အခုလိုချမ်းချမ်းသာသာနေနိုင်တာ လွန်ခဲ့တဲ့ အနှစ် ၂၀လောက်က ဖေဖေတို့ မေမေတို့ ဘယ်လို ရုန်းကန်ခဲ့ကြရတယ်ဆိုတာတွေကို ရင်ထဲက ဘယ်တော့မှမမေ့နိုင်တဲ့ အမှတ်တရ ပုံပြင်လေးတစ်ပုဒ်အဖြစ် ကိုယ့်သားသမီးလေးတွေကို မြိန်ရည် ယှက်ရည်လေးပြန်ပြောပြနိုင်မှာ သေခြာနေပါတယ်ကွယ်.” လို့ ပြန်ပြောချင်လို့ ပို့စ်လေးတစ်ခုရေးမယ်လို့စဉ်းစားနေမိတာ တိုက်တိုက်ဆိုင်ဆိုင် မောင်ရွာသားက နောင်လာမယ့်အနှစ် ၂၀ ဆိုတဲ့ Tag post လေးရေးခိုင်းလာလေတော့ ရေးချင်ရက် လက်တို့ဖြစ်သွားခဲ့ပါတယ်။း)))
ဒီပို့စ်လေးမှာ ကျွန်မရဲ့ “ နိုင်ဂံဂျားပြန်တစ်ယောက်ရဲ့ ငြီးချင်း” တက်ဂ်ပို့စ်လေးမှာ တက်ဂ်ခဲ့တဲ့ မောင်နှမ (၁၀)ယောက်ရဲ့နာမည်လေးတွေအားလုံးနဲ့အတူ တချို့မောင်လေး၊ ညီမလေးတွေရဲ့နာမည်လေးတွေကိုပါ ထည့်သွင်းဖော်ပြထားပါတယ်ရှင်..ကျွန်မရေးသားရာမှာ တစ်စုံတစ်ခုအမှားပါလာခဲ့ရင် ၊ မကြိုက်တာရှိခဲ့ကြရင်တော့ ဒီပို့စ်လေးဟာ မောင်နှမတွေအားလုံးကို ပျော်စေချင်တဲ့ စေတနာနဲ့ရေးသားခဲ့တာမို့ စေတနာအမှားသာဖြစ်နိုင်ပါကြောင်း ကြိုတင်မေတ္တာရပ်ခံလိုက်ပါတယ်နော်... ဖိုးစိန်ကိုတော့ နောင်လာမယ့် အနှစ် ၂၀အထိမျက်စိရှုတ်မှာစိုးလို့ မြန်မာပြည် ပြန်မခေါ်သေးပဲ ဆိုက်ပရပ်စ်မှာပဲ ထားလိုက်ပါတယ်....း))) ..
စာဖတ်သူအားလုံးကို လေးစားခင်မင်လျှက်
WWKM
Thursday, May 28, 2009
သမီးလေးဆွဲတဲ့ ကွန်ပြူတာပန်ချီ
ရေဘ၀ဲ
ပါပါးကဲ...ပန်ချီအဆွဲခံချင်တဲ့သူတွေ စာရင်းပေးနိုင်တယ်နော်... ရှိရင်းစွဲအသက်ထက် ပိုငယ်သွားစေရမယ်..း)))
ပျော်ရွှင်ကြပါစေ.
အားလုံးကိုလေးစားခင်မင်လျှက်
WWKM
ပိုက်ဆံအိတ်
ဒီပို့စ်လေးရေးဘို့ စတက်ဂ်တဲ့သူကတော့ ဘုန်းကြီးကျောင်းမှာအလှူလုပ်ပြီးကျွန်မတို့မိသားစုကို ဒံပေါက်တွေကျွေးလိုက်တဲ့ အလှူရှင်ကြီး မောင်ငယ်ဝသန်မိုးပဲဖြစ်ပါတယ်ရှင်။
သူရေးခိုင်းတဲ့ ပိုက်ဆံအိတ်က ပိုက်ဆံအိတ်အကြောင်းရေးရမှာမဟုတ်ပါဘူး။ကိုယ်သုံးနေတဲ့ပိုက်ဆံအိတ်ကလေးထဲကနေ ပိုက်ဆံလေးတွေ အတောင်ပေါက်ပြီး ဘယ်လိုပျံထွက်သွားတယ် ဆိုတဲ့အကြောင်းလေးကိုရေးပြရမှာဖြစ်ပါတယ်ရှင်.....ဒါပေမယ့် ကျွန်မကလည်း အရင်ရေးပြီးသွားတဲ့ မောင်ငယ်ဖိုးစိန်ကိုအတုယူပြီးသကာလ ကိုယ်သုံးနေတဲ့ပိုက်ဆံအိတ်ကို ဓါတ်ပုံရိုက်ပြီး ကျွန်မသုံးနေသောပိုက်ဆံအိတ်ကလေးအကြောင်းကို ရေးဖွဲ့သီကုံးပါတော့မယ်ရှင်။ ;)
ကျွန်မမှာ ပိုက်ဆံအိတ်ကလေး ၂ လုံးရှိပါတယ်... အနက်ရောင်တစ်လုံးက မြန်မာပြည်ကနေ၀ယ်လာတာပါ။ ကျန်တဲ့အညိုရောင်တစ်လုံက ပြီးခဲ့တဲ့ကျွန်မရဲ့မွေးနေ့မှာ ဦးဥာဏ်ဝယ်ပေးခဲ့တာပါရှင်။ ပိုက်ဆံအိတ်အကြောင်းရေးရမယ်ဆိုမှ ဟိုတစ်နေ့က အရေးကြီးတဲ့ ဘောင်ချာစာရွက်ကလေးကို ပိုက်ဆံအိတ်ထဲပြန်ရှာတာ မတွေ့လို့ စိတ်ညစ်နေမိပြန်ပါတယ်.... ပိုက်ဆံအိတ် ၂လုံးစလုံးကို သေခြာရှာပြီးပါပြီ ဘောင်ချာစာရွက်ကလေးက လုံးဝမတွေ့တော့ပါဘူး။ အကြာင်းကတော့ အရင်တစ်ပတ်က ကျွန်မရဲ့ဆွဲကြိုးမျှင်မျှင်လေးပြတ်သွားခဲ့လို့ ၀ယ်လာတဲ့ဆိုင်ကိုသွားပြီးပြန်ဆက်ခိုင်းရတာ ပြန်ဆက်ခ အလကားမရပဲ ယန်း ၂၁၀၀ ပေးရပြီး ကျွန်မကိုပြန်လာရွေးရင်ပြဘို့ ဘောင်ချာစာရွက်ကလေးပေးလိုက်တာပါ။ ပိုက်ဆံအိတ်ကလေးထဲကို ကျွန်မသေခြာထည့်ခဲ့ပါတယ်...ကျွန်မထင်တာတော့ ဟိုတစ်နေ့က ပိုက်ဆံအိတ်ထဲမှာ ဈေးဝယ်ထားတဲ့ဘောင်ချာစာရွက်တွေရှုတ်နေလို့ ရှင်းလိုက်တာ အဲဒီတုန်းက ဒီဘောင်ချာစာရွက်ကလေးကိုမေ့နေခဲ့ပြီး အမှိုက်ပုံးထဲပါသွားပြီလား မသိတော့ပါဘူး။ အိတ်ပေါင်းစုံလိုက်ရှာနေတာ ပန်းရောင်ဘောင်ချာစာရွက်ကလေး ပျောက်သွားခဲ့ပါပြီ။ ဘယ်လိုလုပ်ရမယ်မှန်းတောင်မသိတော့ဘူးလေ... တကယ်တော့ ကျွန်မက နည်းနည်းလျှာရှည်သွားတာ သူတို့ကပြင်ပြီးရင် အိမ်ကိုအရောက်ပို့ပေးပါမယ် ယန်း၅၀၀ ပဲ ကျပါတယ်ဆိုတာကို ကျွန်မက အဲဒီဆိုင်မှာက Brand ပစ္စည်းတွေစုံတာမို့ ယန်း၅၀၀ ပေးမယ့်အတူတူ ရထားခကလည်း ယန်း၅၆၀ ကျမှာပဲမို့ ပစ္စည်းအသစ်တွေငမ်းရင်း လာယူပါမယ်လို့ပြောပြီး ဘောင်ချာယူလာခဲ့တာလေ...စိတ်ညစ်လိုက်တာ တအားပါပဲ...တကယ်ပျောက်ရင် ဘယ်လိုလုပ်ရပါ့နော်... ဆိတ်လေတယ်..တကယ်...း((
ကဲ....ပိုက်ဆံအိတ်...ပိုက်ဆံအိတ်...ပြောပါတော့မယ်... ပိုက်ဆံအိတ်ထဲမှာရှိတဲ့ ကိုယ်မပိုင်တဲ့ငွေတွေအကြောင်း....း))
ကျွန်မရဲ့ပိုက်ဆံအိတ်ကလေးကတော့ လခထုတ်ရက်တစ်ရက်လေးမှာပဲ ပိုက်ဆံတွေနဲ့ပြည့်နေတတ်ခဲ့တာပါ။လခထုတ်ရက်ရောက်ရင် ပေးစရာတွေကို စိတ်တွက်နဲ့ စာရင်းတွက်ပြီး လိုအပ်မယ့်ပိုက်ဆံကိုဘဏ်ကနေထုတ်လာပြီးတာနဲ့ ရော့..အိမ်လခ ၆ ရွက် ၊ ရော့ Credit card အကြွေး ၅ ရွက် (တစ်လတလေ ၁၀ ရွက်ကျော်သွင်းရပါတယ်)... ရော့ ရေးဘိုး၊ ဂက်စ်ဖိုး ၊ မီတာဖိုး ၊ ဖုန်း ၂လုံးဘိုး ၊ အင်တာနက်ဖိုး နဲ့ ဘလာ ဘလာ ဘလာ က ၄ရွက်လောက်ထွက်ပြန်ပါတယ်.... ပေးစရာတွေပေးပြီးရင်ဖြင့် ပိုက်ဆံအိတ်ကလေးထဲမှာ ထောင်ဂဏန်းပဲကျန်ပါတော့တယ်လေ.... ကျွန်မရဲ့ပိုက်ဆံအိတ်ထဲမှာ အမြဲတမ်းကျွန်မထည့်ထားတာက ယန်း၁၀၀၀တန် ၃ရွက်လောက်ပဲဖြစ်ပါတယ်... ဘယ်တော့မှလဲ များများစားစားမထည့်ထားခဲ့ပါဘူး။ လိုအပ်မှသာ ဘဏ်ကထပ်ထုတ်ပြီးသုံးတတ်ပါတယ်...အကြောင်းကတော့ ...ကျွန်မဒီမှာအလုပ်ဝင်စက ခရီးသွားမယ်ဆိုပြီးရထားလက်မှတ်ဝယ်ဘို့ ယန်း၁၉၀၀၀ကို ပိုက်ဆံအိတ်ထဲထည့်ပြီး ပိုက်ဆံအိတ်ကို လော်ကာထဲမထည့်ပဲ ကိုယ်လွယ်တဲ့အိတ်ကြီးထဲမှာပဲထည့်ထားပြီး ရုံးခန်းထဲမှာထားပြစ်ခဲ့တာ... အလုပ်ဝင်ပြီးပြန်လာတော့ ယန်း၁၀၀၀၀ တန်တစ်ရွက်ပျောက်သွားခဲ့ဘူးတာမို့ အဲဒီအချိန်ကစပြီး ကျွန်မရဲ့ပိုက်ဆံအိတ်ထဲမှာ အမြဲ တစ်ထောင်တန် ၃ရွက်လောက်ကိုသာ ဗိုက်ဆာရင်မုန့်ဝယ်စားဘို့ အမြဲဆောင်တတ်သွားခဲ့ပါတယ်... ဈေးဝယ်ဈေးသုံးချင်ရင်တော့ Credit card နဲ့သုံးပြီး လကုန်ရင် ရှင်းရတာပေါ့နော်.....
အဲဒါကြောင့် မောင်ဝသန်ရေ..... အစ်မ၀ါရဲ့ပိုက်ဆံအိတ်ထဲမှာ များသောအားဖြင့် တစ်ထောင်တန် ၃ရွက်ကလွဲပြီး ပိုက်ဆံမရှိပါကြောင်းနဲ့ အလည်လာပြီးမုန့်လာစားမယ်ဆိုရင်ဖြင့် ယန်း ၃၀၀၀ အောက်မုန့်သာဝယ်ကျွေးနိုင်မည် ဖြစ်ပါကြောင်း ကြိုတင်အသိပေး အကြောင်းကြားအပ်ပါသည်။း))))
တော်ပြီ .......ဘောင်ချာပျောက်လို့ ဆိတ်လေနေလို့ ဒီလောက်နဲ့ပဲ ကျေနပ်ပါမောင်ဝသန် ရေ...
အားလုံးကိုလေးစားခင်မင်လျှက်
WWKM
Wednesday, May 27, 2009
C.box မှာ စာတန်းလေးတွေလှုတ်အောင်

မင်္ဂလာပါရှင်.
စိတ်ကူးရလို့ C.box ထဲမှာရေးတဲ့ စာတန်းလေးတွေ လှုတ်နေအောင်ဘယ်လိုရေးရမယ် ဆိုတာ ပြောပြမယ်နော်...
C.box ထဲမှာ စာတန်းလေးတွေလှုတ်အောင် ထည့်ရတာ လွယ်လွယ်လေးပါ။
စိတ်ဝင်စားကြမယ်ဆိုရင်လုပ်ကြည့်ကြနော်...း)
စီဘောက်ထဲမှာ ဒီလိုလေးရေးရပါမယ်..
[scroll] ရေးလိုတဲ့စာကြောင်းလေးကိုရေးလိုက်ပါ [/scroll].
အဲလိုလေးရေးပြီး Go လိုက်ရင် OK သွားပါပြီ။
စာကြောင်းတိုတိုလေးတွေမှ အဆင်ပြေမှာဖြစ်ပါတယ်။
စိတ်ဝင်စားမယ်ဆိုရင် လုပ်ကြည့်ကြနော်....
ps. ဒီလိုစာကြောင်းလေးတွေလှုတ်အောင် ဘယ်လိုလုပ်ရသလဲဆိုတာကို မောင်ငယ်ဥယျာဉ်မှူး က သင်ပေးထားခဲ့တာကြာပါပြီ။ အခုမှစိတ်ကူးပေါက်လို့ ပြန်လည်ဝေမျှရခြင်းဖြစ်ပါတယ်ရှင်။ :D
နောက်တစ်ခုက သူများစီဘုံးလေးတွေမှာ အရုပ်ကလေးတွေထည့်ချင်ရင် သူစီဘုံးမှာပေါ်နေတဲ့ အရုပ်ကလေးတွေကို မျှားကလေးနဲ့ထောက်ကြည့်ပြီး ပေါ်လာတဲ့စာလုံးလေးတွေကို ရေးလိုက်ရင်ရပါပြီ။ညီမလေး ကြည်ဖြူပိုင် မေးသွားလို့ ဒီမှာဆက်ရေးပေးလိုက်တာပါ။ တော်တော်များများဘလော့ဂါတွေကတော့ သိပြီးသားပါ။ မသိရသေးသူတွေ သိရလေအောင် မျှဝေပေးခြင်းသာ ဖြစ်ပါတယ်နော်။
ps.ကျွန်မကို သူများစီဘုံးမှာအရုပ်ကလေးတွေထည့်တတ်အောင် သင်ပေးခဲ့တဲ့ဆရာကြီးကတော့ သီချင်းဆိုခိုင်းလိုက်လို့ ဗိုလ်ချုပ်မွေးနေ့လုပ်ပြီး ကိုယ်ပျောက်သိုင်းတတ်သွားရှာတဲ့ မောင်ငယ်ကိုစွမ်းကပြောပြသင်ပေးခဲ့တာပါ။
ပျော်ရွှင်ကြပါစေ.
အားလုံးကိုလေးစားခင်မင်လျှက်
WWKM
လေလှိုင်းပျော်ချစ်သူများ
ကျွန်မ ၀ါဝါခိုင်မင်းသည်တချိန်က ရေဒီယိုစတားဖြစ်ကြောင်း ဟိုးးး ဘက်ဆဲလ်လားစာရေးဆရာမကြီး ဒေါ်မနော်ဟရီ ကအစပြု၍ ဖွခဲ့ပြီးသကာလ ဇာတ်လမ်းကအဲဒီမှာ မဆုံးသွားသေးပဲ ဒေါ်မနော်ဟရီရဲ့ မောင်ငယ်ဖြစ်သူ စ ၃ လုံး .စပ်စုစိန် (ခေါ်) မောင်ဖိုးစိန် က နာမည်နဲ့ လိုက်အောင် မျောက်မူးလဲ မနေနိုင်မထိုင်နိုင် အရမ်းသိချင်ပြီး “မမ၀ါက တချိန်က ရေဒီယိုစတားဖြစ်ပါတယ်.အဲဒီအကြောင်းလေးကို ပို့စ်အဖြစ်ရေးပေးပါ” လို့ ကွန်မန့်မှာဖွ ၊စီဘုံးမှာဖွ .. ထပ်ဖွလေတော့ ကျန်တဲ့ မောင်နှမလေးတွေကပါ စိတ်ဝင်စားပြီးသကာလ ကွန်မန့်မှာ ဒီလိုရေးသားသွားကြပါတယ်ရှင်။
May 24, 2009 3:56 PM
ဖိုးစိန် said...
ကိုယ့် အမမို့လို့ပြောရအုံးမယ်
အရင်အမကြီးရယ် ရေဒီယိုစတားဖြစ်တဲ့ အကြောင်းလေးတွေကို မောင်လေးတို့ကို ပြောပြရေးပြ ပါလား ဖတ်ချင်တယ်ဆိုတော့ မကြီးကဘာပြောလဲ
အက်ဆီးဒင့်ဖြစ်ပြီးကတည်းက မေ့ကုန်ပီး မမှတ်မိတော့ဘူးတဲ့
ကဲ အခုတော့ ပေါ်ပီး ငယ်ငယ်တုန်းက နာမည်ပြောင်းလို့
မဖတ်လိုက်ရတဲ့ မိတ်ဆက်စာ (၁၅)စောင်ကို ကြတော့
ကောင်းကောင်းမှတ်မိတယ် အရေအတွက်က အစ
အဟီးးးး
ဘာပြောပြော
မကြီး ဝါဝါခိုင်မင်းဆိုတာ နာမည်ကြီး အရင်က ရေဒီယိုမှာစတား (မသိဘူး မကြီးနော် ရေးတာတွေ့ထားဖူးလို့ ပြန်ဖွသွားတာ)
*********************
ourstream said...
ကိုဖိုးစိန်ပြောတာကို ထောက်ခံပါတယ်...။
ရေဒီယိုစတားဖြစ်လာပုံလေးကိုလဲ သိချင်ပါတယ်...။
*****************************
မိုးခါး said...
မမ၀ါ .. ရေဒီယိုစတားလေး လုပ်ပါဦး .. အဟဲ သိချင်တာပေါ့ .. :D
****************************
အဲလို..အဲလို ..သူများတွေပါ ထင်ယောင်ထင်မှားဖြစ်ကုန်လေတော့ ဒီအကြောင်းလေးကို မပြောတော့ပါဘူးလို့ စိတ်ကူးထားခဲ့ပေမယ့် .ဟိုးးးးး..ကနဦး စဖွလေသူ၊သူများတွေအထင်လွဲအောင်ကြံစည်သူ ကြံရာပါ ဘက်ဆဲလ်လားစာရေးဆရာမကြီး ဒေါ်မနော်ဟရီ (ခေါ်) ဒေါ်မေခ ကို အလွတ်ပေးမခံပဲ ကျွန်မ၀ါဝါခိုင်မင်းက ဘာမှမဟုတ်တဲ့ ကိုယ့်အကြောင်းကိုယ် ထပ်ဖွဘို့ အကြောင်းဖန်လာခဲ့ပါတော့တယ်ရှင်။
ကဲ..ပြောပြပါတော့မယ်နော်... ရွာသားလေးဝိုင်တီယူ ပြောသလိုဆိုရင်ဖြင့် “အမယ်မင်းရယ်မှပြောရတော့မယ် ”ပေါ့.. အဟတ်ဟတ် ....
အကြောင်းက ဒီလိုပါရှင်...
ကျွန်မ၀ါဝါခိုင်မင်းဟာ တချိန်ကရေဒီယို အဆိုတော်မဟုတ်ခဲ့သလို ၊ ရေဒီယိုဇာတ်လမ်းတွေမှာ နောက်ခံစကားပြောပေးခဲ့တဲ့သူလည်းမဟုတ်ရပါဘူး။ ရေဒီယိုအစီအစဉ် ကြေငြာသူ ၀ါဝါခိုင်မင်းဆိုတာလည်း ဘယ်သူမှကြားဖူးကြမှာမဟုတ်လို့ ရေဒီယိုအစီအစဉ်ကြေငြာသူ တစ်ယောက်လည်း မဟုတ်ရပါဘူးလို့ ပြောမလို့ပါ။း)))
ဟို အန်တီဒေါ်မေခ ရက်စက်ပုံများ ၀ါဝါခိုင်မင်းကို ဘာလိုလို ၊ညာလိုလိုထင်အောင်လုပ်ချလိုက်တာ..သူများတွေက ရေဒီယိုစတား ဆိုလို့ အထင်တွေကြီးလို့... အဟတ်.. ရှင်ရော.. လွတ်မယ်ထင်လို့လား မေခရယ်.. တူတူပေါ့နော်..းး)))
အထင်တွေကြီးရင်လဲကြီးကြပါစေတော့ ...ဒီအတိုင်းလေးပဲ ရေစုံမျှောပြီးနေလိုက်မယ် ကြံကာမှ စပ်စုစိန် မျောက်မူးလဲလေး က ရှေ့ခုနှစ်အိမ် ၊နောက်ခုနှစ်အိမ်ကြားအောင်တင်မကပါပဲ ဘလော့လောကတခွင်သိရလေအောင် C.box မှာတစ်မျိုး Comment မှာတစ်ဖုံ လော်မလိုတဲ့ အသံပြဲကြီးနဲ့ ခဏခဏလာအော်နေလေတော့ ရေးရပါတော့မယ် လူတွေသိအောင်.( မရှုတ်တာကို ရှုတ်အောင်ဖွတယ်..သိမယ် ဒေါ်မနော်ဟရီ ရေ.. ဟင်းး ဟင်းးးဟင်းး ) ဒီလိုဖွလို့ ခမည်းခမက်တော်မယ့်အစီအစဉ် ဖျက်တယ်..ဒါပဲ... ဒီက သမီးရှင်လေ..ခပ်မာမာပဲ...အဟဲ...
