မေတ္တာရှင်ဖောင်ဒေးရှင်း ၊စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်း-

မေတ္တာရှင်ဖောင်ဒေးရှင်း၊စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်း မှ အပတ်စဉ် တနလာင်္နေ့တိုင်းတွင် သံဃာအပါး (၄၀၀)ကျော်အား အရုဏ်ဆွမ်း+နေ့ဆွမ်းများ လောင်းလှူလျှက်ရှိပါသည်။

အပတ်စဉ် တနလာင်္နေ့တိုင်းလောင်းလှူနေသော ဆွမ်းအတွက် ရာသက်ပန်ငွေပဒေသာပင်များကိုလည်း ငွေပဒေသာပင်တစ်ခုလျှင် (၅၀,၀၀၀ ကျပ်)ဖြင့် ဆက်သွယ်လှူဒါန်းနိုင်ကြပါသည်။

မွေးနေ့အလှူရှင်များ အနေနှင့် မိမိ၏ မွေးနေ့တွင် ဆွမ်းများ လောင်းလှူလိုပါက အရုဏ်ဆွမ်းအလှူအတွက်(၇၅,၀၀၀ ကျပ်)၊အရုဏ်ဆွမ်း+နေ့ဆွမ်း(၁၂၀,၀၀၀ ကျပ်) =(၁၉၅,၀၀၀ ကျပ်) ဖြင့် ၁လခန့်ကြိုတင်ဆက်သွယ်ကာ ရက်ယူထားနိုင်ကြပါတယ်ရှင်။

လေးစားစွာဖြင့်-

ဝါ၀ါခိုင်မင်း
nanwarwarmg2009@gmail.com
(Ph-09 73095851)

ကမ္ဘာပျက်သည်အထိရှိနေမည့်ဘဏ်

အမေရိကန်၊ အင်္ဂလန်၊ ဆွစ်ဇာလန်စသောနိုင်ငံများရှိ ဘဏ်များသည် အာမခံ မည်မျှပေးပေး ကမ္ဘာပျက်ပါကအတူတူလိုက်ပျက်ရမည့် ဘဏ်များသာ ဖြစ်သည်။ ဒါနဘဏ်တိုက်၌ အပ်ထားသောကုသိုလ်ဥစ္စာများကား ကမ္ဘာ ပျက်သော်လည်း မပျက်ပေ။ သံသရာတလျှောက် ကုသိုလ်ပြုထားသူနောက်သို့ တကောက်ကောက်လိုက်၍ ကောင်ကျိုးပေးနေမည်သာဖြစ်သည်။

ကျွန်ုပ်သည် အသက် နှစ်ဆယ်အရွယ် စာသင်သားဘ၀က ၀က်သားဟင်း တခွက်ကို စာသင်သားတစ်ပါးအားလှူဒါန်းပြီး ဒါနဘဏ်တိုက်၌ ကုသိုလ်ဥစ္စာများကို အပ်နှံခဲ့သည်။ ထိုကုသိုလ်ဥစ္စာများသည် ယခု အသက် ၄၇ နှစ်တိုင်အောင်သုံး၍ မကုန်တော့ပေ။ ၁၃၇၃ခုနှစ် သင်္ကြန်တွင်းတရားစခန်း၌ ယောဂီ သုံးထောင့်တစ်ရာကျော် ၀င်ရောက်အားထုတ်ခဲ့သည်။ ထိုယောဂီများအတွက်ခုနှစ်ရက်စာ အရုဏ်ဆွမ်း၊ နေ့ဆွမ်းများကို အလှူမခံဘဲ သူ့အလိုလိုလာလှူကြသည်။
ဂျပန်နိုင်ငံ၌ ဆူနာမီ ရေလှိုင်းများဝင်ရောက်ခဲ့ရာ မြို့ကြီးနှစ်မြို့ကွယ်ပျောက်ပျက်စီးခဲ့ရသည်။ မလှူရ မတန်းရသေးသော ဥစ္စာစည်းစိမ် တိုက်တာခြံမြေအားလုံးရေလှိုင်းတွေထဲ ပါသွားခဲ့သော်လည်း ဂျပန်လူမျိုးများ ပြုထားသည့်ကုသိုလ်ဥစ္စာများသည်ကား မပျက်မစီး ထာဝရတည်မြဲလျှက် ရှိသည်။ ထို့ကြောင့် သံဃာများကိုဆွမ်းလောင်းလှူခြင်းဖြင့် စိတ်ချရဆုံး ဒါနဘဏ်တိုက်၌ ကုသိုလ်ဥစ္စာများကိုအပ်နှံသင့်ကြ ပေသည်။

မေတ္တာရှင်ဆရာတော် အရှင်ဇ၀န(ရွှေပြည်သာ) --

Monday, August 20, 2012

မခင်ငြိမ်းချမ်းဦး(မလေးရှား)မှ အရုဏ်ဆွမ်းအလှူနှင့် ရာသက်ပန်ထာဝရငွေပဒေသာပင်အလှူရှင်များ မှ ဆွမ်းလောင်းအလှူ ၂၀.၈.၂၀၁၂ (တနင်္လာနေ့)


Inline image 1 Inline image 2Inline image 3Inline image 4Inline image 5Inline image 6Inline image 7Inline image 8Inline image 9Inline image 10Inline image 11
သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ခု ၀ါခေါင်လဆန်း(၃)ရက် တနင်္လာနေ့
အရုဏ်မုန့်ဟင်းခါးဆွမ်းကပ်လှူခြင်း ကုသိုလ်ရှင်-

မခင်ငြိမ်းချမ်းဦး (မလေးရှား)

နေ့ဆွမ်းအလှူရှင်-

မေတ္တာရှင်ဖောင်ဒေးရှင်း၊စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်း ရာသက်ပန်ထာဝရငွေပဒေသာပင်အလှူရှင်များ

သံဃာတော်အရှင်သူမြတ်များနေ့ဆွမ်းဘုန်းပေးသုံးဆောင်နိုင်ရန်အတွက်
ဆွမ်း
ဝက်သားဟင်း
ကုလားပဲနှပ်
သရက်ချဉ်သုတ်
ပဲပုတ်ပါလချောင်ကြော်

စသည့်ဟင်းလျာများဖြင့် လောင်းလှူကုသိုလ်ယူခဲ့ပါသည်။

ယနေ့အလှူရှင်များသံဃာတော်အရှင်သူမြတ်တို့အား နံနက်အရုဏ်တက်ချိန်မှာ အရုဏ်ဆွမ်းကပ်လှူရသောကောင်းမှုကုသိုလ်ကံစေတနာ
သံဃာတော်အရှင်သူမြတ်များနေ့ဆွမ်းဘုန်းပေးသုံးဆောင်နိုင်ရန်အတွက် ဆွမ်လောင်းလှူကြရသော
ကောင်းမှုကုသိုလ်ကံစေတနာတို့ကြောင့် စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် အစစအရာရာအဆင်ပြေအောင်မြင်ပြည့်စုံ၍
သာသနာအကျိုး၊လောကကောင်းကျိုးများသယ်ပိုးဆောင်ရွက်နိုင်ကြပါစေ။
စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် အစစအရာရာအဆင်ပြေအောင်မြင်ပြည့်စုံ၍
သာသနာအကျိုး၊လောကအကျိုးသယ်ပိုးဆောင်ရွက်နိုင်ကြပါစေ။

'

0 comments:

မောင်နှမများ

ဧည့်သည်များ-( Since 3rd / August /2008)