










သာသနာတော်နှစ် ၂၅၅၅ခု ကောဇာသက္ကရာဇ် ၁၃၇၄ ခု ပထမ၀ါဆိုလဆန်း (၁၄)ရက် အင်္ဂါနေ့ ၂.၇.၂၀၁၂
ကိုနေဖြိုးဇံ(စင်္ကာပူ)မှ မွေးနေ့အလှူ ပွဲဖြစ်ပါသည်။
နံနက်အရုဏ်တက်ချိန်တွင် အရုဏ်အုန်းနို့ခေါက်ဆွဲဆွမ်း ကပ်လှူပေးခဲ့ပြီး
သံဃာတော်အရှင်သူမြတ်များ နေ့ဆွမ်းဘုန်းပေးသုံးဆောင်နိုင်ရန်အတွက်
ဆွမ်း
ဝက်သားဟင်း
ကုလားပဲနှပ်
သရက်ချဉ်သုတ်
ပဲပုပ်ပါလချောင်ကြော်
စသည့်ဟင်းလျာများဖြင့် လောင်းလှူပေးခဲ့ပါသည်။
ယနေ့မွေးနေ့အလှူရှင်ကိုနေဖြိုးဇံ မင်္ဂလာရှိသော မွေးနေ့မင်္ဂလာအချိန်သမယတွင် သံဃာတော်အရှင်သူမြတ်တို့အား မွန်မြတ်လှစွာသော ဆွမ်း၊ခဲဖွယ်တို့ကို
လှူဒါန်းသောကောင်းမှုကံစေတနာတို့ကြောင့် မွေးနေ့မှစ၍ စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် အစစအရာရာဆင်ပြေအောင်မြင်ပြည့်စုံ၍ သာသနာအကျိုး၊လောက
ကောင်းကျိုးများသယ်ပိုးဆောင်ရွက်နိုင်ပါစေ

0 comments:
Post a Comment