သူက ဘက်ဆဲလ်လားစာရေးဆရာမကြီးမို့ “၀ါဝါ အက်ဆီးဒင့်ဖြစ်ပြီးကတည်းက မမှတ်မိတော့ဘူး မနော်ရေးလိုက်”ဆိုတော့ လက်ခံရှာပါတယ် “ရေးဘူး ၀ါဝါရေး သူကလည်း ဘာညာသာရကာနဲ့ မမှတ်မိတော့ဘူး”တဲ့.... “အစ်မရေးတေးတေးပဲမှတ်မိတော့တယ် ”လို့ စပ်စုစိန်ကိုပြောတော့ စပ်စုစိန်ကလည်း “အဲဒီမှတ်မိတဲ့ ရေးတေးတေးကိုပဲ ရေးပေးပါ”တဲ့... ဖြစ်ပုံများနော်...
အစွယ်လိုသူမိဘုရား ဒေါ်မနော်ဟရီ ၊ အစွယ်ဖြတ်သူမုဆိုး စပ်စုစိန် ပေါ့.. ဟတ်ဟတ်ဟတ်.
ကဲ ကဲ တကယ်စပြောပါတော့မယ်ရှင်...
ဟိုးးး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်လောက်ကပေါ့ကွယ်...
မြန်မာ့အသံရေဒီယိုမှာ နာမည်ကြီးမင်းသမီး ၂လက်ရှိခဲ့ပါတယ်။ တစ်ယောက်က မမ၀ါလို့ အများသိကြတဲ့ ကျွန်မ၀ါဝါခိုင်မင်း ဖြစ်ပြီး ၊ နောက်တစ်ယောက်ကတော့ အခုဘက်ဆဲလ်လားစာရေးဆရာမကြီး ဖြစ်နေတဲ့ မေခ လို့ တချိန်ကလူသိများကြတဲ့ ဒေါ်မနော်ဟရီ ပဲဖြစ်ပါတယ်ကွယ်.။ ( ဟတ်ဟတ်.. စဖွတဲ့သူလွတ်မယ်ထင်လို့လားကွယ် ..နာကွ )း)))
သူတို့ နှစ်ဦးဟာ မြန်မာ့အသံရေဒီယိုဝမ်ထမ်းတွေမဟုတ်ကြပါဘူး ။ မြန်မာ့အသံရေဒီယိုဝန်ထမ်းတွေကို တစ်နေ့ တစ်နေ့ အလုပ်မရှိကြမှာစိုးလို့ အလုပ်ပေးကြတဲ့ သီချင်းလက်ဆောင်တောင်းရာမှာ ၀ါသနာပါသူ နှစ်ယောက်ပဲ ဖြစ်ကြပါတယ်။ အဟတ်..ဒီလောက်ဆို ပေါက်ကြပြီထင်ပါတယ်....း))))
ဒီလိုပါ..အဲဒီအချိန်တုန်းက ကျွန်မက ပေါင်းတည်မှာနေတယ် ၊ မေခ က ရန်ကုန်မှာနေတယ်လေ။ “ပေါင်းတည်မြို့က၀ါဝါခိုင်မင်း ”ဆိုရင် လေလှိုင်းပျော်တော်တော်များများသိကြသလို ၊ “ရန်ကုန် မရမ်းကုန်း ကျောက်ရေတွင်း ဘုရင့်နောင်လမ်းက မေခ၊မေလိခ ”ညီအစ်မဆိုရင် အဲဒီအချိန်က လေလှိုင်းပျော်ဝါသနာတူမောင်နှမတွေ မသိတဲ့သူမရှိကြရလေအောင် ထင်ပေါ်ကြော်ကြားခဲ့ကြပါတယ်။ ဟတ်ဟတ်ဟားးးး ဘာမှမဟုတ်ပါဘူး..တစ်နေ့ တစ်နေ့ စာအိပ်ဖိုးနဲ့တံဆိပ်ခေါင်းဘိုးအကုန်ခံပြီး သီချင်းလက်ဆောင်တွေအပြန်အလှန်တောင်းခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီအချိန်က လေလှိုင်းမှာပျော်ခဲ့ကြတဲ့ ၀ါသနာတူမောင်နှမတွေ မနည်းပါဘူး။ အခု ကျွန်မရဲ့ပို့စ်လေးကိုလာဖတ်တဲ့သူတွေထဲမှာတောင် ပါချင်ပါနေဦးမှာပါ။ ပါခဲ့ရင် အကြောင်းကြားခဲ့ကြပါနော်... အရင်က မိတ်ဆွေဟောင်းတွေပေါ့။း) ကျွန်မတို့နဲ့အတူ အဲဒီအချိန်ကနာမည်ကြီးလေလှိုင်းချစ်သူ မောင်နှမတချို့ရဲ့နာမည်တွေကို ကျွန်မမှတ်မိနေပါသေးတယ်...
ပြီးတော့ နေထိုင်ရာမြို့မတူကြပါပဲနဲ့ တစ်ဦးနဲ့တစ်ဦးစာရေးမိတ်ဖွဲ့ကြပြီးခင်ကြ၊မင်ကြ စာပြန်ကြတာ အခုဘလော့ဂါလောကကလေးလိုပဲ တစ်ဦးနဲ့တစ်ဦး ချစ်ခင်ဖော်ရွေကြပြီး စံအိမ်လေးတွေစုထောင်ဖြစ်ခဲ့ကြပါတယ်.... တချို့ကလည်း တစ်ယောက်ထဲပဲ ကိုယ်ပိုင်စံအိမ်နာမည်လေးနဲ့ပေါ့ရှင်...နာမည်လှလှလေးတွေ အရမ်းပေါပါတယ်....ကျွန်မမှတ်မိတဲ့ စံအိမ်လေးတွေကတော့ “ရတနာစံအိမ်” “အ၀ါရောင်စံအိမ်” “Home sweet homeချိုမြမြစံအိမ်” ဆိုပြီး စံအိမ်လေးတွေဖွဲ့ကြရာမှာ ရတနာစံအိမ်မှာတော့ ရေနံချောင်းမှ စန္ဒီစိုးထက် ၊ ပေါင်းတည်မှ ၀ါဝါခိုင်မင်း ၊ မန္တလေးမှေ၀၀ါဝါငြိမ်း (ခေါ်) ၀ါဆို နဲ့ သာယာဝတီမြို့ ၊ဆည်မြောင်းဦးစီးဌာနမှ ကိုအောင်ကျော်ဇော တို့ ပါဝင်တာကို ကျွန်မမှတ်မိနေပါသေးတယ်.. ( တိန်)))... တချို့ မေ့နေတာတွေ မေခကို ပြန်မေးထားရတာပါ.)း))
အ၀ါရောင်စံအိမ်မှာတော့ မေခရဲ့သူငယ်ချင်းတွေဖြစ်ကြတဲ့ မရမ်းကုန်းကပဲ ဂန္ဓမာဝါ၀ါ ၊လရွက်ငယ်၊ဂျုလိုင်မိုး ညီအစ်မတွေက နာမည်လှလှလေးတွေနဲ့ လေလှိုင်းချစ်သူတွေကြားမှာ ထင်ပေါ်ကြော်ကြားခဲ့ကြသူတွေဖြစ်ပါတယ်ရှင်။ တန့်ယန်းမြို့ ၊ချိုမြမြစံအိမ် မှ နန်းကြည်လဲ့တာ ၊ လွှိုင်လင်မြို့မှ နန်းဖူးမူးထွေး ၊ကချင်ပြည်နယ်မှ ဒီဇင်ဘာဒိန်း၊တောင်ငူမှ ကေတုမတီ ကိုမျိုး ၊ ရွှေညောင်မှ မုန်းမုန်းချစ် ၊ တောင်ငူ မှ စိုးကြူကြူဇော် ၊ မကွေးမှ ဒီဇင်ဘာကြူကြူလှိုင် ၊ ဆောမှ ဆောင်းဟေမာန်ထွန်း ၊သံတွဲမှ စိုးမုရာငယ် ၊ ကသာမှ စိုးယုမော် ၊ နှင်းယုမော် ၊ မုဒုံမှ ကျော်မင်းဦး တို့ဆိုတာ တချိန်က ကျွန်မမှတ်မိနေသေးသော လေလှိုင်းပျော် မောင်နှမတွေ ဖြစ်ခဲ့ကြပါတယ်။
ကျွန်မတို့ လေလှိုင်းပျော်မောင်နှမတွေဟာ သီချင်းလက်ဆောင်တွေတောင်းရာမှာ မြန်မာ့အသံတစ်ခုတည်းမဟုတ်ပါဘူးရှင်၊ မြန်မာ့အသံ(မြန်မာပိုင်း) ၊မြန်မာ့အသံ ( အင်္ဂလိပ်ပိုင်း) ၊RVA (Radio Veritas Asia) ၊ FEBC ( Far East Broadcasting Company) ၊ AIR ( အန္ဒိယအသံ) ၊ ပီကင်းအသံ ၊ VOA ၊ BBC ၊ နဲ့ ရခိုင်တိုင်းရင်းသားအစီအစဉ်တွေမှာပါ စုံနေအောင် နားထောင်ကြပြီး မွေးနေ့ရောက်ရင် မွေးနေ့လက်ဆောင်သီချင်းတောင်းကြ ၊မင်္ဂလာဆောင်ရင် မင်္ဂလာလက်ဆောင်သီချင်းတောင်းကြတဲ့ တော်တော်လေးကို လက်မလည်အောင် အလုပ်များခဲ့ကြပါတယ်....း)))
ဒီလိုနဲ့ ကျွန်မ ရန်ကုန်မှာကျောင်းတက်တော့ မေခ ခေါ် မနော်နဲ့ မတွေ့ခဲ့ရပါဘူး။ ဘယ်တွေ့မှာတုန်း သူကသာမသိတာလေ၊ ကျွန်မက ဖိုင်နယ်မှ ရန်ကုန်တက္ကသိုလ် ရောက်တာလေ။... ကျွန်မတို့ နှစ်ဦးက မွေးဖွားတဲ့ခုနှစ်အတူတူ နဲ့ ၁၉၈၇ စနစ်သစ်ဆယ်တန်းစာမေးပွဲမှာ အတူတူအောင်ခဲ့ကြလေသူတွေဖြစ်ကြလေတော့ မနော် နဲ့ ကျွန်မက အသက်အတူတူ ညီအစ်မတွေဖြစ်ပါတယ်ရှင်။ ကျွန်မက မမ ပါ ၊သူက ညီမလေးပါ။း))))ကျွန်မက မနော်ထက် ၂လအသက်ကြီးပါတယ်..ဟတ်ဟတ်... မနော်က “တစ်နှစ်ထဲအတူတူအောင်ကြပြီး မိန်းထဲမှာ ကျောင်းတက်တာချင်းအတူတူ မတွေ့ခဲ့ကြဘူး”လို့ ပြောခဲ့လေတော့ ပြောပြမယ် ညီမလေးမနော်ရေ...
မမက ၈၇ မှာ ကချင်ပြည်နယ် ၊ကျွန်မမွေးရပ်ဇာတိမြေ မိုးညှင်းမြို့မှာ ဆယ်တန်းအောင်ပြီးတော့ ပထမနှစ်ကို မြစ်ကြီးနားကောလိပ်မှာ ကျောင်းတက်ခဲ့ပါတယ် ညီမလေးရေ... မြစ်ကြီးနားကောလိပ်ကြီးက ပျင်းစရာကောင်းတော့ မန္တလေးရတနာဘုမ္မိတက္ကသိုလ်မှာ တက်ချင်တာနဲ့ ဖေဖေ့ကိုပူဆာခဲ့တော့ ပထမနှစ်မှာပဲ မန္တလေးရတနာဘုမ္မိတက္ကသိုလ်ကိုပြောင်းတက်ခွင့် ရခဲ့ပါသော်လည်း ၂လသာကျောင်းတက်ရပြီးသကာလ ကျောင်းရက်ရှည်ပိတ်သွားခဲ့ရာမှာ မေမေ့ရဲ့မွေးရပ်ဇာတိမြေ ပေါင်းတည်မြို့ကိုပြောင်းလာကြလို့ ပထမနှစ်ကိုပဲ ပြည်ကောလိပ်မှာဆက်တက်ခဲ့ရပါတယ်ကွယ်...ဟတ်ဟတ်.. နောက်တော့ ရန်ကုန်မိန်းနားမှာ ဖေဖေရဲ့အစ်ကိုအိမ်ရှိလို့ မောင်နှမ၀မ်းကွဲတွေက နောက်ဆုံးနှစ်မှာရန်ကုန်ကိုကျောင်းပြောင်းလာဘို့ ခေါ်ခဲ့တာကြောင့် ရန်ကုန်တက္ကသိုလ်ကြီးကို transfer ပြောင်းယူခဲ့ပေမယ့် ကံကောင်းစွာနဲ့ မမတို့ ဖိုင်နယ်တစ်အုပ်စုလုံး ရန်ကုန်တက္ကသိုလ်မှာ ပြောင်းတက်ခွင့်ရခဲ့ကြပါတယ်။ အယ်..ဟုတ်တာပေါ့နော်.. နောက်ဆုံးနှစ်မှာ မေခနဲ့ဆုံနိုင်တာပဲလေ..မတွေ့ဘူးရယ်...နော်.မိန်းထဲမှာ ကျွန်မက ဖိုင်နယ် တစ်နှစ်နဲ့ ကွာလီဖိုင်းတန်း၂ နှစ်တက်ခဲ့တာပါ။ ဒါပေမယ့် မေခနဲ့ မဆုံဖြစ်ခဲ့ပါဘူး။ ကျွန်မနဲ့ တွေ့ဆုံဖြစ်ခဲ့တဲ့ တစ်ဦးတည်းသော လေလှိုင်းပျော်လေးကတော့ ရန်ကုန်စက်မှုတက္ကသိုလ် မှ ကိုကျော်မင်းဦး(မုဒုံ) ပဲဖြစ်ပါတယ်။ သူတစ်ယောက်က မိန်းထဲမှာ လာတွေ့လို့ ကျွန်မတွေ့ဘူးခဲ့ခြင်းသာဖြစ်ပါတယ်ရှင်။
လေလှိုင်းပျော်မောင်နှမတွေဟာ အခုကျွန်မတို့ဘလော့ဂါမောင်နှမတွေလိုပဲ ပျော်စရာကောင်းခဲ့ကြပါတယ်... အပြင်မှာတွေ့ဆုံပွဲလေးတွေလုပ်ခဲ့ကြတယ်။ ကဗျာစာအုပ်ကလေးတွေ စုထုတ်ဖြစ်ခဲ့ကြပါတယ်... ဒါပေမယ့် ကျွန်မအဲဒါတွေတစ်ခုမှ မသိခဲ့တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် ကျွန်မရန်ကုန်ရောက်ကတည်းက ရေဒီယိုနဲ့အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်... နယ်မှာတုန်းက ဖေဖေ့ရဲ့ရေဒီယိုလေးကို မောင်ပိုင်စီးပြီး လိုင်းပေါင်းစုံနားထောင်ခဲ့တာပါ။ ရန်ကုန်ရောက်တော့ ဦးလေးအိမ်မှာက ရေဒီယိုရှိတော့ဘူးရယ်လေ... အဲဒီတုန်းက “ ၀မ့်စွေ့ ၀မ့်စွေ့ ၀မ့်ဝမ့်စွေ့ ဆိုပြီး နဖူးမှာအမှတ်ကြီး နဲ့ ပေါင်ချိန်တို့ ခုံပျံကျော်လွှားသိုင်းကစားတဲ့ ရူပါဖြောင့်ဖြောင့် ကျန်ကျောင်းတို့ရယ်ကြောင့် တီဗီဇာတ်လမ်းတွေကို အာရုံရောက်သွားခဲ့ပြီး ရေဒီယိုကို အဆက်အသွယ်ပြတ်သွားခဲ့တာကြောင့် နောက်ပိုင်း လေလှိုင်းပျော်မောင်နှမတွေနဲ့ အဆက်အသွယ်မရှိခဲ့တော့ပါဘူး။ ဒါတောင်မှ “ရန်ကုန်မြို့ ၊လှည်းတန်း အောင်ချမ်းသာလမ်းမှ ၀ါဝါခိုင်မင်း”က ...ဆိုပြီးတော့ အားရင်အားသလို ရေဒီယိုနားမထောင်ဖြစ်ပေမယ့် သီချင်းလက်ဆောင်လေးတွေ ရေးပို့တောင်းဆိုဖြစ်ခဲ့ပါသေးတယ်။ “ရန်ကုန်တက္ကသိုလ် ၊မဟာသိပ္ပံ အပိုင်း .ခ သတ္တဗေဒမှ ၀ါဝါခိုင်မင်းက” ဆိုပြီး လည်း သီးချင်းလက်ဆောင်လေးတွေ ဆက်တောင်းနေဖြစ်ခဲ့ပါသေးတယ်.... နောက်တော့ မောင် နဲ့တွေ့ ချစ်သူရပြီး အဲဒါတွေကို မေ့ထားလိုက်ပါတော့တယ်လေ.. ဟတ်ဟတ်ဟားးး ( မုန်းစရာကြီးလို့ ပြောမလားပဲ မေခ က)း)))
ဒီလိုနဲ့ပဲ ၀ါဝါခိုင်မင်းတစ်ယောက် ဘလော့ဂ် ၊ဘလော့ဂ်ဆိုတော့ ဘလော့ဂ်လိုက်ပြန်တာ ဘက်ဆဲလ်လားစာရေးဆရာမကြီး မနော်ဟရီက စီဘုံးထဲမှာ “၀ါဝါခိုင်မင်းဆိုတဲ့နာမည်လေး ကြားဖူးလို့ လာလည်တာ” လို့ဆိုပြန်လေတော့ လိပ်စာမချန်ထားတဲ့ သူမဆီကို တခြားအိမ်တွေမှာ လိပ်စာလိုက်ရှာပြီး အရောက်သွားပြန်နှုတ်ဆက်ရင်းနဲ့ တချိန်က လေလှိုင်းပျော်ဝါသနာတူညီအစ်မတွေဖြစ်ခဲ့လေတော့ မနော်နဲ့ ကျွန်မဟာ တော်တော်လေးရင်းနှီးခင်မင်သွားခဲ့ကြပါတယ်။
အရင်က လေလှိုင်းပျော်မောင်နှမတွေဟာလည်း အခုဘလော့ဂါမောင်နှမတွေလိုပဲ စည်းလုံးချစ်ခင်ခဲ့ကြပါတယ်။ အပြင်မှာတွေ့ဆုံပွဲတွေလုပ်ကြပြီး ကဗျာစာအုပ်ကလေးတွေစုထုတ်ကြတာ ကျွန်မဒီမှာရောက်နေတုန်း မထင်မှတ်ပါပဲ မိတ်ဆွေတစ်ယောက်ဆီကနေ ၂၀၀၆ ခုနှစ်ကထုတ်ဝေခဲ့တဲ့ “ လေလှိုင်းပျော်ချစ်သူများရဲ့ နှလုံးသားဒဏ္ဍာရီ ”ရင်တွင်းဖြစ်ကဗျာများဆိုတဲ့ စာအုပ်ကလေး လက်ဆောင်ရရှိခဲ့လို့ ၀မ်းသာမိခဲ့ပါသေးတယ်။ အဲဒီကဗျာ စာအုပ်ကလေးထဲမှာ စာရေးဆရာမကြီိးမနော်လည်း ကဗျာတစ်ပုဒ်ပါဝင်ရေးထားပါသေးတယ်။ကျွန်မက ကဗျာလေးတွေကြိုက်တတ်တော့ အဲဒီကဗျာစာအုပ်ကလေးကို မြတ်နိုးစွာအမှတ်တရ သိမ်းထားခဲ့ပါတယ်။ ကဗျာလေးတွေအားလုံးထဲကနေ ကျွန်မတို့ လေလှိုင်းပျော်မောင်နှမတွေအတွက် အမှတ်တရဖြစ်စေမယ့် ကဗျာလေးတစ်ပုဒ်ကို ဒီပို့စ်လေးရဲ့အမှတ်တရလေးအဖြစ် ထည့်သွင်းဖော်ပြလိုက်ပါတယ်ရှင်...
“ ဒီဇင်ဘာရဲ့ကမ္ဘာလေး ”
မင်္ဂလာအပေါင်း ခညောင်းစေကြောင်း
တောင်းဆုချွေရင်း
ရင်တွင်းကဗျာ ပို့လိုက်ပါသည်
ချစ်သောလေလှိုင်းပျော်များတို့ရေ....
R.F ဆွေများ တွေ့ခဲ့သည်မှာ
နှစ်အတော်ကြာလည်း
ဒီဇင်ဘာရဲ့ဝါသနာ မပြောင်းလဲပါ။
နားဆင်ဆက်သွယ် လှိုင်းပေါင်းစုံဝယ်
RVA ၏ကျေးဇူး မိတ်ဆွေထူးနှင့်
ရင်းနှီးတွေ့ဆုံ ခင်မင်ရုံအပြင်
မိတ်ဖွဲ့စာပြန် ဖော်ရွေပြန်တာ
ဒီဇင်ဘာရဲ့ စိတ်ဓါတ်ပါ။
ကလောင်မိတ်ဆက် ကြားကြဆက်သွယ်
ရောက်လာမစဲ တဖွဲဖွဲနှင့်
မိတ်ဖွဲ့စာများ ပြန်ရသည်မှာ
မမောနိုင်ပဲ ပီတိအပြုံးနဲ့ တုန့်ပြန်ခဲ့တာ
ဒီဇင်ဘာရဲ့မေတ္တာပါ။
ခင်မင်ဖူးတဲ့ R.Fတွေအား
လေးစားစွာဖြင့် နှစ်စဉ်အမြဲ
မေတ္တာမွေးနေ့ တေးပါးပေး၍
ယနေ့အချိန်ထိဆက်သွယ်ခဲ့တာ
ဒီဇင်ဘာရဲ့ တွယ်တာမှု့ပါ..။
မွေးနေ့မေတ္တာ လေးစားစွာဖြင့်
လေလှိုင်းစုံကို နားဆင်ရုံအပြင်
R.F ၀ါသနာရှင် မောင်မယ်များအား
လေလှိုင်းပေါ်မှ ဖိတ်ခေါ်ပါ၏။
ဒီဇင်ဘာရဲ့
မွေးရပ်ရွှေမြေ မကွေးဌာနေကို
အလည်တစ်ခေါက် လာရောက်ခဲ့ရန်
ဆန္ဒမွန်ဖြင့် လက်ကမ်းကြိုရင်း
အားလုံူးမကျန် ချမ်းသာသုခ
လိုရာဆန္ဒပြည့်ဝစေရန်
ဆုမွန်ချွေသ မေတ္တာပို့သလိုက်ပါသည်။
ဒီဇင်ဘာကြူကြူလှိုင်
***************************
( ps. ချစ်တဲ့ မနော် နဲ့ မောင်လေးဖိုးစိန် တို့ ကျေနပ်နိုင်ကြပါစေ။)
ပျော်ရွှင်ချမ်းမြေ့ကြပါစေ.
