မေတ္တာရှင်ဖောင်ဒေးရှင်း ၊စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်း-

မေတ္တာရှင်ဖောင်ဒေးရှင်း၊စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်း မှ အပတ်စဉ် တနလာင်္နေ့တိုင်းတွင် သံဃာအပါး (၄၀၀)ကျော်အား အရုဏ်ဆွမ်း+နေ့ဆွမ်းများ လောင်းလှူလျှက်ရှိပါသည်။

အပတ်စဉ် တနလာင်္နေ့တိုင်းလောင်းလှူနေသော ဆွမ်းအတွက် ရာသက်ပန်ငွေပဒေသာပင်များကိုလည်း ငွေပဒေသာပင်တစ်ခုလျှင် (၅၀,၀၀၀ ကျပ်)ဖြင့် ဆက်သွယ်လှူဒါန်းနိုင်ကြပါသည်။

မွေးနေ့အလှူရှင်များ အနေနှင့် မိမိ၏ မွေးနေ့တွင် ဆွမ်းများ လောင်းလှူလိုပါက အရုဏ်ဆွမ်းအလှူအတွက်(၇၅,၀၀၀ ကျပ်)၊အရုဏ်ဆွမ်း+နေ့ဆွမ်း(၁၂၀,၀၀၀ ကျပ်) =(၁၉၅,၀၀၀ ကျပ်) ဖြင့် ၁လခန့်ကြိုတင်ဆက်သွယ်ကာ ရက်ယူထားနိုင်ကြပါတယ်ရှင်။

လေးစားစွာဖြင့်-

ဝါ၀ါခိုင်မင်း
nanwarwarmg2009@gmail.com
(Ph-09 73095851)

ကမ္ဘာပျက်သည်အထိရှိနေမည့်ဘဏ်

အမေရိကန်၊ အင်္ဂလန်၊ ဆွစ်ဇာလန်စသောနိုင်ငံများရှိ ဘဏ်များသည် အာမခံ မည်မျှပေးပေး ကမ္ဘာပျက်ပါကအတူတူလိုက်ပျက်ရမည့် ဘဏ်များသာ ဖြစ်သည်။ ဒါနဘဏ်တိုက်၌ အပ်ထားသောကုသိုလ်ဥစ္စာများကား ကမ္ဘာ ပျက်သော်လည်း မပျက်ပေ။ သံသရာတလျှောက် ကုသိုလ်ပြုထားသူနောက်သို့ တကောက်ကောက်လိုက်၍ ကောင်ကျိုးပေးနေမည်သာဖြစ်သည်။

ကျွန်ုပ်သည် အသက် နှစ်ဆယ်အရွယ် စာသင်သားဘ၀က ၀က်သားဟင်း တခွက်ကို စာသင်သားတစ်ပါးအားလှူဒါန်းပြီး ဒါနဘဏ်တိုက်၌ ကုသိုလ်ဥစ္စာများကို အပ်နှံခဲ့သည်။ ထိုကုသိုလ်ဥစ္စာများသည် ယခု အသက် ၄၇ နှစ်တိုင်အောင်သုံး၍ မကုန်တော့ပေ။ ၁၃၇၃ခုနှစ် သင်္ကြန်တွင်းတရားစခန်း၌ ယောဂီ သုံးထောင့်တစ်ရာကျော် ၀င်ရောက်အားထုတ်ခဲ့သည်။ ထိုယောဂီများအတွက်ခုနှစ်ရက်စာ အရုဏ်ဆွမ်း၊ နေ့ဆွမ်းများကို အလှူမခံဘဲ သူ့အလိုလိုလာလှူကြသည်။
ဂျပန်နိုင်ငံ၌ ဆူနာမီ ရေလှိုင်းများဝင်ရောက်ခဲ့ရာ မြို့ကြီးနှစ်မြို့ကွယ်ပျောက်ပျက်စီးခဲ့ရသည်။ မလှူရ မတန်းရသေးသော ဥစ္စာစည်းစိမ် တိုက်တာခြံမြေအားလုံးရေလှိုင်းတွေထဲ ပါသွားခဲ့သော်လည်း ဂျပန်လူမျိုးများ ပြုထားသည့်ကုသိုလ်ဥစ္စာများသည်ကား မပျက်မစီး ထာဝရတည်မြဲလျှက် ရှိသည်။ ထို့ကြောင့် သံဃာများကိုဆွမ်းလောင်းလှူခြင်းဖြင့် စိတ်ချရဆုံး ဒါနဘဏ်တိုက်၌ ကုသိုလ်ဥစ္စာများကိုအပ်နှံသင့်ကြ ပေသည်။

မေတ္တာရှင်ဆရာတော် အရှင်ဇ၀န(ရွှေပြည်သာ) --

Tuesday, October 30, 2012

မွန်ကြည်စိန် + မမိုးဝင်း မိသားစု (ထိုင်း) ၏ အလှူကောင်းမှု (၂၉.၁၀.၂၀၁၂) တနင်္လာနေ့


သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု သီတင်းကျွတ်လဆန်း (၁၄) ရက်၊ ၂၉.၁၀.၂၀၁၂ တနင်္လာနေ့

အရုဏ် ကြက်သား ကြာဇံဟင်းခါးဆွမ်း ကပ်လှူခြင်းနှင့် နေ့ဆွမ်း လောင်းလှူခြင်း ကုသိုလ်ရှင်

မွန်ကြည်စိန် + မမိုးဝင်း မိသားစု (ထိုင်း) ကောင်းမှု အလှူ ဖြစ်ပါတယ်။ 


သံဃာတော်များ ဆွမ်းဘုန်းပေးနိုင်ရန်အတွက်

ဆွမ်း
ဝက်သားဟင်း
ထောပတ်ပဲနှပ်
သံပုရာသီးအချဉ်သုပ်
ပါလချောင်ကြော် စသည့် ဟင်းလျာများဖြင့် လောင်းလှူပေးခဲ့ပါတယ်။

ယနေ့ အလှူ ရှင် မွန်ကြည်စိန် + မမိုးဝင်း မိသားစု တို့သည် သံဃာတော်များအား အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ၊ ဆပ်ကပ်လှူဒါန်းရသော ကုသိုလ်ကောင်းမှုကံ   စေတနာတို့ကြောင့်  ယနေ့မှ စ၍ ဆွမ်းအကျိုး ငါးပါးပြည့်စုံပြီး  စိတ်ချမ်းသာကိုယ် ကျန်းမာစွာဖြင့် သာသနာအကျိုး၊   လောက ကောင်းကျိုးများ သယ်ပိုးဆောင်ရွက်  နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုတောင်းပေးလိုက်ပါတယ်။

Inline image 1

Inline image 2

Inline image 3

Inline image 4

Inline image 5

Inline image 6

Inline image 7

Inline image 9

Inline image 8

အလှူရှင်အားလုံးတို့နှင့်အတူ ကြည်ညို သဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။

'

0 comments:

မောင်နှမများ

ဧည့်သည်များ-( Since 3rd / August /2008)