အားလုံးကိုလေးစားခင်မင်စွာနဲ့
WWKM
Sunday, May 24, 2009
My nickname
ဘလော့ဂ်စရေးပြီး ၃ လလောက်ကြာမှ ဘလောဂါလောကထဲဝင်ရောက်ဖြစ်ခဲ့ပါတယ်... ဘလော့ဂါလောကထဲရောက်ပြီးမှ သူများတွေ nickname လေးတွေသုံးပြီး ဘလောဂင်နေကြတာကြောင့် ကျွန်မလည်း ကျွန်မရဲ့ဂျီတော့ nick ကလေးဖြစ်တဲ့ “ နန်းဝါ၀ါမောင် ” ဆိုတဲ့ နာမည်လေးကိုပြောင်းကြည့်ခဲ့ပေမယ့် အများစုက ကျွန်မနာမည် “ ၀ါဝါခိုင်မင်း ” ဆိုတာသိထားကြလေတော့ ကျွန်မကလည်း
ဝါ၀ါခိုင်မင်း ဆိုတဲ့ နာမည်အရင်းလေးကိုပဲ ပိုပြီးမြတ်နိုးလို့ ၀ါဝါခိုင်မင်း(WWKM) ဆိုပြီးပဲ ဆက်လက်ရေးသားနေခဲ့ပါတယ်...
ဝါ၀ါခိုင်မင်း ဆိုတဲ့ကျွန်မရဲ့နာမည်လေးကို ကျွန်မအလွန်မြတ်နိုးပါတယ်... တကယ်တော့ ကျွန်မရဲ့ငယ်နာမည်လေးက“ ၀ါဝါခိုင်” ပါ။ကျွန်မ ၁၀ တန်းရောက်တော့ မန္တလေးက ပုဏ္ဍားဗေဒင်ဆရာ ဦးချစ်ဆိုသူက ဖေဖေတို့နဲ့ရင်းနှီးပြီး ကျွန်မတို့နေတဲ့ မြို့လေးကိုအလည်ရောက်လာတော့ ပုဏ္ဍား ဦးချစ်ကို အိမ်မှာဖိတ်ခေါ်ပြီး ကျွန်မအတွက် ဗေဒင်တွက်ပေးစေခဲ့ပါတယ်...ကျွန်မက ၁၀ တန်းဖြေရမှာမို့ အဆောင်ယတြာတွေ လိုအပ်ရင်လုပ်ဆောင်ပေးဘို့တွေလည်းပါပါတယ်.... အဲဒီတုန်းက လူကြီးတွေ စီစဉ်တာနော်.. မီးမီးဘာမှမသိ..း))))
ကျွန်မက ၉ ဂဏန်းသမားလေ... မွေးရက်က ပေါင်းရင် ၉ ၊ မွေးတဲ့ခုနှစ်က ပေါင်းရင် ၉ မို့ ကျွန်မကို ၉ ဂဏန်း အကျိုးပေးတယ်တဲ့ ဗေဒင်ကဟောခဲ့တာပါ။ အဲဒီမှာပဲ ပုဏ္ဍားဦးချစ်က ကျွန်မရဲ့နာမည်နောက်မှာ ကြာသပတေးနာမ် “မ” ပေါင်းပေးရင်အရမ်းကောင်းမယ် (ဗေဒင်ဆရာစကားဆိုတာ နားထောင်သင့်ရင်နားထောင်ရမယ်လေ.)း) ဆိုတော့ ကျွန်မနာမည်
ဝါ၀ါခိုင်ရဲ့ နောက်မှာ ကြာသပတေးနာမ် “ မျိုး နဲ့ မင်း ” ကိုတစ်ခုခုရွေးပါ ဆိုတော့ ကျွန်မဖေဖေရဲ့ငယ်နာမည်က “ မင်းနိုင် ” ဖြစ်တာကြောင့် ဖေဖေ့ရဲ့နာမည်ပါအောင် ၀ါဝါခိုင်မင်း ဆိုပြီးနာမည်ပြောင်းလိုက်ပါတယ်... ကျွန်မနာမည် “ ၀ါဝါခိုင်မင်း ဟုတွင်စေသောဝ်” ဆိုပြီးလည်းပုဏ္ဍားဦးချစ်က ပေပုရပိုဒ်လေး တစ်စောင်ရေးဖွဲ့ပေးခဲ့တာမို့ ကျွန်မမှာ အဲဒီပေပုရပိုဒ်ကလေး အခုအထိ အမှတ်တရရှိနေခဲ့ပါတယ်...ပုဏ္ဍားဦးချစ်ဆိုတာ အရင်က မန္တလေးမှာ နာမည်ကြီးသူတစ်ယောက်ပါ။
“ ၀ါဝါခိုင်မင်း”ဆိုတဲ့နာမည် ဘယ်လောက်ကောင်းသွားသလဲဆိုရင် ၀ါဝါခိုင်မင်းဆိုပြီးနာမည်ပြောင်းပြီးလို့ ၁၀ ရက်လောက်အကြာမှာပဲ ကျွန်မရဲ့အတန်းပိုင်ဆရာမက တစ်ခါမှမခေါ်ဘူးတဲ့ မေမေကိုကျောင်းကိုလာပြီး ဆရာမနဲ့လာတွေ့ဘို့ စာပို့ခြင်းခံရပါတော့တယ်.. အဟတ်. အခုမှသာရယ်နိုင်တာပါ.. အဲဒီတုန်းက ကျွန်မကဆရာ ၊ဆရာမတွေဆိုရင် အရမ်းရိုသေတတ် ကြောက်တတ်တော့ “ဘာများဖြစ်လို့ပါလိမ့် ငါလည်းဘာအမှားမှ မလုပ်ရပါပဲနဲ့”လို့ ကြောက်မိခဲ့တာတကယ်ပါ။း((
နောက်မှ မေမေကျောင်းမှာဆရာမနဲ့သွားတွေ့ပြီးသိလိုက်ရတာက ကျွန်မနာမည် ၀ါဝါခိုင် ကနေ ၀ါဝါခိုင်မင်း အဖြစ်ပြောင်းတော့ သတင်းစာထဲမှာ ကြော်ငြာထည့်ခဲ့ရပါတယ်..... သတင်းစာထဲမှာ ကြော်ငြာပါပြီး ၁၀ ရက်အတွင်းမှာ ဗေဒင်ဆရာကြောင့်
( နာမည်ဘယ်လောက်ကောင်းသွားသလဲမသိဘူး )ကျွန်မဆီကို ကျောင်းလိပ်စာနဲ့ မိတ်ဆက်စာတွေ ၁၅ စောင်လောက်ရောက်လာခဲ့လို့ပါပဲ.. အဟီးး ... ဘယ်သူတွေ ဘာရေးလာတယ် ကျွန်မ မသိလိုက်ရပါဘူး။မေမေက ကျွန်မရဲ့ဆရာမဆီကနေ စာတွေယူလာပြီး ဖျောက်ပြစ်လိုက်တာပဲလေ...း)))) အဲဒီလိုနဲ့ ကျွန်မရဲ့နာမည်လေးက ၀ါဝါခိုင်မင်း ဟုခေါ်ပါသည် ဖြစ်သွားခဲ့ပါတယ်... ( ဟတ်ဟတ် ရေးခိုင်းတာက nick name အကြောင်း .ဒါပေမယ့် ကြုံလို့ ကျွန်မနာမည်လေးဖြစ်တည်လာပုံအကြောင်းလေးရေးလိုက်မိပါတယ်။)
ကျွန်မရဲ့နာမည်လေးကို ကျွန်မမြတ်နိုးလို့ နေရာတကာမှာ ဒီနာမည်လေးကိုပဲ ကျွန်မသုံးဖြစ်ခဲ့ပါတယ်။ ဒီ
ဝါ၀ါခိုင်မင်း ဆိုတဲ့ နာမည်ကို အင်္ဂလိပ်လိုပေါင်းရင် ဂဏန်းက ၉ ဂဏန်းရပါတယ်.... ၉ ဂဏန်းသမားတွေက နဲနဲဂျစ်ကန်ကန်နိုင်တယ် ထင်ပါတယ်.... တိုက်ဆိုင်စွာပဲ ကျွန်မက ပြန်မပြော နားမထောင်တတ်တဲ့ Scopion ဖွား ဖြစ်နေပြန်လေတော့ ကျွန်မအမျိုးသားက ကျွန်မကို ဘွဲ့တစ်ခုပေးထားပါတယ်... “ ပြန်မပြော နားမထောင် လူ့ဂွစာကောင်” တဲ့လေ... ဟတ် ဟတ် ဟတ် ( ဒီတခါတော့ အရမ်းရယ်ချင်လို့ ကိုရန်အောင်ရယ်သလိုပဲ ဟတ် ဟတ် ဟတ် ၃ ခါ ရယ်လိုက်ပါတယ်... ဖြစ်နိုင်ရင်တော့ ဟတ် ဟတ် ဟတ် ဟတ် ဟတ် ဆိုပြီး ၄ ၊ ၅ခါလောက် ဆက်ရယ်ချင်တာပါ။ တော်ပြီ အပြင်မှာပဲ အားရပါးရ ရယ်တော့မယ်နော်..း))))))
ကဲ..စမယ် nick name အကြောင်းလေး .........
ကျွန်မကို ငယ်သူငယ်ချင်းတွေက .....
“၀ါဝါ ”
“ခိုင် ”
“၀ါခိုင်”
“ချစ်ခိုင်”ဆိုပြီးခေါ်ခဲ့ကြပါတယ်... ( ငယ်ငယ်တုန်းကတော့ ယုံပါရင်သို့ တိုးဝှေ့ဆဲပါ ခိုင်) ပေါ့..း)))))
အခု ဘလော့လောကထဲရောက်တော့ ပေါများလိုက်တဲ့နာမည်တွေ..ဘာလာ..ဘာလာ...ဘာလာပေါ့......း)))
ဘလော့ဂါမောင်နှမတွေ ကျွန်မကိုခေါ်ကြတာက...
“မမ၀ါ ”
“မကြီးဝါ ”
“အမ၀ါ ”
“မကြီး”
“မ၀ါ ”
“ဒေါ်ကြီးဝါ ”
“မဂျီး ”
“၀ါဝါ ”
“၀ါ ”
“တီဝါ ”
“တီတီဝါ ”
“တာတာဝီ ”
“အစ်မတော်”
“မမခိုင်” ဆိုတာလဲရှိသေးတယ်... ( အခုတော့ မူပိုင်ရှင်မကြီး မမခိုင်) ပေါ့.း))))
ထပ်ဖြည့်...
“မမ၀ါဝါ” ( ပုလုကွေးကခေါ်သည်။)း))
............................................
ကျွန်မရဲ့ ယောင်းမတွေက ကျွန်မကို ခေါ်တာက.. ...
“ ၀ါလေး ”
..............................................
ကျွန်မအမျိုးသား ကျွန်မကိုအမြဲခေါ်တာက.....
“ အမီး ” ( အမြီး or အမြည်း မဟုတ်ပါ)း))
........................................................
ကျွန်မမေမေ ကျွန်မကိုအခုအထိခေါ်တာက...
“သမီးလေး” ( ကျွန်မမေမေက အခုအထိ ကျွန်မကို ကလေးလေးလို့ထင်နေတုန်း.. မိဘတွေများနော်.)း)
...............................................................
ကျွန်မရဲ့သမီးလေး ကျွန်မကိုခေါ်တာက...
“မေမေ”
“မာမား”
“မာမီ”
.................................................................
ကျွန်မရဲ့တစ်ဦးတည်းသောမောင်လေး ကျွန်မကိုခေါ်တာက...
“ မမ ”
..................................................................
ဘယ်လိုပဲခေါ်ကြ ခေါ်ကြ အားလုံးခေါ်ကြတဲ့နာမည်လေးတွေကို ကျွန်မကြိုက်ပါတယ်.....နှစ်သက်ပါတယ်...
ဘလောဂါလောကမှာ “ မမ၀ါ ၊ တီတီဝါ ”ဆိုပြီး နာမည်လေးတွေ အမှတ်တရတွင်သွားလို့လည်း ဒီနာမည်လေးတွေကို ကျွန်မမြတ်နိုးမိပါတယ်။
ကဲ.. ဘာပဲဖြစ်ဖြစ် ဒီတက်ဂ်ပို့စ်လေးက အမှတ်တရဖြစ်စေတာမို့ ကျွန်မဆက်တက်ပါရစေနော်...ဒီတက်ဂ်ပို့စ်လေးက မောင်နှမတွေတော်တော်များများရေးပြီးနေကြပါပြီ.... အင်းးး မရေးရသေးတဲ့သူတွေကို စဉ်းစားတော့ တက်ဂ်ကြွေးတစ်ခုမကြေသေးဘူး အလိုက်ကိုမသိဘူး နောက်တစ်တက်ဂ်လာပြန်ပြီလို့များ ပြောမလားမသိဘူး.. အဟတ် ..ပြောလဲ မတတ်နိုင်ဘူး။
1.ရယ်စရာဟာသလေးတွေနှောပြီး စာရေးအလွန်ကောင်းတဲ့ ကျွန်မတို့ရဲ့ဘလော့ဂါဆရာကြီးအာကာထွန်း (ခေါ် ) ကိုရန်အောင် ( ကိုရန်အောင်ရေ.. တက်ဂ်ကြွေးတစ်ခုမကြေသေးဘူး နောက်တစ်တက်ဂ်လာပြန်ပြီလို့ စိတ်မရှိပါနဲ့နော်.. ကိုရန်အောင်က စာရေးကောင်းတော့ မောင်နှမတွေကို ဖတ်စေချင်လို့ အမုန်းခံပြီး များများတက်ဂ်ပေးရတာပါ... ဆုတောင်းပေးပါမယ်.. အဟတ်..“ မ ကအရမ်းချစ်ပါစေ” )
ပျော်ရွှင်ချမ်းမြေ့ကြပါစေ..
အားလုံးကိုလေးစားခင်မင်လျှက်
ဝါ၀ါခိုင်မင်း
Saturday, May 23, 2009
နိုင်ဂံဂျားပြန်တစ်ယောက်ရဲ့ ငြီးချင်းး)
ဒီနေ့တော့ နိုင်ဂံဂျားပြန် ( နိုင်ငံခြားပြန်) အကြောင်းလေးပို့စ်ရေးချင်စိတ်ပေါက်လို့ ရေးလိုက်ပါဦးမယ်နော်...
နိုင်ဂံဂျားပြန် ဆိုရင် ကျမတို့မြန်မာတွေက အရမ်းအထင်ကြီးကြတယ်လေ... နိုင်ငံခြားသွားရတော့မယ်ဆိုရင်ပဲ ချက်ချင်းသူဌေးဖြစ်သွားတဲ့ အတိုင်းပါပဲ။ ကျမတို့ ဂျပန်လာရမယ်ဆိုတော့ ရပ်ကွက်ထဲကလူတွေကပြောကြပါတယ်... “မ၀ါတို့တော့ သူဌေးဖြစ်ပြီ ဂျပန်တောင်သွားရမှာ”တဲ့.. ဟတ်ဟတ်. ဂျပန်သွားပြီး ဂျပန်ရောက်သွားတာနဲ့ ငွေဘုံကြီးပေါ်ထိုင်ရတော့မယ့် အတိုင်းပါပဲ...
နိုင်ငံခြားရောက်တဲ့သူတိုင်း အလကားနေကြရင်းနဲ့ သူဌေးမဖြစ်ကြဘူးဆိုတာကို နိုင်ငံခြားမှာရောက်နေကြတဲ့သူတိုင်း သိကြပါတယ်... နိုင်ငံခြားက ပြန်လာကြတဲ့ တကယ့်သူဌေးကြီးတွေလည်းရှိသလိုပဲ နိုင်ငံခြားမှာ အလုပ်ကလေးလုပ်ပြီး စုသင့်တာစု ၊ သုံးသင့်တာသုံး ၊ ကုန်သင့်တာကုန်နဲ့ တချို့ဆိုရင် ၀င်ငွေနဲ့ ထွက်ငွေနဲ့ ကွက်တိ ၊ ငွေဝင်နေတာပဲရှိတာလေ တစ်လ တစ်လ ကိုယ့်ရဲ့ဝင်ငွေကတော့ မြန်မာတွေကြားရင် မက်လောက်စရာကြီးပေါ့ ၊ ဒါပေမယ့် ထွက်တဲ့ငွေကလည်း သူ့နိုင်ငံ သူ့အသုံးစရိတ် ကိုယ်ဝင်တဲ့ဝင်ငွေနဲ့က ကွက်တိ
ဖြစ်လို့နေကြပါတယ်... ပြီးရင် ကုန်စရာတွေကလည်း အလိုလိုပေါ်လာတတ်ပြန်တယ်လေ...း)
နိုင်ငံခြားမှာ အလုပ်ကိုကြိုးစားလုပ်ကြပြီး ခြစ်ခြစ်ကုတ်ကုတ်တကယ်စုဆောင်းနိုင်ကြတဲ့သူတွေလည်းရှိနေကြပါတယ်... အဲဒီလိုလူတွေကိုတော့ လေးစားသလို အားလည်းကျမိပါတယ်... သူတို့တွေ ဒီမှာ အလုပ်ကြိုးစားလုပ် စုဆောင်းကြပြီး မြန်မာပြည်ပြန်ရောက်ကြရင်တော့ အရင်းအနှီးတစ်ခုရသွားပြီး စီးပွားရေးလုပ်ငန်းကောင်းကောင်းတစ်ခု တည်ထောင်နိုင်ကြပြီ ဆိုရင်တော့ သူတို့လို နိုင်ငံခြားပြန်တွေက မြန်မာတွေပြောသလို နိုင်ငံခြားပြန်သူဌေးကြီး ဖြစ်နိုင်တာပေါ့နော်...း)))))
ဥပမာ .. ကျွန်မတို့မိသားစုအကြောင်းလေးကို ပြောပြပါမယ်...( သူဌေးဖြစ်တဲ့အကြောင်း မဟုတ်ဖူးနော်..ငွေစုချင်ပေမယ့် ကုန်စရာတွေက အလိုလိုပေါ်ပြီး ငွေမစုနိုင်တဲ့ အကြောင်းလေးပါ။)း)))
ဦးဥာဏ်ရတဲ့ ပညာသင်ထောက်ပံ့ကြေးငွေက တကယ်တော့ ဂျပန်မှာ လူတစ်ယောက်သုံးစားပြီးနေဘို့ လောက်လောက်ငင ပေးထားတဲ့ငွေပါ။ ဒီဝင်ငွေနဲ့ ကျမတို့က မိသားစုအတူလာနေကြတော့ တစ်လတစ်လေကျရင် အသုံးစရိတ်က ကွက်တိပါ ၊ တစ်လတစ်လေကျရင် စုနိုင်ပါတယ် ၊ အဲ.. တစ်လတစ်လေကျရင်တော့ မလောက်ငှတတ်ပါဘူး။း))))) ဒါပေမယ့် ဦးဥာဏ်က ဒီမှာ super student ဆိုပြီးအရွေးခံရလို့ နောက်ထပ်လခတစ်ခု ထပ်ရပါတယ်... အဲဒါလည်း .. လုံးခြာလိုက်နေခဲ့တာပါပဲ.......း))))မြန်မာပြည်ကမိဘဆွေမျိုးတွေကတော့ ကျမတို့မိသားစုဝင်ငွေက ၂လစာဆိုရင် တိုက်ခန်းတစ်ခန်း ၀ယ်နိုင်တယ်ဆိုပြီး ပိုက်ဆံတွေ အများကြီိးစုမိနေတယ်လို့ ထင်နေကြပါတယ်... ဒါပေမယ့် ကျမက ဖုန်းဆက်တိုင်း ပိုက်ဆံမစုမိကြောင်းငြီးတွားတတ်လို့ ကျမကို “ ဂျပန်ကသူဌေးကလည်းအမြဲငြီးနေတာပဲ ”တဲ့လေ. ဟတ်ဟတ်...
တကယ်ပြောတာပါ... သူများတွေတော့ ပိုက်ဆံစုမိကြမလားမသိဘူး။ ကျမတို့ မိသားစုကတော့ ပိုက်ဆံကို ထင်သလောက်မစုမိပါဘူး။ မစုမိတာကလည်း ကျွန်မက အရမ်းခြစ်ခြစ်ကုတ်ကုတ်ကြီး မသုံးတတ်ပါဘူး။ နိုင်ငံခြားရောက်တုန်း တတ်နိုင်သလောက်ငွေစုမယ် ဆိုတဲ့ အတွေးရှိနေပေမယ့် တော်တော်များများ ကျွန်မက ကိုယ့်စိတ်ကိုကိုယ် အလိုလိုက်မိတာ များပါတယ်.... ခြစ်ခြစ်ကုတ်ကုတ် စုဆောင်းမယ် ဆိုတာထက် ကျွန်မရဲ့ ဆုံးဖြတ်ချက်ကတော့ စုသင့်သလောက်စုမယ်.. သုံးသင့်တာသုံးမယ် ၊ ၂ဖက်မိဘကို တတ်နိုင်သလောက်ထောက်ပံ့မယ် ။ နှစ်ဖက်မိဘကို တတ်နိုင်သလောက်ထောက်ပံ့မယ်ဆိုတာလည်း အခုဆိုရင် ဂျပန်ကနေငွေမပို့ပေးနိုင်တာကြာနေပါပြီရှင်.. ဟိုအကြောင်းပြ ၊ ဒီအကြောင်းပြနဲ့ကိုပဲ ငွေက အလိုလိုကုန်နေတာပါပဲ။ ဒါပေမယ့် မြန်မာပြည်မှာ ကျမတို့ပိုင်တဲ့ တိုက်ခန်းလေး ၂ခန်းနဲ့ ဟန်းဖုန်းလေးကို သူများကိုငှားထားတော့ အဲဒီဝင်ငွေလေးတွေနဲ့ပဲ မိဘတွေကို ထောက်ပံ့နေရတာ နှစ်ချီသွားပါပြီ။ ဒီကနေငွေမပို့ပေးနိုင်တာ နှစ်ချီသွားလို့ပါ။း)))
ကျမတို့ မိသားစု ပထမတစ်နှစ် ၂၀၀၅ မှာ ငွေစုနိုင်ပါတယ် ၊ ဒီရောက်ပြီး သိတ်မကြာခင်မှာ နှစ်ဖက်မိဘကို တစ်ဖက် ၅သိန်းစီ ပို့ပေးနိုင်ခဲ့ပါတယ်။ ပထမတစ်နှစ်မှာ ငွေစုနိုင်တဲ့ အကြောင်းကတော့ အဆောင်မှာနေရတဲ့ အတွက် အဆောင်လခက အများကြီးသက်သာပါတယ်။ အခုနေတဲ့ အခန်းခက တစ်လ ယန်း၆၀၀၀၀ ပေးရပါတယ်... အဆောင်မှာနေတုန်းက တစ်လ ယန်း ၁၀၀၀၀ ပဲပေးရပါတယ်။ ရေဘိုး ၊ မီးဘိုး ၊ ဂက်စ်ဖိုး ၊ အင်တာနက်ဖိုး ၊ဖုန်းဖိုးက အဆောင်မှာနေတုန်းက သိတ်မကုန်ခဲ့ပါဘူး။ အခု အပြင်အိမ်မှာနေတော့ ရေဘိုး ၊ မီးဘိုး ၊ ဂက်စ်ဖိုး ၊ အင်တာနက်ဖိုး ၊ဖုန်းဖိုး နဲ့ ဘာလာ..ဘာလာ.. ဘာလာက ယန်း ၄၀၀၀၀ လောက်ကုန်ကျပါတယ်.....သမီးလေးရဲ့ ကျောင်းလခက လစဉ် ယန်း ၁၇၀၀၀ ပေးရပါတယ်... ဒီကိုရောက်စက ယန်း၁၀၀ ဆိုရင် မြန်မာငွေ ကျပ် ၁၀၀၀ ကျော်ဆိုပြီး တွက်ပြီးသုံးလာခဲ့တာမို့ တော်တော်လေးချွေတာသလို ဖြစ်ခဲ့လို့ အိမ်စားသောက်စရိတ် သိတ်မကုန်ခဲ့ပါဘူး။ ဒါပေမယ့် အခုဆိုရင် ဒီလ ၁၇ ရက်နေ့က ယန်း ၁၀၀၀၀ ထုတ်ထားပြီး တစ်ပတ်စာဈေးဝယ်လိုက်တာ ယန်း ၅၀၀၀ ကျော်ကုန်သွားပါတယ်... သမီးလေးနေမကောင်းလို့ ဆေးခန်းပြလိုက်တာ ယန်း ၃၅၀၀ ကုန်သွားပါတယ်..ကျန်တဲ့ တစ်ထောင်ကျော်က မုန့်လေးဘာလေးစားတော့ ယန်း၁၀၀၀၀ ၁၇ ရက်နေ့ကထုတ်တာ ၂၁ ရက်နေ့မှာ ကုန်သွားပါတော့တယ်.. ပိုက်ဆံက အသုံးမခံပါဘူး။ (၅ ရက်မှာ အပိုသုံးငွေ မပါပဲနဲ့ ယန်း ၁၀၀၀၀ ကုန်သွားပါတယ်.)ဒီလတော့ ငွေစုမယ်လို့ တွေးလိုက်ပေမယ့် ကုန်စရာက အလိုလိုပေါ်လာပြန်တာပါပဲ။
၂၀၀၅ ဒီကိုရောက်ပြီးနှစ်ဖက်မိဘကိုငွေပို့ပေးတယ်.. မောင်နှမ ၄ယောက်ကို မုန့်ဘိုး နည်းနည်းစီပေးလိုက်နိုင်တယ် ဒီလောက်နဲ့ပဲ ၂၀၀၅ ကုန်သွားခဲ့ပါတယ်...
၂၀၀၆ ၂လပိုင်းမှာ ကျွန်မဖေဖေမဆုံးခင် ဆေးကုဘို့ ငွေပို့ပေးလိုက်နိုင်ပါတယ်... ၂၀၀၆ မတ်လမှာတော့ အဆောင်ကနေ အပြင်တိုက်ခန်းမှာ ငှားနေခဲ့ရတဲ့အတွက် ၂၀၀၅ ခုနှစ်က စုမိခဲ့တဲ့ ယန်းသောင်း ၂၀ ကျော်ကို တိုက်ခန်း တစ်လစာအတွက် ( စပေါ်၊ ပွဲစားခ အပါ) ပေးလိုက်ရပါတော့တယ်....ပလုံ.. ပလုံ.........း)))) ငွေစုမိပုံများနော်...း)))))
၂၀၀၆ နှစ်လည်လောက်မှာတော့ မောင်လေး ၂ယောက်ရှိတာ တစ်ယောက်ကို နိုင်ငခြားထွက်နိုင်ဘို့ အရင်းအနှီး ထုတ်ပေးပြီး ၊ မြန်မာပြည်မှာရှိတဲ့ မောင်လေးအတွက် ကိုယ်ပိုင်လုပ်ငန်း လုပ်ဖို့ ငွေ ပို့ပေးခဲ့ပြီး ကျမတို့ လက်ထဲမှာ ငွေလုံးဝ မကျန်တော့လို့ အကြွေးဝယ်ကဒ်နဲ့ သုံးခဲ့ရပါတယ်...း))( ကြွားတာ... ကြွားတာ )း))))
၂၀၀၆ နှစ်အကုန်မှာတော့ “တိုက်ခန်းလေး တစ်ခန်းဝယ်နိုင်အောင် ပိုက်ဆံစုကြမယ်ကွာ ”ဆိုပြီးတော့ ပိုက်ဆံစုကြတာ ၂၀၀၆ နှစ်ကုန်မှာတော့ ကျောက်မြောင်းမှာ ၇ လွှာ တိုက်ခန်းလေးတစ်ခန်းကို ၇၈ သိန်းနဲ့ ၀ယ်နိုင်ခဲ့ကြပါတယ်.... စင်္ကာပူရောက်နေတဲ့ မောင်လေးကလည်း ငွေ၁၅သိန်းပို့ပေးနိုင်ခဲ့လို့ ၀ယ်ဖြစ်သွားခဲ့တာပါ။မဟုတ်ရင် ပိုက်ဆံ မလောက်ပါဘူး။အဲဒီတိုက်ခန်းလေးမှာ ဦးဥာဏ်ကျောင်းက ဆေးကျောင်းသားလေးတွေကို တစ်လ ၃၅၀၀၀ နဲ့ အိမ်ငှားတင်ထားခဲ့တာ အခုအထိပါပဲ။
တကယ်တော့ တိုက်ခန်းကို ငွေတတ်နိုင်ရင် ၃ ၊ ၄ လွှာလောက် ၀ယ်ချင်တာပါ။ ကျွန်မတို့ ပထမပိုင်ထားတဲ့ တိုက်ခန်းကလေးကလည်း ကျောက်မြောင်းမှာပဲ ၄ လွှာပါ။ ၄ လွှာဆိုတော့ လူကြိုက်များပါတယ်။ အဲဒီတိုက်ခန်းလေးကိုတော့ ကျွန်မဒီကိုလာခါနီး ကျွန်မတို့ပိုင်တဲ့ ဆေးခန်းလေးကိုရောင်းပြီး ၀ယ်ခဲ့တာပါ။ အခု ဆရာဝန်တစ်ယောက်ကို အိမ်ငှားတင်ထားခဲ့ပါတယ်... အဲဒီတိုက်ခန်းလေးက အိမ်ငှားခစားနေရတာ ၄ နှစ်ကျော်သွားပြီ ဖြစ်သလို ၄ လွှာဆိုတော့ တိုက်ခန်းဈေးလည်း နည်းနည်း တက်လာပါတယ်။ ( ပညာယူကြပါ.. ပိုက်ဆံစုမိရင် တိုက်ခန်းဝယ်ထားပြီး အိမ်ငှားတင်ထားကြပါ၊ အရှုံးမရှိပါဘူး။း))))
၂၀၀၇ ၊ ဧပြီလမှာတော့ ကျွန်မနေမကောင်းလို့ ကျွန်မနဲ့သမီးလေး မြန်မာပြည်ပြန်သွားခဲ့တာ လေယာဉ်စရိတ်က သားအမိ ၂ယောက် ယန်းသောင်း ၂၀ ကျော် ကုန်ကျပြီး မြန်မာပြည်ရောက်တော့ ၂ လနေကြပြီး ဆေးကုတာနဲ့ ၊အလှူလုပ်တာနဲ့ အသုံးစရိတ်က ၂ လကို သိန်း ၂၀ ကျော်လောက်ကုန်သွားခဲ့ပါတယ်.... ၂ဖက်မိဘကိုလည်း ကန်တော့ဖြစ်ခဲ့တာပေါ့လေ... ပိုက်ဆံက ဒီကိုမပြန်လာခင်ပြတ်သွားလို့ ဦးဥာဏ်ကို ပို့လာခိုင်းတော့ အဲလောက်ပဲကုန်ရသလားဆိုပြီး နည်းနည်းပဲ ပို့ပေးခဲ့ပါတယ်... သူပြန်ရောက်မှ မြန်မာပြည်က အသုံးစရိတ်တွေအကြောင်း သိပါလိမ့်မယ်.. အဟေးးးး))) အဲဒါနဲ့ စင်္ကာပူက မောင်လေးဆီဖုန်းဆက်ပြီး အကူအညီတောင်းတော့ မောင်လေးက ငွေ ၅သိန်းပို့ပေးခဲ့ပါသေးတယ်... မြန်မာပြည်မှာ ၀င်ငွေမရှိပေမယ့် ထွက်တဲ့ငွေက တော်တော်မြန်ပါတယ်ရှင်.. သမီးလေးက “မေမေမုန့်ဘိုးပေး”ဆိုရင် ၂ ယောက်ဆိုရင် ၅၀၀ တန်မှ ရပါတယ်.. မောင်နှမ၀မ်းကွဲ ၄ ယောက်ဆိုတော့ တစ်ခါ မုန့်ဝယ်စားရင်ပဲ (သွားရည်စာလေးပဲ) ၁၀၀၀ တန်ပေးမှရပါတယ်.... ကြေးအိုးဆိုင်ကို မောင်နှမတွေ စုပြီးသွားစားကြရင် ငွေ ၂၀၀၀၀ ကျော်ရှင်းရပါတယ်... ကိုယ်က နိုင်ဂံဂျားပြန်ကြီးဆိုတော့ ဒိုင်ခံရှင်းရတာ များပါတယ်....း))))) ပိုက်ဆံ တစ်သိန်းဆိုရင် ခဏဆို ပလုံသွားတာပါပဲ။ ဒါတောင် ပြန်ခါနီး ပိုက်ဆံပြတ်သွားပြန်လို့ အစ်မက အချိုအအေးကြိုက်တာ ၀ယ်ကျွေးခဲ့ရပါသေးတယ်...း)))
၂၀၀၇ ဇွန်လမှာ သားအမိနှစ်ယောက် ဂျပန်ပြန်လာကြပြီး ၂၀၀၇ သြဂုတ်လမှာ မြန်မာသူငယ်ချင်း မိတ်ဆွေတွေနဲ့အတူ ဂျပန်ပြည်တွင်းခရီး Hamamatsu , Gifu , Kyoto , Kobe , Oosaka , Nagoya မြို့တွေကို အလည်သွားခဲ့ကြပါပြီး Oosaka Hotel မှာ တည်းခဲ့ကြပါတယ်။ Nagoya ရောက်တော့ Nagoyaမြို့မှာ နာမည်ကြီးစိန်ဆိုင်ရှိတာကြောင့် အရောက်သွားကြပြီး နာဂိုရာကို ရောက်ခဲတယ် ၊ရောက်တုန်းဝယ်ကြရအောင်ဆိုပြီး အမှတ်တရ စိန်လက်စွပ်နဲ့ စိန်ဆွဲကြိုး ကို Credit card နဲ့ ၀ယ်ဖြစ်လိုက်တာ ၂၀၀၇ နှစ်ကုန်အထိ အကြွေးဆပ်လိုက်ရပါတော့တယ်လေ။း))))))) ( စိတ်တော့မကောင်းပါဘူး ပြုံးဖြီးဖြီးကြီးနဲ့ပေါ့.. အဟတ်)း)))) အဲလိုနဲ့ ၂၀၀၇ မှာ ဘာငွေမှ မစုမိလိုက်ပါဘူး။
၂၀၀၈ မှာတော့ အကြွေးတွေ ကျေသွားလို့ ပိုက်ဆံပြန်စုကြရအောင်ဆိုပြီး ခရီးသိတ်မထွက်ဖြစ်ပဲ ပိုက်ဆံစုဖြစ်ခဲ့ကြပါတယ်... ဒါပေမယ့် ပိုက်ဆံကို ဘယ်လိုပဲစုစု တစ်နှစ်လုံးနေလို့ သိန်းတစ်ရာပြည့်အောင် မစုနိုင်ပါဘူးလေ... အလွန်ဆုံးစုနိုင် တစ်လ ယန်း၅ သောင်းနှုန်းပါပဲ။ ပိုက်ဆံစုမယ်ဆိုပြီး စုနေဆဲမှာပဲ ၂၀၀၈ စက်တင်ဘာလမှာ ဦးဥာဏ်က ပြင်သစ်မှာစာတန်းဖတ်ဖို့သွားရမှာဖြစ်လို့ လိုအပ်တာတွေဝယ်ပေးရင်း နဲ့ ကုန်စရာတွေက ပေါ်လာပြန်တာပဲလေ... ခရီးစရိတ် နဲ့ ဟိုတယ်စရိတ် ၊စားသောက်စရိတ်တွေ ပြန်ရပေမယ့် ကျန်တာတွေ အကုန် ကိုယ်အိပ်စိုက်ကုန်ရပြန်တာပါပဲ ။ ဦးဥာဏ်က ပြင်သစ်ရောက်မှတော့ မိန်းမအတွက် Louis Vuitton အိပ်ဝယ်ရမယ်ဆိုပြီး ဈေးကြီးလွန်းလို့ ကျွန်မက မမှာပေမယ့် Credit card နဲ့ ၀ယ်လာခဲ့လေတော့ ပြန်လာတော့ ဆပ်ပါဦး အကြွေး ၂ လ။း))))) အဲဒီ Credit card ကြီးက သုံးလို့တော့ အရမ်းကောင်းပါရဲ့ ကြွေးဆပ်ရတော့မယ်ဆိုမှ စာရင်းတွေထွက်လာလိုက်တာ မျက်လုံးပြူးပါရောပဲ.. အဟဲ.( အားလုံး တူတူပဲလေ.. ဟုတ်တယ်ဟုတ်)း)))))
၂၀၀၈ နှစ်ကုန်အထိ အကြွေးဆပ်လိုက်ရပြီးတော့ ၂၀၀၉ မှာ စင်္ကာပူက မောင်လေးမင်္ဂလာဆောင်မယ်ဆိုတော့ သွားချင်ပြန်လေရောလေ.. အဲဒါနဲ့ မောင်လေးတို့ကို လာမယ်ပေါ့ပြောလိုက်တယ်... သူတို့ကလည်း အရမ်းလာစေချင်ကြတယ်... ကျွန်မကလည်း သွားချင်တာ ဘလော့ဂါမောင်နှမတွေနဲ့ဆုံချင်တာလည်းပါတယ်လေ ညီမလေး Dream ကို စင်္ကာပူလာမယ်ဆိုပြီး ပြောပြထားလိုက်တယ်။ ညီမလေးဒရင်းကလည်း ကျွန်မလာရင် ဘလော့ဂါမောင်နှမတွေနဲ့ တွေ့ဆုံပွဲလုပ်နိုင်အောင်သူစီစဉ်ပေးမယ်ဆိုလို့ ပျော်စရာကောင်းမှာပဲဆိုပြီး ပိုသွားချင်ခဲ့မိပါတယ်.... ဒါပေမယ့် စင်္ကာပူမင်္ဂလာပွဲကို မေမေ နဲ့ မမက လာကြမယ် ဆိုတော့ သူတို့ကိုကြုံတုန်း ဂျပန်ဆက်လာစေချင်တာနဲ့ ဂျပန်ဆက်လာနိုင်အောင်ဖိတ်ခေါ်ပြီး ခရီးစရိတ်ပို့ပေးလိုက်ပါတယ်... အဲဒီတော့ ကျွန်မအရမ်းသွားချင်တဲ့ စင်္ကာပူခရီးစဉ်ကို ဖျက်ဖို့အကြောင်းဖန်လာခဲ့ရပါတယ်။ မေမေ နဲ့ မမ ဒီရောက်ရင် သုံးဘို့ငွေလည်းလိုဦးမယ်။ ကျွန်မတို့ပါ စင်္ကာပူသွားရင် ပိုက်ဆံကလောက်နိုင်တော့မှာ မဟုတ်လို့ ဦးဥာဏ် အလုပ်များတာကို အကြောင်းပြပြီး မောင်လေးကို မင်္ဂလာဆောင် မလာနိုင်တော့ကြောင်း ဖျက်ခဲ့ရပါတယ်... တကယ်တော့ ပိုက်ဆံမရှိတော့လို့ပါ။ အဟတ်း))))))
၂၀၀၉ ဇန်န၀ါရီမှာ မေမေ နဲ့ မမ ဒီကိုအလည်ရောက်ကြပြီး လည်စရာနေရာတွေကိုလိုက်ပို့ပေး ၊ အချိန်မရတာရယ် ငွေအခြေအနေရယ်ကြောင့် ဝေးဝေးလံလံနေရာတွေလည်း လိုက်မပို့ပေးနိုင်ခဲ့ပါဘူး။ တိုကျိုပတ်ဝန်းကျင်မှာရှိတဲ့ နာမည်ကြီးနေရာလေးတွေကိုပဲ လိုက်ပို့ဖြစ်ခဲ့ပါတယ်။ ဘယ်သွားသွား တစ်ရက် အပြင်ထွက်ရင် ခရီးစရိတ်နဲ့ စားစရာက ယန်း ၁၀၀၀၀ ပုံမှန် အနည်းဆုံးပါပဲ။ ဂျပန်မှာက ခရီးစရိတ်ကြီးပါတယ်။ ဝေးဝေးလံလံ ဘယ်မှ လိုက်မပို့နိုင်ခဲ့လို့ ဂျပန်ရောက်တုန်း အမှတ်တရအဖြစ် Shinjuku မှာရှိတဲ့ စိန်ဆိုင်ကိုခေါ်သွားပြီး မေမေ ၂ယောက်နဲ့ မမ ၂ယောက်အတွက် လက်စွပ်တစ်ကွင်းစီ လက်ဆောင်ဝယ်ပေးလိုက်ပါတယ်။ မောင်လေး ၂ယောက်အတွက်တော့ နာရီ တစ်ယောက်တစ်လုံးစီပေါ့လေ... ဂျပန်ပြည်အမှတ်တရပေါ့.... ရှင်းလိုက်တာက သိတဲ့အတိုင်း Credit card နဲ့ဆိုတော့ ပလုံ ပလွမ်... ပလုံ ပလွမ် ( အသံတော့ မြည်တယ်. အဟတ်)း))) ဆပ်လိုက်ရတဲ့အကြွေး ဒီလမှပဲကြေပါတော့တယ်လေ... အဟားးးးး ( စုမိတာ..စုမိတာ.. ငွေတွေ ..အဲလောက်)း)))))) ဂျပန်မှာ နေတာ၎နှစ်ကျော်သွားပြီ တိုက်ခန်းလေး တစ်ခန်း နဲ့ ဖုန်းလေးတစ်လုံးပဲ ၀ယ်နိုင်လိုက်ပါတယ်။ သူများတွေကြားရင်တော့ ရယ်မလား မသိပါဘူး။ တကယ်ပြောတာပါ။ ဒီလောက်ကလေးကတော့ ကြွားစရာလည်းမဟုတ်ပါဘူးနော်. .း))))
အခု လာပြန်ပြီ တမျိုး.... ဦးဥာဏ်က စက်တင်ဘာ ပထမပတ်မှာ စင်္ကာပူမှာစာတန်းသွားဖတ်ရပါမယ်။ အဲလိုဆိုတော့ မီးမီးတို့လည်း လိုက်ချင်တယ်ပေါ့နော်..း)))) သွားကြမယ် မိသားစု ၊ မတတ်နိုင်ဘူး ငွေကုန်တာ ကုန်ပါစေတော့ပေါ့။ မြန်မာပြည်ပြန်ရောက်သွားရင် ခရီးထွက်ဖို့ မလွယ်ဘူး။ ဒီတခါ တကယ် စင်္ကာပူသွားကြမယ်လို့ စီစဉ်ထားပြန်ပါလေရဲ့...စင်္ကာပူမှာတော့ ဟိုတယ်တောင်ဘွတ်ကင်လုပ်ထားလိုက်ပြီ..အဟေးးး ဒါပေမယ့် အခုလောလောဆယ် ခက်နေတာက ကျွန်မ ပတ်စ်ပို့စ်ဗီဇာက ၂၀၁၀ ဇန်န၀ါရီလကုန်အထိပဲရှိနေလို့ စကာင်္ပူသံရုံးမှာ ဗီဇာလျှောက်လို့ ရမလားလို့ ဦးဥာဏ်က ဒီနေ့စုံစမ်းတော့ ...စင်္ကာပူ သွားမှာက စက်တင်ဘာလဆိုတော့ အနည်းဆုံး ပတ်စ်ပို့စ်ဗီဇာက ၆ လကျန်မှရမယ်တဲ့လေ။ အဲဒါနဲ့ မြန်မာသံရုံးသွားပြီး အခွန်ဆောင်ပြီး ပတ်စ်ပို့သက်တမ်းမကုန်ခင် သက်တမ်းကြိုတိုးရပါဦးမယ်ရှင်။း)))) ကုန်စရာတွေက အဲလိုပေါ်လာတာ....
ဒီတခါတော့ မဖြစ်မနေ လာနိုင်အောင်ကြိုးစားနေပါတယ်... မောင်နှမတွေ အများကြီးနဲ့ တွေ့ဆုံချင်ပါတယ်။
ကျွန်မလာရင် မုန့်ကျွေးဘို့ ကြိုတင်ဘွတ်ကင်လုပ်နေတဲ့သူတွေရှိနေပါတယ်... အဟားးး စားရဦးမှာပဲ... ပိုက်ဆံမရှိဘူးလို့ ကြိုငြီးပြထားတာနော်.... တကယ်လာမှ မပြေးကြနဲ့ .... ဒီက လေယာဉ်စရိတ်နဲ့ ဟိုတယ်ခပဲ အကုန်ခံမှာ... စကာင်္ပူရောက်ရင်တော့ ဘလော့ဂါမောင်နှမတွေအိမ်ကို တစ်အိမ်တက်ဆင်း လိုက်စားရတော့မှာပဲ။ အခုကတည်းက သတင်းပေးထားတာနော်.. ကြိုရှောင်ပုန်းနေလို့ရတယ်.....း)))))))
ဟူးးးးး ရေးရတာ အရမ်းရှည်သွားပြီ။ ဒီနေ့ သောကြာနေ့မို့ ပို့စ်တစ်ခုရေးဖြစ်အောင်ရေးမယ်ဆိုပြီး ကြံဖန်ရေးလိုက်တာပဲ။း))) ပျော်လိုက်တာ ရေးပြီးသွားလို့.... ရေးရင်းတန်းလန်း ပစ်ထားတဲ့ပို့စ်တွေများနေတယ်လေ.. စာရေးရင်း စိတ်မပါတော့လို့ အဆုံးမသတ်ဖြစ်တာတွေ အများကြီးပဲ.. အဟတ်..
ကဲ..ကဲ... “ နိုင်ဂံဂျားပြန်တစ်ယောက်ရဲ့ငြီးချင်း”ကို မြန်မာပြည်ကလူတွေ သိအောင်ရေးကြရအောင် အခုအချိန်ကစပြီး တက်ဂ်ပါတော့မယ်.... ကိုယ်ကသာ ငြီးနေရတာလား မသိပါဘူး... ကျန်တဲ့သူတွေက ငြီးစရာမှ ရှိပါ့မလား...သူဌေးတွေလားမသိ ..း))))))
ကဲ..စမယ်.. ဟပ်ချလောင်းးးးးးးးးးးးးးးးးး
1. သီချင်းတော့ မဆိုပါရစေနဲ့ တခြားဟာတက်ဂ်ရင် ရေးပေးပါမယ်လို့ပြောတဲ့ ကိုရန်အောင် (ရေးပြီး)
2.ကျွန်မချစ်တဲ့မေခ ( မနော်ဟရီ) ( ရေးပြီး)
3.ကိုယ့်ဘ၀အကြောင်းလေးတွေကို အမှတ်တရ ဖွဲ့နွဲ့ရေးတတ်တဲ့ စာရေးကောင်းတဲ့ ရွာသားလေးဝိုင်တီယူ(ရေးပြီး)
4.အခုတလော ဘလော့ဂ်တခွင်ပြဲပြဲစင်အောင် မသိသူမရှိ နာမည်ကြီး ဘလော့ဂါ ဖိုးစွံလေး မောင်လေးဖိုးစိန် (ရေးပြီး)
5.ကျမကိုအစ်မကြီးတစ်ယောက်လို ချစ်တဲ့ ဗလကြီးကြီးနဲ့ ညီမလေးမေတ္တာရောင်ပြန် ( ရေးပြီး)
6.နိုင်ငံခြားရောက်နေတဲ့သူတွေဆိုရင် မြန်မာပြည်ကသူငယ်ချင်းတွေက အရမ်းအထင်ကြီးကြတယ်လို့ ငြီးပြီး ပို့စ်လေးရေးဘူးတဲ့ မောင်လေးတောင်ပေါ်သား (ရေးပြီး)
7.မမ၀ါတို့မိသားစု စင်္ကာပူလာရင် ရှမ်းစားသောက်ဆိုင်မှာ သူပဲကျွေးမယ် တခြားသူကျွေးတာ မစားရဘူးလို့ ကြိုတင်ဘွတ်ကင်လုပ်ထားတဲ့ မောင်လေးပုလုကွေး (ရေးပြီး)
8.ဘလော့ဂ်လေး ဖုံတက်ရုံတင်မကဘူး ပင့်ကူပါတက်နေလို့ တက်ဂ်လိုက်ပါတယ် မောင်လေးချစ်ခြင်းခြေရာ (ရေးပြပါဦး မြန်မာပြည်ပြန်ရောက်ရင်ကိုယ်ပိုင်ဆေးခန်းဖွင့်ဘို့ ပိုက်ဆံ တွေဘယ်လောက်စုမိနေပြီလဲလို့.)
9.၂၀၀၉ မှာ ဂျပန်ကို အလည်လာမယ့် ထိုင်ဝမ်မှ သူဌေးကြီး မောင်လေးနေလင်း
10.ဂျပန်ပြည်ရောက်သူဌေးလေး မောင်လေးဝသန်မိုး ( ရေးပြီး)
( ၃ယောက်ပဲ ကျန်ပါသည်..နောက်ဆုံးကျန်တဲ့သူ အပျိုကြီး (သို့) လူပျိုကြီးဖြစ်ပါလိမ့်မည်။ မဖြစ်ချင်ရင် အမြန်ရေးပါ။)း))))
WWKM
Wednesday, May 20, 2009
သူတို့တွေ အရင်ဘ၀က ဘာကုသိုလ်တွေ လုပ်ခဲ့ကြပါလိမ့်. :D
အရင်တစ်ပတ်က TV အစီအစဉ်မှာလာတဲ့ တန်ဖိုးကြီးလွန်းလှတဲ့ ဖက်ရှင်တွေကို ကြည့်ပြီး မောင်နှမတွေကို ပြန်လည်မျှဝေချင်လို့ ဓါတ်ပုံရိုက်ထားခဲ့ပါတယ်..
သူတို့ ကုသိုလ်ကောင်းလိုက်ကြပုံများနော်... အရင်ဘ၀က ဘာကောင်းမှုကုသိုလ်တွေများ လုပ်ခဲ့ကြပါလိမ့်.... :D
IKKO Fashion
သူက IKKO ( အစ်ခိုစံ) ဖြစ်ပြီး မိတ်ကပ်အလှပြင်ဆရာတစ်ယောက်ဖြစ်ပါတယ်။ အခု သူဝတ်ထားတဲ့ အ၀တ်အစား ဖက်ရှင်ရဲ့ တန်ဖိုးကတော့ ယန်း ၇၇၇ မန်း ၈၀၀၀ ယန်း ဖြစ်ပါတယ်.. မြန်မာငွေနဲ့တွက်ရင် သိန်းပေါင်း ၁၀၀၀ နီးပါးတန်ဘိုးရှိပါတယ်.. ဖြစ်ပုံများနော်...း)
အစ်ခို ရဲ့ လက်စွပ်က ယန်း သောင်း ၆၀၀ ပါ။ မြန်မာငွေနဲ့ဆိုရင် သိန်း ၇၀၀ ကျော်ခန့်ပေါ့.. :D
အစ်ခိုရဲ့ နားကပ်က ယန်းသောင်း ၁၅၀ တဲ့... မြန်မာငွေနဲ့ တွက်ရင် သိန်း ၂၀၀ နီးပါးပါပဲ။း)
အစ်ခိုကိုင်ထားတဲ့ အိတ်က ယန်း ၁၆ သောင်း ၈၀၀၀ ယန်း ဖြစ်ပါတယ်။( မြန်မာငွေ နဲ့ သိန်း ၂၀ ခန့်)
အစ်ခိုရဲ့ ဖိနပ်က ယန်း ၇သောင်း ၅၀၀၀ ယန်း ဖြစ်ပါတယ်။( မြန်မာငွေနဲ့ ၁၀ သိန်းနီးပါးပါပဲ) ဘာတွေများထူးခြားပါလိမ့် ကျွန်မကို အလကားပေးရင်တောင် စီးဖြစ်ပါ့မလားမသိဘူး။အလှကြည့်ဘို့ ရှိုးကေ့စ်ထဲပဲ ထည့်ထားဖြစ်မလားမသိ.. ဟတ်ဟတ်
အစ်ခိုရဲ့ ကုတ်အကျီက ယန်း ၃သောင်း( မြန်မာငွေနဲ့ ကျပ် ၃သိန်းခွဲ ခန့်)
အစ်ခိုရဲ့ဖက်ရှင်တစ်ခုလုံးတန်ဖိုးငွေ= မြန်မာငွေကျပ်သိန်းပေါင်း ၁၀၀၀ နီးပါး :D
***************************************
NISHI KAWA SENSEI
( နိရှိကာဝါ ဆဲန်းဆေး)
NISHI KAWA SAN က ဆရာဝန်ဖြစ်ပြီး တော်တော်လေး ချမ်းသာတဲ့သူတစ်ယောက်ဖြစ်ပါတယ်..အိမ်ထောင်မရှိသေးတဲ့ဆရာဝန်မ တစ်ယောက်ဖြစ်ပြီး သူလပ်ထပ်မယ့်သူဟာ တစ်နှစ်ကို ယန်းသောင်း ၂၀၀၀ကျော် ၀င်ငွေရှိတဲ့သူဖြစ်ရပါမယ်လို့ သူမရဲ့ အင်တာဗြူး တစ်ခုမှာပြောသွားတာကို မှတ်သားလိုက်ရပါတယ်..ကဲ
တစ်လကို မြန်မာငွေသိန်း ၂၀၀ကျော်ဝင်ငွေရှိတဲ့သူတွေ လျှောက်လွှာတင်နိုင်ကြတယ်နော်. ဟတ်ဟတ်.:DNISHI KAWA SENSEI ၀တ်ထားတဲ့ ဖက်ရှင်က ယန်းသောင်းပေါင်း ၂၁၉၂ နဲ့ ၂၀၀၀ယန်း တန်ဖိုးရှိပါတယ်တဲ့။ မြန်မာငွေနဲ့တွက်ရင် သိန်းပေါင်း ၂၅၀၀ ခန့်ရှိပါတယ်ရှင်။ ( အဲလောက်ပိုက်ဆံရှိလို့ကတော့
ဝင်ဒါမီယာမှာ တိုက်တစ်လုံးလောက်
ဝယ်လိုက်ချင်ပါရဲ့ .) :P
**********************
ဒေါက်တာနိရှိကာဝါ ရဲ့ လက်စွပ်က ယန်းသောင်း ၇၀၀ ပါတဲ့။( မြန်မာငွေနဲ့ သိန်း ၈၀၀ ကျော်ခန့်)
ဒီလက်စွပ် ၂ကွင်းက ယန်းသောင်း ၃၄၀ ပါ။(မြန်မာငွေနဲ့ သိန်း ၄၀၀ ခန့်)
နိရှိကာဝါဆဲန်းဆေးရဲ့ဆွဲကြိုးက ယန်းသောင်း ၁၄၀ပါ။( မြန်မာငွေနဲ့ သိန်း၂၀၀ နီးပါး )
နိရှိကာဝါ ဆဲန်းဆေးရဲ့ နားကပ်က ယန်းသောင်း ၄၀၀ ပါတဲ့ရှင်။( မြန်မာငွေနဲ့ သိန်း ၅၀၀ ခန့်)
နိရှိကာဝါ ဆဲန်းဆေးရဲ့ နာရီက ယန်း သောင်း ၃၀၀ ( မြန်မာငွေနဲ့ သိန်း ၃၅၀ ခန့်)
အိတ်ရဲ့တန်ဖိုးက ယန်း ၂၅ သောင်းပါ။
(မြန်မာငွေနဲ့ သိန်း၃၀ ခန့်)
နိရှိကာဝါဆဲန်းဆေးရဲ့ အကျီက ယန်း ၃သောင်း( မြန်မာငွေ သုံးသိန်းခွဲခန့်)
နိရှိကာဝါ ဆဲန်းဆေးရဲ့ စကတ်က ယန်း ၉ သောင်းပါတဲ့ရှင်။ ( မြန်မာငွေ ၁၀ သိန်းခန့်)
(အဲလို စကတ်မျိုး ကျွန်မကို အလကားပေးရင်တောင် စဉ်းစားရဦးမယ်.ဟတ်ဟတ်)း)))))
叶美香 kano mika san( ခနိုမိကစံ)
KANO MIKA SAN ရဲ့ဖက်ရှင်ကတော့ ၂ အိုခု ယန်းသောင်း ၃၀၈၀ နဲ့ ၈၀၀၀ ယန်း တန်ဖိုးရှိပါတယ်။ (မြန်မာငွေနဲ့တွက်ရင် သိန်းပေါင်း နှစ်သောင်းခွဲ ခန့်) သြော်..အရင်ဘ၀က ဘာကုသိုလ်တွေများ လုပ်ခဲ့ပါလိမ့်နော်.. :D
သူဝတ်ထားတဲ့ လက်စွပ်ကပဲ ၂ အိုခု ( မြန်မာငွေ သိန်းပေါင်း ၂၀၀၀၀ ကျော် တန်ဖိုးရှိပါတယ်)း)))))
( ကျွန်မသာ သူမ၀တ်ထားတဲ့ လက်စွပ်မျိုး ကောက်ရခဲ့ရင်တောင် အဲလောက်တန်ဖိုးရှိလိမ့်မယ်လို့ ထင်မှာမဟုတ်ဖူး)း))))))
ကဲ... လက်ဆောင်လိုချင်တဲ့သူတွေ အမြန်ဆက်သွယ်ကြပါ။ ( ဒီပုံလေးတွေကို ပြောတာပါနော်.)း))))
ပျော်ရွှင်ချမ်းမြေ့ကြပါစေ.
အားလုံးကိုလေးစားခင်မင်လျှက်
WWKM
(Ps. ယန်း ၈၅၀၀ ကို မြန်မာငွေ ၁၀၀၀၀၀( တစ်သိန်းကျပ်) နဲ့ အကြမ်းဖျင်းတွက်ထားခြင်းသာ ဖြစ်ပါတယ်။)
Tuesday, May 19, 2009
သမီးလေး
လာမယ့် (စနေနေ့)၂၃ ရက်နေ့မှာ သမီးလေးတို့ကျောင်းမှာ (運動 会 Undou Kai)ကျောင်းအားကစားပွဲတော်ကျင်းပမှာဖြစ်ပါတယ်... အဲဒီပွဲအတွက်လည်း သမီးလေးဟာ နေ့စဉ် အကတွေလေ့ကျင့်နေရသလို အတန်းထဲမှာ သမီးလေးက အကအတော်ဆုံးဖြစ်တာကြောင့် အတန်းခေါင်းဆောင် အကဆရာမအဖြစ်ခန့်အပ်ခြင်းခံထားရပါတယ်။ သမီးလေးရဲ့ အတန်းပိုင်ဆရာမက သမီးလေးကို အရမ်းချစ်ပါတယ်... အရင်တခါ ကျွန်မတို့မိသားစု အိုဒိုင်းဘားမှာအဆောင်လျှောက်ဖြစ်ပြီး အဆောင်ဝင်ခွင့်ရရင်ပြောင်းမှာဖြစ်ကြောင်း သမီးလေးရဲ့ဆရာမကိုပြောပြတော့ ဆရာမက မျက်ရည်တွေဝဲပြီး မပြောင်းစေချင်ကြောင်းပြောပြလာပါတယ်။
သမီးလေးဟာ ပထမတန်းတုန်းက အတန်းထဲမှာ လက်ရေးအလှဆုံးဆုရခဲ့ပေမယ့် ကျောင်းပေါင်းစုံပြိုင်ပွဲဝင်တော့ ဆုမချိတ်ခဲ့ပါဘူး..ဒါပေမယ့် ကျောင်းကနေတော့ လက်ရေးအလှဆုံးဆုကို ရရှိခဲ့ပါတယ်။ သမီးလေးရဲ့အတန်းပိုင်ဆရာမက ခိုင်ကျန်ကသူ့ကိုချစ်ကြောင်း ၊ သူနေမကောင်းတော့ သူ့ဆီစာရေးလာကြောင်း ၊ ပြီးတော့ သူနေကောင်းပြီး ကျောင်းလာတော့ စိတ်ပူစွာနဲ့ သူ့ကိုလာမေးကြောင်း၊တစ်ခန်းလုံးမှာ ခိုင်ကျန်တစ်ယောက်တည်းသာ သူ့ကို စိတ်ပူစွာနဲ့ မေးခဲ့ကြောင်းကို မိဘတွေအားလုံးလုပ်တဲ့ အစည်အဝေးတစ်ခုမှာ သမီးလေးရဲ့ဆရာမက အားလုံးကိုပြောပြခဲ့ပါတယ်။ အဲဒါက ကျွန်မတို့ရဲ့ မြန်မာယဉ်ကျေးမှု ၊ မြန်မာစိတ်ဓါတ်ကလေးပါရှင်။ သမီးလေးမှာ တစ်ဦးအပေါ်တစ်ဦး ရင်းနှီးနွေးတွေးစွာ ဆက်ဆံတတ်တဲ့ ၊ သူတစ်ပါး အားငယ်ချိန်မှာ အားပေးတတ်တဲ့ မြန်မာ့စိတ်ဓါတ်ကလေးရှိနေတာကိုတော့ ကျွန်မတကယ်ပဲ ၀မ်းသာပီတိဖြစ်မိပါတယ်ရှင်။
အခုသမီးလေးက ဒုတိယတန်းကျောင်းသူကြီးဖြစ်တော့ ပထမတန်းဝင်လာတဲ့ကလေးတွေက ခိုင်ကျန်..ခိုင်ကျန်ဆိုပြီး သူ့ကိုချစ်ကြပါတယ်... ဘာလို့လဲဆိုရင် သမီးလေးက အခုမှကျောင်းအသစ်စ၀င်လာတဲ့ ကလေးတွေကို အစ်မကြီးလုပ်ပြီး ကစားကူတတ်ပါတယ်.... တခါတလေ ကျွန်မက သမီးလေးကို ကျောင်းသွားကြိုရင် “ခိုင်ကျန်မပြန်နဲ့ဦး”ဆိုပြီး ကလေးလေးတွေက သမီးလေးကို အတင်းလာဖက်ထားတတ်ပါတယ်.... အဲဒီလို အချိန်ဆိုရင် သမီးလေးရဲ့ မျက်နှာမှာ ပီတိအပြုံးတွေ ဝေလို့ပေါ့.....
အခုတလော ဂျပန်မှာနေမကောင်းဖြစ်ကြတဲ့သူတွေများတယ်.. ရာသီဥတုက အေးရာကနေ ချက်ချင်းပူလာတော့ ရာသီဥတုအကူးအပြောင်းမှာ နေမကောင်းဖြစ်ကြတာပေါ့ ။ ဟိုတစ်နေ့ကပဲ ကျမနေမကောင်းတဲ့အချိန် ညီမလေးမြရွက်ဝေ ဖုန်းဆက်လာတော့ ပျော်သွားတယ်.... ညီမလေးတို့ စုံတွဲလည်း နေလို့မကောင်းဖြစ်နေကြတယ်တဲ့.... ဒါပေမယ့် အဲဒီနေ့က ညီမလေးမြရွက်ဝေ နဲ့ နာရီဝက်ကျော်ကျော်စကားပြောကြပြီး ကျွန်မအားတွေရှိသလိုခံစားလိုက်ရပြီး အဲဒီညနေကစပြီးတော့ ကျွန်မက ပြန်နေကောင်းသွားခဲ့ပါတယ်။ ကျေးဇူးတင်ပါတယ် ညီမလေးရေ.... ကိုယ်တစ်ယောက်တည်းနေမကောင်းဖြစ်နေသလားလို့ အားငယ်နေတာ အဖော်ရသွားလို့ စိတ်မကောင်းပေမယ့် အားရှိသွားတယ်လေ.. :D
သမီးလေးကလည်း အခုရာသီဥတုအကူးအပြောင်းမို့ ညရောက်လို့ သူ့ကိုစောင်ခြုံပေးထားရင် ပူလာပြန်ရင် စောင်ကို ကန်ချပစ်လိုက်တတ်တော့ ကျွန်မတို့က အိပ်ပျော်နေရင် မနက်ပိုင်းပြန်အေးလာတဲ့အချိန်မှာ သူ့ကိုယ်ပေါ်မှာစောင်ကမရှိပဲ အအေးမိရာကနေ အဖျားဝင်လာတော့တာပါပဲ....
မနေ့တုန်းက ကျောင်းကနေ သားအမိနှစ်ယောက်လမ်းလျှောက်ပြန်လာကြပြီး အိမ်ပြန်ရောက်တာနဲ့ ကျွန်မက သူပြန်လာရင်စားဘို့ သူကြိုက်တဲ့ ပုဇွန်တန်ပူရာကြော်ကိုဝယ်ထားခဲ့တာမို့ ထမင်းနဲ့တန်ပူရာကြော် ၊ မီဆိုဆွပ် တို့ကို အသင့်ပြင်ပေးပေမယ့် သူကုန်အောင်မစားနိုင်ခဲ့ပါဘူး။ အဲဒါနဲ့ ကျမလည်းစိတ်ပူပြီး “ သမီးလေး ဘာစားချင်လဲ..သမီးစားချင်တာ မာမားလုပ်ပေးမယ်” ဆိုတော့ သူဘာမှ မစားချင်ဘူးဆိုတာနဲ့ စတော်ဘယ်ရီဖျော်ရည်ကို တိုက်ပြီး မြန်မာပြည်ကပါလာတဲ့ ချောင်းဆိုးပျောက်ဆေးရည် ZEDEX ကို တိုက်ခဲ့ပါတယ်။ ချောင်းကဆက်ပြီး ဆိုးနေတာကြောင့် ဒီမှာစားကြတဲ့ နိုးဒိုအမဲ ( ချောင်းဆိုးရင်စားတဲ့ချိုချဉ်) လေးကို ငုံထားခိုင်းခဲ့ပါတယ်။ နောက်တော့ သမီးလေးဟာ ချောင်းကလည်းဆိုး၊ မောကလည်းမောနေတော့ ညဆို ၁၀ နာရီလောက်မှာ အမြဲအိပ်နေကျပေမယ့် ညတုန်းကတော့ ၇ နာရီလောက်မှာပဲ အိပ်ပျော်သွားခဲ့ပါတော့တယ်။
ည ၁၁ နာရီလောက်မှာ ချောင်းဆိုးပြီးတစ်ရေးနိုးလာတော့ သူ့အဖေက ကိုယ်ပူတိုင်းကြည့်ပြီး အဖျားနည်းနည်းရှိနေတာနဲ့ နဖူးပေါ် ရေခဲတင်ပေးခဲ့ရပါတယ်.... ညတုန်းကတော်တော်နဲ့ ပြန်အိပ်မပျော်ပဲ ချောင်းကဆိုးပြီး ၊ ကိုယ်ပူလာတော့ အခုဂျပန်မှာဝင်ရောက်လာပြီဖြစ်တဲ့ ၀က်တုတ်ကွေးများဖြစ်လေမလားလို့ စိတ်ပူမိခဲ့ကြပါတယ်။
ဒီနေ့မနက်ရောက်တာနဲ့ ဆေးခန်းကို အစောကြီးသွားပြီးပြခဲ့ရပါတယ်.... ဆရာဝန်ရဲ့အဖြေ ရိုးရိုးအအေးမိပြီးဖျားတာပါ ဆိုမှ စိတ်အေးနိုင်ပါတော့တယ်။ အခုတော့ သမီးလေးက ဆေးသောက်ပြီး တရှူးရှူးနဲ့ အိပ်မောကျလို့ နေပါတော့တယ်။
သမီးလေး အမြန်ဆုံးကျန်းမာပါစေ။
သမီးလေးကို သိပ်ချစ်တဲ့ မေမေ
WWKM
Sunday, May 17, 2009
Today Menu ( မုန့်ဟင်းခါး နဲ့ နံရိုးခေါက်ဆွဲ)
ဒီနေ့စားသောက်စရာလေးတွေကတော့ ......
1. ပဲကြော်နဲ့ မုန့်ဟင်းခါး
2. နံရိုးခေါက်ဆွဲ နဲ့ တိုဖူးကြော် တို့ပဲဖြစ်ပါတယ်ရှင်။
ပဲကြော် နဲ့ မုန့်ဟင်းခါးကတော့ ကျမချက်တာဖြစ်ပြီး ၊ နံရိုးခေါက်ဆွဲ နဲ့ တိုဖူးကြော်ကတော့ ဦးဥာဏ်လက်ရာဖြစ်ပါတယ်။
ကြိုက်ရာကို သုံးဆောင်သွားကြပါဦးရှင်..... :D
ပဲကြော် နဲ့ မုန့်ဟင်းခါး
ပဲကြော် မုန့်ဟင်းခါး
ကုလားပဲခြမ်းကို ညကတည်းက ရေစိမ်ထားပါ။ မနက်ရောက်ရင် အကြော်မှုန့် ( ကျမကတော့ တန်ပူရာ အကြော်မှုန့်ကိုသုံးပါတယ်.) ကို ရေနဲနဲနဲ့ ဖျော်ပြီး ဆား ၊ အချိုမှုန့်လေး အနည်းငယ်ထည့် ပြီးရင် ရေစစ်ထားတဲ့ ကုလားပဲခြမ်းလေးတွေကို ထည့်ပြီး ဆီပေါပေါထည့်ထားတဲ့ ဒယ်အိုးထဲမှာ ထည့်ကြော်လိုက်ရင် မုန့်ဟင်းခါးနဲ့ တွဲစားဖို့ ပဲကြော်ရပါပြီရှင်။ ရည်ကျဲကျဲနဲ့ ပါးပါးလေးကြော်ရင် ပိုစားကောင်းပါတယ်....
ဝက်နံရိုးခေါက်ဆွဲ၊ တိုဖူးကြော်
ဝက်နံရိုးခေါက်ဆွဲ
တိုဖူးကြော်
ပျော်ရွှင်ကြပါစေ.
HAVE A NICE WEEKEND. :D
WWKM
Saturday, May 16, 2009
Doctor
ဟိုး လွန်ခဲ့တဲ့ ၁၃ နစ်လောက်ကပေါ့... ဦးဥာဏ်နဲ့ ကျမချစ်သူတွေဖြစ်တုန်းအချိန်က ဦးဥာဏ်က အင်းစိန် ၊ကြို့ကုန်းက ခရစ်ယန်ဆေးရုံတစ်ရုံမှာ ညနေပိုင်းဆေးခန်းထိုင်ခဲ့ပါတယ်.... ကျမ ကလည်း ဦးဥာဏ်နဲ့ စေ့စပ်ပြီးတဲ့ အချိန်ဆိုတော့ ဦးဥာဏ်နဲ့ အတူဆေးရုံလိုက်ပြီး Assistance လုပ်ပေးခဲ့ပါတယ်.... ကျမက သွားဆေးခန်းနဲ့ ပတ်သက်တာတော်တော်များများ လုပ်တတ်တယ်နော်.. ကိုယ့်မောင်နှမတွေ ဆေးခန်းလာရင်သွားအလကားနှုတ်ပေးဦးမယ်..ထုံဆေးမပါပဲလေ.. ဟတ်ဟတ်..
အဲလိုနဲ့ တရက်မှာ မိသားစုတစ်စုဆေးခန်းကိုရောက်လာကြပြီး ၃နှစ်အရွယ်ကလေးလေးသွားလာပြပါတယ်... အမြဲလာတတ်တဲ့ မိသားစုလေးပါ.. ကလေးလေးကလည်း အေးအေးဆေးဆေးနဲ့ လိမ္မာပါတယ်... ကလေးလေးကို သွားကုသပေးအပြီးမှာတော့ ကလေးလေးမေမေက ကလေးလေးကို “သားရေ ဆရာဝန်ကို အင်္ဂလိပ်လိုဘယ်လိုပြောသလဲ ဆရာ့ကိုပြောပြလိုက်ပါဦး” ဆိုတော့ ကလေးလေးက ချက်ချင်းဆိုတော့ မေ့နေတယ်လေ. အင်း..အဲ ဖြစ်နေပြီး ကျမတို့ကလည်း “ပြောပါဦး သားကတော်တာပဲ အင်္ဂလိပ်စာတွေတောင်တတ်နေပြီ” ဆိုပြီးပြောတော့ ကလေးလေးက D....o ဆိုပြီး အသံထွက်လာတယ်လေ... အဲဒီတော့ သူ့မိဘတွေကရော ၊ကျမတို့ကပါ “ဟုတ်တယ်..ဟုတ်တယ်.. မှန်တယ် သား ဆက်ပြောပါဦး”ဆိုတော့ ... ကလေးလေးလည်း လူကြီးတွေက အတင်းတိုက်တွန်း ပြောချင်ဇောနဲ့ သူသိတာပြောလိုက်တာကတော့ “ D..o.... Dog ဒေါ့ ဆရာဝန်” ပါတဲ့ရှင်.... ဟီးဟီးဟီး
ကလေးလေးမိဘတွေလည်း မျက်နှာတွေပူပြီး တောင်းပန်ကြတယ်လေ... ဟဟဟားး ကျမကလည်း ရီချင်လိုက်တာ တအားးးး အခုအထိ မမေ့ဘူးရယ်လေ.... :D ဦးဥာဏ် ကျောင်းသွားနေတုန်း ခိုးရေးလိုက်တာ... တခြားဆရာဝန်တွေဖတ်မိရင်လည်း စိတ်မဆိုးကြပါနဲ့နော်... :D ဒီနေ့ ဒီပို့စ်လေးရေးပါမယ်ဆိုမှ Dr. winthein က အလည်ရောက်လာလို့ တော်ပါသေးရဲ့ သူလာတုန်းက ပို့စ်မတင်ရသေးဘူးရယ်... ဒီနေ့လာပြီးပြီဆိုတော့ နောက်တစ်ခေါက် မရောက်လာနိုင်တော့ပါဘူး... ဟတ်ဟတ်.. ဟိုဆရာဝန်ပိစိကောင်လေးတွေကိုတော့ မကြောက်ပါ။ :D
တာ့တာ.. ပျော်ရွှင်ကြပါစေ.
အိမ်ရှင်နေမကောင်းဘူး၊ Korean drama ဇာတ်လမ်းတွဲကြည့်နေပါသည်။ :D
WWKM
Tuesday, May 12, 2009
အလှူ
ဒီနေ့ နေသိပ်မကောင်းပေမယ့် အားအားနေကွန်ပြူတာရှေ့ပဲရောက်နေတတ်တာမို့ စနေနေ့က သွားဖြစ်ခဲ့တဲ့ အလှူလေးအကြောင်း အမှတ်တရအဖြစ်ရေးလိုက်ပါဦးမယ်...
ပြီးခဲ့တဲ့ ၈ ရက်နေ့ သောကြာနေ့က ဘလော့ဂါမောင်လေး ၀သန်မိုးက ကျမတို့ မိသားစုကို ၉ ရက်နေ့ စနေနေ့မှာ မြန်မာဘုန်းကြီးကျောင်းမှာ သူနဲ့သူ့သူငယ်ချင်းတွေ စုပြီးအလှူလုပ်မှာမို့ ဖိတ်ကြားခဲ့ပါတယ်... တိုက်တိုက်ဆိုင်ဆိုင်ပါပဲ .အဲဒီနေ့မှာ ဦးဥာဏ်ရဲ့သူငယ်ချင်းတစ်ယောက်က သူ့အိမ်အသစ်ပြောင်းတာမို့ သူတို့နိုင်ငံရဲ့အယူအတိုင်း အိမ်သစ်တက်ပွဲ အလှူလေးလုပ်မှာဖြစ်တာကြောင့် ကျမတို့ မိသားစုကို ဖိတ်ထားခဲ့လို့ မဖြစ်မနေသွားရမှာဖြစ်တာကြောင့် ၀သန်မိုးကို မလာဖြစ်တော့ဘူးထင်တယ်လို့ အကြောင်းပြန်ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် ဘလော့ဂါမောင်နှမတွေရဲ့သံယောဇဉ်က ခက်သားရှင့် .. အခုမှသာ ခင်မင်ကြပေမယ့် အပြင်မှာ မမြင်ဘူး ၊ မတွေ့ဘူးပါပဲ စိတ်ထဲမှာ မောင်နှမတွေလို ရင်းနှီးနေကြတာမို့ဘလော့ဂါမောင်လေး ၀သန်မိုးဖိတ်တဲ့ အလှူကိုလည်း မဖြစ်မနေ သွားချင်နေပြန်ပါတယ်....အချိန်ကြည့်လိုက်တော့ မနက် ၁၀ နာရီ အရောက်သွားရမယ်... ကိုယ့်အိမ်ကနေဆိုရင် ရထား ၂ဆင့်ပြောင်းစီးရမှာမို့ အချိန် ၁နာရီလောက်ကြာမယ်.... အဲဒီတော့ မနက် ၈ နာရီခွဲလောက် အိမ်ကနေထွက်ရင်ဖြစ်တယ်....၁၂ နာရီလောက်ပြန်လာပြီး အိမ်သစ်တက်ပွဲ အလှူကိုဆက်သွားကြမယ်လို့ ဆုံးဖြတ်ပြီး ၀သန်မိုး ထံကို လာမယ်လို့ မေးလ်ပို့လိုက်ပါတယ်... အိမ်သစ်တက်အလှူက နေ့လည် ၁ နာရီမှာအရောက်သွားရမယ်လေ.. မြန်မာအလှူအရင်သွားပြီးမှပဲ ဘော့စနီးယားသူ Dr.Verica ဖိတ်ထားတဲ့ အိမ်သစ်တက်ပွဲမင်္ဂလာကို သွားကြမယ်ပေါ့နော်...
အဲလိုနဲ့ ၉ ရက်နေ့ မနက် ၁၀ နာရီမထိုးခင်မှာ NAKA ITABASHI မြို့ကိုရောက်သွားတာနဲ့ မမြင်ဘူးသေးတဲ့ ၀သန်မိုးဆီကိုဖုန်းခေါ်တော့ ၀သန်မိုးက ဘူတာမှာ လာကြိုပေးခဲ့ပါတယ်.... ဘုန်းကြီးကျောင်းရောက်တော့ ဘုန်းကြီးကို အရင်ဦိးချကန်တော့ပြီး ၊ ဦးဥာဏ်က ကျူးရှူးဆရာတော်ကြီးနဲ့ စကားလက်ဆုံကျနေတော့ ကျမနဲ့ ၀သန်မိုးကတော့ ဘလော့အကြောင်း၊ ဘလောဂါတွေအကြောင်းပြောဖြစ်ကြပါတယ်...း)
နေ့လည် ၁၁ နာရီလောက်မှာ ဘုန်းဘုန်းတွေကို ဒံပေါက်ဆွမ်းကပ်ပါတယ်.... ၀သန်မိုးတို့ ဘုန်းကြီိးဆွမ်းကပ်တဲ့ ဒံပေါက်က ကျမအလွန်ကြိုက်တဲ့ အန်တီနုဒံပေါက်ပါ.. ကံကောင်းပုံများ.... ဘုန်းကြီိးလည်း ကန်တော့ရ ၊ စားချင်တာလည်းစားရလေ..း) ။ကျမတို့ မိသားစုကတော့ ဘုန်းဘုန်းတွေ အချိုပွဲအတွက် မုန့်ပုန်းနဲ့ အအေးပုလင်းဆပ်ကပ်ခွင့်ရခဲ့ပါတယ်... ဘုန်းဘုန်းတွေ ဆွမ်းစားပြီးတာနဲ့ တရားနာကြတော့ ကျမစဉ်းစားမိတာက “ အရင်က ကျမကို သူငယ်ချင်းမိတ်ဆွေတွေက ဘုန်းကြီးကျောင်းမှာအလှူလုပ်ဖြစ်လို့ ဖိတ်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ၊ရာသီဥတုမကောင်းခဲ့တာတွေကြောင့် မသွားဖြစ်ခဲ့ပါဘူး။ ဂျပန်ရောက်ပြီး ၄နှစ်အတွင်း အခုအကြိမ်ဟာ ကျမအတွက် ဘုန်းကြီးကျောင်းကို ပထမဆုံးအကြိမ်အဖြစ်ရောက်ဖူးခဲ့တာမို့ အရင်ဘ၀တွေက ကျမတို့မိသားစုနဲ့ ၀သန်မိုးဟာ ရေစက်ရှိခဲ့ဘူးလို့ ဒီဘ၀မှာ အလှူလုပ်ရင်းလာဆုံရတယ်လို့ တွေးမိလိုက်ပါတယ်...”သမီးလေးကလည်း ဘုန်းဘုန်းတွေပေးတဲ့ ၅ပါးသီလကို တစ်လုံးမကျန်လိုက်ဆိုပြီး ကုသိုလ်ယူခဲ့ပါတယ်.. ကျေးဇူးတင်မိပါတယ် ၀သန်မိုး ရေ.... ဒီပို့စ်လေးကို အမှတ်တရအဖြစ် အိမ်ပြန်ရောက်တာနဲ့ တင်မယ်လို့ ၀သန်မိုးကိုပြောထားခဲ့ပေမယ့် ပြန်ရောက်ပြီး ညကတည်းက ကျမနေမကောင်းနေတာနဲ့ပဲ အခုမှ ကြိုးစားပြီးတင်လိုက်တာပါရှင်။
NAKA ITABASHI မြို့က မြန်မာဘုန်းကြီးကျောင်းပါ။ယန်း သောင်း ၃၀၀၀ ခန့် ကုန်ကျတယ်လို့ သိရပါတယ်ရှင်။ အခုလည်း ကျောင်းရဲ့အတွင်းဖက်မှာ လိုအပ်တာတွေ ပြင်ဆင်ဘို့ အလှူငွေဆက်လက်ကောက်ခံနေပါတယ်။
MCWA(Tokyo-Japan) မြန်မာဘုန်းကြီးကျောင်းရဲ့လင့်ခ်ကလေးကတော့ http://www.mcwajp.com/ ဖြစ်ပါတယ်ရှင်...
ဝသန်မိုး နဲ့ အမှတ်တရ
ဒံပေါက် အလှူပါ။ တခြား အချိုပွဲတွေလည်းပါပါတယ်ရှင်.. ၀သန်မိုး ကုသိုလ်ရအောင် စိတ်ကလေးနဲ့ သုံးဆောင်သွားကြပါဦးနော်... :D
ကျမကတော့ ဒံပေါက်တွေလည်းစား ၊ အချိုပွဲတွေလည်းစား ၊ ညနေပိုင်းကျတော့ ဘော့စနီးယာသူရဲ့အိမ်မှာလည်း စားစရာတွေ အစုံစားရင်း ညကျတော့ ဖျားတော့တာပါပဲ.. ဟတ်ဟတ်.. ဘာကြောင့်လဲတော့ မသိဘူး။ ၀သန်မိုး ရေ.. ဒံပေါက်ကြောင့်လားတော့ မသိဘူးနော်.. :D စတာပါ.. ရှူး တိုးတိုး အစ်မဘယ်သူ့ကိုမှ မပြောဘူး စိတ်ချ ။ :D
ဒီအပေါ်က စားသောက်စရာတွေကတော့ ဘော့စနီးယား အစားအစာတွေပါရှင်.. နေ့လည်ပိုင်းမှာ ဒံပေါက်တွေ အ၀စားလာလို့ ဒီအိမ်ရောက်တော့ မစားနိုင်တော့ပါဘူး။ :D
ပျော်ရွှင်နိုင်ကြပါစေ.
WWKM
Monday, May 11, 2009
NaDa Sousou ( Natsukawa rimi)
နေမကောင်းတော့ သီချင်းလေးတွေ နားထောင်ဖြစ်နေတယ်..
ဒီသီချင်းလေးကတော့ ကျမကြိုက်တဲ့ နာမည်ကြီးဂျပန်သီချင်းလေးတစ်ပုဒ်ပါ... စိတ်ဝင်စားရင် နာထောင်ကြည့်ကြနော်..
ကျန်းမာပျော်ရွှင်ကြပါစေ.
WWKM
Sunday, May 10, 2009
ခွင့်တိုင်ခြင်း
နေမကောင်းဘူး။
ဒီနေ့တော့ တကယ်ကိုယ်ပူပြီးဖျားနေပြီ။ လူကနုံးနေလို့ အိပ်ရာထဲပဲလှဲနေလိုက်တယ်..
အလည်လာကြတဲ့ မောင်နှမတွေအားလုံးကိုကျေးဇူးတင်ပါတယ်နော်...
ပို့စ်တွေအသစ်တက်လာတာအများကြီးပဲ လိုက်လည်ပြီးနှုတ်မဆက်နိုင်လို့ တွေ့ပုချိပါ...
ဒီနေ့ “သူတို့ဘာလုပ်နေကြသလဲ ”ဆိုတဲ့အောက်ကပို့စ်လေး အဖြေရေးချင်တာတောင် အားမရှိဘူးရယ်လေ.... ချောင်းကလည်းဆက်တိုက်ဆိုးနေတယ်... ချောင်းဆိုးပျောက်ဆေး ကိုနီဒင်းတွေသောက်တော့ လူကတကယ်နုံးချိနေတယ်....း(
ခဏလောက်ခွင့်ပေးကြပါနော်..း)
ဘယ်နှစ်ရက်လဲတော့မသိဘူး။မြန်ချင်မြန်မယ်..နှေးရင်နှေးမယ်နော်... ကန့်သက်ချက်မရှိ... ( ဖိုးစိန် နဲ့ ညစ်တာရောင်ပြန်)အာပြဲကြီးနဲ့ လာအောင်နေကြမှာစိုးလို့ ခွင့်တင်ပို့စ်လေးရေးလိုက်တာပါ။ :D
မောင်နှမတွေအားလုံး ကျန်းမာပျော်ရွှင်ကြပါစေ.
WWKM
Saturday, May 9, 2009
သူတို့ဘာလုပ်နေကြသလဲ ?
ဒီနေ့မနက် ၈ နာရီကနေစပြီးအိမ်ကနေထွက်လိုက်တာ တစ်နေကုန် အလှူ၂ခုသွားပြီး ည၈ နာရီမှပဲ အိမ်ပြန်ရောက်ကြပါတော့တယ်.. ဒီနေ့သွားခဲ့တဲ့ အလှူ နဲ့ အိမ်တက်မင်္ဂလာပွဲအကြောင်း အမှတ်တရပို့စ်လေးရေးမလို့ အရမ်းပင်ပန်းနေတာနဲ့ မရေးနိုင်တော့ပဲ ဆားချက်လိုက်ပါတယ်ရှင်.... :D
အောက်ကပုံကိုကြည့်ပြီး သူတို့ဘာလုပ်နေကြသလဲဆိုတာ ဖြေသွားပေးကြပါနော်...ဒီပုံလေးက မနေ့တုန်းက ရိုက်ခဲ့တဲ့ပုံလေးပါ။ အဖြေမှန်တဲ့သူကို မုန်ကျွေးပါမယ်.. :D
အဖြေပို့စ်လေးကိုတော့ မနက်ဖြန်မှ ဒီမှာရေးထားပါမယ်ရှင်... ဒီနေ့တော့ အိပ်ပြီ။ အားလုံးပဲ GOOD NIGHT. :D
*******************************************************
အဖြေ...
မနိုင်းနိုင်းစနေ ၊ ညီမလေးမြရွက်ဝေ ၊ Y B ၊ မောင်လေးဝသန်မိုး နဲ့ ကိုငြိမ်သက်တို့ ရဲ့အဖြေတွေက တချို့တ၀က်မှန်ပါတယ်ရှင်.. တကူးတက အဖြေလာပေးသွားကြလို့ ကျေးဇူးတင်ပါတယ်နော်... :D
တကယ်တော့ ဓါတ်ပုံရိုက်ကြတဲ့ အချိန်က ကျမတို့ ကျောင်းသားမိဘ ၆ ယောက်ဟာ ကလေးတွေကျောင်းဆင်းချိန်မှာ volunteer မဟုတ်ပဲ အလှည့်ကျတာဝန်အရ Patrolလှည့်ကြတာ ဖြစ်ပါတယ်ရှင်။ ကျောင်းပတ်ဝန်းကျင်မှာ မသင်္ကာသူတွေတွေ့ရင် သက်ဆိုင်ရာကို ဖုန်းဆက်အကြောင်းကြားရမှာဖြစ်သလို ၊လူသူပြတ်တဲ့ မှုခင်းအဖြစ်များတဲ့ လမ်းကြိုလမ်းကြားတွေကို မြန်မာလိုဆိုရင် ကင်းလှည့်ကြတာပဲဖြစ်ပါတယ်ရှင်.... (防犯パトロール) bouhan patrol ရာဇ၀တ်မှုကာကွယ်ရေးအတွက် ကင်းလှည့်တဲ့ စလွယ်သိုင်းတွေ လွယ်ထားကြတဲ့ ကျမတို့ကို သတင်းထောက် ၂ယောက်က ဓါတ်ပုံလိုက်ရိုက်နေတာ လမ်းတစ်လျှောက်လုံးပါပဲ... အဲဒါနဲ့ ကျမကလည်း ကင်မရာလေးထုတ်ပြီး အမှတ်တရ ဓါတ်ပုံလေးတစ်ပုံရိုက်ခိုင်းဖြစ်လိုက်တာပါ။ :D
မနက်ပိုင်းမှာတော့ အခုလက်မှာပတ်ထားတဲ့ လက်ပတ်ကလေးတွေ နဲ့ အ၀ါရောင်အလံလေးတွေကိုင်ပြီး ကျောင်းလာတဲ့ ကလေးတွေကို ကျောင်းပတ်ဝန်းကျင်ရဲ့ လမ်းထောင့်နေရာ ၇ နေရာမှာ 交通安全 指導 ( kotsu anzen shidou) ယာဉ်အန္တရာယ်ကာကွယ်ရေးအတွက် ကျောင်းလာတဲ့ကလေးတွေကို ကားလမ်းဖြတ်ကူးရာမှာ ဘေးကင်းစွာဖြတ်ကူးနိုင်ဘို့ ကူညီပေးခဲ့ကြရပါတယ်.... ဒါကြောင့်မို့ မနိုင်းနိုင်းစနေ ၊ ညီမလေးမြရွက်ဝေ ၊ Y B ၊ မောင်လေးဝသန်မိုး နဲ့ ကိုငြိမ်သက်တို့ ရဲ့အဖြေတွေက တချို့တ၀က်မှန်ပါတယ်ရှင်... လာရောက်ပြီး ဖြေကြားပေးကြတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်...
ပျော်ရွှင်ကြပါစေ။
အားလုံးကိုလေးစားခင်မင်လျှက်
WWKM
Friday, May 8, 2009
ငါးခူငပိချက် နဲ့ မုန်ညင်းချဉ်ရည်ဟင်း
ဒီနေ့တော့ ကျမအရမ်းကြိုက်တဲ့ ငါးခူငပိချက် ၊ မုန်ညင်းချဉ်ရည် ၊ မှို ကန်ဇွန်းရွက်ကြော်လေးတွေကို မောင်နှမတွေအားလုံးကို ကျွေးမယ်နော်....
ကျမက ငါးခူငပိချက်ဟင်းလေးကို အရမ်းကြိုက်လို့ ခဏခဏ ချက်စားဖြစ်ပါတယ်... တချို့ညီမလေးတွေက အွန်လိုင်းမှာတွေ့တော့ မမ၀ါ ဘာချက်လဲလို့မေးရင် ကျမက ငါးခူငပိချက်လို့ဖြေတော့ ညီမလေးက ငါးမကြိုက်တဲ့သူဖြစ်နေတယ်လေ... ကျမလည်း ငါးတော့ သိပ်မကြိုက်ပါဘူး..ဒါပေမယ့် ငါးခူငပိချက်တော့ အရမ်းကြိုက်တာ ငယ်ငယ်ကတည်းကပါ။ ကျမရဲ့ ဘိုးဘိုး နဲ့ ဘွားဘွားက အညာသူတွေဆိုတော့ ဟင်းချက်အလွန်ကောင်းပါတယ်... ဘာပဲချက်ချက်လေးလေးပင်ပင်နဲ့ စားလို့အရမ်းကောင်းတယ်လေ... ကျမရဲ့မေမေကတော့ အဲဒီလိုအညာဟင်းတွေ သိတ်မချက်တတ်ပါဘူး။ ကျမက ဘိုးဘိုး နဲ့ ဘွားဘွားချက်တဲ့ ဟင်းတွေကိုပိုကြိုက်ခဲ့တော့ ဘိုးဘိုး နဲ့ ဘွားဘွားအိမ်မှာသွားပြီး ထမင်းခဏခဏ စားဖြစ်ခဲ့ပါတယ်.... ဘိုးဘိုး ချက်ကျွေးတဲ့ ခရမ်းချဉ်သီးပန်ထွေဖျော်လည်း ကျမအရမ်းကြိုက်တာပါ။ ကျမက အစပ်မစားပေမယ့် ခရမ်းချဉ်သီးပန်ထွေဖျော် စပ်စပ်လေး၊ ဆီစိမ်းနံ့ မွှေးမွှေးလေးနဲ့ အရမ်းစားကောင်းခဲ့ပါတယ်။ အဘိုးဟင်းချက်ရင်ကြည့်ထားဖြစ်ပေမယ့် ကိုယ်တိုင်မလုပ်ဖူးတော့ ခရမ်းချဉ်သီးပန်ထွေဖျော်ကို စားချင်ပေမယ့် မလုပ်တတ်ခဲ့ပါဘူး။ ကျမရဲ့မေမေကလည်း အညာဇာတိဖြစ်ပေမယ့် အရင်တုန်းက အညာမှာဆင်ပိုင်တွေဖြစ်ခဲ့တဲ့ ဘိုးဘိုးနဲ့ဘွားဘွားက သစ်လုပ်ငန်းတွေလုပ်ရင်း ကချင်ပြည်နယ် ၊ ဗန်မော်မြို့ ကို ဆင်လုပ်ငန်းနဲ့ ပြောင်းရွှေ့လာခဲ့ကြတော့ ကျမရဲ့မေမေက ကချင်ပြည်နယ်သား ကျမရဲ့ဖေဖေနဲ့ ရေစက်ဆုံပြီး ကချင်ပြည်နယ်မှာ ကြီးခဲ့တာမို့ မေမေက အညာဟင်းတွေထက် ကချင်ပြည်နယ်အစားအစာတွေ ပိုချက်တတ်ပါတယ်။
ကျမတို့အိမ်မှာ မေမေက တစ်ခါမှ ကျမကြိုက်တဲ့ ခရမ်းချဉ်သီးပန်ထွေဖျော်နဲ့ ငါးခူငပိချက်ကို ချက်မကျွေးခဲ့ပါဘူး။ သမီးစားချင်ရင် ဘိုးဘိုးကို ချက်ခိုင်းလိုက်ဆိုပြီး ဘိုးဘိုးက ကျမစားချင်တဲ့ဟင်းတွေကို ချက်ကျွေးခဲ့တာပါ။ တကယ်တော့ ကျမက အခုမှ ဟင်းတွေချက်ပြီးကျွေးနေတာနော်... ကျမငယ်ငယ်က အိမ်မှာ ဘာမှ မချက်ခဲ့ရသလောက်ပါပဲ။ ကျမ အထက်တန်းကျောင်းသူဘ၀မှာ ကျမတို့အိမ်မှာ အစ်မတွေကကျောင်းလာတက်ကြတော့ အစ်မတွေက ထမင်း၊ဟင်း ချက်ကျွေးခဲ့ပြီး တက္ကသိုလ်တက်တော့ မေမေလုပ်ပေးတဲ့ ဟင်းအခြောက်ဘူးလေးတွေသယ်ပြီး ကျောင်းနားက ထမင်းဆိုင်မှာ လပေးနဲ့ ထမင်းချိုင့်ယူစားပါတယ်။နောက်ကျမ ဘယ်အချိန်မှာ ဟင်းချက်တတ်လာသလဲဆိုတော့ မောင်နဲ့အိမ်ထောင်ကျပြီးမှပါပဲ.. အဟဲ.. ဒီလိုပဲ လက်တည့်စမ်းချက်ရင်း တည့်သွားတဲ့အခါလည်းရှိ ၊ တိတ်တိတ်လေးသွန်ပြစ်ခဲ့ရတာလည်းရှိပေါ့လေ.... ကျမယောက္ခမမေမေက ကျမကိုချီးမွမ်းပါရဲ့ သမီးက အရင်က မီးဖိုချောင်ဝင်ဖူးတာလည်းမဟုတ်ပဲနဲ့ ဟင်းချက်တော်လိုက်တာတဲ့လေ... (ဟဟ.. ဒီလိုပဲ ...ချီးမွမ်းမှာပေါ့နော်... မချီးမွမ်းရင် သူ့သားကို မချက်ကျွေးရင် ဒုက္ခ) :D
ရေးရင်းရေးရင်းနဲ့ ရှည်ကုန်ပါပြီ။ ညီမလေးတွေက မမ၀ါဟင်းချက်ကောင်းတယ်လို့ ပြောနေကြလို့ မမကလည်း ဘာမှမချက်တတ်ရာကနေစပြီး ချစ်တဲ့သူနဲ့တွေ့တော့ စေတနာတွေဝင် လက်စွမ်းတွေထက်လာပြီး စေတနာပါတဲ့ဟင်းလေးတွေဖြစ်လာတာပေါ့နော်.. :D ညီမလေးတွေလည်း ဘာမှမပူနဲ့နော်.. အချိန်တန်ရင် ဖြစ်လာမှာပဲ..ဟုတ်လား။
ချက်နည်း....
ငါးခူအကောင်ကြီးကြီး ၂ ကောင် ကို ဗိုက်ဖောက် ၊ ကလီဇာထုတ် ၊သေခြာဆေး အတုံးလေးတွေ အရွယ်တော်တုံးပြီး ဆား ၊ နနွင်း ၊ အချိုမှုန့်နည်းနည်း ၊ ငံပြာရည်နဲ့သေခြာနယ်ထားပါ။
ဒယ်အိုးထဲမှာ ဆီထည့်ပြီး ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ဂျင်းတို့ကို ငြုတ်သီးအရောင်တင်မှုန့်လေးနည်းနည်းထည့်ပြီ ဆီသတ်ပါ။ နီရောင်သမ်းလာရင် ခရမ်းချဉ်သီးထည့်ပြီး ဆီသတ်လုံးပါ။ခရမ်းချဉ်သီး အနှစ်ကြေပြီဆိုတာနဲ့ သေခြာနယ်ထားတဲ့ ငါးခူတုံးလေးတွေကို ထည့်ပြီးလုံးပါ။ နည်းနည်းလုံးပြီးတာနဲ့ လက်ညှိုးနဲ့ လက်မ တစ်ဝိုင်းစာလောက်ရှိတဲ့ ငပိလေးကို ရေဖျော်ပြီိးထည့်ပါ။ အိုးကိုခဏ အဖုံးအုပ်ထားပြီး ခဏကြာရင်ဖွင့်ကြည့်ပြီး အရသာမြည်ပြီး အနေတော်ဆိုရင် သုံးဆောင်လို့ရပါပြီရှင်။ ဂျပန်မှာတော့ တို့စရာက သခွါးသီးပဲပေါတာမို့ သခွါးသီးနဲ့ပဲ တို့စရာအဖြစ်လုပ်စားလိုက်ပါတယ်။ ကျမက ငါးခူငပိချက်နဲ့ထမင်းစားရင် လက်နဲ့သေခြာနယ်ပြီးစားတာ ထမင်း ၃ပန်ကန်လောက်ကုန်တတ်ပါတယ်.. :D( ရှူး..တိုးတိုး.. မိုးကောင်းသူတို့ ၊မြူသျှရီတို့က ထမင်းခေါ်မကျွေးတော့ပဲနေဦးမယ်) သမီးလေးက ကျမထမင်းကို လက်နဲ့စားရင် ညစ်ပတ်တယ်လို့ပြောပါတယ်။း) မြန်မာပြည်မှာ ဒီလိုပဲစားတာ သမီးရေလို့ပြောရင် ညစ်ပတ်တယ်..သမီးကတော့ မစားဘူးတဲ့လေ။ :D သမီးလေးက ဂျပန်စတိုင် ဇွန်းနဲ့ တူနဲ့ ထမင်းစာရတာကို ပုံစံဝင်သွားပါပြီ။ ကျောင်းမှာ နေ့တိုင်း တူနဲ့ပဲစားရတော့ လက်နဲ့မစားတတ်နေပါဘူး။ ရောမကိုပြန်ရောက်မှ ရောမလိုပြန်အကျင့်ပါသွားမှာပေါ့လေ..နော်... :D
ငါးခူငပိချက် ၊ ပဲပင်ပေါက်ဟင်းချို
သုံးဆောင်သွားကြပါဦးနော်... ငါးမကြိုက်တဲ့သူတွေကတော့ မှို ကဇွန်းရွက်ကြော်လေးပေါ့. သတ်သတ်လွတ်ဖြစ်လို့ ကုသိုလ်တောင်ရသေးတယ်နော်. :D
အားလုံးပဲ ပျော်ရွှင်ကြပါစေ။
HAVE A NICE WEEKEND.
Thursday, May 7, 2009
ဂျပန်စကားပြောသင်ခန်းစာ . ၇
မင်္ဂလာပါရှင်...
ဂျပန်စကားပြောလေးတွေလည်း မသင်ပေးရတာ ကြာပါပြီ..
ကျမကိုယ်တိုင်လည်း စာသင်ရမှာပျင်းနေလို့ ဂျပန်စာသင်ကျောင်းကို မရောက်တာ ကြာခဲ့ပါပြီ။ :D
ဒီနေ့တော့ ကျမ စကားလုံးလေးတွေ အရင်ရေးပြမယ်နော်.......
ဥပမာလည်း ရေးပြပါမယ်.... ကိုယ်နဲ့ သက်ဆိုင်တဲ့ စကားလုံးလေးတွေကိုရွေးပြီး စာကြောင်းတစ်ကြောင်းစီ ရေးသွားကြည့်ကြပါနော်...
ကိုယ်နဲ့ သက်ဆိုင်တဲ့စကားလုံးမပါလဲ ဥပမာဖြစ်ဖြစ် တစ်ကြောင်းလောက် ရေးတတ်အောင်ပေါ့နော်...
ဂျပန်အသံထွက်တွေကိုတော့ အနီးစပ်ဆုံးတူအောင် ကျမရေးပြထားပါတယ်.....
Watashi ( ၀တရှိ) - ကျွန်တော် ၊ ကျွန်မ
Anata (အနတ) - ခင်ဗျား ၊ သင် ၊ရှင် ။
Kare ( ခရဲ) - သူ
Kanojo (ခနိုဂျော) -သူမ
Sensei (ဆဲန်းဆေး)- ဆရာ
Gakusei (ဂခုဆေး) -ကျောင်းသား
Otoko (အိုတိုးခို) - ယောင်္ကျားလေး
Onna (အွန်းန) - မိန်းကလေး
wa ( ၀ ) - သည်။
nanijin ( နန်းနီဂျင်း) - ဘာလူမျိုး
Myanmarjin ( မြန်မာဂျင်း) - မြန်မာလူမျိုး
isha ( အိရှ) - ဆရာဝန်
haisha (ဟအိရှ) - သွားဆရာဝန်
kangofu (ခန်းဂိုဖု) - သူနာပြုဆရာမ
enjinia( engineer) - အင်ဂျင်နီယာ
gishi ( ဂိရှိ) - အင်ဂျင်နီယာ
kyooshi ( ကျောရှိ) - ကျောင်းဆရာ
danyuu ( ဒန်းယူး) - ရုပ်ရှင်မင်းသား
joyuu ( ဂျောယူး ) - ရုပ်ရှင်မင်းသမီး
gaka ( ဂခ) - ပန်းချီဆရာ
San (စံ ) - မစ္စတာ ၊ မစ္စ ၊ မာစတာ ၊ ဦး ၊ဒေါ် ၊ ကို ၊ မ
desu ( ဒက်စ်) - ဖြစ်ပါသည် ။
desu ka? ( ဒက်စ်က ) - ဖြစ်ပါသလား။
hai ( ဟိုက်) - ဟုတ်ကဲ့
iie (အီအဲ့) - ဟင့်အင်း
********************************************
ဥပမာ ၁.... ကျွန်တော် သည် ဆရာ ဖြစ်ပါသည်။
Watashi wa sensei desu .
**********************************************
ဥပမာ ၂.... သင် သည် ဆရာဝန် ဖြစ်ပါသလား။
Anata wa 0isha san desu ka ?
( အနတ ၀ အိုအိရှ စံ ဒက်စ် က )
( သူများကိုမေးရင် ယဉ်ကျေးမှုနဲ့ san ဆိုတဲ့ “ ဦး ၊ ဒေါ် ၊ မ ၊ ကို ” စကားလုံးကို နောက်က ထည့်ပေးရပါမယ်.)
အဖြေ...... hai , watashi wa isha desu . ( ဆရာဝန် တစ်ယောက်ဖြစ်ရင် )
( ဟိုက် ၀တရှိ ၀ အိရှ ဒက်စ် )
ဟုတ်ကဲ့ ကျတော် / ကျမ သည် ဆရာဝန် ဖြစ်ပါသည်။
အဖြေ..... iie , watashi wa isha dewa arimasen . ( ဆရာဝန် မဟုတ်ရင် )
( အီအဲ့ ၀တရှိ ၀ အိရှ ဒဲဝ အရိမဆင်းန် )
ဟင့်အင်း ကျတော် ၊ ကျမ သည် ဆရာဝန် မဟုတ်ပါ။
**********************************************
ဥပမာ....၃. သင် သည် ဘာလူမျိုး ဖြစ်ပါသလဲ ။
Anata wa nanjin desu ka?
( အနတ ၀ နန်းဂျင်း ဒက်စ် က )
အဖြေ..... ကျတော် ၊ ကျမ သည် မြန်မာလူမျိုး ဖြစ်ပါသည်။
Watashi wa myanmarjin desu .
ဝတရှိ ၀ မြန်မာဂျင်း ဒက်စ်
ဂျပန်စကားပြောဟာ ကျမတို့ မြန်မာစကားပြောပုံနဲ့ တော်တော်လေးကို တူတာမို့ စကားလုံး အဓိပ္ပါယ် များများ သိနေရင် ပြောရတာ သိပ်မခက်ပါဘူးရှင်....
ကဲ... ဂျပန် စကားပြော စိတ်ဝင်စားတဲ့သူတွေအတွက် ပို့စ်မတင်ဖြစ်တာ တော်တော်လေးကြာသွားပြီမို့ ရေးဖြစ်လိုက်ပါတယ်နော်..
( Ps.ကျမ က ဂျပန်စကားပြောဆရာမတစ်ယောက် မဟုတ်တာကြောင့် မြန်မာလိုအသံထွက်ရေးတဲ့နေရာမှာ နဲနဲ အမှားအယွင်း ရှိနေနိုင်ပါတယ်. သင်ပေးတာ မဟုတ်ဖူးနော်... တတ်စေချင်လို့ မျှဝေပေးတာပါ။ နောက်မှ နဲနဲ ခက်တာ ထပ်ရေးပေးမယ်နော်..)း)
အဆင်ပြေပျော်ရွှင်ကြပါစေ.
WWKM
နှစ်သက်မိတဲ့ ဂျပန်သီချင်းလေးတစ်ပုဒ်
မင်္ဂလာပါရှင်...
ဒီဂျပန်သီချင်းလေးက ကျမအရမ်းကြိုက်တဲ့ သီချင်းလေးတစ်ပုဒ်ပါ...
ဇန်န၀ါရီလက တင်ပြီးသားလေးကို နေမကောင်းလို့ သီချင်းတွေပြန်နားထောင်ကြည့်ရင်း ဒီသီချင်းလေးကို ကြိုက်လို့ တစ်ခေါက်ပြန်လည်ပြီး ပို့စ်တင်လိုက်ပါတယ်နော်... :D
နားမထောင်ရသေးတဲ့သူတွေအတွက် အမှတ်တရဖြစ်ပါစေ။
KOKORO NO TOMO ( Mayumi Itsuwa)
KOKORO NO TOMO သီချင်းလေးကို အဆိုတော်ဖြူက သီဆိုထားတာလေးကိုပါ တင်ပြလိုက်ပါတယ်နော်။မြန်မာလိုရော ၊ ဂျပန်လိုလေးပါ ဆိုထားတာပါ။ နားထောင်လို့ကောင်းသလို ၊ ကြည့်ရတာလဲကောင်းပါတယ်။ အပေါ်ကသီချင်းလေးပြီးသွားရင် ဖွင့်ကြည့်လိုက်ကြပါဦးနော်။ အမှတ်တရ ဂျပန် မြန်မာ သီချင်းလေးပေါ့။
ပျော်ရွှင်ကြပါစေ။
အားလုံးကိုလေးစားခင်မင်လျှက်
ဝါ၀ါခိုင်မင်း
Wednesday, May 6, 2009
ဝိပဿနာ နဲ့ ကျမရဲ့ကိုယ်တွေ့အဖြစ်အပျက်

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံနိုင်ကြပါစေရှင်....
ဒီနေ့တော့ ဘာသာရေးပို့စ်လေးမရေးတာကြာပြီမို့လို့ ရေးမယ်လို့စဉ်းစားနေတုန်း ကွန်ပြူတာဖွင့်တော့ မောင်လေးမိုးသောက် က ကျမရဲ့ ဘလော့ဂ်တစ်နှစ်ပြည့်ပို့စ်လေးမှာ ကွန်မန့်ရေးထားတာလေးကို ဖတ်ရပြီး တကယ်ပဲ ဘာသာရေးပို့စ်လေးတစ်ခု ရေးဘို့သေခြာသွားခဲ့ပါတယ်.......
မိုးသောက် said...
မမ၀ါရေ ကျနော် အခုမှပဲ ရောက်ဖြစ်တယ် ....
ဘာပြောရမှန်း မသိဘူးဖြစ်နေလို့ စလေ ဦးပုည ရဲ့ ကဗျာလေး တစ်ပုဒ် လက်ဆောင်ပေးခဲ့မယ်နော် မမ၀ါ ..
ယခုခါမူ လူလည်းဖြစ်လာ
သာသနာလည်းထွန်းခိုက် အမြိုက်တရား
ဟောကြားမည့်သူ လူလည်းမရှား
သို့ပါလျက်သားနှင့်မှ ....
တရားမလိုက် အမှားကို ကြိုက်ကြလျှင်
အမိုက်တကာ့ဗိုလ်မင်း အဖျင်းတကာ့ဗိုလ်ချုပ်
အပါယ်လေးလီ မြစ်နဒီတွင် ပလုံစီမြုပ်လို့
လူယုတ်ကြီးတွေ ဖြစ်ချိမ့်မည် ....
ဝိပဿနာ စလုပ်ဖို့ တိုက်တွန်းပါတယ် မမ၀ါ :)
May 5, 2009 8:09 AM
*****************************
ကျေးဇူးတင်မိပါတယ် မိုးသောက် ရေ.... မောင်လေးတွေက အစ်မကိုသတိတရနဲ့ သတိပေးကြလို့ ၀မ်းသာမိပါတယ်....အရင်က ကဗျာလေးတွေ ၊ ၀တ္ထုလေးတွေ ပို့စ်ကောင်းကောင်းလေးတွေ ရေးတတ်ခဲ့တဲ့ မောင်မိုးသောက်က ဘလော့ဂ်လောကကနေ ခဏပျောက်ကွယ်နေပြီး အခုနောက်ပိုင်း ဘာသာရေးပို့စ်လေးတွေရေးပြီး တင်လာတာတွေ့ရတော့ ကိုယ့်မောင်လေးတစ်ယောက် တကယ်ပဲတရားတွေ့နေပြီထင်ပါရဲ့လို့ယုံကြည်ပြီး ၀မ်းသာပီတိဖြစ်မိ သာဓု ၃ ကြိမ်ခေါ်မိပါတယ် မိုးသောက်ရေ....( သာဓု..သာဓု..သာဓု) ပါနော်...... တကယ် ယုံယုံကြည်ကြည်နဲ့ သာဓုခေါ်တာနော်... နောက်မှ မဟုတ်တာမလုပ်နဲ့.... :D စတာပါ မောင်လေးရေ... ဘာသာရေးကို တစ်နေ့ထက်တစ်နေ့တိုးပြီး ပွားများအားထုတ်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ကွယ်.... မောင်လေးမိုးသောက် ဟာ တကယ်ပဲ
မောင်လေးမိုးသောက်က “ ၀ိပဿနာစလုပ်ဖို့တိုက်တွန်းပါတယ် မမ၀ါ ” ဆိုလို့ ... ဒီအသက်အရွယ်လေးတွေမှာ မောင်နှမလေးတွေတော်တော်များများ တရားအားထုတ်နိုင်ကြ ၊ တကယ်ပဲ ၀ိပဿနာတရားကို ယုံကြည်ပွားများအားထုတ်ကြလို့ တကယ်ပဲ လေးစားမိပါတယ်...တော်ကြပါတယ်လို့ ချီးမွမ်းမိရင်းနဲ့ မြန်မာပြည်မှာနေစဉ်က သင်္ကြန်မှာ ၀ိပဿနာတရားစခန်းဝင်ပြီး တရားအားထုတ်ခဲ့တဲ့ ကျမရဲ့အဖြစ်အပျက်လေးတစ်ခုကို သတိရမိသွားခဲ့ပါတယ်.....
၁၉၉၈ ခုနှစ် သင်္ကြန်မှာ ဦးဥာဏ်နဲ့ကျမတို့ မဟာစည်တရားစခန်းမှာ ၇.ရက်တရားစခန်းဝင်ခဲ့ကြပါတယ်.... သင်္ကြန်ရက်တိုင်းနှစ်စဉ်တရားစခန်းဝင်ဖြစ်နေကြမို့ တရားစခန်းဝင်ရမယ့်အချိန်လေးတွေဆိုရင် ပျော်မိပါတယ်....တစ်နှစ်လုံးမှာ ကျန်တဲ့ အချိန်က လူမှုရေးတွေ ၊စီးပွားရေးတွေနဲ့ အလုပ်ရှုတ်ပြီး ဘာသာရေးဆိုလို့ အိမ်မှာနေ့စဉ်ဘုန်းကြီးဆွမ်းလောင်းလှူတာတို့ ၊ အိမ်က ဘုရားစဉ်ရှေ့မှာ နေ့စဉ် ဂုဏ်တော်ပွားများအားထုတ်တာ လောက်တာလုပ်နိုင်ခဲ့တာမို့ တရားစခန်းဝင်ရမယ့် အချိန်လေးတွေဆိုရင် ငြိမ်းချမ်းလွန်းလို့ အလွန်ပျော်မိခဲ့တာပါ။
တရားစခန်းဝင်ဝင်ချင်း ပထမ ၂ ရက် ၃ ရက်ကတော့ တစ်နာရီ တစ်ကြိမ် တရားထိုင်လိုက်တာနဲ့ ညောင်းညာကိုက်ခဲပြီး ဟိုနေရာကနာ ၊ ဒီနေရာကနာ ၊ခြေထောက်တွေက ကျဉ် ၊ အိနြေ္ဒမရ စိတ်တွေပျံ့လွင့်ပြီး ဘယ်လိုမှ စိတ်မငြိမ်ခဲ့ပါဘူး။ ၄ ၊ ရက် ၅ ရက်မြောက်လောက်ဆိုရင် နည်းနည်း စိတ်တည်ငြိမ်လာခဲ့ပါပြီ....
ဝမ်းမြောက်ပီတိဖြစ်စေခဲ့ပါတယ်.... ( ဖြစ်နိုင်ကြမယ်ဆိုရင် တရားစခန်းတွေမှာ ဆွမ်းအလှူလှူကြပါလို့ တိုက်တွန်း ချင်ပါတယ်နော်.)
ဒီလိုနဲ့ တရားစခန်း ၇ ရက်မြောက်နေ့မှာ အာရုံဆွမ်းစားသုံးကြပြီးတော့ ဒုတိယအကြိမ် စင်္ကြန်လျှောက်ပြီး တရားထိုင်တဲ့ အချိန်ရောက်တော့ ကျမရဲ့စိတ်တွေဟာ အလွန်မှပဲကြည်နူးဝမ်းမြောက် ပီတိတွေဖြစ်ပြီး တရားထိုင်ရတာ စိတ်အလွန်ကြည်လင်ပေါ့ပါးနေခဲ့ပါတယ်..... မနက် ၉ နာရီကစပြီးတရားထိုင်လိုက်ကြတာ နေ့ဆွမ်းစားချိန်မှာ ကျမဘယ်လိုမှ တရားမှတ်တာကိုမဖြုတ်ချင်ပဲ ခန္တာကိုယ်တစ်ခုလုံးပေါ့ပါးပြီးတော့ အပေါ်မြောက်တက်နေသလိုခံစားရပြီး ကြည်နူးပီိတိတွေဖြစ်နေမိပါတယ်... နာခြင်း၊ကျဉ်ခြင်းဆိုတာ ဘာမှ မခံစားရပဲ ကျမရဲ့တစ်ကိုယ်လုံးဟာပေါ့ပါးပြီး လက်ကလေးတွေဟာလေထဲမှာဝဲနေသလို ပေါ့ပါးနေတာခံစားရပါတယ်...အရမ်းကို ပီတိဖြစ်ပြီး အေးချမ်းနေခဲ့တာပါရှင်....ကျမဟာ စမ်းချောင်းလေးတွေ စီးဆင်းနေတဲ့ ပန်းဥယျာဉ်ကြီးတစ်ခုထဲကို ရောက်သွားသလိုဖြစ်နေပြီး အရာရာတိုင်းဟာ အေးချမ်းသာယာစွာနဲ့ ရှိနေခဲ့တာပါ။ ကျမရဲ့ အဆင့်အတန်းနဲ့ ညီတဲ့ တကယ့်အေးချမ်းတဲ့ တရားအစစ်ကို ကျမပီတိဝေစွာ ခံစားခဲ့ရပါတယ်....ဒါကြောင့်မို့ ၀ိပဿနာတရားဆိုတာ ကျင့်ကြံအားထုတ်နိုင်တဲ့သူတွေအတွက် တကယ့်ငြိမ်းချမ်းရာ အစစ်ကြီးပါရှင်... ကျမခံစားရတဲ့ ကြည်နူးပိတိဖြစ်ပြီး ငြိမ်းအေးမှုဆိုတာဟာ တကယ့် ပမွှားပဲရှိဦးမှာပါ....၀ိပဿနာတရားကို ပိုပြီး အားထုတ်နိုင်တဲ့သူတွေအတွက် ပိုပြီးငြိမ်းချမ်းတဲ့ နေရာဆိုတာရှိနေမှာ ဧကန်မလွဲအသေအခြာဖြစ်ပါတယ်ရှင်.......( ဒီအကြောင်းလေးကို လွန်ခဲ့တဲ့ ၆ လလောက်က ဘာသာရေးပို့စ်တွေရေတဲ့ မောင်သိင်္ခရဲ့ပို့စ်တစ်ခုမှာ အကြောင်းတိုက်ဆိုင်လို့ Comment လေးရေးခဲ့ဘူးပါသည်။)
မနက် ၉ နာရီကတည်းက ကျမစထိုင်ခဲ့တဲ့ တရားထိုင်ခြင်းကို ၇ ရက်တရားစခန်းနောက်ဆုံးနေ့မို့ ဆရာတော်က တရားစခန်းသိမ်းပွဲကျင်းပနေတဲ့ အချိန် နေ့လည် ၃ နာရီလောက်အထိ ၆နာရီ ဆက်တိုက် ကျမတရားထိုင်ဖြစ်ခဲ့ပြီး တရားဆက်လက်ထိုင်နေခြင်ပေမယ့် တရားထိုင်ခြင်းကို ကျမဖြုတ်ခဲ့ပါတယ်.... နေ့ဆွမ်းလွတ်သွားပေမယ့် ဗိုက်မဆာခဲ့ပါဘူး။ ဒါပေမယ့် ကျမတရားဖြုတ်တာနဲ့ စောင့်ကြည့်နေကြတဲ့ ယောဂီတွေက ကျမကို ဖျော်ရည် အသင့်သောက်ခိုင်းခဲ့ပါတယ်... တရားစခန်း ၇ ရက်ပြီးလို့ တစ်ပတ် ၁၀ ရက်လောက်အထိ ကျမရဲ့စိတ်တွေကြည်လင်ပေါ့ပါးနေခဲ့တာပါ။ အဲဒီလို ပီတိဖြစ်ရတဲ့ တရားမျိုးလေးနောက်ထပ်တွေ့ချင်ပါသေးတယ်ရှင်...
ပီတိဆိုတာ ၅ မျိုးရှိတယ်လို့သိရပါတယ်... ခုဒ္ဒိကာပီတိဆိုတဲ့ ကြက်သီးမွေးညင်းထသလိုဖြစ်သွားတဲ့ ပီတိမျိုး ၊ ခဏိကာပီတိဆိုတဲ့ လျှပ်စစ်လက်သလို မကြာခဏဖြစ်တဲ့ ပီတိမျိုး ၊ သြက္က န္တိကာပီတိဆိုတဲ့ လှိုင်းတံပိုးကြီးတွေလို တက်ချည် ဆင်းချည် ၊ နိမ့်ချည်မြင့်ချည်နဲ့ ခန္တာကိုယ်တစ်ကိုယ်လုံး အထက်တက်လိုက် အောက်ဆင်းလိုက်နဲ့ ပီတိတွေ တသိမ့်သိမ့်တညိမ့်ညိမ့်ဖြစ်တဲ့ ပီတိမျိုး....
ဥဗေဂါပီတိဆိုတဲ့ ခန္တာကိုယ်တစ်ကယ်မြောက်ကြွသွားလောက်အောင် ပီတိဖြစ်တာမျိုး ၊ တကယ်မြောက်ကြွမသွားတောင်မှ မြောက်ကြွသွားသလို ကိုယ့်စိတ်ထဲမှာထင်ရတဲ့ ပီတိဖြစ်တာမျိုး။ အဲဒါကို ဥဗေဂါလို့ခေါ်တယ်လို့သိရပါတယ်...
ဖရဏာပီတိဆိုတာက အားလုံးသိကြတဲ့ အတိုင်းပဲ “ဖရဏာပီတိဂွမ်းဆီထိ” ဆိုတာလိုပဲ ဆီစိမ်ထားတဲ့ဂွမ်းကလေးလို တကိုယ်လုံးနုးညံ့ပြီးတော့ ပီတိထဲမှာ တကိုယ်လုံးသက်ဝင်နစ်မြုတ်နေတဲ့ ပီတိမျိုး တွေရှိတဲ့ အထဲမှာ ကျမခံစားဖြစ်ပေါ်ခဲ့ရတာကတော့ ဥဗေဂါပီတိလို့ခေါ်တဲ့ ခန္တာကိုယ် မြောက်ကြွတက်သွားတယ်လို့ခံစားရတဲ့ ပီတိကိုခံစားခဲ့ရတယ်ဆိုတာကို ကျမတရားဖြုတ်တော့ ဘုန်းဘုန်းကြီးက ရှင်းပြမိန့်တော်မူပြီး ကျမကိုနောက်ထပ်ရက်တိုးပြီး တရားစခန်းဆက်ဝင်ခိုင်းခဲ့ပါတယ်..... အဲဒီအချိန်မှာ တရားဆက်ထိုင်ရင်ဖြင့် တဆင့်ပြီးတဆင့်တိုးပြီး ငြိမ်းချမ်းလှတဲ့ တရားအစစ်ကိုတွေ့မြင်နိုင်ကြောင်းမိန့်တော်မူခဲ့ပေမယ့် ကျမတရားစခန်းဆက်မ၀င်ဖြစ်ခဲ့တာကို ဒီနေ့အထိနောင်တရမိနေပါတယ်..... (ဥဗေဂါပီတိမှာ ဗ ကို ၂လုံးဆင့်ရေးရမှာပါ.. ဘယ်လိုရေးရမယ်ဆိုတာ ကျမရှာမတွေ့တာနဲ့ ဗ တစ်လုံးပဲ ရေးထားပါတယ်ရှင်.)
တကယ်တော့ ၀ိပဿနာတရားဆိုတာ ဘုန်းကြီးကျောင်းမှာတရားထိုင်နိုင်မှ ရတာမဟုတ်ပါဘူး။ ကိုယ့်အိမ်မှာပဲ ဖြစ်ဖြစ် သွားလေရာမှာပဲဖြစ်ဖြစ် ဖြစ်ပျက်နေမှု့လေးတွေကို အမှတ်ကလေးတွေနဲ့ မှတ်တတ်ရင် ၀ိပဿနာတရားပွားများနေတာပဲဖြစ်ပါတယ်....လူတချို့က မိမိအိမ်မှာတရားအားထုတ်ရတာ မကောင်းဘူး ၊ ဘုန်းကြီးကျောင်းမှာပဲ တရားစခန်းဝင်ပြီး အားထုတ်ရတာကောင်းတယ်လို့ ဆိုကြတဲ့ အတိုင်း ကျမလည်း ထိုနည်းလည်းကောင်းထဲက လူသားတစ်ယောက်ဖြစ်လို့နေပါတယ်... အိမ်မှာဆိုရင် တခါတရံမှသာ တရားအားထုတ်ဖြစ်ပြီး ဖြစ်ဖြစ်မြောက်မြောက် မလုပ်ခဲ့ပဲ စိတ်ကလေးကိုတည်ငြိမ်အောင် ခဏစုစည်းပြီးတော့ ဂုဏ်တော်ကိုးပါးကိုပဲ မြန်မာလို အဓိပ္ပါယ်သိသိ ပွားများနေဖြစ်ခဲ့ပါတယ်......
ကဲ.. ဒီပို့စ်လေးကို ဖတ်ဖြစ်ကြတဲ့ မောင်လေး ၊ညီမလေးတွေ ၊ အစ်ကို ၊အစ်မတွေ အားလုံးကို ပို့စ်လေးဖတ်ရင်း ကုသိုလ်လေးနည်းနည်းလောက်ရသွားအောင် တရားလေးမှတ်ရင်း ဂုဏ်တော်လေးပွားကြရအောင်နော်... နောင်ဘ၀ကျရင်လည်း ရေစက်အတူတူဆုံကြရအောင်ပေါ့လေ..... မိနစ် ၂၀ လောက်ပဲ အချိန်ပေးရင်ရပါပြီ.... လုပ်ကြည့်ကြမလား.......
'''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''
အရှင်ဆန္ဒာဓိက ဟောကြားတော်မူခဲ့တဲ့အတိုင်း မိမိရဲ့နှလုံးသားထဲမှာ အရဟံစေတီလေး တည်ကြည့်ကြရအောင်နော်.... အလွယ်ဆုံး ဂုဏ်တော်ပွားများခြင်း အလုပ်ကလေးတစ်ခုပါရှင်....
ပထမဦးဆုံး အရဟံဂုဏ်တော်ရဲ့ မြန်မာလိုအဓိပ္ပါယ်ကို အရင်ဆုံးသိအောင် ဖတ်ပါ...( တော်တော်များများလည်း သိပြီးသားဖြစ်မှာပါ။)
အရဟံ.....
(က)အရဟံ... လွန်ကဲထူးမြတ်သော သီလဂုဏ် ၊ သမာဓိဂုဏ် ၊ ပညာဂုဏ် ၊ ၀ိမုတ္တိဂုဏ် ၊ ၀ိမုတ္တိဥာဏ ဒဿနဂုဏ်တော်အပေါင်းနှင့်ပြည့်စုံတော်မူသောကြောင့် ၊ လူ နတ်ဗြဟ္မာ သတ္တ၀ါ အပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား ......
(ခ)အရ,ဟံ... ၀ါသနာနှင့်တကွ တစ်ထောင့်ငါးရာ ကိလေသာအညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်တော်မူပေသော မြတ်စွာဘုရား...
(ဂ)အရ,ဟံ... လောဘ ၊ ဒေါသ ၊ မောဟ အစရှိသော ကိလေသာရန်သူတို့ကို ပယ်သတ်တော်မူပြီးသော မြတ်စွာဘုရား.....
(ဃ)အရ,ဟံ....သံသရာစက်၏ ထောက်အကန့်တို့ကို ချိုးဖျက်တော်မူပြီးသော မြတ်စွာဘုရား......
(င)အ,ရဟံ... မျက်မှောက်မျက်ကွယ် အချင်းခပ်သိမ်းစင်ကြယ်၍ ဆိတ်ကွယ်ရာမရှိတော်မူသော မြတ်စွာဘုရား.....
(Ps. အရဟံ ကို ကျမ ကော်မာလေးတွေနဲ့ ခြားထားတဲ့နေရာမှာ ခြားထားတဲ့ အတိုင်း အသံထွက်ပေးပါရန်.ဥပမာ... အရ,ဟံ ဆိုရင် အရ...ဟံ ဆိုပြီး ဖတ်ရပါတယ်နော်.)
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဟုတ်ပြီနော်.. အရဟံရဲ့ မြန်မာလို အနက်အဓိပ္ပါယ် သိသွားကြပြီဆိုရင်...ဂုဏ်တော် စပွားကြရအောင်နော်....
ဂုဏ်တော်ပွားတော့မယ်တိုရင် အာနာပါန ကမ္မဌာန်းတို့ ၊ သတိပဌာန် ၀ိပဿနာတို့ ပွားများသလိုပါပဲ။သီးသန့်အချိန်ရတယ်ဆိုရင် ၊ ထိုင်ဘို့လည်းအဆင်ပြေတယ်ဆိုရင် တင်ပြင်ခွေကလေးထိုင် ၊ ခါးဆန့်ဆန့်ထား ၊ ခေါင်းကလေးမတ်မတ်ထား ၊ မျက်လွှာလေးနှစ်ခုကို အိပ်ခါနီး ပိတ်တဲ့အခါထိသလို ခပ်ဖွဖွလေးထိပြီး ပိတ်ထား ၊ လက်ကိုသင့်တော်သလို အနေအထားနဲ့ ပေါင်ပေါ် ၊ဒူးပေါ်မှာတင်ထား ။
ပြီးတော့ ပထမဦးဆုံးအနေနဲ့ ၀င်လေ ထွက်လေကို သတိလေးကပ်ပြီးတော့ကြည့် ၊ နှာသီးဝ လေထိတဲ့ နေရာကလေးမှာ သတိကပ်ထားပြီးတော့ လေ၀င်လာရင် “၀င်တယ်”..လေထွက်ရင် “ထွက်တယ်” ။ မိမိက နာရီဝက်လောက် ဂုဏ်တော်ပွားမယ်ဆိုရင် အာနပါနကမ္မဌာန်းလေးကို ၃မိနစ်လောက် ၊ ၅မိနစ်လောက် အရင်ဆုံး ပွားလိုက်ပါ...
အာနပါနကမ္မဌာန်းနဲ့ ကိုယ့်စိတ်ကလေးကို အရင်ဆုံးရှင်းပြီးတော့ ၀င်လေထွက်လေလေးကို ၅ မိနစ်လောက် ရှူပွားလိုက်လို့ စိတ်ကလေးကြည်လင်သွားပြီ ဆိုရင် ခန္တာကိုယ်လေး ကြည်လင်အေးချမ်းသွားပါပြီ ။ ခန္ထာကိုယ်လေး ကြည်လင်အေးချမ်းသွားပြီဆိုတာနဲ့ ဂုဏ်တော်လေးကို စပွားလို့ရပါပြီ ။
အရဟံ......
(က)အရဟံ... လွန်ကဲထူးမြတ်သော သီလဂုဏ် ၊ သမာဓိဂုဏ် ၊ ပညာဂုဏ် ၊ ၀ိမုတ္တိဂုဏ် ၊ ၀ိမုတ္တိဥာဏ ဒဿနဂုဏ်တော်အပေါင်းနှင့်ပြည့်စုံတော်မူသောကြောင့် ၊ လူ နတ်ဗြဟ္မာ သတ္တ၀ါ အပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား ......
(ခ)အရ,ဟံ... ၀ါသနာနှင့်တကွ တစ်ထောင့်ငါးရာ ကိလေသာအညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်တော်မူပေသော မြတ်စွာဘုရား...
(ဂ)အရ,ဟံ... လောဘ ၊ ဒေါသ ၊ မောဟ အစရှိသော ကိလေသာရန်သူတို့ကို ပယ်သတ်တော်မူပြီးသော မြတ်စွာဘုရား.....
(ဃ)အရ,ဟံ....သံသရာစက်၏ ထောက်အကန့်တို့ကို ချိုးဖျက်တော်မူပြီးသော မြတ်စွာဘုရား......
(င)အ,ရဟံ... မျက်မှောက်မျက်ကွယ် အချင်းခပ်သိမ်းစင်ကြယ်၍ ဆိတ်ကွယ်ရာမရှိတော်မူသော မြတ်စွာဘုရား.....
ဒီဂုဏ်တော်ပွားနည်းလေးကတော့ အလွယ်ဆုံး အရဟံဂုဏ်တော် တစ်ခုကိုပဲ ရွတ်ဖတ်ပွားများခြင်းပါရှင်.... ကျမကတော့ ဂုဏ်တော် ၉ ပါး တစ်ပုဒ်လုံးကို မြန်မာလို အဓိပ္ပါယ် အလွတ်ရအောင် ကျက်ပြီး နေ့စဉ်တတ်နိုင်သလောက် ရွတ်ဖတ်ပွားများဖြစ်ပါတယ်......
ကျမတို့ လှူခဲ့တဲ့ ဂုဏ်တော် ( ၉)ပါး ဘုရားရှစ်ခိုး မြန်မာအဓိပ္ပါယ် ဖွင့်ဆိုချက် အစုံကို အချိန်ရရင် ဒီအောက်ဖက်မှာ ဆက်လက်ရေးသားထားပေးပါမယ်နော်.... တင်ထားပေးတဲ့ပုံကို ကလစ်ကြည့်ရင်လည်း စာလုံးအကြီးနဲ့ ဖတ်လို့ရနိုင်မယ်ထင်ပါတယ်... ဒါပေမယ့် စာရွက်ကလေးက ကြာပြီဆိုတော့ ကော်ပီထပ်ဆွဲပြီးတင်ထားတာ စာလုံးတွေက မွဲနေတယ် ထင်ပါတယ်နော်..
၇ . ရက်သားသမီးများအားလုံး ကျန်းမာ ၊ ချမ်းသာ၍ ၀ိပဿနာတရားကို ပွားများအားထုတ် နိုင်ကြပါစေ.....
အားလုံးကိုလေးစားခင်မင်လျှက်
(Ps.ကျမ ဘာသာရေးပို့စ်တွေ သိပ်မရေးတတ်ပါ... ဘာသာရေးနဲ့ပတ်သက်ပြီး ကိုယ်သိနေ တတ်နေမှုမှာ အလွန်အားနည်းနေပါသောကြောင့် ရေးရမှာလည်း လက်တွန့်တတ်ပါသည်။ အမှားတစ်စုံတစ်ရာရှိပါက ဝေဖန်ပြောဆိုနိုင်ကြပါတယ်ရှင်.)











